Joyful Travels

  • Home
  • Joyful Travels

Joyful Travels Get a Happy trip with Joyful Travels ♥️
(8)

ချင်းမိုင် - ချင်းရိုင် ခရီးစဉ်ကို ကျွန်မတို့ Joyful Travels မှ အထူးအစီစဉ် ခရီးစဉ်အနေဖြင့် ချစ်စရာ ညီမလေးများကို  ပို့ဆေ...
03/08/2024

ချင်းမိုင် - ချင်းရိုင် ခရီးစဉ်ကို ကျွန်မတို့ Joyful Travels မှ အထူးအစီစဉ် ခရီးစဉ်အနေဖြင့် ချစ်စရာ ညီမလေးများကို ပို့ဆောင်ခွင့်ရသည့်အတွက် ဝမ်းမြောက်ဝမ်းသာ အထူးပင်ကျေးဇူးတင်ရှိပါသည်။

နောက်ထပ် ခရီးစဉ်များမှာလည်းထပ်မံ ဆုံတွေ့ချင်ပါသေးသည်။ ခရီးစဥ်များလည်း မရိုးရအောင် တစ်နေရာပြီးတစ်နေရာ ၊ နိုင်ငံပေါင်းစုံ နေရာစုံ ခရီးများ နှစ်စဥ်နှစ်တိုင်း ညီမလေးတို့အားလုံး သွားလာ လည်ပတ်နိုင်ပါစေလို့ Joyful မှ ဆုတောင်းပေးပါတယ် 👏👏👏




ချင်းမိုင်မြို့ကို အလည်လာမယ်ဆို ဒီအချိန်ရာသီဥတုက ပို့ရျ် ကောင်းပါသည်။
29/07/2024

ချင်းမိုင်မြို့ကို အလည်လာမယ်ဆို ဒီအချိန်ရာသီဥတုက ပို့ရျ် ကောင်းပါသည်။

သွားနိုင်လာနိုင်တုန်းမှာ တောတောင် သစ်ပင်တွေ၊  တောင်တန်းနဲ့ တိမ်ပင်လယ်တွေဆီ အလည်သွားကြည့်ပါ 🍀🌿🌊ပိုက်ဆံဆိုတာက ပြန်ရှာလို့ ...
24/07/2024

သွားနိုင်လာနိုင်တုန်းမှာ တောတောင် သစ်ပင်တွေ၊ တောင်တန်းနဲ့ တိမ်ပင်လယ်တွေဆီ အလည်သွားကြည့်ပါ 🍀🌿🌊

ပိုက်ဆံဆိုတာက ပြန်ရှာလို့ ရပေမယ့် အချိန်နဲ့
ငယ်ရွယ် နုပျိုမှုက ပိုက်ဆံတွေ၊ရွှေတွေပေးပြီး
ပြန်ဝယ်လို့လည်း မရသလို အစားထိုးလို့လည်းမရပါဘူး။ 🥲❌

ခရီးသွားဖော် မရှိလို့ ၊ နေရာသစ်သွားဖို့ တွေးကြောက်နေလား ။ အဖော်မရှိလည်း ကိုယ့်ဘာသာကိုယ်
တစ်ယောက်ထဲ ခရီးစဉ်ဆွဲပြီး သွားကြည့်ပါ၊ လုပ်ကြည့်ပါ။ တစ်ယောက်တည်း သွားဖူးတယ်ရှိအောင် သွားကြည့်ပါ။ 💪💪

မရောက်ဘူးသေးတဲ့နေရာ နှင့် မလုပ်ဘူးသေးတဲ့အရာကို လုပ်မယ်လို့ တွေးလိုက်တာနဲ့ စိတ်ထဲကနေ ပျော်ရွှင်ကြည်နူးနေတာ ကိုယ့်ကိုယ်ကိုအသိဆုံးပါ။ 🥰🥰🥰🌹

ကိုယ်ရောက်သွားတဲ့နေရာမှာ တွေ့မြင်ရတဲ့အရာတွေက တကယ့်ကို စိတ်ရဲ့ပျော်ရွှင်မှု ၊ ကြည်လင်အေးမြမှု နှင့် ငြိမ်းချမ်းခြင်းတွေကို ခံစားရပါတယ်။ 🍀🌿☘️

ကိုယ်မသိတဲ့ တစ်ခြားသော သူတွေနဲ့လည်း မိတ်ဆွေဖွဲ့တတ်အောင် လုပ်ပါ။ ခရီးသွားရင်း
ခင်မင် သိကျွမ်းရတာ၊ စကားတွေ ဖလှယ်ပြောဆိုတာဟာ ဘယ်လောက် ပျော်စရာ ကောင်းလဲ 😍😘

မရောက်ဖူးသေးတဲ့နေရာ နှင့် မလုပ်ဖူးသေးတဲ့အရာတွေလုပ်ရင်း မျှော်လင့်ထားတာထက် ပိုကောင်းတဲ့ ခရီးတစ်ခုရောက်သွားတဲ့အခါ ဒီလိုအရာတွေ ၊ ဒီလိုခံစားချက်တွေ ၊ ဒီလို လုပ်ရပ်မျိုးတွေဟာ ငါ အရင်က မလုပ်ခဲ့မိတာ နောင်တရလိုက်တာလို့တာင် တွေးမိမှာ သေချာပါတယ်။

ဒါကြောင့် ငယ်ရွယ်တုန်း နှင့် အခွင့်အရေးရတုန်း လုပ်ချင်တာ လုပ်ပါ။ သွားချင်တဲ့ခရီးကို သွားပါ။
တစ်ယောက်တည်းလည်း ခရီးသွားရဲအောင် သွားကြည့်ပါ။ မသိတဲ့ သူတွေနဲ့လည်း သွားကြည့်ပါ။ ချစ်တဲ့ သူငယ်ချင်းတွေရှိလျှင်လည်း တန်းဖိုးရှိစွာ ဘဝကို ဖြတ်သန်းပါ။

Making your dreams come true!
Trun your weakness into strength.




Life Hurts But Nature Heals🌱သဘာဝအလှတရားတွေက ပင်ပန်းနေတဲ့ နှလုံးသား နဲ့ စိတ်ဝိညဥ်အတွက် ကုစားဖို့နဲ့ ပြန်လည်အား ဖြည့်ပေးနိ...
20/07/2024

Life Hurts But Nature Heals🌱
သဘာဝအလှတရားတွေက
ပင်ပန်းနေတဲ့ နှလုံးသား နဲ့ စိတ်ဝိညဥ်အတွက် ကုစားဖို့နဲ့ ပြန်လည်အား ဖြည့်ပေးနိုင်တဲ့ အကောင်းဆုံးသော နေရာပါ။
If you truly love nature, you will find beauty everywhere.





Day 1ဝပ်ဒွယ်ခမ်ဝပ်ဖလပ်ဒွယ်စူထေ့ပ်ဝပ်ဘန်ဒင် လူငယ်ပီပီ ကျန်းမာဖြတ်လတ် ကြတဲ့ အန်တီ အန်ကယ် များနှင့်တဖြတ်
11/06/2024

Day 1

ဝပ်ဒွယ်ခမ်

ဝပ်ဖလပ်

ဒွယ်စူထေ့ပ်

ဝပ်ဘန်ဒင်

လူငယ်ပီပီ ကျန်းမာဖြတ်လတ် ကြတဲ့ အန်တီ အန်ကယ် များနှင့်တဖြတ်

𝕃𝕒𝕠𝕤 နိုင်ငံသွားပြီး 𝕋𝕙𝕒𝕚 𝕋ℝ 𝕍𝕚𝕤𝕒 ကိုယ်တိုင် ℝ𝕦𝕟 တာ ဘာတွေလိုအပ်သလဲ၊ ဘယ်လိုလုပ်သလဲ၊ 𝘽𝙪𝙙𝙜𝙚𝙩 ဘယ်လောက်ကုန်သလဲ ဆိုတဲ့ အချက်အလ...
12/05/2024

𝕃𝕒𝕠𝕤 နိုင်ငံသွားပြီး 𝕋𝕙𝕒𝕚 𝕋ℝ 𝕍𝕚𝕤𝕒 ကိုယ်တိုင် ℝ𝕦𝕟 တာ ဘာတွေလိုအပ်သလဲ၊ ဘယ်လိုလုပ်သလဲ၊ 𝘽𝙪𝙙𝙜𝙚𝙩 ဘယ်လောက်ကုန်သလဲ ဆိုတဲ့ အချက်အလက်လေးတွေနဲ့ ပတ်သက်ပြီး 𝕂𝕟𝕠𝕨𝕝𝕖𝕕𝕘𝕖 𝕤𝕙𝕒𝕣𝕚𝕟𝕘 လုပ်ပေးချင်ပါတယ်။
14 ရက်နဲ့ ထိုင်းကိုလာပြီး လာအိုမှာ 𝕥𝕠𝕦𝕣𝕚𝕤𝕥𝕤 𝕧𝕚𝕤𝕒 ရဖို့ နဲ့ 𝕍𝕚𝕤𝕒 𝕥𝕪𝕡𝕖 ပြောင်းဖို့ နိုင်ငံပြင်ပထွက် လာအိုမှာ ဗီဇာ run တာတွေနဲ့ ပက်သက်ပြီး လာမေးကြလို့ ကိုယ့်ရဲ့ ကိုယ်တွေ့ experience လေးကို sharing လုပ်ပေးပါမယ်နော်။

အရေးကြီးတဲ့ အချက်များ **** လာအိုနိုင်ငံသွားပြီး ထိုင်းသံရုံးမှာ Visa Run ဖို့ ဘာအထောက်အထားတွေ လိုမလဲဆိုရင်,
- 𝑷𝒂𝒔𝒔𝒑𝒐𝒓𝒕 𝒐𝒓𝒊𝒈𝒊𝒏𝒂𝒍
- 𝑽𝒊𝒔𝒂 𝒂𝒑𝒑𝒍𝒊𝒄𝒂𝒕𝒊𝒐𝒏 𝒇𝒐𝒓𝒎 ( ဒါကိုတော့ web မှာ print out လုပ်ပြီး information တွေဖြည့်ရပါမယ်)
- 𝑷𝒂𝒔𝒔𝒑𝒐𝒓𝒕 အရှေ့ဆုံး မျက်နှာ 𝒄𝒐𝒑𝒚
- 𝟏𝟒 𝒅𝒂𝒚𝒔 ရက်နဲ့ ထိုင်း၀င်လာတဲ့ တံဆိပ်တုံး 𝒄𝒐𝒑𝒚
- လာအို အဝင်တုံးထုပေးထားတဲ့စာမျက်နှာ 𝒄𝒐𝒑𝒚
- 𝑩𝒂𝒏𝒌 𝒔𝒕𝒂𝒕𝒆𝒎𝒆𝒏𝒕
- 𝑯𝒐𝒕𝒆𝒍 𝒃𝒐𝒐𝒌𝒊𝒏𝒈 (𝒐𝒓) 𝒂𝒑𝒂𝒓𝒕𝒎𝒆𝒏𝒕 𝒄𝒐𝒏𝒕𝒓𝒂𝒄𝒕 𝒄𝒐𝒑𝒚
- 𝑹𝒆𝒕𝒖𝒓𝒏 𝒕𝒊𝒄𝒌𝒆𝒕
- 𝑷𝒂𝒔𝒔𝒑𝒐𝒓𝒕 𝒔𝒊𝒛𝒆 𝒑𝒉𝒐𝒕𝒐 (𝟐)
- 𝑻𝑯𝑩 𝟏,𝟎𝟎𝟎
(အကယ်လို့ ကိုယ်က ထိုင်းမှာ အိမ်ငှါးထားတဲ့ စာချုပ်ပြတယ်ဆိုရင် TM-30 ပါ လိုအပ်ပါမယ်၊ အဲ့တာကတော့ ကိုယ့်အခုနေတဲ့ အိမ်ရဲ့ ဧည့်စာရင်းတိုင်ထားတဲ့ စာရွက်ကိုပြောတာဖြစ်ပါတယ်။)

💻ဘယ်လိုစပြီး လုပ်ရသလဲဆိုရင်,
ပထမဆုံး အဓိက အရေးကြီးဆုံး လုပ်ရမှာက လာအိုမသွားခင် ကိုယ့်ဗီဇာကုန်မယ့်ရက် ၂/၃ ရက် စောပြီး appointment ကို ၂ ပတ် (သို့) ၃ပတ်လောက် ကြိုတင် ယူရပါမယ်။ ပြီးတော့ Appointment ယူတဲ့အခါ ပတ်စပို့ထဲကအတိုင်း နာမည်မှန်ဖို့တော့ လိုအပ်ပါတယ်။
( Appointment ယူမထားမိရင် Visa ဝင်ဖို့ သံရုံးအထဲကို ပေးမဝင်ပါဘူးနော်။ Visa runဖို့အတွက် appointment ကြိုတင်ယူရမယ့် link ပါရှင့်
Embassy Visa appointment link : https://vientiane.thaiembassy.org/en/

Appointment ကို Monday (or) Tuesday တင်ဖို့အကြံပေးချင်ပါတယ်။ မဟုတ်ရင် နောက်တစ်ပတ်မှ ရနိုင် စာအုပ်က ပြန်ထုတ်လို့ ရနိုင်မှာဖြစ်ပါတယ်။
ဒုတိယ အရေးကြီးတာကတော့ ဘဏ် statement ပဲဖြစ်ပါတယ်။ Laos မှာ ထိုင်းဗီဇာ run ရင်
ဘဏ် statement က အရေးကြီးပါတယ်။ Bank statementက ပြကို ပြရတာ ဖြစ်ပါတယ်။
သံရုံးရဲ့ Policy အရ ဗီဇာလျှောက်မယ့်သူရဲ့ဘဏ်ထဲမှာ အနည်းဆုံး ဘတ် ၂ သောင်း (သို့မဟုတ်) အထက်ကို ၃ လတိတိ ဘဏ်ထဲမှာရှိထားရမှာပဲဖြစ်ပါတယ်။
-ဘဏ်ဆိုရင်တော့ ထိုင်းဘဏ်အကောင့်ရှိတဲ့လူတွေကတော့ ထိုင်းဘဏ်ပြလို့ရပါတယ်။
-မရှိတဲ့လူတွေကတော့ မြန်မာဘဏ်အကောင့်ကိုပြလို့ရပါတယ်။ မြန်မာဘဏ်မှာလဲ ထိုဘတ်ငွေ ၂၀၀၀၀ နဲ့ညီမျှတဲ့ ငွေရှိရပါတယ် ( အနည်းဆုံး ၂၃သိန်း ရှိရင် ပိုကောင်းပါတယ်။)
-ထိုင်းဘဏ်ဖြစ်ဖြစ် / မြန်မာဘဏ်ဖြစ်ဖြစ် Mobile banking or Bank book ပါရှိရင်ပိုအဆင်ပြေပါတယ်။ (ဘာလို့လဲ ဆိုရင် တစ်ခါတစ်‌လေ သူတို့က bank statement နဲ့ mobile banking လက်ကျန်ငွေ ကို တိုက်ကြည့်တာမျိုး ရှိတတ်ပါတယ်။ ကံကောင်းရင်တော့ တချို့ officer တွေကတော့ ဘာမှ မေးမြန်တာမျိုး မရှိပါဘူး။.)
-Bank Statement ကို ၁ ရက်အလိုမှာထုတ်သွားရင် ပိုကောင်းပါတယ်။

🏢သံရုံး၀င်ဖို့အတွက် ဘယ်လို လုပ်ရမလဲဆိုရင်,

လာအို ထိုင်းသံရုံး ၀င်ဖို့ မနက် ၉ နာရီ မှ ၁၂ နာရီအတွင်း အပေါ်မှာ ပြောပြထားသော စာရွက်စာတမ်းများနှင့်တကွ သံရုံးထဲသို့ ၀င်သွားပါ။ Officer အရာရှိက စာရွက်စာတမ်းတွေယူကြည့်မယ် , လူမျက်နှာကို ကြည့်မယ်၊ စာရွက်စာတမ်းစုံလင်ရင် ဘာမှကို မေးခွန်မမေးဘဲ စာအုပ်ပြန်ရွေးရမယ့် စလင့်လေး ထုတ်ပေးလိုက်ပါတယ်, Working day က ၂ ရက်ကြာပါတယ်.

စာအုပ် ပြန်ထုတ်မည့်နေ့ရောက်လျှင် နေ့လည် ၁နာရီခွဲ မှ ညနေ ၄ နာရီအတွင်း စာအုပ်သွားထုတ်ယူလို့ ရပါသည်။
မှတ်ချက်။ တစ်ယောက်တည်းမို့ အတွေ့ကြုံမရှိလို့ဆိုပြီး ဘာမှ ကြောက်စရာလည်း မလိုအပ်သလို မကြောက်သင့်ပါဘူး , ဘာလို့ဆိုရင် အသွားလမ်းမှာ တစ်ယောက်တည်း ဖြစ်ပေမယ့် သံရုံးဘေးနား ရောက်သွားလျှင် မြန်မာလူမျိုးအတော်များများ ဗီဇာလျှောက်ဖို့လုပ်နေကြတာကို တွေ့ရမှာမို့ အဲဒီမှာ အဖော် မိတ်ဆွေတွေ တွေ့နိုင်ပါတယ်။

🚘🚃သွားမယ်ဆိုရင် ဘယ်လိုသွားရမလဲ?
ကိုယ်တွေကတော့ Chiang Mai To Nong Khai ညကား စီးပြီးသွားခဲ့တာပါ။ Nong Khai border ကို မနက် ( ၇ ) နာရီလောက် ရောက်ပါတယ်။ ရောက်တဲ့ အခါ Passport Control ဆိုတဲ့ ကောင်တာကို လှမ်းတွေ့ပါလိမ့်မယ်။ အဲမှာ ထိုင်းနိုင်ငံ အထွက်တုံးထုပေးဖို့ တန်းစီပြီ Passport ပြရပါမယ်။ ပြီးရင် ထိုင်းကအထွက်တုံး ထုပေးပါတယ်။
အထွက်တုံး ထုပြီးရင် တံတားကို ဖြတ်ဖို့ Bus Ticketရောင်းတဲ့ Counter မှာ THB 35 နဲ့ လက်မှတ်ဝယ်ပြီး Busကားစီးရပါတယ်။ မဲခေါင်မြစ်ကို ဖြတ်ပြီး ရင်တော့ ဗီယန်ကျင်းရဲ့ Border ကို ရောက်ပါပြီ။ Vientiane Border ရောက်တဲ့အခါ လာအို အဝင်တုံးထုဖို့ Passport control Counter မှာ Form လေး ယူပြီး ဖြည့်ရပါမယ်။ Arrival/departure form ဖြစ်ပါတယ်။ (ကိုယ့်ဘာသာဖြည့်ပါ လွယ်ကူပါတယ်) ဖြည့်ပြီးရင် Counter မှာ THB 20 နဲ့ ပတ်စပို့စာအုပ် ထိုးပေးလိုက်ရင် စာအုပ်ကို လာအို အ၀င်တုံးထုပေးပါတယ်၊တံဆိပ်ထုပြီးရင်တော့ ဒီနေရာမှာတော့ အဆင်ပြေပါပြီ။

ထို ဘေးနားတွေမှာဘဲ Exchangeကောင်တာတွေရှိပါတယ်။ ဘတ် ကနေ လာအိုငွေ kip -လဲသင့်ပါတယ်။ လာအိုမှာ ထိုင်းဘတ်လည်း သုံးလို့ ရတယ်။ ဒါပေမယ့် သူတို့က လာအိုပိုက်ဆံကိုဘဲတွက်တာမို့ ထိုင်းဘတ်ပေးရင် လာအိုငွေပေါက်စျေးနဲ့ ပြန်တွက်တာဖြစ်လို့ ငွေစျေးက အရမ်းကွာပါတယ်။ ပြီးရင်တော့ ဆင်းကဒ် ဝယ်ပါ။ အင်တာနက် package ၁ပတ်စာ ပါပြီးသားကိုမှ ၁၅၆ဘတ် ၀န်ကျင်လောက်ဘဲ ဖြစ်ပါတယ်။

သံရုံး/မြို့ထဲသွားဖို့ တက်စီ ငှားမယ်ဆို Loca App (or) In Drive-App ကို down ပြီးသုံးလို့ရပါတယ်။
ပြီးတော့ မြို့ထဲကို သွားလို့ ရပါပြီ၊ မြို့ထဲသွားဖို့ နာရီ၀က်လောက်တော့ ကြာပါတယ်။ ကျမကတော့ 𝐋𝐨𝐜𝐚 𝐚𝐩𝐩 နဲ့ဘဲ သုံးတာအဆင်ပြေတယ်, In Drive က သုံးရတာ နည်းနည်းအဆင်မပြေဖြစ်ခဲ့ပါတယ်။

𝐋𝐨𝐜𝐚 𝐚𝐩𝐩 download လုပ်ဖို့ IOS ဆိုရင် : https://apps.apple.com/th/app/loca-laos-e-mobility-payment/id1374380531

သံရုံးဝင်ဖို့ အပေါ်ကပြောထားတဲ့ အချက်အလက်တွေ ပြည့်စုံရင် လုံးဝ မရစ်ပဲ Thai Tourist ဗီဇာ ရမှာပဲဖြစ်ပါတယ်၊ လာအိုမှာ တည်းဖို့ ဟိုတယ်က သံးရုံးရှေ့ကဆိုရင် စျေးများတော့ သံးရုံးကို ကားငှားပြီး ၆မိနစ် ၈မိနစ်လောက်ဘဲ ‌ဝေးတဲ့ နေရာမှာ နေရင် ပိုပြိး သက်သာပါတယ်. ကိုယ်က Budget ခေျွတာချင်တဲ့သူဆိုရင်တော့ Hostel မှာ တည်းရင် ပိုတောင် သက်သာပါသေးတယ်, ဘတ် ၂၀၀ တန် Hostel ကိုမှ breakfast ပါ ပါသေးတော့ ပိုတောင် ပိုက်ဆံကုန် သက်သာသေးတယ်.

ဟိုတယ်ဘိုကင် ဘယ်ကနေ ၀ယ်လဲဆိုရင် Agoda.com ကနေ ၀ယ်ပါတယ်။
Bus ticket ကို 12go.asia ကနေ ၀ယ်ယူလို့ ရပါတယ်ရှင်။

လာအိုရောက်မှ ဗီဇာလျှောက်ရင်း ခင်သွားတဲ့ သူငယ်ချင်း ကျောင်းသူလေးဆိုရင် Hostel မှာ တည်းတာ တစ်ညမှ ဘတ် ၂၀၀ ဘဲဆိုတာ သိခဲ့ရပြီးတော့ မနက်စာလည်း
ပါပြီးသားဖြစ်သလို အခန်းကလည်း သန့်နေတာပဲဆိုတာ ပြန်ကြားရတော့ ကျမအနေနဲ့ ဒီအချက်ကို တဆင့်ခံ မျှ‌‌‌ေ၀လိုက်ပါတယ် ။
ထို Hostel name : Sailomyen Café & Hostel

အားလုံးဘဲ အဆင်ပြေ ချောမွှေ့ကြပါစေရှင့်။
ဒီထက် အသေးစိတ်အချက်အလက်မေးမြန်ချင်လျှင် cb ကနေတဆင့် လာရောက် မေးမြန်တိုင်ပင် နိုင်ပါတယ်ရှင့်.




Happy Mother’s Day ပါ ❤️အမေများနေ့မှာ အမေနဲ့ဝေးနေသူ၊ အိမ်နဲ့ဝေးနေသူတွေလည်း ချစ်ရတဲ့မေမေတွေနဲ့ အတူတူဖြတ်သန်းချင်မှာ အမှန်...
11/05/2024

Happy Mother’s Day ပါ ❤️

အမေများနေ့မှာ အမေနဲ့ဝေးနေသူ၊ အိမ်နဲ့ဝေးနေသူတွေလည်း ချစ်ရတဲ့မေမေတွေနဲ့ အတူတူဖြတ်သန်းချင်မှာ အမှန်ဖြစ်ပါတယ်။
သို့ပေမယ့် အနီးမှာနေရတဲ့မေမေတို့ရဲ့ သားသမီးများနှင့် အဝေးရောက် သားသမီးများအားလုံးမှ မိခင်များအားလုံးရွှင်လန်းချမ်းမြေ့ပြီး ကျန်းမာချမ်းသာကြပါစေဟု ဂုဏ်ပြု ဆုတောင်းပေးပါတယ်။❣️

"ပျော်ရွှင်စရာမိခင်များနေ့ဖြစ်ပါစေဟု " Joyful Travel မှလည်း မေတ္တာများဖြင့်ဆုတောင်းပေးပါတယ်။

"ထိုင်းနိုင်ငံလာဖို့ စဉ်းစားထားတဲ့သူနှင့် ထိုင်းနိုင်ငံရောက်နေတဲ့သူတွေဆိုရင် 𝙏𝙧𝙖𝙣𝙨𝙥𝙤𝙧𝙩𝙖𝙩𝙞𝙤𝙣 အတွက် လွယ်ကူစေဖို့ သင့်ဖုန်း...
05/05/2024

"ထိုင်းနိုင်ငံလာဖို့ စဉ်းစားထားတဲ့သူနှင့် ထိုင်းနိုင်ငံရောက်နေတဲ့သူတွေဆိုရင် 𝙏𝙧𝙖𝙣𝙨𝙥𝙤𝙧𝙩𝙖𝙩𝙞𝙤𝙣 အတွက် လွယ်ကူစေဖို့ သင့်ဖုန်းထဲမှာ ထည့်ထား ၊ ရှိထားသင့်သည့် 𝔸𝕡𝕡 များအကြောင်း"

အရင်ဦးဆုံးအနေနဲ့ App အကြောင်းတွေ အသေးစိတ်ရှင်းမပြခင် ထိုင်းနိုင်ငံမှာ လူသုံးအများဆုံး 𝙏𝙧𝙖𝙣𝙨𝙥𝙤𝙧𝙩𝙖𝙩𝙞𝙤𝙣 တွေက👇🏻
🚖Taxi
🚃 Bus
⛴ boat
🚆Train
🛺 Tuk Tuk တို့ဘဲ ဖြစ်ပါတယ်ရှင့်။

ထို 𝙏𝙧𝙖𝙣𝙨𝙥𝙤𝙧𝙩𝙖𝙩𝙞𝙤𝙣 အမျိုးအစားတွေထဲကမှ 𝕋𝕒𝕩𝕚 𝔸𝕡𝕡 အကြောင်းကို ပြောပြချင်ပါတယ်ရှင့်။

သင်ဟာ ထိုင်းနိုင်ငံသို့လာမည့်သူ (သို့)ရောက်ပြီဆိုတာနဲ့ ထိုင်းနိုင်ငံအတွင်း သွားလာရေးမှာ အဆင်ပြေလွယ်ကူစေရန်အတွက် သင့်ဖုန်းထဲမှာ ရှိထားသင့် သည့် 𝕋𝕒𝕩𝕚 𝔸𝕡𝕡 လေးတွေ အကြောင်းကို မျှ‌ဝေပေးလိုက်ပါတယ်။ ဒီ App ‌တွေကို မိမိရဲ့ ဖုန်းအတွင်း ထည့်သွင်းထားပြီး ကိုယ်ရောက်နေတဲ့နေရာကနေ သွားချင်သည့်နေရာကို Taxi driver အား နေရာ၊ စျေးနှုန်းတွေ ပြောစရာမလိုပဲ အလွယ်တကူ ခေါ်ယူလို့ရတာ ဖြစ်ပါတယ်။
Taxi ခေါ်လို့ရတဲ့ App တွေ အများကြီးရှိတဲ့အထဲမှာမှ အဆင်ပြေဆုံး၊ သုံးရလွယ်ပြီးတော့ ကောင်းမွန်တဲ့ App (3) ခုအကြောင်းကိုဘဲ ဖော်ပြပေးချင်ပါတယ်။

✅1st recommend ကတော့ 🚕Bolt app လေးဘဲ ဖြစ်ပါတယ်။
- ဒီApp က ဆိုင်ကယ်၊ ကား ဌားရင် စျေးအလွန်သက်သာပါတယ်။ စျေးတော့စစ်လို့မရပါဘူး။ ဘယ်ကို သွားချင်တာ ၊ ဟိုနေရာ ဒီနေရာတွေလည်း ရှင်းပြနေစရာမလိုဘူး။
သုံးဖူးသမျှApp တွေထဲမှာ ဒီ App ကိုပဲ အသုံးများပါတယ်။ ‌ကားခေါ်ရတာလည်း လွယ်သလို အဓိကကတော့ စျေးအရမ်း သက်သာတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
App download လုပ်ဖို့ ဆိုရင် 👇🏻
IOS ဆိုရင် App Storeထဲကိုသွားပြီး Bolt ဆိုတာလေဆိုရ
IOS App - https://apps.apple.com/th/app/bolt-request-a-ride/id675033630
Android phone App မှာဆို Play store သွားပြီး Bolt ကို ဒေါင်းရင်ရပါပြီ။

-✅2nd recommend ကတော့ Grab 🚕 ဘဲဖြစ်ပါတယ်။
ဒီ App လေးက စျေးနှုန်းအရ များပါတယ်။ ဒါပေမယ့် ၀န်ဆောင်မှု အလွန်ကောင်းမွန်ပြီး၊ ကားငှါးရင်လည်း အမြန်ဆုံး ရတဲ့ App ဖြစ်ပါတယ်။ နောက်ပြီး ကား(သို့) ဆိုင်ကယ်ငှါးသည့်အခါ ကိုယ်ကားရပ်စောင့်နေတဲ့ နေရာကို ဓာတ်ပုံရိုက်ပို့လို့လည်း ရတယ်။ နောက်ထပ် အစားအစာ order မှာချင်လည်း ဒီappလေးမှာဘဲ food ကိုရွေးပြီး အစားအစား လို့ရသေးတယ်နော်။

ကားငှါးတဲ့အချိန်တိုင်းမှာလည်း အာမခံများ ပါ၀င်ပြီးသားဖြစ်ပါတယ်။ ကိုယ်ကြိုက်တဲ့အချိန်ကားခေါ်ဆိုနိုင်ပြီး တစုံတရာ ကားပေါ်မှာ မိမိပစ္စည်းကျန်ခဲ့တာများရှိလျှင်လည်း ဘာမှစိုးရိမ်စရာမရှိပါဘူး၊ ကိုယ်က follow up တော့ ကားနံပါတ်နဲ့အတူ ပြန်လိုက်ရပါမယ်။

IOS App -https://apps.apple.com/th/app/grab-taxi-grocery-order/id647268330
Android phone App မှာ Grab driver ဆိုရပါပြီ။

-✅3rd recommend ကတော့ InDrive 🚕 လေးပဲဖြစ်ပါတယ်။
-စျေးနှုန်းက Grab ထက်သက်သာပါတယ်။ Bolt နဲ့ ဆိုရင် စျေးနှုန်းက အတူတူနီးပါးဖြစ်ပါတယ်။ ၀န်ဆောင်မှု လည်း ကောင်းမွန်ပြီး taxiမောင်းတယ်ဆိုပေမယ့်အများစုသော ယာဉ်မောင်းများဟာ ကိုယ်ပိုင်ကားပိုင်ရှင်တွေဖြစ်ကြပြီး အားတဲ့အချိန်လေးမှာ အပိုဝင်ငွေ ရအောင် လုပ်တဲ့သဘောလည်း ဖြစ်နိုင်ပါတယ်။ တချို့တွေက English လို့ ရကြပါတယ်။ ဒီ App လေးကကျတော့ စျေးကို ကြားစျေး ရွေးချယ်လို့ရတယ် ။ အချိန်ကို ကြိုက်တဲ့အချိန် ရွေးချယ်လို့ရတယ်။

IOS- https://apps.apple.com/th/app/indrive-ride-drive-with-us/id780125801
Android phone app မှာဆို -inDriverလို့ ရိုက်ရှာပါ။

ဒီ App လေးတွေ သုံးပြီး ကားခေါ်ရတဲ့ အားသာချက်က

❇️ဘေးကင်းလုံခြုံတာ၊
❇️စျေးစကားမပြောရတာ၊
❇️ ကားအမျိုးအစာကိုလည်း ရွေးချယ်နိုင်တာ (Taxi ဆိုင်းဘုတ်နဲ့ (သို့) အိမ်စီးကား ၊ luxury car, pet car, ladies only )
❇️ကားရောက်လာရင် ဘာမှပြောစရာမလိုတော့သည့်အတွက် ဘာသာစကား အခက်အခဲမရှိတော့တာ၊
❇️နေရာမသိလို့ ဟိုညွှန်း ဒီညွှန်လုပ်ရတဲ့ ပြသနာ မရှိတော့တာ၊
❇️နေပူပူ မိုးရွာရွာ လမ်းမမှာ ကားစောင့်ငှါးရတဲ့ အချိန်သက်သာတာ စတဲ့ အားသာချက်လေးတွေရှိပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံကို လာမယ်ဆိုရင် ဒီ App (3)ခုကတော့ မဖြစ်မနေရှိထားသင့်ပါတယ်နော်။
ဒီ App ၃ခုစလုံးက ကားဖြစ်ဖြစ် ၊ ဆိုင်ကယ်ဖြစ်ဖြစ် ငှါးလို့ရသလို ပစ္စည်းပို့ချင်ရင်လည်း expressကိုရွေးချယ်ပြီး လူကိုယ်တိုင် မလိုက်ဘဲ ပစ္စည်းပို့လို့ရပါသေးတယ်။

✅🛺 Tuk Tuk အတွက် recommend ပေးရမယ်ဆိုရင် Muvmi app လေးဘဲ ဖြစ်ပါတယ်ရှင့်။ အနီးအနားလေးဘဲသွားချင်တာ ၊ ဘန်ကောက်ရောက်တုန်း Tuk Tuk လေးနဲ့ စီးဖူးအောင် စီးချင်တာဆိုရင်တော့ ဒီ Muvmi app နဲ့ တုတ်တုတ်ခေါ်စီးတာ စျေးသက်သာပါတယ်နော်။ အပေါ်က Car ခေါ်တဲ့ app အတိုင်းဘဲ ခေါ်ရတာဖြစ်ပါတယ်။ အပြင်မှာတွေ့တဲ့ တုတ်တုတ်ကို ငှါးစီးမယ်ဆိုရင် အထူးသဖြင့် ဘန်ကောက်က တုတ်တုတ်သမားတွေက အရမ်းနဲ့ကို စျေးတောင်းပါတယ်။
အဲ့တော့ ရောက်တာနဲ့ ဒီ Applications တွေကို ဒေါင်းပါ။ ဖုန်းကဒ်ဝယ်ပြီးရင်တော့ နံပါတ်နဲ့ Register လုပ်ပါ ပထမဆုံး စပြီးသုံးတဲ့သူဆို Promo Code ရပါတယ် လျော့ဈေးနဲ့ စီးရမှာပါ 🥰🇹🇭🙏

Application link; https://apps.apple.com/th/app/muvmi/id1410088538

✅နောက်တစ်ခု recommend ပေးချင်တာက Google map ကို ကြည့်တတ်အောင် ကြည့်ပါ။ Google map ကြည့်တတ်ရင် တစ်နေရာနဲ့ တစ်နေရာ သွားဖို့မှာ အရမ်းကို လွယ်ကူပါတယ်။
ကိုယ်ရဲ့ တည်နေရာနဲ့ သွားချင်သည့်တည်နေရာ အချိန်အားဖြင့်ဘယ်နှစ်နာရီလောက် ကား ၊ဆိုင်ကယ် တို့ဖြင့်သော်လည်းကောင်း၊ လမ်းလျှောက်ဖြင့်သော်လည်းကောင်း ကြာနိုင်သည့် အချိန်ပါ သိရှိနိုင်မှာ ဖြစ်ပါတယ်ရှင့်။

App link: https://apps.apple.com/th/app/google-maps-transit-food/id585027354

✅ Google translate ကလည်း မရှိမဖြစ် ဖုန်းထဲ ရှိထားဖို့လိုအပ်ပါတယ်နော်။ English to Thai (or) မြန်မာဘာသာစကား ကနေ ထိုင်းဘာသာစကားကိုလည်း ဘာသာပြန်ပေးနိုင်ပါတယ်။ စျေးသွားတဲ့အခါဖြစ်ဖြစ် ၊ အပြင်သွားလို့ လမ်းဘေးမှာ တခုခုသိချင်တာဖြစ်ဖြစ် ၊ ထိုင်းလို့စာရေးထားတာကို သိချင်လို့ ဘာသာပြန်ချင်လည်း မြန်မာလို ဘာသာပြန်ကြည့်လို့ရပါတယ်။
App link: https://apps.apple.com/th/app/google-translate/id414706506

ကိုယ့်အတွက် အဆင်ပြေ အသုံးဝင်မယ်ဆို 𝕃𝕚𝕜𝕖 𝕒𝕟𝕕 𝕊𝕙𝕒𝕣𝕖 လေး လုပ်သွားပေးပါရှင့်။ ကိုယ်အတွက် အသုံးဝင် ၊ အဆင်ပြေသလို အခြားသူအတွက်လည်း အသုံးဝင် အဆင်ပြေမှာဖြစ်လို့ပါရှင့်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

𝕂𝕟𝕠𝕨𝕝𝕖𝕕𝕘𝕖 𝕊𝕙𝕒𝕣𝕚𝕟𝕘 လုပ်ပေးတာဖြစ်လို့ သိသူကျော်သွားပြီး မသိသူအတွက် ဗဟုသုတ ရရှိစေဖို့ မျှဝေခြင်း ဖြစ်ပါသည်။








💙အလုပ်သမားနေ့💙ဂုဏ်ပြုကြိုဆိုပါ၏။☎️ 66959986649📩  joyfultravels1123@gmail.com
01/05/2024

💙အလုပ်သမားနေ့💙
ဂုဏ်ပြုကြိုဆိုပါ၏။

☎️ 66959986649
📩 [email protected]









လာအိုနိုင်ငံကို Thai tourist visa run ဖို့ သွားရင်း Visa apply လုပ်ပြီးနောက် ကြားထဲမှာ စာအုပ်ပြန်ထုတ်ဖို့ စောင့်နေတဲ့အချ...
12/04/2024

လာအိုနိုင်ငံကို Thai tourist visa run ဖို့ သွားရင်း
Visa apply လုပ်ပြီးနောက် ကြားထဲမှာ စာအုပ်ပြန်ထုတ်ဖို့ စောင့်နေတဲ့အချိန်မှာ Laos ,Vientiane မြို့မှာ လည်ပတ်ဖို့အတွက် Joyful ရဲ့ မင်မင်လေးမှ Visa အတွက် လိုအပ်သော စာရွက်စာတမ်း ၊ ကားလက်မှတ်အပြင် စားဖို့ ၊ လည်ပတ်ဖို့ trip plan ပါ စီစဉ်ပေးတဲ့ ခရီးစဉ်လေးဖြစ်ပါတယ်။ ဒီထဲမှာမှ Budget လည်း သိမ့်မကုန် ၊ အချိန်လည်း အများကြီးပေးစရာ မလိုဘဲ မြို့ပြင်အဝေးကြီး မသွားရတဲ့ လည်ပတ်လို့ကောင်းတဲ့ နေရာလေးတွေ ပြန်ရှယ်ပေးချင်ပါတယ်။

ထိုင်းကနေ လာအိုကိုသွားတာက ချင်းမိုင် - နောင်ခိုင် (Nong Khai)ကို Bus နဲ့သွားပြီး border gate ဖြတ်ပြီးတော့ Laos , Vientiane မြို့ကို သွားပါတယ်။
Visa apply လုပ်ပြီးနောက် 2 days working ဆိုတော့ စာအုပ်ထုတ်ဖို့ ပြန်စောင့်ရင်း လည်ဖို့နေရာလေးတွေက;

1. Victory Monument
Location: https://maps.app.goo.gl/uVemFUBkq2bFiDHNA?g_st=ic
2. That Laung pagodas
Location : https://maps.app.goo.gl/h26LiF6NSPb4HWuu8?g_st=ic
3. COPE visitor center
Location: https://maps.app.goo.gl/7bBcx4zWhov4D4Rd9?g_st=ic
4. Buddha park
Location: https://maps.app.goo.gl/KAnio4R5fWmxnMAY8?g_st=ic
5. Laos textile museum
Location: https://maps.app.goo.gl/Bv6qkY88tg1e2mJd7?g_st=ic
6. Laos morning market
Location: https://maps.app.goo.gl/Hy7CkspnE3QRiN1k6?g_st=ic
7. Vientiane night market

အကယ်ရျ် မြို့အပြင်ဘက် အေးဆေး အချိန်လည်းရ ၊ budget လည်း အနည်းအပါး သုံးမယ်ဆိုရင်တော့
Vang Vieng ဘက်ကို ၁ညအိပ် ၂ညအိပ်လောက် နေပြီး သွားလည်ရင် ပိုကောင်းတဲ့ နေရာလေးတွေက
1. Nam Xay Viewpoint (https://maps.app.goo.gl/uBbtSG6qrChVrmmg8?g_st=ic)
2. Tham Chang Cave(https://maps.app.goo.gl/KeYcA77ge1UgSyV68?g_st=ic)
3. Blue Lagoon 1 and Phu Kham Cave (https://maps.app.goo.gl/2ZBZPgA9xdr9RMC5A?g_st=ic)
4. Tham Nam (Water cave) ( https://maps.app.goo.gl/KVWBAyBTzr7J1MAB9?g_st=ic)
5. Above Laos Ballooning Adventures ( https://maps.app.goo.gl/GYhr3q7hB2oQdg676?g_st=ic)
6.Vang Vieng Paramotor (https://maps.app.goo.gl/dvykG8VPwQsfLM71A?g_st=ic)

Laos မှာ Thai TR visa လုပ်ရင် ဘာတွေပြင်ဆင်ရမယ်၊ ဘာတွေလိုအပ်မယ်၊ ကုန်ကျစရိတ်နှင့်တကွ မကြာခင် sharing လုပ်ပေးပါမယ်ရှင့်။


🇱🇦လာအိုနိုင်ငံ သို့ Visa Run ရင်း” MUST GO TO MUSEUM “သွားလည်ရမယ့် နေရာတစ်ခု COPE visitor center ပြတိုက် ။ပြတိုက်ထဲ ဝင်ဖ...
11/04/2024

🇱🇦လာအိုနိုင်ငံ သို့ Visa Run ရင်း” MUST GO TO MUSEUM “သွားလည်ရမယ့် နေရာတစ်ခု COPE visitor center ပြတိုက် ။
ပြတိုက်ထဲ ဝင်ဖို့အတွက် ဝင်ကြေးက အခမဲ့ဖြစ်ပါတယ်။ သို့ပေမယ့် အလှုငွေထည့်ဖို့ donation box လေးထားထားပေးပါတယ်။
ပြတိုက်မှာ ပြသထားတဲ့ အကြောင်း 👇🏻👇🏻👇🏻
1964 ကနေ 1973အထိ ၉ နှစ်အတွင်းမှာ ၈ မိနစ်တခါနှုန်းနဲ့ တနေ့ မှာ ၂၄ နာရီလုံး ၉ နှစ်ဆက်တိုက် အမေရိကန် စစ်တပ်က လာအိုနိုင်ငံကို ဗုံးပေါင်း လက်နက် တန်ချိန် ၂ သန်းကျော် (2 million tons)ကြဲခဲ့ပြီး လာအိုနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဗုံးအကြဲခံရဆုံးနိုင်ငံ ဖြစ်လာတယ်။
အဲဒီ ထဲကမှ ၁၀% - ၃၀% က မပေါက်သေးဘဲ ခုထိကို ရှိနေသေးပြီး အဲဒီ လက်ကျန် ဗုံးတွေ ကြောင့် တနေ့ခြား တခါလောက် ဗုံးကြောင့် သေတဲ့လူ၊ ဒဏ်ရာရတဲ့ လူ တွေ အခုချိန်ထိ ရှိသေးတယ်လို့ သိရတယ်။
ဒီ COPE အဖွဲ့အစည်းက ဗုံးကြောင့် မသေဘဲ ခြေလက်တွေ ပြတ်ပြီး ဒဏ်ရာရတဲ့လူတွေ အတွက် ခြေတု၊ လက်တုတွေ လုပ်ပေး၊
ပြန်လည်ထူထောင်နိုင်ဖို့ လုပ်ပေးတဲ့ စေတနာ့ ဝန်ထမ်း နေရာ ဖြစ်ပါတယ်။
ဒီပြတိုက်လေးမှာ စစ်ကြောင့် လူတွေ ဘယ်လောက် ဒုက္ခ ရောက်ခဲ့ပုံ၊ ရှောင်လို့ မရတဲ့ ဗုံး ပြသနာရဲ့ နောက်ဆက်တွဲတွေ၊ ဗုံး ဒဏ်ရာ ရတာကနေ ပြန်လည်ထူထောင်လာတဲ့ လူတွေရဲ့ ပုံတွေ နဲ့ COPE က ဘယ်လို ကူညီ ခဲ့တာတွေ ရှင်းပြထားတယ်။ Vedio studios room လည်း ထားထားတာဖြစ်လို့ အရင်က သူတို့ ခံခဲ့ရတဲ့ အကြောင်း ၊ ဘယ်လို ပြန်လည်း ရပ်တည်နေရထိုင်ရတဲ့ အကြောင်းတွေကို vedio record နှင့်တကွ ရှင်းပြထားတာကိုကြည့်ဖို့ အခန်းတစ်ခန်း လုပ်ထားတာရှိပါတယ်။
ပြတိုက်ရဲ့ အလယ်မှာ ဗုံးလေးတွေ ချိတ်ဆွဲပြီးပြထားတာအဲဒါ အလှ ချိတ်ထားတာလို့ ထင်ရပေမယ့် အဲဒါ ဗုံးတွေဖြစ်တယ် ဒါကြောင့် ဒုက္ခရောက် သူတွေ မနဲဆိုတာကို ပြထားတယ်။
ဝင်ကြေးအနေနဲ့ မပေးရပါဘူး။ ဒါပေမယ့် donation box လေးတော့ ထားထားပါတယ်။ အလှုငွေအားဖြစ် ထည့်ခဲ့လို့ ရပါတယ်။

ဒါကြောင့် လာအိုရောက်ရင် သွားကြည့်၊ သွားလည်သင့်တဲ့ နေရာထဲက တစ်နေရာ ဖြစ်ပါတယ်။

Location: https://maps.app.goo.gl/7bBcx4zWhov4D4Rd9?g_st=ic


“HAPPY BLESSED ANNIVERSARY”👩‍❤️‍💋‍👨👨‍👩‍👧မိခင်စိတ် ဖခင်စိတ် တကယ်ကို ပီသပြီး တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် နားလည်မှုနဲ့ ...
06/04/2024

“HAPPY BLESSED ANNIVERSARY”👩‍❤️‍💋‍👨👨‍👩‍👧
မိခင်စိတ် ဖခင်စိတ် တကယ်ကို ပီသပြီး တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် နားလည်မှုနဲ့ အရမ်းချစ်ခင်ကြပြီး အရမ်းလေးစားအားကျရသော အစ်ကို နဲ့ အစ်မ Happy blessed Anniversary ပါ 🎉🎊
အမြဲကိုယ်အကျိုးအတွက်မကြည့်တတ်ဘဲ သူတပါးကို စိတ်ရင်းနဲ့ အမြဲကူညီတတ်သော အစ်မ၊
လူကိုကြည့်ရင် ရုပ်တည်ကြီးနဲ့ နေတတ်ပေမယ့် စိတ်ရင်းအလွန်ကောင်းပြီး အကောင်းအဆိုး အမှားအမှန်ကို အမြဲခွဲခြားပြီး မောင်နှမတွေလို ပြောပြဆုံးမတတ်တဲ့ အစ်ကို။
ခရီးစဉ်ထွက်တိုင်း ဧည့်သည်တွေကို ပျော်ရွှင်အောင်ထားတတ်တယ်၊ ခရီးစဉ်လမ်းကြောင်းမှာ ပြောထားတဲ့နေရာတွေတင်မက လမ်းသင့်ရင် သင့်သလို ဧည့်သည်တွေကို ရောက်ဖူးအောင် ခရီးစဉ် စီစဉ်လမ်း ညွှန်ပေးတတ်တဲ့ အစ်ကို ဖြစ်ကြောင်း good reviews တွေပြန်ရတတ်လို့ Joyful ရဲ့ admin team နာမည်ကောင်းရအောင်နှင့် Joyfulကိုကောင်းစွာ တည်ထောင်နိုင်တဲ့အစ်ကို။

ဘုရားသခင်ထံတော်မှလာသော ငြိမ်သက်ခြင်း၊ဝမ်းမြောက်ခြင်း နှင့် ကျန်းမာခြင်းသည် အစ်ကို နှင့်အစ်မတို့တမိသားစုလုံးအပေါ်မှာ အစဉ်အမြဲတည်ရှိပါစေ 🙌🙏😇
Joyful Travel လည်း ဒီထက်မက အောင်မြင်ပါစေ။

“ထိုသူနှစ်ဦး တစ်သားတကိုယ်တည်းဖြစ်ဖို့ရန်အတွက် ဘုရားပေါင်းဖက်ပေးသော ဤအိမ်ထောင် ဘုရားရှေ့ လူတွေရှေ့မှာ သက်ဆုံးတိုင် ရိုမြေကျ ပေါင်းသင်းရပါစေ “🙏🎊❣️ဆိုသည့်နည်းတူ အစ်ကိုနှင့်အစ်မ ၊ သမီးလေးနှင့်အတူ သက်ဆုံးတိုင် ရိုမြေကြ ပေါင်းသင်းရပါစေဟု Joyful ရဲ့ Admin team မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် 😍😍😍 We love you Ako & Ama 😍.

🎉 May God bless your family abundantly with love, peace, and joy 🥰😘🙌🙏😇



Char Baw

မြန်မာပြည်က သင်္ကြန်နဲ့ ထိုင်းက ဆုန်ခရမ် ဘာများကွာခြားသလဲ✔ သင်္ကြန်ပဲဖြစ်ဖြစ် ဆုန်ခရမ်ပဲဖြစ်ဖြစ် နှစ်သစ်ကိုကူးပြောင်းတဲ့...
30/03/2024

မြန်မာပြည်က သင်္ကြန်နဲ့ ထိုင်းက ဆုန်ခရမ် ဘာများကွာခြားသလဲ

✔ သင်္ကြန်ပဲဖြစ်ဖြစ် ဆုန်ခရမ်ပဲဖြစ်ဖြစ် နှစ်သစ်ကိုကူးပြောင်းတဲ့ ပွဲတစ်ခုပါ တကယ့် အနှစ်သာရပိုင်းမှာတော့ ဘာမှ ထူးခြားတာ မရှိပါဘူး ခေတ်တွေ စနစ်တွေ အရဒီပွဲကြီး နှစ်ခုဟာ တစ်ဖြည်းဖြည်းနဲ့ ကွာခြားလာခဲ့ ရပါတယ်
✔ပထမဆုံး ကျွန်တော်တို့ သိတဲ့ သင်္ကြန်အကြောင်းကို စပြီးပြောလိုက်ကြရအောင် သင်္ကြန်မှာ ဘာတွေလုပ်ကြသလဲ ရေပတ်တယ် ဘုရားတွေကို ရေသပ္ပာယ်တယ် လူကြီးတွေကဥပုသ်စောင့်ကြတယ် သက်ကြီးရွယ်အိုတွေကို လက်သည်းညှပ် ခေါင်းလျှော်ပြုလုပ်ပေးကြတယ် နှစ်ဆန်းတစ်ရက်နေ့ဆိုရင် အန္တရာယ်ကင်း ပရိတ်တွေရွတ်ကြတယ် စတုဒီသာတွေကျွေးကြတယ် ဒါမြန်မာဓလေ့
✔ကဲထိုင်းမှာရော ကျွန်တော်ခုနက ပြောတာတွေ အကုန်လုပ်တယ် ဒါတောင်သိသလောက် စတုဒိသာ ကျွေးတာ သိပ်မတွေ့ဖူးဘူး အခုပြောခဲ့တာတွေက ခေတ်အဆက်ဆက် လုပ်လာခဲ့တဲ့ ဓလေ့တွေကို ယှဉ်ကြည့်တာ ဒီမှာတင် မြန်မာနိုင်ငံက သင်္ကြန်က တစ်ခုသာနေပြီ
✔ကဲနောက်ထပ်တစ်ခု သင်္ကြန်နားနီးရင် ဘာတွေစီစဉ်ကြလဲ မြန်မာမှာ ဆိုရင် အချို့လူငယ်တွေက သာသနဘောင်ကိုခေတ္တဝင်ဖို့ လုပ်ကြတယ် သင်္ကြန်သီချင်းတွေ သင်္ကြန်အကတွေ ရေးကြတယ်တိုက်ကြတယ် ကျွန်တော်ပြောနေတာ သာမာန်လုပ်ရိုးလုပ်စဥ် သင်္ကြန်ပါ မြန်မာလူမျိုး မိန်းခလေးအတိုင်းနီးပါ မြန်မာအက ကိုမကတက်ပေမဲ့ သင်္ကြန်အကကိုတော့ လူကြည့်ကောင်းအောင် ကတက်ကြတယ် ထိုင်းရဲ့ ဆုန်ခရမ်မှာ ဒါမျိုး ကျွန်တော်သိသလောက်တော့ မတွေ့ဖူးဘူး သူများကိုမကောင်းကြောင်းပြောနေတာမဟုတ်ဘူးနော် 🙏🙏🙏
✔နောက်ထပ်တစ်ခုထက်ပြောမယ် သင်္ကြန်သံချပ် သင်္ကြန်အလှပြကား ဒါတွေက မြန်မာတွေရဲ့ ကိုယ်ပိုင်ဖန်တီးမှုတွေ ဘယ်သူဆီကမှ ကူးချထားတာမဟုတ်ခဲ့ဘူး ပညာတက်မြန်မာလူငယ်တွေနဲ့ အသိပညာရှိတဲ့ လူကြီးတွေရဲ့ Collaboration လို့ကြီးကြီးကျယ်ကျယ်ပြောလို့ရတယ်
✔ဒါမျိုး ကမ္ဘာ့အမွေအနှစ်ဝင် ဆုန်ခရမ်မှာတွေ့ခဲ့ဖူးသလား ကျွန်တော်တို့ပဲ ညံ့နေလို့လားမသိဘူး မတွေ့မိဘူး ဗျာ
✔အခုကျွန်တော်ပြောမဲ့ အဓိက အကြောင်းအရင်းရောက်လာပြီ ဒီလိုတောင်သာနေတဲ့ မြန်မာသင်္ကြန်က နိုင်ငံတကာမှာ ဘာလို့လူသိနည်းနေရတာလဲ
📌ပထမအချက် မလိုအပ်တာတွေသိပ်လုပ်ရင်ကနေ ဓလေ့တွေပျောက်ကုန်တယ် ဥပမာ ထိုင်းရဲ့ ဆုန်ခရမ်မှာ သိန်းရာချီကုန်အောင် မဏ္ဍာပ်ကြီးတွေဆောက်ပြီးရေပတ်တာ မတွေ့ဖူးဘူး အရင်ကတော့ မြန်မာဓလေ့ကိုထိန်းသိမ်းတဲ့အနေနဲ့ အကတွေနဲ့ ဖျော်ဖြေတာကနေပြီးတော့ နောက်ပိုင်းလဲကြရော Sexy Dance တွေပါပါလာရော ဆုန်ခရမ်လည်း သရုပ်ပျက်တွေရှိပါတယ် ပိုက်ဆံတော့အဲသလောက် အကုန်မခံဘူးထင်တာပဲ
📌ဒုတိယအချက် ဆုန်ခရမ်မှာရေပတ်ရင် လူတစ်ကိုယ်စာ ရေပြွတ်လေးနဲ့ ဘယ်လောက်တောင် သက်သာလိုက်လဲ ဒို့များမြန်မာမှာတော့ ရေပတ်မဏ္ဍာပ်ကြီးတွေဆောက် ပိုက်တွေဆင် သိန်းကိုရာနဲ့ချီအကုန်ခံပြီးတော့ ကိုဆောက်တာနော် အေးပေါ့လေ ပြီးရင် ရာနဲ့ချီပြီးပြန်ရတာကိုး စီးပွားရေးအကွက်မြင်တာလေ ကိုယ့်လူမျိုးအခြင်းခြင်းခေါင်းပုံဖြတ်မှုတွေပေါ့ အရင်ကလို သပြေခက်နဲ့ ရေပတ်ပါလို့မပြောဘူးနော် အုန်းလက်မဏ္ဍာပ်လေးနဲ့ ရေပါတ်ရတဲ့ အရသာနဲ့ တစ်ရပ် သိန်းဂဏန်းပေးပြီး ရေပတ်ရတဲ့ အရသာ ယှဉ်ကြည့် ကျွန်တော်သိသလောက်တော့ အုန်းလက်မဏ္ဍာပ်မှာ ရေပတ်ပြီး ‌ရွှေလက်တွဲ ပြီးတစ်ဘဝစာ ချစ်သွားကြတဲ့ အတွဲအရေအတွက်ကများတယ်ဗျ
📌ဟိုမဏ္ဍာပ်ကြီးတွေပေါ်မှာတော့ Single Mom, Singal Pa တွေပိုများတယ်တဲ့ ကိုယ်တွေလဲ မရောက်ဖူးတော့မသိဘူးဗျ,
📌နောက်တစ်ခုက အသိ ဉာဏ် ပညာ ပဲ အမှန်ပြောရရင် ကျွန်တော်တို့ မြန်မာသင်္ကြန်က နိုင်ငံတွင်း ပွဲတော်အဆင့်ထက် အများကြီးပိုပါတယ်ဗျာ ကျွန်တော်ပြောမယ် ShutterStock တို့ ဘာတို့မှာ Water Festival ဆိုပြီးရိုက် ရှာကြည့် ကျလာပါလိမ့်မယ် ထိုင်းဝတ်စုံတွေနဲ့ Songkhram ဆိုတဲ့ စာတမ်းတွေနဲ့ ပုံတွေ နိုင်ငံခြားသား‌တွေ ရေသေနတ် ကိုယ်စီနဲ့ ထိုင်းလမ်းမပေါ်မှာရေကစားနေတဲ့ပုံတွေ မြန်မာကပုံကိုတွေ့ချင်ရင် နောက်၂မျက်နှာလောက်သွားရတယ်
📌ဒါတင်ပဲလား မဟုတ်သေးဘူး Thingyan လို့ရိုက်ကြည့်လိုက် ကျလာတာပုံ ၁၀၀ မကျော်ဘူး တစ်ချို့ Website တွေမှာဆိုရင် ရှိတောင်မှရှိမနေဘူး 😢😢😢😢
📌ဘာပဲပြောပြော ဒီနှစ်တော့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် Songkhram is the best ပဲ လာမယ်ဆိုရင်ဖုန်းဆက် ☎️ 66959986649 ကိုယ်တွေလမ်းက လူတွေများတယ် 😁
✔ကဲပြောချင်တာတွေများရှိရင် Comment မှာ မှတ်ချက်လေးတွေပေးခဲ့ကြပါဦး Thingyan Vs SongKhram အကြောင်းနဲ့ ပါတ်သတ်ပြီးတော့ပေါ့ ဒါကတော့ Admin Team က ဟိုတစ်ယောက်ရဲ့ အမြင်သက်သက် ပါ သဘောထားမတိုက်ဆိုက်ရင် Chat Box မှာ Account လာတောင်းနော် ပေးမယ် 😂😂😂🤣🤣
✔တစ်နေ့နေ့တော့ လမ်းလျှောက်သင်္ကြန်မှာပြန်တွေ့ကြတာပေါ့ ဘေးကင်းလုံခြုံသော သင်္ကြန်ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေဗျာ

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ထဲမှာရှိပြီး ကြည်လင်အေးစိမ့် နေတဲ့ Mae Suai Dam ဆီသို့ ဧည့်သည်တော်များနဲ့ ရေသွားစိမ် 😍👯‍♀️...
28/03/2024

ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ထဲမှာရှိပြီး ကြည်လင်အေးစိမ့် နေတဲ့ Mae Suai Dam ဆီသို့ ဧည့်သည်တော်များနဲ့ ရေသွားစိမ် 😍👯‍♀️👯👯‍♂️🧍‍♀️

ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ်က Mae Suai ရွာလေးမှာ အခုလို ခရီးသွားဧည့်များနှင့် ဒေသခံတွေပါ နွေရာသီမှာဆိုရင် ရေစိမ်လေ့ရှိကြတယ်လို့ သိရပါတယ်။

ရေကလည်း ကြည်လင်အေးမြပြီး သန့်ရှင်းမှုမှာလည်း အရမ်းကောင်းမွန်ပါတယ်။
အဖွဲ့လိုက် ရေဖောင်စီးခြင်း ၊ ကလေးတွေအတွက် ဘောကွင်းငှါးပြီး စီးလို့ရသလို ရေပိုက်ကလေးတွေနဲ့လည်း ကစားလို့ရသေးတယ်။

ရေဖောင်စီးတာက တစ်ယောက်ကို THB 120
( အချိန်အားဖြင့် ၁နာရီလောက်တောင်ရှိမယ် ရေဖောင်ပတ်စီးရင်း DJ music နဲ့ဆိုတော့ ပေးရတာနဲ့ ဝန်ဆောင်မှုပေးတာက တန်ပါတယ်)
ဘောကွင်းငှါးလျှင် - THB 100 ( အချိန်က သတ်မှတ်ချက်မရှိ)
ချင်းမိုင်ကနေ မနက်သွားပြီး Dam မှာ တစ်နေ့ကုန် စားလိုက်သောက်လောက်၊ ရေကစားလိုက်နဲ့ အေးအေးဆေးအနားယူချင်တဲ့သူတွေအတွက် အဆင်ပြေတဲ့ နေရာလေးတစ်ခု ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေကလည်း ဘေးပတ်လည်မှာ ရှိပါတယ်။

တည်နေရာ- https://maps.app.goo.gl/DgU7KfcrhkRef7Dy6?g_st=ic

28/03/2024

ပျော်ရွှင်စရာ ဧည့်သည်များနှင့်အတူ

28/03/2024

ထိုင်းသင်္ကြန်အကြို ဧည့်သည်များနှင့် အမှတ်တရ

ရွှေတြိဂံ အထပ်ထပ် ရောက်ဖြစ်တာလေး
28/03/2024

ရွှေတြိဂံ

အထပ်ထပ် ရောက်ဖြစ်တာလေး

တကူးတက မိသားစုနဲ့အတူ လာလည်ကြတဲ့ အန်ကယ်လ်တို့ကိုကျေးဇူးအထူးတင်ပါတယ် လုပ်ငန်းကိုင်ငန်း အောင်မြင်ပြီး ကျန်းမာပျော်ရွှင် ပါစ...
27/03/2024

တကူးတက

မိသားစုနဲ့အတူ လာလည်ကြတဲ့ အန်ကယ်လ်တို့ကို
ကျေးဇူးအထူးတင်ပါတယ်

လုပ်ငန်းကိုင်ငန်း အောင်မြင်ပြီး ကျန်းမာပျော်ရွှင် ပါစေ လို့

Joyful Travels မှ ဆုမွန်တောင်းပေးအပ်ပါတယ်

Address

Chaingmai

50100

Telephone

+66959986649

Website

Alerts

Be the first to know and let us send you an email when Joyful Travels posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Joyful Travels:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share