M2N Car Rental & Tour - Bangkok

  • Home
  • M2N Car Rental & Tour - Bangkok

M2N Car Rental & Tour - Bangkok 🇹🇭ဘန်ကောက်မြို့တွင်း လေဆိပ်ကြို/ပို့၊ နေ့ချင်းပြန်ခရီးစဉ်များအတွက်
မိသားစုစီး ကားအငှါးဝန်ဆောင်မှု။

မင်္ဂလာနံနက်ခင်းပါ။ 🌅မင်္ဂလာရှိတဲ့ မနက်ခင်းလေးမှာ စီးပွါးတိုးတက်ပြီး သာယာလှပတဲ့ နေ့သစ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ …...
10/01/2024

မင်္ဂလာနံနက်ခင်းပါ။ 🌅

မင်္ဂလာရှိတဲ့ မနက်ခင်းလေးမှာ

စီးပွါးတိုးတက်ပြီး သာယာလှပတဲ့ နေ့သစ်လေးကို

ပိုင်ဆိုင်နိုင်ကြပါစေလို့ ….

M2N မိသားစုမှ ဆုမွန်ကောင်း

တောင်းပေးလိုက်ပါတယ်ရှင်။ 🙏

နှစ်သစ်ဆုတောင်း 🙏2024 နှစ်သစ်ကာလ မှ စတင်ကာ မြန်မာပြည်သူပြည်သားများ အားလုံးစိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီးစီးပွားဥစ္စာ ဒီရေ...
02/01/2024

နှစ်သစ်ဆုတောင်း 🙏

2024 နှစ်သစ်ကာလ မှ စတင်ကာ
မြန်မာပြည်သူပြည်သားများ အားလုံး
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး
စီးပွားဥစ္စာ ဒီရေအလား တိုးတက်ကြပါစေ 🙏

၇ ရက်သားသမီးများအားလုံး
စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာကြပါစေ ကြောင်း
M2N မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင် 🙏

🙏🏻 မင်္ဂလာပါရှင့် 🙏🏻ဘန်ကောက်ကို အလည်လာလို့ သွားရေးလာရေး အခက်အခဲဖြစ်မှာစိတ်ပူနေပါသလား❓❓❓မပူပါနဲ့ M2N ရှိပါတယ်နော်… 💁🏻‍♀️🚗...
18/12/2023

🙏🏻 မင်္ဂလာပါရှင့် 🙏🏻

ဘန်ကောက်ကို အလည်လာလို့
သွားရေးလာရေး အခက်အခဲဖြစ်မှာ
စိတ်ပူနေပါသလား❓❓❓
မပူပါနဲ့ M2N ရှိပါတယ်နော်… 💁🏻‍♀️

🚗 လေဆိပ် ကြို/ ပို့ ဝန်ဆောင်မှု၊
🚗 Bangkok မြို့တွင်း
အလည်အပတ်ခရီးစဉ်များ၊
🚗 Bangkok အနီးတစ်ဝိုက်
Day trip ခရီးစဉ်များ၊
🚗 ကစားကွင်းများ၊ ဘုရားဖူးခရီးစဉ်များ၊
🚗 Pattaya - ပတ္တရား ခရီးစဉ်၊
🚗 Ayutthaya - အယုဒ္ဓယမြို့ ခရီးစဉ်များ နှင့်
အခြား ခရီးစဉ်များကို

မိသားစုသုံး ၇ ယောက်စီးကားဖြင့်
ဘေးကင်း လုံခြုံစွာ
လူကြီးမင်းတို့၏ စိတ်တိုင်းကျ
ဝန်ဆောင်မှုပေးနေပါပြီရှင့်။ 💁🏻‍♀️

🚗 လမ်းခရီးစဉ် တစ်လျှောက်လုံး
အဲကွန်း (A/C) အေးအေးလေး ဖွင့်ပေးတဲ့အပြင်
သောက်ရေသန့်ဘူး၊ စနိုးတာဝါ၊
Wet Tissue၊ Hand Spray များကိုပါ
လူကြီးမင်းတို့ လိုအပ်လျှင် အသုံးပြုဖို့
အဆင်သင့်ထားရှိ ထားပါတယ်ရှင့်။ 💁🏻‍♀️

🗣️ ဘာသာစကား အခက်အခဲဖြစ်မှာလည်း
စိတ်မပူပါနဲ့နော်။ ❌
ဘာသာပြန်အတွေ့အကြုံ
၁၀ နှစ်ကျော်ပြီဖြစ်တဲ့
စကားပြန်ဝန်ဆောင်မှုပါ
တစ်ပါတည်း ငှါးရမ်းနိုင်ပါတယ်ရှင့်။ 💁🏻‍♀️

🇹🇭 ဘန်ကောက်မြို့တွင်း
မိသားစုသီးသန့် သွားလာချင်တာပဲဖြစ်ဖြစ်၊ 👨‍👩‍👧‍👦
လေဆိပ် မှ ဟိုတယ် သို့
ကား ကြို/ပို့ လိုအပ်တာပဲဖြစ်ဖြစ်၊ ✈️
M2N - Car Rental & Tour မှ
လူကြီးမင်းတို့ စိတ်တိုင်းကျ
ဘေးကင်းလုံခြုံစွာဖြင့်
ဝန်ဆောင်မှု ပေးနေပါပြီရှင့် 💁🏻‍♀️

🙏🏻 အားလပ်ရက်တွေမှာ သာယာပြီးဘေးကင်းလုံခြုံသော ခရီးစဉ်လေးဖြစ်ပါစေရှင့်။ 🙏🏻

📞 Phone : 065 023 4218
📞 LINE ID : m2nbkk
📞 Viber : +959 504 8176
📞 WhatsApp : +66 65 023 4218

🇹🇭 M2N Car Rental & Tour 🇹🇭

🏝️🌊 ပတ္တရား ကမ်းခြေ နေ့ချင်းပြန် Day Tripခရီးစဉ်လေး ပို့ဆောင်ပေးခဲ့ပါတယ်ရှင့်။ 🌊🏝️🇹🇭 ဘန်ကောက်မြို့တွင်း မိသားစုသီးသန့် သ...
14/12/2023

🏝️🌊 ပတ္တရား ကမ်းခြေ နေ့ချင်းပြန် Day Trip
ခရီးစဉ်လေး ပို့ဆောင်ပေးခဲ့ပါတယ်ရှင့်။ 🌊🏝️

🇹🇭 ဘန်ကောက်မြို့တွင်း
မိသားစုသီးသန့် သွားလာချင်တာပဲဖြစ်ဖြစ်၊ 👨‍👩‍👧‍👦
လေဆိပ် မှ ဟိုတယ် သို့
ကား ကြို/ပို့ လိုအပ်တာပဲဖြစ်ဖြစ်၊ ✈️
M2N - Car Rental & Tour မှ
လူကြီးမင်းတို့ စိတ်တိုင်းကျ
ဘေးကင်းလုံခြုံစွာဖြင့်
ဝန်ဆောင်မှု ပေးနေပါပြီရှင့် 💁🏻‍♀️

🙏🏻 အားလပ်ရက်တွေမှာ သာယာပြီးဘေးကင်းလုံခြုံသော ခရီးစဉ်လေးဖြစ်ပါစေရှင့်။ 🙏🏻

📞 Phone : 065 023 4218
📞 LINE ID : m2nbkk
📞 Viber : +959 504 8176
📞 WhatsApp : +66 65 023 4218

🇹🇭 M2N Car Rental & Tour 🇹🇭


08/12/2023

M2N နဲ့သွားခဲ့တဲ့ ပျော်စရာခရီးစဉ်လေး
ဒုတိယပိုင်းပါရှင့်။🩷

08/12/2023

M2N နဲ့သွားခဲ့တဲ့ ပျော်စရာခရီးစဉ်လေးပါရှင့်။🩷

🇹🇭 ဘန်ကောက်အလည်လာရင်း ကားအငှါးဝန်ဆောင်မှုအတွက် M2N Car Rental & Tour - Bangkok ကို ယုံကြည်စိတ်ချစွာ ရွေးချယ်တဲ့ သရုပ်ဆော...
08/12/2023

🇹🇭 ဘန်ကောက်အလည်လာရင်း
ကားအငှါးဝန်ဆောင်မှုအတွက်
M2N Car Rental & Tour - Bangkok ကို
ယုံကြည်စိတ်ချစွာ ရွေးချယ်တဲ့
သရုပ်ဆောင် မင်းသား ကိုကျော်ထက် တို့
မိသားစုအား ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။🙏🏻

🇹🇭 ဘန်ကောက်မြို့တွင်း
မိသားစုသီးသန့် သွားလာချင်တာပဲဖြစ်ဖြစ်၊ 👨‍👩‍👧‍👦
လေဆိပ် မှ ဟိုတယ် သို့
ကား ကြို/ပို့ လိုအပ်တာပဲဖြစ်ဖြစ်၊ ✈️
M2N - Car Rental & Tour မှ
လူကြီးမင်းတို့ စိတ်တိုင်းကျ
ဘေးကင်းလုံခြုံစွာဖြင့်
ဝန်ဆောင်မှု ပေးနေပါပြီရှင့် 💁🏻‍♀️

🙏🏻 အားလပ်ရက်တွေမှာ သာယာပြီးဘေးကင်းလုံခြုံသော ခရီးစဉ်လေးဖြစ်ပါစေရှင့်။ 🙏🏻

🇹🇭 M2N Car Rental & Tour 🇹🇭

မင်္ဂလာနံနက်ခင်းပါ။ 🌅မင်္ဂလာရှိတဲ့ မနက်ခင်းလေးမှာသာယာလှပတဲ့ နေ့သစ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ …. M2N မိသားစုမှ ဆုမွ...
17/11/2023

မင်္ဂလာနံနက်ခင်းပါ။ 🌅

မင်္ဂလာရှိတဲ့ မနက်ခင်းလေးမှာ

သာယာလှပတဲ့ နေ့သစ်လေးကို

ပိုင်ဆိုင်နိုင်ကြပါစေလို့ ….

M2N မိသားစုမှ ဆုမွန်ကောင်း

တောင်းပေးလိုက်ပါတယ်ရှင်။ 🙏

Photo : Big Buddha
( Location : Phuket, Thailand )

Hand Carry ထဲထည့်ရမှာလား ၊ Luggage ထဲထည့်ရမှာလား ?? 🧐ပြည်ပကို ခရီးတွေ ခဏခဏထွက်နေရပေမယ့်လေယာဉ်စီးခါနီးတိုင်း ပစ္စည်းတွေကိ...
16/11/2023

Hand Carry ထဲထည့်ရမှာလား ၊
Luggage ထဲထည့်ရမှာလား ?? 🧐

ပြည်ပကို ခရီးတွေ
ခဏခဏထွက်နေရပေမယ့်
လေယာဉ်စီးခါနီးတိုင်း ပစ္စည်းတွေကို
Hand Carry ထဲထည့်ရမလား❓❓
Luggage ထဲထည့်ရမလား ဆိုတာ
ဝေခွဲမရဖြစ်နေတုန်းပဲလား❓❓

🧳 Hand Carry နဲ့ Luggage အတွက်
ဆောင်ရန်ရှောင်ရန်လေးတွေကို
စုစည်းပေးလိုက်ပါတယ်နော်။ 💁🏻‍♀️

————————————

👜 Hand Carry 👜

မိမိစီးနင်းမည့် လေကြောင်းလိုင်းမှ
သတ်မှတ်ထားသော
လက်ဆွဲအိတ် အရွယ်အစားအတိုင်း
တစ်ဦးကို 7 Kg သယ်ဆောင်ခွင့်ရှိပါတယ်။ 💁🏻‍♀️

✅ သယ်ဆောင်နိုင်သည့်ပစ္စည်းများ။ ✅

ဆေးဝါးများ၊ အဖိုးတန်ပစ္စည်းများ၊
အရေးကြီးစာရွက်စာတမ်းများ၊
ပိုက်ဆံထည့်ထားသော အိတ်များ၊
ပတ်စပို့၊ ဖုန်း၊ ပါဝါဘန့် နှင့် အားသွင်းကြိုးများ။

မိမိ နေ့စဉ်အသုံးပြုဖို့အတွက်
လိုအပ်သော ပစ္စည်းတွေကို
Hand Carry မှာ သယ်ဆောင်သွားခြင်းဖြင့်
မိမိ Luggage ပျောက်ရှတဲ့ အခါမျိုးမှာ
အချိန်အတိုင်းအတာ တစ်ခုအထိ
အခက်အခဲမရှိပဲ နေထိုင်နိုင်မှာပါ။ 💁🏻‍♀️

❌ ကန့်သက်ထားသောပစ္စည်းများ။ ❌

ချွန်ထက်သောအရာများ၊
အနံ့ (or) အငွေ့ထုတ်လို့ရသော
ဖြန်းဆေးဘူးများ၊
100ml အထက် အရည်များ သို့မဟုတ်
မီးလောင်လွယ်သောပစ္စည်းများကဲ့သို့သော
တားမြစ်ထားသောပစ္စည်းများကို
သယ်ဆောင်သွားလို့ မရပါ။ 🚫

မိမိ နှင့် အတူသယ်ဆောင်လာတဲ့
ရေမွေး၊ Hair Spray ၊ အချိုရည်ဗူး
စတာတွေကို hand carry ထဲထည့်ပြီး
သယ်ဆောင်လာမယ်ဆိုရင်တော့
လေဆိပ်မှာတင်ထားခဲ့ရမှာမို့လို့
တန်ဖိုးကြီး ပစ္စည်းများပါခဲ့ရင်
မကွဲမရှအောင် သေသေချာချာထုတ်ပိုးပြီး
Check Luggage ထဲထည့်သွားဖို့
အကြံပေးချင်ပါတယ်။ 💁🏻‍♀️

————————————

🧳 Check Luggage 🧳

မိမိစီးနင်းမည့် လေကြောင်းလိုင်းမှ
သတ်မှတ်ထားသော
လက်ဆွဲအိတ် အရွယ်အစားအတိုင်း
တစ်ဦးကို 30 Kg သယ်ဆောင်ခွင့်ရှိပါတယ်။ 💁🏻‍♀️

✅ သယ်ဆောင်နိုင်သည့်ပစ္စည်းများ။ ✅

အဝတ်အစား၊ ရေချိုးခန်းသုံးပစ္စည်းများ၊
လျှပ်စစ်ပစ္စည်းများ၊ အရည်များ နှင့်
တစ်ကိုယ်ရေသုံးပစ္စည်းများကို သယ်ဆောင်နိုင်ပါတယ်။

လေယာဉ်ဝမ်းဗိုက်အောက်မှာ ထည့်ပြီး
လေဆိပ်ရောက်မှ ပြန်ယူရမှာဖြစ်တဲ့အတွက်
အလွယ်တကူ အသုံးမပြုဖြစ်တဲ့ ပစ္စည်းတွေကို
ထည့်ပြီးသယ်ဆောင်သွားဖို့ အကြံပေးချင်ပါတယ်။ 💁🏻‍♀️

❌ ကန့်သက်ထားသောပစ္စည်းများ။ ❌

ချွန်ထက်သောအရာများ၊
မီးလောင်လွယ်သောပစ္စည်းများကိုတော့
သယ်ဆောင်ခွင့်မပြုပါဘူး။ 🚫

တန်ဖိုးကြီး ( ရေမွှေး၊ ဖန်ပုလင်း စတဲ့ )
ပစ္စည်းများကိုလည်း
မကွဲမရှနိုင်အောင် သေချာစွာထုတ်ပိုးပြီး
သယ်ဆောင်ဖို့ကိုလည်း မမေ့ပါနဲ့နော်။ 💁🏻‍♀️

🛩️ လေဆိပ်ရောက်လို့ ပြန်ယူတဲ့အခါ
Luggage တွေ ဆင်တူနေရင်
တခြားသူကမှားယူသွားတာမျိုး၊
ပျောက်ရှတာမျိုး တွေဟာ
ဖြစ်လေ့ဖြစ်ထရှိတဲ့ အတွက်
အထုတ်အပိုးတွေကို မအပ်ခင်မှာ
အမှတ်အသားလုပ်ထားဖို့ နဲ့
ဓာတ်ပုံရိုက်ယူထားဖို့လည်း အကြံပေးချင်ပါတယ်။ 💁🏻‍♀️

————————————

👨‍👩‍👧‍👦 ခရီးသွားတဲ့အခါ
မိမိ ပတ်စပို့၊
ပိုက်ဆံအိတ်၊
ခရီးဆောင်အိတ် နှင့်
ခရီးသွားချိန်များကို
သတိပြုပြီး သွားလာကြဖို့
အသိပေးလိုက်ပါတယ်။ 💁🏻‍♀️

🇹🇭 ဘန်ကောက်မြို့တွင်း
မိသားစုသီးသန့် သွားလာချင်တာပဲဖြစ်ဖြစ်၊ 👨‍👩‍👧‍👦
လေဆိပ် မှ ဟိုတယ် သို့
ကား ကြို/ပို့ လိုအပ်တာပဲဖြစ်ဖြစ်၊ ✈️
M2N - Car Rental & Tour မှ
လူကြီးမင်းတို့ စိတ်တိုင်းကျ
ဘေးကင်းလုံခြုံစွာဖြင့်
ဝန်ဆောင်မှု ပေးနေပါပြီရှင့် 💁🏻‍♀️

🙏🏻 အားလပ်ရက်တွေမှာ
သာယာပြီးဘေးကင်းလုံခြုံသော
ခရီးစဉ်လေးဖြစ်ပါစေလို့
M2N မိသားစုမှ
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်။ 🙏🏻

🇹🇭 M2N Car Rental & Tour 🇹🇭

မင်္ဂလာနံနက်ခင်းပါ။ 🌅မင်္ဂလာရှိတဲ့ မနက်ခင်းလေးမှာသာယာလှပတဲ့ နေ့သစ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ …. M2N မိသားစုမှ ဆုမွ...
15/11/2023

မင်္ဂလာနံနက်ခင်းပါ။ 🌅

မင်္ဂလာရှိတဲ့ မနက်ခင်းလေးမှာ

သာယာလှပတဲ့ နေ့သစ်လေးကို

ပိုင်ဆိုင်နိုင်ကြပါစေလို့ ….

M2N မိသားစုမှ ဆုမွန်ကောင်း

တောင်းပေးလိုက်ပါတယ်ရှင်။ 🙏

Photo : Kyite Hti Yoe Pagoda
( Location : Mon State, Myanmar )

မင်္ဂလာနံနက်ခင်းပါ။ 🌅မင်္ဂလာရှိတဲ့ မနက်ခင်းလေးမှာသာယာလှပတဲ့ နေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ …. M2N မိသားစုမှ ဆုမွန်က...
06/11/2023

မင်္ဂလာနံနက်ခင်းပါ။ 🌅

မင်္ဂလာရှိတဲ့ မနက်ခင်းလေးမှာ

သာယာလှပတဲ့ နေ့လေးကို

ပိုင်ဆိုင်နိုင်ကြပါစေလို့ ….

M2N မိသားစုမှ ဆုမွန်ကောင်း

တောင်းပေးလိုက်ပါတယ်ရှင်။ 🙏

Photo : KuThoDaw Pagoda
( Location : Mandalay, Myanmar )

မင်္ဂလာနံနက်ခင်းပါ။ 🌅မင်္ဂလာရှိတဲ့ မနက်ခင်းလေးမှာသာယာလှပတဲ့ နေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ …. M2N မိသားစုမှ ဆုမွန်က...
04/11/2023

မင်္ဂလာနံနက်ခင်းပါ။ 🌅

မင်္ဂလာရှိတဲ့ မနက်ခင်းလေးမှာ

သာယာလှပတဲ့ နေ့လေးကို

ပိုင်ဆိုင်နိုင်ကြပါစေလို့ ….

M2N မိသားစုမှ ဆုမွန်ကောင်း

တောင်းပေးလိုက်ပါတယ်ရှင်။ 🙏

Photo : Wat Arun Temple
( Location : Thailand )

မင်္ဂလာနံနက်ခင်းပါ။ 🌅မင်္ဂလာရှိတဲ့ မနက်ခင်းလေးမှာ သာယာလှပတဲ့ နေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ …. M2N မိသားစုမှ ဆုမွန်...
03/11/2023

မင်္ဂလာနံနက်ခင်းပါ။ 🌅

မင်္ဂလာရှိတဲ့ မနက်ခင်းလေးမှာ

သာယာလှပတဲ့ နေ့လေးကို

ပိုင်ဆိုင်နိုင်ကြပါစေလို့ ….

M2N မိသားစုမှ ဆုမွန်ကောင်း

တောင်းပေးလိုက်ပါတယ်ရှင်။ 🙏

Photo : Wat Paknam Phasi Charoen
( Location : Thailand )

🇲🇲 မြန်မာနိုင်ငံ နှင့် အိမ်နီးချင်း ထိုင်းနိုင်ငံ 🇹🇭မြန်မာ နှင့် ထိုင်း တို့ဟာ အရှေ့တောင်အာရှရဲ့ အိမ်နီးချင်းနိုင်ငံများ...
02/11/2023

🇲🇲 မြန်မာနိုင်ငံ နှင့် အိမ်နီးချင်း ထိုင်းနိုင်ငံ 🇹🇭

မြန်မာ နှင့် ထိုင်း တို့ဟာ
အရှေ့တောင်အာရှရဲ့
အိမ်နီးချင်းနိုင်ငံများဖြစ်ကြပြီး
တူညီမှုများ နှင့် ကွဲပြားမှုများရှိပါတယ်။
တူညီတဲ့အချက်အချို့ကိုတော့
အောက်မှာကြည့်လိုက်ကြရအောင်နော်။ 💁🏻‍♀️

————————————

🎀 1. ပထဝီဝင်တည်နေရာ📍-

ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံစလုံးက
အရှေ့တောင်အာရှမှာ တည်ရှိပြီး
အချင်းချင်း နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။

————————————

🎀 2. ဗုဒ္ဓဘာသာ 🙏🏻-

ဗုဒ္ဓဘာသာဟာ နိုင်ငံနှစ်ခုလုံးမှာ
ထင်ရှားတဲ့ဘာသာဖြစ်ပြီး
နိုင်ငံနှစ်ခုလုံးမှာ
ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်စေတီများနှင့်
ဘုန်းကြီးကျောင်း များစွာကို တွေ့မြင်နိုင်ပါတယ်။

————————————

🎀 3. ယဉ်ကျေးမှု လွှမ်းမိုးမှုများ🧎🏻‍♀️ -

လူမျိုးနှစ်ခုစလုံးဟာ ကြွယ်ဝတဲ့
ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများရှိပြီး
အိမ်နီးချင်းနိုင်ငံများ( အထူးသဖြင့်
တရုတ် နှင့် အိန္ဒိယ ) တို့မှ
အစားအသောက်၊ ယဉ်ကျေးမှုများနှင့်
ဆင်တူရိုးမှား တူညီမှုများ ရှိပါတယ်။

————————————

🎀 4. အစားအစာ 🍛 -

ထိုင်းနှင့် မြန်မာ အစားအစာများဟာ
ဆန်၊ ခေါက်ဆွဲ၊ အရသာရှိသော
ဟင်းခတ်အမွှေးအကြိုင် များနှင့်
ဆေးဘက်ဝင် အပင်အမျိုးမျိုး တို့ကို
အဓိကထား၍ စားသောက်ပုံမှာ တူညီကြပါတယ်။

————————————

🎀 5. သဘာဝအလှတရား 🌲-

တောင်များ၊ သစ်တောများနှင့်
သာယာလှပသော ကမ်းရိုးတန်းများကဲ့သို့
ရင်သပ်ရှုမောဖွယ် သဘာဝရှုခင်းများကြောင့်
နှစ်နိုင်ငံလုံးက ကျော်ကြားပါတယ်။

တူညီမှုများစွာ ရှိသော်လည်း
မြန်မာ နှင့် ထိုင်း တို့ဟာ
ဘာသာစကား၊ နိုင်ငံရေးစနစ်များ နှင့်
သမိုင်းနောက်ခံများအပါအဝင်
သိသာထင်ရှားသော ကွဲပြားမှုများလည်းရှိပါတယ်ရှင့်။ 🇲🇲🇹🇭

————————————

🇹🇭 ဘန်ကောက်မြို့တွင်း
မိသားစုသီးသန့် သွားလာချင်တာပဲဖြစ်ဖြစ်၊ 👨‍👩‍👧‍👦
လေဆိပ် မှ ဟိုတယ် သို့
ကား ကြို/ပို့ လိုအပ်တာပဲဖြစ်ဖြစ်၊ ✈️
M2N - Car Rental & Tour မှ
လူကြီးမင်းတို့ စိတ်တိုင်းကျ
ဘေးကင်းလုံခြုံစွာဖြင့်
ဝန်ဆောင်မှု ပေးနေပါပြီရှင့်။ 💁🏻‍♀️

🙏🏻 အားလပ်ရက်တွေမှာ သာယာပြီးဘေးကင်းလုံခြုံသော ခရီးစဉ်လေးဖြစ်ပါစေရှင့်။ 🙏🏻

📞 Phone : 065 023 4218
📞 LINE ID : m2nbkk
📞 Viber : +959 504 8176
📞 WhatsApp : +66 65 023 4218

🇹🇭 M2N Car Rental & Tour 🇹🇭

မင်္ဂလာနံနက်ခင်းပါ။ 🌅မင်္ဂလာရှိတဲ့ မနက်ခင်းလေးမှာ သာယာလှပတဲ့ နေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ …. M2N မိသားစုမှ ဆုမွန်...
02/11/2023

မင်္ဂလာနံနက်ခင်းပါ။ 🌅

မင်္ဂလာရှိတဲ့ မနက်ခင်းလေးမှာ

သာယာလှပတဲ့ နေ့လေးကို

ပိုင်ဆိုင်နိုင်ကြပါစေလို့ ….

M2N မိသားစုမှ ဆုမွန်ကောင်း

တောင်းပေးလိုက်ပါတယ်ရှင်။ 🙏

Photo : Shwe Dagon Pagoda ( Location - Myanmar )

🇹🇭 Bangkok ကို အလည်လာဖို့ ဘာတွေလိုအပ်လဲ ❓❓❓နိုဝင််ဘာ နဲ့ ဒီဇင်ဘာလ တွေမှာဘန်ကောက်ကို အလည်လာဖို့စိတ်ကူးထားတဲ့ လူကြီးမင်းတိ...
01/11/2023

🇹🇭 Bangkok ကို အလည်လာဖို့
ဘာတွေလိုအပ်လဲ ❓❓❓

နိုဝင််ဘာ နဲ့ ဒီဇင်ဘာလ တွေမှာ
ဘန်ကောက်ကို အလည်လာဖို့
စိတ်ကူးထားတဲ့ လူကြီးမင်းတို့အတွက်
ဒီနေ့မှာတော့ မြန်မာနိုင်ငံကနေ
ထိုင်းနိုင်ငံ အလည်လာဖို့
လိုအပ်တဲ့ အချက်အလက်လေးတွေကို
စုစည်းပေးလိုက်ပါတယ်ရှင့်။ 💁🏻‍♀️

————————————

အမေးများတဲ့ မေးခွန်းက
ထိုင်းကို အလည်လာရင်
Visa လိုအပ်လားဆိုတာပဲ ဖြစ်ပါတယ်။ 🤔

၁၄ ရက် အလည်လာမယ့်သူများအတွက်
Visa မလိုအပ်ပါဘူးရှင့်။ ❌
ထိုင်းနိုင်ငံလေဆိပ် အဝင်ရောက်မှ
Visa တုံးထုပေးပါတယ်။ ✅

————————————

🎀 1. Passport - ပတ်စပို့ 📕

ပတ်စပို့ ကုန်ဆုံး သက်တမ်း ( Expire Date )
အနည်းဆုံး ၆ လ ထိရှိတဲ့ Passport ဖြစ်မှ
မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံများကို
ခရီးသွားလို့ရပါတယ်။
ပတ်စပို့မှာပါတဲ့ Exp Date ကိုကြည့်ပြီး
ကုန်ဆုံးရက် နီးနေပြီဆိုရင်
သက်တမ်းတိုးထားဖို့မမေ့ပါနဲ့နော်။ 💁🏻‍♀️

————————————

🎀 2. Air Ticket - လေယာဉ်လက်မှတ် ✈️

အလည်ဗီဇာနဲ့ သွားလည်မယ်ဆိုရင်
လေယာဉ်လက်မှတ် အသွား-အပြန် လိုအပ်ပါတယ်။
အပြန်ရက်က မသေချာဘူးဆိုရင် Booking လတ်မှတ်ပြလို့ရပါတယ်။
ခြွင်းချက်အနေနဲ့ တခြားဗီဇာတွေဆိုရင်တော့ ပြစရာမလိုအပ်ပါဘူးရှင့်။ ❌

✈️ လေယာဉ်လက်မှတ်ကို
လေကြောင်းလိုင်းတွေရဲ့
Website ကနေ တိုက်ရိုက်ဝယ်လို့ရသလို
လေကြောင်းလိုင်းတွေ အသိအမှတ်ပြုထားတဲ့
Agent တွေစီကနေလည်း
အလွယ်တကူ ဝယ်လို့ရပါတယ်။

✈️ လေယာဉ်လက်မှတ်တွေက
စောစောဝယ်လေ စျေးသက်သာလေပါပဲ။
လက်မှတ်တွေက ရုံးပိတ်ရက်၊ ရုံးဖွင့်ရက်၊
မနက်ပိုင်း၊ ညပိုင်း အချိန်ကွာပြီးတော့လည်း
စျေးအပြောင်းအလဲရှိပါတယ်ရှင့်။

ခရီးသွားမည့်ရက်မတိုင်ခင်
အနည်းဆုံး ရက် ၂၀ ခန့် ကြိုတင်ပြီး
လက်မှတ်ဝယ်ယူဖို့လည်း မမေ့ပါနဲ့နော်။ 💁🏻‍♀️

————————————

🎀 3. Show money 💰

တစ်ဦးကို အမေရိကန်ဒေါ်လာ ၇၀၀ USD ( သို့ )
ထိုင်း ဘတ်ငွေ ၂၀၀၀၀ Baht Show Money ပြရပါတယ်။
မြန်မာကျပ်ငွေ မရပါ၊ ❌
မြန်မာဘဏ်အကောင့် ပြလို့မရပါ။ ❌
Show Money က အမြဲတမ်း စစ်လေ့စစ်ထမရှိပေမဲ့
တရားဝင် Website တွေမှာ ကြေငြာထားတဲ့အတွက်
ကိုယ့်ဘက်က ပြင်ဆင်သွားတာအကောင်းဆုံးပါပဲ။ 💁🏻‍♀️

ဘတ်ငွေ ဒါမှမဟုတ် အမေရိကန်ဒေါ်လာကို
Money Changer တွေမှာ လဲလှယ်လို့ရပါတယ်ရှင့်။ 💁🏻‍♀️

————————————

🎀 4. Hotel Booking 🏨

မိမိနေမည့်ရက်အလိုက် Hotel Booking ပြရပါတယ်။
Website တွေကနေပဲဖြစ်ဖြစ်၊
တိုက်ရိုက် Booking တင်ထားတဲ့
ဟိုတယ်ကနေပဲဖြစ်ဖြစ်
မိမိနာမည်ပါတဲ့ Booking
Confirmation Letter လိုအပ်ပါတယ်။ 📝

Hotel Booking ကို
Agoda, Booking စတဲ့ Website တွေကနေ
ကိုယ်တိုင် Booking တင်လို့ရသလို
ဘန်ကောက်မှာရှိတဲ့ အသိမိတ်ဆွေ၊
Hotel Service ဝန်ဆောင်မှုတွေကနေလည်း
Booking တင်လို့ရပါတယ်ရှင့်။ 💁🏻‍♀️

————————————

🎀 5. မှတ်ပုံတင် 🪪

မြန်မာနိုင်ငံလေဆိပ်အထွက်မှာ
မှတ်ပုံတင်ပြသရပါတယ်။
တရားဝင် ကြေငြာထားတာမို့လို့
မှတ်ပုံတင်ကို သတိတရဆောင်လာခဲ့ဖို့
မမေ့ပါနဲ့နော်။​ 💁🏻‍♀️

————————————

🧳 ခရီးသွားတဲ့အခါ
မိမိ ပတ်စပို့၊
ပိုက်ဆံအိတ်၊
ခရီးဆောင်အိတ် နှင့်
ခရီးသွားချိန်များကို
သတိပြုပြီး သွားလာကြဖို့
အသိပေးလိုက်ပါတယ်။ 💁🏻‍♀️

————————————

🇹🇭 ဘန်ကောက်မြို့တွင်း
မိသားစုသီးသန့် သွားလာချင်တာပဲဖြစ်ဖြစ်၊ 👨‍👩‍👧‍👦
လေဆိပ် မှ ဟိုတယ် သို့
ကား ကြို/ပို့ လိုအပ်တာပဲဖြစ်ဖြစ်၊ ✈️
M2N - Car Rental & Tour မှ
လူကြီးမင်းတို့ စိတ်တိုင်းကျ
ဘေးကင်းလုံခြုံစွာဖြင့်
ဝန်ဆောင်မှု ပေးနေပါပြီရှင့်။ 💁🏻‍♀️

🙏🏻 အားလပ်ရက်တွေမှာ သာယာပြီးဘေးကင်းလုံခြုံသော
ခရီးစဉ်လေးဖြစ်ပါစေရှင့်။ 🙏🏻

📞 Phone : 065 023 4218
📞 LINE ID : m2nbkk
📞 Viber : +959 504 8176
📞 WhatsApp : +66 65 023 4218

🇹🇭 M2N Car Rental & Tour 🇹🇭

🇹🇭ရုပ်သံအစီအစဉ်တစ်ခုကစစ်တမ်းကောက်ကြည့်တဲ့အခါ ထိုင်းလူမျိုးတွေရဲ့ အကြိုက်ဆုံး အစားအစာတွေက “သင်္ဘောသီးထောင်း နဲ့ ဖက်ထိုင်း...
31/10/2023

🇹🇭ရုပ်သံအစီအစဉ်တစ်ခုက
စစ်တမ်းကောက်ကြည့်တဲ့အခါ
ထိုင်းလူမျိုးတွေရဲ့
အကြိုက်ဆုံး အစားအစာတွေက
“သင်္ဘောသီးထောင်း နဲ့
ဖက်ထိုင်း” ဖြစ်ပါတယ်တဲ့ရှင့်။ 💁🏻‍♀️

🍜 ကိုယ်အကြိုက်ဆုံး
ထိုင်းအစားအစာကို
နံပါတ်လေးတွေရေးပြီး
cmt ထဲမှာ အကြိုက်တူတဲ့သူကို
ရှာဖွေလိုက်ရအောင်နော်။ 🩷

မင်မင်ကတော့ နံပါတ် ( 6 ) ပါ။😋😋😋

&Tour

🎏ဘန်ကောက်မြို့ရဲ့ ရောင်စုံညစျေးတန်းများ🎏🌞 မနက်ခင်း စျေးဝယ်စင်တာကြီးတွေပတ်ပြီး ညပိုင်း ရောက်တော့ ပျင်းနေပြီလား? 🙇🏻‍♀️🛍️ S...
30/10/2023

🎏ဘန်ကောက်မြို့ရဲ့ ရောင်စုံညစျေးတန်းများ🎏

🌞 မနက်ခင်း စျေးဝယ်စင်တာကြီးတွေပတ်ပြီး
ညပိုင်း ရောက်တော့ ပျင်းနေပြီလား? 🙇🏻‍♀️

🛍️ Shopping Center တွေထက်
စျေးသက်သာပြီး Street food အစုံရတဲ့
ဘန်ကောက်ရဲဲ့ ရောင်စုံညစျေးတန်းတွေကို
သွားလည်ကြည့်ကြရအောင်နော်။ 💁🏻‍♀️

တချို့ညစျေးတွေက
စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာပဲဖွင့်တဲ့အတွက်
ညစျေးတွေသွားတဲ့ အခါ
ဖွင့်ချိန်၊ ပိတ်ချိန် နဲ့ နေ့ရက်တွေကို
သတိပြုပြီး သွားလာဖို့လိုပါတယ်။ 💁🏻‍♀️

_________________________

🎀 1. Asiatique the Riverfront 🎡

🕕 5:00 PM - 12:00 AM

ကျောက်ဖရားမြစ်ကမ်းနံဘေးမှာ ရှိတဲ့အတွက်
မြင်ကွင်းလှပြီး စျေးဝယ်ဖို့နဲ့ အပန်းဖြေဖို့
အတွက် သင့်တော်ပါတယ်။

_________________________

🎀 2. Chatuchak Weekend Market 🎏

🕕 6:00 PM (Fri) - 12:00 AM (Sat & Sun)

ဆိုင်ခန်းပေါင်း ၁၅,၀၀၀ ကျော်ရှိတဲ့အတွက်
ကမ္ဘာ့အကြီးဆုံး ညစျေးဆိုလည်းမမှားပါဘူး။

_________________________

🎀 3. Rod Fai Market (Train Market) 🚂

🕕 5:00 PM - 1:00 AM

Retro vibes, vintage vibes
ကြိုက်တဲ့သူတွေအတွက်
သင့်တော်တဲ့ညစျေးဖြစ်ပါတယ်။

_________________________

🎀 4. Talad Rot Fai Ratchada 🍱
🕕 5:00 PM - 1:00 AM
အစားအစာကြိုက်သူတွေ နဲ့
ညဘက်လည်း စျေးဝယ်ချင်တယ် ဆိုသူတွေအတွက်
အကြိုက်တွေ့စေမဲ့ ညစျေးတစ်ခုဖြစ်ပါတယ်။

_________________________

🎀 5. Patpong Night Market 🌃

🕕 6:00 PM - 1:00 AM

Red-Light ဧရိယာဖြစ်ပါတယ်။
ထူးခြားတဲ့ ညစျေးကြောင့် နာမည်ကြီးပါတယ်။
မိသားစုနဲ့ ကလေးသူငယ်များသွားလာဖို့
မသင့်တော်ပါဘူး။ ❌👨‍👩‍👧‍👦

_________________________

🎀 6. Khao San Road

🕕 6:00 PM - Open All Night

နိုင်ငံတကာက ခရီးသွား Backpacker လူငယ်တွေ
အကြိုက်နေရာတစ်ခုဖြစ်ပါတယ်။
ဘား၊ ကလပ် နဲ့ စားသောက်ဆိုင်များစွာရှိပြီး
စျေးနှုန်းအားဖြင့် ချိုသာပါတယ်။ 🍺

_________________________

🎀 7. Siam Gypsy Junction 🌌

🕕 5:00 PM - 12:00 AM

အနုပညာလက်ရာပစ္စည်းဆိုင်များနဲ့
တေးသီချင်း သီဆိုဖျော်ဖြေမှုများရှိတဲ့
ထူးခြားတဲ့ ညစျေးတစ်ခုဖြစ်ပါတယ်။ 🥁🎶

_________________________

🎀 8. Ratchada Train Night Market 🚂

🕕 5:00 PM - 12:00 AM

အစားအစာကြိုက်သူတွေ နဲ့ ညဘက်လည်း
စျေးဝယ်ချင်တယ် ဆိုသူတွေအတွက်
အကြိုက်တွေ့စေမဲ့ ညစျေးတစ်ခုဖြစ်ပါတယ်။

_________________________

🎀 9. Artbox Market 🎨

🕕 4:00 PM - 12:00 AM

Container ပုံးတွေနဲ့ဆောက်ထားတဲ့
စျေးဆိုင်ခန်းတွေကြောင့်
နာမည်ကြီးတဲ့ ညစျေးတစ်ခုဖြစ်ပါတယ်။

_________________________

🎀 10. Liab Duan Night Market 🎆

🕕 6:00 PM - 12:00 AM

ထိုင်းလူမျိုးတွေ အသွားများတဲ့
ညစျေးတစ်ခုဖြစ်ပါတယ်။
စားစရာဆိုင်စုံလင်ပြီး စျေးသက်သာပါတယ်။

_________________________

🎀 11. JJ Green Market 🎑

🕕 5:00 PM - 2:00 AM (Fri-Sat) - 1:00 AM (Sun)

တစ်ပတ်ရစ် Used ပစ္စည်းများကို
ရောင်းချပေးတဲ့ ညစျေးတစ်ခုဖြစ်ပါတယ်။

_________________________

🎀 12. Sampeng Market 🏮

🕕 Opening: 9:00 AM - 11:00 PM (Varies by shop)

Wholesale လက္ကားရောင်းချတဲ့
ဆိုင်တွေအများကြီးရှိတဲ့
တရုတ်တန်းက Sampeng Market က နာမည်ကျော်ပါတယ်။ 💁🏻‍♀️

_________________________

🎀 13. Pratunam Night Market 🌌

🕕 6:00 PM - 2:00 AM

မနက််ပိုင်းလည်းဖွင့်တဲ့ ပတူနမ်းစျေးက
ညပိုင်းအထိ စည်စည်ကားကားရှိပါတယ်။
အစားအသောက်၊ အဝတ်အထည်များကို
လက်လီ၊ လက္ကား စုံလင်စွာရရှိနိုင်ပါတယ်။👗

_________________________

🎀 14. Klongsan Plaza 🛒

🕕 5:00 PM - 12:00 AM

ခရီးသွားတွေကြားမှာလူသိနည်းတဲ့
Klongsan Plaza က
ထိုင်းလူမျိုးတွေ သွားလာတတ်တဲ့
ညစျေးတစ်ခုဖြစ်ပါတယ်။ 🇹🇭

_________________________

🎀 15. Plearnwan Market 🎨

🕕 4:00 PM - 12:00 AM

ခေတ်ဟောင်း ဒီဇိုင်းမျိုးနဲ့ ပြင်ဆင်ထားတဲ့
Plearnwan Market က Nostalgia
Vibe မျိုးရရှိစေနိုင်ပါတယ်။

_________________________

🌚 ညစျေးတွေ လည်ပတ်မယ်ဆိုရင်
ဓာတ်ပုံလှလှလေးတွေ ရိုက်ခဲ့ဖို့ရယ်၊
Street-Food တွေ မြည်းစမ်းကြည့်ဖို့ရယ်၊
စျေးဝယ်မယ်ဆိုရင် စျေးဆစ်ပြီးဝယ်ဖို့တွေ
မမေ့ပါနဲ့နော်။ 🥰🎉

🇹🇭 ဘန်ကောက်မြို့တွင်း
မိသားစုသီးသန့် သွားလာချင်တာပဲဖြစ်ဖြစ်၊ 👨‍👩‍👧‍👦
လေဆိပ် မှ ဟိုတယ် သို့
ကား ကြို/ပို့ လိုအပ်တာပဲဖြစ်ဖြစ်၊ ✈️
M2N - Car Rental & Tour မှ
လူကြီးမင်းတို့ စိတ်တိုင်းကျ
ဘေးကင်းလုံခြုံစွာဖြင့်
ဝန်ဆောင်မှု ပေးနေပါပြီရှင့် 💁🏻‍♀️

🙏🏻 အားလပ်ရက်တွေမှာ သာယာပြီးဘေးကင်းလုံခြုံသော ခရီးစဉ်လေးဖြစ်ပါစေရှင့်။ 🙏🏻

📞 Phone : 065 023 4218
📞 LINE ID : m2nbkk
📞 Viber : +959 504 8176
📞 WhatsApp : +66 65 023 4218

🇹🇭 M2N Car Rental & Tour 🇹🇭



🇹🇭 ဘန်ကောက်ရောက်ရင် ဘယ်ဧရိယာမှာတည်းခိုကြမလဲ။❓❓❓🗓️ နိုဝင်ဘာ၊ ဒီဇင်ဘာ နှစ်သစ်ကူးပိတ်ရက်မှာ ဘန်ကောက်ကိုအလည်လာမယ်စဉ်းစားထားရ...
28/10/2023

🇹🇭 ဘန်ကောက်ရောက်ရင်
ဘယ်ဧရိယာမှာတည်းခိုကြမလဲ။❓❓❓

🗓️ နိုဝင်ဘာ၊ ဒီဇင်ဘာ
နှစ်သစ်ကူးပိတ်ရက်မှာ
ဘန်ကောက်ကိုအလည်လာမယ်
စဉ်းစားထားရင်
ခေါင်းအစားဆုံးမေးခွန်းက
ဘယ်ဧရိယာနေရာမှာ
တည်းခိုကြမလဲဆိုတာပဲ ဖြစ်ပါတယ်။ 💁🏻‍♀️

ဘန်ကောက်မှာ
အပန်းဖြေအနားယူဖို့အတွက်
ဘယ်လိုပတ်ဝန်းကျင်မှာ တည်းခိုရတာ
ကိုယ်နဲ့အသင့်တော်ဆုံး ဖြစ်မလဲဆိုတာ
အောက်မှာကြည့်ကြည့်လိုက်ကြရအောင်နော်။ 💁🏻‍♀️

ကိုယ့်အကြိုက်က
လူငယ်ဆန်ဆန်လား၊
စျေးဝယ်လား၊ အနားယူလား
ဆိုတာပြောပြပေးခဲ့ပါဦးရှင့်။ ✍🏻✍🏻✍🏻

အလည်လာတဲ့အချိန်မှာ
တည်းခိုဖို့ဟိုတယ်ရွေးတဲ့အခါ
ဘတ်ဂျက်နဲ့ ကိုယ်လည်ပတ်မဲ့ ပတ်ဝန်းကျင်ကို
ဂရုစိုက်ပြီးရွေးချယ်ဖို့လိုအပ်ပါတယ်။
သွားရလာရ လွယ်ကူဖို့အတွက်
BTS Skytrain နဲ့ MRT
မြေအောက်ရထား ဘူတာ တို့ အနီးမှာ
ရွေးချယ်တည်းခိုသင့်ပါတယ်နော်။ 💁🏻‍♀️

အများအားဖြင့် BTS, MRT နီးတဲ့နေရာတွေက
စျေးအနည်းငယ်ပိုတတ်ပါတယ်။ 💰

Shopping Center တွေ၊
ညစျေးတွေတော်တော်များများက
BTS, MRT ရထားဘူတာတို့နဲ့ နီးတဲ့အတွက်
ကားမငှါးချင်လည်း
ရထားနဲ့ပဲ သွားလို့အဆင်ပြေပါတယ်။ ✅

👨‍👩‍👧‍👦 လူဦးရေများရင်တော့ Taxi နဲ့
ရထားစျေးနှုန်းသိပ်မကွာတာမို့လို့
ဘူတာတွေနဲ့ ဝေးတဲ့နေရာမှာနေလည်း
သွားဖို့လာဖို့ အဆင်ပြေပါတယ်ရှင့်။ 💁🏻‍♀️

🇹🇭 ဘန်ကောက်မြို့တွင်း
မိသားစုသီးသန့် သွားလာချင်တာပဲဖြစ်ဖြစ်၊ 👨‍👩‍👧‍👦
လေဆိပ် မှ ဟိုတယ် သို့
ကား ကြို/ပို့ လိုအပ်တာပဲဖြစ်ဖြစ်၊ ✈️
M2N - Car Rental & Tour မှ
လူကြီးမင်းတို့ စိတ်တိုင်းကျ
ဘေးကင်းလုံခြုံစွာဖြင့်
ဝန်ဆောင်မှု ပေးနေပါပြီရှင့် 💁🏻‍♀️

🙏🏻 အားလပ်ရက်တွေမှာ သာယာပြီးဘေးကင်းလုံခြုံသော ခရီးစဉ်လေးဖြစ်ပါစေရှင့်။ 🙏🏻

📞 Phone : 065 023 4218
📞 LINE ID : m2nbkk
📞 Viber : +959 504 8176
📞 WhatsApp : +66 65 023 4218

🇹🇭 M2N Car Rental & Tour 🇹🇭

🌆🌟 ဘန်ကောက်ကို အလည်လာရင် မဖြစ်မနေလုပ်သင့်တဲ့အရာများ 🌟🌆ထိုင်းနိုင်ငံ ဘန်ကောက်ကို အလည်လာပြီး ပြန်သွားရင် တသသ အမှတ်ရနေစေဖို...
28/10/2023

🌆🌟 ဘန်ကောက်ကို အလည်လာရင်
မဖြစ်မနေလုပ်သင့်တဲ့အရာများ 🌟🌆

ထိုင်းနိုင်ငံ ဘန်ကောက်ကို
အလည်လာပြီး ပြန်သွားရင်
တသသ အမှတ်ရနေစေဖို့အတွက်
ဒီလို Activities လေးတွေလုပ်ကြည့်ကြဖို့
ဖော်ပြပေးလိုက်ပါတယ်ရှင့်။ 💁🏻‍♀️

ဘန်ကောက်မြို့မှာ
ပျော်စရာ Activity များစွာဖန်တီးနိုင်ပါတယ်။
Activity တိုင်းမှာလည်း အမှတ်တရတွေ
စွဲကျန်ခဲ့မယ်လို့ ယုံကြည်ပါတယ်ရှင့်။ 💁🏻‍♀️

မိတ်ဆွေတို့ရော
ဘန်ကောက်ကိုလာလည်တုန်းက
ဘယ်တွေရောက်ခဲ့လဲ၊ ဘာတွေလုပ်ခဲ့သေးလဲ။
Cmt ထဲမှာပျော်စရာ အတွေ့အကြုံတွေကို
ဝေမျှပေးကြပါဦးနော်။ ✍🏻✍🏻✍🏻

🇹🇭 ဘန်ကောက်မြို့တွင်း
မိသားစုသီးသန့် သွားလာချင်တာပဲဖြစ်ဖြစ်၊ 👨‍👩‍👧‍👦
လေဆိပ် မှ ဟိုတယ် သို့
ကား ကြို/ပို့ လိုအပ်တာပဲဖြစ်ဖြစ်၊ ✈️
M2N - Car Rental & Tour မှ
လူကြီးမင်းတို့ စိတ်တိုင်းကျ
ဘေးကင်းလုံခြုံစွာဖြင့်
ဝန်ဆောင်မှု ပေးနေပါပြီရှင့် 💁🏻‍♀️

🙏🏻 အားလပ်ရက်တွေမှာ သာယာပြီးဘေးကင်းလုံခြုံသော ခရီးစဉ်လေးဖြစ်ပါစေရှင့်။ 🙏🏻

📞 Phone : 065 023 4218
📞 LINE ID : m2nbkk
📞 Viber : +959 504 8176
📞 WhatsApp : +66 65 023 4218

🇹🇭 M2N Car Rental & Tour 🇹🇭



🌴 ထိုင်းနိုင်ငံ Chatuchak Weekend Market 🌴🙏🏻 ခရီးသွားဝါသနာရှင်များ မင်္ဂလာပါရှင့်။ 🙏🏻🇹🇭  ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ခ...
27/10/2023

🌴 ထိုင်းနိုင်ငံ Chatuchak Weekend Market 🌴

🙏🏻 ခရီးသွားဝါသနာရှင်များ မင်္ဂလာပါရှင့်။ 🙏🏻

🇹🇭 ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ခေါင်မှာရှိတဲ့
ကမ္ဘာကျော် Chatuchak Weekend Market ကို
သွားလည်ကြမှာဖြစ်ပါတယ်။ 🇹🇭

🌆 ရောင်စုံနေတဲ့ စျေးတန်းလေး 🌆

Chatuchak ရဲ့ကမ္ဘာထဲကို လှမ်းဝင်လိုက်တာနဲ့
သက်ဝင်လှုပ်ရှားနေတဲ့ ပါတ်ဝန်းကျင်နဲ့အတူ
မျက်စိတဆုံး အရောင်တွေစုံလင်တဲ့
စျေးဆိုင်တန်းများကို မြင်ရမှာဖြစ်ပါတယ်။

စျေးဆိုင်တန်းတွေဟာ ဝင်္ကပါလိုမျိုးဖြစ်ပြီး
ရောင်စုံအထည်အလိပ်များမှအစ
အနုစိတ်လက်မှုပစ္စည်းများအထိ
အရာအားလုံးကို တစ်နေရာတည်းမှာ
စုံလင်စွာ မြင်တွေ့ရမှာဖြစ်ပါတယ်။

ရောင်းသူဝယ်သူ အသံများဖြင့်
စည်ကားနေတဲ့ ပိတ်ရက်စျေးဖြစ်ပါတယ်။ 💁🏻‍♀️

💎 စျေးဝယ်သူများအတွက် နိဗ္ဗာန်ဘုံ 💎

🛍️ Shopping ထွက်ရတာ
ကြိုက်တဲ့သူတွေအတွက်
အသင့်တော်ဆုံးပါပဲ။
Chatuchak မှာ မတူညီတဲ့
ဆိုင်ခန်းပေါင်း 15,000 ကျော်ရှိပြီး
Section တစ်ခုချင်းစီမှာ မတူညီတဲ့
ဖက်ရှင်အဝတ်အစားမှ အစ
လက်လုပ်လက်ဝတ်ရတနာများ၊
အိမ်အလှဆင်ခြင်း နှင့်
ထူးခြားဆန်းပြားသော
အိမ်မွေးတိရစ္ဆာန်များအထိ
အစုံအလင်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။

စျေးရဲ့အကျယ်အဝန်းက
၃၅ ဧက နီးပါးကျယ်ဝန်းလို့
ညနေစောင်းတာတောင် မသိတဲ့အထိ
စျေးဝယ်ထွက်ရင်း
အချိန်ကုန်ဆုံးနိုင်ပါတယ်။
ဒါနဲ့ .. စျေးစစ်ပြီးဝယ်ဖို့လည်းမမေ့ပါနဲ့နော်။ 💁🏻‍♀️

🍴 အစားအသောက်စျေးတန်း 🍴

စျေးဝယ်ထွက် လမ်းလျှောက်ရင်း
ဗိုက်ဆာလာပြီဆိုလည်း မပူပါနဲ့။
ဒီမှာ စားလို့မကောင်းတဲ့ဆိုင်ဆိုတာ
မရှိသလောက်ပါပဲ။
အရသာရှိတဲ့ Pad Thai နဲ့
အုန်းသီးရေခဲမုန့်တွေကို
Street-food ဆိုင်တွေကနေ
မြည်းစမ်းကြည့်နိုင်ပါတယ်။
လတ်ဆတ်တဲ့ အဖျော်ယမကာတွေအပြင်
ဒီဇိုင်းဆန်းတဲ့ ကော်ဖီဆိုင်တွေအထိ
အရသာခံပြီး သောက်ကြည့်စေချင်ပါတယ်။

မဖြစ်မနေလုပ်သင့်တာကတော့
နာမည်ကျော် ထိုင်းစတိုင်
သရက်သီးကောက်ညှင်းကို
စားကြည့်သင့်တာပါပဲ။ 🥭

🌿 မြို့ပြရဲ့ Oasis 🌿

စျေးဆိုင်တန်းများအလယ်မှာ
အပင်များ၊ ပန်းများနှင့်
ဥယျာဉ်ခြံမြေများအတွက်
သီးသန့်နေရာများပြုလုပ်ပေးထားပါတယ်။
Chatuchak market ရဲ့​ဘေးမှာ ၇၅ ဧက ကျယ်ဝန်းတဲ့
Chatuchak Park - ပန်းခြံလည်းရှိပါတယ်။
မြို့ပြရဲ့ဆူညံမှုများအတွင်း ပုန်းကွယ်နေတဲ့
အိုအေစစ်တစ်ခုနဲ့တောင်တူနေပါတယ်။

💐 စျေးထဲမှာ သစ်ခွပန်းပင်များနဲ့
indoor plants များကိုလည်း
အိမ်အပြန်လက်ဆောင်အဖြစ်
ဝယ်သွားဖို့လည်း မမေ့နဲ့ဦးနော်။

🎨 အနုပညာနှင့် ယဉ်ကျေးမှု 🎨

ပန်းချီ၊ အနုပညာ ဝါသနာရှင်များ
ဖတ်ရှုနေတယ်ဆိုရင်တော့ သတင်းကောင်းပါပဲ။
Chatuchak မှာ အနုပညာလက်ရာများနှင့်
လက်မှုပညာအမြောက်အများ ရှိပါတယ်။
ယဉ်ကျေးမှုအမွေအနှစ်များကို
ပန်းချီ၊ ပန်းပုနှင့်
လက်မှုအနုပညာများဖြင့်
ဒေသခံအနုပညာရှင်များက
ထိုင်းနိုင်ငံရဲ့လက်မှုပညာ
အရည်အသွေးကိုပြသနေပါတယ်။ 💁🏻‍♀️

🚇 Chatuchak ကို ဘယ်လိုသွားမလဲ။❓

Chatuchak Market ကို
BTS Skytrain၊ MRT
မြေအောက်ရထား သို့မဟုတ်
တက္ကစီဖြင့် အလွယ်တကူ သွားလို့ရပါတယ်။
MRT ပဲစီးစီး၊ BTS ပဲစီးစီး
Mo Chit ( မော်ချစ် ) ဘူတာမှာ ဆင်းတာနဲ့
စျေးကိုတန်းပြီးရောက်မှာဖြစ်ပါတယ်။

🗓️ စျေးကို စနေ၊ တနင်္ဂနွေ ပိတ်ရက်များမှာ
မနက်ပိုင်းမှ ညနေခင်းအထိ
ဖွင့်လှစ်ထားပါတယ်။
ပိတ်ရက်မှာ စျေးဝယ်ထွက်ရင်း
အချိန်ကုန်ဆုံးချင်တယ်ဆိုရင်တော့
အသင့်တော်ဆုံးနေရာလေးဖြစ်ပါတယ်။

🐘 Chatuchak ပိတ်ရက်စျေးဟာ
ထိုင်းနိုင်ငံရဲ့ယဉ်ကျေးမှုကို
လှစ်ဟာပြတဲ့နေရာတစ်ခုဖြစ်ပါတယ်။
အမှတ်တရ ပစ္စည်းတွေဝယ်မယ်၊
Street-food တွေစားမယ် ဒါမှမဟုတ်
လမ်းလျှောက်ရင်း၊ ငေးရင်း
အချိန်ကုန်ဆုံးမယ်ဆိုလည်း
ဒီနေရာမှာအားလုံးလုပ်လို့ရပါတယ်။

👗 Chatuchak မှာ လည်ပတ်မှာဆိုရင်
လမ်းအများကြီး လျှောက်ရမှာဖြစ်တဲ့အတွက်
သက်တောင့်သက်သာရှိတဲ့
ဖိနပ်တွေကို ဝတ်ဆင်ပြီး
ပေါ့ပါးတဲ့ အဝတ်အစားတွေကို
ဝတ်ဆင်ဖို့အကြံပေးချင်ပါတယ်။

ဒါကြောင့် ခရီးသွားဝါသနာရှင်များ
Chatuchak Weekend Market ကို
သွားလည်ရမယ့် list ထဲထည့်ထားပြီး
သေချာပေါက်သွားလည်ကြည့်သင့်ပါတယ်။
မမေ့နိုင်တဲ့ အတွေ့အကြုံတွေ
ရရှိလိမ့်မယ်လို့လည်း
ယုံကြည်ပါတယ်ရှင့်။💁🏻‍♀️

🇹🇭 ဘန်ကောက်မြို့တွင်း
မိသားစုသီးသန့် သွားလာချင်တာပဲဖြစ်ဖြစ်၊ 👨‍👩‍👧‍👦
လေဆိပ် မှ ဟိုတယ် သို့
ကား ကြို/ပို့ လိုအပ်တာပဲဖြစ်ဖြစ်၊ ✈️
M2N - Car Rental & Tour မှ
လူကြီးမင်းတို့ စိတ်တိုင်းကျ
ဘေးကင်းလုံခြုံစွာဖြင့်
ဝန်ဆောင်မှု ပေးနေပါပြီရှင့် 💁🏻‍♀️

🎉 ပျော်ရွှင်စရာ အားလပ်ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင့်။ 🎉

📞 Phone : 065 023 4218
📞 LINE ID : m2nbkk
📞 Viber : +959 504 8176
📞 WhatsApp : +66 65 023 4218

🇹🇭 M2N Car Rental & Tour 🇹🇭




🛍️ Top 10 Shopping Malls in Bangkok 🛍️🙏🏻 မင်္ဂလာပါရှင့်။ 🙏🏻🇹🇭 ဘန်ကောက်မှာ စျေးဝယ်ထွက်ချင်တဲ့သူတွေအတွက်စျေးဝယ်လို့အကောင်း...
27/10/2023

🛍️ Top 10 Shopping Malls in Bangkok 🛍️

🙏🏻 မင်္ဂလာပါရှင့်။ 🙏🏻
🇹🇭 ဘန်ကောက်မှာ
စျေးဝယ်ထွက်ချင်တဲ့သူတွေအတွက်
စျေးဝယ်လို့အကောင်းဆုံး
Shopping Mall တွေကို ဖော်ပြပေးလိုက်ပါတယ်။ 💁🏻‍♀️

🎁 အမှတ်တရလက်ဆောင်
လက်မှုပညာ ပစ္စည်းတွေကနေစပြီး
Luxury Brand တွေဖြစ်တဲ့
Gucci, LV နဲ့ Apple Brand အထိ
တစ်နေကုန် စျေးဝယ်ထွက်ရတာ
ကြိုက်တယ် ဆိုရင်တော့
ဒီ Shopping Mall တွေကို
သွားလည်ကြည့်ဖို့အကြံပေးချင်ပါတယ်။ 💁🏻‍♀️

🎉 ပျော်ရွှင်စရာ ပိတ်ရက်လေးမှာ
စျေးဝယ်ထွက်ရင်းနဲ့ ဘန်ကောက်မြို့မှာ
အမှတ်တရအချိန်လေးတွေကို
ကုန်ဆုံးနိုင်ကြပါစေရှင့်။ 🙏🏻

📞 Phone : 065 023 4218
📞 LINE ID : m2nbkk
📞 Viber : +959 504 8176
📞 WhatsApp : +66 65 023 4218

🇹🇭 M2N Car Rental & Tour 🇹🇭


✈️ သုဝဏ္ဏဘူမိလေဆိပ် ကနေ ဘန်ကောက်မြို့တွင်းကို ဘယ်လိုသွားကြမလဲ။❓🛫 From Suvarnabhumi to Bangkok City 🛬🇹🇭 ထိုင်းနိုင်ငံ ဘန်...
27/10/2023

✈️ သုဝဏ္ဏဘူမိလေဆိပ် ကနေ
ဘန်ကောက်မြို့တွင်းကို ဘယ်လိုသွားကြမလဲ။❓

🛫 From Suvarnabhumi to Bangkok City 🛬

🇹🇭 ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့
ယဉ်ကျေးမှုတွေထဲမှာ
အရသာရှိလှတဲ့ Street Food တွေ၊
ရင်သပ်ရှုမောဖွယ်ဗိသုကာတွေနဲ့
ဘုရားကျောင်းတွေ၊
မီးတွေထိန်ထိန်လင်းနေတဲ့
ညမအိပ်တဲ့မြို့ စတာတွေပါဝင်နေပါတယ်။

သီတင်းကျွတ်၊ တန်ဆောင်တိုင်
ပိတ်ရက်တွေမှာ
ဘန်ကောက်ကိုလာလည်ဖို့
စိတ်အားထက်သန်တယ်ဆိုရင်တော့
အခုပြောပြထားတဲ့ အချက်လေးတွေကို
မှတ်သားထားရုံပါပဲ။ 📝

သုဝဏ္ဏဘူမိလေဆိပ်မှ
ဘန်ကောက်မြို့တွင်းသို့
သွားလာဖို့အဆင်ပြေဆုံး
ရွေးချယ်နိုင်စေရန်အတွက်
အသေးစိတ်အချက်အလက်များနှင့်
ခန့်မှန်းစျေးနှုန်းများကို
တစ်နေရာတည်းမှာ
စုစည်းဖော်ပြပေးလိုက်ပါတယ်ရှင့်။ 💁🏻‍♀️

🙏🏻 အားလပ်ရက်တွေမှာ
သာယာပြီးဘေးကင်းလုံခြုံသော
ခရီးစဉ်လေးဖြစ်ပါစေရှင့်။ 🙏🏻

📞 Phone : 065 023 4218
📞 LINE ID : m2nbkk
📞 Viber : +959 504 8176
📞 WhatsApp : +66 65 023 4218

🇹🇭 M2N Car Rental & Tour 🇹🇭

Address


Telephone

+66650234218

Website

Alerts

Be the first to know and let us send you an email when M2N Car Rental & Tour - Bangkok posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share