🛩 2022 က စတင်မိတ်ဆက်ခဲ့ပြီး လူကြိုက်လည်းများခဲ့တဲ့ One Day Pilot Program လေးကို ၂၀၂၄ အတွက် ဖေဖော်ဝါရီ ၃ ရက်ကနေ ပြန်လည် စတင်မှာ ဖြစ်ပါတယ် ✈️
🎯 ဘန်ကောက်မှာ နေထိုင်ကြသူများ နှင့် ဘန်ကောက်ကို အလည်အပတ် လာရောက်သူများ အတွက် အားလပ်ရက် မှာ ဝါသနာပါလို့ပဲ ဖြစ်ဖြစ်၊ အတွေ့အကြုံအသစ် လိုချင်လို့ပဲ ဖြစ်ဖြစ် ကလေးတွေကို သင်ပေးချင်လို့ပဲ ဖြစ်ဖြစ် ... အလွယ်တကူ လုပ်နိုင်မယ့် one day pilot program လေးကို မိတ်ဆက်ပေးချင်ပါတယ် ... အငယ်ဆုံး အသက် ၇ နှစ်ကစပြီး join လို့ ရတဲ့ အစီအစဉ်လေး ဖြစ်ပါတယ်
📌 ဒီ အစီအစဉ်လေးမှာ
🌄 နံနက်ပိုင်း
လေယာဉ်မောင်းတာနဲ့ ပတ်သက်တဲ့ flight basics အခြေခံအချက်အလက်တွေ၊ လေကြောင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ လိုက်နာရန် စည်းကမ်းတွေ၊ ရာသီဥတုနဲ့ ပတ်သက်ပြီး သိသင့်တာတွေ၊ လေကြောင်း ဆက်သွယ်ရေး အခြေခံတွေ ကို မြေပြင်မှာ အရင် စပြီး စာတွေ့ သင်ကြားရမှာ ဖြစ်ပါတယ်
အဲဒီနောက်မ