Nature Land Camping & Glamping Site

  • Home
  • Nature Land Camping & Glamping Site

Nature Land Camping & Glamping Site Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nature Land Camping & Glamping Site, Travel Company, .

2024 မှ 2025 သို့ ရောက်ရှိခဲ့လေပြီ။နှစ်ဟောင်းတစ်နှစ်ကုန်ဆုံးပြီး နှစ်သစ်တစ်နှစ်သို့ ကူးပြောင်းခဲ့ပြန်လေပြီ နှစ်ဟောင်းမှာ...
01/01/2025

2024 မှ 2025 သို့ ရောက်ရှိခဲ့လေပြီ။
နှစ်ဟောင်းတစ်နှစ်ကုန်ဆုံးပြီး နှစ်သစ်တစ်နှစ်သို့ ကူးပြောင်းခဲ့ပြန်လေပြီ

နှစ်ဟောင်းမှာ ကြုံတွေခဲ့ရတယ် အခက်အခဲတွေအားလုံးပျောက်ကွယ်ပြီး နှစ်သစ်မှာ ကျမ်းမာ၊ချမ်းသာစွာဖြင့် မရှိစကားမကြားရ မမြင်ရ မသိရစေပဲ အစစ အရာရာ အဆင်ပြေပါစေကြောင်း Nature Land မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်ခဗျာ🙏🙏🙏

1/1/2025 မှ စတင်၍ Activities များပြည့်စုံစွာဖြင့် သဘာဝ ကျကျ Nature Land မှာ ခေတ္တခဏ စိတ်အပမ်းဖြေဖို့ ကြွလှမ်းခဲ့ပါလို့ ဖိတ်ခေါ်ပါရစေခဗျာ🥰😍🥰

Nature Landဟုတ်ပါတယ် သဘာဝ တောတောင်တန်းလေးတွေ ရေကန်တွေ ကျေးငှက် တိရစ္ဆာန် လေးတွေ နဲ့ ပြည့်နေတယ့် Camp Ground လေးတစ်ခုပေါ့...
27/12/2024

Nature Land

ဟုတ်ပါတယ် သဘာဝ တောတောင်တန်းလေးတွေ ရေကန်တွေ ကျေးငှက် တိရစ္ဆာန် လေးတွေ နဲ့ ပြည့်နေတယ့် Camp Ground လေးတစ်ခုပေါ့။ တူသလိုလိုထင်ရပေမယ့် တမူကွဲပြားတယ့် Nature Land ရဲ့ သဘာဝ အတိုင်း ဖန်တီးမှုလေးတွေကို ခံစားဖူးတယ့်သူတိုင်း ဘာလဲဆိုတာ သိကြပါတယ်။

ကျနော်တို့ Nature Land မှာ Photo Booth တွေ ရှိမနေပါဘူး ဒါပေမယ့် ဘယ်နားရိုက်ရိုက် လှနေတာကလဲ သဘာဝ တရားကြီးရဲ့ ဆန်းကြယ်မှုတွေပေါ့ဗျာ။

Nature Land ကို ဒီနှစ်မှာ အကြီးစားပြင်ဆင် မှုတွေ လုပ်ခဲ့ပါတယ်။ ဟာ ဒါဆို အရင်က ရတယ့် ခံစားမှုတွေ မရေတာ့ဘူးပေါ့။ ဟင့်အင်း အာ့လိုထင်ရင် မှားသွားမှာပေါ့လေ😉

နာမည်ကိုက Nature Land ဆိုမှတော့ သဘာဝအတိုင်း ခံစားမှုတွေကနေ ဘယ်ခွဲထွက်လို့ရပါ့မလဲဗျာ။ ကျနော်တို့ Activities တချို့အတွက်ပြင်ဆင်တာတွေ လူကြီးသူမတွေ မကျန် သဘာဝ တရားကြီးကို အေးချမ်းစွာ ခံစားစေနိုင်ဖို့ လုပ်ဆောင်နေတာကြောင့် အများကို အသိပေးဖို့ ဒီနှစ်နောက်ကျနေခဲ့ရတာပါ🙏🙏🙏

Page ကလေးက Silent ဖြစ်နေတာတောင် လာရောက်လည်ပါတ်ခဲ့ကြတယ့် ဧည့်သည်တော် များကို ကျနော် တို့ Nature Land မိသားစု မှ ကျေးဇူးအထူးတင်ရှိပါတယ်ခဗျာ။

Booking တင်ဖို့အတွက် နဲ့ စုံစမ်းဖို့အတွက်ဆို 09777745999, နဲ့ 09757393767 , 09785042953 ကိုကျေးဇူးပြုပြီးခေါ်ပေးပါနော်။

အစစ အရာရာ အေးချမ်းသာယာ နိုင်ကြပါစေခဗျာ

Nature Land Camping & Glamping Site ကို ဘာလို့သဘောကျနေကြပါသလဲ။Nature Land က သဘာဝ နဲ့ အနီးစပ်ဆုံးထပ်တူကျအောင် တပ်နိုင်သလေ...
12/05/2024

Nature Land Camping & Glamping Site ကို ဘာလို့သဘောကျနေကြပါသလဲ။

Nature Land က သဘာဝ နဲ့ အနီးစပ်ဆုံးထပ်တူကျအောင် တပ်နိုင်သလောက် ပြင်ဆင်ထားတယ့် Camp Site ဖြစ်လို့ ဇိမ်ကျကျ လာရောက်အပမ်းဖြေလိုသူတွေအတွက် အစဥ်မပြေမှုတွေရှိနိုင်ပါတယ်။ ဒါပေမယ့် လာရောက်လည်ပါတ်ခဲ့တယ့် သူတွေက အောက်ပါအတိုင်း ကြုံရလို့ အမောပြေ အပန်းပြေကြရတယ်ပြောပြီး ခဏ ခဏ ကို ထပ်လာနေကြတာဗျာ😉🥰😍

၁. ကျနော်တို့ Nature Land Camping and Glamping Sites တည်ရှိတာက ပဲခူးရိုးမအခြေ ဧက ၁၀၀၀ကျော် ကျယ်ဝန်းပြီး သစ်ပင် ရေမြေအနေအထားတွေကို သဘာဝ ကို ထိခိုက်မှာ မရှိအောင် ဥပမာ ဒေသမျိုးစိတ်တွေဖြစ်တယ့် အပင်၊ကျေးငှက် သတ္တဝါတွေကို တတ်နိုင်သလောက်ထိမ်းသိမ်းထားတယ့် ခြံကြီးထဲမှာ တည်ရှိပါတယ်။ ဒါကြောင့် Trekking က Nature Land Campers တွေအတွက် မဖြစ်မနေ လုပ်ကြတယ့် Main Activity ပေါ့ဗျာ
K
၂. Nature Land Campsite က လွန်ခဲ့တယ့် ၁၅နှစ်ခန့်ကထဲက သဘာဝ တောင်ကျချောင်းလေးကို ရေပမာဏ ပိုမိုမြင့်မားရန်ရည်ရွယ်ပြီး တာတမံတည်ဆောက်ခဲ့တာကြောင့် စမ်းချောင်းဘေးက ကျွန်းလေးတွေပေါ်မှာ Campချနေရတယ့် အရသာလေးတွေ ခံစားရတာလဲ တစ်ခုပေါ့လေ။ ဂေဟစနစ်ထိခိုက်မှု မရှိအောင် လုံးဝထိမ်းသိမ်းထားလို့ သဘာဝကန်လေးက ဘယ်လောက်သန့်ရှင်းတယ်ဆိုတာ လာလည်သူတိုင်းအသိပါ

၃. ကန်ထဲမှာ Kayaking လုပ်မယ်။ မက်တပ်ရပ်နိုင်အောင်ကြိုးစားပြီး Stand Up Paddle Board လေးတွေလှော်မယ်။ ဝါးဖောင်လေးတွေစီးမယ်။ Zip Line စီးပြီး ရေထဲခုန်ချမယ်ဆိုတာတွေက Campers တွေ Nature Land ကို လာနေတယ့်အချိန်မှာ တွေးပြီး ပြင်ဆင်နေကြတာတွေပေါ့လေ။ တော်တော်များများက Nature Land ရောက်ပြီးမှ Zipline Jump ကို မခုန်ဖူးဆို မတန်ဘူးလို့လူတိုင်းပြောကြတယ်။ ဒါအမှန်ပဲဗျ Zipline Jump က Nature Land တစ်ခုထဲမှာပဲ ရှိတာကိုးဗျ အယ့်လယ် ကြွယ်တာကြွယ်တာ မြင်မကောင်းဘူး😉😀😃

၄. ရေချိုးခန်း အိမ်သာတွဲရက်လေးတွေက CampSite တွေကနေ လမ်းလျှောက်သွားရပေမယ့် ရေချိုးခန်းလေးတွေကို ရေချိုးချိန်မှာ ခန္ဓာကိုယ်က ထွက်တယ့် အပူကို လှောင်မနေအောင်ပြုလုပ်စီမံထားလို့ ရေချိုးရကောင်းလိုက်တာဆိုပြီး လူတိုင်းကပြောကြတာဗျို့ ဘယ်လို စီမံထားတယ်ဆိုတာကတော့ မပြောပြဘူးနော် ငိငိ😀😃

၅. အစားအသောက် ပိုင်းကတော့လေ တောချက်လေးတွေကို အရာသာရှိအောင် စေသနာ အများကြီးထည့်ပြီးချက်ထားလို့ Weight ချနေတယ်လို့ပြောတယ့် ညီမငယ်ချောချောလေးတွေ ၃ပန်းကန်တောင်ရှိပြီ ထည့်တာလို့ ပြောသံတွေလဲ အမြဲတမ်းကြားနေရတာဗျို့။ ကျနော့်ချက်ကြီးတွေကို ဘယ်လိုမှာထားလဲဆိုတော့ ထမင်းတွေ ဟင်းတွေ အများကြီးပိုပြီဆို ခဗျားတို့ချက်တာ လိုပြီ ဘယ်လောက်ပိုချက်ချက် လောက်ရုံပဲဆိုလို့ကတော့ ဟင်းချက်ကောင်းတာအသေချာပဲလို့မှာထားတော့ ချက်ကြီးတွေက ရင်တမမ နဲ့ သူတို့လက်ရာကောင်းမကောင်းချောင်းကြည့်ကြတာ အမောပဲ

၆. လျှပ်စစ်မီးရှိလားဆိုတော့ ရှိပါ့ဗျာ Generator တွေ Solar System တွေပေါ့ အာ့ဆို Campsite တွေမှာ အမြဲလင်းနေမှာပေါ့နော် LED မီးတွေနဲ့။ အမလေးဗျာ အမြဲတမ်းမီးမမှန်တယ့်မြို့ပေါ်ကနေ တောထဲကိုလာပြီး ဘာလို့များ လင်းထိမ်ချင်နေရတာလဲ ဟဲဟဲ အဲ့ Power source တွေက Freezer တွေ Battery Charging တွေပဲထားပြီး ညကနေ မနက်အထိ တညလုံး ဆီမီးတိုင်တွေနဲ့ပဲ ထားတာဗျို့။ တောတောင်ကိုလာပြီး မြို့သဘာဝကို ခံစားရင် တမျိုးကြီးဖြစ်နေမှာပေါ့ဗျာ😉

၇. မနက်မိုးလင်းတာနဲ့ ကျေးငှက်သံလေးတွေနဲ့ အတူ နိုးထခွင့်ရတာကလဲ ဘာနဲ့မှ လဲလို့မရတယ့် ခံစားမှုတစ်မျိုးပေါ့ဗျာ။

၈. ခုက အသစ်အနေနဲ့ Rope Courses across the lake activity ကို ၁၈.၄.၂၀၂၄ ကနေစပြီး ခံစားဖို့ ပြင်ဆင်နေကြပါတယ်ဗျာ။ Safery ပိုင်းကရောလို့ မေးလာသူတွေအတွက် အကယ့် ဝါရင့် သဘာရင့် ဆရာတွေက ဦးစီးပြီး လုပ်ကိုင်ကြမှာမို့ စိတ်တစ်ချက်မှ မပူနဲ့နော်။

ကဲစာလဲတော့်တော့်ကိုရှည်သွားပြီ။ လာမယ်ဆို Booking သာ အောက်ကနံပါတ်တွေကို တန်းတင်လိုက်တော့နော်😍

For booking : 09785042953
09757393767






မင်္ဂလာရှိတဲ့ နှစ်သစ်မြန်မာနှစ်သစ်ကူး အခါသမယ မှာ အေးချမ်းသာယာပြီး စိတ်ရှိတိုင်းဆောင်ရွက်နိုင်ပါစေ။ ပျော်ရွင်တယ့် မိသားစု...
17/04/2024

မင်္ဂလာရှိတဲ့ နှစ်သစ်

မြန်မာနှစ်သစ်ကူး အခါသမယ မှာ အေးချမ်းသာယာပြီး စိတ်ရှိတိုင်းဆောင်ရွက်နိုင်ပါစေ။ ပျော်ရွင်တယ့် မိသားစုဘဝတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ Nature Land Camping & Glamping Site မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင် 🙏🙏🙏

Bluetooth speaker not allowed လို့ သတ်မှတ်ထားတယ့် ကျနော်တို့ Camp site လေးက သင်္ကြန်ကာလလေးမှာ ခတ္တခဏ တစ်ရက်ကို အချိန် ၅နာရီ နဲ့ အကြိုနေ့ကနေ အတက်နေ့အထိ သီချင်းလေးတွေဖွင့်ခဲ့ပါတယ်။

Nature Land ပါတ်ဝန်းကျင်မှာ မှီတင်းနေထိုင်ကြတယ့် သတ္တဝါလေးတွေအတွက် တိတ်ဆိတ်တယ့် ပါတ်ဝန်းကျင်လေးပြန်လည်ဖန်တီးဖို့အတွက် ယနေ့ နှစ်ဆန်းတစ်ရက်နေ့ ၁၇.၀၄.၂၀၂၄ ရက်နေ့မှ ၁၉.၀၄.၂၀၂၃ ရက်နေ့အထိ ဆောင်ရွက်ပါမယ်ရှင်။ ၂၀.၀၄.၂၀၂၃ ရက်နေ့မှာ သဘာဝ ကို ချစ်ခင်မြတ်နိုးသူတွေနဲ့ ပြန်လည်စုံစည်းကြစို့😍🥰😍



***သင်္ကြန် Staycation Package***2024 သင်္ကြန်အတွက် မလုပ်ဖူးသေးတယ့် Activities တွေလုပ်မယ် မကြုံဘူးသေးတယ့် သင်္ကြန်ခံစားမ...
01/04/2024

***သင်္ကြန် Staycation Package***

2024 သင်္ကြန်အတွက် မလုပ်ဖူးသေးတယ့် Activities တွေလုပ်မယ် မကြုံဘူးသေးတယ့် သင်္ကြန်ခံစားမှုတွေ စဥ်းစား‌ေနရင်တော့ Nature Land Camping & Glamping Site ကိုသတိရလိုက်ပါနော်။

မေး : ဘာတွေမို့လို့များ အဲ့လောက်ညွန်းနေရတာလဲ။
ဖြေ : ရေကန်ဖြတ်ပြီးဆွဲထားတယ့် Rope course တွေကို ရင်ခုန်စွာ နဲ့ ကစားမယ်။ ပြီးရင် တနေကုန် Life jacket ဝတ်ပြီး ရေထဲမှာ ဆော့မယ် သောက်စရာလေးတွေရေထဲမှာ တင်ဖို့ ဖောင်သေးသေးလေးတွေ ခုထဲက ပြင်နေပြီနော်😉😀 Pool party တွေမှာတောင် မရသေးတယ့် ခံစားမှုတွေနဲ့ ကဲမယ်။

မေး : Thingyan Staycation Packageဘယ်နှမျိုးရှိလဲ
ဖြေ : နှစ်မျိုးရှိပါတယ်

မေး : ဘာတွေလဲ ဘယ်လိုတွေလဲ
ဖြေ : ဟုတ်ကဲ့ Day Return package နဲ့ one Night 2Days packageတွေပါ

မေး : Check in, Check out time တွေကရော
ဖြေ : 9am to 5pm က Day Return ဖြစ်ပြီး one Night 2Days ကတော့ 10am check in ၀င်ပြီး နောက်တစ်နေ့ မနက် 9am Check out ပါ။

မေး : ဈေးနှုန်းတွေကရောဗျာ
ဖြေ : ဟုတ် Day Return အတွက်က တစ်ဦးကို 40,000 kyats ကျသင့်ပြီး One night two days ဆို 55,000 kyats ကျသင့်ပါမယ်ခဗျ။ Rope Course ပါ Join မယ်ဆို သင်္ကြန် အထူးအနေနဲ့ Extra 15,000kyats ပါခဗျာ။

မေး : Package ထဲမှာ ဘာတွေပါမလဲ၊ အစားအသောက် အပြီးအစီးလား။
ဖြေ : Day Return အတွက်ဆို နေ့လည်စာ ၊ စတုဒီသာ ၊ Party Punchတို့ဖြစ်ပြီး

ညအိပ်လာနားမယ့်သူတွေအတွက်‌ကတော့ နေ့လည်စာ ၊ စတုဒီသာ ၊ Party Punch ၊ ညစာ ၊ Breakfast တို့ဖြစ်ပါတယ်။

Cocktail တွေ ကို ကိုယ်တိုင်ကိုယ်ကျ စပ်ပြီးမှ သောက်ချင်သူတွေအတွက် ရေပေါ် Cocktail Counter လေးလဲရှိပါသေးတယ်ဗျာ။

မေး : ဘာ Activities တွေလုပ်လိုရလဲဗျာ။‌
ဖြေ : 1. Trekking
2. Kayaking
3. Bamboo rafting
4. Stand Up Paddle Board
5. Zip Line Jump
6. Water Slide
7. Swimming in Natural pond တို့ရယ် သင်္ကြန်ကာလလေးဖြစ်လို့ ရေကစားဖို့အတွက်လဲစီစဉ်ထားပေးပါတယ်။ ရေပေါ်ဖေါင်ပေါ်မှာ ရေကစားမလား။ ကုန်းပေါ်မှာ ပဲ ရေဆော့မလား သားသားမီးမီးတိုနဲ့အတူပါ ဆော့လို့ရအောင်စီစဉ်ထားပါတယ်။လာသာ လာခဲ့ပါဗျာ ညစ်နေတဲ့ စိတ်တွေ အပန်းဖြေဖို့ Nature Land ကို ခဏလောက်တော့ထွက်ခဲ့ပါဗျာ။

For Reservation & more Information : 09785042953, 09790294277, 09777745999, 09777744999

Credit: ကာတွန်းပုံ & ဓါတ်ပုံလှလှရိုတ်လွန်းသူများ😍🥰😍





Victoria University ရဲ့ တစ်နေ့တာ Camping Tripတစ်နေ့တာ အနားယူအပန်းဖြေဖို့ အတွက် နေရာမျိုးစုံရှိပါလျက်နဲ့ မြို့ပြရဲ့ မွန်း...
21/02/2024

Victoria University ရဲ့ တစ်နေ့တာ Camping Trip

တစ်နေ့တာ အနားယူအပန်းဖြေဖို့ အတွက် နေရာမျိုးစုံရှိပါလျက်နဲ့ မြို့ပြရဲ့ မွန်းကြပ်မှု သဘာဝပါတ်ဝန်းကျင်နှင့် နီးကပ်စွာထိတွေ့ပျော်ရွှင်ဖို့ဆိုပြီး ကျနော်တို့ရဲ့ Nature Land Camping & Glamping Site. ကိုရွေးချယ်ခဲ့တယ့် Victoria university မှ ဆရာ၊ဆရာမများနှင့် ကျောင်းသူကျောင်းသားများကို ကျနော်တို့ Nature land မိသားစုက ကျေးဇူးအထူးတင်ရှိပါတယ်ခဗျာ။

ဆရာ ဆရာမများနှင့် ကျောင်းသူကျောင်းသားများရဲ့ ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကတော့အံ့မခန်းပဲဗျာ။ ညနေ ဝန်ထမ်းတွေက Campsite တစ်ခုလုံးသန့်ရှင်းဖို့သွားတော့ ကလေးတွေကို တော်လိုက်ကြတာ စည်းကမ်းရှိလိုက်တာဆိုပြီး ဝမ်းသာအားရနဲ့ ပြောမဆုံးဘူးဗျာ။ ဘာလို့လဲဆိုတော့ Camping Site ကြီးတစ်ခုလုံးမှာ အမှိုက်တစ်ခုမှမရှိပဲ အမှိုက်ပုံးတွေထဲက အမှိုက်အိပ်ထဲက အမှိုက်တွေသာသိမ်းခဲ့ရလို့ပါ။ ဒါတင်လားဆိုတော့ဘယ်ဟုပ်မလဲဗျာ Trekking route တစ်ခုလုံးမှာလဲ အမှိုက်တစ်ခုမှ မတွေ့ရဘူးဗျို့။ ဆရာ၊ဆရာမတွေရဲ့ သင်ကြားမှု ကလေးငယ်တွေရဲ့ စည်းကမ်းရှိမှုကတော့ အံမခန်းစရာပဲဗျာ။

နောက်များမှာလဲ ပြည်လည်စုံတွေ့ကြဖို့ စောင့်မျှော်နေပါတယ်ခဗျာ




24/01/2024

Nature Land Camping & Glamping Site
မှာ လာရောက်လည်ပါတ်သူများအတွက် Camp Site ကို တိုက်ရိုက်ဖုန်းဆက် Reserved လုပ်နိုင်သလို Book It App မှလဲ Booking ယူနိုင်ပါပြီခဗျာ

11.01.2024 ကရင်နှစ်သစ်ကူနေ့ မှာTeacher Su International School မှ CEO & Founder Teacher Su က ကျောင်းသားလေးတွေ အ‌‌ယောက်၂၅...
13/01/2024

11.01.2024 ကရင်နှစ်သစ်ကူနေ့ မှာ
Teacher Su International School မှ CEO & Founder Teacher Su က ကျောင်းသားလေးတွေ အ‌‌ယောက်၂၅၀ ကျော် အတွက် သဘာဝနဲ့ ထိစပ်တယ့်အတွေ့အကြုံလေးတွေ ပေးဖို့ Nature Land Camping & Glamping Site ကို ရွေးချယ်ပေးခဲ့တယ့်အတွက် ကျနော်များ NatureLand မိသားစု က ကျေးဇူးအရမ်းတင်ရှိပါတယ်ခဗျာ🙏🙏🙏

ကလေးလေးတွေ ပျော်နေကြတာမြင်ပြီး Nature Land မိသားစုတစ်ခုလုံးက ပီတိတွေဖြစ်ပြီးပျော်နေကြတာဗျာ။ ကလေးတွေပြန်သွားတော့ ဝန်ထမ်းလေးတွေက ဘယ်လိုကြီးမှန်းမသိဘူး ခုတော့ ဟာတာတာနဲ့ သူတို့ကို လွမ်းလိုက်တာလို့ပြောကြတော့ ကျနော့်မှာ ဝမ်းသာပီတိဖြစ်လိုက်တာ ကိုယ့်ဝန်ထမ်းတွေအတွက်........

ဘာလိုလဲဆိုတော့ သူတို့တွေ ကိုယ့်ထံလာရောက်လည်ပါတ်သူများကို တာဝန်ကြေလုပ်ဆောင်နေကြတာမဟုပ်ပဲ ရင်ထဲကကို ပျော်ရွင်စွာ လုပ်ကိုင်နေကြတာကို မြင်ရ ခံစားရလို့ပါဗျာ🥰😍🥰

ကလေးတွေအတွက် ဦးစားပေးစီစဥ်ခဲ့ရလို့ သူတို့လေးတွေအတွက် Activities တိုင်းမှာ အန္တရာယ်မဖြစ်စေဖို့ ဂရုစိုက်ခဲ့ရလို့ ကျောင်းသား မိဘ များကိုလဲ ဘယ်လိုမှ ဝန်ဆောင်မှုမပေးနိုင်ခဲ့တာကိုလဲ ဒီနေရာကနေ ထပ်မံ တောင်းပန်ပါတယ်ခဗျာ။ နောက်များမှာလဲ ပြန်လည်ဆုံတွေ့ကြပါစို့




12/01/2024

2023 မှ 2024 သို့ ရောက်ရှိခဲ့လေပြီ။
နှစ်ဟောင်းတစ်နှစ်ကုန်ဆုံးပြီး နှစ်သစ်တစ်နှစ်သို့ ကူးပြောင်းခဲ့ပြန်လေပြီ

နှစ်ဟောင်းမှာ ကြုံတွေခဲ့ရတယ် အခက်အခဲတွေအားလုံးပျောက်ကွယ်ပြီး နှစ်သစ်မှာ ကျမ်းမာ၊ချမ်းသာစွာဖြင့် မရှိစကားမကြားရ မမြင်ရ မသိရစေပဲ အစစ အရာရာ အဆင်ပြေပါစေကြောင်း Nature Land မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်ခဗျာ🙏🙏🙏

နှစ်သစ်ကူး ညလေးမှာ ဆုံတွေ့ခဲ့ရတယ့် သဘာဝချစ်သူများနှင့် အမှတ်တရ🥰😍🥰

02/01/2024

Nature Land မှာ ခဏတာ လာပြီး Chill သွားတယ့် ညီငယ်နှစ်ယောက်ရဲ့ ရိုက်ချက်များ 😍🥰😍

15/12/2023

Nature Land Camping & Glamping Site မှာ တစ်ရက်တာ တစ်နေ့တာ လာရောက်ခဲ့တယ် သူတွေရဲ့ အပြုံးမှတ်တမ်းတို အပိုင်း ၁ 😉😍🥰😍

သဘာဝတရားကြီးနဲ့ ထိ‌တွေ့ပြီး ဘဝအမောတွေကို ခဏတာ အပန်းပြေစေဖို့ Nature Land ကို လာရောက်လည်ပါတ်မယ်ဆို

09777745999 / 09777744999 ကို ဆက်သွယ်ပေးပါနော့်🥰😍🥰

တည်ငြိမ်အေးချမ်းတယ့် သဘာဝ တရားနေ့စဥ်ကြုံစုံနေရတာတွေကတော့ ဘဝအမောတွေပေါ့။ ထွက်ပြေးလို့မရတယ့်အခြေအနေ  မှာ ရင်ဆိုင်ရုန်းကန်န...
28/11/2023

တည်ငြိမ်အေးချမ်းတယ့် သဘာဝ တရား

နေ့စဥ်ကြုံစုံနေရတာတွေကတော့ ဘဝအမောတွေပေါ့။

ထွက်ပြေးလို့မရတယ့်အခြေအနေ မှာ ရင်ဆိုင်ရုန်းကန်နေရတာလဲ လောကသဘာဝပါပဲ။

အဲ့လိုအမောတွေကို ပျော်ရွှင်မှုနဲ့ အစားထိုးမယ်ဆိုလဲ ခဏတာလေးပဲအမောပြေမှာပါ

ဒါဆိုတည်ငြိမ်အေးချမ်းတယ့် ပါတ်ဝန်းကျင် တောတောင်သဘာဝ ထဲမှာ ကိုယ့်ရဲ့ရင်ဖက်ချင်းတူ ရှင်းနှီးခင်မင်ရတယ့် သူ‌တွေနဲ့ ခတ္တခဏ ပြောချင်ရာပြော တွေးချင်ရာတွေး ပြီး ဘဝအမောတွေကို တစ်နေ့တာမေ့ထားပြီး အနားယူတော့မယ်ဆို Nature Land Camping & Glamping Site ကို အရောက်လှမ်းခဲ့ပါနော်😉😍

ညဆိုလဲ မြင်နေကျ လျှပ်စစ်မီးရောင်တွေကနေ ဆီမီးတိုင်အလင်းရောင်လေးတွေနဲ့ အတွေ့အကြုံသစ်ကို ခံစားကြမယ်။ အိပ်နေကျ မွှေ့ယာတွေပေါ်အစား ဝါးခင်းလေးပေါ်ထိုးထားတယ့် Camping Tent လေးတွေထဲ ဂွမ်းကပ်လေးတွေခင်းထားတယ့်အပေါ်မှာအိပ်စက်အနားယူမယ်။ မပြည့်စုံတယ့်ကြားက အေးချမ်းသာယာမှုကို ရှာဖွေကြတာပေါ့။

ဘာတွေလုပ်ကြမလဲလို့ဆိုရင်တော့ -
* စက်သံတွေ၊ မြင်ရ မမြင်ရတယ့် မီးခိုးငွေ့တွေပြည့်‌ေနတယ် မြိုပြကနေ ခဏတာထွက်ခွာပြီး သစ်ပင် ၊တောအုပ်လေးကြားမှာ ကျေးငှက်သံလေးတွေနားထောင်မယ်
* ကျေးငှက်မျိုးစုံနဲ့ ရှည့်လေးတွေကိုကြည့်ဖို့ သစ်တောထဲ မှာဖောက်ထားတယ့် လမ်းလေးတွေမှာ Trekking လျှောက်ကြမယ်
* တောအုပ်တွေကြားကဖြတ် ရေပြင်ကိုပါထပ်ဖြတ်လာတယ့် Oxygen ပြည့်ဝလှတယ့်လေကို ရှုရှိုက်ကြမယ်။
* ကန်ရေပြင်ထဲမှာ ကနူးလှေလေးတွေ ၊ Stand Up Paddle Board တွေ၊ ဝါးဖောင်တွေ စီးကြမယ်။
* Zip line စီးပြီးရေထဲခုန်ချတာတို့ ၊ တောင်ပေါ်ကနေ ရေလွာလျှောစီးကြတာတို့ရော မ try ချင်ဘူးလား😉😀😄
* ညရောက်ရင် ဆီမီးအလင်းရောင်လေးတွေကြား သူငယ်ချင်း မိသားစုတွေ ဝိုင်းဖွဲ့ပြီး စကားတွေဖောင်ဖောင်ပြောကြမယ်။ ကြယ်ရောင် ၊ လရောင်တွေကြားက မိုးကောင်းကင်ကြီးကို မော့ကြည့်ပြီး Feel ရတာလဲ အရသာတစ်မျိုးပါပဲ

ဆိုတော့ကာ စာတွေလဲဖတ်ပြီးပြီ ၊ အောက်က အမြည်းလေးထည့်ထားတယ့်ပုံတွေလဲ ကြည့်ပြီးပြီ ၊ Page ထဲက Post တွေလဲ ကြည့်ပြီးပြီ
ဟာတို့တွေသွားစို့ကွာဆိုရင်တော့ 09777745999 / 09777744999 ကို ချက်ချင်းဆက်သွယ်ပြီး Booking တင်လိုက်ပါတော့နော့်😉😍🥰



Address


Website

Alerts

Be the first to know and let us send you an email when Nature Land Camping & Glamping Site posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share