aOne Passport Online QR Service

aOne Passport Online QR Service Passport Service - QR for Online
#ပတ်စပို့ QR (မလေးရှား၊ ထိုင်း၊ မြန်မာ)

DVကိုယ်တိုင်တင်ရန် အသေးစိပ် https://dvprogram.state.gov/DV မတင်တက်ရင် ကူညီတင်ပေးပါမယ်ဓါတ်ပုံနဲ့ အချက်အလက်တွေပို့ပေးပါ1. ...
20/10/2024

DVကိုယ်တိုင်တင်ရန် အသေးစိပ်
https://dvprogram.state.gov/

DV မတင်တက်ရင် ကူညီတင်ပေးပါမယ်
ဓါတ်ပုံနဲ့ အချက်အလက်တွေပို့ပေးပါ

1. နာမည်(English လိုရေးပေးပါ)
2. မွေးနေ့( မွေးရက်၊လ၊ခုနှစ်)
3. မွေးဖွားသည့် (မြို့နာမည်သာ ရေးပေးပါ)
4. မွေးဖွားသည့် (နိုင်ငံနာမည်သာ ရေးပေးပါ)
5. မိမိရောက်ရှိနေသည့်နိုင်ငံ၏လိပ်စာ (အိမ်အမှတ်၊လမ်းနာမည်၊ရပ်ကွက်၊မြို့နယ်၊တိုင်းနာမည်သာ ရေးပေးပါ)
6. လက်ရှိရောက်နေသည့်နိုင်ငံတွင် (အသုံးပြုနေသည့်ဖုန်းနံပါတ်သာ ရေးပေးပါ)
7. Email name, Gmail name (လက်ရှိတွင်အသုံးပြုလို့ရသော Gmail nameသာ‌ ရေးပေးပါ)
8. နောက်ဆုံးပြီးခဲ့သည့် ၁၀တန်း၊ တက္ကသိုလ်တက်နေဆဲ၊ ဘွဲ့ရပြီး၊ (အမှန်အတိုင်းသာ‌ ရေးပေးပါ)
9. လက်မထပ်ရသေး၊ အိမ်ထောင်ရှိ/ကွဲ/သေဆုံးလား (USနိုင်ငံသားနဲ့လက်ထပ်ထားလားဆိုတာရေးပေးပါ)
10. ကလေးရှိရင် (အရေအတွက်ရေးပေးပါ)
အသက် ၂၁နှစ်အောက်ကလေးရှိလျှင်
ကလေး၏
▪️ အမည် (English လို)
▪️ ကျား/မ
▪️ မွေးနေ့ (ရက်/လ/နှစ်)
▪️ မွေးရပ်ဇာတိမြို့
▪️ ဓါတ်ပုံ (Soft Copy)

USမဟုတ်တဲ့နိုင်ငံသားနှင့်အိမ်ထောင်လက်ရှိရှိတယ်ဆိုလျှင်
(အိမ်ထောင်ဖက်၏ ဓါတ်ပုံနှင့်တကွ၊ နာမည်_Englishလို၊ မွေးရက်၊လ၊ခုနှစ်၊ ဘယ်မြို့မှာမွေးတာလဲ၊ ဘယ်နိုင်ငံမှာနေတာလဲ ရေးပေးပါ)

DVတင်သောသူနှင့် အိမ်ထောင်ဖက်၊ ၂၁နှစ်‌ေအာက်သားသမီးများ၏အချက်အလက်များကို ဖြည့်ထားလျှင် အားလုံး၏ဓါတ်ပုံများကိုအောင်ပါအတိုင်းဓါတ်ပုံရိုက်ရမည်ဖြစ်သည်။

📸 DVအတွက် ဓါတ်ပုံ ရိုက်ရန်

🔸️2" x 2" ပတ်လည်

🔸️ နောက်ခံ Background အဖြူရောင်

🔸️

Our State Department Web site for the 2026 Diversity Visa Program (DV-2026) is now open. The entry submission period for DV-2026 is from 12:00PM EDT (GMT -4) on October 2, 2024 to 12:00PM EST (GMT -5) on November 5, 2024. The entry form will only be available for submission during this period and th...

✅ FYI #ထိုင်းနိုင်ငံရောက်အမျိုးတိုးအတွက်သတင်းကောင်းးး🤩 #နိုင်ငံလေးခုကအထောက်အထားမဲ့အလုပ်သမားတွေနဲ့ကလေးတွေကို  #တရားဝင်နေခ...
30/09/2024

✅ FYI
#ထိုင်းနိုင်ငံရောက်အမျိုးတိုးအတွက်သတင်းကောင်းးး🤩

#နိုင်ငံလေးခုကအထောက်အထားမဲ့အလုပ်သမားတွေနဲ့ကလေးတွေကို #တရားဝင်နေခွင့်ပြုဖို့ထိုင်းအစိုးရဆုံးဖြတ်

#မြန်မာ_လာအို_ကမ္ဘောဒီးယား_ဗီယက်နမ်နိုင်ငံတွေကအထောက်အထားမဲ့
အလုပ်သမားတွေနဲ့ ကလေးတွေကို ထိုင်းအစိုးရက တရားဝင်နေထိုင်ခွင့်ပေးသွားမယ်လို့ ထိုင်း The Nation သတင်းက မနေ့က ဖော်ပြပါတယ်။

စက်တင်ဘာ ၂၄ ရက်က ထိုင်းအစိုးရအဖွဲ့ ဝန်ကြီးများအစည်းအဝေးမှာ နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးကော်မတီရဲ့ တောင်းဆိုချက်တွေအရ သဘောတူလိုက်တာလို့ သတင်းက ဆိုပါတယ်။

https://www.rfa.org/burmese/news/four-country-allow-legal-stay-09282024143235.html





မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေက အထောက်အထားမဲ့ အလုပ်သမားတွေနဲ့ ကလေးတွေကို ထိုင်းအစိုးရ.....

မလေးရှားမှအမျိုးတို့ရေ #မလေးရှားရှိမြန်မာသံရုံးတွင်  #စာအုပ်အပျောက်လျောက်ထားကြသူများ📌19-12-2023 မှ 20-12-2023 အထိ📌02-01-...
15/09/2024

မလေးရှားမှအမျိုးတို့ရေ
#မလေးရှားရှိမြန်မာသံရုံးတွင်

#စာအုပ်အပျောက်လျောက်ထားကြသူများ

📌19-12-2023 မှ 20-12-2023 အထိ
📌02-01-2024 မှ 10-01-2024 အထိ
📌11-01-2024 မှ 22-01-2024 အထိ
📌26-01-2024 မှ 31-01-2024 နေ့အထိ
📌စာအုပ်အပျောက်လျောက်ထားကြသူများ
Passport စာအုပ်သွားထုတ်လို့ရနေပါပြီ‌ဗျို့📢
https://www.myanmarembassykl.org ကိုနှိပ်ပြီး
✅နိုင်ငံကူးလက်မှတ်ပျောက်ဆုံးထားကြသူများအနက် ခွင့်ပြုချက်ကျသူများစာရင်းတွင်
_မိမိနာမည်သွားစစ်ဆေးပြီး
_မိမိပျောက်သွားသည့် Passport No.တို့အား မှန်/မမှန်
စစ်ဆေးရပါမယ်
ပြီးနောက် မိမိနာမည်ပါပြီဆိုပါက

👉onlineရက်ချိန်းယူပြီးမှ စာအုပ်သွားထုတ်ကြပါဖို့
မမေ့ကြနဲ့နော်




ငွေမရှာနိုင်ရင် သဘောကောင်းလဲအသုံးမ၀င်ဘူး🤣ငွေရှာနိုင်တဲ့မိမိတို့ဂုဏ်ယူစရာပါ☺️🙏
09/09/2024

ငွေမရှာနိုင်ရင် သဘောကောင်းလဲ
အသုံးမ၀င်ဘူး🤣

ငွေရှာနိုင်တဲ့မိမိတို့ဂုဏ်ယူစရာပါ☺️🙏

မြန်မာနိုင်ငံမှအမျိုးတို့ရေ #မြန်မာသံရုံး   #စာအုပ်အသစ်လျောက်ထားကြသူများနှင့်သက်တမ်းတိုးကြသူများ📌 Onlineရက်ချိန်းယူပြီး ...
03/09/2024

မြန်မာနိုင်ငံမှအမျိုးတို့ရေ

#မြန်မာသံရုံး

#စာအုပ်အသစ်လျောက်ထားကြသူများနှင့်သက်တမ်းတိုးကြသူများ

📌 Onlineရက်ချိန်းယူပြီး စာအုပ်ဖိုး ၃၅၀၀၀သွင်းထားပြီး
သူများ
📌 ၁ ရက် ၉လပိုင်း မှစ၍ ၅၀၀၀ ကျပ်အပိုဆောင်သွားကြပါရန်

Passport စာအုပ်သွားလုပ်ရင် ကုန်ကျငွေ ၄၀၀၀၀ ဖြစ်သွားပါပြီဗျို့📢

👉onlineရက်ချိန်းယူပြီးမှ စာအုပ်သွားလုပ်ကြဖို့
မမေ့ကြနဲ့နော်





မလေးရှားမှအမျိုးတို့ရေ #မလေးရှားရှိမြန်မာသံရုံးတွင်  #စာအုပ်အပျောက်လျောက်ထားကြသူများ📌၁၂_၀၃_၂၀၂၄ မှ ၃၀_၀၄_၂၀၂၄ နေ့အထိ 📌စာ...
08/08/2024

မလေးရှားမှအမျိုးတို့ရေ

#မလေးရှားရှိမြန်မာသံရုံးတွင်

#စာအုပ်အပျောက်လျောက်ထားကြသူများ

📌၁၂_၀၃_၂၀၂၄ မှ ၃၀_၀၄_၂၀၂၄ နေ့အထိ
📌စာအုပ်အပျောက်လျောက်ထားကြသူများ

Passport စာအုပ်သွားထုတ်လို့ရနေပါပြီ‌ဗျို့📢

https://www.myanmarembassykl.org ကိုနှိပ်ပြီး

✅နိုင်ငံကူးလက်မှတ်ပျောက်ဆုံးထားကြသူများအနက် ခွင့်ပြုချက်ကျသူများစာရင်းတွင် မိမိနာမည်သွားစစ်ဆေးပြီး

မိမိနာမည်နှင့် ပျောက်သွားသည့် Passport No.တို့အား မှန်/မမှန်
စစ်ဆေးရပါမယ်

ပြီးနောက် မိမိနာမည်ပါပြီဆိုပါက

👉onlineရက်ချိန်းယူပြီးမှ စာအုပ်သွားထုတ်ကြပါဖို့
မမေ့ကြနဲ့နော်




နိုင်ငံကူးလက်မှတ်ပျောက်ဆုံး လျှောက်ထားသူများအနက်မှ ခွင့်ပြုချက်ကျသူများ၏ အမည်စာရင်း​ကြေညာခြင်း

မလေးရှားမှအမျိုးတို့ရေ #မလေးရှားရှိမြန်မာသံရုံးတွင်  #စာအုပ်အပျောက်လျောက်ထားကြသူများ📌၂၆_၁၂_၂၀၂၃ မှ ၁၁_၀၃_၂၀၂၄ နေ့အထိ 📌စာ...
08/08/2024

မလေးရှားမှအမျိုးတို့ရေ

#မလေးရှားရှိမြန်မာသံရုံးတွင်

#စာအုပ်အပျောက်လျောက်ထားကြသူများ

📌၂၆_၁၂_၂၀၂၃ မှ ၁၁_၀၃_၂၀၂၄ နေ့အထိ
📌စာအုပ်အပျောက်လျောက်ထားကြသူများ

Passport စာအုပ်သွားထုတ်လို့ရနေပါပြီ‌ဗျို့📢

https://www.myanmarembassykl.org ကိုနှိပ်ပြီး

✅နိုင်ငံကူးလက်မှတ်ပျောက်ဆုံးထားကြသူများအနက် ခွင့်ပြုချက်ကျသူများစာရင်းတွင် မိမိနာမည်သွားစစ်ဆေးပြီး

မိမိနာမည်နှင့် ပျောက်သွားသည့် Passport No.တို့အား မှန်/မမှန်
စစ်ဆေးရပါမယ်

ပြီးနောက် မိမိနာမည်ပါပြီဆိုပါက

👉onlineရက်ချိန်းယူပြီးမှ စာအုပ်သွားထုတ်ကြပါဖို့
မမေ့ကြနဲ့နော်




နိုင်ငံကူးလက်မှတ်ပျောက်ဆုံး လျှောက်ထားသူများအနက် ခွင့်ပြုချက်ကျသူများ အမည်စာရင်း ကြေညာခြင်း

25/07/2024

ပြည်ပရောက် အလုပ်သမားတွေရဲ့ အချက်အလက် စစ်ကောင်စီ ဖိအားပေးတောင်းယူ

RFA Burmese
2024.07.25

ပြည်ပရောက် အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဇူလိုင်လ ၂၅ ရက် ဒီနေ့ နောက်ဆုံးထားပေးဖို့ စစ်ကောင်စီက ပြည်ပအလုပ်အကိုင် အေဂျင်စီတွေကို ဖိအားပေး တောင်းယူနေတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေက RFA ကို ပြောပါတယ်။

အချက်အလက်မပို့တဲ့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေကို ဇူလိုင် ၂၆ ရက်ကစပြီး အရေးယူမယ်လို့လည်း စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ဇူလိုင် ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ်၊ ဧပြီလကနေ ဒီဇင်ဘာလအတွင်း ပြည်ပရောက်အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက် လုံးဝမပို့တဲ့အေဂျင်စီပေါင်း ၂၀၆ ခုအထိ ရှိနေတာပါ။

အဲဒီအေဂျင်စီတွေဟာ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဥ် ဆိုင်းငံ့ခံရနိုင်ပြီး ဒဏ်ကြေးပါကောက်မယ်လို့ အလုပ်သမား ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့က ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုကတော့ စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်တဲ့သူတွေကို ဖိအားပေးပြန်ခေါ်ချင်လို့ ကိုယ်ရေးအချက်အလက်တွေ တောင်းတာဖြစ်နိုင်တယ်လို့ RFA ကို ပြောပါတယ်။

“ပြည်ပထွက်သွားတဲ့ အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စပေးရတာတော့ ၂၀၂၃ ခုနှစ်ကတည်းကပါ။ အဲဒီတုန်းက အမည်နဲ့ ပတ်စ်ပို့ နံပါတ်လောက်ပဲ ပေးခဲ့ရတာ၊ အခုက ကိုယ်ရေးအချက်အလက်အသေးစိတ် အကုန်ပေးရမှာ”

ကိုယ်ရေးအချက်အလက်မှာ နေထိုင်ရာဒေသ၊ ပြည်ပမှာ အလုပ်လုပ်ကိုင်တဲ့နေရာ၊ အလုပ်အကိုင်အမျိုးအစားအပါအဝင် လူတစ်ဦးရဲ့ ကိုယ်ရေးအချက်အလက်အားလုံးကို စစ်ကောင်စီက တောင်းယူတာဖြစ်ပါတယ်။

ပြည်ပရောက် အလုပ်သမားတွေဟာ သူတို့ရဲ့ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်း ပြန်လွှဲဖို့အတွက်လည်း စစ်ကောင်စီရဲ့ ဖိအားပေးမှုကို ရင်ဆိုင်နေကြရပါတယ်။

https://www.rfa.org/burmese/news/forced-request-information-expatriate-workers-07252024011426.html

စစ်ကောင်စီထောက်ခံမှုမလိုတဲ့ ပန်းရောင်ကဒ်ကိုသာ လက်ခံဖို့ ထိုင်းအစိုးရကို မြန်မာအလုပ်သမားတွေ တောင်းဆို၁၇ ဇူလိုင်၊ ၂၀၂၄ထိုင...
18/07/2024

စစ်ကောင်စီထောက်ခံမှုမလိုတဲ့ ပန်းရောင်ကဒ်ကိုသာ လက်ခံဖို့ ထိုင်းအစိုးရကို မြန်မာအလုပ်သမားတွေ တောင်းဆို

၁၇ ဇူလိုင်၊ ၂၀၂၄

ထိုင်းနိုင်ငံမှာ မြန်မာ ရွှေပြောင်းအလုပ်သမားတွေအတွက် စစ်ကောင်စီရဲ့ ထောက်ခံစာမပါပဲ ထိုင်းအစိုးရက ထုတ်ပေးတဲ့ အလုပ်လုပ်ကိုင်ခွင့် ကဒ်တခုတည်းကိုပဲ ခွင့်ပြုဖို့ တောင်းဆိုထားတဲ့ စာကို မြန်မာ့အလုပ်သမားအရေးတက်ကြွသူတချို့က ထိုင်းလွှတ်တော် ကို ဒီကနေ့ သွားရောက်ပေးအပ်ခဲ့ပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ် ။

မြန်မာစစ်ကောင်စီဘက်က ထုတ်ပေးတဲ့ မည်သူမည်ဝါဖြစ်ကြောင်းအထောက်အထား လက်မှတ်လုပ်စရာမလိုပဲ ထိုင်းအစိုးရက ထုတ်ပေးတဲ့ ပန်းရောင်ကဒ်လို့ခေါ်တဲ့အလုပ်လုပ်ခွင့်ကဒ်တခုတည်းနဲ့သာ အလုပ်လုပ်ခွင့်ပြုဖို့ မြန်မာအလုပ်သမားရေးလှုပ်ရှားသူတွေကသွားရောက်တောင်းဆိုခဲ့ကြတာပါ။ ထိုင်းလွတ်တော်ကိုသွားရောက်တောင်းဆိုခဲ့သူ Bright Future အဖွဲ့က တာ၀န်ခံ ကိုစူရတ်က သူတို့ တောင်းဆိုချက်တွေကို အခုလို ဗွီအိုအေကိုပြောပါတယ်။

"ဒီနေ့က အလုပ်သမားကော်မတီကို စာပေးတာပေါ့ ဗျာ၊ အလုပ်သမားကော်မတီက ဥက္ကဋ္ဌ ကိုယ်တိုင်စာလာယူတာပေါ့ဗျာ ကျနော်တို့ရဲ့တောင်းဆိုချက်ကတော့ CI ( မည်သူမည်ဝါဖြစ်ကြောင်းအထောက်အထားစာအုပ်) မဟုတ်ပဲ ပန်းရောင်ကဒ် (ထိုင်းကထုတ်ပေးတဲ့အလုပ်လုပ်ခွင့်လက်မှတ်)နဲ့ပဲနေတော့မယ် ၂၅% ကလည်း စစ်ကောင်စီက တောင်းဆိုသလိုမဖြတ်ဘူးပေါ့၊ စီအိုင်လည်းမလုပ်ဘူး၊ အနီရောင်ပတ်စပို့လည်းမလုပ်ဘူး။ အရင်လိုပဲသွားမယ် အရင်တုန်းကလို့ပန်းရောင်ကဒ်တခုတည်းနဲ့ လုပ်ကြမယ်ဆိုပြီး ကျနော်တို့ကလာပြီးတောင်းဆို တင်ပြတာပေါ့နော်။"

ထိုင်းလွှတ်တော်အလုပ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ ကို မြန်မာအလုပ်သမားရေးလှုပ်ရှားသူတွေက သွားရောက်တွေ့ဆုံပြီး တောင်းဆိုခဲ့တာဖြစ်ပြီး အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဆာရီဖုန် ခရိုခုန် ကတော့ဘယ်လိုတုန့်ပြန်သလဲဆိုတာကိုလည်း ကိုစူရတ်က အခုလိုပြောပါတယ်။

"ဥက္ကဋ္ဌကတော့သူက ပြောလာပါတယ်၊ ကျနော်တို့ရဲ့အချက်အလက်တွေ ဒီစာကိုလက်ခံပြီးမှ ဆက်ပြီးအလုပ်လုပ်သွားမယ် အဲဒါကို ဥပဒေအရလည်းဆက်ဆွေးနွေးသွားမယ် နောင်ကျနော်တို့အဖွဲ့တွေကို လည်းခေါ်ပြီးဆွေးနွေးမယ် ၊ပြီးတော့ အစိုးရကိုတင်ပြမယ် အစိုးရကတဆင့်ပြန်ပြောပြမယ်ပေါ့။"

ပြည်ပရောက်အလုပ်သမားတွေအနေနဲ့ လစာရဲ့ ၂၅% ကို မြန်မာနိုင်ငံက ဘဏ်တွေကိုတရားဝင်လွှဲ ပြောင်းပေးဖို့ နဲ့အလုပ်သမားတွေအနေနဲ့ တိုင်းပြည်ကိုအခွန်ဆောင်ဖို့ကို မြန်မာစစ်ကောင်စီဘက်ကတော့ တင်းတင်းကြပ်ကြပ်လုပ်ဆောင်ထားပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်တွေတုန်းက ပြည်တွင်းအေဂျင်စီတွေနဲ့တွေဆုံချိန်မှာလည်း MOU လုပ်သားတွေနဲ့ပတ်သက်လို့ စစ်ကောင်စီက ထပ်ပြီးသတိပေးတာတွေလည်းရှိပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်အပြီး စီးပွားရေးနလံမထူနိုင်သေးတာတွေကြောင့် ထိုင်းနိုင်ငံထဲမှာအလုပ်အကိုင်အခွင့်အလမ်းတွေ ရဖို့လာကြတဲ့ မြန်မာအလုပ်သမားတွေဟာ အလုပ်တွေအဆင်မပြေတာတွေနဲ့ ဥပဒေနဲ့ အညီမဟုတ်ပဲ လုပ်အားခမရကြတာတွေ စတဲ့ အခက်အခက်ခဲတွေရင်ဆိုင်နေရကြောင်း အလုပ်သမားရေးလှုပ်ရှားတက်ကြွသူတွေကပြောပါတယ်။

https://burmese.voanews.com/a/myanmar-workers-ci-card-in-thailand/7701652.html

ထိုင်းနိုင်ငံမှာ မြန်မာ ရွှေပြောင်းအလုပ်သမားတွေအတွက် စစ်ကောင်စီရဲ့ ထောက်ခံစာမပါပဲ ထိုင်းအစိုးရက ထုတ်ပေးတ...

11/07/2024

ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၆ ဦး ဖမ်းဆီးခံရ

RFA Burmese

ထိုင်းနိုင်ငံ ဖယုဟာ ခီရီ (Phayuha Khiri) ခရိုင် စစ်ဆေးရေးဂိတ်တစ်ခုမှာ ဇူလိုင်လ ၁၀ ရက်နေ့ မနက်အစောပိုင်းက အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၆ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။

ဖမ်းဆီးခံရတဲ့ အမျိုးသား ဆယ်ဦး၊ အမျိုးသမီးခြောက်ဦးနဲ့အတူ မြန်မာနိုင်ငံသားတွေကို ခေါ်ဆောင်လာတဲ့ ထိုင်းနိုင်ငံသား လေးဦးကိုလည်း ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။

ရှေ့က လမ်းပြမောင်းနှင်လာတဲ့ ကားတစ်စီးက ထိုင်းနိုင်ငံသား သုံးဦးကို ဖမ်းဆီးမိခဲ့တာဖြစ်ပြီး နောက်က လိုက်ပါလာတဲ့ ပစ်ကပ်ထရပ်ကားမှာတော့ မြန်မာနိုင်ငံသား ၁၆ ဦးနဲ့ ထိုင်းနိုင်ငံသား ယာဉ်မောင်းသူတစ်ဦးတို့ကို ဖမ်းမိခဲ့တာလို့ ဖော်ပြပါတယ်။

ဖမ်းဆီးခံရတဲ့ ထိုင်းနိုင်ငံသားတစ်ဦးရဲ့ ပြောကြားချက်အရ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို မဲဆောက်မြို့ကနေ အယုဒ္ဓယခရိုင်ကို ပို့ဆောင်ပေးဖို့အတွက် ထိုင်းဘတ်ငွေ တစ်သောင်းပေးပြီး အမည်မသိသူတစ်ဦးက စေခိုင်းခဲ့တာလို့ ဆိုပါတယ်။

အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၆ ဦးကို ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုအတွက် ရဲစခန်းမှာ ချုပ်နှောင်ထားပြီး ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားဖို့ ရှိနေတယ်လို့ ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလဆန်းပိုင်းက စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်ပြီးနောက် လူငယ်တွေအပါအဝင် မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံကို နည်းလမ်းမျိုးစုံနဲ့ ဝင်ရောက်မှု များပြားနေပြီး အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေလည်း မကြာခဏ ဖမ်းဆီးခံရမှုတွေ ရှိနေပါတယ်။

https://www.rfa.org/burmese/news/thailand-myanmar-nationals-arrested-07112024013141.html


11/06/2024

Passport ဓာတ်ပုံ လှလှလေးရိုက်ကြမယ် 😅

10/06/2024

ပတ်စပို့ထဲကပုံနဲ့ မတူလို့ ရစ်သောအခါ 😅

PJ ပတ်စ်ပို့ အမျိုးအစားတွေကို PV ပြောင်းခွင့် စစ်ကောင်စီ ပိတ်ပင်RFA Burmese2024.06.07ပြည်ပထွက်အလုပ်လုပ်ခွင့် နိုင်ငံကူးလ...
09/06/2024

PJ ပတ်စ်ပို့ အမျိုးအစားတွေကို PV ပြောင်းခွင့် စစ်ကောင်စီ ပိတ်ပင်

RFA Burmese
2024.06.07

ပြည်ပထွက်အလုပ်လုပ်ခွင့် နိုင်ငံကူးလက်မှတ် PJ (Passport for Job) ကနေ အလည်အပတ် နိုင်ငံကူးလက်မှတ် (Passport for Visit) ပြောင်းလဲလျှောက်ထားတာတွေကို ဇွန်လ ၆ ရက်နေ့ကစပြီး စစ်ကောင်စီက ပိတ်လိုက်ပါတယ်။

မေလ ၁ ရက်ကစလို့ အသက် ၂၃ နှစ်ကနေ ၃၁ နှစ်အကြား အမျိုးသားတွေကို ပြည်ပထွက် အလုပ်လုပ်ခွင့် ပိတ်ပင်လိုက်တဲ့နောက် PJ နိုင်ငံကူးလက်မှတ်ကိုင်ထားသူတွေဟာ PV ကို ပြောင်းလဲလျှောက်ထားပြီး အလည်အပတ်ဗီဇာနဲ့ ပြည်ပထွက်ဖို့ကြိုးစားကြပါတယ်။

ဒါကြောင့် အခုလို ပိတ်လိုက်တာလို့ နိုင်ငံကူးလက်မှတ် ဝန်ဆောင်မှုပေးနေသူတစ်ဦးက RFA ကို ပြောပါတယ်။

“PJ နဲ့ကျတော့ ပြည်ပမှာအလုပ်လုပ်ခွင့် အသက်ကန့်သတ်လိုက်တော့ သွားချင်တဲ့သူတွေ သွားမရတော့ဘူး၊ အဲဒါနဲ့ PV ကို ပြောင်းလျှောက်ကြတာ။ PV နဲ့ ထွက်ပြီးအလုပ်လုပ်ကြတယ်လို့ စစ်ကောင်စီဘက်က ယူဆထားပုံရတယ်။ အဲဒါကြောင့် အခု ပြောင်းခွင့်ပိတ်လိုက်တာ”

အခုလို ပြောင်းလဲလျှောက်ထားခွင့် ပိတ်လိုက်တာကြောင့် ပြည်ပထွက်ပြီး အလုပ်လုပ်မယ့်သူတွေ ပိုပြီးအခက်အခဲဖြစ်လာတယ်လို့ ပြောပါတယ်။

အခုလိုပြောင်းလဲခွင့် ပိတ်ပင်လိုက်တာကို မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးရဲ့ အင်တာနက်စာမျက်နှာမှာ တရားဝင် ထုတ်ပြန်တာ မရှိသေးဘဲ လက်မှတ်ထုတ်ပေးရေးရုံးမှာသာ စာကပ်ပြီး ကြေညာထားတာပါ။ ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်) ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက်မှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အကြား စစ်မှုထမ်းဖို့ အကျုံးဝင်သူအများအပြား နိုင်ငံကို စွန့်ခွာနေကြပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အလျင်အမြန်အကောင်အထည်ဖော်နေပြီး စစ်မှုထမ်းအပတ်စဉ် ၂ ခုအထိ ခေါ်ယူထားပါတယ်။ နောက်ထပ် စစ်မှတ်ထမ်းအပတ်စဉ် (၃) ခေါ်ယူဖို့ကိုလည်း ကျေးရွာတွေနဲ့ ရပ်ကွက်တွေမှာ လူစုဆောင်းတာတွေလုပ်နေပါတယ်။

https://www.rfa.org/burmese/news/myanmar-passport-06072024011311.html







https://www.facebook.com/share/p/hGRdSDTNTNy5tsxx/?mibextid=oFDknk📌သတိထားကြပါဗျို့📌မလေးရှားကိုသွားမယ့်သူတွေကိုယ့်ကိုခေါ်...
31/05/2024

https://www.facebook.com/share/p/hGRdSDTNTNy5tsxx/?mibextid=oFDknk

📌သတိထားကြပါဗျို့📌

မလေးရှားကိုသွားမယ့်သူတွေ
ကိုယ့်ကိုခေါ်မယ့်သူတွေကို သေချာမေးမြန်းပြီးစုံစမ်းပြီးမှသွားကြပါနော်

ကဲမ‌လေးရှားက အမျိုးတို့ရေအချိန်မကုန်၊ လစာမကုန်၊ လမ်းစရိတ်မကုန်ရအောင် #မ‌လေးရှားပါတ်စပို့စ်_အသစ်လျောက်ထားသောသူအားလုံးသိရအ...
30/05/2024

ကဲ
မ‌လေးရှားက အမျိုးတို့ရေ

အချိန်မကုန်၊ လစာမကုန်၊ လမ်းစရိတ်မကုန်ရအောင်

#မ‌လေးရှားပါတ်စပို့စ်_အသစ်လျောက်ထားသောသူအားလုံးသိရအောင်_Shareပေးထားခြင်းဖြင့်ကူညီ‌ပေးကြပါဦးနော်🥰

#မလေးရှားနိုင်ငံတွင်ပါတ်စပို့စ်အသစ်သွားထုတ်ရင်

#အောက်မှာပုံထဲကလိုသံရုံးကဖောင်ပေးပြီး_ပြန်လွှတ်လိုက်သူများ

#အရေးကြီးပါတယ်
#စာသေချာ၀င်ဖတ်စေချင်ပါတယ်

ဒီအချက်တွေစစ်ပြီးမှ စာအုပ်သွားထုတ်ကြပါ

၁။ Myanmar Embassy in Malaysia Websiteမှာ ကိုယ့်နာ်မည်ပါမပါ အရင်၀င်စစ်ရပါမယ်
၂။ မှတ်ပုံတင်နံပါတ် မှန်/မမှန်
၃။ အဖေနာမည် မှန်/မမှန်
၄။ ကိုယ့်လျောက်ထားတဲ့ရက်ပါပြီး ကိုယ့်နာမည်မပါရင် သံရုံးရဲ့Whatsappမှာတိုက်ရိုက်သွားမေးလို့ရပါတယ်

💯မှတ်ပုံတင်လွဲမှား၊ နာမည်လွဲ၊ အဖေနာမည်လွဲများရှိရင်၊ မှားထည့်ထားရင်လဲ စာအုပ်ရ/မရ အရင်၀င် စစ်ဆေးပြီးမှသာ ရက်ချိန်းယူကြဖို့လဲ သတိပေးလိုက်ရပါတယ်💯

#မလေးရှားပါတ်စပို့စ်
#အသစ်လျောက်
#၃လမှ၆လကြာစောင့်နေကြရသောသူများ

#မလေးရှားနိုင်ငံ_Passportရုံးမှာ_မှတ်ပုံတင်မူရင်း+ အိမ်ထောင်စုမိတ္တူတို့ဖြင့်_ပါတ်စပို့စ်အသစ်လျှောက်ထားကြသူများ📢

၁၁-၁၂-၂၀၂၃ မှ ၂၄-၀၁-၂၀၂၄အတွင်း စာအုပ်အသစ် လျှောက်ဖောင်တင်ထားပြီးသူများ စာအုပ်ထုတ်လို့ရနေပါပြီနော်

#ကိုယ့်နာမည်စာရင်းပါမပါ_စစ်ချင်တယ်_မစစ်တတ်ဘူးဆိုရင်လဲ-မင်မင်တို့စစ်ဆေးပါတယ်နော်

👏ကဲ....ကိုယ်လျှောက်ထားတဲ့ရက်ပါပြီဆိုရင်👇

👉ရက်ချိန်းယူပြီးမှ သွားထုတ်လို့ရမယ်ဆိုတာကိုမမေ့ကြနဲ့နော်👈

#အချိန်မပေးနိုင်သူများ
#ရက်ချိန်းယူရန်အခက်အခဲရှိသူများ

📌မင်မင်တို့ဆီမှာ ရက်ချိန်းယူပေးနေပါတယ်နော်📌

Online Booking စနစ်ဖြင့် Appointment ရက်ချိန်းယူချင်သူများ၊ အချိန်မပေးနိုင်သောသူများအတွက်လည်း ရက်ချိန်းအမြန်ရနိုင်ရန် ဝန်ဆောင်မှုပေးနေပါပြီ

မြန်မာ၊ ထိုင်း၊ မလေးရှားနိုင်ငံများ၏ Passport နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် Information များကိုလဲ တင်ဆက်ပေးသွားမှာဖြစ်လို့... Page ကို Share, Like & Follow လုပ်ထားပေးကြပါဦး 🤗

အချိန်နဲ့တစ်ပြေးညီ Passportလျောက်ထားသူများအတွက် သတင်းအချက်အလက်များကိုမျှဝေပေးသွားဦးမှာမို့လို့ like & Shareလေးလဲ လုပ်ပေးကြပါနော်😘









#ပါ့စပို့
#ပါတ်စပို့

ကဲ အမျိုးတို့ရေပိုက်ဆံထပ်မကုန်ရအောင် ဒါလေး၀င်ဖတ်နော် ွားထုတ်ပြီးလို့_စာအုပ်ရလာရင်_ပျော်ပြီး_မစစ်ဆေးဘဲ_မပြန်သွားကြပါနဲ့သေ...
30/05/2024

ကဲ အမျိုးတို့ရေ
ပိုက်ဆံထပ်မကုန်ရအောင် ဒါလေး၀င်ဖတ်နော်

ွားထုတ်ပြီးလို့_စာအုပ်ရလာရင်_ပျော်ပြီး_မစစ်ဆေးဘဲ_မပြန်သွားကြပါနဲ့

သေချာပြန်စစ်ဆေးပြီးအကုန်မှန်မှ ပြန်ဖို့စဉ်းစားပါ

စစ်ဆေးရမည့်အချက်များ

၁။ နာမည်Englishစာလုံးပေါင်း မှန်/မမှန်
၂။ မွေးနေ့ရက်၊လ၊နှစ် မှန်/မမှန်
၃။ ‌မွေးဇာတိ ( ဖောင်မှာဖြည့်ခဲ့တဲ့အတိုင်း/မှတ်ပုံတင်လုပ်ထားတဲ့ဇာတိ) မှန်/မမှန်
၄။ ကျား၊မ မှန်/မမှန်
၅။ ပထမကိုယ့်မျက်နှာပါတဲ့စာမျက်နှာပေါ်က
ပလတ်စတစ်အောက်နားလေးမှာ ကွာနေခဲ့ လျှင်

(စာအုပ်နောက်ဆုံးမှာ စည်းကမ်းသတ်မှတ်ချက်တွေရေးထားပါတယ် သေချာဖတ်ကြည့်ကြပါ _ ရေစို/စုတ်ပြဲ/ပျက်စီးရင် ဒဏ်ကြေးဆောင်ရမှာပါ❗❗❗)

ကိုယ်ကပြန်ပြောပြီး မပြင်ခိုင်းရင် နောက်ဘယ်နိုင်ငံရောက်ရောက် ကိုယ်ကပဲ ဒဏ်ကြေး‌ပေးဆောင်ရမှာပါနော် ❗❗❗

အားလုံးစစ်ဆေးပြီး လွဲတာတွေ့တာနဲ့
ချက်ချင်းပြန်ပြင်ခိုင်းဖို့လိုပါတယ် ❗❗❗

လေဆိပ်ကစထွက်တာနဲ့ စစ်ဆေးလို့တွေ့ခဲ့ရင် စာအုပ်အတုလို့ပါသတ်မှတ်ပစ်နိုင်ပါတယ် 🚫🚫🚫

ဒါ့ကြောင့် အလွဲ၊အပျက်အစီးများကို ချက်ချင်းပြပြီး ပြင်ခိုင်းဖို့လိုပါတယ်

စာအုပ်ထုတ်ပေးလိုက်တဲ့ ဌာနကပဲ ပြန်ပြင်ပေးပါလိမ့်မယ်။ ခဏစောင့်ရပါလိမ့်မယ်၊ တခါတည်း ပြန်လုပ်ပေးပါလိမ့်မယ်။

Online Booking စနစ်ဖြင့် Appointment ရက်ချိန်းယူချင်သူများ၊ အချိန်မပေးနိုင်သောသူများအတွက်လည်း ရက်ချိန်းအမြန်ရနိုင်ရန် ဝန်ဆောင်မှုပေးနေပါပြီ

မြန်မာ၊ ထိုင်း၊ မလေးရှားနိုင်ငံများ၏ Passport နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် Information များကိုလဲ တင်ဆက်ပေးသွားမှာဖြစ်လို့... Page ကို Like & Follow လုပ်ထားပေးကြပါဦး 🤗

အချိန်နဲ့တစ်ပြေးညီ Passportလျောက်ထားသူများအတွက် သတင်းအချက်အလက်များကိုမျှဝေပေးသွားဦးမှာမို့လို့ like & Shareလေးလဲ လုပ်ပေးကြပါနော်😘

ာအုပ်လက်ထဲရောက်လာရင်_စစ်ဆေးရမည့်အချက်အလက်များ









ที่อยู่

Bangkok

เบอร์โทรศัพท์

+66953182634

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ aOne Passport Online QR Serviceผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง aOne Passport Online QR Service:

วิดีโอทั้งหมด

แชร์