16/07/2023
အလိုချင်ဆုံးသောဆန္ဒကို ဆုတောင်းပါ။ ရက်ပိုင်းအတွင်း ပြည့်စေဖို့အတွက် ပိုစ့်ကိုရှယ်သွားလိုက်ပါ။
တစ်ခါတစ်လေမှာ စိတ်တွေရှုပ်လာပြီး ဘာမှလုပ်မရတော့တာမျိုးတွေ ဖြစ်တတ်ကြတယ်။ မနက်မိုးလင်းကတည်းက စိတ်ကမကြည် ၊ စိတ်မကြည်တဲ့အတိုင်း အပြင်ထွက် ကားတွေကပိတ် ပူကလည်းပူ စိတ်တွေကဘူ ၊ အလုပ်ရောက်တော့လည်း ချွေးသံရဲရဲနဲ့ အမြင်မတော်တာတွေပဲ မြင်ရ စတဲ့ စိတ်ဖိစီးမှုတွေက ပြည့်နေတတ်ကြတယ်။ တစ်ခုခုကို စိတ်စရှုပ်လာပီဆိုတာနဲ့ ဆက်တိုက် စိတ်ရှုပ်စရာတွေပဲ ကြုံ့ရတော့တာမို့ စိတ်ရှုပ်စရာကို အစမသွင်းလိုက်တာက အကောင်းဆုံးပါ။ စိတ်ဖိစီးမှုတွေ သက်သာဖို့ ဘယ်လိုလုပ်မလဲ။
(၁) အာရုံစိုက်ပြီး အသက်ရှူပါ။ နှာခေါင်းဝမှာ ဝင်လာသော ဝင်လေကို အာရုံစိုက်ပြီး ကြာနိုင်သလောက် ရှိုက်ရှုပါ။ ပြီးပါက ခေတ္တအသက်အောင့်ထားပါ။ ပြီးရင်ရှုထုတ်ပါ။ ထိုအတိုင်း ရှုသွင်း ခဏအောင့် ရှူထုတ်လုပ်ပေးပါ။
(၂) တရားထိုင်ပါ။ တရားထိုင်တယ်ဆိုတာကို ကြီးကြီးကျယ်ကျယ်တွေ မစဉ်းစားနေနဲ့။ ဘတ်စ်ကားပေါ်မတ်တပ်ရပ်နေရရင်တောင် တည်တည်ငြိမ်ငြိမ် စိတ်ကိုတရားထိုင်သလိုထားလို့ရနိုင်ပါတယ်။ ဆိုင်မှာဖြစ်ဖြစ်၊ အလုပ်ကထိုင်ခုံမှာဖြစ်ဖြစ် မျက်လုံးလေးမှိတ်၊ ဖြည်းဖြည်းချင်းအာရုံစုစည်းပြီး ကိုယ့်စိတ်အေးချမ်းစေမယ့်စာကြောင်းလေးတစ်ခုခု(ဘုရားစာပဲဖြစ်ဖြစ်၊ စိတ်ခွန်အားပေးတာပဲဖြစ်ဖြစ်)ကို စိတ်ထဲကရွတ်ဆို ဒါမှမဟုတ် ပါးစပ်ကတိုးတိုးလေးရွတ်ဆိုနေပါ။ ငါးမိနစ်လောက် အသက်ရှူသွင်းရှူထုတ်ကိုလည်းအာရုံပြုရင်း ရွတ်ဆိုနေပါ။ပြီးတဲ့အခါ စိတ်ပေါ့ပါးနေပါလိမ့်မယ်။
(၃) အားရပါးရရယ်ပါ။ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားလေးနည်းနည်းပြောရင်း စိတ်လွတ်ကိုယ်လွတ်ရယ်မောပါ။ ရယ်စရာလေးတွေပြောတာ၊ ရယ်စရာဗီဒီယိုလေးအတိုလေးကြည့်တာတွေက ငါးမိနစ်အတွင်းပေါ့ပေါ့ပါးပါးရယ်မောမိစေနိုင်တဲ့နည်းတွေပါ။ စိတ်ရှုပ်ပြီး မျက်နှာမှုန်နေတာနဲ့စာရင် ရယ်ကြည့်ပါ။ စိတ်ထဲပေါ့သွားတာ ခံစားမိပါလိမ့်မယ်။
ကဲ ပေါ့ပါးလန်းဆန်းသွားပါလိမ့်မယ်ဗျာ။ စိတ်ရှုပ်ထွေးနေတာကနေ ဘာအဖြေမှထွက်လာမှာမဟုတ်ဘူးဗျာ။ စိတ်အကြည်ဓာတ်ရှိပီဆိုပါက စိတ်ကြည်စရာတွေပဲ မြင်ရတော့တာကိုးဗျ။
လင်းညှို့တာရာ