BKK Go သွားမယ် လည်မယ် ပျော်ကြမယ်

အက်မင်တို့ ဒီနေ့ or မနက်ဖြန် ကျောင်းထပ်သွားမှာမို့ ၅ယောက်ထပ်လက်ခံပါမယ်ရှင့်။အက်မင်ကို ယုံကြည်တဲ့သူ၊ ဒီအခြေအနေနဲ့ကိုက်တဲ့...
12/04/2024

အက်မင်တို့ ဒီနေ့ or မနက်ဖြန် ကျောင်းထပ်သွားမှာမို့ ၅ယောက်ထပ်လက်ခံပါမယ်ရှင့်။

အက်မင်ကို ယုံကြည်တဲ့သူ၊ ဒီအခြေအနေနဲ့ကိုက်တဲ့ သူပဲလာပေးပါရှင့်။

အခု TR visa နဲ့ဘန်ကောက်ရောက်နေတာ extention တခါမှမတိုးရသေးသူ or visa 45 ရက်ရှိထားသူ။

TM-30 ရှိသူ။

Or

April 27 မတိုင်ခင် ဘန်ကောက်ကို TR visa နဲ့ရောက်လာမဲ့သူ

ဒီအခြေအနေနဲ့ကိုက်ညီတဲ့သူသာအဆင်ပြေပါတယ်။

TR Visa, PV ပဲလာပေးနော်
=======
=====

အခု Process

ကျောင်း English စာက ကျောင်းကိုတိုက်ရိုက်သွားအပ်မှရတာပါ။

ကျောင်းမှာအရင် ၃၀၀သွင်း register လုပ်

ခဏစောင့် ကျောင်းသား id ထွက်

id နဲ့ ၁၃၀၀၀ နဲ့ ကျောင်းကိုငွေသွင်း ကျောင်းက ငွေသွင်းပြေစာ ရပါမယ်။

ပီးရင် ကျောင်းကို Visa stamp တွေ TM30 တွေနဲ့ ဖောင်တင်ရပါမယ်။

ဒီ process ထိကျောင်းကလက်ခံနေတာဖြစ်လို့ အက်မင်ဒီထိလုပ်ပေးပါမယ်။ အခုတော့ Register ထားမယ်ဆို လက်ခံပေးပါတယ်။ သက်ြန်ပီးမှတော့ ကျောင်းသား id ထွက်ပီး ငွေသွင်း step တွေလုပ်ရပါမယ်။

April လကုန်မှာတော့ ကျောင်းက ed visa အတွက် ထောက်ခံစာစာရွက်ထုတ်ပေးပီး May လဆို ed visa စ run လို့ရပါပီ။
June မှကျောင်းစတက်ရပါမယ်။
======

ဒီ English Program အကြောင်း

ကျောင်းသွားစရာမလိုပဲ ၁ပတ် ၂ရက်၊ ၂ရက်လုံး online ပဲဖြစ်ပါမယ်။

======

ကုန်ကျစရိတ်

Form ကြေး ၃၀၀

ကျောင်းလခ ၁၃၀၀၀ (၁နှစ်လုံးစာ)

uniform ၂၅၀

ကျောင်းသားကဒ် ၁၅၀

စုစုပေါင်းကျောင်းကို ပေးရငွေ ၁၃၇၀၀

ဘတ်စျေး ၁၀၇ ဘတ်

ကျောင်းကို ၂/၃ခေါက်လောက်သွားတင်ပေးတာမို့ service fee ရှိပါတယ်။ သွားနိုင်သူတွေက အခုကျောင်းမှာအပ်လို့ရနေတယ် ကိုယ်ဘာသာသွားအပ်ပါနော်။

မြို့ထဲကနေ bolt စီးတာ ၅၀၀ဘတ်လောက်ရှိတယ်။ အပြန်တော့နည်းနည်း Grab/bolt ငှါးမရလို့တိုင်ပတ်တယ်။ ကိုယ်ဘာသာတင်မယ်ဆို ၂ခေါက်အနည်းဆုံးကျောင်းကိုသွားရတာပီး လူပင်ပမ်းတာမို့ အက်မင် service fee ကို တကိုယ်သွားရင်ကုန်စာ ၂၃၀၀ဘတ်ပဲယူထားပါတယ်။

စုစုပေါင်း ၁၆၀၀၀ ပဲကျတော့မယ်ရှင့်

အက်မင်က ကျောင်းပဲအပ်ပေးတာပါ။ ကျောင်းကထောက်ခံစာရပီးရင် မိမိဘာသာမိမိ လ၀ကသွား visa သွားလျောက်ရုံပဲ။

ဒါတွေကုန်တာပီးရင် လ၀ကမှာ ed visa အတုံးထုဖို့ ၁၉၀၀ ပဲထပ်ကုန်ပါတော့မယ်။
ပို့ရမဲ့ဖောင်တွေက-

၁) Passport အရှေ့မျက်နှာ copy
၂) photo (နောက်ခံအပြာ) 1.5*1.5
၃) ၁၀ တန်းအောင်လက်မှတ် or ဘွဲ့လတ်မှတ် နိုထြီ
၄) နောက်ဆုံးထုထားတဲ့ ဗီဇာတုံး copy
၅) TM30 copy

ပို့ပေးရမဲ့ Personal information တွေက
1) Bangkok ph no
2) Age
3) Graduation year
4) Major(University)
5) University Name
6) email
7) ID Line

English အတွက်ဖောင်တင်ပေးရမယ်ဆို April 15 ရက်နေ့ကို cb မှာ ဒီမေးခွန်းလေးတွေကိုဖြေပီး ပို့ထားပေးနော်။

ဗီဇာ Type ကဘာလဲ။
ရန်ကုန်မှာလား ဘန်ကောက်မှာလား?

ရန်ကုန်မှာဆို ဘယ်နေ့လာမှာလဲ? ဘာဗီဇာနဲ့လာမှာလဲ?

ဘန်ကောက်မှာလား
ဘန်ကောက်မှာဆို ဘယ်နေ့ ဗီဇာနောက်ဆုံးလဲ? ဘာဗီဇာနဲ့နေနေတာလဲ? Extention တိုးထားရင်တိုးထားကြောင်းပြောပေးနော်။

TM30 က၀ယ်မှာလား ကိုယ်တိုင်နေတဲ့ကွန်ဒိုကလား။

စအပ်ပေးနေပါပီ
11/04/2024

စအပ်ပေးနေပါပီ

အက်မင်တို့ ကျောင်းသွားဖို့ရှိလို့ English အတွက်ဖောင်တင်ပေးရမယ်ဆိုလာပါ။😬👉 ၅ယောက်ပဲလက်ခံဦးမယ်။အက်မင်ကို ယုံကြည်တဲ့သူ ဒီအခ...
11/04/2024

အက်မင်တို့ ကျောင်းသွားဖို့ရှိလို့ English အတွက်ဖောင်တင်ပေးရမယ်ဆိုလာပါ။😬
👉 ၅ယောက်ပဲလက်ခံဦးမယ်။
အက်မင်ကို ယုံကြည်တဲ့သူ ဒီအခြေအနေနဲ့ကိုက်တဲ့ လူပဲလာပေးပါရှင့်။ မကိုက်တဲ့သူမလာပါနဲ့ဦး။ အက်မင်မဖြေပေးအားသေးလို့ပါ။
- အခု TR visa နဲ့ဘန်ကောက်ရောက်နေတာ extention တခါမှမတိုးရသေးသူ။
- visa 45 ရက်ရှိထားသူ။
- TM-30 ရှိသူ။
Or
- April 20 မတိုင်ခင် ဘန်ကောက်ကို TR visa နဲ့ရောက်လာမဲ့သူ
----
ဒီအခြေအနေနဲ့ကိုက်ညီတဲ့သူသာအဆင်ပြေပါတယ်။
TR Visa, PV ပဲလာပေးနော်
=====
အခု Process
ကျောင်း English စာက ကျောင်းကိုတိုက်ရိုက်သွားအပ်မှရတာပါ။ ကျောင်းအပ်ပီးတာနဲ့
👉 ဒီနေ့ကို ကျောင်းသား id ထွက်၊ ကျောင်းကိုငွေသွင်း၊ ကျောင်းကစလစ် ရပါမယ်။ အကုန်အပီးအစီးကျောင်းအပ်ပီးတာပါ။
👉April လကုန် ကျောင်းက ed visa အတွက် ထောက်ခံစာစာရွက်ထုတ်ပေးပီး May လဆို ed visa ရပါပီ။
ကျောင်းအကြောင်း
👉 ၁ပတ် ၂ရက်၊ ၂ရက်လုံး online ပဲဖြစ်ပါမယ်။
👉 ကျောင်းလုံး၀သွားစရာမလို
ကုန်ကျစရိတ်
👉 Form ကြေး၃၀၀
👉 ကျောင်းလခ ၁၃၀၀၀ (၁နှစ်လုံးစာ)
👉 uniform 250
👉 ကျောင်းသားကဒ် ၁၅၀
စုစုပေါင်းကျောင်းကို ပေးရငွေ ၁၃၇၀၀
ကျောင်းသားကိုသွားတင်ပေးတာမို့ service fee ရှိပါမယ်။ ကျောင်းပဲအပ်ပေးတာပါ။ ပီးရင် ကျောင်းကထောက်ခံစာရပီးရင် လ၀ကသွား visa သွားလျောက်ရုံပဲ။
👉 ဒါကုန်ပီးရင် လ၀ကမှာ ed visa အတုံးထုဖို့ ၁၉၀၀ ပဲကုန်ပါတော့မယ်။
👉 ငွေကအကုန်ချေရမှာပါ။ တရက်တည်းအပီးလုပ်ပေးမှာမို့လို့ပါ။
ပို့ရမဲ့ဖောင်တွေက
👉 Passport အရှေ့မျက်နှာ copy
👉 photo (နောက်ခံအပြာ)
👉 ၁၀ တန်းအောင်လက်မှတ် or ဘွဲ့လတ်မှတ် နိုထြီ
👉 နောက်ဆုံးထုထားတဲ့ ဗီဇာတုံး copy
👉 TM30 copy
ဒီက ညနေကျောင်းပိတ်တာနဲ့ Post ဖျက်မှာပါ။

သူများတွေစျေးဘယ်လိုယူလဲဆိုတာ🤣Immigration ထိသွားပေးလား လိုက်ပေးလားမေးနော်။ အပ်ရင်လည်း။အက်မင်က ကိုယ်တိုင်လုပ်စေချင်တာပါ။ သ...
10/04/2024

သူများတွေစျေးဘယ်လိုယူလဲဆိုတာ🤣
Immigration ထိသွားပေးလား လိုက်ပေးလားမေးနော်။ အပ်ရင်လည်း။

အက်မင်က ကိုယ်တိုင်လုပ်စေချင်တာပါ။ သူများတွေလည်း စုံစမ်းရင်းလုပ်နေကြတာပဲ။ အဲ့ဒါသူများ နိုင်ငံမှာရှင်သန်ရတာ အဆင်ပြေမှာ။

ဘယ်ဟာမှ မလွယ်ကူဘူး။ လွယ်ကူနေရင် ငွေလမ်းခင်းရင်ခင်း မခင်းရင်လိမ်ခံရမှာပဲ။

Thai Language Form ပြန်တင်လို့ရနေတယ်။အခုချက်ချင်းတင်ပါနော်။ လူမပြည့်လို့ လင့်ပြန်ဖွင့်တာထင်တာထင်တယ် အမြန်တင်ပါ။ ညမှတွေ မ...
10/04/2024

Thai Language Form ပြန်တင်လို့ရနေတယ်။
အခုချက်ချင်းတင်ပါနော်။ လူမပြည့်လို့ လင့်ပြန်ဖွင့်တာထင်တာထင်တယ် အမြန်တင်ပါ။ ညမှတွေ မနက်ဖြန်တွေလုပ်မနေပဲ အခုပဲတင်ပါ။ မြန်မာက ဒီလပိုင်းထွက်ချင်လာသူတွေအဆင်ပြေပီ။

ကျောင်းသားကဒ်ရရင် ဘဏ်အကောင့်ဖွင့်လို့ရပါတယ်။
၁၅လ ဗီဇာရပါမယ်။
white collar အလုပ်လာရှာသူ, remote သမားနဲ့ ထိုင်းမှာနေဖို့ ဗီဇာလိုနေသူတွေအတွက်သင့်လျော်ပါတယ်။ ၁၅၀၀၀ ဘတ်နဲ့ ဗီဇာရနိုင်ပါပီ။

တခုရှိတာက ထိုင်းစာအရမ်းရသွားတာမဟုတ်ပဲ ဗီဇာလိုချင်တဲ့သူကပိုအဆင်ပြေပါတယ်

PJ, Ps သမားမဟုတ်သူဆို
အခုချက်ချင်းပဲဗီဇာတင်နိုင်သူဆို
Admin ဆီမှာ service ၂မျိုးရနိုင်ပါမယ်။
ကိုယ်တိုင်လုပ်နိုင်တာနဲ့မလုပ်နိုင်တာပေါ်မူတည်ပီး service ခွဲထားတာမို့အဆင်ပြေတာယူနော်

ကိုယ်တိုင်လုပ်နိုင်သူတွေအတွက် 👏
Service 1 -
✅ ဘတ် ၃၀၀ ငွေချေပေးမယ်
✅ ကျောင်းက Line group ထဲထည့်ပေးမယ်။
✅ ၅၃၀၀၀ ကျပ် ကျန်တာဘာမှမလုပ်ပေးပါ။ (Include 300 ဘတ်) အခုငွေစျေးမငြိမ်ပါ။
✅ ပီီးရင် procedure ပဲရှင်းပြပေးမှာပါ။
✅ ဒီရောက်နေသူဆိုအဆင်ပြေတယ် ကိုယ်ဘာသာကိုယ်လုပ်ရုံပဲ။

======

ထိုင်းကိုမရောက်သေးသူအတွက်အဆင်ပြေတဲ့ Service 2 -

✅ PJ, Ps သမားမဟုတ်သူ။
✅ သက်ြန်အပီး or May လဆန်း မှ TR visa ဘန်ကောက်လာနိုင်သူ။ (ရန်ကုန် TRvisa မရလည်း ငွေကြေးတက်နိုင်သူဆို လာအို ထိဗီဇာလျောက်ပေးနိုင်အောင်စုံစမ်းပေးပါမယ်)။
✅ အကယ်၍ onsite တရက် online တရက်ဆိုလည်းတတ်နိုင်သူ။

အပေါ်အချက်တွေနဲ့ကိုက်တဲ့သူမှလျောက်ပေးပါ။
မြန်မာမှာအခုနေတဲ့သူတွေအတွက်သင့်လျော်ပါသည်။

ကိုယ်တိုင်မလုပ်နိုင်သူတွေအတွက် 👏
Service2 တွေကတော့
✅ ဘတ် ၃၀၀ ငွေချေပေးမယ်။
✅ ကျောင်းက Line group ထဲထည့်ပေးမယ်။
✅ အက်မင်ရဲ့ messenger group ထဲထည့်ပေးမယ်။ အကုန်စုပီးတိုင်ပင်မေးမြန်းဖို့။
✅ ကျောင်းကို ဖောင်တင်ရင် success ဖြစ်ကြောင်းမဖြစ်ကြောင်း နဲ့ ကျောင်းအပ်ဖို့ student Id ကြော်ငြာကိုကြည့်ပေးမယ်။
✅ ကျောင်းကိုအက်မင်တို့ဘက်ကသွားပီး ၁၂၀၀၀ ငွေသွင်းပေးပီး ဖောင်တင် ပေးပါမယ်။ ငွေသွင်းပီးချိန်မှသာ ဘန်ကောက်ကိုလာခဲ့ပါနော်။
✅ ဖောင်တင်ပီးရင် ကျောင်းကစာရွက်စာတန်းယူပီးမယ်(ကိုယ်စားယူဖို့လက်ခံရင် လက်မခံရင်ကားစုငှါးပီးကျောင်းထိလိုက်ပို့ပေးပါမယ်)

❌ နောက်ဆုံးတော့ လ၀ကမှာ ဗီဇာ လုပ်တာ၊ အတုံးထုတာ မိမိဘာသာမိမိလုပ်ရမှာပါ။ ဒီ process ပိုင်းကို မပိုင်နိုင်တာကြောင့် ဒီ service ကိုလုံး၀မပေးတာပါ။❌

အေးအေးဆေးဆေးဘန်ကောက်လာပီးမှ လ၀က ၀င်ရုံပဲနော်။
✅ ကျောင်းကိစ္စနဲ့ပတ်သက်ပီး ဘာမှလိုက်လုပ်စရာမလိုတော့ပါ။ (လိုခဲ့ရင်တောင် ကားခပေးစရာမလို ကြိုပို့လုပ်ပေးမှာဖြစ်ပါတယ်)

ကျပ် **၀၀၀၀ ပါ

Service 1 or 2 ရွေးချယ်ပီး cb လာပေးပါ ကျောင်းလင့်ဖွင့်တုန်းလေးအမြန်လုပ်ပေးနေရလို့ ကျန်တာတော့မဖြေနိုင်သေးပါဘူး။

07/04/2024

ဖောင်link ကပိတ်သွားပီနော် ကျောင်းထပ်လက်ခံရင် ထပ် ကြော်ငြာပေးပါမယ်

အခုကငွေချေတဲ့ service ပဲယူထားတာမို့ ငွေချေပီး group ထဲထည့်ပေးတာပဲလုပ်နိုင်တာပါ။ ငွေလည်းအနည်းငယ်သာယူတာပါ။

မေးသမျှဖြေနိုင်အောင် စ/ဆုံး ပီးစီးလုပ်ပေးနိုင်တဲ့ service မျိုးလုပ်ပေးပါမယ်ရှင့်။ ရတာနဲ့ ကြော်ငြာပေးပါမယ်။

📣📣 စျေးသက်သက်သာသာနဲ့ ထိုင်းတက္ကသိုလ်မှာ ၁နှစ် Visa လည်းရ ထိုင်းစာလည်းသင်လို့ရနိုင််မဲ့ အခွင့်အရေးလေး 📣📣ထိုင်းနိုင်ငံရဲ့ ...
05/04/2024

📣📣 စျေးသက်သက်သာသာနဲ့ ထိုင်းတက္ကသိုလ်မှာ ၁နှစ် Visa လည်းရ ထိုင်းစာလည်းသင်လို့ရနိုင််မဲ့ အခွင့်အရေးလေး 📣📣

ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ဗုဒ္ဓတက္ကသိုလ် Mahachulalongkornrajavidyalaya University (MCU) Ayutthaya ကဖွင့်လှစ်ထားတဲ့ Certificate of Thai Language for Foreigner အတန်းကို အခုထိ တက်ရောက်လို့ရနေပါသေးတယ်။

ကျောင်းက 13th Thursday, June 2024 မှာစတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။ ကျောင်းအပ် လက်ခံနေပါပီ။
📌📌📌တခုရှိတာက လျှောက်ထားသူများနိုင်သည့်အတွက် အမြန်ဖောင်ပြည့်နိုင်ပါသည်။ လူဦးရေကန့်သတ်ထားတာမို့ လိုအပ်တယ်ဆို အခုပဲ အမြန်ပဲလျောက်ကျပါနော်။🙏🙏🙏

================

📌 လိုအပ်သည့်စာရွက်စာတန်းများ

✅ Official Photo (size 1.5 inches)
✅ Passport copy (For foreigner) / ID Card (For Thai)
✅ GPA Report / The official transcript of their Bachelor of Arts and certificates of other certificates. (အင်္ဂလိပ်လို Notary လိုပါတယ်။)

=========

📌 ဖောင်တင်ရန် Link

[https://docs.google.com/.../1FAIpQLSdi5j.../viewform...]

📌 တနှစ်တာကုန်ကျစရိတ်

✅ ဖောင်ဖြည့်ပီးရင် application fee ဘဏ်ကနေ ဘတ်၃၀၀ သွင်းရမှာဖြစ်ပါတယ်။
✅ တနှစ်စာ (Semesters ၂ခု) အတွက် ၁၂ဝဝဝ ဘတ် ကျပါမယ်။
✅ Immigration ကိုပေးရငွေ ၁၉၀၀ ဘတ်

📌 ကျောင်းအချက်အလက်များ

✅ ၂ဝ၂၄ ဇွန်လ ၁၃ ရက်နေ့စဖွင့်ပါမယ်။
✅ တပတ်နှစ်ရက် (ကြာသပတေး၊ စနေ) online ၁ရက် onsite ၁ရက်
✅ ဒီအတန်းကို တက်ရောက်မည့်သူသည် အနည်းဆုံး အထက်တန်းအောင်မြင်ပြီးသူဖြစ်ရမည်။
✅ အသက်အရွယ် ကန့်သက်ချက် မရှိ။
✅ ဒီတနှစ်အတွင်းမှာ (၇) ရက် Meditation Retreat ပါဝင်ခွင့်ရမှာဖြစ်ပြီး ထိုင်းရိုးရာယဉ်ကျေးမှု၊ထိုင်းစကားကို ထိုင်းဆရာတွေနဲ့သင်ကြားခွင့်ရမှာပါ။

============

ငွေချေဖို့ ထိုင်းဘဏ်အကောင့်မရှိသေးသူများ အက််မင်ဆီမှာ service changes အနည်းငယ်နဲ့ ငွေချေပေးတဲ့ service သီးသန့်ရနိုင်ပါတယ်။ မြန်မာငွေနဲ့လည်း အက်မင်ကို ငွေချေလို့ရပါတယ်။
BKK Go Service-
✅ application fee ဘတ် ၃၀၀ သွင်းပေးတယ်။
✅ ငွေသွင်းပီးရင် မြန်မာ Line Group ထဲထည့်ပေးပါမယ်။ (အဲ့ group ကဘာလုပ်ရမယ်အကုန်ပြောပေးပါတယ်)
✅ service ယူသူများရင်တွေအကုန်စုပီး မေးချင်ရာမေးဖို့၊ အကုန်စုပီးအတူတူလုပ်လို့ဖို့ messenger group ထဲထည့်ပေးပါလိမ့်မယ်။
✅ ကျောင်းလခသွင်းတဲ့အချိန် ဘဏ်အကောင့်မရှိသေးရင် သွင်းပေးပါတယ်






ထိုင်း April လ ဧပြီလ ရုံးပိတ်ရက်များ 😎April ထဲ ရုံးတွေသွားရမှာမို့ ဘယ်နေ့ တွေရုံးပိတ်လဲသိချင်သူတွေအတွက်ပါ။ 🤗ထိုင်းမှာ So...
24/03/2024

ထိုင်း April လ ဧပြီလ ရုံးပိတ်ရက်များ 😎

April ထဲ ရုံးတွေသွားရမှာမို့ ဘယ်နေ့ တွေရုံးပိတ်လဲသိချင်သူတွေအတွက်ပါ။ 🤗

ထိုင်းမှာ Songkranပွဲကို ရက်၂၀လောက် ကျင်းပမယ်တို့ဘာတို့ဆိုပေမဲ့ နေ့တိုင်းရေကစားနေတာမျိုးမဟုတ်ပါဘူး။ သက်ဆိုင်ရာ မြို့အလိုက်ရေကစားတာတွေ၊ ဖျော်ဖြေပွဲတွေပဲ လုပ်ကြမှာပါ။ရေတကယ် ကစားကြတဲ့ ရက်တွေကတော့ ၁၃၊၁၄၊၁၅၊၁၆ ပါ။ 📣📣📣

✅ ထိုင်းရုံး Songkranပိတ်ရက်က April ၁၂၊ ၁၃၊ ၁၄၊ ၁၅၊ ၁၆ ဖြစ်ပီး
✅ မြန်မာသံရုံးရဲ့ သင်္ကြန်ရုံးပိတ်ရက်ကတော့ April ၁၅ ကနေ April ၁၉ ထိ ဖြစ်ပြီး ၁၃၊၁၄၊၂၀၊၂၁ တွေက စနေတနင်္ဂနွေရုံးပိတ်ရက်ဖြစ်တာမို့ ၉ ရက်ဆက်တိုက်ပိတ်မှာပါ။

အဲ့တော့....
ကိုယ့်ရဲ့ ဗီဇာ တိုးမဲ့သူများ
📍 ဗီဇာ ကုန်မယ့်ရက်က စနေတနင်္ဂနွေ ပိတ်ရက်နဲ့ တိုက်ခဲ့ရင်၊ ရုံးပိတ်ရက်တွေနဲ့တိုက်နေခဲ့ရင် ဗီဇာကုန်ရက်မတိုင်မှီ Immigration ရုံးဖွင့်ရက်တွေမှာ သက်တမ်းသွားတိုးလို့ရပါတယ်။
📍 မြန်မာသံရုံးထောက်ခံစာကလည်း ပိတ်ရက်ထက်စောသွားယူပါနော်။ Immigration ရုံးကတော့ လူများနေနိုင်လို့ စောစောသွားတာမျိုးလုပ်သင့်ပါတယ်။






❝ ကချနာဘူရီရဲ့ ရေပေါ်ဟိုတယ်တွေအကြောင်း  ❞ကချနာဘူရီဟာဆိုရင် ထိုင်းနိုင်ငံရဲ့ ခရီးသွားလာရောက်လည်ပတ်သူများတဲ့ နေရာတွေထဲက တစ...
20/03/2024

❝ ကချနာဘူရီရဲ့ ရေပေါ်ဟိုတယ်တွေအကြောင်း ❞

ကချနာဘူရီဟာဆိုရင် ထိုင်းနိုင်ငံရဲ့ ခရီးသွားလာရောက်လည်ပတ်သူများတဲ့ နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ကချနာဘူရီဟာ အမျိုးသာဥယျာဉ်တွေ ၊ ရေတံခွန်တွေ ၊ ဘုရားကျောင်းတွေ ၊ သေမင်းတမန်ရထားလမ်း စတာတွေကြောင့် နာမည်အရမ်းကြီးပါတယ်။

🏡ဒီလိုခရီးသွားတွေ ကချနာဘူရီကို လာရောက်လည်ပတ်ကြတဲ့အကြောင်းအရင်းတွေထဲမှာ ကွေ့မြစ်ပေါ်က ရေပေါ်ဟိုတယ်လေးတွေလည်း ပါ၀င်ပါတယ်။

🏡ရေပေါ်ဟိုတယ်လေးတွေက အရမ်းကိုမှ အေးချမ်းသာယာလှပပြီး စိတ်ကြည်နူးဖို့ကောင်းတာကြောင့် ခရီးသွားတွေကို မလာဘဲ မနေနိုင်အောင် ဆွဲဆောင်ထားတာကို တွေ့ရပါမယ်။

🏞️ရေပေါ်ဟိုတယ်လေးတွေဟာဆိုရင် တိတ်ဆိတ်ငြိမ်သက် နေတဲ့တောရိပ်တောင်ရိပ် ၊ တသွင်သွင်ဖြတ်သန်းစီးဆင်းနေတဲ့မြစ်ရဲ့ရေစီးသံလေးတွေ ၊ ကြားရတာနား၀င်ချိုသာတဲ့ ငှက်အော်သံလေးတွေ ၊ လှပတဲ့သဘာ၀ရှုခင်းတွေကြောင့် နေထိုင်ရတာ အရမ်းကိုမှ
စိတ်အေးချမ်းပြီး စိတ်ကြည်နူးဖို့ကောင်းပါတယ်ရှင်။

🏡ဟိုတယ်လေးတွေက သန့်သန့်ရှင်းရှင်းနဲ့ သပ်သပ်ရပ်ရပ်လုပ်ထားတာမလို့ နေချင်စရာလည်းအရမ်းကောင်းတဲ့အပြင် ဟိုတယ်လေးတွေက wifi ရ ၊ မီးရ‌တာတွေလည်းရှိသလို wifi မရ ၊ မီးမရတာတွေလည်းရှိတာမလို့ ကိုယ့်စိတ်ကြိုက် ရွေးချယ်တည်းခိုနိုင်ပါတယ်။

🌳သဘာ၀ရဲ့ အေးချမ်းမှုတွေပြည့်နေတဲ့ နေရာလေးမှာ အေးဆေးအနားယူမလား ၊ ရေပြင်ကြီးငေးပြီးတွေးမလား စိတ်ကြိုက်အေးဆေး စိတ်အပန်းဖြေအနားယူလို့
ရတဲ့အပြင် ပျင်းလာရင်လည်း ရေထဲခုန်ချ ၊ မျှောချပြီးဆင်းလိုက်တက်လိုက်ဆော့ကစားလို့ရပါသေးတယ်။
အသက်ကယ်အင်္ကျီတွေ ၀တ်ပြီးဆော့ရတဲ့အပြင်
၀န်ထမ်းလေးတွေကလည်း အသင့်ရှိနေကြတာမလို့
တစ်ခုခုဖြစ်မှာလည်း စိုးရိမ်စရာမလိုပါဘူး။

🚣တခြား Activity တွေအနေနဲ့ ဖောင်စီးတာ ၊ ဆင်စခန်းသွားတာ ၊ တောတွင်းလမ်းလျှောက်တာ ၊ မွန်ရွာသွားလည်တာတွေကိုလည်း လုပ်လို့ရနိုင်ပါသေးတယ်။

🏡ကချနာဘူရီက ရေပေါ်ဟိုတယ်လေး‌တွေဟာဆိုရင် မြို့ပြရဲ့ ဆူညံမှုတွေ ၊ မွန်းကြပ်မှုတွေကြားမှာ အမြဲနေနေရတဲ့သူတွေကို Stress တွေနဲ့ ခေတ္တယာယီ ဝေးကွာစေပြီးစိတ်ကိုအပန်း‌ပြေအေးချမ်းစေပါတယ်။

ဒါကြောင့် ကချနာဘူရီကို အလည်လာတဲ့အခါ အရမ်း
ကိုမှအေးချမ်းသာယာလှပတဲ့ သဘာ၀တရားတွေရှိတဲ့
ရေပေါ်ဟိုတယ်လေးတွေဆီကို မဖြစ်မနေသွားရောက်တည်းခိုပြီး အနားယူအပန်းဖြေကြဖို့ ပြောလိုက်ပါရ
စေရှင်။ 😍








19/03/2024

ဘန်ကောက်လာမယ်ဆို iBanking ဖွင့်လာခဲ့နော်။
ကိုယ်က ထိုင်းမှာ ရောက်နေတယ် အကယ်၍ visa ကိစ္စနဲ့
✅ ဘဏ် statement ပြဖို့လိုလာရင်
✅ ထိုင်းဘဏ်အကောင့် မရှိသေးရင်
မြန်မာဘဏ်က ဘဏ် statement ကို iBanking က အလွယ်တကူထုတ်ပြရုံပဲ…

Hey Hello Welcome

❝ ကော်ဖီချစ်သူတွေအနေနဲ့ ကချနာဘူရီကိုရောက်ရင်သွားသင့်တဲ့ 𝐂𝐚𝐟𝐞 (𝟑) ဆိုင် ❞ ကချနာပူရီကို စိတ်အပန်းဖြေဖို့ ခရီးသွား🌦️အလည်လာရ...
14/03/2024

❝ ကော်ဖီချစ်သူတွေအနေနဲ့ ကချနာဘူရီကိုရောက်ရင်သွားသင့်တဲ့ 𝐂𝐚𝐟𝐞 (𝟑) ဆိုင် ❞

ကချနာပူရီကို စိတ်အပန်းဖြေဖို့ ခရီးသွား🌦️အလည်လာရောက်တဲ့ ကော်ဖီချစ်သူတွေအတွက် ...☕

ကချနာဘူရီမှာ ကော်ဖီအရသာရှိရှိလေးတွေ သောက်ပြီး သဘာ၀အလှတွေခံစားကာ ပုံကောင်းကောင်းရိုက်လို့
ရနိုင်တဲ့ 𝐂𝐚𝐟𝐞 (𝟑) ဆိုင်ကို ပြောပြပေးပါမယ်ရှင်။ 😍

☕ 𝐌𝐞𝐞𝐍𝐚 𝐂𝐚𝐟𝐞

🌾 𝐖𝐚𝐭 𝐓𝐡𝐚𝐦 𝐒𝐮𝐚 ဘုရားကျောင်း‌နောက်မှာရှိပြီး စပါးစိုက်ခင်းတွေကြားမှာ ဖွင့်ထားတဲ့ 𝐌𝐞𝐞𝐍𝐚 𝐂𝐚𝐟𝐞 လေးကတော့ ကော်ဖီဆိုင်ထိုင်ရင်း သဘာ၀လေညင်းလေးတွေပါ ခံစားနိုင်တဲ့နေရာလေးပါ။ မိသားစုတွေနဲ့ ပိုပြီးအတူတူလာထိုင်လို့ကောင်းပါတယ်။ ကိုယ်နှစ်သက်ရာသောက်စရာတစ်ခုခုနဲ့ သဘာ၀ကို ခံစားအနားယူဖို့ နေရာများများရှိတဲ့အပြင် ကလေးတွေအတွက် ဆော့ကစားနိုင်တဲ့ နေရာလေးတွေလည်း ရှိပါသေးတယ်။

☕ 𝐂𝐡𝐚𝐧 𝐍𝐚𝐭𝐮𝐫𝐞 𝐂𝐚𝐟𝐞

💮အလွန်လှပတဲ့ မာဂရက်ပန်းခင်းကြီးရှိရာ 𝐂𝐡𝐚𝐧 𝐍𝐚𝐭𝐮𝐫𝐞 𝐂𝐚𝐟𝐞 ကတော့ အမိုက်စား ပုံလှလှလေးတွေ ရိုက်ရတာကြိုက်တဲ့သူတွေ သွားသင့်တဲ့နေရာလေးပါ။ ဆိုင်ရဲ့ဒီဇိုင်းအပြင်အဆင်ကလည်း အရမ်းမိုက်ကာ ထိုင်လို့ကောင်းပြီး မ‌နက်စောစောနဲ့ ညနေခင်းလေးတွေမှာ သဘာ၀ရဲ့အလှတွေကိုပါ ကောင်းကောင်းခံစားနိုင်ပါတယ်။

☕ 𝐓𝐡𝐞 𝐕𝐢𝐥𝐥𝐚𝐠𝐞 𝐅𝐚𝐫𝐦 𝐓𝐨 𝐂𝐚𝐟𝐞

🏞️ဒီဆိုင်လေးကတော့ ဓာတ်ပုံကောင်းကောင်းရိုက်လို့ရတဲ့အပြင် ဆိုင်းရဲ့အစားအသောက်တွေကလည်း အရမ်းကိုအရသာရှ်ိပါတယ်။ စိမ်းလန်းပြီး သာယာလှပတဲ့ သစ်ပင်တွေနဲ့ ရေကန်ရဲ့ သဘာ၀မြင်ကွင်းတွေကလည်း အရမ်းကို ကြည့်လို့ကောင်းပြီး ခံစားလို့ကောင်းပါတယ်နော်။

☕ကဲ...ကော်ဖီဆိုင်ထိုင်ရတာကြိုက်တဲ့သူတွေအနေနဲ့
ကချနာဘူရီကို ရောက်ပြီဆိုရင်တော့...💁

ဒီဆိုင်လေးတွေကို ရောက်အောင်သွားပြီး ကော်ဖီလည်းသောက် ၊ ပုံတွေလည်းရိုက်ပြီး သဘာ၀အလှတွေ တ၀ ကြီးခံစားလိုက်ကြရအောင်နော်။ 🤗







❝ကချနာဘူရီ မှာရှိတဲ့ သဘာ၀အလှတရားကို ခံစားချင်သူတွေအနေနဲ့ မဖြစ်မနေ သွားရမဲ့နေရာ (4) ခု ❞————-🇹🇭ထိုင်းနိုင်ငံရဲ့ နာမည်ကြီး...
05/03/2024

❝ကချနာဘူရီ မှာရှိတဲ့ သဘာ၀အလှတရားကို ခံစားချင်သူတွေအနေနဲ့ မဖြစ်မနေ သွားရမဲ့နေရာ (4) ခု ❞

————-

🇹🇭ထိုင်းနိုင်ငံရဲ့ နာမည်ကြီးအထင်ကရ နေရာတစ်ခုဖြစ်တဲ့ ကချနာဘူရီမြို့ကို ရောက်ခဲ့ရင် မဖြစ်မနေသွားရောက်လည်ပတ် လေ့လာသင့်တဲ့ နေရာလေးတွေကို Let's Travel ကနေ sharing လေး လုပ်ပေးသွားပါမယ်‌နော်..✨

🏯🐉Wat Ban Tham ( Temple Of The Golden Dragon)

ကချနာဘူရီကို ရောက်တဲ့သူတိုင်း မဖြစ်မနေလာသင့်တဲ့နေရာလေးကတော့ လှပဆန်းပြားတဲ့ ကျောက်စက်ပန်းဆွဲတွေရှိတဲ့ သဘာ၀ကျောက်ဂူရှိရာ Wat Ban Tham ပါပဲ။

Wat Tham Suea ဘုရားကျောင်းရဲ့ မနီးမဝေးမှာရှိပြီး ကျောက်ဂူမရောက်ခင်မှာ နဂါးရုပ်ကြီးတွေလည်း ရှိပါ သေးတယ်။ တောင်ပေါ်ရောက်ဖို့ နဂါးပါးစပ်ထဲက‌နေလှေကားထစ်ပေါင်းများစွာကို ဖြတ်သန်းသွားရပြီး နဂါးကိုယ်ထဲကို ဖြတ်လျှောက်သွားရသလိုကို ခံစားရစေပါတယ်။

လှေကားထစ်တွေအဆုံး တောင်ထိပ်ကိုရောက်သွားရင်တော့ စိမ်းစိုနေတဲ့ တောအုပ်တောင်တန်းတွေရဲ့ သဘာ၀ အလှတရားတွေကို ခံစားနိုင်ပါတယ်။

🛕🐅Wat Tham Suea ( Tiger Cave Temple )

ကျားဂူဘုရားဟာဆိုရင် ဉာဏ်တော်မြင့်မားပြီး သပ္ပါယ်တော်မူလှတဲ့ ကချနာဘူရီမြို့ရဲ့ အကြီးဆုံး ထိုင်တော်မူဘုရားကြီးရှိတဲ့ ဘုရားကျောင်းဖြစ်ပြီး ဘုရားရင်ပြင်ကနေ့လည်ကွင်းတွေ ၊ ကန်ချနာဘူရီရဲ့ မြို့မြင်ကွင်းတွေနဲ့ မဲကလောင်မြစ်ရဲ့သဘာ၀အလှတွေကိုပါ တ၀ကြီး ခံစားနိုင်တဲ့ နေရာဖြစ်ပါတယ်။

🌳Gaint Raintree ( Monkey Pod Tree )

နောက်ထပ်သွားရမဲ့နေရာကတော့ ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့သူတွေ လုံး၀အကြိုက်ဖြစ်တဲ့ နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိနေပြီး ချစ်ရတဲ့သူတွေနဲ့ဖြစ်ဖြစ် ၊တစ်‌ယောက်တည်းဖြစ်ဖြစ် အမှတ်တရ ဓာတ်ပုံလေးတွေ အရမ်းရိုက်လို့ကောင်းတဲ့ Gaint Raintree လေးပါပဲ။

🌉Glass Skywalk

Gaint Raintree မှာ ပုံရိုက်ရတာ အားမရသေးတဲ့သူတွေအနေနဲ့ ကွေးမြစ်ရဲ့ဘေးမှာ တည်ဆောက်ထားတဲ့ Glass Skywalk ပေါ်မှာ သဘာ၀တောတောင် ရှုခင်းအလှတွေခံစားရင်း Background ကောင်းကောင်းနဲ့ ပုံအမိုက်စားလေးတွေကိုပါ ထပ်ရိုက်လို့ရနိုင်ပါသေးတယ်။

ဒီနေရာလေးတွေကတော့ ကချနာဘူရီကို အလည်လာပြီးသဘာ၀အလှတရားတွေကို ခံစားချင်သူတွေ မဖြစ်မနေ သွားရောက်‌လည်ပတ်လေ့လာသင့်တဲ့ နေရာလေးတွေပဲဖြစ်ပါတယ်ရှင်။










ကျွန်မတို့ 𝐋𝐞𝐭’𝐬 𝐭𝐫𝐚𝐯𝐞𝐥 ကို ယုံကြည်စွာ၊ ပျော်ရွှင်စွာ 𝐣𝐨𝐢𝐧 ပေးကြတဲ့အတွက် ကျေးဇူးအများကြီး တင်ရှိပါတယ်ရှင်။ 🤗🤗🤗ဒီတခေါက်က ...
03/03/2024

ကျွန်မတို့ 𝐋𝐞𝐭’𝐬 𝐭𝐫𝐚𝐯𝐞𝐥 ကို ယုံကြည်စွာ၊ ပျော်ရွှင်စွာ 𝐣𝐨𝐢𝐧 ပေးကြတဲ့အတွက် ကျေးဇူးအများကြီး တင်ရှိပါတယ်ရှင်။ 🤗🤗🤗

ဒီတခေါက်က ထူးထူးခြားခြား တောင်မှာပန်းတွေဝေလို့ 🌸 အရမ်းလှနေသလို အက်မင် ပျားတုတ်ခံရတာအမှတ်တရပါပဲ😂

အဆင်မပြေတာတွေ အများကြီးရှိခဲ့ပေမဲ့ နားလည်ပေးပီး အတူတူပျော်ကြ တောင်တတ်ခဲ့ကျတာကို 𝐋𝐞𝐭’𝐬 𝐭𝐫𝐚𝐯𝐞𝐥 ကကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ 🙏

ဒီထက်အများကြီး ပိုကောင်းတဲ့ services တွေပေးနိုင်အောင် 𝐋𝐞𝐭’𝐬 𝐭𝐫𝐚𝐯𝐞𝐥 က ကြိုးစားပါမယ်ရှင့်🙏

ကဲပါ။အပူအပင်တွေ ခဏလောက်မေ့ပြီး 𝐋𝐞𝐭'𝐬 𝐓𝐫𝐚𝐯𝐞𝐥 နဲ့အတူ ဘယ်လို ခရီးစဉ်တွေထပ်ရှိဦးမယ် ဆိုသိရဖို့ Like & Follow လုပ်ထားလိုက်တော့နော် 🙆✨

Customer ပုံလေးတွေက ယူခွင့်မရှိလို့ အမှတ်တရမတင်တော့ဘူးနော် 😊

#𝐤𝐚𝐧𝐜𝐡𝐚𝐧𝐚𝐛𝐮𝐫𝐢
#𝐤𝐚𝐧𝐜𝐡𝐚𝐧𝐚𝐛𝐮𝐫𝐢𝐭𝐫𝐢𝐩
#𝐞𝐫𝐚𝐰𝐚𝐧𝐰𝐚𝐭𝐞𝐫𝐟𝐚𝐥𝐥
#𝐄𝐫𝐚𝐰𝐚𝐧
#𝐞𝐫𝐚𝐰𝐚𝐧𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥𝐩𝐚𝐫𝐤
#𝐤𝐰𝐚𝐢
#𝐤𝐰𝐚𝐢𝐫𝐢𝐯𝐞𝐫
#𝐭𝐡𝐚𝐢𝐥𝐚𝐧𝐝

#𝐥𝐞𝐭𝐬𝐭𝐫𝐚𝐯𝐞𝐥𝐚𝐧𝐝𝐭𝐨𝐮𝐫

29/02/2024

ဖုန်းဘေလ် ၁၀၀၀၀ စီ ကံထူးသွားသူလေးတွေပါ ။

Congratulations ပါ ရှင့်

Page cab ကိုဆက်သွယ်ပြီး ဖုန်းဘေလ် ထုတ်ယူနိုင်ပါတယ်

Winners
1) Lin Lat Nay Chi
2) Cherry Hnin

Let’s Travel နဲ့အတူ အပန်းဖြေကြစို့…..

🇹🇭 Bangkok ကို Free Visa နဲ့သွားမယ် 🇹🇭Bangkok လာလည်ချင်လို့ ဘာတွေလိုလဲ❓ဘာမှမလိုပါဘူးရှင့် 🤗Passport ရှိတယ်ဟုတ် Passport ...
27/02/2024

🇹🇭 Bangkok ကို Free Visa နဲ့သွားမယ် 🇹🇭

Bangkok လာလည်ချင်လို့ ဘာတွေလိုလဲ❓
ဘာမှမလိုပါဘူးရှင့် 🤗
Passport ရှိတယ်ဟုတ် Passport ရယ် လေယာဉ်လတ်မှတ်၀ယ်ပီး ထွက်လာလည်ရုံပါပဲ။🥳

ထိုင်းနိုင်ငံက မြန်မာနိုင်ငံကို visa free ၁၄ရက် ပေးထားလို့… ၁၄ရက် ထိုင်းကို visa မလို အလည်လာလို့ရပါတယ်။

🛬🛬🛬 လေဆိပ်မှာတော့

- နေထိုင်ဖို့ Hotel Booking စာရွက်
- အပြန် လေယာဉ်လတ်မှတ်
- ပိုက်ဆံ ဘတ် ၂သောင်း (dollar လည်းရ)

ပြနိုင်ရမယ်လို့ Rule ရှိပါတယ်။

ထိုင်းဘက်က free visa နဲ့ ဝင်လာရင် ဒီစာရွက်စာတန်းတွေ ပြခိုင်းတာရှိတာကြောင့် အကုန်ပြင်ဆင်လာရမှာဖြစ်ပါတယ်။ လူတိုင်းကို ပြခိုင်းတာမဟုတ်ပဲ လေဆိပ်အဆင်းမှာ စစ်ရင်လည်း စစ်တယ် မစစ်ရင်လည်း မစစ်ပါဘူး။

💰💰💰 ကုန်ကျစရိတ်

🛫 လေယာဉ်ခ - အသွားအပြန်ဆို မြန်မာငွေ ၃သိန်းကျော်ကနေ စရှိပါတယ်။ စောစောသွားမဲ့ date သိရင် စောစောကြိုဖြတ်တာ စျေးပိုသက်သာပါတယ်။

🏨 ဟိုတယ်ခ - မြန်မာငွေ ၄သောင်းကျော် ၅ သောင်းလောက်က စရှိနိုင်ပီး
၂ယောက်ခန်းပါ။ ပီးတော့ ရှာနိုင်ရင် ရှာနိုင် သလောက် စျေးသက်သာတဲ့ အခန်းရပါတယ်။ discount ချရင်လည်း စျေးသက်သာပါတယ်

🍽️ စားတာက - တနပ်စာကို ဘတ်၅၀ ၀န်းကျင် မြန်မာငွေ ၅၀၀၀ လောက်နဲ့တွက်လို့ရပါမယ်။ ဒီမှာ ၅၀ ကစပီး ၁၀၀ ၂၀၀ သုံးရင်သုံးသလိုကျနိုင်ပါတယ်။

ဆိုတော့ ကျန်တာ လည်မယ်သွားမယ်ပဲ။

ကဲကဲ Luggage လေးပြင်ပီး ဘန်ကောက်အလည်ထွက်လာခဲတော့နော်။

သိချင်တာရှိရင် comment မှာမန်ပေနော်
မင်မင်သိလောက် အကုန်ပြောပြပေးပါမယ် 🫶🫶

အကယ်၍
✅ Budget Group Tour တွေ
✅ ဘန်ကာက်မှာ ကားလတ်မှတ်၊ ရထားလတ်မှတ် ၀ယ်ဖို့ လိုလာရင်၊
✅ထိုင်းမှာ အပမ်းဖြေခရီးသွားဖို့ လေဆိပ်ကြိုပို့ဖို့ ကားငှါးဖို့ လိုလာရင်၊
✅ ကျောင်းငွေသွင်းဖို့ ဟိုတယ်ငွေချေဖို့ ငွေချေဖို့အကုန် လိုလာရင်
Let's Travel (BKK Go) Tour ကို သတိရလိုက်ပါ၊ အကုန်ရရှိနိုင်ပါပီရှင်။






❝ကချနာဘူရီရောက်တဲ့သူတိုင်း သွားရောက်လည်ပတ်သင့်တဲ့ ရေတံခွန် (၄) ခု ❞🇹🇭ထိုင်းနိုင်ငံရဲ့ လည်ပတ်စရာတွေ ပေါများလှတဲ့ ကချနာဘူရ...
25/02/2024

❝ကချနာဘူရီရောက်တဲ့သူတိုင်း သွားရောက်လည်ပတ်သင့်တဲ့ ရေတံခွန် (၄) ခု ❞

🇹🇭ထိုင်းနိုင်ငံရဲ့ လည်ပတ်စရာတွေ ပေါများလှတဲ့ ကချနာဘူရီကို ရောက်လာပြီဆိုရင် မြို့ပြရဲ့ မွန်းကျပ်မှုတွေ
ဆီကနေ ခဏလောက်ပြေးထွက်ပြီး သဘာ၀ရဲ့အလှတရားတွေကို ခံစားကြည့်ရှုနိုင်ဖို့ သွားရောက်လည်ပတ်သင့်တဲ့ နေရာလေးတွေရှိပါတယ်..🏞️

⛰️🌳အဲ့နေရာလေးတွေကတော့ မြင်လိုက်တာနဲ့ စိတ်ကိုအေးချမ်းသာယာ ၊ ပျော်ရွှင်ကြည်နူးစေပြီး စိမ်းလန်းတဲ့တောတောင်ရှုခင်းတွေနဲ့ လတ်ဆတ်အေးမြတဲ့ သဘာ၀ အလှတရားတွေကို ခံစားကြည့်ရှုရနိုင်စေမဲ့ ကချနာဘူရီက နာမည်ကြီးရေတံခွန်တွေပါပဲ။

🏞️🌳ဒါကြောင့် ကချနာဘူရီကို ရောက်ရင် မဖြစ်မနေသွားကိုသွားသင့်တဲ့ ရေတံခွန် (၄) ခုအကြောင်းကို
ပြောပြပေးသွားပါမယ်နော်။

⛲Erawan Waterfall

🌊ကချနာဘူရီရဲ့ လည်ပတ်စရာတွေလို့ ပြောလိုက်တာနဲ့ Erawan ရေတံခွန်က မပါမဖြစ်ပါပဲ။ ကချနာဘူရီရဲ့ နာမည်အကြီးဆုံးရေတံခွန်ဖြစ်ပြီး Erawan အမျိုးသားဥယျာဉ်မှာရှိပါတယ်။ အလွှာ ခုနှစ်ဆင့်ရှိပြီး အလွှာတိုင်းမှာ ရေကူးလို့ရတဲ့ နေရာလေးတွေလည်းရှ်ိပါတယ်။
ရေတံခွန်ရဲ့ကြည်လင်လှပမှုတွေ ၊ သာယာငြိမ့်ညောင်းစွာကျနေတဲ့ တောင်ကျရေသံလေးတွေနဲ့ စိမ်းစိုနေတဲ့ သဘာ၀တောတောင်ရှုခင်းတွေက ကချနာဘူရီလာတဲ့သူတိုင်းကို လာရောက်အပန်းဖြေဖို့ ဆွဲဆောင်နေပါတယ်။

⛲Sai Yai Yok Waterfall

🌊ကချနာဘူရီရဲ့ ရေပန်းစားပြီး ခရီးသွားများတဲ့ ရေတံခွန်တစ်ခုဖြစ်တဲ့အပြင် ရှုခင်းတွေကလည်း အကြည့်လွှဲရက်စရာမရှိအောင်ကို အရမ်းလှပလွန်းပါတယ်။ဒါ့အပြင် ဘေးပတ်၀န်းကျင်က သဘာ၀အလှတွေကိုလည်း ဖောင်စီးပြီး အေးအေးချမ်းချမ်းနဲ့ လှည့်ပတ်ကြည့်ရှုနိုင်ပါသေးတယ်။

⛲Sai Yok Noi Waterfall

🌊ဒီရေတံခွန်ကလည်း Sai Yai Yok ရေတံခွန်လိုပဲ အရမ်းလှပတဲ့ ရေတံခွန်တစ်ခုဖြစ်တဲ့အပြင် Sai Yok National Park ရဲ့ ဆွဲဆောင်မှုအရှိဆုံးနေရာလည်းဖြစ်ပါတယ်။ သဘာ၀ရှုခင်းတွေကို ကောင်းကောင်းခံစားနိုင်တဲ့အပြင် ရေတံခွန်တစ်ဝိုက်က ဈေးသည်တွေဆီက အစား
အသောက်တွေပါ၀ယ်ယူနိုင်လို့ အေးဆေး စားသောက်အပန်းဖြေအနားယူလို့ရပါတယ်။

⛲Pha Tha Waterfall

🌊ဒီရေတံခွန်ကတော့ တခြားရေတံခွန်တွေလို အရမ်း
မြင့်မားခြင်းမရှိပေမဲ့ ကျောက်ဆောင်‌တွေ ၊ သစ်ပင်တွေပေါ်ကနေ ရေတွေစီးဆင်းလာပုံက အရမ်းကိုမှသာယာလှပပါတယ်။ရေစီးသိပ်မသန်ဘဲ ရေကူးချင်တဲ့သူတွေအတွက်လည်း သင့်‌တော်တဲ့ ရေကူးကန်တွေရှ်ိလို့ စခန်းချလာရောက်လည်ပတ်ဖို့ အရမ်းကိုမှ ကောင်းပါတယ်။

🌊ဒီရေတံခွန်များကတော့ ကချာနာဘူရီကို ရောက်တဲ့သူတိုင်း မောပန်းနွမ်းနယ်နေတဲ့ စိတ်တွေအပန်းပြေပြီး ပြန်လည်လန်းဆန်း မဖြစ်မနေ သွားရောက်လည်ပတ် အနားယူသင့်တဲ့ ရေတံခွန်လေးတွေပဲ ဖြစ်ပါတယ်ရှင်။ 😍

အဲထဲကမှ Erawan waterfall ကိုသွားရောက် လည်ပတ်ချင်ရင် အက်မင်တို့ရဲ့ Budget Group Tour, Erawan waterfall ရေတံခွန် ၇ဆင့် ခရီးစဥ်လေးရှိပါတယ်။

အကယ်၍
✅ ဘန်ကာက်မှာ ကားလတ်မှတ်၊ ရထားလတ်မှတ် ၀ယ်ဖို့ လိုလာရင်၊
✅ထိုင်းမှာ အပမ်းဖြေခရီးသွားဖို့ လေဆိပ်ကြိုပို့ဖို့ ကားငှါးဖို့ လိုလာရင်၊
✅ ကျောင်းငွေသွင်းဖို့ ဟိုတယ်ငွေချေဖို့ ငွေချေဖို့အကုန် လိုလာရင်
Let's Travel (BKK Go) Tour ကို သတိရလိုက်ပါ၊ အကုန်ရရှိနိုင်ပါပီရှင်။










🎉ဘတ် ၂၀၀ ဖိုး (သို့) ဖုန်းဘေ ၂၀၀၀၀ ဖိုး giveaway 🎉Let’s travel ရဲ့ ခရီးစဉ် post ကို like & share လုပ်ချင်ပေမယ့် ခရီးစဉ်မ...
24/02/2024

🎉ဘတ် ၂၀၀ ဖိုး (သို့) ဖုန်းဘေ ၂၀၀၀၀ ဖိုး giveaway 🎉

Let’s travel ရဲ့ ခရီးစဉ် post ကို like & share လုပ်ချင်ပေမယ့်
ခရီးစဉ်မှာ လိုက်ပါဖို့ အတွက် အဆင်မပြေသေးလို့ပဲ ဖြစ်ဖြစ်
လတ်တလော ထိုင်းနိုင်ငံကိုမရောက်သေးသူတွေပဲဖြစ်ဖြစ်

ကံစမ်းခွင့်ရဖို့ စီစဉ်ပေးလိုက်ပါပြီနော် …

👉🏻 Comment မှာ မန့်ထားတဲ့ post ကို like & share လုပ်ပါ
👉🏻 အခု post အောက်မှာ screenshot မန့်ပေးပါ

လာမဲ့ ကြာသပတေးနေ့မှာ မဲဖောက်ပေးမှာဖြစ်ပြီး
ကံထူးရှင်က မြန်မာနိုင်ငံမှာနေထိုင်နေသူဖြစ်မယ်ဆိုရင် ဖုန်းဘေလ် ၁၀၀၀၀
ထိုင်းနိုင်ငံကဆိုရင်တော့ ဘတ် ၁၀၀ နှုန်းနဲ့
ကံထူးရှင် ၂ ယောက်ရွေးချယ်ပေးသွားမှာပါ

Good luck all 🎊🎊

Like and Share လုပ်ပြီး ဘတ် ၅၀၀ လျော့ဈေးယူ 🥳Let's Travel ရဲ့ အထူး ပရိုမိုရှင်းထိုင်းနိုင်ငံကို ခုမှရောက်လာတဲ့ လူသစ်တွေရေ...
23/02/2024

Like and Share လုပ်ပြီး ဘတ် ၅၀၀ လျော့ဈေးယူ 🥳

Let's Travel ရဲ့ အထူး ပရိုမိုရှင်း

ထိုင်းနိုင်ငံကို ခုမှရောက်လာတဲ့ လူသစ်တွေရော အရင်ကတည်းက ရှိနေကြတဲ့ ရွှေမြန်မာတွေရော အတွက် ပိတ်ရက်ကလေးမှာ အရမ်းလှတဲ့ ၇ ဆင့်ရေတံခွန်ဆီ trekking သွားကြမယ်

ဘတ် ၁၆၀၀ တည်းနဲ့ ဒီလို ဝန်ဆောင်မှုတွေကိုရမှာနော် ..

✨ရေတံခွန်ဝင်ကြေး ဘတ် ၃၀၀
✨ရေတံခွန် သို့ အသွားအပြန် ကားခ
✨Breakfast
✨Lunch
✨ရေသန့်
✨အချိုရည်
✨Snack
✨ဆေးသေတ္တာ
🔥လက်ရာရှယ်မိုက်တဲ့ professional ဓာတ်ပုံဆရာနဲ့ ရိုက်ကူးခွင့် ( ဒီတစ်ကြိမ်ပဲရမယ့် အထူးအခွင့်အရေး)

အခု post ကို like & share လုပ်ပြီး ဒီ post အောက်မှာ screenshot မန့်ပေးမယ်ဆိုရင် မန့်ထားတဲ့ ထဲက ၂ ယောက်ကို ဘတ် ၅၀၀ စီ လျော့ဈေး ပေးသွားမှာဆိုတော့ ဘတ် ၁၁၀၀ ထဲနဲ့ ရှယ်ပျော်ရမယ့် အခွင့်အရေးပဲနော်..

International Kite Festival Pattaya 2024------Pattaya မှာ ဒီနေ့မှာကျင်းပခဲ့တဲ့ပုံရိပ်လေးတွေပါ။ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကနေ ၂...
22/02/2024

International Kite Festival Pattaya 2024
------
Pattaya မှာ ဒီနေ့မှာကျင်းပခဲ့တဲ့ပုံရိပ်လေးတွေပါ။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ စွန်အရုပ်ပုံစံပေါင်းများစွာကိုလွှတ်ကြမှာဖြစ်လို့ ကြုံရင်သွားကြည့်ကြဖို့မမေ့နဲ့နော်။

အကယ်၍ Ticket service ကားလတ်မှတ်၊ ရထားလတ်မှတ် လိုလာရင်လည်း Let's Travel (BKK Go) Tour, car rental and ticket services မှာရရှိနိုင်ပါပီရှင်။
ထိုင်းမှာ အပမ်းဖြေချင်တာပဲဖြစ်ဖြစ်၊ ကားငှါးဖို့ လိုလာရင် ဖြစ်ဖြစ်၊ ကျောင်းငွေသွင်းစရာ၊ ငွေချေစရာ လိုလာလည်း သတိရလိုက်ပါရှင်။




အက်မင်ရဲ့ Personal  Vlog လေးမှာ… ထိုင်းမှာ အလုပ်လာရှာသူတိုင်း သိသင့်တဲ့ အကြောင်းလေးကို ဝေဗျှပေးထားပါတယ်ရှင့် 🥰
22/02/2024

အက်မင်ရဲ့ Personal Vlog လေးမှာ… ထိုင်းမှာ အလုပ်လာရှာသူတိုင်း သိသင့်တဲ့ အကြောင်းလေးကို ဝေဗျှပေးထားပါတယ်ရှင့် 🥰

💁🏼‍♀️💁🏼‍♀️ထိုင်းမှာလာအလုပ်ရှာ၊ အလုပ်လာလုပ်သူတိုင်း သိကိုသိသင့်အကြောင်းအရာများ💁🏼‍♀️💁🏼‍♀️
PV, PJ နဲ့ထိုင်းမှာအလုပ်လာလုပ်လို့ရလား❓ Work Permit, Work Visa တွေကဘယ်လိုမျိုးတွေလဲ❓
ဒီရက်ပိုင်းမှာ အမေးများဆုံး မေးခွန်း၁ခုကတော့...

မြန်မာနိုင်ငံရဲ့ Passport PV၊ PJ ပြသနာပါ။❗
ကိုယ်တွေလည်း အစတုန်းက ဘယ်တုန်းကမှ နိုင်ငံခြားထွက်ပီး အလုပ်လုပ်ရမယ်လို့ မတွေးဖူးတော့ ဒါတွေဆိုတာ အစိမ်းသက်သက်ပါပဲ။
ခုတော့ လူတိုင်းသိသင့်တာမို့ ကိုယ်သိသလောက်လေးရှင်းပြချင်ပါတယ်။
👌👌👌

ဒီလို Passport ကို မြန်မာနိုင်ငံသားအတွက်
PB – Business Passport
PT – Dependent Passport
PJ – Job Passport
PR – Religious Passport
PS – Seaman Passport
PE – Student Passport
PV – Visit Passport
PD – Diplomatic Passport
PO – Official Passport
အမျိိုးအစားအများကြီး ခွဲတာ မြန်မာတနိုင်ငံတည်းရှိပါတယ်။ 🤗
ဟုတ်ပါတယ် မြန်မာတနိုင်ငံတည်းပါ။ 🤗
အခြားနိုင်ငံအကုန်လုံးက အဲ့လို Passport ကို အမျိုးအစားမခွဲထားပဲ Passport ဆိုတာတခုတမျိုးတည်းပါပဲ။ အဲ့တော့ သူတို့က PJ, PV, PE ဘာအမျိုးအစားလဲဆိုတာ မသိပါဘူး။ Passport ဆိုရင် Passportပဲမြင်ပီး မြန်မာကပဲရှုပ်နေတာပါ။
ဆိုတော့
PV ဖြစ်လို့ အလုပ်လာလုပ်လို့ရလား❓❓❓
------
👉 ရပါတယ်✅ အရမ်းကိုရပါတယ်။ အရမ်းကို ထွက်လာဖို့ သွားလာဖို့ အလွယ်ဆုံးက PV ပါ။

👉 မြန်မာလေဆိပ်မှာလည်း မရစ်သလို၊ ထိုင်းလေဆိပ်၊ ဘယ်လေဆိပ်မှာမှ PV နဲ့ အလုပ်လာလုပ်လို့ မရစ်ပါဘူးရှင်

👉 PV နဲ့လာပီး အလုပ်လုပ်လို့ရတယ်။ ကျောင်းတတ်လို့ရတယ်။ TR visa နဲ့နေလို့ရတယ်။ ပန်းရောင်ဘတ်ရိုက်လို့ရတယ်။ NonB, Non O Visa နဲ့နေလို့ရတယ်။ အကုန်လုံးနဲ့နေလို့ရပါတယ်။
အဲ့ဆို
PJ ဖြစ်ရင်ရော ❓
---------
👉 ရပါတယ် အလုပ်လာလုပ်လို့ရပါတယ်။ Buttttt ⛔OWIC ကတ်⛔ ကို မြန်မာဘက်ခြမ်း လေဆိပ်မှာ ပြကိုပြရလို့ ⛔ OWIC ကတ်⛔ ရှိမှရပါမယ်။
🚩မြန်မာထဲအ၀င်အထွက်လုပ်တိုင်းပြရပါတယ်။🚩 ထိုင်းဘက် immgration မှာလုံး၀လုံး၀ ပြစရာမလိုပါ။
👉 အဲ့တော့ PJ နဲ့လာပီး အလုပ်လုပ်လို့ရတယ်။ ကျောင်းတတ်လို့ရတယ်။ TR visa နဲ့နေလို့ရတယ်။ ပန်းရောင်ဘတ်ရိုက်လို့ရတယ်။ Visa အကုန်လုံးနဲ့နေလို့ရပါတယ်။ ဒါပေမဲ့ မြန်မာအထွက်ကိုအ၀င်ကို ⛔ OWIC ကတ်⛔ ပြဖို့လိုပါမယ်။
PE
-------
သိပ်မသိပေမဲ့ သူလည်း အလုပ်လုပ်လို့ရတယ်။ ကျောင်းတတ်လို့ရတယ်။ TR visa နဲ့နေလို့ရတယ်။ ပန်းရောင်ဘတ်ရိုက်လို့ရတယ်။ Visa အကုန်လုံးနဲ့နေလို့ရပါတယ်။
နောက်တခုက Thai Work Permit 🪪🪪🪪
------------
မြန်မာလိုဆိုရင် 👉ထိုင်းမှာအလုပ်လုပ်ခွင့်👈 ထိုင်းကို အပေါ်က ဘာ passport နဲ့ပဲလာလာထိုင်းမှာ တရား၀င် အလုပ်လုပ်မယ်ဆိုတာနဲ့ 👉 Work Permit 👈 လိုပါတယ်။
သိသလောက် Work Permit ၂ခုရှိတယ်။
အဲဒါကို အသေးစိတ် မရှင်းပြခင်မှာ နိုင်ငံခြားမှာ အလုပ်လုပ်မယ်ဆိုရင် အလုပ်အကိုင် အမျိုးအစား ၂မျိုးရှိပါတယ်။
👉 Blue collar and White collar

✅ Blue collar - အခြေခံလုပ်သား - စားပွဲထိုး၊ အိမ်အကူ၊ အရောင်း၀န်ထမ်း၊ စက်ရုံ၀န်ထမ်း စသည်ဖြင့်လုပ်ရတဲ့သူတွေပါ။

✅ White collar - ကျွမ်းကျင်လုပ်သား - company ၀န်ထမ်း၊ accountant , IT Developer စသည်ဖြင့်လုပ်ရတဲ့သူတွေပါ။ ကျွမ်းကျင်တဲ့ အသက်မွေး၀မ်းကျောင်းပညာနဲ့လုပ်တဲ့သူပေါ့။
အခု Work Permit ကိုပြန်လှည့်ကြစို့...
-----
ကိုယ်လာရှာမဲ့အလုပ်က ဘာအလုပ်လဲ..Blue collar 🤔 White collar🤔 ❓
👉👉👉
✅ Blue collar သမားတွေအလုပ်လုပ်ရင် အလုပ်လုပ်ခွင့် Work Permit က ပန်းရောင်ကတ်လုပ်ရင် လုပ်ရတဲ့ Work Permit ပေါ့။
💎အလုပ်ရရင် သူဌေးကလုပ်ပေးသလို၊ ကိုယ်ဘာသာကိုယ်နေထိုင်ခွင့် ရချင်လို့ သူဌေးအဌားနဲ့ကိုယ်စရိတ်ကိုယ်စိုက်ပီး အလုပ်လုပ်ခွင့်လျောက်ကျပီး နေထိုင်ခွင့်ပါလျောက်ကျတာပါ။

✅ White collar သမားတွေက အလုပ်လုပ်ရင် အလုပ်လုပ်ခွင့် Work Permitက အပြာရောင်စာအုပ်နဲ့လာတယ်။ BOI Company ဆိုရင် Digital Format နဲ့လာတယ်။
💎 Company ဘက်ကအကုန် အစအဆုံးလုပ်ပေးတာမို့ ကိုယ့်ဘက်ကခေါင်းစားစရာမလိုပါဘူး။ အလုပ်မရပဲ Work Permit သူဌေးအဌားနဲ့ ၀ယ်လို့လည်းမလွယ်ပါဘူး အလုပ်ရရင် Company ကအစအဆုံးအကုန်တာ၀န်ယူပါတယ်။
နောက်ဆုံးတခု Work VISA
-----------
အဲ့လို Work Permit လုပ်ပီးရင် သက်ဆိုင်ရာနေထိုင်ခွင့်ကို လျောက်ရပါတယ်။ အဲတော့ Work Visa ရတော့မှ တရား၀င်နေထိုင်ခွင့်ရသွားတာပါ။
👉 အသေးစိတ်ရှင်းပြရရင်👈
-------
✅ Blue collar - Work Permit လုပ်ပီးရင် နေထိုင်ခွင့် VISA ကို Passport ထဲထည့် or စာအုပ်က overstay တို့ အပျောက်ခံ ဖြစ်သွားပီဆို Passport အစား Ci စာအုပ်အစိမ်းကို လုပ်ပီးမှ နေထိုင်ခွင့် VISA ကိုထည့်ရပါမယ်။ ဒါဆို တရား၀င်နေထိုင်တဲ့နည်းလမ်းပါပဲ။

✅ White collar - Work Permit လုပ်ပီးရင် နေထိုင်ခွင့် Non-B VISA ကို Passport ထဲထည့်။
သူက Company ကအစအဆုံးလုပ်ပေးလို့ လက်မှတ်လိုက်ထိုး ဓာတ်ပုံလိုက်ရိုက်ပါပဲ။ အဲ့ Process တွေပီးပီဆို သူလည်းတရား၀င်နေထိုင်လို့ရသွားပါပီ။
နားလည်လာပီလို့ထင်ပါတယ်။👏👏👏
နိဂုံးချုပ်ရမယ်ဆိုရင်
------
✅ PV - အလုပ်လုပ်လို့ရတယ်။ ကျောင်းတတ်လို့ရတယ်။ TR visa နဲ့နေလို့ရတယ်။ ပန်းရောင်ဘတ်ရိုက်လို့ရတယ်။ လုပ်ချင်ရာလုပ်။

✅ PJ - အလုပ်လုပ်လို့ရတယ်။ ကျောင်းတတ်လို့ရတယ်။ TR visa နဲ့နေလို့ရတယ်။ ပန်းရောင်ဘတ်ရိုက်လို့ရတယ်။ လုပ်ချင်ရာလုပ်။ ဒါပေမဲ့ မြန်မာဘက်ကိုတော့ အထွက် ⛔OWIC ကတ်⛔ ပြကိုပြရမယ်။ မပြနိုင်ရင် PV ပြောင်းပါ။

✅ Work Permit - ထိုင်းတွင်အလုပ်လုပ်ခွင့်ကတ်၊
သူက ကတ်နဲ့ စာအုပ်နဲ့ ရှိတယ်။

✅ Work Visa - ထိုင်းတွင်နေထိုင်ခွင့် အတုံး၊
သူက Passport အနီထဲမှာ ထုထားတာပါ။
❗တခုသတိထားရမှာက -❗

🚩 တရား၀င်နေထိုင်သူဖြစ်ချင်တယ်၊ နောက်နိုင်ငံရွေ့ဖို့်ပြသနာမရှိစေချင်ဘူးဆိုရင် Passport အနီထဲက 👉 ဘယ်ကနေ ဘယ်ထိ 👈 နေထိုင်လို့ရပါတယ်ဆိုတဲ့အတုံးကို Work Permit လုပ်နေတဲ့ ကာလအတွင်း သက်တမ်းအမြဲတိုးရပါမယ်။

🚩 ကိုယ်သိသလောက်တော့ Blue collar Pink card လုပ်ပီးရင် white collar အလုပ်လုပ်ဖို့ Visa လျောက်ဖို့မလွယ်ပါဘူး။
- လွယ်လွယ်လေးတွေးကြည့်နိုင်ပါတယ် အခြေခံလူတန်းစားအလုပ်လုပ်လုပ်ပီး ဘယ်လိုဖြစ်လို့ white collar ဖြစ်လာလဲဆိုပီး immgration က checking တွေလာသလို
- white collar အလုပ်က လစာ ၂၅၀၀၀ ကစရတာဖြစ်လို့ ကိုယ်ဘယ်လောက်ပဲကျွမ်းကျင်ကျွမ်းကျင် blue collar လုပ်ထားလို့ လစာအများကြီးရဖို့ % အရမ်းနည်းပါတယ်။ ကိုယ်ထင်မြင်ချက်ဖြစ်သလို ကိုယ့်စီနီယာတွေပြောပြပေးတာပါ။
- IT Remote ဆိုရင်တော့ နေထိုင်ခွင့် Work Permit တွေ မလိုဘူးပေါ့နော် ဘာ VISA နဲ့နေနေ Work Permit မလိုဘူး။
အိမ်ကိုဘယ်လိုရည်ရွယ်ပီး ရှာရတယ်ဆိုတဲ့ Post လေးလည်းရေးနေပါတယ် နောက် ၂ရက် ၃ရက်အတွင်းတင်ပေးပါမယ်ရှင့်။
အားလုံးအဆင်ပြေစေချင်တဲ့စိတ်၊ အသိပညာတိုးပွားစေချင်စိတ်၊ ချစ်တဲ့စိတ် နဲ့ ကိုယ်လေ့လာမိိသလောက်ရေးထားတာဖြစ်လို့ အမှားပါခဲ့ရင် ပြောပေးပါနော်။ ခွှင့်လွှတ်ပေးပါရှင့်။
ဘာတွေပြောပြော....

⛔ လူလိမ်သတိထားပါ
⛔ အရမ်း မလောပါနဲ့ လို့ပြောချင်ပါတယ်။

💬 သိချင်တာရှိရင် comment မှာမေးလို့ရပါတယ်ရှင့်။
အားလုံးပဲများကြီးချစ်တယ်နော် 🫶🏻🫶🏻🫶🏻













အခုတလောစိတ်ပင်ပမ်းစရာတွေချည်းပဲနော်🥹အဲတော့ စိတ်အပမ်းဖြေတဲ့အနေ Erawan ရေတံခွန်၇ဆင့် ခရီးစဥ်လေးလိုက်ခဲ့ကျပါလားရှင့်။အက်မင်...
20/02/2024

အခုတလောစိတ်ပင်ပမ်းစရာတွေချည်းပဲနော်🥹

အဲတော့ စိတ်အပမ်းဖြေတဲ့အနေ Erawan ရေတံခွန်၇ဆင့် ခရီးစဥ်လေးလိုက်ခဲ့ကျပါလားရှင့်။
အက်မင်ကိုယ်တိုင်လိုက်မှာမို့ စိတ်ပြေလက်ပျောက် စကားလေးပြောရင်း တောင်တက်ကျမယ်လေ
-------

တယောက်ဖြစ်နေလို့ အလှဓာတ်ပုံရိုက်ပေးမဲ့သူမရှိ အဆင်ပြေပမလားလား စိတ်မပူပါနဲ့ အက်မင် ဓာတ်ပုံဆရာခေါ်ထားပါတယ်နော် **😍**

- **-----**

ပျော်ရပမလား ပျင်းစရာကြီးနေမလား

နိုးနိုး အချိန်ရရင် Game တွေဆော့ပီး လက်ဆောင်တွေပေးဦးမှာ UNo ဆော့ချင်နေတာ အက်မင်ပါ၀င်ဆော့မှာ

- -----

ရေတံခွန် တနေရာပဲလား? ကွေးမြစ်တံတားလည်း လိုက်ပို့ဦးမှာ

- -----

ထွက််မဲ့နေက Mar2 နေ့ချင်းပြန် ၁ယောက် ၁၆၀၀ Breakfast, Lunch ၀င်ကြေး၃၀၀ဘတ်၊ အချိုရည်၊ Snack၊ ရေဗူးဖိုးတောင်ထုတ်စရာမလိုဘူး အပီးအစီးပါ။

cbမှာစာရင်းပေးသွင်းနိုင်ပါပီ။

❝လာအို vientiane မှာ ဗီဇာ လုပ်ဖို့ဘာတွေ ဘယ်လိုလုပ်ရမလဲ❓❞ခုတလော လာအိုဗီဇာ ဘယ်လို run တဲ့အကြောင်း၊ ဘယ်လိုသွားရကြောင်း ကို ...
18/02/2024

❝လာအို vientiane မှာ ဗီဇာ လုပ်ဖို့ဘာတွေ ဘယ်လိုလုပ်ရမလဲ❓❞

ခုတလော လာအိုဗီဇာ ဘယ်လို run တဲ့အကြောင်း၊ ဘယ်လိုသွားရကြောင်း ကို တော်တော်များများ မေးနေကြတာတွေ့လို့
မသိသေးတဲ့သူတွေအတွက်...💁

ကိုယ်ကိုယ်တိုင်ဘာတွေဘယ်လိုပြင်ဆင်ပြီး လုပ်ရမလဲဆ်ိုတာ Let's Travel က ပြောပြပေးသွားပါမယ်နော်။

‼️ ပထမဆုံးအရေးကြီးတာကတော့ ဗီဇာကုန်မဲ့ရက်
မတိုင်ခင် ကြိုတင် appointment ယူထားဖို့ပါပဲ။

✅️ နောက်ထပ်အရေးကြီးတာကတော့ ဘဏ် statement
ပါပဲ။ ထိုင်းဘဏ်ဖြစ်ဖြစ် ၊ မြန်မာဘဏ်ဖြစ်ဖြစ် ပြလို့ရပါတယ်။ ဘဏ် statement က နောက်ဆုံး (3) လစာထုတ်ပြီးပြရပါမယ်။ ဘဏ်ထဲမှာ ဘတ် (2) သောင်းကျော်လောက် ရှိမှ လျှောက်လို့ရပါမယ်။

✅️ သူတို့စိတ်ထဲ သံသယရှိရင် စစ်ဆေးတတ်တာမလို့ Mobile Banking ဒါမှမဟုတ် Bank Book ယူလာသင့်ပါတယ်
နောက်ထပ်ဘာတွေလိုဦးမလဲဆိုရင်တော့...🤔

✔️ အိမ်ငှားစာချုပ် ဒါမှမဟုတ် hotel booking လိုပါတယ်။

✔️ BKK - YGN ဖြစ်တဲ့ Flight Booking လိုပါတယ်။
ပြန်မဲ့နေ့ Flight Date နဲ့ Hotel Check Out Date တူ‌နေဖို့လည်းသတိထားပေးပါနော်

✔️ နောက်ခံအဖြူ Passport size photo (2) ပုံလည်း ယူသွားရပါမယ်။

✔️ ဗီဇာကြေးဘတ် (1000) လိုပါတယ်။

✔️ ပြီးရင်တော့ သံရုံးက ဗီဇာ Form ဖြည့်ရပါမယ်။

✔️ Passport သက်တမ်း၆လကျန်ရပါမယ်။
✅ ဗီဇာတင်မယ်ဆို မနက် (9) ကနေ (12) လောက်ထိရပြီး ပြန်ယူမယ်ဆိုရင်တော့ (1:30) ကနေ (4) လောက်ထိရပါတယ်။ ဗီဇာ working days က (2) ရက်လောက်တော့ကြာတတ်ပါတယ်‌နော်။
ဒါဆို vientiane ဘယ်လိုသွားမလဲဆိုတော့
🚗🚗🚗
🚗 https://12go.asia/ ကနေ ကားလတ်မှတ် ရထားလတ်မှတ် ဖြတ်ပီးသွားလို့ရပါတယ်
🚂 Nong Khai ထိစီးသွားပီး တုတ်တုတ်ထပ်စီးပီး ထိုင်း immgration ကိုဖြတ်ပါမယ်။ ပီးရင် လာအိုimmgration ဖြတ်ပီးတာနဲ့တုတ်တုတ်နဲ့ သံရုံးစီးသွားရင်ရပါပီရှင့်။
တည်းဖို့ကတော့..
🏨 Agoda ကဘိုကင်သွားရင်ပိုကောင်းပါတယ်ရှင့်
💰 ငွေကြေးကိုကျ ထိုင်းဘတ်ထက် လာအို kip နဲ့သုံးတာပိုသက်သာပါတယ်ရှင့်။
ဒါဆို ကိုယ်တိုင် လာအိုဗီဇာ run ချင်တဲ့သူတွေအနေနဲ့ ဘာတွေပြင်ဆင်ပြီး ဘယ်လိုလုပ်ထားရမယ်ဆိုတာ
သိသွားလောက်မယ်လို့ မျှော်လင့်မိပါတယ်ရှင်။ 🤗
အကယ်၍ Ticket service ကားလတ်မှတ်၊ ရထားလတ်မှတ် လိုလာရင်လည်း Let's Travel (BKK Go) Tour, car rental and ticket services မှာရရှိနိုင်ပါပီရှင်။
ထိုင်းမှာ အပမ်းဖြေစရာ၊ ကားငှါးဖို့ လိုလာရင် ဖြစ်ဖြစ်၊ ကျောင်းငွေသွင်းစရာ၊ ငွေချစရာ လိုလည်း သတိရလိုက်ပါရှင်။












ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ BKK Goผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์


บริการท่องเที่ยว อื่นๆใน Bangkok

แสดงผลทั้งหมด