18/07/2024
💳 Destination Thailand Visa (DTV)
ဒီနေ့မှာတော့ အားလုံးသိချင်နေကြတဲ့ DTV (Destination Thailand Visa) အကြောင်းပြောပြပေးမှာဖြစ်ပါတယ်။
Inforamation အရ sharing လုပ်ပေးခြင်းဖြစ်ပြီး ရမရကို ဘယ်သူမှ မ try ဖူးကြသေးတဲ့အတွက် Visa ရဖို့ သေချာလားဆိုတာကိုတော့ မင်မင်တို့ အတိအကျမပြောရဲသေးတာကို နားလည်ပေးစေချင်ပါတယ်။
TR Visa လို Consular နဲ့ဝင်တွေ့စရာမလိုတာမဟုတ်တဲ့အတွက် မိမိဖြေတဲ့အဖြေပေါ်မှာ Visa ရမရမူတည်ပါတယ်။
လောလောဆယ် DTV ကို လာအိုနိုင်ငံရှိ ထိုင်းသံရုံး website မှာစလျှောက်လို့ရပြီဖြစ်ပြီး မြန်မာနိုင်ငံရှိ ထိုင်းသံရုံး website မှာတော့ လျှောက်ဖို့ link မတွေ့သေးပါဘူးရှင့်
DTV ကိုလျှောက်ထားခွင့်ရမည့် နိုင်ငံခြားသားများကတော့
🔹Digital နည်းပညာရှင်များ
🔹Online မှတဆင့် Remote Job လုပ်နေသူများ
🔹Freelancer များ
🔹မွေထိုင်းသင်တန်းတက်သူများ
🔹ထိုင်းဟင်းချက်နည်းသင်တန်းတက်သူများ
🔹အားကစားသင်တန်းတက်သူများ
🔹ဆေးလာကုသောသူများ
🔹နိုင်ငံတော်အဆင့် အစည်းအဝေးလာရောက်တက်ကြသူများ
🔹အနုပညာ ဂီတပွဲတော်လာရောက်သူများ
DTV ရထားသူ၏ ဇနီး၊ ခင်ပွန်း နှင့် အသက် ၂၀ အောက် သားသမီးများသည် Dependent Visa လျှောက်ခွင့်ရရှိမှာဖြစ်ပါတယ်။
DTV Visa ကိုလျှောက်ထားရန် လိုအပ်ချက်များကတော့
📕 Passport
👤ဓာတ်ပုံ (3.5cm × 4.5cm) (နောက်ခံအဖြူဖြစ်ရပါမယ်)
🏠 လက်ရှိနေထိုင်နေတဲ့ နေရာအထောက်အထား
📋 Bank Statement (ဘတ် ၅ သိန်း (သို့မဟုတ်)ဘတ် ၅ သိန်းနှင့်ကိုက်ညီသော မြန်မာငွေအထောက်အထား)
✔️ထိုင်းနိုင်ငံသို့ အလည်လာရခြင်း ရည်ရွယ်ချက်တစ်ခုခု
🟢 Digital နည်းပညာရှင်များ၊ Online မှတဆင့် Remote Job လုပ်နေသူများ၊ Freelancer များကတော့ အလုပ်ခန့်ထားသောစာချုပ် (သို့မဟုတ်) နိုင်ငံပြင်ပမှတဆင့်လျှောက်ထားပါက Remote Job အလုပ်လုပ်နေကြောင်းအထောက်အထား (သို့မဟုတ်) Digital Nomad, Remote Job Worker, Freelancer ဖြစ်ကြောင်းအထောက်အထားတခုခု မဖြစ်မနေပြရပါမယ်။
🟡 ကျန်းမာရေးအတွက်ကတော့ ဆေးမှတ်တမ်းထောက်ခံစာပြဖို့လိုအပ်ပါမယ်။
🧾 ဗီဇာကြေး - ဘတ် (၁၀,၀၀၀) (ရက် ၁၈၀ ပြည့်လို့ သက်တမ်းတစ်ခါတိုးတိုင်းပေးရမှာဖြစ်ပါတယ်)
📇 ဗီဇာသက်တမ်း - (၅)နှစ် (Multiple Entry)
📍တစ်ကြိမ်ကို ရက် ၁၈၀ နေထိုင်ခွင့်
(ပထမ Visa ရရချင်း ရက် ၁၈၀ နှင့် နောက်ထပ် ရက် ၁၈၀ တွင်နိုင်ငံပြင်ပထွက်ပြစရာမလိုပါ။
နောက်ပိုင်းရက် ၁၈၀ တိုင်း နိုင်ငံပြင်ပကို အဝင်-အထွက် လုပ်ပြရပါမယ်။)
Seamless Visa Solution for Every Traveler