ဘန်ကောက် အစုံ

  • Home
  • ဘန်ကောက် အစုံ

ဘန်ကောက် အစုံ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဘန်ကောက် အစုံ, Tour Agency, .

19/02/2024

စိတ်မကောင်းစွာနဲ့ပဲတောင်းပန်ပါတယ်ဗျာကျွန်တော့်မှာအကြွေးနဲ့ CI တင်လက်မခံတော့ပါဘူးဗျ စိုက်ထားရတာများသွားပြီမို့ ကျွန်တော်လည်း🙏😔

30/01/2024

"မင်္ဂလာပါဗျ🙏🙏🙏"

🚘ထိုင်းနိုင်ငံကနေ မြန်မာပြည်နေရပ်ပြန်ချင်သူများအတွက်
မိတ်ဆွေတို့နေထိုင်တဲ့ နေရာဒေသအသီးသီးသို့
အခန်းရှေ့အရောက်လာကြိုပေးနေပါပြီဗျ
ခရီးသွားလာရေး နှင့် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း များကိုချစ်မိတ်ဆွေများလူကြီးမင်းများအတွက်
အချိုသာဆုံးဈေးနှုန်းလေးတွေနဲ့ အကောင်းမွန်ဆုံးဝန်ဆောင်မှု့များဖြင့်ဆောင်ရွက်ပေးနေပါတယ်ဗျ

🚘မဲဆောက် - မြဝတီ ကနေတဆင့် လူကြီးမင်းတို့ ပြန်ချင်တဲ့ အရပ်ဒေသထိရောက်တဲ့ သက်ဆိုင်ရာ ကားဂိတ် အသီးသီးဆီသို့ကိုလည်း အပိုဝန်ဆောင်ခပေးစရာမလိုပဲ အရောက်ပို့ပေးနေပါတယ်ဗျ

⛩️ထိုင်းနိုင်ငံအတွင်း

📍ဘန်ကောက် 📍ပထုံဌာနီ
📍တလာထိုင်း. 📍ဘန်ခဲ
📍ဘန်ဘော 📍ဘန်ကပိ
📍ဘန်ဖီ 📍မင်ပူရီ
📍နခွန်ပထုံ 📍မဟာချိုင်
📍စမွတ်ပါရ်ကန် 📍စမွတ်ဆာခွန်း
📍အုန်းနွဲ့ 📍အုန်းယိုင်
📍ဘန်းယိုင် 📍လက်ကဘန်း

📍နွံထပ်ပူရီ 📍ဖစ်ပူရီ
📍ချွန်ပူရီ 📍လွတ်ပူရီ
📍လှပူရီ 📍ချာဂျင်ဆောင်
📍ပတ္တယား 📍လရောင်
📍စူရတ် 📍ဖူးကတ် စတဲ့မြို့ကြီးများနှင့် အနီးတဝိုက်မြို့နယ်များသို့ အိမ်ရှေ့အရောက် ကျွန်တော်တို့ဝန်ဆောင်မှု့လေးမှ လာရောက်ကြိုပေးနေပါတယ်ဗျ

💸စျေးနှုန်းထားတွေအနေနဲ့ကတော့ နေရာဒေသအလိုက်ကွာခြားမှူရှိပါတယ်ဗျ

⛩️ဘန်ကောက်, ဖက်လန်စောင် , ဆမွတ်ဆာခွန် , မဟာချိုင် စတဲ့ မြို့ကြီးများမှ မြဝတီ အရောက်
(1399)ဘတ်ပါဗျ

🏡စလာဘူရီ , အယုဒ္ဓယ, ဖစ်ချဘူရီ , ချွန်ပူရီ ၊ လရောင် ၊ ပတ္တယား ၊ ဖစ်ပူရီ ၊ လွတ်ပူရီ ၊ လှပူရီ စတဲ့နယ်ဝေးမြို့များကနေ မြဝတီ အရောက် (1990)ဘတ်ပါဗျ

📍မှတ်ချက် = ခရီးသည် တစ်ဦးလျှင် အိတ်တစ်လုံးအခမဲ့သယ်ယူဆောင်ခွင့်ရှိပါတယ်ဗျ

📄ပတ်စပို့အထောက်အထားမရှိသူများအနေ
Page Messengerတွင်လာရောက်စုံစမ်းနိုင်ပါသည်ဗျ

ယုံကြည်စွာဖြင့် ဆက်သွယ်ကြပါသော ကာစတန်မာများနှင့် 7ရက်သားသမီးများအပေါင်း
ကျန်းမာချမ်းသာကြပါစေဗျ🙏🙏🙏

&N
#ခရီးသွားလာရေးနှင့်ကုန်စည်ပို့ဆောင်ရေး
#ဘန်ကောက်ကားဝန်ဆောင်မှု့
#ဘန်ကောက်မြဝတီကား
#ကားငှား #အိမ်ပြောင်း #အလုပ်ပြောင်းကားဝန်ဆောင်မှု့

ဘန်ကောက်ဘဏ် ဘန်ကောက်ဘဏ် အများပြည်သူဆိုင်ရာ ကုမ္ပဏီ လိမိတက် (Bangkok Bank Public Company Limited ) ဟာ ထိုင်းနိုင်ငံနဲ့ အရ...
01/11/2023

ဘန်ကောက်ဘဏ်

ဘန်ကောက်ဘဏ် အများပြည်သူဆိုင်ရာ ကုမ္ပဏီ လိမိတက် (Bangkok Bank Public Company Limited ) ဟာ ထိုင်းနိုင်ငံနဲ့ အရှေ့တောင်အာရှရဲ့ အကြီးမားဆုံးသော ကုန်သွယ်ရေးဘဏ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ အကြီးဆုံးပြည်ပဘဏ်ခွဲကွန်ရက်ရှိတဲ့ ဘဏ်လည်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံအတွင်းမှာပဲ ဘဏ်ခွဲပေါင်း ထောင့်တစ်ရာကျော် နဲ့ အင်္ဂလန်၊ အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၃၂-နိုင်ငံမှာ စီးပွါးရေးလုပ်ငန်းခွဲ ၁၅ ခုနဲ့ ဘဏ်ခွဲတွေဖွင့်လှစ်ထားတဲ့ဘဏ်တစ်ခုဖြစ်ပါတယ်။

ဘန်ကောင်ဘဏ်ကို ၁၉၄၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ၁၉၇၅ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ စတော့အိတ်ချိန်းမှာ စာရင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

ဘန်ကောက်ဘဏ်ဟာ ဘဏ်သုံးစွဲသူတွေ အသုံးပြုရ လွယ်ကူစေဖို့ရာ ကျယ်ပြန့်တဲ့ ကွန်ရက်နဲ့ ဝန်ဆောင်မှုပေးနေတဲ့ ဘဏ်ကြီးတစ်ခုဖြစ်ပါတယ်။

ဘဏ်ခွဲတွေ စီးပွါးရေးစင်တာတွေအပြင်

အင်တာနက်ဘဏ်စနစ် (Bualuang iBanking)

မိုဘိုင်းဘဏ်လုပ်ငန်း (Bualuang mBanking)၊

ဖုန်းဘဏ်လုပ်ငန်း၊

ATM စက် ၉၃၀၀ စက်၊

CDM စက်၁၂၀၀ စက်နဲ့

ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းစတဲ့ အခြားဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနေပါတယ်။

2018 ခုနှစ် ဧပြီလအထိ Bangkok Bank ဟာ ထိုင်းနိုင်ငံမှာ ဘဏ်ခွဲပေါင်း ၁၁၆၇ ခု၊ ထိုင်းနိုင်ငံရဲ့ ပြည်နယ် ၇၇ခု စလုံးကို လွှမ်းခြုံထားသော self-service ကွန်ရက်တွေနဲ့ ဝန်ဆောင်မှုပေးနေတယ်လို့ သိရပါတယ်

ဒီကွန်ယက်ဟာ ထိုင်းဘဏ်တွေကြားထဲမှာ တတိယမြောက် အကြီးဆုံး ဘဏ်ခွဲကွန်ရက်ဖြစ်ပါတယ်။

ဘန်ကောက်ဘဏ်ဟာ ၁၉၆၇ ခုနှစ်မှာ ကောင်းမွန်တဲ့ ဝန်ဆောင်မှုနဲ့ စိတ်ချယုံကြည်ရမှုကြောင့် ထိုင်း တော်ဝင်ခွင့်ပြုအမိန့် သင်္ကေတအဖြစ် တော်ဝင်ဂဠုန်ပုံရုပ်တုပေးအပ်ခြင်းခံခဲ့ရပါတယ်။

ဘန်ကောက်ဘဏ်ဟာ မြန်မာနိုင်ငံမှာလည်း ရန်ကုန်ဘဏ်ခွဲကို ၂၀၁၅ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါတယ်။

ဘန်ကောက်ဘဏ်အကြောင်းလေးကိုဖတ်ပြီး ဘန်ကောက်ဘဏ်မှာ ၁၄ရက်ဗီဇာနဲ့ဖြစ်ဖြစ် ၂ လဗီဇာနဲ့ဖြစ်ဖြစ်လာပြီး ဘဏ်အကောင့်ဖွင့်ချင်ရင် ကျွန်တော်တို့ဆီမှာ အပြီးအစီး ဘတ်တစ်သောင်းနဲ့ ဝန်ဆောင်မှုပေးနေပါကြောင်းလည်း သတင်းကောင်း ပါးလိုက်ပါတယ်ခင်ဗျာ


#ဘန်ကောက်ဘဏ်အကောင့်ဝန်ဆောင်မှု




E-Extension Visa Service ✨✨✨ယုံယုံကြည်ကြည်နဲ့ service အပ်ပေးလို့ ကျေးဇူးပါ 😍❇️ E-Extension Visa ဆိုတာ …….ထိုင်းနိုင်ငံကိ...
07/09/2023

E-Extension Visa Service ✨✨✨
ယုံယုံကြည်ကြည်နဲ့ service အပ်ပေးလို့ ကျေးဇူးပါ 😍

❇️ E-Extension Visa ဆိုတာ …….

ထိုင်းနိုင်ငံကို Tourist Visa (60-days) နဲ့ပဲဖြစ်ဖြစ် အလည်ဗီဇာ (14 days) နဲ့ပဲဖြစ်ဖြစ်ရောက်နေပြီး အကြောင်းအမျိုးမျိုးကြောင့် ဆက်နေချင်ရင် ၁- လ သက်တမ်း ထပ်တိုးလို့ရတဲ့ Visa ပါ

အွန်လိုင်းစနစ်နဲ့ လျှောက်ရတဲ့ Visa အမျိုးအစားဖြစ်ပြီး တစ်ခါတိုး ၁-လ စီနဲ့ အကြိမ်အရေအတွက် ၄-ကြိမ်ထိတိုးလို့ရပါတယ်

E-Extension Visa ကို တိုးမယ်ဆိုရင်

📌Passport
📌သံရုံးထောက်ခံစာ
📌ဓာတ်ပုံ ၁ ပုံ
📌TM30
📌သက်တမ်းတိုးသွင်းငွေ တို့လို့အပ်ပြီး အောက်က Link မှာ ကိုယ်တိုင်လျှောက်ထားနိုင်ပါတယ်

Link: https://thaiextension.vfsevisa.com/index.html

ဒီဗီဇာဟာ အွန်လိုင်းစနစ်နဲ့ဖြစ်တာကြောင့် အချက်အလက်မစုံတာဖြစ်ဖြစ် မှားယွင်း လုပ်မိတာဖြစ်ဖြစ်ဆိုရင် immigration ကို ၂-၃ ခါပြန်သွားရပြီး အချိန်ကုန် ငွေကုန် လူပင်ပန်း ဖြစ်တတ်ပါတယ်။

အလုပ်လည်းမရှုပ် ခေါင်းလည်းမစားချင်ရင်တော့ ကျွန်တော်တို့ဆီမှာ serviceယူလို့ရပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်း၊ သွင်းငွေတွေကို တစ်ခါတည်းပြင်ဆင်ပေးပြီး Immigration မှာ လူကိုယ်တိုင် အတူ လိုက်ပြီး ဝန်ဆောင်မှုပေးပါတယ် ။ ကြာချိန် ၁၀/၁၅ မိနစ်ခန့်သာ ကြာပါမယ်။

Service အပ်ခ အပြီးအစီး 👉 4500 ဘတ်ပါ
(လူကိုယ်တိုင်လိုက်ပေးပါတယ်😇)

🚨service အပ်မယ်ဆိုရင်တော့ သက်တမ်းမကုန် ခင် ၃ရက်လောက်ကြိုပြီး အပ်ပေးရပါမယ်။ မဟုတ်ရင် ငွေကုန်ကြေးကြ ပိုများတတ်ပါတယ်။

မှတ်ချက် - E-Extension Visa ကို Overstay သမားတွေ၊ ED၊ Non-O ၊ Non-B ၊ 7 Days တုံးထုထားသူတွေ၊ Passport သက်တမ်း ရက် ၃၀ အောက်ကျန်သူတွေကတော့ တိုးလို့မရပါဘူး ခင်ဗျာ


-EXTENSION




#ဘန်ကောက်ကားအငှားဝန်ဆောင်မူ့
#ဘန်ကောက်လမ်းညွှန်

ဘန်ကောက်ကိုလည်း လာရင်း ဘဏ်အကောင့်လေးလည်း ဖွင့်ချင်တယ် ဆိုရင် Policy ဘယ်လိုပြောင်းပြောင်း ကျွန်တော်တို့ဆီမှာ One stop ser...
04/09/2023

ဘန်ကောက်ကိုလည်း လာရင်း ဘဏ်အကောင့်လေးလည်း ဖွင့်ချင်တယ် ဆိုရင် Policy ဘယ်လိုပြောင်းပြောင်း ကျွန်တော်တို့ဆီမှာ One stop service နဲ့ ဖွင့်လို့ရနေပါပြီ

✅✅✅ မှန်ရမယ် မြန်ရမယ်

✌️ နေ့ချင်းပြီး ဝန်ဆောင်မှု One stop Bangkok Bank service အပြီးအစီးမှ 👉ဘတ် တစ်သောင်း တည်းပါဗျ

💫Bank Saving Book
💫Visa ATM Debit Card
💫Mobile banking
💫Internet banking
💫QR code registration
💫Western Union
💫Personal Limit Upgrade
💫Intl funds transfer တို့ တစ်ခါတည်းရရှိမှာပါ

📍📍📍အသေးစိတ်သိရှိလိုပါက မက်ဆင်ဂျာဘောက်မှတစ်ဆင့် စုံစမ်းမေးမြန်းနိုင်ပါတယ်





#ဘန်ကောက်ကားအငှားဝန်ဆောင်မူ့
#ဘန်ကောက်လမ်းညွှန်

🚨 တန်လည်တန် မြန်လည်မြန်မှ ရမဲ့ အခန်းလေးတစ်ခန်း တွေ့ထားပါတယ် 🤩ကာလတန်ဖိုး သိန်း ၂ ထောင်ကျော်ကို သိန်း ၁၈၀၀ ဝန်းကျင်နဲ့ရမှာ...
25/08/2023

🚨 တန်လည်တန် မြန်လည်မြန်မှ ရမဲ့
အခန်းလေးတစ်ခန်း တွေ့ထားပါတယ်

🤩ကာလတန်ဖိုး သိန်း ၂ ထောင်ကျော်ကို သိန်း ၁၈၀၀ ဝန်းကျင်နဲ့ရမှာပါဗျို့

မိုက်တာလေးက ဝယ်ပြီး အငှါးပြန်တင်ချင် လည်း ငှါးမဲ့သူက အဆင်သင့်ပါတဲ့

😍View အနေအထားကတော့ ပုံမှာသာကြည့်ပါ နေရာကောင်း အလှည့်ကောင်း

♦️Lobby, Mailbox, Gyn, Laundry, Garden, Parking, Swimming Pool, Backyard, Meeting Room အစုံအလင်

♦️မြန်မာသံရုံးကနေဆို BTS ၄ ဘူတာမြောက် ကွန်ဒိုရှေ့မှာပဲ BTS

♦️မြို့လယ် Pratunam ကို ​​ကား/ရထား/ သင်္ဘောနဲ့ တိုက်ရိုက်သွား​ရောက်နိုင်မယ့် နေရာ

♦️ကျောက်ဖယားမြစ်ကမ်းနဲ့လည်း ၅ မိနစ်

♦️Icon Siam, Central တို့နဲ့ ၁၂ မိနစ်

♦️ချူလာက တက္ကသိုလ်ကျောင်းသားတွေအများစု ငှါးကြတဲ့နေရာ

💫တို့ မြန်မာအများစုသိတဲ့ 𝐈𝐝𝐞𝐨 က အခန်းလေးပါ

✨ပိုင်ရှင်တိုက်ရိုက်မို့ ပိုင်ဆိုင်မှု အမည်ပြောင်း စာရွက်စာတမ်း စိတ်ချရမှု ၁၀၀% ခိုင်မာ​တာမို့ စိတ်ဝင်စားရင် အမြန်ဆုံးဆက်သွယ်လို့ရပါတယ်ဗျ

အရောင်းသွက် အငှါးသွက်မဲ့ တကယ်ကောင်းတဲ့အခန်းလေးကို တန်လွန်းလှတဲ့စျေးနဲ့မို့ ရစေချင်လွန်းလို့ပါ

သိန်း ၁၈၀၀/ သိန်း ၂၃၀၀/ သိန်း ၂၆၀၀ တန်အခန်းလေးတွေလည်းရှိသေးတာမို့ သိချင်တာရှိရင် လာမေးလို့ရပါတယ် 😍




ကျွန်တော်တို့ရဲ့နောက်ထပ်ဝန်ဆောင်မှုတစ်ခု💵 စီးပွါးရေးလုပ်မလား📈 ရင်းနှီးမြှပ်နှံထားမလား🛋 ကိုယ်တိုင်ပဲနေမလားဘန်ကောက်မြို့က ...
24/08/2023

ကျွန်တော်တို့ရဲ့နောက်ထပ်ဝန်ဆောင်မှုတစ်ခု

💵 စီးပွါးရေးလုပ်မလား
📈 ရင်းနှီးမြှပ်နှံထားမလား
🛋 ကိုယ်တိုင်ပဲနေမလား

ဘန်ကောက်မြို့က နာမည်ကြီး Ideo, Life , Lumphimi, Aspire…….. အစရှိတဲ့ ကွန်ဒိုတွေက အခန်းတွေကို ဝယ်ယူချင်ရင်ဖြင့် ကျွန်တော်တို့က ပိုင်ဆိုင်မှု ခိုင်မာမှု အမည်ပေါက် ရှေ့နေ့ရှေ့ရပ်နဲ့ဝန်ဆောင်မှုပေးနေပါတယ်ဗျ

အခန်းတွေကို မြန်မာငွေ သိန်း တစ်ထောင်ကျော်ကစလို့ လိုချင်တဲ့ နေရာ၊ အခန်းပုံစံ များကို ပြောပြပေးရုံနဲ့ လည်း အချိန်တို အတွင်းရှာဖွေပေးမှာမို့ အခန်းဆို ဟယ်လိုလိုက်ပါဗျို့





#ဘန်ကောက်ကားအငှားဝန်ဆောင်မူ့

မင်္ဂလာပါ ကျွန်တော်တို့ဆီမှာ ……✅ လေယာဉ် Booking✅ ဟိုတယ် Booking  စတာတွေကို လိုအပ်သူများအတွက် ဝန်ဆောင်မှုပေးနေပါပြီဒါ့ပြင...
09/08/2023

မင်္ဂလာပါ ကျွန်တော်တို့ဆီမှာ ……

✅ လေယာဉ် Booking
✅ ဟိုတယ် Booking စတာတွေကို လိုအပ်သူများအတွက် ဝန်ဆောင်မှုပေးနေပါပြီ

ဒါ့ပြင်

✈️ လေယာဉ်လက်မှတ်
🚌 ကားလက်မှတ်
🚊ရထားလက်မှတ် စတာတွေကို

မြန်မာပြည်ကပဲဖြစ်ဖြစ် ထိုင်းနိုင်ငံတွင်းမှာပဲ ဖြစ်ဖြစ် သွားလို့သည်များကို ဝယ်လိုရနေပါပြီ

✨ မြန်မာပြည်ကလာတဲ့သူတွေအတွက် လေဆိပ်မှာ ကြိုပို့ ဝန်ဆောင်မှု၊

✨ ထိုင်းနိုင်ငံတွင်းကနေ သွားချင်တဲ့သူတွေအတွက် လေဆိပ် ကောင်တာ၊ ကားဂိတ်၊ ရထားဂိတ်ထိအရောက် လိုက်ပို့ပေး ပြောပြပေးတဲ့ ဝန်ဆောင်မှု လည်းရှိပါတဉ်

ထိုင်းနိုင်ငံတွင်း ဘယ်နေရာရာပဲ သွားချင် သွားချင် ကားလက်မှတ် ရထားလက်မှတ် လေယာဉ်လက်မှတ် အစုံဖြတ်ပေးနေတာမို့ သိလိုသည်များကို ဆက်သွယ်မေးမြန်စုံစမ်းနိုင်ပါတယ်ဗျို့ ………





#ဘန်ကောက်ကားအငှားဝန်ဆောင်မူ့
#ဘန်ကောက်လမ်းညွှန်

ကျွန်တော်တို့ရဲ့  ဝန်ဆောင်မှုအသစ်📚ထိုင်းနိုင်ငံမှာပညာသင်ကြားလိုတဲ့မြန်မာကျောင်းသားများအတွက် Pathum Thani မှာရှိတဲ့ ဆယ်တန...
07/08/2023

ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုအသစ်

📚ထိုင်းနိုင်ငံမှာပညာသင်ကြားလိုတဲ့မြန်မာကျောင်းသားများအတွက် Pathum Thani မှာရှိတဲ့ ဆယ်တန်းအောင်ရုံနဲ့တက်ရောက်လို့ရတဲ့ Rangsit University အတွက်ကျောင်းအပ်ခြင်းကိစ္စအဝဝကိုအခမဲ့ဆောင်ရွက်ပေးနေပါပြီ

📌 ရွေးချယ်စရာ major တွေနဲ့ကတော့
Undergraduate program အတွက်
🔹International Business
🔹Information & Communication Technology
🔹Design
🔹Biomedical Science
🔹Communication Arts
🔹International Relations & Development
🔹Fashion Design
🔹Biomedical Engineering
🔹Tourism, Hospitality & Sports
🔹Civil Engineering
🔹Electrical Engineering
စတဲ့ ဘာသာရပ်တွေရွေးချယ်နိုင်မှာဖြစ်ပြီးတော့

Academic year ကတော့ 4 years ဖြစ်ပါတယ်ဗျ

👉 ကျောင်းအပ်ဖို့လိုအပ်တာတွေကတော့
📍၁၀တန်းအမှတ်စာရင်း
📍၁၀တန်းအောင်လက်မှတ်
📍Passport
📍IELTS,TOEFL,Duolingoor GED or IGCse

✅အကယ်လို့ English Proficiency လက်မှတ်မရှိပါကလည်းကျောင်းက interview ဖြေလို့ရပါတယ်

🔔 Jan-Aprilကတော့ 1sem
June-July- summer intake ဖြစ်ပြီးတော့ August-December ကတော့ 2sem ဖြစ်ပါတယ်

📌August term အတွက်ကတော့ Deadline ကျော်သွားပြီဖြစ်တဲ့အတွက် January term အတွက် ကျောင်းအပ်လို့ရနေပါပြီ

😎 ကျောင်းအပ်တာတင်မဟုတ် အခန်းငှါးရာ အဆုံး The guys တို့က ကူညီပေးမှာမို့ အသေးစိတ်ကို စုံစမ်းမေးမြန်းနိုင်ပါတယ် ခင်ဗျာ







🤯 အလုပ်တွေများလို့ စိတ်ဖိစီးနေကြပြီးလား😇 ဒါမမဟုတ် အတွေးသစ် အကြံသစ် အားအသစ်တွေဖြစ်ဖို့ လိုအပ်နေကြပြီလား🥳 အနားယူဖို့ အပန်း...
03/08/2023

🤯 အလုပ်တွေများလို့ စိတ်ဖိစီးနေကြပြီးလား

😇 ဒါမမဟုတ် အတွေးသစ် အကြံသစ် အားအသစ်တွေဖြစ်ဖို့ လိုအပ်နေကြပြီလား

🥳 အနားယူဖို့ အပန်းဖြေဖို့ တူတူပျော် တူတူလှိမ့်ကြဖို့ ဒီတစ်ပတ် စနေ တနင်္ဂနွေအတွက် တစ်ရက်တာ ခရီးစဉ်လေး မိတ်ဆက်ပေးပါရစေ

လူဦးရေ ၂ ဦးမှစလို့ အုပ်စုလိုက် အဖွဲ့လိုက် အတွက် ကိုယ်ပိုင်ကား မြန်မာကားဆရာနဲ့ ကိုယ်ပိုင်ခရီးစဉ်လေး 🚘

👉 လူတစ်ဦးကိုမှ - 599 ဘတ် 🤗

ဘယ်တွေသွားမှာလည်းဆိုရင် လက်တလော နာမည်လည်းကြီး လူစိတ်ဝင်တစားရှိကြတဲ့ ရှုခင်းပြခင်းတွေ အရမ်းလှသော သမိုင်းဒဏ္ဍာရီတွေ ဆန်းသစ်သော ဘန်ကောက်မြို့ကနေ ၂ နာရီခန့်သာဝေးတဲ့ ထိုင်းနိုင်ငံ အလယ်ပိုင်း

Nakhon Nayok (နခွန်နယွတ်)ကဒီနေရာလေးတွေ ✨✨✨

💫 1. Wat Maniwong (နဂါးဘုရား) 🐉
မြွေမျိုးနွယ်ဝင်တွေစောင့်ကြပ်နေတဲ့ ရတနာသိုက်နဲ့ ဆုတောင်းပြည့်ဂူဘုရားရှိရာ မြေအောက်မြို့တော်

💫2.Phuttha Utthayan Makha Bucha Anusorn (Buddhism Memorial Park) 🙏
ရဟန္တာရုပ်တုပေါင်း ၁၂၅၀ တည်ရှိရာ အေးချမ်းသာယာလှတဲ့ ဥယျာဉ်

💫 3.Ganesh Temple 🪷
ဟိန္ဒူဘာသာဝင်တို့ရဲ့ အထွတ်အမြတ် နတ်ဘုရားတစ်ပါးဖြစ်တဲ့ အသိဥာဏ်ပညာ ကြွယ်ဝခြင်း ကို ကိုယ်စားပြုတဲ့ အရှင် Ganesh နတ်ဘုရားရုပ်တုကြီး တည်ရှိရာ

💫4. Khun Dan Prakan Chan Dam 🌾
ထိုင်းနိုင်ငံအလယ်ပိုင်းရဲ့ စိုက်ပျိုးမြေဧရိယာ 185,000 ကိုအထောက်အပံ့ပေးထားတဲ့ လေကောင်းလေသန့်ကို အဝရှုပြီး ဓာတ်အလွန်ဖမ်းလို့ကောင်းသော ဆည်ကြီး

💫5. Sarika Waterfall 🪸
ဒီလိုကာလ ရာသီဥတုနဲ့အလွန်လိုက်ဖက်သော ရေတံခွန်နဲ့ တသွင်သွင်စီး တဲ့ စမ်းချောင်းလေး ၊ စမ်းချောင်းလေးပေါ်မှာ ပုဇွန်ကင်လေးစား ဖိစိးမှုတွေ ဖြေဖျောက်ဖို့ အကောင်းဆုံးနေရာ

👉 ဒီခရီးစဉ်လေးတွေကို စိတ်ဝင်စားရင် ဒီဖုန်းနံပတ်လေးတွေနဲ့

📱0931819172
📱0953156831
ကျွန်တော်တို့ page chat box ကနေ အချိန်မရွေး ဆက်သွယ်လို့ရပါတယ်ဗျ

📌 ပုံမှန် ခရီးစဉ်စုရပ်က Pratunam Market မှာဖြစ်ပြီး ကားစထွက်ချိန်ကတော့ 7:00 ပါ သီးသန့် သွားချင်သူများအတွက်လည်း သီးသန့်သေချာစီစဉ်ပေးပါကြောင်း ✨✨✨





#ဘန်ကောက်ကားအငှားဝန်ဆောင်မူ့
#ဘန်ကောက်လမ်းညွှန်

ဘန်ကောက်မြို့နဲ့ ၆ နာရီခန့်ဝေးတဲ့ နေရာမှာ တည်ရှိတဲ့  ငါးမျက်နှာဘုရား (Wat Phra That Pha Sorn Kaew) ဟာ ဘဒ္ဒကမ္ဘာမှာ ပွင့်...
01/08/2023

ဘန်ကောက်မြို့နဲ့ ၆ နာရီခန့်ဝေးတဲ့ နေရာမှာ တည်ရှိတဲ့ ငါးမျက်နှာဘုရား (Wat Phra That Pha Sorn Kaew) ဟာ ဘဒ္ဒကမ္ဘာမှာ ပွင့်တော်မူတဲ့ ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ ဘုရားလေးဆူနဲ့ နောင်ပွင့်မဲ့ အရိမေတ္တယျ မြတ်စွာဘုရားတို့ကို ရည်မှန်းပြီး ပူဇော်ထုလုပ်ထားတဲ့ ဘုရားပါ 🙏

ကံဇာတာ နဲ့ ကံကောင်းခြင်းတွေကို ယူဆောင်ပေးတဲ့ ဘုရားလို့ ယုံကြည်ပူဇော်ကြပါတယ် ✨✨✨

ဝါဆိုလပြည့်နေမှာ ကျွန်တော်တို့ Tour လေးထွက်ရင်းအားလုံးကိုယ်စား ပန်းတွေဆက်ကပ်လှူဒါန်းပေးထားပါတယ် 😇

ကုသိုလ်ယူရင်း အားလုံး ကံဇာတာတွေတက် ကံကောင်းခြင်းတွေ ပြည့်စုံကြပြီး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့်တကွ အားလုံးပြီးပြည့်စုံကြပါစေကြောင်း မေတ္တာပို့ ဆုတောင်းလိုက်ပါတယ်ခင်ဗျာ 🙏🙏🙏





#ဘန်ကောက်ကားအငှားဝန်ဆောင်မူ့
#ဘန်ကောက်လမ်းညွှန်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိရင်ဖြင့် လက်ရာမြောက်စွာနဲ့ ဆောက်လုပ်အလှဆင်ထားတဲ့ မိုးမျှော်တိုက်တွေကို သတိပြုမိလိ...
26/07/2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိရင်ဖြင့် လက်ရာမြောက်စွာနဲ့ ဆောက်လုပ်အလှဆင်ထားတဲ့ မိုးမျှော်တိုက်တွေကို သတိပြုမိလိမ့်မယ်ထင်ပါတယ်

အဲ့ဒီတိုက်တွေထဲကမှ ဘန်ကောက်မှာ အမြင့်ဆုံးလို့ သတ်မှတ်ခံထားရတဲ့ အဆောက်အအုံ 10 ခုကို ဗဟုသုတရစရာအဖြစ် တင်ဆက်ပေးလိုက်ပါတယ်

၁။ Magnolias Waterfront Residences Iconsiam
အမြင့် 1043 ပေ
အထပ်ရေ 70 ထပ်
တည်ဆောက်ပြီးစီးသောခုနှစ် 2018 ခုနှစ်

၂။ King Power MahaNakhon
အမြင့် 1031 ပေ
အထပ်ရေ 78 ထပ်
တည်ဆောက်ပြီးစီးသောခုနှစ် 2016 ခုနှစ်

၃။ Baiyoke Tower II
အမြင့် 1014 ပေ (အင်တင်နာတိုင်အပါ 1077-ပေ)
အထပ်ရေ 85 ထပ်
တည်ဆောက်ပြီးစီးသောခုနှစ် 1997 ခုနှစ်

4။ Four Seasons Private Residences
အမြင့် 988 ပေ
အထပ်ရေ 74 ထပ်
တည်ဆောက်ပြီးစီးသောခုနှစ် 2019 ခုနှစ်

5။ One City Centre
အမြင့် 906 ပေ
အထပ်ရေ 61 ထပ်
တည်ဆောက်ပြီးစီးသောခုနှစ် 2023 ခုနှစ်

6။ Mandarin Oriental Residences
အမြင့် 892 ပေ
အထပ်ရေ 52 ထပ်
တည်ဆောက်ပြီးစီးသောခုနှစ် 2018 ခုနှစ်

7။ CRC Tower
အမြင့် 850 ပေ
အထပ်ရေ 53 ထပ်
တည်ဆောက်ပြီးစီးသောခုနှစ် 2002 ခုနှစ်

8။ The River South Tower
အမြင့် 846 ပေ
အထပ်ရေ 74 ထပ်
တည်ဆောက်ပြီးစီးသောခုနှစ် 2012 ခုနှစ်

9။ Canapaya Residences
အမြင့် 830 ပေ
အထပ်ရေ 57 ထပ်
တည်ဆောက်ပြီးစီးသောခုနှစ် 2019 ခုနှစ်

10။ One9five Asoke Rama 9 Tower I ,II
အမြင့် 814 ပေ
အထပ်ရေ 61 ထပ်
တည်ဆောက်ပြီးစီးသောခုနှစ် 2021 ခုနှစ်

ပရိတ်သတ်ကြီးအတွက် အပျင်းလည်းပြေ ဗဟုသုတလည်းရစေဖို့ တင်ဆက်ပေးလိုက်ရင်း ဒီ နေရာတွေကို သွားရောက် လည်ပတ်လေ့လာချင်ရင်ဖြင့် ကျွန်တော်တို့ Travel&Tour မှာ လူဦးရေ ၂ ဦးမှ စလို့ မိသားစုလိုက် အုပ်စုလိုက် အလည်အပတ် အပန်းဖြေခရီးစဉ် မှန်သမျှကို ကိုယ်ပိုင်ကား ကိုယ်ပိုင်ခရီးစဉ်နဲ့ သေချာ စီစဉ်ပေးနေတာကြောင်: ကြေငြာလေးဝင်လိုက်ရပါတယ်🥰🥰🥰





#ဘန်ကောက်ကားအငှားဝန်ဆောင်မူ့
#ဘန်ကောက်လမ်းညွှန်

ရန်ကုန်က အန်ကယ် ၂ ယောက် အလုပ်ကိစ္စနဲ့လာရင်း လည်ပတ်ဖို့ အတွက် စီစဉ်ပေးဖြစ်ခဲ့တဲ့  ၃ ရက်တာ ခရီးစဉ်အမှတ်တရ 😇🇹🇭ဘန်ကောက်🇹🇭 အယ...
20/07/2023

ရန်ကုန်က အန်ကယ် ၂ ယောက် အလုပ်ကိစ္စနဲ့လာရင်း လည်ပတ်ဖို့ အတွက် စီစဉ်ပေးဖြစ်ခဲ့တဲ့ ၃ ရက်တာ ခရီးစဉ်အမှတ်တရ 😇

🇹🇭ဘန်ကောက်
🇹🇭 အယုဒ္ဓယ
အေးအေးဆေးဆေး လိုက်ပို့ဖြစ်ခဲ့တဲ့ Tour လေးပါ

ကျွန်တော်တို့ Travels&Tours မှာ လူဦးရေ ၂ ဦးမှ စလို့ မိသားစုလိုက် အုပ်စုလိုက် အလည်အပတ် အပန်းဖြေခရီးစဉ် မှန်သမျှကို ကိုယ်ပိုင်ကား ကိုယ်ပိုင်ခရီးစဉ်နဲ့ သေချာ စီစဉ်ပေးနေတာကြောင့် အသေးစိတ်ကို Chat box မှာ စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ 🥰🥰🥰



#ဘန်ကောက်ကားအငှားဝန်ဆောင်မူ့
#ကားဝန်ဆောင်မူ့ #ဘန်ကောက်လမ်းညွှန်

အကြောင်းအမျိုးမျိုးကြောင့် ထိုင်းမှာ နေထိုင်ခွင့်ဗီဇာဆက်တိုးဖို့ အခက်အခဲရှိနေပြီဆို ဘာဆက်လုပ်ရမယ်ဆိုတဲ့ နည်းလမ်းလေးပြောပ...
12/07/2023

အကြောင်းအမျိုးမျိုးကြောင့် ထိုင်းမှာ နေထိုင်ခွင့်ဗီဇာဆက်တိုးဖို့ အခက်အခဲရှိနေပြီဆို ဘာဆက်လုပ်ရမယ်ဆိုတဲ့ နည်းလမ်းလေးပြောပြချင်ပါတယ်

ဟုတ်ကဲ့ လာအိုဗီဇာ တိုးတာပါပဲ
🇱🇦🇱🇦🇱🇦

ကားလေးစီးပြီး နယ်စပ်ကိုကျော် လာအိုကိုသွားပြီး သက်တမ်းလေးပြန်တိုးယုံပါပဲဗျ 🚌

လွယ်သလား ……မေးရင်တော့

ဟုတ်ကဲ့ လွယ်ပါတယ်ဗျ 😎

အချက်အလက်ပြည့်စုံရင်ပေါ့ ✌️

📍ဗီဇာဖောင်
📍Passport copy
📍လာအိုဗီဇာအဝင်တုံး
📍Bank statement သုံးလစာ
📍Hotel booking
📍Return ticket booking
📍ဘတ် 1,000 အဲဒါပါဘဲ

ဗီယန်ကျင်း/ ဆာဗန်နခက် Appointment ကြိုယူ

ကား သို့ ရထားလက်မှတ်ဖြတ် သွားရုံပါပဲဗျ

သို့သော် သူတို့စည်းမျဉ်းစည်းကမ်းတွေနဲ့ ညီမှတော့ရမှာပါ မဟုတ်ရင် cancel သမားတွေ ဒုနဲ့ ဒေးပါ 😅

ကိုယ့်မှာ အချက်အလက်မပြည့်စုံဘူး (ဥပမာ Bank Statement 3 လစာ) ဒါမမဟုတ် တိကျသေချာ
စွာ အာရုံမနောက်ချင်ဘူးဆိုရင်တော့ 🧐

ကျွန်တော်တို့ရှိပါတယ်ဗျ 🤩

ဈေးသက်သာအောင် မကုန်သင့်တာတွေမကုန်ရအောင် သင့်တင့်တဲ့ ဝန်ဆောင်ခနဲ့

လာအိုဗီဇာ အပြီးအစီး 👉 7500 ဘတ် 👈

နဲ့ ဝန်ဆောင်မှူပေးနေပါတယ်ခင်ဗျ 😘

😇 7500 ထဲဘာတွေပါမလည်းဆို

👉 အသွားအပြန်ကားခ
👉 Visa Appointment
👉 Hotel & Flight booking
👉 ဟိုတယ် ၂ ညအိပ်
👉 Document များပြင်ဆင်ခြင်းနဲ့ form ဖြည့်ပေးခြင်း
👉 Visa Fees တို့ပါဝငိပါတယ်

🚨 အရေးကြီးဆုံးဖြစ်တဲ့ Bank statement ကတော့ လာရောက်မေးမြန်းမှသာ သေချာစစ်ဆေးပြီး အမှားအယွင်း မဖြစ်ရအောင် တာဝန်ယူဆောင်ရွက်ပေးပါတယ်

တာဝန်ယူမှုနဲ့ ဂရုစိုက်မှုကတော့ 100% အာမခံပါတယ်ဗျို့ 👍👍👍

👉 အထူးအစီအစဉ်ကတော့

😇 ဘန်ကောက်မြို့ထဲ ကနေ ၂/၃ ယောက်စုသွားမယ်ဆိုရင်လည်း ကားနဲ့ လာကြို လက်မှတ်လာထုတ်ပေးတဲ့ဝန်ဆောင်မှူလည်း ရှိပါတယ်

🤩 လူကြီးသူမတွေ တစ်ယောက်တည်းဆို အတွေ့အကြုံမရှိသူတွေအတွက်ဆိုလည်း လိုအပ်ပါကလည်း ခရီးစဉ်အစအဆုံးကို အတူလိုက်ပြီး ကူညီဆောင်ရွက်ပေးမဲ့ Personal Guide

📸 ဗီဇာတိုးရင်း အနီးပတ်ဝန်းကျင်မှာ လျှောက်လည် အပန်းဖြေဖို့လည်း စီစဉ်ပေးသွားမှာမို့ အသေးစိတ်ကို Page CB မှာ လာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျ……………….






#ဘန်ကောက်ကားအငှားဝန်ဆောင်မူ့
#ဘန်ကောက်လမ်းညွှန်

ကျွန်တော်တို့ စီစဉ်ပေးဖြစ်ခဲ့တဲ့ စင်္ကာပူက အန်တီတို့ရဲ့ 4 ရက်တာ Tour  လေးအချိန်အများကြီးမရပေမဲ့ မရတဲ့ကြားက စျေးဝယ်စင်တာတ...
03/07/2023

ကျွန်တော်တို့ စီစဉ်ပေးဖြစ်ခဲ့တဲ့ စင်္ကာပူက အန်တီတို့ရဲ့ 4 ရက်တာ Tour လေး

အချိန်အများကြီးမရပေမဲ့ မရတဲ့ကြားက

စျေးဝယ်စင်တာတွေ
ဘန်ကောက်
ပတ္တရား
အယုဒ္ဓယ စုံခဲ့တဲ့ အမှတ်တရ ခရီးလေး

လေဆိပ်ကြိုပို့ ကားစီစဉ် ဟိုတယ်ငှါးတာကအစ ခရီးစဉ်တစ်လျောက်လုံး ယုံယုံကြည်ကြည်နဲ့ ဆောင်ရွက်ခိုင်းတဲ့အတွက် အထူး ကျေးဇူးတင်ပါတယ် ခင်ဗျာ 😇😇😇

✈️🚗📸 ထိုင်းနိုင်ငံတစ်ခွင် စိတ်အပန်းဖြေစရာ အမှတ်တရကောင်းတွေ ဖန်တီးချင်သူ အပန်းဖြေလိုသူတိုင်းကို ကျွန်တော်တို့ ခရီးသွားဝန်ဆောင်မှုက အဆင်ပြေအောင် ညှိနှိုင်းဆောင်ရွက်ပေးနေပါကြောင်း ……….



#ဘန်ကောက်ကားအငှားဝန်ဆောင်မူ့
#ကားဝန်ဆောင်မူ့ #ဘန်ကောက်လမ်းညွှန်

🙏ထူးခြားထင်ရှား ထိုင်တော်မူဘုရား 🙏     =======================🙏(Wat Paknam Bhasicharoen)🙏     =====================     ...
20/06/2023

🙏ထူးခြားထင်ရှား ထိုင်တော်မူဘုရား 🙏
=======================
🙏(Wat Paknam Bhasicharoen)🙏
=====================

ကျွန်တော်တို့ဆီလာတဲ့ ဧည့်သည်တွေကို လိုက်ပို့ပေးဖြစ်တဲ့ ဘုရားကြီး အကြောင်းပါ။

ဘန်ကောက်မြို့ကို မိတ်ဆွေတို့ လာလည်မယ်ဆိုရင် ဘန်ကောက်မြို့ရဲ့ အကြီးဆုံး ထိုင်တော်မူ ဘုရားကြီးကိုကျောက်ဖရားမြစ်အနီးမှာ တည်ရှိတဲ့ Paknam Phasi Charoen ကျောင်းတိုက်မှာ သွားရောက်ဖူးမြော်နိုင်ပါတယ်။

ဒီဘုရားကြီး ဘွဲ့တော်ဟာ "Phra Buddha Dhammakaya Thepmongkhon”ဖြစ်ပြီး ၂၀၁၇-ခုနှစ်၊ မတ်လ ၄- ရက်နေ့မှာ စတင်တည်ဆောက်ခဲ့ပြီး ၂၀၂၁-ခုနှစ်မှာပြီးစီးခဲ့ပါတယ်။

ဘုရားကြီးကို ကျောင်းတိုက်ကြီးရဲ့ မူလကျောင်းထိုင်ဆရာတော်ကြီး နဲ့ ထိုင်းတော်ဝင်မိသားစုကို ဂုဏ်ပြုပြီး သွန်းလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဘုရားကြီးဟာ အမြင့် ၆၉-မီတာ(၂၂၆-ပေ) နဲ့ ၄၀-မီတာ (၁၃၁-ပေ) အကျယ်ရှိပါတယ်။

ဘုရားကြီးကို ကြေးနီတမျိုးထဲနဲ့သာ သွန်းလုပ်ပူဇော်ထားတယ်လို့လည်းသိရပါတယ်။

ခရီးသွားဧည့်သည်များအနေနဲ့ ဘုရားကြီးကို ဖူးမြော်ပြီးရင် ဘုရားနဲ့ အနောက်ဘက်ကပ်ရပ်မှာ"Wat Paknam Phasi Charoen"
"Glass Pagoda" လို့ခေါ်တဲ့ အဖြူရောင်စေတီတော်ကြီးကိုလည်း သွားရောက်လေ့လာနိုင်ပါတယ်။

စေတီတော်ကြီးကို အတွင်းမှာ အထပ် ၅ ထပ်နဲ့ တည်ထားတာပဲဖြစ်ပါတယ်။

ပထမထပ်မှာ ထိုင်းရှေးရိုးရာ လက်ရာ ပစ္စည်းများပြခန်း

ဒုတိယထပ်မှာတော့​အစည်းအ​ဝေးများ ၊ တရားထိုင်နေရာပြုလုပ်ရာ ရွှေရောင်ခန်းမကျယ်ကြီးရယ်

တတိယထပ်နှင့်စတုတ္ထထပ်မှာလည်း ရှေးဟောင်းဘုရားပုံ​တော်များ၊ ဆင်းတု​တော်များ ရုပ်တုများဖြင့်ပြခန်း
လည်းအဖြစ်ထားရှိပြီး။

ငါးထပ်မြောက်မှာတော့ လက်ရာမြောက်လှတဲ့ The Glass Pagoda
(ဖန်ဖြင့်ပြုလုပ်ထား​သော စေတီ)ကြီးလည်းတည်ရှိပါတယ်။

ထိုထိုင်တော်မူဆင်းတုတော်ကြီးကို သွားရောက်လည်ပတ်လိုရင်တော့ ရထား၊ ကားနဲ့ အပြင် လှေ စီးပြီးတော့လဲ သွားရောက်လည်ပတ် ဖူးမြော် နိုင်ကြောင်း အသိပေးလမ်းညွှန်လိုက်ရပါတယ်ဗျ

ဘုရားဖွင့်ချိန် - မနက် ၈ နာရီမှ ည​နေ ၆ နာရီ

Wat Paknam Phasi Charoen
https://maps.app.goo.gl/BeUXPJq6cjvYqwL19?g_st=ic



#ဘန်ကောက်ကားအငှားဝန်ဆောင်မူ့
#ကားဝန်ဆောင်မူ့ #ဘန်ကောက်လမ်းညွှန်

BTS မိုးပျံလိုင်း Chit Lom ဘူတာကနေ Central World ဘက်ကို သွားတဲ့အခါတိုင်း ထိုင်းရိုးရာဂီတသံတွေနဲ့ လူတွေပြည့်နှက်နေတဲ့ နေရ...
31/05/2023

BTS မိုးပျံလိုင်း Chit Lom ဘူတာကနေ Central World ဘက်ကို သွားတဲ့အခါတိုင်း ထိုင်းရိုးရာဂီတသံတွေနဲ့ လူတွေပြည့်နှက်နေတဲ့ နေရာတစ်ခုကို ထိုင်းရောက်သူတိုင်း သတိထားကြမိလိမ့်မယ်ထင်ပါတယ်။

အဲ့နေရာဟာ ထိုင်းလူမျိုးတွေရဲ့ ယုံကြည်မှုတွေ
ပြည့်နှက်နေတဲ့ နေရာတစ်ခုဖြစ်သလို နိုင်ငံခြားသားတွေအပေါ်မှာပါ လွှမ်းမိုးမှုရှိတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

မြန်မာတွေအခေါ်တော့ လေးမျက်နှာဆုတောင်းပြည့်ဘုရား(ဧရာဝဏ်ဘိုးဘိုးကြီး)၊ ထိုင်းလိုဆို The Erawan Shrine (Thao Maha Phrom Shrine) (ศาลท้าวมหาพรหม)၊ ဟိန္ဒူ အခေါ်ဆို of Brahma၊Mahabrahma လို့ခေါ်ကြတဲ့နေရာပါ။

လေးမျက်နှာဘုရား နတ်ကွန်းကြီးဖြစ်ပေါ်လာပုံကတော့..…၁၉၅၆ ခုနှစ်မှာ ထိုင်းအစိုးရက Erawan လို့ခေါ်တဲ့ ဟိုတယ်ကြီးကိုဆောက်လုပ်ခဲ့ပါတယ်။ ဟိုတယ်ကြီးဆောက်နေစဉ်အတွင်းမှာပဲ အနှောက်အယှက်များစွာကို ကြုံခဲ့ရပြီး ဟိုတယ်တည်ဆောက်မှု မပြီးနိုင်ပဲ ဖြစ်ခဲ့ပါတယ်။ ဒါနဲ့ ဗေဒင်ဆရာတွေကို မေးကြည့်တဲ့အခါမှာ ဗေဒင်ဆရာက ဟိုတယ်ဘေး မြေကွက်လပ်မှာ ဟိန္ဒူနတ်ဘုရား Brahma နတ်ကွန်းကို ထားရှိမှ ဆက်လက်ဆောင်ရွက်နိုင်မယ်လို့ အဟောထွက်တာကြောင့် နတ်ကွန်းကြီးကိုတည်ဆောက်ခဲ့ပါတယ်။

၁၉၅၆ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှာ နတ်ကွန်းကြီး ပြီးစီးခဲ့ပါတယ်။ အခုဆို နတ်ကွန်းသက်တမ်းဟာ ၆၅-နှစ်ရှိပြီဖြစ်ပါတယ်။

လေးမျက်နှာဘုရားရဲ့ မျက်နှာ တစ်ဖက်ချင်းစီတိုင်းဟာ အဓိပ္ပာယ်တစ်ခုခြင်းစီကို ကိုယ်စားပြုပါတယ်။

နာရီလက်တံအတိုင်းသွားရင်

ပထမဆုံးမျက်နှာဟာ လူမှုရေး (career and life)
ဒုတိယမျက်နှာဟာ အချစ်ရေး (relationship and family)
တတိယမျက်နှာဟာ စီးပွါးရေး (wealth)
စတုတ္ထမျက်နှာဟာ ကျန်းမာရေး (wisdom and health)
စတာတွေကို ကိုယ်စားပြုတယ်လို့ သိရပါတယ်။

လေးမျက်နှာဘုရားကို လာလည်သူ ဆုတောင်းသူ အဓိဌာန်ပြုသူတွေဟာ နေ့စဉ်နဲ့အမျှ စည်ကားလျက်ပါပဲ။

လေးမျက်နှာဘုရားမှာ ထိုင်းလူမျိုးတွေသာမက ကမ္ဘာ့နိုင်ငံအနှံ့က စာမေးပွဲဖြေလိုသူတွေ အလုပ်အကိုင် အင်တာဗျူးဖြေလိုသူတွေဟာ ယုံကြည်မှုအပြည့်နဲ့ လာရောက်ဆုတောင်းကြသလို စီပွါးရေးအတွက် အဓိဌာန်ပြုကြသူတွေ အဓိဌာန်အောင်လို့ အောင်ပွဲလာကပ်တဲ့သူတွေ အများကြီးပါပဲ။

စာရေးသူကိုယ်တိုင်လည်း အဓိဌာန်ပြုခဲ့ဖူးပါတယ်။ ပြည့်လည်းပြည့်ခဲ့ပါတယ်။

စာရေးသူ နှစ်ခါ တောင်းခဲ့ဖူးတာမှာ တစ်ခါပြည့်ပါတယ်။

မျက်နှာတစ်ခုစီမှာ ကျန်းမာရေး၊ လူမှုရေး၊ စီပွါးရေး၊ ပညာရေး အဖြစ်ချင်ဆုံး ဆုတစ်ခုခြင်းစီတောင်းလို့ရတယ်ပြောကြပါတယ်။

စာရေးသူကတော့ လေးမျက်နှာစလုံးမှာ တစ်ခုပဲတောင်းခဲ့ပါတယ်။ တောင်းပုံတောင်းနည်း ကပ်ပုံကပ်နည်း သိချင်ရင်တော့ လာမေးလို့ရပါတယ် 😄။

ဒီစာလေးဖတ်ရင်း ထိုင်းနိုင်ငံကို မရောက်ပေမဲ့ မိမိတို့ အိမ်ကနေပြီး ဒီလေးမျက်နှာဆုတောင်းပြည့်ဘုရားမှာ အဓိဌာန်ပြုချင်တာပဲဖြစ်ဖြစ် တစ်ခုခု ဆက်ကပ်ခြင်းတာပဲဖြစ်ဖြစ် လှမ်းပြီးတိုင်တည်ချင်တာပဲဖြစ်ဖြစ်ဆို ဒီ page လေးကို လာရောက်မေးမြန်းလို့ရပါတယ်။

အလုပ်အကိုင်ရဖို့ စာမေးပွဲအောင်ဖို့ အစရှိတဲ့ အဓိဌာန်ပြုလိုသည်များကို Video call နဲ့ပဲဖြစ်ဖြစ် စာနဲ့ပဲဖြစ်ဖြစ် ဒီ page လေးကနေ သေချာ ဝန်ဆောင်မှုပေးပါကြောင်း ကြောငြာလေး ဝင်လိုက်ရပါတယ်ခင်ဗျာ

💦 သင်္ကြန်ရက်မှာ အရမ်းသာယာတဲ့ ချင်းမိုင်မြိူ့လေး ကိုသွားပြီးအပန်းဖြေအနားယူကြမယ်လို့စီစဥ်နေကြသူများအတွက် ၂ညအိပ်၃ရက်ခရီးစဥ...
25/03/2023

💦 သင်္ကြန်ရက်မှာ အရမ်းသာယာတဲ့ ချင်းမိုင်မြိူ့လေး ကိုသွားပြီးအပန်းဖြေအနားယူကြမယ်လို့စီစဥ်နေကြသူများအတွက် ၂ညအိပ်၃ရက်ခရီးစဥ်လေးလာပါပီ💦

🚌 ဘယ်နေရာတွေသွားမလဲ ဘာတွေပါမလဲ❓

🌸 လှပလွန်းတဲ့ပန်းခင်းကြီးတွေနဲ့ပုံအလွင့်လေးတွေရိုက်ကြမယ်✅
⛲️ သာယာလွန်းပြီးအေးမြကြည်လင်တဲ့ရေတံခွန်မှာရေကူးကြမယ်✅
🐘 ချစ်စရာဆင်ကြီးတွေနဲ့အတူ ရေချိုးကြမယ် ပုံအလန်းတွေရိုက်မယ်✅
⛺️ တောင်တန်းတွေအပေါ်က တဲလေးတွေထဲမှာ သဘာဝနဲ့အနီးစပ်ဆုံးနေပြီး မီးလှုံကြမယ် မူကထတွေကင်စားကြမယ်✅
☀️ နေထွက်ချိန် နေဝင်ချိန်လေးတွေကို ကြည့်ပြီးစိတ်အပန်းဖြေကြမယ်✅
🗽 ရှေးဟောင်းအမွေအနှစ်နေရာတွေကိုလေ့လာကြမယ်✅
🛖 တိုင်းရင်းသား ကျေးရွာလေးတွေကိုသွားပြီး သူတို့ရဲ့ ရိုးရာအစားအစာနဲ့ဓလေ့ထုံးတမ်းတွေကိုလေ့လာကြမယ် ✅
🥗ရှမ်းတိုင်းရင်းသားအစားအစာ ဟင်း ၉မျိုးနဲ့ ဇကောထမင်းကို သစ်ပင်ကြီးတွေအောက်မှာ လေးညှင်းလေးခံပြီး ဝိုင်းဖွဲ့စားကြမယ် ✅
🌇ချင်းမိုင်မြို့ရဲ့နာမည်ကျော် ညစျေးကိုသွားပြီး စျေးဝယ်ကြမယ် မုန့်ဝယ်စားကြမယ်✅
🖼️ခရီးစဥ်တစ်လျှောက်လုံးမှာ ပုံလှလှလေးတွေ အားရပါးရရိုက်ကြမယ်✅
🎤အဆိုဝါသနာပါသူတွေအတွက်လဲ သီးသန့်အစ်ီအစဥ်တွေပါရှိသေးတယ်နော့😜
💁‍♀️ခရီးစဉ်လေးကြည့်ပြီး လုံးဝအံ့အားသင့်သွားစေမဲ့ဈေးနူန်းလေးနဲ့ မို့ လူဦးရေကလည်းအကန့်သတ်ရှိတာကြောင့်
Cb (or)Ph သို့……..အမြန်လေးသာ Joing လိုက်ပါတော့နော်😍
💐လည်ပတ်ရမဲ့နေရာလေးတွေကို အပုံလေးတွေကြည့်ပြီးကြိုတင်စိတ်ကူးလေးတွေယဉ်ကြဖို့ အပုံလေးတွေတစ်ပုံချင်းဆီမှာသာ သွားကြည့်ကြပါတော့နော်😍

✈️ခရီးတွေ အတူတူထွက်ပီးတော့ ပျော်စရာတွေ ဖန်တီးလိုက်ကြဖို့ ကျွန်တော်တို့ဝန်ဆောင်မှုလေးနဲ့ အမြန်ဆုံးဆက်သွယ်လိုက်ပါနော်

-ကားပဲသီးသန်းငှါးမလား
-လေဆိပ်ကြိုပေးရမလား
-Join Tourပဲ လိုက်ပေးရမလား
-Package နဲ့ ပဲ လိုက်မလား
-လူကြီးမင်းတို့ရဲ့ planနဲ့ပဲ သွားမလား
-ဒါမှမဟုတ် planရွေးပေးဆိုလဲ ရတယ်နော်

📞ဘယ်လို အစီစဉ်လေးတွေနဲ့သွားချင်တာပဲဖြစ်ဖြစ်
ကျွန်တော်တို့ရဲ့ ဝန်ဆောင်မူ့လေးကို သတိရလိုက်ပါနော်

🚗ကားတစ်မျိုးတည်းသာ တစ်နေ့တာငှားယူလိုပါက

🙍‍♂️1-4 ယောက်စီး

🚗{ဈေးနူန်းများ}

1. ဘန်ကောက်မြို့တွင်း တစ်နေ့တာ = 2500 ဘတ်

2. ဘန်ကောက် > ပတ္တရား = 3500 ဘတ်

3. ဘန်ကောက် > အယုဒ္ဓယ = 3500 ဘတ်

4. ဘန်ကောက် > ဟွာဟင် = 4000 ဘတ်

5. ဘန်ကောက် > ကန်ချနာဘုရီ = 4000 ဘတ်

6. ဘန်ကောက်> ခေါင်ရိုင် = 4000 ဘတ်

7. ချင်းမိုင်မြို့တွင်း = 3500 ဘတ်

8. ချင်းမိုင် > ချင်းရိုင်း = 3800 ဘတ်

9. လေဆိပ်ကြို/ပို့ = 1000 ဘတ်

🙍‍♂️1-10 ယောက်စီး

🚗{ဈေးနူန်းများ}

1. ဘန်ကောက်မြို့တွင်း = 3300 ဘတ်

2. ဘန်ကောက် > ပတ္တရား = 3800 ဘတ်

3. ဘန်ကောက် > အယုဒ္ဓယ = 3800 ဘတ်

4. ဘန်ကောက် > ဟွာဟင် = 4300 ဘတ်

5. ဘန်ကောက် > ကန်ချနာဘူရီ = 4800 ဘတ်

6. ဘန်ကောက် > ခေါင်ရိုင် = 4800 ဘတ်

7. ဘန်ကောက် > နတ်ခေါ်နာယုတ် = 4800 ဘတ်

8. ချင်းမိုင်မြို့တွင်း = 3800 ဘတ်

9. ချင်းမိုင် > ချင်းရိုင်း = 5300 ဘတ်

10. လေဆိပ်ကြို = 1200 ဘတ်

🚗ဘန်ကောက် > ဖူးခက်(ကားစင်းလုံးငှား)

🙍‍♂️1-10 ယောက်စီး 💵10000ဘတ်

🚗ဘန်ကောက် > ချင်းမိုင် (ကားစင်းလုံးငှား)

🙍‍♂️1-10 ယောက်စီး 💵 10000 ဘတ်

🛤️( ကားသီးသန့်သွားရာတွင် နေရာများအား လူကြီးမင်းတို့စိတ်တိုင်းကျ Trip Plan ပေးတဲ့အပေါ် ဈေးနူန်းများအား
လျှော့တင်းရှိပါသည်)

🙍‍♂️ကျွန်တော်ရဲ့ Service လေးမှ ကားသမားစိတ်ရှည်ချင်း,ကားကျန်းမာရေး, သန့်ရှင်းရေးစသည်ဖြင့် အသေးစိတ်ကအစလူကြီးမင်းများစိတ်တိုင်းကြဖို့
ရာနူန်းပြည့်ဝန်ဆောင်မူ့လေးပေးသွားမှာဖြစ်တာမို့
အမြန်ဆုံးသာ အမြန်ဆုံးဆက်သွယ်လိုက်ပါနော်🙏

☎️.0931819172
Viber. +66,0928602834
>Line. https://line.me/ti/p/gywJ4tp3k5


& Tours #ဘန်ကောက်
်းညွှန်

#ဘန်ကောက်လမ်းညွှန်

🏝️နွေရာသီလေးရောက်လာပြီဆိုတော့ ဘန်ကောက်မှာအလည်ပတ် အပန်းဖြေခရီးလေးတွေထွက်ချင်နေကြတဲ့ ချစ်မိတ်ဆွေများအတွက် သွားရလွယ်ကူလွတ်လ...
17/03/2023

🏝️နွေရာသီလေးရောက်လာပြီဆိုတော့ ဘန်ကောက်မှာအလည်ပတ် အပန်းဖြေခရီးလေးတွေထွက်ချင်နေကြတဲ့ ချစ်မိတ်ဆွေများအတွက် သွားရလွယ်ကူလွတ်လပ်ပေါ့ပါးပြီး စိတ်ရဲ့လန်းဆန်းပျော်ရွှင်မူ့ကို အပြည့်ဝရစေမဲ့ လည်ပတ်စရာနေရာလေးတွေကို ဈေးနူန်းသက်သက်သာသာနဲ့ လည်ပတ်ပျော်ရွှင်နိုင်မဲ့ နေရာလေးတွေကိုတင်ပေးလိုက်ပါတယ်နော်📸

🛤️လည်ပတ်မည့်နေရာတွေကကတော့⬇️

📍Nong Nooch Tropical Garden
🦕ထိုင်းနိုင်ငံမှာအလှဆုံးပန်းခြံတွေထဲက တခုဖြစ်တဲ့ Nong Nooch ဥယျာဉ်ကြီးဟာဆိုရင် သစ်ပင်ပန်းပင်အမျိုးပေါင်းမြောက်များစွယ်ရယ် တောတွင်းထူးဆန်းတိရိဆ္တာန်များရဲ့ ကြီးမားစွာပြုလုပ်ထားသောရုပ်ပုံတုကြီးများလည်းရှိတဲ့အပြင် သားသား/မီးမီးများ ဆော့ကစားလို့ ပင်ပန်း တဲ့အခါ အနားယူဖို့ အဆင့်မြင့် Resort များလဲတည်ဆောက်ထားတဲ့နေရာဖြစ်တယ်

Nong Nooch Tropical Garden
081 919 2153
https://maps.app.goo.gl/SpsEGVjo1PuoPC3z9?g_st=ic

📍Wat Khao Chi Chan(လေဆာ ဘုရား)
🙏ထိုင်းနိုင်ငံရဲ့ ၉ ဆက်မြောက်ဘုရင်မင်းဘုရားကြီးရဲ့သက်တော် ၅၀ ပြည့်နှစ်တွက် ရွှေရတုအထိမ်းအမှတ်အဖြစ် ပန်းချီပညာရှင်များမှ ကြီးမားသောကျောက်တောင်ကြီးမှာထူးခြားသောခေတ်နည်းပညာများဖြင့်တဲ့ လေဆာနဲ့ပစ်ခွင်းပြီး ပုံဖော်ပြီး ပူဇော်ထားသောရှေးဟောင်းရုပ်ပွားတော်ဖြစ်ပါသည်။

Wat Khao Chi Chan
https://maps.app.goo.gl/dkuZEVZZrxwyt1nr8?g_st=ic

📍Jomtien Beach Pattaya
ကမ်းခြေဆိုပေမဲ့ အခြားသောကမ်းခြေများလို လူတွေများပြီးဆူညံတာကို မနှစ်သက်တဲ့ သူတွေအတွက်တော့ Jomtien ဟာအအေးချမ်းဆုံးကမ်းခြေနေရာလေးတစ်ခုပါ ကမ်းခြေမှအပင်လေးတွေရယ် ရေလိူင်းများနဲ့ထိရှနေတဲ့ ရေသံလေးတွေရယ် ညင်သာစွာတိုက်ခတ်နေသော ဆည်းဆာလေပြေလေးများနဲ့အတူ လွင့်လို့အရမ်းကောင်းသောနေရာလေးပေါ့🤞

Jomtien Beach
https://maps.app.goo.gl/qprztXf3EPi6NW2f6?g_st=ic

📍Pattaya View Point
ပတ္တရားမြို့ကြီးရယ် ပင်လယ်ကြီးရဲ့ အစွမ်းကုန်ရှင်ပြိုင်ကာလှပနေသော ရူ့ခင်းမြင်ကွင်းကြီးကို တောင်ပေါ်ကနေတစ်ဝကြီးကြည့်ရူ့နိုင်တဲ့နေရာလေးမှာ
ဓာတ်ဝါငနာရှင်များရဲ့ ဓာတ်ဖမ်းရအကောင်းဆုံးနဲ့ အလှပဆုံးရေလေးတစ်ခု📸

Pattaya View Point
https://maps.app.goo.gl/jF1MGdv7dCURZY2n6?g_st=ic

📍Big Buddha Temple
ပတ္တရားမြို့ရဲ့ တောင်ဘက်ခြမ်းမှာရှိတဲ့ တောင်ကုန်းတစ်ခုအပေါ်တွင် တည်ထားကိုးကွယ်ထားသော ညာဏ်တော် 18 ပေမြင့်မားသော ဗုဒ္ဓဆင်းတုတော်ကြီး🙏

တောင်ခြေနားမှာလဲ ဗုဒ္ဓဆင်းတုတော်အသေးများ ၇ ဆူက်ိုလည်းတည်ထားကိုးကွယ်ထားတာဖြစ်ပါတယ် ပြီးတော့ တောင်ကုန်းပေါ်ကနေ သဘာဆန်ဆန်အရမ်းလှပနေသော Pattaya ကျွန်းရဲ့အလှကိုပါ ကောင်းစွာရူ့စားရမှာဖြစ်ပါတယ်🌊

Big Buddha Temple
https://maps.app.goo.gl/i3J4mfhY6p9JQWt97?g_st=ic

📍3 Mermaids Café
ပတ္တရားကမ်းခြေရဲ့အချက်အချာကျဆုံးနေရာဖြစ်တဲ့
ကမ်းခြေမှတောင်ကုန်းတစ်ခုရဲ့စောင်းမှာ ခေတ်နည်းပညာနဲ့ သဘာဝကိုပုံဖော်တည်ဆောက်ထားတဲ့ အရမ်းကိုလှပနေသောနေရာလေးတစ်ခုဖြစ်နေတာ တိတ်ဆိတ်နေပြီး ပင်လယ်ပြင်မှတိုက်ခတ်လာသော လေပြေလေညှင်းလေးများနဲ့အတူ အရမ်းကိုစိတ်အပန်းပြေစေတဲ့ နေရာလေးပါ အဓိကဆုံးသောအချက်ကတော့ ဓာတ်ဝါသနာရှင်များအနေနဲ့ ပင်လယ်ကြီးနဲ့သဘာဝအလှကြီးထဲမှာ ဓာတ်ပုံလေးတွေလှပနေအောင်ရိုက်လို့ရတဲ့ အလှဆုံးသောနေရာလေးတစ်ခု📸

3 Mermaids
098 516 0227
https://maps.app.goo.gl/8uJp1orx5qKRm5oX7?g_st=ic

📍မြဘုရားနှင့်ဘုရင့်နန်းတော်
ထိုင်းနိုင်ငံရဲ့ပြရုပ်ဖြစ်သော ဆုတောင်းပြည့်မြဘုရားကိုဘုရင့်နန်းတော်ထဲမှာ ဖူးကြရမှာဖြစ်ပြီး ထိုင်းနိုင်ငံဘုရင်အဆက်ဆက်ရဲ့ ထီးမွေနန်းမွေများကိုလည်းလေ့လာရမှာဖြစ်ပါတယ်။

📍အာရုံဦးဘုရား(မြို့တည်နန်းတည်ဘုရား)
ထိုင်းနိုင်ငံဘန်ကောက်မြို့စတင်တည်ထောင်ရာတွင် ပနက်ရိုက်အဓိဌာန်ထားပြီးတည်ထား ကိုးကွယ်ထားသောစေတီတော်ကြီးဖြစ်သည်

📍Luang Pu Thuat
Luang Pu Thuat ဆရာတော်၏ ရုပ်ပွါးတော်သည် ထိုင်းဘုရင်များပင်သွားရောက် ဖူးမျှော်ကြသော ရုပ်ပွါးတော်မြတ် ဖြစ်သည် ။
ရွှေဝါရောင်သင်္ကန်းခြုံထားပြီး ယခင်ရှိနေပြီးသော ဆင်းတုတော်များထက်နှစ်ဆ ပိုမိုကြီးမား သည့် ရုပ်ပွါးတော်ကြီးဖြစ်ပြီး အမြင့်ပေ 111 မီတာရှိပြီး ကမ္ဘာ့အကြီးဆုံးဟု သတ်မှတ်ခံထားရသည်။
Luang Pu Thuat ဆရာတော်၏ ရုပ်ပွါးတော် ကိုဖူးမျှော်ခြင်းဖြင့် ဗြဟ္မာသည် ကောင်းချီးပေးသည်ဟုဒေသခံများကသက်ဝင်ယုံကြည်ခြင်းခံသည့် ရုပ်ပွါးတော်ဖြစ်သည် ။
၃ ဧကခန့်ကျယ်ဝန်းသည့် ဉယျာဉ်ကြီးဖြစ်ပြီး နှင်းဆီပန်း ၊ တောရိုင်းဂန္ဓမာပန်းခင်းများရဲ့ လှပသောရူ့ခင်းများကိုလည်း ခံစားရမှာဖြစ်ပါတယ်

📍HokkaidoFlowerParkKhaoyai
HokkaidoFlowerParkKhaoyai ဟာ 2 ဧကလောက်ကျယ်ပြီး ကြီးကျယ်ခမ်းနားတဲ့ ပန်းဥယျာဉ်တစ်ခုဖြစ်ပါတယ်
-ခရမ်းရောင်ကြာပန်းပွင့်ကွင်း ကြက်လည်ဆွဲ၊ အဖြူရောင်ရှုးပန်းများနှင့် ခရမ်းရောင် မာဂရက်ပန်းတွေအများကြီးတမျှော်တစ်ခေါ်ပွင့်နေပြီး
-ကော်ဖီထိုင်သောက်ရင်း ပန်းခင်းတွေကြည့်၊ တောင်တန်းတွေကို ကြည့်ရင်း အေးအေးလူလူ ခံစားနိုင်ပါတယ်ရှင့်
- ဖြူနီပြာဝါရောင်စုံပန်းတွေကြားမှာ အအေးလေးသောက်ပြီး ရှုခင်းတွေကိုတစ်ဝကြီးခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်

Hokkaido Flower Park Khaoyai
097 926 8662
https://maps.app.goo.gl/SosMHNTdEwDkaqSC9?g_st=ic

📍Chocolate Factory
ချောကလက်ချစ်သူတွေအကြိုက်တွေ့စေမယ့် နေရာဖြစ်ပါတယ် ၊ ချောကလက် နဲ့ ပတ်သတ် မုန့်မျိုးစုံဖြစ်သောကိတ်မုန့်၊ ပေါင်မုန့်၊ သည့်ကွတ်ကီးနဲ့ အခြားမုန့်မျိုးစွာကို ဝယ်ယူစားသောက် နိုင်မှာဖြစ်တဲ့အပြင် ချောကလက်မုန့်လုပ်တဲ့ စက်ကိုလဲ သေချာလေ့လာနိုင်မဲ့ နေရာဖြစ်တယ်

The Chocolate Factory Khao Yai
092 443 8881
https://maps.app.goo.gl/H1E2fsZXjWreguWS8?g_st=ic

📍Primo Pizza
-ခေါင်ရိုင်ကိုရောက်ပြီဆိုရင် မသွားမဖြစ်သွားရမဲ့ နေရာကတော့ အီတလီကသိုးခြံပုံစံ ပုံဖော် ထားသော Primo Pizza သိုးခြံလေးပါနော်-အီတလီစတိုင် သိုးခြံလေးဖြစ်တာမို့လို့ merino မျိုးနွယ်ဝင်သိုးကလေးများ မြည်းကလေးများနဲ့ တောင်အမေရိကမျိုးနွယ်ဝင် ကုလားအုတ်ငယ် လေးများကို ကြည့်ရှူ့နိုင်မဲ့အပြင် အစာများကျွေးဓာတ်ဖမ်းနိုင်မဲ့အခွင့်ရေးလေးပါနော်

Primo Piazza
081 922 9000
https://maps.app.goo.gl/eLkzQfa9S1kLgceHA?g_st=ic

📍The Venezia Hua Hin
- ဥရောပ အီတလီမှာရှိတဲ့ Venice မြို့ ကို ရောက်နေတဲ့ ခံစားချက်ကို တစ်ထပ်ထဲ ခံစားရစေမဲ့ အပန်းဖြေနေရာလေး ဖြစ်ပါတယ်ရှင့်။
- ဥမင်လှိုင်ခေါင်းတွေနဲ့ ဂန္တဝင်ဆန်လှတဲ့အပြင်အဆင်တွေကြောင့် မဖြစ်မနေသွားရောက်ရမဲ့ နေရာ ဖြစ်ပါတယ်ရှင့်။
- သွားရောက်လည်ပတ်စရာ ဇုံ ၄ခု ခွဲထားပြီးတော့နိုင်ငံတကာအစားအသောက်တွေရနိုင်တဲ့ စားသောက်ဆိုင်၊ကော်ဖီဆိုင်တွေရှိတဲ့ ဇုံ၊ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး Brand တွေရဲ့ အဝတ်အထည်တွေ၊ အဆင့်မြင် စျေးဝယ်ယူန်ိုင်တဲ့စျေးတွေ နဲ့ ဗိသုကာလက်ရာတွေကိုပါ တပါထဲ ခံစားနိုင်လေ့လာနိုင်မဲ့ နေရာ ဖြစ်ပါတယ်။

The Venezia
083 842 2301
https://maps.app.goo.gl/Mx1DuHbBd6xifGYs5?g_st=ic

📍Hua Hin Beach
ထိုင်းနိုင်ငံမှာ ရှိတဲ့ ကမ်းခြေများထဲမှာ အသန့်ဆုံးနဲ့ အလှပဆုံး ကမ်းခြေကိုပြပါဆိုရင်တော့ ဟွာဟင် ကမ်းခြေကို ပထမဆုံးပြရမှာဖြစ်ပါတယ် Crystal လိုကြည်လင်တဲ့ ရေနဲ့ သန့်ရှင်းတဲ့ လေထု အဓိကရှိလို့ အလွန် နေလို့ကောင်းတဲ့ ကမ်းခြေ ဖြစ်ပါတယ်။
ဟွာဟင်ကမ်းခြေမှာ တည်ဆောက်ထားတဲ့ ဆည်ကလဲ နာမည်ကြီးတဲ့အတွက် သွားရောက်လေ့လာရမဲ့ နေရာ လည်းဖြစ်တာပေါ့။

📍Sheep Farm
Sheep Farm သဘာဝလှပသော သိုးမွေးခြံကိုလက်မှတ်ဝယ်ယူပြီး ဝင်ရောက်လည်ပတ်နိုင်ပါတယ်။
16-100 yr Floating Market ဟွာဟင်းရဲ့ တစ်ခုထဲသော နှစ်တစ်ရာကျော်သက်တမ်းရှိတဲ့ ရေပေါ်စျေးဖြစ်ပြီးတော့ အာရှတိုက်မှာဆိုရင် အကြီးဆုံး ရေပေါ်စျေးလဲဖြစ်တယ်။

ရေပေါ်လှေဆိုင်ခန်းတွေကနေ ဝယ်ယူနိုင်တဲ့ စျေးဖြစ်ပြီးတော့ ဟွာဟင်ရဲ့ ပတ်ဝန်းကျင်အလှအပတွေကိုလည်း လှေစီးပြီး ကြည့်ရှုနိုင်မှာဖြစ်တယ်။
စိမ်းလန်းတဲ့ တောင်တွေနဲ့ ရေပတ်ပတ်လည် ဝန်းရံထားတဲ့ ရေပေါ်စျေးအလှကိုလည်းအပြည့်အဝ ခံစားရမှာဖြစ်တယ်။

📍Wat Maniwron(နဂါးဘုရား)
ထောင်ပေါင်းများစွာသော နဂါးများမှနောင်ပွင့်လာမည့် ဘုရားအတွက် ရည်စူးပြီး လှူဒါန်းထားသော ဌာပနာများအားစောင့်ရှောက်ထားသည့်ဂူဖြစ်ပြီး ဂူထဲတွင်လည်း ကြီးမားလှသော ဘုရားရုပ်ပွားတော်မြတ် အားတည်ထားကိုးကွယ်ထားကြသည့်အတွက် ယခုချိန်တွင် ဘုရားဖူးဧည့်သည်များဖြင့်စည်ကားလျှက်ရှိသော ဘုရားပါ။

📍Khun Dan Prakarn Chon Dam ထိုင်းနိုင်ငံရဲ့ အကြီးဆုံးရေအားလျှပ်စစ်ထုတ်လုပ်ရန်အတွက် များပြားလှသောရေများအား တောင်တန်းများကြား တွင် ထိုင်းနိုင်ငံရဲ့၉ဆက်မြောက်ဘုရင်မှနှစ်၂၀ကြာတည်ဆောက်ထားသော ရေကာတာကြီးဖြစ်ပါတယ်။

-ကားပဲသီးသန့်ငှားမလား
-လေဆိပ်ကြိုပေးရမလား
-Joint Tour ပဲလိုက်ပေးရမလား
-Package နဲ့ပဲလိုက်မလား
-လူကြီးမင်းတို့ရဲ့ Plan နဲ့ပဲသွားမလား
-ဒါမှမဟုတ် plan ရွေးပေးရမလား

🕊️ဘယ်လိုအစီစဉ်လေးတွေနဲ့သွားချင်တာပဲဖြစ်ဖြစ်
ကျွန်တော်တို့ရဲ့ဝန်ဆောင်မူ့လေးကို သတိရလိုက်ပါနော်

🚗ကားတစ်မျိုးတည်းသာ တစ်နေ့တာငှားယူလည်ပတ်လိုပါက

🙍‍♂️1-4 ယောက်စီး

=ဈေးနူန်းများ

1.ဘန်ကောက်မြို့တွင်း တစ်နေ့တာ = 2500 ဘတ်

2.ဘန်ကောက် > ပတ္တရား = 3500 ဘတ်

3.ဘန်ကောက် > အယုဒ္ဓယ = 3500 ဘတ်

4.ဘန်ကောက် > ဟွာဟင် = 4000 ဘတ်

5. ဘန်ကောက် > ကန်ချနာဘူရီ = 4300 ဘတ်

6.ဘန်ကောက် > ခေါင်ရိုင် = 4300 ဘတ်

8.ဘန်ကောက် > နတ်ခေါ်နာယုတ် = 4300 ဘတ်

9.ချင်းမိုင်မြို့တွင်း = 3300 ဘတ်

10. ချင်းမိုင် > ချင်းရိုင် = 4800 ဘတ်

11.လေဆိပ်ကြို / ပို့ = 1000 ဘတ်

🙍‍♂️5-10 ယောက်စီး
🚗 ဈေးနူန်းများ

1. ဘန်ကောက်မြို့တွင်း = 3300 ဘတ်

2. ဘန်ကောက် > ပတ္တရား = 3800 ဘတ်

3. ဘန်ကောက် > အယုဒ္ဓယ = 3800 ဘတ်

4. ဘန်ကောက် > ဟွာဟင် = 4300 ဘတ်

5. ဘန်ကောက် > ကန်ချနာဘူရီ = 4800 ဘတ်

6. ဘန်ကောက် > ခေါင်ရိုင် = 4800 ဘတ်

7. ဘန်ကောက် > နတ်ခေါ်နာယုတ် = 4800 ဘတ်

8. ချင်းမိုင်မြို့တွင်း = 3800 ဘတ်

9. ချင်းမိုင် > ချင်းရိုင်း = 5300 ဘတ်

10. လေဆိပ်ကြို = 1200 ဘတ်

🚗ဘန်ကောက် > ဖူးခက်(ကားစင်းလုံးငှား)

🙍‍♂️ 1-10 ယောက်စီး =10000ဘတ်

🚗ဘန်ကောက် > ချင်းမိုင် (ကားစင်းလုံးငှား)

🙍‍♂️1-10 ယောက်စီး = 10000 ဘတ်

(ကားသီးသန့်သွားရာတွင် နေရာများအား လူကြီးမင်းတို့စိတ်တိုင်းကျ Trip Plan ပေးတဲ့အပေါ် ဈေးနူန်းများအား အလျှော့အတင်းရှိပါသည်)

🤵ကျွန်တော်တို့ရဲ့ Service လေးမှ ကားသမားစိတ်ရှည်ချင်း, ကားကျန်းမာရေး , သန်းရှင်းရေး စသည်ဖြင့် အသေးစိတ်ကအစ လူကြီးမင်းတို့စိတ်တိုင်းကြဖို့
ရာနူန်းပြည့်ဝန်ဆောင်မူ့ပေးသွားမှာဖြစ်တာမို့
အမြန်ဆုံးသာဆက်သွယ်လိုက်ပါနော်🙏

☎️.0931819172
Viber. +66, 0928602834
Line > https://line.me/ti/p/gywJ4tp3k5


#ခရီးသွားဝန်ဆောင်မူ့
#ဘန်ကောက် #ဘန်ကောက်လမ်းညွှန်
#ဘန်ကောက်ခရီးသွားဝန်ဆောင်မူ့-ဥမ္မာ



Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+66931819172

Website

Alerts

Be the first to know and let us send you an email when ဘန်ကောက် အစုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဘန်ကောက် အစုံ:

Videos

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share