Joy’s Journey One stop service for the people who want to visit or relocate to Chiang Mai

ချင်းမိုင် ကွန်ဒိုအရောင်း📍 The Living Hill 2 CondoFully Furnished and Ready to move in🔥 Price only 1.79 million baht 🔥ကိ...
04/01/2025

ချင်းမိုင် ကွန်ဒိုအရောင်း

📍 The Living Hill 2 Condo
Fully Furnished and Ready to move in

🔥 Price only 1.79 million baht 🔥

ကိုယ်တိုင်နေဖို့အတွက်ဖြစ်စေ ပြန်အငှားချထားဖို့ဖြစ်စေသင့်တော်တဲ့အခန်းလေးပါဗျ အငှားတင်ရင် တစ်လကို ၁၀၀၀၀-၁၂၀၀၀ ဝန်းကျင်ရနိုင်ပါတယ်ဗျ

တတိယထပ်က Garden View အခန်းလေးပါ
၃၀ sq.meter (၃၂၃ sq.feet) ကျယ်ပြီး
အိပ်ခန်းတစ်ခန်း ရေချိုးခန်းအိမ်သာတွဲလျက်တစ်ခန်းနဲ့ ဝရန်တာပါပါတယ်

အခန်းထဲပါဝင်တဲ့ပစ္စည်းတွေကတော့
🆓 Washing machine
🆓 Large air conditioner 12,000 BTU
🆓 Electric stove + hood
🆓 Water heater
🆓 2-door refrigerator
🆓 Microwave
🆓 Android TV တို့ဖြစ်တာမို့ တန်းနေ တန်းငှားလုပ်နိုင်ပါတယ်

ကွန်ဒိုထဲမှာ ကားပါကင်၊ ရေကူးကန်နဲ့ Gym လည်းရှိပါတယ်

အနီးဆုံးနေရာတွေက:
🚩 Tourist attractions: Baan Kang Wat, Lan Din - 2 km.
🚩 Chiang Mai University - 5 km.
🚩 Nimman Road - 5 km.
🚩 Central airport - 8 km.
🚩 Chiang Mai Airport - 11 km.

🎀 Price 1.79 million baht (transfer 50/50)

ကျွန်တော်တို့ဆီမှာ အခန်းကြည့် / အခန်းဝယ် agent fee ပေးဖို့မလိုပါဘူးခင်ဗျ
အခန်းဝယ်ယူရင် ဂဠုန်အနီစာရွက်နဲ့ ဝယ်သူနာမည်ပေါက်ရသည်အထိဆောင်ရွက်ပေးပါတယ်

အခန်းဝယ်ပြီး ချက်ချင်းပြန်ငှားချင်ရင်လည်း အိမ်ငှားရှာတင်ပေးပါတယ်ခင်ဗျ

စိတ်ဝင်စားတယ်ဆိုရင် Page Messenger ကနေဆက်သွယ်ပေးပါခင်ဗျ

#ချင်းမိုင် #ကွန်ဒို #အရောင်း

ပန်းတွေနဲ့ဝေတဲ့ချင်းမိုင်ကို လာရောက်လည်ပတ်ချင်တယ်ဆိုရင် ကျွန်တော်တို့ဆီမှာ ကားငှားလို့ရပါတယ်ခင်ဗျ ယာဉ်မောင်းနဲ့ဖြစ်စေ ကိ...
01/01/2025

ပန်းတွေနဲ့ဝေတဲ့ချင်းမိုင်ကို လာရောက်လည်ပတ်ချင်တယ်ဆိုရင် ကျွန်တော်တို့ဆီမှာ ကားငှားလို့ရပါတယ်ခင်ဗျ ယာဉ်မောင်းနဲ့ဖြစ်စေ ကိုယ်တိုင်မောင်းချင်လို့ပဲဖြစ်စေ ၄ ယောက်စီး ၆ ယောက်စီးကားများငှားရမ်းနိုင်ပြီး လည်ပတ်လိုတဲ့နေရာတွေကိုလည်း Tour Plan ဆွဲပေးပါတယ်ခင်ဗျ

မှာထားတဲ့သူတွေအတွက် ၂ ပါတ်အတွင်း ရန်ကုန်အရောက်ပို့လိုက်ပါပြီဗျ
30/12/2024

မှာထားတဲ့သူတွေအတွက် ၂ ပါတ်အတွင်း ရန်ကုန်အရောက်ပို့လိုက်ပါပြီဗျ

မယ့်ကဖောင်က အမဲသားခေါက်ဆွိုင်
30/12/2024

မယ့်ကဖောင်က အမဲသားခေါက်ဆွိုင်

ချင်းမိုင် ခြင်ချင်းမိုင်ရောက်ခါစက ဒီကခြင်တွေတွေ့တော့ တော်တော်လန့်သွားတာ နည်းတဲ့ကောင်ကြီးတွေမှမဟုတ်တာ ကိုယ်ကလည်းကလေးနဲ့ဆ...
29/12/2024

ချင်းမိုင် ခြင်

ချင်းမိုင်ရောက်ခါစက ဒီကခြင်တွေတွေ့တော့ တော်တော်လန့်သွားတာ နည်းတဲ့ကောင်ကြီးတွေမှမဟုတ်တာ ကိုယ်ကလည်းကလေးနဲ့ဆိုတော့ စိတ်ပူတာပေါ့ နေတာနည်းနည်းကြာပြီး အကြောင်းသိလာမှ ဒီကခြင်တွေကအေးရာအေးကြောင်းတွေ လူနားလာ ဟိုဝဲဒီဝဲလုပ်ပြီး ကိုက်ချင်မှကိုက်တာ တွေ့ရဲ့သားနဲ့ကိုယ့်မကိုက်ပဲပြန်ထွက်သွားလို့ ငါ့ကိုယ်နံ့များမကောင်းလို့လားလို့ သိမ်ငယ်ရသေးတယ် ပြီးတော့ဒီကလူတွေက ခြင်သိပ်မရိုက်ကြလို့လားမသိဘူး အဲ့ကောင်တွေကရိုက်လည်းမရှောင်တတ်ကြဘူး လက်နဲ့ရိုက်လည်းမိတာပဲ ရှိတာနဲ့ကောက်ရိုက်လည်းမိတာပဲ ခြေထောက်နားဝဲနေလို့ ဖနောင့်နဲ့ထပေါက်လည်းမိတာပဲ တခါတလေခြင်တွေ့တဲ့အချိန် လက်မအားရင် ခဏနေမှရိုက်တော့မယ်ဆိုပြီးထားလည်း ပြီးရင်မိတာပဲ ခြင်လည်းအေးရာအေးကြောင်း ကိုယ်လည်းအေးရာအေးကြောင်းဖြစ်လာတော့ ကိုယ့်ရဲ့ခြင်ရိုက်စကေးတွေပါကျလာတာသတိထားမိတယ် ခုနေမြန်မာနိုင်ငံပြန်ရမယ်ဆိုရင် ကိုယ့်စကေးနဲ့ မြန်မာခြင်နဲ့ပြန်တွေ့ရင်ကွိုင်လပ်ပြီငါ့ကောင်ပဲ😅😅😅
ပုံကတွေ့ရတဲ့ထဲက ဆိုဒ်အလတ်စား ခြင်ထီးပုံ

Mae Kampong Village မယ့်ကဖောင်ရွာလေး ချင်းမိုင်ကနေ တစ်နာရီကျော်ကျော်လောက်မောင်းရုံနဲ့ရောက်တဲ့နေရာလေးပေါ့ ရွာတစ်လျှောက်စမ...
28/12/2024

Mae Kampong Village
မယ့်ကဖောင်ရွာလေး ချင်းမိုင်ကနေ တစ်နာရီကျော်ကျော်လောက်မောင်းရုံနဲ့ရောက်တဲ့နေရာလေးပေါ့ ရွာတစ်လျှောက်စမ်းချောင်းလေးကလည်းပတ်စီးနေတော့ ရှုခင်းတွေကလည်းတအားလှပဲ
ခေါက်ဆွိုင်ဆိုတဲ့ထိုင်းမြောက်ပိုင်းအစားအစာလေးလည်း အဲ့ရွာမှာတအားမိုက်ပဲ အမဲသားပြားကြီးတွေနဲ့ဆွဲရတာ မြန်မာအုန်းနို့ခေါက်ဆွဲနဲ့ဆင်တယ်
Viewpoint ကကော်ဖီဆိုင်လေးမှာထိုင်ရင်း ရွာရှုခင်းနဲ့တောင်တွေနဲ့ နေဝင်ချိန်ဆို ပြန်မဆုံတော့တဲ့ ရည်းစားဟောင်းပါလွမ်းသွားမယ်

Relocation Planမြန်မာနိုင်ငံကနေ ခဏတာပဲထွက်ခွာအခြေချမယ်ကိစ္စတွေပြီးရင်တော့ မြန်မာနိုင်ငံပဲပြန်မယ်ဆိုတဲ့ သူတွေအတွက်တော့ ချ...
28/12/2024

Relocation Plan

မြန်မာနိုင်ငံကနေ ခဏတာပဲထွက်ခွာအခြေချမယ်
ကိစ္စတွေပြီးရင်တော့ မြန်မာနိုင်ငံပဲပြန်မယ်ဆိုတဲ့ သူတွေအတွက်တော့ ချင်းမိုင်ဟာ ထည့်သွင်းစဉ်းစားသင့်တဲ့မြို့တစ်မြို့ပါ ဆန်၊ဆီ၊မဆလာကအစ မြန်မာနိုင်ငံထွက်ပစ္စည်းတွေ စားသောက်ကုန်တွေ အလွယ်တကူဝယ်လို့ရပါတယ် ဘန်ကောက်ထက်လည်းဈေးကထက်ဝက်လောက်သက်သာပါတယ် ကလေးတွေအတွက် International school တွေလည်းများပါတယ် Bangkok Hospital အပါအဝင်ဆေးရုံဆေးခန်းတွေလည်းများပါတယ် ချင်းမိုင်ကိုပြောင်းရွှေ့အခြေချမယ်ဆိုရင်တော့ အောက်ကကျွန်တော်တို့ဝန်ဆောင်မှုပေးတဲ့ Plan လေးကိုဆက်ဖတ်ကြည့်ပေးကြပါ

နေဖို့ အိမ်/ကွန်ဒို
လုံးချင်းအိမ်ငှားလို့ရပါတယ် နေရာနဲ့ အိမ်အခြေအနေပေါ်မူတည်ပြီး ၈၀၀၀ ဝန်းကျင်ကစလို့ အစားစားရှိပါတယ် ကွန်ဒိုလည်းငှားနေလို့ရပါတယ် လုံးချင်းအိမ်ထက်ကျဉ်းသလို ဈေးကလည်း ၅၀၀၀/၆၀၀၀ ဝန်းကျင်ကစလို့ ၂ သောင်းကျော်ထိရှိပါတယ်
အများစုက တစ်နှစ်ချုပ် တစ်လချင်းပေးပါ
ကာလတို ၃လ ၆လ ငှားရင်ဈေးပိုများပါတယ်
ကာလတိုငှားပေးတဲ့ အခန်းလည်းနည်းပါတယ်
လုံးချင်းအိမ်ထဲက အခန်းပြန် share ပြီးငှားတာမျိုးလည်းရှိပါတယ်
ကွန်ဒို/အိမ်ဝယ်လို့ရပါတယ် အိမ်ဝယ်တာကတော့ ထိုင်းလူမျိုးတစ်ယောက်နဲ့တွဲဝယ်ရမှာပါ ကွန်ဒိုကတော့ ကိုယ့်အမည်ပေါက်ပိုင်ဆိုင်မှုရပါတယ် လုံးချင်းနေရတာကြိုက်တဲ့သူတချို့ကတော့ ကွန်ဒိုဝယ် ပြန်ငှားစားပြီး လုံးချင်းပြန်ငှားနေကြပါတယ်
အငှားရော အဝယ်ရော ကျွန်တော်တို့ဝန်ဆောင်မှုပေးပါတယ်

ကားအဝယ်/အငှား
ချင်းမိုင်မှာ public transportation နည်းပါတယ် အဲ့အတွက် ကား/ဆိုင်ကယ်ရှိထားမှ သွားရေးလာရေးအဆင်ပြေပါတယ် ကိုယ်တိုင်မောင်းလပြတ်နဲ့ငှားလို့ရသလို ကိုယ့်အမည်ပေါက်ဝယ်လို့လည်းရပါတယ် ကားshowroom တွေလိုက်ကြည့်ပြီးဝယ်လို့ရသလို marketplace ကနေရှာပြီးလည်းဝယ်လို့ရပါတယ် ကျွန်တော်တို့ဝန်ဆောင်မှုပေးပါတယ် ကားလိုက်စစ်ပေးပါတယ် အားသာချက်အားနည်းချက်တွေပြောပြပြီး ဈေးနှုန်းလည်းညှိနှိုင်းပေးပါတယ်

ကျန်းမာရေး
ဆေးခန်းပြဖို့ ဈေးသက်သာတဲ့နေရာတွေ ကိုယ်နေမယ့်နေရာနဲ့နီးတာတွေအကြံပြုပေးပါတယ် အစိုးရဆေးရုံမှာပြချင်တယ်ဆို စကားပြန်လိုပါတယ် ပုဂ္ဂလိကဆေးရုံတွေမှာပြချင်တယ်ဆိုဈေးကြီးပါတယ် ရေရှည်နေမယ့်သူတွေအတွက် ကျန်းမာရေးအာမခံရှိထားတာတော့ကောင်းပါတယ် ကျွန်တော်တို့ဝန်ဆောင်မှုပေးပါတယ်

ပညာရေး
International school တွေနဲ့ တက္ကသိုလ်တွေလည်းများတဲ့အတွက် ကလေးတွေရော လူငယ်တွေရော ပညာရေးအတွက်အခွင့်အလမ်းများပါတယ်

စီးပွားရေး
ဆိုင်/ဟိုတယ်/စားသောက်ဆိုင်စသဖြင့်ဖွင့်ချင်တဲ့သူတွေအတွက် Business Plan ရှိပါတယ် အဲ့ဒါကိုသက်သက်ပို့စ်တစ်ခုတင်ပေးပါမယ်

နေထိုင်ခွင့်/ဗီဇာ
ကျောင်းတက်မှာလား ကလေးကိုကျောင်းထားမှာလား ဒီတိုင်းလာနေမှာလား စီးပွားရေးလုပ်မှာလား ဆိုတဲ့အပေါ်မူတည်ပြီး ရွေးချယ်စရာလမ်းကြောင်းတွေရှိပါတယ် passport မပါပဲလာမယ့်သူတွေအတွက်လည်း တစ်နှစ်တစ်ခါ ပန်းရောင်ကတ်လျှောက်လို့ရပါတယ် ဒီနေထိုင်ခွင့်နဲ့ပတ်သက်တဲ့ဝန်ဆောင်မှုတော့ ကျွန်တော်တို့ မလုပ်ပေးနိုင်ပေမယ့် တိုင်ပင်အကြံပေးပြီး ဝန်ဆောင်မှုပေးတဲ့နေရာတွေကို လမ်းညွှန်ပေးနိုင်ပါတယ်

ချင်းမိုင်မြို့ဟာ March April လပိုင်းတွေမှာ တောင်ယာမီးရှို့တဲ့မီးခိုးတွေကျရောက်တတ်ပါတယ် တချို့နှစ်တွေမှာ ၂ ပါတ်ကနေ တချို့နှစ်တွေမှာ တစ်လ တစ်လခွဲထိကြာတတ်ပါတယ်
အရမ်းဆိုးတဲ့အချိန်တွေမှာ အပြင်သွားရင် Mask တပ်ရပါတယ် အိမ်တွင်းမှာ Air Purifier နဲ့နေရပါတယ် သက်ကြီးရွယ်အိုတွေနဲ့ အသက်ရှူလမ်းကြောင်းရောဂါအခံရှိသူတွေဟာ အဲ့ဒီအချိန်တွေမှာ တခြားမြို့ကိုခေတ္တရှောင်နေတတ်ကြပါတယ် ထည့်သွင်းစဉ်းစားရမယ့်အချက်ပါ

ကျွန်တော်တို့ကို အိမ်/ကွန်ဒို/ကား/ကျန်းမာရေးအာမခံ စသဖြင့် ဝန်ဆောင်မှုအပ်ရင် ဝန်ဆောင်ခပေးဖို့မလိုပါဘူးခင်ဗျာ

ကျွန်တော်တို့ဆီမှာ ဝန်ဆောင်မှုယူသည်ဖြစ်စေ မယူသည်ဖြစ်စေ အခမဲ့ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ခင်ဗျာ ကျေးဇူးတင်ပါတယ်

Hmong Doi Pui Vallageဒီကလူတွေကတော့ မုံးရွာလို့ အလွယ်ခေါ်ကြတယ်တောင်ပေါ်ရွာလေးပေါ့ Doi Suthep တောင်ပေါ်က ဘုရားသွားရင်းဝင်လ...
26/12/2024

Hmong Doi Pui Vallage
ဒီကလူတွေကတော့ မုံးရွာလို့ အလွယ်ခေါ်ကြတယ်
တောင်ပေါ်ရွာလေးပေါ့ Doi Suthep တောင်ပေါ်က ဘုရားသွားရင်းဝင်လည်လို့ကောင်းတဲ့ရွာထဲကတစ်ရွာပဲ ဈေးဆိုင်တန်းလေးတွေရှိတယ် ချင်းမိုင်အထည်ဆိုင်တွေရှိတယ် ဒေသထွက်ဝိုင်တွေလည်းရောင်းတယ် တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်အမြည်းဝင်သောက်ရင်တောင် တော်တော်ကောင်းတယ် ဒေသခံတွေရဲ့ ရိုးရာဝတ်စုံဝတ်ပြီးလည်း ဓါတ်ပုံရိုက်လို့ရတယ် တောင်စောင်းနေရာလေးမှာ ပန်းခင်းလေးလုပ်ထားတာရှိတယ် အဲ့နေရာတော့ဝင်ကြေးပေးရတယ် ဘတ်၂၀ ပဲ ရေတံခွန်သေးသေးလေးလည်းရှိတယ် တောင်ကုန်းထိပ်လေးမှာ ကော်ဖီဆိုင်လေးလည်းရှိတယ် ရွာရှုခင်းလေးကြည့်ပြီးထိုင်ရတာ ဇိမ်ပဲ
လာရင်တော့ ရောက်မှာပါ
ရောက်ရင်လည်း သွားကြဦး

ကားဝယ်ချင်ရင် အဓိကသိရမယ့်အချက်တွေ စစ်ဆေးရမယ့်အချက်တွေ ကိုယ့်ရပိုင်ခွင့်ထဲက ရောင်းချသူကိုပြန်တောင်းဆိုလို့ရမယ့်အချက်တွေအပ...
26/12/2024

ကားဝယ်ချင်ရင် အဓိကသိရမယ့်အချက်တွေ
စစ်ဆေးရမယ့်အချက်တွေ ကိုယ့်ရပိုင်ခွင့်ထဲက ရောင်းချသူကိုပြန်တောင်းဆိုလို့ရမယ့်အချက်တွေအပြင် ကားကိုအတွင်းအပြင် အရိုးအဆစ် တွေပါသေချာစစ်ဆေးပေးပြီး ဈေးလည်းလျှာအမြုပ်ထွက်အောင် နှစ်ဖက်ကျေနပ်သည်အထိဆစ်ပေးပါတယ်ဗျ 😄

ရန်ကုန်မှာ ပစ္စည်းပြတ်နေတယ်ကြားလို့ လူကြီးတွေအတွက် မှာချင်တဲ့သူရှိရင်ပြောနော်လူကြုံရရင်ထည့်ပေးလိုက်ပါမယ်
22/12/2024

ရန်ကုန်မှာ ပစ္စည်းပြတ်နေတယ်ကြားလို့
လူကြီးတွေအတွက် မှာချင်တဲ့သူရှိရင်ပြောနော်
လူကြုံရရင်ထည့်ပေးလိုက်ပါမယ်

FYI
21/12/2024

FYI

ချင်းမိုင်မှတဆင့်ဘန်ကောက်သွားမလားဘန်ကောက်ကိုပဲသီးသန့်သွားလည်မလားဘန်ကောက်မြို့တွင်းနဲ့ ဘန်ကောက်ဝန်းကျင်လည်ပတ်ဖို့ပဲဖြစ်ဖြ...
21/12/2024

ချင်းမိုင်မှတဆင့်ဘန်ကောက်သွားမလား
ဘန်ကောက်ကိုပဲသီးသန့်သွားလည်မလား
ဘန်ကောက်မြို့တွင်းနဲ့ ဘန်ကောက်ဝန်းကျင်
လည်ပတ်ဖို့ပဲဖြစ်ဖြစ်
လေဆိပ် ကားဂိတ် ရထားဘူတာ ကြို/ပို့ ပဲဖြစ်ဖြစ်
လိုအပ်ရင်ဆက်သွယ်လိုက်ပါ
ကျွန်တော်တို့ရဲ့ ဘန်ကောက်ကညီအကိုတွေက
ဝန်ဆောင်မှုပေးဖို့ အဆင်သင့်ပါပဲခင်ဗျာ

 #လုံးချင်းအိမ်အငှားThe Palm Garden 8 ထဲက နှစ်ထပ်တိုက်လေးပါအိပ်ခန်း ၃ခန်း ရေချိုးခန်း အိမ်သာ ၂ ခန်းပါပါတယ်ဆိုဖာ ဆက်တီ တီ...
19/12/2024

#လုံးချင်းအိမ်အငှား
The Palm Garden 8 ထဲက နှစ်ထပ်တိုက်လေးပါ
အိပ်ခန်း ၃ခန်း ရေချိုးခန်း အိမ်သာ ၂ ခန်းပါပါတယ်
ဆိုဖာ ဆက်တီ တီဗီ ရေခဲသေတ္တာ ဂတ်စ်မီးဖို
အဲကွန်း ၃ လုံးနဲ့ ရေပူစက်တစ်လုံးပါပါတယ်
တစ်နှစ်အငှားပဲလက်ခံပြီး တစ်လကို ဘတ်၁၂၀၀၀ ပါ deposit ၂ လစာပေးရပါမယ်
စုစုပေါင်း ၃၆၀၀၀ ဘတ်ပေးပြီး တက်နေလို့ရပါပြီ
အိမ်ယာဝင်းထဲမှာ ရေကူးကန်မပါပေမယ့်
The Palm Garden 5 မှာ ရေသွားကူးလို့ရပါတယ်
မီတာ ၄၀၀ သာသာပဲဝေးလို့ လမ်းလျှောက်သွားလို့ရပါတယ်
အိမ်ယာအနီးမှာ Fresh Market ရှိပြီး တစ်ပါတ်ကို ၃ ရက်ဈေးနေ့ပါ မြန်မာဆိုင်တွေပါရှိပါတယ် လမ်းထိပ်မှာ 7-Eleven နဲ့ Mini Big-C ရှိပါတယ်
Hang D**g Big-C နဲ့ Makro ကိုလည်း ၁၀ မိနစ်ခန့်ကားမောင်းရုံနဲ့ရောက်ပါတယ်
International School တွေနဲ့လည်းနီးပါတယ်ခင်ဗျ
အိမ်ကြည့်ချင်တယ်ဆိုရင် အနည်းဆုံး တစ်ရက်ကြိုတင်ချိန်းပေးပါခင်ဗျ အိမ်ငှားဘက်ကပွဲစားခပေးဖို့မလိုပါခင်ဗျ TM 30 free လုပ်ပေးပါတယ်ဗျ

ချင်းမိုင်မြို့မှာ လုံးချင်းနဲ့ကွန်ဒိုငှားချင်တယ်ဆို
စိတ်ဝင်စားတဲ့မြို့နယ်ကိုပြောပြီး စုံစမ်းလို့ရပါတယ်ခင်ဗျ
#ချင်းမိုင် #အိမ်အငှား #လုံးချင်းအိမ်ငှား

Wat Phra That Doi Kham တဲ့ မြန်မာတွေကတော့ စံပယ်ပန်းဘုရားလို့ခေါ်ကြတယ် ဘုရားကိုအသွား တောင်ပေါ်မတက်ခင်လမ်းမှာ စံပယ်ပန်းရော...
18/12/2024

Wat Phra That Doi Kham တဲ့ မြန်မာတွေကတော့ စံပယ်ပန်းဘုရားလို့ခေါ်ကြတယ် ဘုရားကိုအသွား တောင်ပေါ်မတက်ခင်လမ်းမှာ စံပယ်ပန်းရောင်းတဲ့ဆိုင်တွေလမ်းဘေးမှာတွေ့ရတယ် အများစုကပန်းအတုတွေရောင်းကြတာ ပန်းအစစ်ကဈေးပိုနည်းတယ် ဝယ်ရင်ပန်းအစစ်သာဝယ်
ဒီဘုရားကဆုတောင်းပြည့်တယ်ဆိုပြီးနာမည်ကြီးတယ် ထိုင်းတွေနဲ့မြန်မာတွေအလာများတယ် တောင်ပေါ်ရှုခင်းလည်းလှတော့ အဖြူတွေလည်းလာကြတယ် ဆုတောင်းပြည့်ဘုရားဆိုတဲ့အတိုင်းပဲ ဘုရားရှေ့ဆိုင်ခန်းတွေက ထီဆိုင်တွေချည်းပဲ 😅
ချငိးမိုင်ရောက်တုန်း ဘုရားဖူးကြမယ်ဆိုရင် မသွားမဖြစ်ဘုရားတွေထဲက တစ်ဆူပဲ

ချင်းမိုင်က Premium Outlet မှာ Brand တွေရော Export တွေရော Year End Sale နဲ့ ဈေးတွေချနေပါပြီဗျBuy one Get one တွေအပြင် ၂၀...
16/12/2024

ချင်းမိုင်က Premium Outlet မှာ Brand တွေရော Export တွေရော Year End Sale နဲ့ ဈေးတွေချနေပါပြီဗျ
Buy one Get one တွေအပြင် ၂၀% ကနေ ၈၀% လောက်ထိအမျိုးမျိုး ဈေးချနေကြပါတယ်
ဒီလကုန်အထိရှိမယ်ပြောပါတယ် ချင်းမိုင်ရောက်ရင် ဝင်ဖြစ်အောင် ဝင်ကြည့်လိုက်ကြပါဦး

ကျွန်တော်တို့ဆီမှာ လက်ရှိရယူနိုင်တဲ့ဝန်ဆောင်မှုတွေက✅ချင်းမိုင်နှင့်အနီးဝန်းကျင်မြို့များအထိလည်ပတ်ဖို့အတွက် ကားအငှားဝန်ဆေ...
15/12/2024

ကျွန်တော်တို့ဆီမှာ လက်ရှိရယူနိုင်တဲ့ဝန်ဆောင်မှုတွေက
✅ချင်းမိုင်နှင့်အနီးဝန်းကျင်မြို့များအထိလည်ပတ်ဖို့အတွက် ကားအငှားဝန်ဆောင်မှုရှိပါ
တယ် (ယာဉ်မောင်းအပါ နဲ့ ကိုယ်တိုင်မောင်း)
မြန်မာ - ထိုင်းယာဉ်မောင်းများနဲ့ ပို့ဆောင်ပေးပါတယ်

✅Tour Plan ဆွဲပေးပါတယ်

✅လေယာဉ်လက်မှတ်နဲ့ ဟိုတယ် booking လုပ်ပေးပါတယ်

✅ချင်းမိုင်မှာရှိတဲ့ ဘန်ကောက်ဆေးရုံကြီးမှာ ဆေးခန်းပြ ဆေးစစ်ချင်တယ်ဆိုရင်လည်း ချိတ်ဆက်ပြီး ဝန်ဆောင်မှုယူနိုင်ပါတယ်

✅ဘဏ်အကောင့်ဖွင့်ပေးပါတယ်

✅ယာဉ်မောင်းလိုင်စင်နဲ့ Resident Letter တို့ကို လိုက်ပါကူညီဆောင်ရွက်ပေးပါတယ်

✅ချင်းမိုင်မှာနေချင်သူတွေအတွက် လုံးချင်းအိမ် ကွန်ဒို အငှားဝန်ဆောင်မှုပေးပါတယ်

✅ကျန်းမာရေးအာမခံဝယ်ယူနိုင်ပါတယ်

✅ကွန်ဒိုဝယ်ယူတာ (နာမည်ပေါက်အပြီးအစီး)
ပြန်အငှားချတာ ဝန်ဆောင်မှုပေးပါတယ်

✅ကားဝယ်ချင်သူတွေအတွက် ကားအရောင်းပြခန်းတွေကို လိုက်ပို့ပေးပြီး ကားစစ်ဆေးတာ ဈေးနှုန်းညှိနှိုင်းပေးတာတွေ လုပ်ပေးပါတယ်

✅စီးပွားရေးလုပ်ငန်း (စားသောက်ဆိုင် ဟိုတယ် ဆိုင်ခန်း စသဖြင့်) နေရာ၊ လုပ်ငန်းလိုင်စင်၊ ထိုင်းပါတနာ၊ ဝန်ထမ်းငှား အပြီးအစီး set up လုပ်ပေးပါတယ်

✅လာလည်ချင်သူ လာနေချင်သူတွေအတွက်
အခမဲ့ဆွေးနွေးတိုင်ပင်အကြံပေးတာလည်းလုပ်ပေးပါတယ်ခင်ဗျ

ကျွန်တော့်တို့က ထိုင်း car rental agency တွေ real estate agency တွေနဲ့ချိတ်ဆက်ထားပါတယ် ကျွန်တော်တို့ဆီမှာမရနိုင်တဲ့ ဝန်ဆောင်မှုတွေကိုလည်း ရနိုင်တဲ့စိတ်ချရတဲ့နေရာတွေဆီ လမ်းညွှန်ပေးပါတယ်ခင်ဗျ

တစ်နှစ်တစ်ခါ ချင်းမိုင်မြူနီစီပယ်ကဦးစီိးကျင်းပတဲ့ ချင်းမိုင်ပန်းပွဲတော်​တဲ့ချင်းမိုင်မှာ လုပ်တဲ့ပန်းပွဲတော်တွေထဲမှာ အကြီ...
14/12/2024

တစ်နှစ်တစ်ခါ ချင်းမိုင်မြူနီစီပယ်ကဦးစီိးကျင်းပတဲ့ ချင်းမိုင်ပန်းပွဲတော်​တဲ့
ချင်းမိုင်မှာ လုပ်တဲ့ပန်းပွဲတော်တွေထဲမှာ အကြီးဆုံးလို့ပြောကြတယ် တချို့ဆိုဒီပွဲသွားပြီးရင် နောက်လုပ်တဲ့ပွဲတွေက စိတ်ထဲမတိုးတော့ဘူးလို့လဲပြောကြတယ်
ဒီပန်းပွဲက နိုဝင်ဘာ ၂၉ ရက်နေ့ကစခဲ့ပြီး ဇန်နဝါရီ ၅ ရက်နေ့အထိလို့သိရပါတယ်
Charming Chiang Mai Flower Festival 2025 လို့နာမည်ပေးထားတာလည်းတွေ့ခဲ့တယ်
ပန်းအမျိုးအစားစုံလင်ပြီး ထိုင်းလူမျိုးတွေရဲ့ ရုက္ခပညာကိုလည်းထင်ထင်ရှားရှားတွေ့ရတဲ့ပွဲမျိုးပေါ့
မနက်ကနေ ညအထိလုပ်တယ်ဆိုပေမယ့် နေ့လည်ဆိုနေအရမ်းပူတာရယ် မီးအလှတွေနဲ့ ရေပန်းပြပွဲကညမှလုပ်တာရယ်ဆိုတော့ ကျွန်တော်ကတော့ ညနေမှသွားဖို့ အကြံပေးချင်တယ် အဲ့ဒါမှ နေ့အလင်းနဲ့မြင်ရတဲ့အလှရော ညဘက်မီးတွေနဲ့ပြထားတဲ့အလှတွေရောမြင်ရမှာ လူလည်းသက်သာတယ်
ရေပန်းပြပွဲက ည ၇ နာရီစတယ် ၆:၃၀ လောက်ထဲက နေရာယူပြီးစောင့်နေသူတွေလည်း အများကြီးပဲ ပွဲကြည့်စင်ကလည်းကျဉ်းတာကိုး နောက်ကျတဲ့သူကတော့ မတ်တပ်ပေါ့
ပန်းပွဲရဲ့အပြင်ကွင်းပြင်ထဲမှာလည်း တီးဝိုင်းနဲ့သီချင်းတွေဆိုတာရှိတယ် အကြိုက်ဆုံးကတော့ စားစရာအစုံရတဲ့ဆိုင်တန်းရှည်ကြီးတွေပဲ ၄/၅ တန်းလောက်ရှိတယ် မျက်စိတဆုံးပဲ အကုန်တောင်လျှောက်မကြည့်နိုင်ဘူး ထိုင်စားဖို့နေရာလေးတွေလည်းလုပ်ထားပေးတယ် ပန်းပင် ပျိုးပင်တွေရောင်းတဲ့ဆိုင်တန်းတွေလည်းရှိတယ် ဈေးသိပ်မကြီးဘူး
ဇန်နဝါရီ ၅ ရက်နေ့ထိဆိုတော့ မြန်မာကနေ ခုမှထစီစဉ်ပြီးလာမယ်ဆိုလည်း မှီသေးတယ်
Flight & Hotel ဈေးသက်သာချင်ရင်တော့ နောက်လ ၂ ရက်နေ့လောက်မှလာ ခုတည်းကကြို ဘွတ်ကင်တင်ထားပေါ့ Christmas and new year sales တွေနဲ့ ဈေးပတ်ချင်သေးရင်တော့ စောလာခဲ့ကြပေါ့
ဒီပန်းပွဲတစ်ခုနဲ့တင် လာရတာတန်တယ်လို့ ခံစားသွားရမယ်ထင်တယ်

ချင်းမိုင်ကိုလာပြီး လည်ပတ်ဖို့ကားငှားချင်တယ်ဆို
Page messenger ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်ဗျ

ချင်းမိုင်မြို့လေးက မြန်မာနိုင်ငံကတောင်ပေါ်မြို့လေးတွေလိုပဲ တောင်ပတ်လည်ဝိုင်းပြီး လည်လို့ပတ်လို့ကောင်းတဲ့မြို့လေးပါဘန်ကေ...
13/12/2024

ချင်းမိုင်မြို့လေးက မြန်မာနိုင်ငံကတောင်ပေါ်မြို့လေးတွေလိုပဲ တောင်ပတ်လည်ဝိုင်းပြီး လည်လို့ပတ်လို့ကောင်းတဲ့မြို့လေးပါ
ဘန်ကောက်လိုခေတ်မှီမြို့ကြီးတခုမဟုတ်ပေမယ့်
လိုအပ်တာအားလုံးပြည့်ပြည့်စုံစုံရနိုင်ပြီး နေရေးစားရေးက ဘန်ကောက်ထက် အစစအရာရာ ဈေးသက်သာပါတယ်
ကျန်းမာရေးအတွက်ဆိုလည်း ဘန်ကောက်ဆေးရုံ(ချင်းမိုင်) အပါအဝင် ပုဂ္ဂလိကဆေးရုံတွေရှိတဲ့အပြင် ဈေးသက်သာပြီးဝန်ဆောင်မှုကောင်းတဲ့ ဆေးခန်းတွေလည်းအများကြီးပါ
Public transportation မရှိသလောက်ဖြစ်တဲ့အတွက် ဆိုင်ကယ် ဒါမှမဟုတ် ကားတော့လိုအပ်ပါတယ် Grab တို့ Bolt တို့လည်းရှိတဲ့အတွက် ငှားစီးရတာလည်း အဆင်ပြေပါတယ်
၃ လပိုင်း ၄ လပိုင်းလောက်မှာ တောင်ယာမီးရှို့ရာကနေလာတဲ့ မီးခိုးတွေကျရောက်တတ်ပေမယ့် ကျန်တဲ့အချိန်တွေမှာ နေလို့ထိုင်လို့တော်တော်ကောင်းတဲ့မြို့ပါ
ပြောင်းရွှေ့အခြေချချင်တဲ့သူတွေအတွက်တော့ ထည့်သွင်းစဉ်းစားဖို့ အသင့်တော်ဆုံးမြို့ထဲပါပါတယ်
အရေးကြီးတဲ့အချက်က မြန်မာအစားအသောက်အတော်ပေါပါတယ် 😊

ที่อยู่

Chiang Mai

เวลาทำการ

จันทร์ 09:00 - 19:00
อังคาร 09:00 - 19:00
พุธ 09:00 - 19:00
พฤหัสบดี 09:00 - 19:00
ศุกร์ 09:00 - 19:00
เสาร์ 09:00 - 19:00
อาทิตย์ 09:00 - 19:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Joy’s Journeyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์