Bangkokohnmar Tour

Bangkokohnmar Tour ထိုင်းနိုင်ငံတွင်းခရီးသွားနှင့် ထိုင်နိုင်ငံစီးပွါရေး တိုက်ခန်းအရောင်းဝယ်အားလုံးစီစဥ်ပေးပါ တယ်နော်...

အင်တာနက်တခွင် နဂါးတွေအများကြီးနဲ့  (နဂါးသိုက်)ဆိုပြီး နာမည်ကြီးတဲ့ နဂါးဘုရားခရီးစဉ်ကိုတော့ အပတ်စဉ် Mondayမှာထွက်ပေးပါတယ်...
04/01/2025

အင်တာနက်တခွင် နဂါးတွေအများကြီးနဲ့ (နဂါးသိုက်)ဆိုပြီး နာမည်ကြီးတဲ့ နဂါးဘုရားခရီးစဉ်ကိုတော့ အပတ်စဉ် Mondayမှာထွက်ပေးပါတယ်ရှင် ဇန်နဝါရီလအတွက်ခရီးစဉ်ထွက်မယ့်နေ့လေးတွေကအောက်ပါအတိုင်းဖြစ်ပါတယ်ရှင့် 👇🏻👇🏻👇🏻

📝6.1.2025 📝
📝13.1.2025📝
📝20.1.2025📝
📝27.12.2025📝

သွားရောက်လည်ပတ်မယ့်နေရာများကတော့

🐉နဂါးပေါင်း အကောင်ရေ ထောင် ချီရှိပြီး ဆုတောင်းပြည့် နဂါးသိုက်(သို့) ရတနာသိုက်လို့လည်းခေါ်ကြတဲ့(วัดมณีวงษ์ ) ဝပ်မဏီဝုန်းကျောင်းတိုက်🐉

နဂါးနန်းတော်လို့တင်စားခေါ်ရတဲ့အထိ ရှေးဟောင်ဗိသုကာ လက်ရာများဖြင့်လှပနေပြီး ထိုင်းနိုင်ငံသာမကနိုင်ငံတကာ ခရီးသွားတွေပါ စိတ်ဝင်တစားလည်ပတ်ကြတဲ့ Wat Maneewong Templeဆိုတဲ့ နှစ်ပေါင်းတစ်ရာကျော်
သက်တမ်းရှိတဲ့ နဂါးဘုရားကျောင်းကြီးရဲ့အတွင်းထဲမှာ နဂါးပေါင်းထောင်ချီရှိပြီးတော့ ဆုတောင်းတွေလဲပြည့် အဓိဌာန်အောင်ကြလို့ သွားဖူးသူတိုင်းတောင် ထပ်ခါထပ်ခါသွားကြတဲ့ နဂါးဘုရားကိုပို့ပေးမှာဖြစ်ပါတယ်

Hokkaido Flower Park
ရောင်စုံပန်းများစွာနဲ့အစွမ်းကုန်လှပနေတဲ့Hokkadio Flower Park Khao Yaiကိုလည်းဂျပန်မလေးလို ဝတ်ပြီး Selfie လှလှလေးသွားဆွဲကြမယ်ရှင်

Pimo Piazza
နောက်ထပ်တစ်နေရာကတော့ ဥရောပက အီတလီနိုင်ငံပုံစံ
ဖန်တီးထားတဲ့ Pimo Piazzaကိုသွားလည်ကြပါမယ် အီတလီကိုသွားဖို့ မလွယ်ကူပေမဲ့ မဥမ္မာကတော့အီတလီရောက်သွားသလိုခံစားရအောင်ဖန်တီးပေးထားပါတယ်ရှင် သိုးကလေးတွေကိုလည်းအစာကျွေးပြီးဓာတ်ဖမ်းလို့ရပါသေးတယ်နော် 🐑🐑🐑

Chocolate Factory
ချောကလက်ကြိုက်တဲ့သဲသဲတွေအတွက်အကြိုက်တွေ့မယ့်နေရာလေးပါ ဆိုင်ထဲမဝင်ခင်အပြင်မှာထဲကရနေတဲ့ ချောကလက်ရနံ့သင်းသင်းလေးကလည်း စိတ်လန်းဆန်းစေမှာပါနော် လူငယ်တွေကြားရေပန်းစားပြီးတော့ ဓာတ်ပုံရိုက်လို့လှတဲ့နေရာလေးဖြစ်တာမို့ Khao Yaiသွားရင် ဝင်ကိုဝင်လည်သင့်တဲ့ ကော်ဖီဆိုင်လေးကိုလည်း လိုက်ပို့ပေးမှာဖြစ်ပါတယ်🍫🍫🍫

စျေးနှုန်းကတော့
✅Adult - 1600 ฿
✅Child - 1500 ฿ (3 year to 9year)

ပါဝင်တဲ့ဝန်ဆောင်မှုများကတော့ ....
🚩ခရီးစဉ်တစ်လျှောက် Air-Con အေးအေးလေးနဲ့ ကားကောင်းကောင်းလေး 🚗
🚩ပျော်ရွှင်စရာခရီးစဉ်လေး ဖန်တီးပေးမယ့် မြန်မာစကားပြန် 🙋🏻‍♀️🙋🏻
🚩နေ့လည်စာတစ်နပ် အပြင်🍚🍱🥘
🚩အထက်ဖော်ပြပါ ဝင်ကြေးများ 🎫

📍စုရပ်ကတော့ Phenix Pratunam ကုန်တိုက်ရှေ့ဘဲဖြစ်ပါတယ်ရှင့် 📍

⏰ခရီးစဉ် စထွက်မည့်အချိန် - မနက် 7: 00-7:30 နာရီခွဲထိ လူစု
ခရီးစဉ်ပြန်ရောက်မည့်အချိန် - ညနေ 8: 00 နာရီ ပတ်ဝန်းကျင်⏰

နေ့တိုက်တဲ့သူတွေအခုပဲစာရင်းလာပေးထားလို့ရပါပြီနော် ဈေးသက်သက်သာသာနဲ့လည်ချင်တဲ့သူတွေအတွက် နေရာလေးတွေစုံအောင်ထည့်ပေးထားပါတယ်ရှင် စာရင်းပေးမည့်သူများPage Cbကိုလာပေးကြပါရှင့်

#ဘန်ကောက်ဥမ္မာ #ဘန်ကောက်ခရီးသွားဝန်ဆောင်မှု_ဥမ္မာ #ဘန်ကောက်ခရီးသွား

03/01/2025

Pattaya Viewpoint (သို့) Phra Tamnak Mountain Viewpoint

ပတ္တရား ရောက်တဲ့သူတိုင်း တောင်ပေါ်ကနေ ပတ္တရားကမ်းခြေအကွေ့ကြီးကို နောက်ခံထားပြီး ဓါတ်ပုံရိုက်ကြပါတယ်. အဲ့ဒီနေရာကတော့ ပတ္တရား view point နေရာပဲဖြစ်ပါတယ်. ပတ္တရားကမ်းခြေနဲ့ Jomtien ကမ်းခြေနှစ်ခုကြားက Phra Tamnak တောင်ကုန်းပေါ်မှာ တည်ရှိပါတယ်. ၁၉၆၀ မတိုင်မီကတည်းက ထိုင်းဘုရင် ရေတပ်က ပင်လယ်ကွေ့နှင့် ကမ်းရိုးတန်းစောင့်ကြည့်ရန် အခြေစိုက်နေရာအဖြစ် အသုံးပြုခဲ့ပါတယ်. ၁၉၈၀ နောက်ပိုင်းမှာ ပြည်သူတွေလည်ပတ်ရန် ဖွင့်လှစ်ပေးခဲ့ပြီး နားနေအပန်းဖြေရန် ပန်းခြံတစ်ခုပါ တည်ဆောက်ပေးထားပါတယ်. တောင်ကုန်းက မီတာ ၁၀၀ အမြင့်မှာရှိတာကြောင့် ပတ္တရားကမ်းခြေကို အလှဆုံး မြင်ရတဲ့နေရာဖြစ်ပါတယ်....

🏖️☕️🧁ဘန်ကောက်မြို့လယ်ခေါင်က ပင်လယ်ကမ်းခြေလေး ဘန်ကောက်မြို့ထဲမှာပဲ ဘာလီအိမ်မက် ကမ်းခြေကို အလည်ထွက်ရမယ်ဆိုရင် စိတ်ဝင်စားကြ...
03/01/2025

🏖️☕️🧁ဘန်ကောက်မြို့လယ်ခေါင်က ပင်လယ်ကမ်းခြေလေး

ဘန်ကောက်မြို့ထဲမှာပဲ ဘာလီအိမ်မက် ကမ်းခြေကို အလည်ထွက်ရမယ်ဆိုရင် စိတ်ဝင်စားကြလားရှင် 😌 မင်မင် ပြောတာတောင် နောက်ကျ နေပြီထင်ပါတယ်။ မင်မင့် ရဲ့ ပရိတ်သတ်တွေအရင် ရောက်နှင့်ပြီး သားဖြစ်မယ်လို့ ယုံကြည်ပါတယ်။

မြို့လယ်မှာတင်ကို ပင်လယ်ကမ်းစပ် စားသောက်ဆိုင်ပုံစံ လေးနဲ့ဆွဲဆောင်ထားတဲ့ဆိုင် လေးရဲ့ နာမည်က "The Beach"🏖️ ပဲဖြစ်ပါတယ်။ ကမ်းခြေဘားစတိုင် လေးလို့ သူ၏ ချစ်စရာကောင်းမှုနှင့် အရောင်လွင်လွင် လေးတွေနဲ့ အလှဆင်ထားတာမို့လို့ beach bar vibe အပြည့်ရရှိစေမှာပါ။ 🏖️

ဆိုင်ရဲ့အတွင်းပိုင်းဟာ အလွန်ကျယ်ဝန်းပြီး အေးအေးဆေးဆေး သီးသန့် chillလိုသူတွေအတွက် Indoor zone နဲ့ Outdoor zone နှစ်ခု ရှိတာမို့ ဘော်ဒါ တွေ squad လိုက်ကြီးလာ chill လည်း အဆင်ပြေတာနော်။ 🍻

အစားအသောက် ကတော့ ဘန်ကောက်မြို့လယ်မှာ ဖွင့်ထားတဲ့ဆိုင်မို့လို့ လုံးဝကို fail မဖြစ်တဲ့ အပြင် အဖျော်ယမကာမျိုးစုံလည်း ရတာမို့လို့ ညနေခင်း chill vibe နဲ့ကွက်တိ။🐙🦑🦀🦞🦐

Insta spot တွေကလည်း ဒီလို ပေါတာမို့လို့ ဓာတ်ပုံရှယ်ရိုက်လို့ ကောင်းပါတယ်။ ဆိုင်ရဲ့ဘယ်နေရာ လေးဖြစ်ဖြစ် လှနေအောင် လုပ်ထားတာမို့ မစားခင် အရင်ဓာတ်ဖမ်းပြီးမှ အမောပြေ beer 🍻 အေးအေးနဲ့ ယူတို့ရဲ့ ညနေခင်းကို ဖြတ်သန်းလိုက်ပါ။ 🌊⚓️🛳️🛟👙🏄‍♀️🚣🏻‍♀️

⏰ဆိုင်ဖွင့်ချိန်- မနက်၁၁း၀၀ မှ ည၁၁း၀၀ နာရီ။

🕹️Map
https://maps.app.goo.gl/trccZqTDZCb6rdqf9?g_st=ic

📌The Beach Klang Krung · 715 1 Lat Krabang Rd, Lat Krabang, ဘန်ကောက်

#ဘန်ကောက်ခရီးသွား #ဘန်ကောက်ခရီးသွားလမ်းညွန် #ထိုင်းနိုင်ငံလည်ပတ်စရာလမ်းညွန် #ဘန်ကောက်ဥမ္မာ #ဘန်ကောက်ခရီးစဉ်

Art In Paradise Pattaya ဘန်ကောက်နဲ့အနီးဆုံးမြို့ဖြစ်တဲ့ ပတ္တရားမှာလည်တော့မယ်ဆိုရင် Art In Paradise Museumကိုသွားလည်သင့်ပ...
02/01/2025

Art In Paradise Pattaya

ဘန်ကောက်နဲ့အနီးဆုံးမြို့ဖြစ်တဲ့ ပတ္တရားမှာလည်တော့မယ်ဆိုရင် Art In Paradise Museumကိုသွားလည်သင့်ပါတယ်

3D Art Museumဖြစ်တာနဲ့ ပန်းချီကားချပ်တွေဟာလည်း ဆန်းသစ်ပြီး အသက်ဝင်လွန်းလှပါတယ် ဇုန် (၁၀)ဇုန်ခွဲထားပြီး သဘာဝပတ်ဝန်းကျင် ရေအောက်ကမ္ဘာနဲ့ အခြားသော စိတ်ဝင်စားဖွယ်ရာပန်းချီကားချပ်များကိုကြည့်ရှုနိုင်မှာဖြစ်ပါတယ် ဝင်ကြေးလည်းသက်သာပြီးတော့ ဓာတ်ပုံရိုက်တတ်ရင်လည်းပုံလှလှလေးတွေအများကြီးရမှာပါနော် 🎨📸

လက်မှတ်ဈေးနှုန်းလေးကတော့ကလေး/လူကြီးအတူတူပါပဲရှင်
Entrance Fee -200THB

⏰ 9:00AM - 9:00PM⏰
☎️ +66926664843
Location - https://maps.app.goo.gl/si7BGhdTwoi7pFhq7?g_st=ic

#ဘန်ကောက်ဥမ္မာ #ဘန်ကောက်ခရီးသွားဝန်ဆောင်မှု_ဥမ္မာ #ဘန်ကောက်ခရီးသွား

01/01/2025

White Temple လို့ လူသိများတဲ့ ချင်းရိုင်မြို့က ဘုရားဖြူကိုတော့ ထိုင်းလို
Wat Rong Khun လို့ ခေါ်ပါတယ်...
နိုင်ငံခြား‌‌ ဧည့်သည်အများဆုံး လည်ပတ်တဲ့ ဘုရားကျောင်းတစ်ခုဖြစ်ပြီး 1997 ခုနစ်မှာ စတင်ဖွင့်လစ်ခဲ့တာပါ...
အဖြူ‌ရောင်ကို ကိုယ်စားပြုတဲ့ အဓိပယ်ကတော့ သန့်ရှင်းမြင့်မြတ်တာကို ကိုယ်စားပြုတာပါ အပြစ်တွေ စိတ်တွေကို ဆေးကြော‌တဲ့ ဘုရား‌ကျောင်းလို့လဲ နာမည်ကြီးပါတယ်...

31/12/2024

🙏‘‘Happy New Year ဆုတောင်း’’🙏

2025 ခုနှစ် နှစ်သစ်အချိန်အခါမှစ၍ လူသစ်စိတ်သစ်နဲ့ အခွင့်အလမ်းသစ်များဖန်တီးနိုင်ကြပါစေ🙏။

အနာရောဂါကင်းရှင်းပြီး၊ ကျန်းမာခြင်းသုခကို ရရှိနိုင်ကြပါစေ🙏။

ကြံတိုင်းအောင်၊ဆောင်တိုင်းမြောက်လို့ ချမ်းသာခြင်း သုခနဲ့ ပြည့်စုံကြပါစေ🙏။

နေ့ရက်တိုင်းမှာ ပျော်ရွှင်ခြင်း၊ကျန်းမာခြင်း၊ချမ်းသာခြင်း သုခအဖြာဖြာနဲ့ ပြည့်စုံတဲ့ 2025နှစ်သစ်အချိန်အခါလေး ပိုင်ဆိုင်နိုင်ကြပါစေ🙏။

နှစ်သစ်ကူးအခါသမယမှာ
စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပြီး ၊
လိုအင်ဆန္ဒများ ပြည့်ဝပါစေကြောင်း ကျွန်တော်တို့ ဘန်ကောက်ခရီးသွားဝန်ဆောင်မှု- မဥမ္မာ မိသားစုမှ ဆုတောင်း မေတ္တာပို့သအပ်ပါသည်။🙏

31/12/2024

ချင်းမိုင် ဗြူး ..🥰💁🎉

31/12/2024

At pattaya 🥰 ကမ်းခြေဘေးလေးမှာ 💁

📍🎁🌲🎉အပတ်စဉ် ထွက်သော ခေါင်ရိုင်ခရီးစဉ် လိုက်ပါချင်တဲ့သူများစရင်း လာပေးလို့ ရပါတယ်နော် …💁တစ်ယောက် 1600฿ နဲ့စရိတ် ညိမ်ပါရှင...
31/12/2024

📍🎁🌲🎉အပတ်စဉ် ထွက်သော ခေါင်ရိုင်ခရီးစဉ်

လိုက်ပါချင်တဲ့သူများစရင်း လာပေးလို့ ရပါတယ်နော် …💁

တစ်ယောက် 1600฿ နဲ့စရိတ် ညိမ်ပါရှင် …

နောက်နှစ် တစ်လပိုင်းထွက်မည့် ရက်များ💁

2-1-2025(ကြာသပတေးနေ့)

9-1-2025(ကြာသပတေးနေ့)

16-1-2025(ကြာသပတေးနေ့)

23-1-2025(ကြာသပတေးနေ့)

30 -2025(ကြာသပတေးနေ့)

လိုက်ပါမည့်သူများ နမည် -ဖုန်းနံဘတ်-လိုက်ပါမည့် ရက်
နဲ့ လူဦးရေ ပြောပေးရုံပါပဲနော်💁📍

#ဘန်ကောက်ခရီးသွား #ဘန်ကောက်ခရီးသွားလမ်းညွန် #ထိုင်းရောက်မြန်မာများ #ထိုင်းနိုင်ငံလည်ပတ်စရာလမ်းညွန် #ဘန်ကောက်ဥမ္မာ #ဘန်ကောက်ခရီးစဉ် #လည်ပတ်စရာနေရာအသစ်

27/12/2024

နဂါးဘုရား (သို့) နဂါးသိုက်ဂူ Wat Maniwong

မြန်မာအယူမှာလဲ သိုက်ဆက် နဂါးဆက်တွေကို အယုံကြည်ရှိသလို ထိုင်းတွေမှာလဲ ထိုကဲ့သိုအယူများလဲ ရှိကြပါတယ်။ အထူးတလည် နာမည်ကြီးတာကတော့ သိုက်ဆက်ရှိသူတွေ အဓိဌာန်လုပ် ဆုတောင်းရင် ပြည့်တယ်ဆိုတာပါပဲ ☺️

ယခု နဂါးဘုရားကျောင်းကြီးဟာ နှစ် ၁၀၀ သက်တမ်းရှိ တဲ့ရှေးဟောင်းဘုရားကျောင်းတစ်ခုဖြစ်ပါတယ်။ ဤဘုရားကျောင်း၏ထူးခြားချက်မှာ ရတနာမဏိနန်းတော်၊ မဟာနခွန်အောက် နဂါး (သို့မဟုတ်) နဂါးလှိုင်ဂူ၊ နဂါးနန်းတော်ကြီးထဲကို ရောက်ရှိသွားသလိုမျိုးထိ စိတ်ထဲက လှိုက်လှိုက်လှဲ လှဲ ခံစားရအောင် တည်ထား ကိုးကွယ်ထားပါတယ်

ထို့အပြင်ကိုမှ ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုဆိုင်ရာ ပန်းတော့၊ ပန်းပု လက်ရာတို့ကို အများဆုံးတွေ့နိုင်ပီး နဂါးရုပ်တုများစွာကိုလဲလေ့လာနိုင်ပါတယ်။

သိုက်ဆက်၊ နဂါးသိုက်ဆက်တွေ အတွက်အထူးဆုတောင်းပြည့်တဲ့ ဘုရားကျောင်းဖြစ်လို့ တစ်ခါလောက်တော့ အဓိဌာန်ပြုတာမျိုးလုပ်ပါလို့ တောင်းဆိုချင်ပါတယ်။ မုဒ်ဦးကနေ ဝက်လာလိုက်တာနဲ့ စိတ်ထဲဖြစ်သွားတဲ့ ခံစားချက်ကို တကယ်ရှင်းပြလို့မရလောက်အောင် ဆွဲဆောင်မှုတွေပြည့်နှက်နေတာပါ....

Wat Tham Suea (Tiger Cave Temple) (วัดถ้ำเสือ)ကျားဂူဘုရားကျောင်းလို့ နာမည်ကြီးနေတဲ့ ကန်ချနဘူရီက ဘုရားကျောင်းတစ်ခုပါ။ နှစ...
27/12/2024

Wat Tham Suea (Tiger Cave Temple) (วัดถ้ำเสือ)

ကျားဂူဘုရားကျောင်းလို့ နာမည်ကြီးနေတဲ့ ကန်ချနဘူရီက ဘုရားကျောင်းတစ်ခုပါ။ နှစ်ပေါင်း ရာကျော် သက်တမ်းရှိတဲ့ ရှေးဟောင်း ဘုရားကျောင်းတစ်ခုဖြစ်ပီး ထိုင်တော်မူရုပ်ပွားတော်မြတ်ကြီး နဲ့ ၆၉မီတာ ညာဏ်တော်အမြင့်ရှိတဲ့ စေတီတော်မြတ်ကြီးဟာ ဒီ ဘုရားကျောင်းကြီးရဲ့ ထူးခြားချက်တစ်ခုဖြစ်ပါတယ်။

ဘုရားကျောင်းသို့တက်ရာလမ်းတစ်လျှောက်‌ေလှကားကို နဂါး၃ကောင်လှေကားလို့ အမည်မှည့်ထားပီး လှေကားထစ်ပေါင်း 158ခုရှိပါတယ်။
တောက်ထိပ်ပေါ်မှာတည်ထားတဲ့ အတွက်ကြောင့် မို့လို့ မောမောပန်းပန်းနဲ့လှေကားတက်လာရပီးရင် ပထမဆုံးအချိန်တောင်ထိပ်ရောက်တာနဲ့ လေနုအေးလေးကို စတင်ထိတွေ့ခံစားရမှာပါ။ ကန်ချနဘူရီရဲ့ အလှကို အပေါ်စီးကနေ ခံစားနိုင်တဲ့နေရာတစ်ခုဆိုလဲ မမှားပါဘူး...

ထိုင်တော်မူရုပ်ပွားတော်မြတ်ကြီးကို India မှ ဝယ်ယူထားတဲ့ ရွှေသဃန်းကိုဆပ်ကပ်လှုဒါန်းထားတာမို့လို့ အဝေးက ကြည့်ရင်တောင်ရွှေရောင်လင်းပီး ကြည်ညိုစရာကောင်းလှပါတယ်။

ဘုရားကျောင်းကန်တွေ လည်ပတ်ရတာ ကြိုက်နှစ်သက်တဲ့ မင်မင့်ကျေးဇူးရှင်တွေအတွက် ကန်ချနဘူရီရောက်ရင် လည်စရာနေရာတစ်ခုကို မင်မင်ဖော်ပြလိုက်ပါတယ်။

#ဘန်ကောက်ဥမ္မာ #ဘန်ကောက်ခရီးသွားဝန်ဆောင်မှု_ဥမ္မာ #ဘန်ကောက်ခရီးသွား

📍စင်ကပူနဲ့မှားလောက်တဲ့ 💁🌷 Rayong က ရောင်စုံ ကျူးလစ်ပန်းများအကြောင်း (သို့မဟုတ်) သဘာဝရဲ့ ဆန်းကြယ်မှု 🥰ကျူးလစ်ပန်းဆို ကျမတ...
27/12/2024

📍စင်ကပူနဲ့မှားလောက်တဲ့ 💁

🌷 Rayong က ရောင်စုံ ကျူးလစ်ပန်းများအကြောင်း (သို့မဟုတ်) သဘာဝရဲ့ ဆန်းကြယ်မှု 🥰

ကျူးလစ်ပန်းဆို ကျမတို့ မိန်းမသားတိုင်း သည်းခြေကြိုက်တယ်ဆိုတာ သိပီးသားနေမှာပါ။ သူရဲ့ ပုံပန်းသဏ္ဌာန်ဟာ သိက္ခာရှိရှိ ရှင်သန်နေတဲ့ အချေပန်းလို ကျော့ကျော့လေးရယ် 🥰
အဲ့ဒိလို ကျူးလစ်ရောင်စုံတွေကို တစ်နေရာထဲတွေ့ရမယ်.... အနီးကပ်လေ့လာရမယ်ဆိုရင် မင်မင်တို့ အမျိုးသမီးတွေငြင်းမယ်မထင်....
ကျူးလစ်ပန်းတင်မဟုတ်ပါဘူး... တခြားသော ရှားပါး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပန်းမျိုးစိတ်တွေကို တစ်နေရာတည်းမှာ စုစည်း ပေးထားတယ်ဆို ယုံမလား...
ကြီးမားသော မှန်အမိုးခုံးထဲတွင် လှပစွာပျိုးထောင်ထားတဲ့ ကျူးလစ်ပန်းခင်းကြီးဟာ Rayong ရဲ့ Flora Exhibition Hall မှာရှိပါတယ်။
အခုဆို Miracle of Natural ဆိုပီး ဆောင်းရာသီပန်းပြပွဲ လေးလုပ် နေတာဖြစ်ပါတယ်။
🌷 ပန်းတွေကို ပျိုးထောင်ထားရတဲ့ ဒီအမိုးခုံးဟာတစ်နေကုန် အပူချိန် 15 ဒီဂရီ ထိန်းပေးပါတယ်။

ဆောင်းတွင်းမှ ပေါက်တဲ့အပင်များ ဖြစ်တဲ့အတွက် ခင်းကျင်းထားသည့် အမိုးခုံးထဲသို့ ဝင်လျှင် ဝင်ခြင်းမှာပဲ တခြားကမ္ဘာထဲကို ရောက်သွားသလိုပဲ။ 🥶

ဤနေရာတွင် LNG မှ စွန့်ပစ်အအေးပေးစွမ်းအင်ကို အသုံးပြု၍ ပေါက်နေသော သမရိုးကျအပင်များ၏ ပြပွဲနေရာဖြစ်တဲ့အတွက် Flora Exhibition Hall လို့ခေါ်တွင်တာပါ။
(သဘာဝဓာတ်ငွေ့အတွက် LNG (Liquefied Natural Gas) သည် LNG အဖြစ်ပြောင်းလဲခြင်းလုပ်ငန်းစဉ်မှ အအေးဓာတ်ကို ရုံးခန်းအဆောက်အအုံကို အအေးခံခြင်းဖြင့် အသုံးပြုပါသည်။)

Tulips တို့ရဲ့ အလှတရားကိုအနီးကပ်တွေ့ချင်သူတွေကတော့ Chonburi ၊ Rayong မှာ ပင်လယ်ကို လာလည် ရင်း ဒီဖန်အမိုးခုံးမှာ ဆောင်းရာသီပန်းတွေကို လာရောက်ခံစားကြည့်စေချင်ပါတယ် ♥️

🌷 Miracle of Natural
📌https://g.co/kgs/cokbqy
🚙 ကားပါကင်ပါရှိပါသည်။
⏰ တနင်္လာ-စနေ 09:30 မှ 16:00 ထိ ဖွင့်သည်။
♥️ တနင်္ဂနွေပိတ်သည်။
💰 ဝင်ကြေးအခမဲ့၊ ကုန်ကျစရိတ်မရှိပါ။
🌷 tulips ပန်းတွေလဲရောင်းပါတယ်နော်💛
☕️ အထဲမှာ ကော်ဖီဆိုင်ရှိတယ်။ အေးအေးလေးနဲ့ ကာဖီသောက်ရင်း ပန်းတွေကြည့်လို့ရ။

#ဘန်ကောက်ဥမ္မာ #ဘန်ကောက်ခရီးသွားဝန်ဆောင်မှု_ဥမ္မာ #ဘန်ကောက်ခရီးသွား

26/12/2024

Pattaya Walking Street!!

25/12/2024

ထိုင်းနိုင်ငံ ချင်းရိုင်မြို့ရှိ ကွမ်ရင်မယ်တော်ကျောင်းမှာ ခရီးသွားဧည့်သည်တွေ
မပြတ်စည်ကားနေ Wat Huay Pla Kang ကို “ချင်းရိုင် ကွမ်ရင်မယ်တော်ကျောင်း” လို့ခေါ်ကြပြီး ထိုင်းနိုင်ငံရဲ့အကြီးဆုံးကွမ်ရင်မယ်တော်ရုပ်ထုကို ရောက်ဖူးကြပြီးလား...

📍ချင်းမိုင်ကဂျပန်ရွာလေးအရမ်းအေးပြီးလှနေတာ  🌸ချယ်ရီပန်းပင်အောက်က ချစ်စရာ သစ်သားအိမ်လေး တွေ၊ မီးပုံးလှလှ လေး တွေ၊ ချယ်ရီပင...
25/12/2024

📍ချင်းမိုင်ကဂျပန်ရွာလေးအရမ်းအေးပြီးလှနေတာ

🌸ချယ်ရီပန်းပင်အောက်က ချစ်စရာ သစ်သားအိမ်လေး တွေ၊ မီးပုံးလှလှ လေး တွေ၊ ချယ်ရီပင်ပုပု လေး တွေဟာ ဂျပန်ရွာငယ် လေး တစ်ခုအဖြစ် ဖန်တီးထားတဲ့ သက်ေတ တစ်ခုပါပဲ။ 🌸

ချယ်ရီပန်းပွင့်တွေကြားမှာ လက်ဖက်ရည်ထိုင်သောက်ပီး မင်မင်တို့ရဲ့ 2025 ရဲ့ မနက်ဖြန်တွေကို ကြိုဆိုမယ်လေနော် 🥰

📍 Popo & Ping Ping Khun Wang ဆိုတဲ့ ဒီ ဂျပန်
စတိုင် အလှဆင်ထားတဲ့ နေရာငယ် လေး မှာ သစ်သားအိမ်ငယ် လေး တွေလည်း ရှိတယ်။ လက်ဖက်ရည်ထိုင် သောက်စရာ နေရာငယ် လေး တွေကိုလည်း ချစ်စရာ ကောင်း အောင် ဖန်တီးထားပါတယ်။ ဂျပန်စတိုင် အချိုပွဲလေးတွေစားရင်း ပန်းရောင်တွေဆန်ကြမယ်လေ 🥰

Japanese Ramen 🍜 ခေါက်ဆွဲတွေ လဲရတယ်။ ပြီးတော့ ရာသီအလိုက် အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များနဲ့ ချက်ထားတဲ့ ဟင်းပွဲတွေလဲမှာယူစားသောက်နိုင်တယ်။

ပိုင်ရှင်အစ်ကို ကလည်း အမြဲဂရုစိုက်ပြီး ဖော်ရွေနွေးထွေးတာတဲ့... သူက တစ်နိုင်တစ်ပိုင်လေးကိုပဲ ကောင်းကောင်းလေး လုပ်ထားတာမို့ staycation အေးဆေးလုပ်ချင်တဲ့သူတွေ အတွက်အရမ်းအဆင်ပြေတာနော် 😍
January လဆို ပန်းတွေဝေဝေ ဆာဆာပွင့်ပီမို့လို့ ဒီလက စပီး သွားလို့ရပါပီနော်🥰

မင်မင် ပြောပြတာလေးကို သဘောကျပီးသွားချင်တဲ့သူတွေ booking တင်မယ်၊ detail သိချင်ရင် google မှာ ရှာကြည့်လို့ရပါတယ်။

🌸1person- 700 B
(ကစပြီး ရာသီအလိုက်စျေးသက်မှတ်ပါတယ်ရှင်)
📌Place Name- Popo Pingping🥰🌸

#ဘန်ကောက်ဥမ္မာ #ဘန်ကောက်ခရီးသွားဝန်ဆောင်မှု_ဥမ္မာ #ဘန်ကောက်ခရီးသွား

ငါးမျိုးစိတ်မျိုးစုံကိုတစ်နေရာတည်းမှာကြည့်ရှုချင်တယ် ပင်လယ်ရေအောက်ရဲ့အရသာကိုလည်းအပြည့်အဝခံစားချင်တယ်ဆိုရင်တော့ Sealife B...
25/12/2024

ငါးမျိုးစိတ်မျိုးစုံကိုတစ်နေရာတည်းမှာကြည့်ရှုချင်တယ် ပင်လယ်ရေအောက်ရဲ့အရသာကိုလည်းအပြည့်အဝခံစားချင်တယ်ဆိုရင်တော့ Sealife Bangkok Ocean Worldရှိပါတယ် နာမည်ကြီး brandစုံစုံလင်ရနိုင်တဲ့ Siam Paragon basement မှာတည်ရှိတဲ့ ဒီငါးပြတိုက်ကြီးဟာ ကမ္ဘာတစ်ဝှမ်းလုံးက အကောင်းဆုံးငါးပြတိုက် အော်ပရေတာတစ်ခုဖြစ်တယ့် Oceanis Australia Groupရဲ့ လုပ်ငန်းခွဲတစ်ခုလည်းဖြစ်ပါတယ်ရှင် 🇦🇺🇦🇺🇦🇺

10,000စတုရန်းမီတာ ကျယ်ဝန်းတဲ့ဒီငါးပြတိုက်ထဲမှာ ရေနေသတ္တဝါမျိုးစိတ်ပေါင်းများစွာကိုလည်းပြသထားပါတယ်ရှင် Sealife Bangkok Ocean Worldမှာဆိုရင် ရေအောက်ကမ္ဘာက သတ္တဝါတွေရဲ့ အလှကို ပန်းချီကားသဖွယ် အနီးကပ်ခံစားခံစားရမှာဖြစ်ပြီးတော့ အိမ်ကိုမပြန်ချင်တော့လောက်အောင်အဆွဲဆောင်နိုင်ဆုံးနေရာကိုပြပါဆိုရင် မင်မင်ကတော့ sealifeကိုညွှန်းချင်ပါတယ်🌊🪼

အရှေ့တောင်အာရှရဲ့အကြီးဆုံး Aquarium ဖြစ်တာနဲ့အညီ သတ္တဝါမျိုးစိတ်ပေါင်းများစွာကိုတွေ့မြင်နိုင်မှာဖြစ်ပါတယ် ငါးတွေသာမက လိပ်တွေ ငါးမန်းတွေ Jelly Fish ဂဏန်းအကြီးကြီးတွေကိုတွေ့မြင်နိုင်မှာဖြစ်ပါတယ် ရေချိုငါးများနဲ့ ချစ်ရာဖျံလေးတွေ ပင်ကွင်းလေးတွေလည်းရှိတယ်နော်🦭🦭🦭

ပင်လယ်ရေအောက်ကြမ်းပြင်မှာသာပေါက်ရောက်
ရှင်သန်နိုင်တဲ့ ရှားပါးမျိုးစိတ်အပင်များကိုသေချာစိုက်ပျိုးထားရုံသာမက သန္တာကျောက်တန်းမျိုးစုံကိုလည်းတွေ့မြင်နိုင်မှာဖြစ်ပါတယ် 🪸🐚

ဒီနေရာလေးကတော့ မိသားစုနဲ့ပဲ အေးဆေးလျှောက်လည်တာပဲဖြစ်ဖြစ် သူငယ်ချင်းနဲ့ chillရင်းပုံလှလှလေးတွေရိုက်ဖို့အတွက်ပဲဖြစ်ဖြစ် ချစ်သူလေးနဲ့ aquarium dateတာပဲဖြစ်ဖြစ်သွားလို့အကောင်းဆုံးနေရာလေးဖြစ်ပါတယ်နော် 🩵🩵🩵

Sealifeနဲ့တွဲလည်ရတဲ့​နောက်ထပ်နေရာတခုကတော့ Madame Tussaudsဆိုတဲ့ ဖယောင်းရုပ်ထုပြတိုက်ပဲဖြစ်ပါတယ် ဒီပြတိုက်မှာဆိုရင် ဟောလိဝုဒ်အကျော်အမော်တွေနဲ့ ကမ္ဘာ့နာမည်ကြီးပုဂ္ဂိုလ်တို့ရဲ့ ပုံစံတူဖယောင်းရုပ်တုတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်ရှင်
ကမ္ဘာအကျော်အမော်တွေနဲ့လူကိုယ်တိုင်မတွေ့ရလို့ဓာတ်ပုံမရိုက်ရသေးရင် စိတ်မညစ်နဲ့ ဒီပြတိုက်ကိုသာရောက်အောင်သွားပါ 🏰💕

Sealifeကိုဘာလို့သွားလည်သင့်လဲဆိုတာလေးအပိုအနေနဲ့ပြောပြပေးမယ်နော် ငါးမန်းမျိုးစိတ်တွေကိုအနီးကပ်ကြည့်လို့ရတယ် ဒါကတော့မင်မင်အကြိုက်ဆုံးအချက်ပါ နောက်တစ်ခုကကြယ်ငါးတွေကိုလည်းကိုင်ကြည့်လို့ရပါသေးတယ် တကယ်ပင်လယ်အောက်ကိုသွားမှရနိုင်တဲ့အရသာကိုအပြည့်အဝပေးနိုင်ပါတယ် ဒါကြောင့်မရောက်ဖူးသေးရင်တော့ သွားကြည့်ဖို့အတွက် fully recommend ပေးပါတယ်နော် သားသားမီးမီးတွေကိုခေါ်သွားပြမယ်ဆိုရင်လည်း ဗဟုသုတရပြီး ကလေးတွေအရမ်းကြိုက်ပါတယ်နော်
လက်မှတ်ဈေးနှုန်းလေးတွေကတော့
🇹🇭Sealife + Madame Tussauds = 1250THB
🇹🇭Sealife Only = 1150THB
🇹🇭Madame Tussauds Only = 650THB
🇹🇭4D Cinema = 250THB
🇹🇭Glass Bottom Boat = 250THB

Sealife Location - https://maps.app.goo.gl/SYtoK2R3q8WBrBd89
Madame Tussauds Location https://maps.app.goo.gl/w4SP38wx3QbWvZ3w5

Opening Time - 10:00AM to 7:00PM
☎️0926664843(Thai) Viber/Line

အထက်ဖော်ပြပါလက်မှတ်စျေးနှုန်းများဟာ မဥမ္မာဆီမှာသာရနိုင်တဲ့စျေးဖြစ်တဲ့အတွကြောင့်မို့လို့ ကောင်တာထက်သက်သာတဲ့စျေးနဲ့လိုချင်တယ်ဆိုရင်တော့မသွားခင်လက်မှတ်ကြိုဖြတ်ထားဖို့အရေးကြီးပါတယ် ‼️ကောင်တာရှေ့ရောက်ပြီးမှတော့ မဥမ္မာစျေးနဲ့ဘဲလိုချင်ပါတယ်လုပ်လို့မရပါဘူးနော်‼️ ကိုယ်မသွားခင်တစ်ရက်ကြိုဝယ်တာကတော့အကောင်းဆုံးပါပဲရှင် သွားမယ့်နေကြမှဝယ်တဲ့သူတွေကလည်း အနည်းဆုံး၃နာရီစောဝယ်ပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင့်

#ဘန်ကောက်ဥမ္မာ #ဘန်ကောက်ခရီးသွားဝန်ဆောင်မှု_ဥမ္မာ #ဘန်ကောက်ခရီးသွား

24/12/2024

Pattaya မှာ မသွားမဖြစ် သွားသင့်တဲ့ နေရာတွေထဲက တစ်ခုဖြစ်တဲ့
“ Nong Nooch Tropical Garden “ ကို ရောက်ဖူးကြပြီးလား...

ที่อยู่

ถนนดินแดง
Din Daeng
10400

เว็บไซต์

https://youtube.com/channel/UCADuSB-EuGD4yemtvhmA-OA?si=fR2JbaBnZ13vhfe3, https://www.tiktok.

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Bangkokohnmar Tourผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

วิดีโอทั้งหมด

แชร์