![🚨 ထိုင်းနိုင်ငံ၏လေထုညစ်ညမ်းမှုအခြေအနေဆိုးရွားမှု 🚨ယနေ့ 23 ရက်နေ့ ဇန်နဝါရီလ နံနက် (၈ နာရီအချိန်တွင်) ထိုင်းနိုင်ငံ၏ ၇၇ ပြ...](https://img5.travelagents10.com/430/428/122167187624304282.jpg)
23/01/2025
🚨 ထိုင်းနိုင်ငံ၏လေထုညစ်ညမ်းမှုအခြေအနေဆိုးရွားမှု 🚨
ယနေ့ 23 ရက်နေ့ ဇန်နဝါရီလ နံနက် (၈ နာရီအချိန်တွင်) ထိုင်းနိုင်ငံ၏ ၇၇ ပြည်နယ်အနက် ၄၄ ပြည်နယ်တွင် PM2.5 “အန္တရာယ်ရှိသည့်အဆင့်” (အနီရောင်အဆင့်) တွင်ရှိနေပြီး၊ ၂၇ ပြည်နယ်တွင် “ကျန်းမာရေးထိခိုက်မှုစတင်မည့်အဆင့်” (လိမ္မော်ရောင်အဆင့်) တွင်ရှိနေကြောင်း ထိုင်းနိုင်ငံသတင်းဌာန (Bangkok Post) သတင်းရရှိပါသည်။
ဤလေထုညစ်ညမ်းမှုများသည် ကျန်းမာရေးအပေါ် ရှည်လျားသည့် သက်ရောက်မှုများရှိနိုင်ပြီး၊ အထူးသဖြင့် ကလေးများ၊ အိုမင်းသူများနှင့် အသက်ရှူလမ်းကြောင်းပြဿနာရှိသူများအတွက် အန္တရာယ်များပါသည်။
➡️ ကျန်းမာရေးကိုကာကွယ်ရန်:
• အပြင်သို့ထွက်လိုပါက မျက်နှာဖုံး (N95) ကို ဝတ်ဆင်ပါ။
• အိမ်တွင်းတွင် ရှိနေနေပြီး Air purifier (လေသန့်စင်စက်) က်ို အသုံးပြုပါ
• ရေနွေးပူများသောက်ပြီး ကျန်းမာရေးကိုဂရုစိုက်ပါ။
ထိုင်းနိုင်ငံတွင်ရှိသူများနှင့် လာရောက်လည်ပတ်မယ့်သူများ အတွက် ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်ကြောင်း အထူးသတိပေးပါအပ်ပါတယ် ခင်ဗျ