Amazing Siam Lotus Travel

Amazing Siam Lotus Travel Amazing Siam Lotus make your
leisure with peaceful , love and full of touching nature.

Feb လရဲ့ ပထမဆုံး ခရီးစဉ်က ?
29/01/2025

Feb လရဲ့ ပထမဆုံး ခရီးစဉ်က ?

Happy Chinese New Year! Wishing to everyone a vibrant and joyful Year of the Snake! May your year be filled with prosper...
28/01/2025

Happy Chinese New Year!

Wishing to everyone a vibrant and joyful Year of the Snake! May your year be filled with prosperity, health, and happiness.

🧧恭喜发财.🧧

🎶🎼🌸ချယ်ရီပန်းတွေ ပွင့်ချိန်တိုင်းမှာ.. တွေးကာဆွေး... တောင်ပေါ်လမ်းတွေ မြူတွေဆိုင်းချိန်တိုင်းမှာဆွေး... 🎼🌸  အမြင့်ပိုင်း...
24/01/2025

🎶🎼🌸ချယ်ရီပန်းတွေ ပွင့်ချိန်တိုင်းမှာ.. တွေးကာဆွေး... တောင်ပေါ်လမ်းတွေ မြူတွေဆိုင်းချိန်တိုင်းမှာဆွေး... 🎼

🌸 အမြင့်ပိုင်း အအေးပိုင်းတွေကို ကြိုက်တဲ့ ချယ်ရီကို ခုချိန် ချင်းမိုင်မြို့ကနေ နည်းနည်းလေး မောင်းလိုက်ရုံနဲ့ တွေ့နိုင်ပါတယ်။

🌸Jan လလယ် ကနေ Feb လလယ်လောက်အတွင်း ချင်းမိုင်ကို လာလည်တဲ့ ဧည့်သည်တွေအတွက် ချယ်ရီတွေကို အထူးတလည် လိုက်ပြပေးရတာပေါ့။

🌸Wild Himalaya Cherry မျိုးစိတ်ဖြစ်တဲ့ ပန်းချယ်ရီတွေကို ထိုင်းနိုင်ငံ နေရာတော်တော်များများမှာလည်း တွေ့ရှိရပါတယ်။

🌸ချင်းမိုင်မှာ ဆိုရင်တော့ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးတောင် ဖြစ်တဲ့ Doi Inthanon တောင်ပေါ်သွားတဲ့ လမ်းပေါ်မှာ ၊ Khum Wang Royal project ထဲမှာ အပြင် Doi Suthep မှ ထပ်သွားရတဲ့ Khun Chang Khian တို့မှာ တွေ့ရမှာပါ။

🌸ခုချိန် ချင်းမိုင်ကို လာလည်ဖြစ်ခဲ့ရင် ချယ်ရီတွေရှိတဲ့နေရာ သွားရအောင် ချယ်ရီရှိမယ့်နေရာလေးတွေကို Amazing Siam Lotus Travel မှ တစုတစည်းထဲ ဖော်ပြပေးလိုက်ရပါတယ်။

🌸Doi Pui View Point
https://maps.app.goo.gl/YiHFgJZEii1RWiPE9?g_st=ifm

🌸Doi Pui Camping Area

https://maps.app.goo.gl/VjoEHqVES1gGNvV5A?g_st=ifm

🌸Khun Chang Khian Highland Agricultural Research and Training Station

https://maps.app.goo.gl/fVVeJg42G4PpLy798?g_st=ifm

🌸Inthanon Lady's Slipper Orchid Under Initiative Conservation Project

https://maps.app.goo.gl/KhdQWaTg7UZ5cE7v7

🌸Doi Ang Khang
https://maps.app.goo.gl/tbU4s9GUH6Bq36YH8

🌸Khun Chang Kian
https://maps.app.goo.gl/4PUwNemGop4SFMKW7

🌸Royal Agricultural Research Centre Chiang Mai
https://maps.app.goo.gl/qTH56Hi3PPxBcq7K7

🌸Doi Pha Tang Forest Ranger Unit
https://maps.app.goo.gl/8WmxULpxNudjKKK68







🌸

📣မန္တလေး-  ချင်းမိုင် တိုက်ရိုက်လေယာဉ်ခရီးစဉ်တွေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ စတင်ပြေးဆွဲပါတော့မယ်နော်။
23/01/2025

📣မန္တလေး- ချင်းမိုင် တိုက်ရိုက်လေယာဉ်ခရီးစဉ်တွေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှ စတင်ပြေးဆွဲပါတော့မယ်နော်။

ချင်းမိုင်မှာ သူငယ်ချင်းတွေနှင့် အတူ Chills လို့ရမည့်နေရာလေးတစ်ခု=================================================အား လပ...
22/01/2025

ချင်းမိုင်မှာ သူငယ်ချင်းတွေနှင့် အတူ Chills လို့ရမည့်နေရာလေးတစ်ခု
=================================================

အား လပ်ရက်တွေမှာ သူငယ်ချင်းတွေနှင့် အတူစိတ်ပြေလက်ပျောက် သွားလို့ရမည့် နေရာလေးတစ်ခုကို ပြောပြပေးချင်ပါတယ်။ ချင်းမိုင်ကနေ အရမ်းမဝေးတဲ့ နေရာလေးမှာ တည်ရှိနေတဲ့အတွက် ဆိုင်ကယ်နဲ့ သွားသွား ကားနဲံပဲသွားသွား အဆင်ပြေပါတယ်။

အဲဒီ နေရာလေးမှာ သဘာဝအလှတွေနဲ့ ပြည့်နှက်နေတဲ့ ကန်ကြီးကိုတွေမြင်ရမှာဖြစ်ပြီး ကန်ဘောင်ဘေးနားက တည်းလေးတွေမှာလဲ ကိုယ်စားချင်တဲ့ အစားအစာတွေကို စားလို့ရမှာဖြစ်သလို ကိုယ်က သောက်တတ်တဲ့သူဆိုရင်လဲ Beer လေးတွေသောက်ပြီး အေးဆေးနေလို့ရမည့် နေရာလေးတစ်ခုပါ။​

ကန်ဘေးတစ်လျှောက် စက်ဘီးစီးခြင်း လမ်းလျှောက်ခြင်း အားကစားပြုလုပ်ခြင်းတို့ကိုလဲ ပြု့လုပ်နိုင်မှာဖြစ်ပါတယ်။​

ဒါအပြင် နောက်တစ်ချက်က ဓာတ်ပုံလှလှလေးတွေရိုက်လို့ အရမ်းကောင်းတဲ့ နေရာလေးတစ်ခုပါနော်။

ချင်းမိုင်မှာ စိတ်ကူကိုယ်တူ သူငယ်ချင်းတွေရှိရင် ဒီ နေရာလေးကို သွားကြည့်ဖို့ အကြံလေးပေးလိုက်ပါတယ်။

Location - https://maps.app.goo.gl/bLvJEFytH6saxRBSA?g_st=com.google.maps.preview.copy



Location - g_

ချင်းမိုင်မှ နေ့ချင်းပြန်သွားလို့ ရတဲ့ခရီးစဥ်များ ===============================ဒီတစ်ခါမှာတော့ ခရီးသွား ဝါသနာ အိုးလေးတွ...
19/01/2025

ချင်းမိုင်မှ နေ့ချင်းပြန်သွားလို့ ရတဲ့ခရီးစဥ်များ
===============================

ဒီတစ်ခါမှာတော့ ခရီးသွား ဝါသနာ အိုးလေးတွေအတွက် ထိုင်းမြောက်ပိုင်းမြို့တော် ချင်းမိုင်မြို့လေးကနေ အနီးဝန်းကျင်က အလှတရားတွေ ခံစားချင်တဲ့ သူများအတွက် ချင်းမိုင်ကနေ တစ်နာရီလောက် ကားမောင်းလိုက်ရင် ဒါမှမဟုတ် ဆိုင်ကယ်လေးနဲ့ သွားရင်လဲ အဆင်ပြေစေမည့် ခရီးစဉ်လေးတွေကို ဖော်ပြပေးပါလိုက်ပါတယ်နော်….

တစ်ယောက်ထဲ ခရီးသွားရတာကြိုက်တဲ့ သူတွေအတွက် သွားသင့်တဲ့ ခရီးစဥ်လေးများ ==================================================...
16/01/2025

တစ်ယောက်ထဲ ခရီးသွားရတာကြိုက်တဲ့ သူတွေအတွက် သွားသင့်တဲ့ ခရီးစဥ်လေးများ =========================================================

တစ်ယောက်တည်း ခရီးသွားခြင်းဟာ ကိုယ့်ကိုကိုယ် ပိုပြီး လေ့လာဖို့၊ အသစ်အသစ်တွေကို စမ်းသပ်ဖို့ အတွက်အကောင်းဆုံး အခွင့်အရေးတစ်ခုပါ။
တစ်ယောက်တည်း ခရီးသွားခြင်းဟာ ကိုယ့်ကိုကိုယ် ပိုပြီး ယုံကြည်ရရှိစေပါတယ်။
ကိုယ်တစ်ခါမှ မရောက်ဖူးတဲ့ ဒေသတစ်ခုမှာ တစ်ခါမှမတွေ့ဖူးတဲ့ လူတွေနဲ့ ထိတွေ့ပြီး မိတ်ဖွဲ့ရတာဟာ အရမ်းကို စိတ်လှုပ်ရှားစရာကောင်းပြီး အတွေ့အကြုံကောင်းတွေ ရစေတဲ့ ခရီးစဥ်တစ်ခုပါ။
ဒီတစ်ခါတော့ တစ်ယောက်တည်း ခရီးသွားရတာကို နှစ်သက်တဲ့ သူတွေအတွက် သွားသင့်တဲ့ ခရီးစဥ်လေးတွေကို မျှဝေပေးချင်ပါတယ်။

၁) အေးချမ်းတဲ့ တောင်တန်းတွေနဲ့ သဘာဝ
သဘာဝကို ချစ်မြတ်နိုးတဲ့သူတစ်ယောက် ဒါမှမဟုတ် သဘာဝကြီးရဲ့ အလှအပကို ခံစားချင်တဲ့သူဆိုရင်တော့ ချင်းမိုင်မြို့လေးဟာ မျက်စိကျစရာ နေရာလေးတစ်ခုပါ။
လှပတဲ့တောင်တန်းတွေ ဝန်းရံထားတဲ့ ချင်းမိုင်း တောင်ပေါ်မြို့လေးဟာ သင့်ရဲ့စိတ်ဖိစီးမူတွေကို လျှော့ချပေးနိုင်တဲ့အပြင် လှပပြီး ရင်သပ်ရှူမောဖွယ် တောင်တန်းရှူခင်းတွေ အများကြီးရှိပါတယ်။
တစ်ယောက်ထဲ ခရီးသွားရတာ ကြိုက်တဲ့သူတွေအတွက်တော့ ဒီတောင်တန်းတွေဟာ သင့်ရဲ့ အဖော်ဖြစ်စေမှာပါ။ သြော် ဒီမှာ တစ်ခုပြောချင်တာက တကယ်လို့ တောင်တန်းတွေဆီကို ရောက်သွားရင် ကော်ဖီခါးခါးတစ်ခွက်ကို ကိုင်ပြီး တောင်တန်းတွေကို ငေးမောရင်း တောင်တန်းတွေနဲ့ အပြန်အလှန်စကားတွေပြောကြည့်ပါ။

၂) ဘုရားကျောင်းတွေနဲ့ ယဉ်ကျေးမှု အမွေအနှစ်
ထိုင်းနိုင်ငံရဲ့ ကျက်သရေဆောင် မြို့တော် ချင်းမိုင်ဟာ တစ်ယောက်တည်း ခရီးသွားသူတွေအတွက် အံ့သြဖွယ်ကောင်းတဲ့ အတွေ့အကြုံတွေကို ပေးစွမ်းနိုင်တဲ့ နေရာတစ်ခုဖြစ်တဲ့အပြင် ယဥ်ကျေးမူ အမွေအနှစ်တွေများစွာရှိတဲ့ မြို့လေးတစ်မြို့ဖြစ်ပါတယ်။
ချင်းမိုင်ရဲ့ မြို့ဟောင်းတွေ၊ နှစ်ပေါင်းများစွာကြာပြီး ဖြစ်တဲ့ စေတီပုထိုးတွေနှင့် ယဥ်ကျေးမူ အမွေအနစ်တွေကို များစွာလေ့လာနိုင်မှာဖြစ်ပါတယ်။
ကိုယ်ဟာ သမိုင်းကြောင်းနှင့် ရှေ့ဟောင်းယဥ်ကျေးမူတွေကို စိတ်ဝင်စားတဲ့သူတစ်ယောက်ဆို အေးအေးဆေးအဆေး နဲ့ အချိန်ယူပြီး လေ့လာနိုင်ပါတယ်။

၃) စိတ်လှုပ်ရှားစရာကောင်းတဲ့ အရာတွေ
တစ်ယောက်တည်း ခရီးသွားပြီးဆိုကတည်းက စိတ်လှုပ်ရှားစရာတွေက ရှိနေပြီးသားပါ။ ဒါပေမဲ့ အဲတာအပြင် အခြားစိတ်လှုပ်ရှားစရာတွေကိုလဲ ရယူနိုင်ပါသေးတယ်။
ကိုယ်မလုပ်ဖူးတဲ့ အရာကို လုပ်တာဟာ စိတ်လှုပ်ရှားစရာ တစ်ခုပါ။
ချင်းမိုင်မှာ ဆင်စီးခြင်း၊ တောင်တက်ခြင်း၊ ကေဘယ်စီးခြင်း စတဲ့ အရာတွေကို လုပ်ဆောင်နိုင်မှာဖြစ်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံအသစ်တွေကို ရရှိမှာဖြစ်ပါတယ်။

၄) စျေးနှုန်းသက်သာတဲ့ စားသောက်ဆိုင်တွေနဲ့ ဟိုတယ်တွေ
ချင်းမိုင်ဟာ ကုန်ကျစရိတ် အရမ်းမကြီးတဲ့ မြို့လေးတစ်ခုပါ။ အဲတာကြောင့်လဲ နိုင်ငံခြားခရီးသွားတွေနှင့် အမြဲပြည့်နေတာပါ။
သင်ဟာ အစားအသောက်ကို ကြိုက်နှစ်သက်တယ်။
ဒေသအစားအစာနှင့် ကိုယ်မစားဖူတဲ့ အစားအစာတွေကို စမ်းသပ်စားသုံးကြည့်ခြင်တဲ့ သူဆိုရင်တော့ ဒီချင်းမိုင်လေးဟာ အရမ်းကို သင့်တော်တဲ့ မြို့လေးတစ်ခုပါ။

တစ်ယောက်ထဲ ခရီးသွားတာဖြစ်တဲ့ အတွက် ကိုယ်ကြိုက်တဲ့ ဆိုင်ကို ကိုယ်ကြိုက်သလောက် စိတ်ကြိုက် စားလို့ရပါတယ်။
အဖော်ပါတဲ့အခါ သူ့အကြိုက် ကိုယ့်အကြိုက်မတူရင် သူ့အားနာ ကိုယ့်အားနာ ဖြစ်တတ်လို့ တစ်ယောက်ထဲက ပိုလွတ်လပ်ပြီး ပိုပြီးအတွေ့အကြုံတွေ ရပါတယ်။
သင်ဟာ တစ်ဦးတည်းခရီးသွားပဲဖြစ်ဖြစ် မိသားစု (သို့) သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် လူကြီးမင်းတို့ သွားချင်တဲ့ ခရီးစဥ်နှင့် ရရှိခံစားချင်တဲ့ ခံစားမူကိုပဲပြောပြလိုက်ပါ။
ခရီးစဥ် အစအဆုံးကို Amazing Siam Lotus Travel တာဝန်ယူပြီး စိတ်တိုင်းကျ စီစဥ်ပေးလျက်ရှိပါသည်။

💕ထိုင်းနိုင်ငံရဲ့ အလှဆုံး အချစ်ရွာလေး Ban Rak Thai===================================🏘️သီးခြားဆန်ပြီး ခမ်းနားလှတဲ့ ဒီရွာ...
14/01/2025

💕ထိုင်းနိုင်ငံရဲ့ အလှဆုံး အချစ်ရွာလေး Ban Rak Thai
===================================

🏘️သီးခြားဆန်ပြီး ခမ်းနားလှတဲ့ ဒီရွာလေးက ချင်းမိုင်ကနေ 250km အဝေးမှာ ရှိပြီး မတ်စောက်တဲ့ တောင်တက် တောင်ဆင်း အကွေ့ပေါင်း ၁၇၀၀ ကျော်လောက်ကို ကျော်ဖြတ်သွားရမှာပါ။ မယ်ဟောင်ဆောင် ကနေ သွားရင်တော့ တစ်နာရီကျော်ကျော်ပဲ သွားရပါတယ်။

ဒီရွာလေးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ ကျော်လောက်က ယူနန်ဘက်က ပြောင်းရွေ့အခြေချလာတဲ့ တရုတ်လူမျိုးတွေက တည်ထားတဲ့အတွက် တရုတ်ရိုးရာ အ‌ငွေ့အသက်တွေကို ရရှိနေမှာပါ။ မုံလူမျိုးတွေနဲ့ ရှမ်းလူမျိုးတွေ အဓိက နေထိုင်ကြပါတယ်။

🏔️တောင်ကြောတလျှောက်က လဖက်စိုက်ခင်းတွေ၊ တရုတ်ရိုးရာ အိမ်တွေ၊ မြူခိုးတွေဝေနေတဲ့ ရေကန်အပြင် တရုတ်ရိုးရာ မီးပုံးအနီတွေကြောင့် ထိုင်းနိုင်ငံထဲမှာဆိုတာ ခဏတာမေ့ပျောက်သွားပြီး တရုတ်ရွာလေး တစ်ရွာရောက်သွားသလို ခံစားမိစေမှာပါ။

✅Things To Do in Ban Rak Thai

၁။ ဒေသထွက် လဖက်ရည် မြည်းစမ်းကြည့်ပါ။
Ban Rak Thai ရဲ့ လဖက်စိုက်ခင်းတွေက ထွက်ရှိတဲ့ လဖက်ခြောက်ကလည်း နာမည်ကြီးပါတယ်။ ဒါကြောင့် ဒေသထွက် လဖက်ခြောက်ကို လဖက်စိုက်ခင်းတွေထဲမှာ မြည်းစမ်းခဲ့ဖို့ မမေ့ပါနဲ့နော်။ ကန်ဘောင်ကကော်ဖီဆိုင်လေးမှာ မနက်ခင်း လဖက်ရည် ပူပူလေးသောက်ရင်း တွေးငေးရတာကလည်း Ban Rak Thai ရဲ့ အရသာပါ။

၂။ လှေလေးစီးပြီး အပန်းဖြေပါ။
Ban Rak Thai ရေကန်ထဲမှာ လှေစီးဖို့ကလည်း မဖြစ်မနေလုပ်ရမှာပါ။ မီးပုံးနီလေးတွေ ချိတ်ဆွဲထားတဲ့ လှေပေါ်မှာ တောင်ပတ်လည် ဝိုင်းရံနေတဲ့ ကန်ရေထဲမှာ အေးအေး ငြိမ့်ငြိမ့်လေးစီးရင်းရင် သဘာဝတရားကြီးထဲ စီးမျောရင်း မြို့ပြရဲ့ ပင်ပန်းနွမ်းနွယ်မှုတွေကို ဖြေဖျောက်ဖို့ အကောင်းဆုံးနေရာပါ။

၃။ ဒေသစာတွေ မြည်းစမ်းပါ။
ယူနမ်အရသာ ၊ ရှမ်းအရသာတွေ လှမ်းမိုးနေတဲ့ ဒေသစာတွေက ဒီနေရာမှာမှ ရရှိနိုင်မယ့် ဒေသ အစားအစာတွေ ဖြစ်နေမှာပါ။

🏘️Ban Rak Thai ရဲ့ ခရီးသွားရာသီကတော့ အောက်တိုဘာကနေ ဖေဖော်ဝါရီအထိ ဖြစ်ပါတယ်။ ဒီအချိန်တွေမှာတော့ ဒီရွာလေးမှာ ခရီးသွားဧည့်သည်တွေ တိုးမပေါက်အောင် စည်ကားပါတယ်။

ဒီရွာလေးကတော့ ထိုင်းနိုင်ငံရဲ့ အလှဆုံးရွာစာရင်းထဲမှာ တစ်ရွာအပါအဝင်ဖြစ်တာမို့ ချင်းမိုင်ရောက်လို့ပဲဖြစ်ဖြစ်၊ ထိုင်းနိုင်ငံကိုပြောင်းရွှေ့လာလို့ပဲဖြစ်ဖြစ် အချ်ိန်ရရင် သွားရောက်လည်ပတ်လို့ကောင်းတဲ့ နေရာလေးဖြစ်တာမို့ ချင်းမိုင်ရောက်ခဲ့ရင် သွားရောက် လည်ပတ်ဖို့ Amazing Siam Lotus မှ ဖိတ်ခေါ်လိုက်ရပါတယ်။

🪷Complete your travel plan with 🪷Amazing Siam Lotus Travel.

Contact us:
Amazing Siam Lotus Co.,Ltd(Thailand)
Amazing Siam Lotus Travel
( Thailand Tour License : 21/01259 )
Viber : +959 250150150
📲Ph : +669-350-2100-7 ( Thai)
📲Ph: +668-104-1433-1 (Thai)
Line ID : oohnmar77
Email :[email protected]
www.amazingsiamlotus.com

🇹🇭 ချင်းမိုင် နှင့် ဘန်ကောက်မှာ လည်မယ်ဆို Amazing Siam Lotus ကို ဆက်သွယ်ပါ။ ✴️မြို့တွင်း / မြို့ပြင် ခရီးစဉ်များအတွက် ခရ...
11/01/2025

🇹🇭 ချင်းမိုင် နှင့် ဘန်ကောက်မှာ လည်မယ်ဆို Amazing Siam Lotus ကို ဆက်သွယ်ပါ။

✴️မြို့တွင်း / မြို့ပြင် ခရီးစဉ်များအတွက် ခရီးနီးနီး ဝေးဝေး အသုံးပြုဖို့ ကားအငှါးဝန်ဆောင်မှုများကိုမှာ ရယူနိုင်ပါပြီ။

🚙 4 seaters SUV
🚗 7 Seaters SUV
🚘 9 seaters VAN
🚙 12 seaters VAN တို့ကို လမ်းကြောင်းကျွမ်းကျင်ပြီး စိတ်ချရတဲ့ ယာဉ်မောင်းများဖြင့် သွားလိုတဲ့ ခရီးစဉ်များအလိုက် လည်ပတ်ဖို့ စီစဉ်ပေးပါတယ်။

♦️♦️စိတ်အေးသက်သာစွာ ခရီးသွားချင်သူများအတွက်လည်း Readymade Packages , Customized Packages စသည့် ခရီးစဉ်များကိုလည်း ၂ ယောက်မှစ၍ စီစဉ်ပေးပါတယ်။

✴️ဘန်ကောက်နှင့် ပတ်ဝန်းကျင် ခရီးစဉ်များ-
✅Bangkok-Pattaya
✅Bangkok-Khao Yai
✅Bangkok-Ayutthaya
✅Bangkok-Kanchanaburi
✅Bangkok-Hua Hin
✅Bangkok - Phuket

✴️ချင်းမိုင်နှင့် ပတ်ဝန်းကျင် ခရီးစဉ်များ-
✅Chiang Mai City & Around
✅Chiang Mai - Mae Kangpaung
✅Chiang Mai - Mon Jam
✅Chiang Mai - Chiang Rai - Maesai
✅Chiang Mai - Pai
✅Chiang Mai - Mae Hong Son
✅Chiang Mai - Chiang Dao
✅Chiang Mai - Lampang - Lampung

❤️Amazing Siam Lotus မှာ ကားပဲငှါးငှါး- ခရီးစဉ်လိုက်ပဲ သွားသွား…ဧည့်သည်များရဲ့ လည်ပတ်ချင်တဲ့ နေရာတွေကို စိတ်တိုင်းကျ စီစဉ်ဆောင်ရွက်ပေးနေပါတယ်။

🪷Complete your travel plan with Amazing Siam Lotus Travel.

Contact us: ☎️
Amazing Siam Lotus Co.,Ltd(Thailand)
Amazing Siam Lotus Travel
( Thailand Tour License : 21/01259 )
Viber : +959 250150150
Ph : +669-350-2100-7 ( Thai)
Ph: +668-104-1433-1 (Thai)
Line ID : oohnmar77
Email :[email protected]
www.amazingsiamlotus.com







08/01/2025

ပုဂံက မဟာဗောဓိဘုရားနှင့်ပုံစံတူ တည်ဆောက်ထားတဲ့ ချင်းမိုင်က စေတီတစ်ဆူ အကြောင်း

#ပုဂံ

ချင်းမိုင်ရဲ့ လူသိနည်းသေးပြီး လည်ပတ်သင့်တဲ့ နေရာလေးတစ်ခုပုဂံက မဟာဗောဓိဘုရားပုံစံတူ တည်ဆောက်ထားတဲ့Wat Chet Yot ဒါမှမဟုတ် ...
08/01/2025

ချင်းမိုင်ရဲ့ လူသိနည်းသေးပြီး လည်ပတ်သင့်တဲ့ နေရာလေးတစ်ခု

ပုဂံက မဟာဗောဓိဘုရားပုံစံတူ တည်ဆောက်ထားတဲ့
Wat Chet Yot ဒါမှမဟုတ် Wat Jed Yod လို့ အမည်ရတဲ့ ဒီစေတီတော်က ချင်းမိုင်မြို့ရဲ့ ရှေးဟောင်း ကျောင်းတော်တွေထဲက တစ်ခုဖြစ်ပါတယ်။ မြန်မာလို ဗောဓာရာမ မဟာဝိဟာရ; ပါဠိ: Bodhārāma Mahāvihāra လို့ ခေါ်တွင်ပြီး ၁၄၅၅ စီအီးတွင် တီလိုကာရတ်ဘုရင်(Tilokarat) က မြန်မာနိုင်ငံ ပုဂံမြို့သို့ ဘုန်းတော်ကြီးများ စေလွှတ်ပြီး ဗုဒ္ဓဂါယာမှ မဟာဗောဓိကျောင်းတော်ပုံစံ တည်ထားခဲ့တဲ့ မဟာဗောဓိ စေတီ၏ ဒီဇိုင်းကို လေ့လာစေကာ ချင်းမိုင်မြို့မှာ ပြန်လည် တည်ဆောက်ခဲ့ပါတယ်။ ဒါကြောင့် ထိုင်းလက်ရာတွေနဲ့ မတူတဲ့ လက်ရာတွေကို တွေ့ရာမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဂါယာရောက်သွားသလို ပုဂံကိုပြန် ရောက်သွားသလို ခံစားရမှာပါ။
နောက်ပိုင်းမှာ မြွေနှစ်တွင် မွေးဖွားသည့် ဘုရားဖူးသူများ အဓိကလာရောက်ကြသည့် နေရာဖြစ်လာပါတယ်။ ဒီနှစ်က တရုတ်ပြက္ခဒိန်အရ မြွေနှစ်ဖြစ်တဲ့အတွက် ဒီနှစ်အတွင်းမှာ ဆုတောင်းချင်သူများလည်း လာရောက်လည်ပတ်လို့ ရပါတယ်။
ဒီစေတီဝန်းထဲမှာ သတ္တဌာန (၇)ဌာနကို ရည်စူးပြီး တည်ထားတဲ့ နေရာတွေကိုလည်း ဖူးမျှော်နိုင်ပါတယ်။ Tourist တွေ လာရောက်လည်ပတ်တာနည်းပြီး အေးဆေး တရားထိုင်ပြီး စိတ်ငြိမ်းချမ်းမှုရရှိချင်သူတွေ ကျန်းမာရေးအတွက် ‌အထောက်အပံ့ဖြစ်အောင် ညောင်ထောက်ချင်သူတွေကိုလည်း တွေ့ရမှာပါ။

ဒီစေတီတော်ကို မနက် ၇နာရီကနေ ညနေ ၆ နာရီထိ ဖွင့်လှစ်ပါတယ်။ ဝင်ကြေးအခမဲ့ ဖြစ်ပါတယ်။ နှစ်သစ်ကူး အားလပ်ရက်တွေမှာ အေးဆေးလေး အနားယူရင်း ကုသိုလ်ယူချင်သူများအတွက် ချင်းမိုင်ရဲ့ လူသိနည်းသေးပြီး လည်ပတ်သင့်တဲ့ နေရာလေး တစ်ခုအနေနဲ့ တင်ပြလိုက်ရပါတယ်။


✴️01 Jan 2025 မှစ၍ Online System ပြောင်းလဲလိုက်သော Thailand ပြည်ဝင်ခွင့် E-Visa လျှောက်ထားရန် လမ်းညွှန်နှင့် သိထားသင့်တဲ...
05/01/2025

✴️01 Jan 2025 မှစ၍ Online System ပြောင်းလဲလိုက်သော Thailand ပြည်ဝင်ခွင့် E-Visa လျှောက်ထားရန် လမ်းညွှန်နှင့် သိထားသင့်တဲ့ အချက်များကို မျှဝေပေးချင်ပါတယ်

✅ 14 Days Free Visa များကတော့ အပြောင်းအလဲ မရှိတဲ့အတွက် မြန်မာနိုင်ငံသားတွေ အနေနဲ့ လေကြောင်းလိုင်းဖြင့် ဝင်ရောက်ပါက ၁၄ရက် Visa Free နဲ့ ဆက်လက် ဝင်ရောက်နိုင်ပါတယ်။

✅Tourist Visa - ရက် ၆၀ နေထိုင်ခွင့်ရတဲ့ (TR Visa) များကိုတော့ သံရုံးမှာ သွားလျှောက်စရာမလိုတော့ပဲ online မှ Evisa လျှောက်ထားရမှာ ဖြစ်ပြီး လိုအပ်တဲ့ စာရွက်စာတမ်းများကိုလည်း Online မှ တဆင့် ပေးပို့လျှောက်ထားရန် လိုအပ်ပါတယ်။

✴️E-Visa ကိုယ်တိုင် လျှောက်ထားဖို့ လိုအပ်တဲ့ Step by Sept အချက်တွေ ပြောပြပေးပါမယ်။

1️⃣𝐂𝐫𝐞𝐚𝐭𝐞 𝐚𝐧 𝐀𝐜𝐜𝐨𝐮𝐧𝐭

ပထမဦးဆုံးအနေနဲ့ www.thaievisa.go.th မှာ မိမိ email နဲ့ Log in လုပ်နိုင်ဖို့ Account တစ်ခု create လုပ်ရမှာ ဖြစ်ပါတယ်။

Individual ကို ရွေးချယ်ပြီး Tag ကို ရွေးချယ်ပြီး အောက်ကအချက်အလက်တွေကို Eng လို ဖြည့်သွင်းဖို့လိုပါမယ်။

First Name / Family Name : မိမိ နာမည် (လျှောက်လွှာတင်မယ့် သူရဲ့ နာမည်ပါ။ လျှောက်ထားသူနဲ့ မတူလည်းရပါတယ်။)
Nationality : Myanmar
Contact No. : ဖုန်းနံပါတ်
Email: email address (Verification ပေးပို့မှာမလို့ မိမိ လက်ရှိအသုံးပြုနေသော email ကိုသာ ဖြည့်သင့်ပါတယ်။)
Password : (အနည်းဆုံး a-z အက္ခရာ 8 လုံးရှိရမှာ ဖြစ်ပြီး စာလုံးကြီးတစ်လုံးနဲ့ နံပါတ်တစ်လုံး အနည်းဆုံးပါရှိရပါမယ်။)
ပြီးရင် Terms & conditions ကို Agree လုပ်ဖို့ Check box ကို click လုပ်ပါ။

အောက်မှာပေါ်လာတဲ့ ပုံလေးကို မှန်က ဖြည့်ပြီး “Create Account “ ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရင် Account ဖွင့်လို့ ပြီးပါပြီ။

Email ထဲကို Verification email ရရှိလာပြီဆိုရင် Account Create တဲ့ Process ပြီးသွားပါပြီ။

𝘄𝘄𝘄.𝘁𝗵𝗮𝗶𝗲𝘃𝗶𝘀𝗮.𝗴𝗼.𝘁𝗵 ဒီWebsite မှာပဲ Account Log in ပြန်ဝင်ပြီး ဒုတိယအဆင့်ကို ရောက်ပါမယ်။

2️⃣ F𝐢𝐥𝐥 𝐢𝐧 𝐚𝐧 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 F𝐨𝐫𝐦
ဒီအဆင့်ကတော့ E-visa အတွက် လျှောက်လွှာတင်ရမယ့် အဆင့်ပါ။
Log in ဝင်ပြီးတာ နဲ့ Apply for New Visa button ကို နှိပ်ပြီး information တွေ စပြီးဖြည့်သွင်းလို့ရပါပြီ။

2.1 𝑪𝒉𝒆𝒄𝒌 𝑬𝒍𝒊𝒈𝒊𝒃𝒊𝒍𝒊𝒕𝒚
Country/Territory issuing travel document : Passport ထုတ်ပေးထားတဲ့ နိုင်ငံ
Current Location : ခုရောက်ရှိနေတဲ့ နေရာ
Apply at: Royal Thai Embassy , Yangon (‌လျှောက်ထားမယ့် နိုင်ငံ)

2.2 𝑷𝒖𝒓𝒑𝒐𝒔𝒆 𝒐f 𝑽𝒊𝒔𝒊𝒕
Passport Type : PV/PE
Visa Type : TR
Purpose of Visit: Visit
Number of Entries: Single / Multiple
တို့ကို ဖြည့်သွင်းရပါမယ်။

3️⃣𝐀𝐩𝐩𝐥𝐢𝐜𝐚𝐧𝐭 𝐈𝐧f𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

3.1 Upload your biodata page of passport
မိမိ passport ရဲ့ ဓါတ်ပုံပါတဲ့ စာမျက်နှာကို upload လုပ်ပေးရပါမယ်။

3.2 Upload your photograph
ဓါတ်ပုံကို upload လုပ်ပေးရပါမယ်။

3.3 Fill your information
Personal information တွေ ဖြည့်သွင်းပေးရပါမယ်။

✴️ဒီနေရာမှာ သတိထားရမှာက နာမည် ဖြည့်သွင်းတဲ့အခါ မြန်မာလူမျိုးတွေမှာ Last Name မရှိတဲ့အတွက် First Name အကွက်ထဲမှာပဲ နာမည် အပြည့်အစုံကို ထည့်သွင်းပေးဖို့ သံရုံးက မှာကြားထားပါတယ်။

📕Travel Document
Passport ရဲ့ information တွေ ဖြည့်သွင်းရပါမယ်။ Passport ရဲ့ Validity က ထိုင်းနိုင်ငံကို ခရီးသွားပြီး ခရီးက ပြန်ရောက်မယ့် နေ့အထိ သက်တမ်း ၆ လရှိနေရပါမယ်။ မရှိနေပါက Visa Reject ဖြစ်နိုင်ပါတယ်။

🏡Address Information
Employment Details တွေ ဖြည့်သွင်းရပါမယ်။ ပြီးရင် Save လုပ်ထားပြီး နောက် Page ကို ရောက်ပါပြီ။

4️⃣Travel Information မှာတော့ သွားရောက် လည်ပတ်မယ့်နဲ့ တည်းခိုမယ့် နေရာ စတာတွေ ဖြည့်သွင်းရပါမယ်။

5️⃣Supporting Documents မှာတော့ Air Tickets booking & Hotel Booking တွေကို upload လုပ်ရပါမယ်။

ဒီမှာ Save လိုက်ပြီ ဆိုရင် Application process ပြီးသွားပါပြီ။

6️⃣Application ကို submit လုပ်လိုက်ပြီဆိုရင် Email ထဲကို Payment အတွက် QR Code လေး ရောက်လာပါလိမ့်မယ်။

7️⃣Appointment for Payment

www.thaiconsularyangon.com/evisapay မှာ ငွေပေးချေဖို့အတွက် စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။ E-Visa System က ရလာတဲ့ QR code ထဲမှာ ပါရှိတဲ့ payment info summary မှ Request Number နဲ့ Appointment လျှောက်ထားရမှာ ဖြစ်ပါတယ်။

8️⃣Payment at Royal Thai Embassy Yangon

ထိုင်းသံရုံးမှာ ချိန်းဆိုထားတဲ့ Appointment ရရှိတဲ့နေ့ ထိုင်းသံရုံးမှာ ငွေသွားသွင်းတဲ့အခါ ပေးသွင်းရတဲ့ -

8.1 Appointment နှင့် Application QR ကို Print ထုတ်ပြီး ယူသွားပါ။

8.2 ပေးသွင်းရမယ့် ဗီဇာကြေး USD အကို အစွန်းအထင်း အနာအဆာ သေချာ စစ်ပြီးမှ ယူသွားပါ။

8.3 လျှောက်ထားသူနာမည်ပါတဲ့ Bank Statement ( သိန်း ၂၀ အထက်) ကို Bank Manager Signature နဲ့ ဘဏ်မှာ တောင်းယူပြီး ယူသွားရန်လိုပါတယ်။

✴️ငွေသွင်းပြီးရင်တော့ Visa လျှောက်လွှာတင်ခဲ့တဲ့ Website မှာ E-Visa ကို သွားရောက်ပြီး Download လုပ်ယူလို့ ရရှိပါပြီ။

9️⃣Visiting Thailand

ထိုင်းနိုင်ငံထဲကို ဝင်ရောက်တဲ့အခါမှာ အခု ရရှိထားတဲ့ E-Visa ကို Print out ထုတ်ပြီး မိမိ passport စာအုပ်နဲ့ တွဲကာ တင်ပြပေးရမှာ ဖြစ်ပါတယ်။

✴️အခု ဖော်ပြထားတဲ့ Step by Step Guide လေးက အားလုံးအတွက် အကျိုးရှိပြီး အဆင်ပြေကြဖို့ မျှော်လင့်ပါတယ်။

မှတ်ချက်။ ။ အခု ဖော်ပြထားတဲ့ အချက်တွေက ရန်ကုန်မှ ထိုင်း သံရုံးမှာ လျှောက်ထားတဲ့ E-Visa အတွက်ပဲ အကျုံးဝင်ပါတယ်။

✴️ကိုယ်တိုင်လျှောက်ရမှာ အခက်အခဲရှိသူများနဲ့ စိတ်ရှုပ်မခံချင်သူများအတွက်လည်း Amazing Siam Lotus Travel မှာ Thailand TR E-Visa အတွက် One Stop Service ရှိပါတယ်။

✅Online application မှာ အချက်အလက်များ တင်ပေးပြီး သံရုံးမှာ ငွေသွင်းပြီးတဲ့အထိ တာဝန်ယူပေးမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းများကိုတော့ လျှောက်ထားသူဘက်မှ တင်ပြပေးရမှာဖြစ်ပါတယ်။

✅Thailand TR E-Visa လျှောက်ထားဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ကျွန်မတို့ FB Messenger မှ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

# ✴️

02/01/2025

နှစ်တနှစ်ရဲ့အစ ဇန်နဝါရီမှာ ချင်းမိုင်မှာ လည်ပတ်သင့်တဲ့နေရာများ

MAI မှ ရန်ကုန်-ချင်းမိုင်-ရန်ကုန် ခရီးစဥ် ထပ်တိုးပြေးဆွဲပါမယ်။ 07 Jan 2025 မှ စတင်ပြီး အပတ်စဥ် Tue, Wed, Thurs, Sat တို့...
02/01/2025

MAI မှ ရန်ကုန်-ချင်းမိုင်-ရန်ကုန် ခရီးစဥ် ထပ်တိုးပြေးဆွဲပါမယ်။

07 Jan 2025 မှ စတင်ပြီး အပတ်စဥ် Tue, Wed, Thurs, Sat တို့မှာ MAI လေကြောင်းလိုင်းမှ ချင်းမိုင်သို့ တပတ်လျှင် လေးကြိမ် ပြေးဆွဲတော့မှာ ဖြစ်ပါမယ်။

လေယာဥ်လက်မှတ်များ ကြိုတင်ဝယ်ယူချင်တယ်ဆိုရင် စိတ်ချရတဲ့ Amazing Siam Lotus Travel ကို ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။





Complete your travel plan with Amazing Siam Lotus Travel.

Contact us: ☎️
Amazing Siam Lotus Co.,Ltd(Thailand)
Amazing Siam Lotus Travel
(Thailand Tour License : 21/01259 )
Viber : +959 250150150
Ph : +669-350-2100-7 , +668-1041-4331
Line ID : oohnmar77
Email :[email protected]
www.amazingsiamlotus.com

31/12/2024

ပိုမိုကောင်းမွန်တဲ့ နှစ်သစ်ကို အတူတူ ဖြတ်သန်းကြရအောင် …

မျှော်လင့်ချက်တွေ ပြီးပြည့်စုံပြီး ပျော်ရွှင်ခြင်းတွေ သယ်ဆောင်လာတဲ့ နှစ်သစ်မင်္ဂလာ ဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်

Happy New Year 2025

နှစ်သစ်ကူးအတွက် ဘယ်သွားရင် ကောင်းမလဲ ကြိုပြီး စီစဥ်ပြီးကြပြီလား။ ဒီနေရာလေးတွေမှာ သွားပြီး နှစ်သစ်ကူးကို ကြိုဆိုဖို့ လက်တ...
30/12/2024

နှစ်သစ်ကူးအတွက် ဘယ်သွားရင် ကောင်းမလဲ ကြိုပြီး စီစဥ်ပြီးကြပြီလား။ ဒီနေရာလေးတွေမှာ သွားပြီး နှစ်သစ်ကူးကို ကြိုဆိုဖို့ လက်တို့လိုက်ပါတယ်။

1. Thae Pae Gate
ချင်းမိုင်ရဲ့ Iconic Landmark ဖြစ်တဲ့ Thae Pae Gate က ချင်းမိုင်ရဲ့ New Year Count Down အတွက် အစည်ကားဆုံးနေရာပါ။ ညနေ ငါးနာရီလောက်ကစပြီး လမ်းတွေကို ပိတ်ထားမှာ ဖြစ်လို့ စောစော သွားဖို့တော့ လိုပါမယ်နော်။ ဂီတဖျော်ဖြေပွဲတွေ၊ အစားသောက်တန်းတွေ နဲ့ စည်ကားနေမှာပါ၊ New Year Count Down အပြီးမှာ မီးရှူးမီးပန်းတွေလွှတ်တင်တဲ့အတွက် New Year အထိ စောင့်ပြီး 2025 ကို ကြိုဆိုလို့ ရပါတယ်။

2. Nawarat Bridge or Charoen Bridge

Ping River တလျှောက်က စားသောက်ဆိုင်တွေ ထိုင်ရင်းလည်း နှစ်သစ်ကူးပွဲကို ဆင်နွှဲလို့ရပါတယ်။ Nawarat တံတားနဲ့ Charoen တံတားတို့မှာလည်း Count Down တွေ ပြုလုပ်ကြရင်း မီးရှူးမီးပန်းတွေရဲ့ အလှကို ခံစားရင် New Year ကို ကြိုဆိုလို့ရပါတယ်။
3. One Nimman
ညဘက်တွေမှာ အမြဲစည်ကားတဲ့ One Nimman မှာလည်း New Year Count Down ကို ပြုလုပ်မှာဖြစ်ပြီး New Year မှာ မီးရှုးအလှများနဲ့ ကြိုဆိုကြမှာဆိုတော့ international food တွေ မြည်းစမ်းကြရင်း နှစ်သစ်ကူးမယ်ဆိုရင်တော့ One Nimman ကို ရွေးချယ်လို့ရပါတယ်။

ခု ဖော်ပြခဲ့တာတွေကတော့ ဝင်ကြေးတွေ ပေးစရာမလိုဘဲ ဝင်ရောက် ဆင်နွှဲလို့ရမယ့် နေရာလေးတွေပါ။ ဒါတွေအပြင် တချို့ဟိုတယ်တွေမှာ New Year Party တွေရှိမှာ ဖြစ်ပြီး ဝင်ကြေးနဲ့ ပြုလုပ်တဲ့ New Year Party တွေလည်း ရှိပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် မကြာခင် ရောက်ရှိတော့မယ့် နှစ်သစ်ကို ဘေးအန္တရာယ်ကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင် ကြိုဆိုကြစို့နော်။

မနက်ဖြန် သောကြာနေ့မှာ သွားဖို့ နေရာလေး ညွှန်းပေးမယ်။ ချင်းမိုင်မှာ ရောက်တာကြာတဲ့ အမျိုးတို့ Friday Mornings Yunnan Marke...
26/12/2024

မနက်ဖြန် သောကြာနေ့မှာ သွားဖို့ နေရာလေး ညွှန်းပေးမယ်။

ချင်းမိုင်မှာ ရောက်တာကြာတဲ့ အမျိုးတို့ Friday Mornings Yunnan Market ကို ရောက်ပြီးကြပြီလား။

ဒီဈေးက သောကြာနေ့ တစ်ရက်ပဲ ရှိပြီး မနက်ခင်း ၆ နာရီလောက်ကနေ ၁၁ နာရီလောက်ထိ ဝယ်လို့ကောင်းပါတယ် ။နေ့လည် ၁၂ လောက်ဆိုရင်တော့ ဈေးကွဲပြီး ပြန်ဖို့ သိမ်းဆည်းနေကြပါပြီ။ဈေးကတော့ စောစောသွားလေ စုံလေပါပဲရှင်။

"သောကြာဈေး " ၊"ယူနမ်ဈေး" လို့လည်း ခေါ်တဲ့ ဒီဈေးနေ့မှာ တရုတ်ပြည် ယူနန်ဘက်က ဒေသထွက် အစားအစာခြောက်ခြမ်းတွေ တရုတ်ဟင်းခတ်အမွှေးအကြိုင်မျိုးစုံ ၊အသားခြောက် တွေ ၊ လတ်ဆတ်တဲ့ အသားမခြောက်တခြောက်တွေ၊ မြန်မာပြည်က အခြောက်အခြမ်းတွေကို ဖောက်သည်စျေးနဲ့ရောင်းချပါတယ်။

အရမ်းကို လတ်ဆတ်တဲ့ ရာသီပေါ်ဟင်းသီးဟင်းရွက်တွေ ၊ မြန်မာပြည်အလွမ်းပြေ ဟင်းရွက်တွေကိုလည်း ဈေးသက်သက်သာသာနဲ့ ဝယ်လို့ရပါတယ်။ အသီးအနှံ မျိုးစုံနဲ့ အိမ်အလွမ်းပြေဝယ်ဖို့ တို့ဖူးကနေ နံပြားအထိ စုံစိနေလို့ အိတ်ကြီးကြီးသာယူသွားပါ။

ရှမ်းခေါက်ဆွဲ၊ တို့ဖူးနွေးတို့ကိုလည်း စတိုင်အမျိုးမျိုး အရသာအမျိုးမျိုးနဲ့ ရောင်းချကြပါတယ်။

ခုအချိန် ရာသီဥတုလေးကလည်း အေးနေတော့ တကယ့်ကို ကလောပြန်ရောက်နေသလို ခံစားရလို့ ကိုယ်တွေကတော့ #ချင်းမိုင်မြို့ကလောဈေး ဆိုပြီး နာမည်တိတ်တိတ်ပေးထားလိုက်တယ် ။

မနက်ဖြန်က သောကြာနေ့ ဆိုတော့ မြူတွေကြားက ကလောမြို့လေးရဲ့အလွမ်းပြေ - သောကြာမနက်ခင်းဈေးသွားပြီး တို့ဖူးနွေးစားရင်း အသီးအရွက်တွေလည်း ဝယ်လို့ရအောင်လို့ လက်တို့လိုက်ပါတယ်။

Location :
https://maps.app.goo.gl/s4N3QVQFV84xS1LEA?g_st=com.google.maps.preview.copy






Complete your travel plan with Amazing Siam Lotus Travel.

Contact us: ☎️
Amazing Siam Lotus Co.,Ltd(Thailand)
Amazing Siam Lotus Travel
( Thailand Tour License : 21/01259 )
Viber : +959 250150150
Ph : +669-350-2100-7 , +668-1041-4331

Line ID : oohnmar77
Email :[email protected]
www.amazingsiamlotus.com

www.amazingsiamlotus.com

🚘 ၃ဦး ရှိရုံနဲ့ သက်သက်သာသာ ခရီးထွက်လို့ ရပါပြီ။ 🇹🇭 ချင်းမိုင်နဲ့ ဘန်ကောက်မြို့ဝန်းကျင်က အရောင်းရဆုံး Day Return Trip pri...
23/12/2024

🚘 ၃ဦး ရှိရုံနဲ့ သက်သက်သာသာ ခရီးထွက်လို့ ရပါပြီ။

🇹🇭 ချင်းမိုင်နဲ့ ဘန်ကောက်မြို့ဝန်းကျင်က အရောင်းရဆုံး Day Return Trip private tour စိတ်တိုင်းကျ ရွေးချယ်ဖို့ မိတ်ဆက်ပေးပါရစေ။

🤩 ခုဖော်ပြထားတဲ့ ခရီးစဉ်တစ်ခုမှာ ခရီးသည် ၃ဦးပါဝင်တဲ့ စျေးနှုန်းများဖြစ်ပါတယ်။ လည်ပတ်မယ့်သူအလိုက်လည်း ခရီးစဥ်စျေးနှုန်းများကို ဆက်သွယ်စုံစမ်းလို့ရပါတယ်နော်။

♦️ စိတ်အေးသက်သာစွာ ခရီးသွားချင်သူများအတွက်လည်း Readymade Packages , Customized Packages စသည့် ခရီးစဉ်များကိုလည်း ၂ဦးမှစ၍ စီစဉ်ပေးပါတယ်။

✅ မိသားစု အလည်ခရီးစဥ်များ ၊
✅ မိသားစု ဆွေမျိုးများ ပြန်လည်တွေ့ဆုံမယ့် ခရီးစဥ်များ၊
✅ သူငယ်ချင်းတွေနဲ့ တူတူလည်မယ့် ခရီးစဥ်များ၊
✅ Honeymoon Trip များ၊
✅ Senior Group များ ၊
✅ ကျောင်း နဲ့ ရုံးအဖွဲ့အစည်းများရဲ့ Retreat Program များ စတဲ့ မတူညီတဲ့ ခရီးစဉ်လိုအပ်ချက်တွေကို စိတ်တိုင်းကျ အကြံပေးပြီး စီစဥ်ပေးနေတာကြောင့် ဘန်ကောက်နဲ့ ချင်းမိုင်ကိုဆို 🪷Amazing Siam Lotus ကို သတိရပေးပါရှင့်။

🪷Complete your travel plan with Amazing Siam Lotus Travel.
Contact us: ☎️
Amazing Siam Lotus Co.,Ltd(Thailand)
Amazing Siam Lotus Travel
( Thailand Tour License : 21/01259 )
Viber : +959 250150150
Ph : +669-350-2100-7 ( Thai)
Line ID : oohnmar77
Email :[email protected]
www.amazingsiamlotus.com

#ထိုင်း

ที่อยู่

Chiang Mai
50200

เบอร์โทรศัพท์

+66935021007

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Amazing Siam Lotus Travelผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Amazing Siam Lotus Travel:

วิดีโอทั้งหมด

แชร์