BKK ဘန်ကောက် Guide ခရီးသွားဝန်ဆောင်မှုများ

  • Home
  • BKK ဘန်ကောက် Guide ခရီးသွားဝန်ဆောင်မှုများ

BKK ဘန်ကောက် Guide ခရီးသွားဝန်ဆောင်မှုများ Aung1234

15/4/2024ထိုင်းနိုင်ငံကို ခရီးထွက်ပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှုကို တွေ့ကြုံခံစားချင်ရင် Wat Muang ကိုသွားလည်ရင် စိတ်ပျက်မှာမဟ...
15/05/2024

15/4/2024
ထိုင်းနိုင်ငံကို ခရီးထွက်ပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှုကို တွေ့ကြုံခံစားချင်ရင် Wat Muang ကိုသွားလည်ရင် စိတ်ပျက်မှာမဟုတ်ပါဘူး။ ထိုနေရာတွင် ထိုင်းနိုင်ငံ၏ အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်နှင့် ကမ္ဘာပေါ်တွင် စတုတ္ထအကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်၏ အလှကို မြင်တွေ့ရမည်ဖြစ်သည်။

Wat Muang သည် အယုဒ္ဓယခေတ်နှောင်းပိုင်းကတည်းက တည်ဆောက်ထားသော ရှေးဟောင်းဘုရားကျောင်းဖြစ်သည်။ ထိုအချိန်က Angthong သည် ဘာသာရေး၊ အနုပညာနှင့် ပန်းပုပညာဖြင့် ကျော်ကြားသော ကင်းစခန်းမြို့ဖြစ်သည်။ အယုဒ္ဓယ၏ဒုတိယကျဆုံးချိန်တွင် Angthong သည် မီးလောင်ပြီး ပြန်လည်တည်ဆောက်ခဲ့သည်။ အကျယ် 63 မီတာနှင့် အမြင့် 95 မီတာရှိသော ဗုဒ္ဓရုပ်ပွားတော် Luang Por Yai ကို ထိုင်းနိုင်ငံတွင် အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်အဖြစ် တည်ဆောက်ခဲ့သည်။

ထိုင်းနှင့်နိုင်ငံခြားသားခရီးသွားများကိုမိမိတို့ဘာသာကိုးကွယ်ရန်ဆွဲဆောင်သည့် Luang Por Yai အပြင်၊ ဤဘုရားကျောင်းတွင် "Wiharn Kaew" ဟုခေါ်သောမှန်သန်းပေါင်းများစွာဖြင့်အလှဆင်ထားသောသိမ်ခန်းမတစ်ခုရှိသည်။ ကောင်းကင်ပုံသဏ္ဍာန်ကို ပြသရန် တည်ဆောက်ထားသည်။ ခန်းမ၏ အပြင်ဘက်တွင် ကြာပန်းပွင့်ကြီးများဖြင့် ဝန်းရံထားပြီး ကမ္ဘာ့အကြီးဆုံး ကြာပန်းပွင့်များရှိသည့် သိမ်ခန်းမဖြစ်လာသည်။ မှန်ခန်းမမှ အပြင်သို့ လှမ်းကြည့်လိုက်လျှင် ဗုဒ္ဓဘာသာတွင် သင်ကြားထားသည့်အတိုင်း ကမ္မဋ္ဌာန်း သင်ကြားနေသည့် ရုပ်ပွားတော် ဝင်းကို တွေ့ရမည်ဖြစ်သည်။
https://www.facebook.com/aung.htat.35
Viber +66850583896

Bangkok Bank Mobile Banking မှာ လုံခြုံရေးကို အဆင့်မြှင့်တင်လိုက်ပြီBangkok Bank Mobile Banking Application မှာ အောက်ပါန...
07/04/2023

Bangkok Bank Mobile Banking မှာ လုံခြုံရေးကို အဆင့်မြှင့်တင်လိုက်ပြီ

Bangkok Bank Mobile Banking Application မှာ အောက်ပါနည်းလမ်းတွေနဲ့ လုံခြုံရေးကို တိုးမြှင့်လိုက်ပါတယ်။

၁။ လူ ၁ ယောက်ကို မိုဘိုင်း Device ၁ ခုပဲ ကန့်သတ်လိုက်ပါတယ်။

App ကို Device အသစ် ၁ ခုမှာ ထည့်သွင်း အသုံးပြုမယ်ဆိုရင် အရင်က မှတ်ပုံတင်ထားတဲ့ Device အားလုံးမှာ ဖျက်ရမှာပါ။

၂။ Remote Access/ Remote Accessibility ကို ပိတ်ပင်ခြင်း။

Accessibility ကို On ထားရင် သုံးစွဲသူဟာ App ကို အသုံးပြုလို့ မရတော့ပါဘူး။ Accessibility ကို Off လုပ်ဖို့ မိုဘိုင်းဖုန်းက Settings ထဲသွားပါ။

၃။ Default Transfer/Payment/Top Up Limit ကို ၁ ရက်လျှင် ဘတ် ၂၀၀,၀၀၀ ကနေ ဘတ် ၅၀,၀၀၀ ကို လျှော့ချလိုက်ပါတယ်။ ဒါပေမယ့် သုံးစွဲသူတွေဟာ App ထဲမှာ Personal Limit ကို တိုးမြှင့်နိုင်ပါတယ်။ Personal Limit ကို တစ်ခါမှ မပြောင်းဖူးသူတွေအတွက် အကျုံးဝင်ပါတယ်။ Limit ကို ပြောင်းထားဖူးသူတွေအတွက် ဒါဟာ အကျုံးမဝင်ပါဘူး။

၄။ မေလက စတင်ကာ Mobile Banking နဲ့ အောက်ပါ Transaction တွေ ပြုလုပ်သူတွေဟာ Facial Recognition Process ကို သုံးရမည်။

(က)အောက်ပါ အခြေအနေတွေမှာ Account No./PromptPay/ scan QR code or PromptPay Top up /G-Wallet နဲ့ တခြားသူတွေကို ငွေလွှဲသူတွေအတွက် အကျုံးဝင်ပါတယ်။

· ဘတ် ၅၀,၀၀၀ နဲ့ အထက် ငွေလွှဲရင်

· နေ့စဉ် ငွေလွှဲတဲ့ ပမာဏကို ဘတ် ၂၀၀,၀၀၀ အထိ တိုးမြှင့်ထားရင်

(ခ) နေ့စဉ် ငွေလွှဲတဲ့ Limit ကို App မှာ တိုးမြှင့်ထားရင်

Facial Recognition နဲ့ အဆင်ပြေစွာ Verification လုပ်နိုင်ဖို့ သင့်ရဲ့ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်တွေကို Update လုပ်ကာ မျက်နှာကို ဓါတ်ပုံ ရိုက်ပါ။

· ထိုင်း လူမျိုးတွေအတွက် နီးစပ်ရာ Bangkok Bank ဘဏ်ခွဲကို နိုင်ငံသားကဒ်ယူဆောင်သွားပါ။

· နိုင်ငံခြားသားတွေအတွက် ဧပြီလ ၂၆ ရက်က စတင်ကာ အကောင့်ဖွင့်ထားတဲ့ Bangkok Bank ဘဏ်ခွဲကို ပတ်စ်ပို့နဲ့ တခြား Identification စာရွက်စာတမ်းတွေ ယူဆောင်သွားပါ။
Ref:Bangkok Bank

23/11/2022

မြဘုရား သမိုင်း အကျဉ်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ မြဘုရားသမိုင်း
--------------------------------------------------

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ကို ရောက်ပြီဆိုတာနဲ့ မဖြစ်မနေ သွားရောက်ဖူးမျှော်ရမည့် အဓိကဘုရားတစ်ဆူကတော့ “မြဘုရား”ပဲဖြစ်ပါတယ်။
မြဘုရားဟာ ကျောက်စိမ်းတုံးအစစ်မှ ထုလုပ်ထားသော ဘုရားဆင်းတုတော်ဖြစ်ပြီး မြဘုရားရဲ့ သမိုင်းကြောင်းကတော့ ထူးဆန်းအံ့သြဘွယ်ရာတွေနဲ့ ပြည့်နှက်လို့ နေပါတယ်။
မြဘုရားသည် ဟိုရှေးယခင်ကမူ ယခုလက်ရှိ ဖူးမျှော်နေရသည့် ကျောက်စိမ်းဘုရား ပုံစံမျိုး မဟုတ်ဘဲ အင်္ဂတေများဖြင့်သာ ဖုံးလွှမ်းတည်ရှိခဲ့လေသည်။ သမိုင်းအထောက်ထားများအရ အေဒီ ၁၄၃၄ခုနှစ်တွင် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင် အတွင်းရှိ စေတီတော် တစ်ဆူကို လျှပ်စီးမိုးကြိုး ထိမှန်ရာမှ ၄င်းစေတီတော် အတွင်းမှ အင်္ဂတေများဖြင့် ဖုံးလွှမ်းလျှက်ရှိသော ဘုရားဆင်းတုတော် တစ်ဆူကို တွေ့ရှိခဲ့သည်။ ထိုဆင်းတုတော်ကို စေတီအနီးရှိ ကျောင်းထိုင်ဆရာတော်မှ ကျောင်းဆောင်သို့ ပင့်ကာ ကိုးကွယ်၍ ထားခဲ့သည်။ တစ်နေ့တွင် ထိုဆင်းတုတော်ရဲ့ နှာတော်မှ အင်္ဂတေသားများ အထပ်လိုက် ကွာကျနေပြီး ထိုအင်္ဂတေသားများ ကွာကျနေသော ဆင်းတုတော်ရဲ့ နှာတော်နေရာမှာ ကျောက်စိမ်းသားများ ပေါ်နေသည်ကို ဆရာတော်က သိလိုက်ရသည်။

ထို့ကြောင့် ဆရာတော်သည် ဆင်းတုတော်ရဲ့ အင်္ဂတေသာများကို ဆက်၍ ခွာလိုက်ရာတွင် ယခုအခါ ဖူးမျှော်နေရသည့် မြဘုရား ဆင်းတုတော်ကို တွေ့ရှိခဲ့လေသည်။ ထိုသတင်းမှာ တစ်နိုင်ငံလုံးသို့ ပျံ့နှံ့သွားခဲ့ရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ ထိုထူးဆန်းသော မြဘုရားကို လာရောက် ဖူးမျှော်ကြလေသည်။ ထိုအချိန်တွင် ချင်းမိုင်မြို့မှာ ချင်းမိုင်ဘုရင် လက်အောက်တွင် ရှိသော အချိန်ကာလ ဖြစ်လေ၏။ နောင်တက်လာသည့် ချင်းမိုင်ဘုရင် ဆန်ဖမ်းခအင် မင်းကြီးသည် မြဘုရားကို ချင်းမိုင်မြို့တွင် တည်ထားကိုးကွယ်ရန်အတွက် ဆင်တော်တစ်စီးကို စေလွှတ်၍ မြဘုရားကို ပင့်ဆောင်စေခဲ့ရာတွင် ထိုမြဘုရား ဆင်းတုတော်ကို သယ်ဆောင်လာသော ဆင်တော်ကြီးမှာ လန်းပန်းမြို့တော်နှင့် ဆက်ထားသော လမ်းဆုံကို ရောက်တိုင်းရောက်တိုင်း ထိုမြို့ဆီသို့ ဦးတည်၍သာ ပြေးသွားခဲ့လေသည်။

ဘုရင်မင်းကြီးသည် ဆင်တော်ကို သုံးကြိမ်သုံးခါ စေလွှတ်၍ ပင့်ဆောင် စေသော်လည်း ထိုလမ်းဆုံကို ရောက်လျှင် ဆင်တော်ကြီးမှာ လန်းပန်းမြို့ဘက်သို့ ဦးတည်၍သာ သွားမြဲသွားခဲ့လေသည်။ ထို့ကြောင့် ဘုရင်မင်းကြီးသည် မြဘုရားကို စောင့်ရှောက်ကြကုန်သော နတ်ကောင်း နတ်မြတ်တို့သည် လန်းပန်းမြို့တွင်သာ ဆန္ဒရှိကြဟန် တူသည်ဟု အတွေးတစ်ခု ပေါ်လာတော့သည်။ သို့နှင့် မြဘုရားကို လန်းပန်းမြို့တွင်သာ တည်ထား ကိုးကွယ်လာခဲ့သည်မှာ ချင်းမိုင်ဘုရင် တိလောကမင်းကြီးလက်ထက် ၁၄၆၈ခုနှစ်အထိ ၃၂နှစ်တိုင်တိုင် ကြာခဲ့လေသည်။ ချင်းမိုင်ဘုရင် တိလောကမင်းကြီးမှာ အင်မတန် သြဇာ အာဏာ ကြီးမားသူဖြစ်လေ၏။ သူ့လက်ထက်တွင် မြဘုရားကို ချင်းမိုင်မြို့သို့ ပင့်ဆောင်ကာ လူအန်ဂ် စေတီတော်ကြီး၏ အရှေ့မျက်နှာစာတွင် တည်ထားကိုးကွယ်ခဲ့သည်ဟု သမိုင်းအထောက်ထားများက ဆိုကြသည်။

မြဘုရား၀င်းအတွင်းရှိ ခေါင်းလောင်းမျှော်စင်ကြီး

၁၅၅၁ခုနှစ်တွင် ချင်းမိုင်ဘုရင် နတ်ရွာစံခဲ့ကာ ဘုရင်ကြီးမှာ သားတော်တစ်ပါးမျှ ထွန်းကားခြင်းမရှိဘဲ သမီးတော်များသာ ထွန်းကားခဲ့၏။ ထိုသမီးတော်များထဲမှ သမီးတော် တစ်ယောက်သည် လာအိုဘုရင်ကြီးနှင့် စုလျား ရစ်ခွေကာ သားတော်မင်းသားလေး ချိုင်ချတ်သကို မွေးဖွားခဲ့လေသည်။ ချင်းမိုင်ဘုရင်မင်းကြီး နတ်ရွာ စံတော်မူသောအခါ ချင်းမိုင်မှူးကြီး မတ်ရာတို့သည် ၁၅နှစ်မျှသာ ရှိသေးသော ထိုမင်းသားလေးကို အဘိုးဖြစ်သူ ချင်းမိုင်ဘုရင်ကြီး နေရာတွင် မင်းဆက်ခံရန် ဖိတ်မန္တက ပြုခဲ့ကြသည်ကို လက်ခံကာ မင်းသားလေး ချိုင်ချတ်သသည် ချင်းမိုင်ဘုရင်မင်းကြီး ချိုင်ချတ်သ ဖြစ်လာခဲ့လေသည်။ မင်းကြီးချိုင်ချတ်သသည် သူ၏ ခမည်းတော် လာအိုဘုရင်မင်းကြီး နတ်ရွာစံသည့် သတင်းကို ကြားသိသောအခါ အမိနိုင်ငံ လာအိုသို့ ပြန်လိုသည့် ဆန္ဒများ တဖွားဖွား ဖြစ်ခဲ့ရာ ၁၅၅၂ ခုနှစ်တွင်မူ မင်းကြီးချိုင်ချတ်သသည် မြဘုရား ဆင်းတုတော်ကိုပါ အပါပင့်ပြီး သူ၏ မှူးကြီးမတ်ရာများကို ချင်းမိုင်မြို့သို့ ပြန်လာပါမည့် အကြောင်း ကတိပေးကာ လာအိုနိုင်ငံသို့ ပြန်ကြွသွားခဲ့လေသည်။

မြဘုရား၀င်းနှင့် တဆက်တည်း ဆောက်လုပ်ထားတဲ့ ဘုရင့်ရဲ့နန်းတော်

ထိုအချိန်မှစ၍ မင်းကြီးချိုင်ချတ်သသည် ချင်းမိုင်သို့လည်း ပြန်မလာတော့၊ မြဘုရား ဆင်းတုတော်ကိုလည်း ပြန်မပို့တော့ပေ။ သို့နှင့် မြဘုရား ဆင်းတုတော်မှာ လာအိုနိုင်ငံ လူအန်းဖရဘန်းမြို့တွင် ၁၂နှစ်ကြာမျှ ကိန်း၀ပ်စံတော်မူခဲ့ရလေသည်။ ၁၅၆၄ခုနှစ်တွင် မင်းကြီးချိုင်ချတ်သသည် ဘုရင့်နောင်မင်းကြီးရဲ့ ဗမာ့တပ်ကို မခုခံ မတိုက်ခိုက်နိုင်ခဲ့သောကြောင့် သူ၏မြို့တော် ဗီယန်တ်ိန်းမြို့သို့ ပြောင်းရွှေ့ စိုးစံခဲ့ရလေသည်။ ဤတစ်ကြိမ်တွင်မူ မြဘုရားဆင်းတုတော်မှာ ဗီယန်တိန်းမြို့တော်တွင် ၂၁၄နှစ်ကြာမျှ ကိန်း၀ပ် စံတော်မူခဲ့ရပြန် လေသည်။ ၁၇၇၈ ခုနှစ်တွင် သုန်ဘူရီ ခေတ်ကာလအတွင်း ဘန်ကောက်ဘုရင် ရာမ(၁)သည် စစ်ဗိုလ်ချုပ်ဖြစ်နေသည့် အချိန်။ သူသည် လာအိုနိုင်ငံ ဗီယန်တိန်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး မြဘုရား ဆင်းတုတော်ကိုလည်း ထိုင်နိုင်ငံသို့ ပြန်လည် ပင့်ဆောင်လာနိုင်ခဲ့သည်။

ဘန်ကောက်မြို့ကို ထိုင်းနိုင်ငံရဲ့ မြို့တော်အဖြစ် တည်ဆောက်ခြင်းနှင့်အတူ မြဘုရား ဆင်းတုတော်သည် ထိုင်းနိုင်ငံရဲ့ အထင်ကရ ရုပ်ပွားတော်တစ်ဆူ ဖြစ်လာခဲ့သည်မှာ ယခုခေတ်အထိပင်။ ဆင်းတုတော်ကို သုန်ဘူရီမှ ဘန်ကောက်ရှိ မြဘုရား ကျောင်းတော်သို့ ၁၇၈၄ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ရွှေ့ပြောင်း ပင့်ဆောင်ခဲ့လေသည်။ ဘုရင်မင်းကြီး ရာမ(၁)သည် မြဘုရား ဆင်းတုတော်အား ရာသီအလိုက် သင်္ကန်းကပ်ပွဲတော် နှစ်ခုကို နှစ်စဉ် ကျင်းပပေးခဲ့ရာတွင် နွေရာသီ သင်္ကန်းကပ်ပွဲ တစ်ကြိမ်နှင့် မိုးရာသီ သင်္ကန်းကပ်ပွဲ တစ်ကြိမ်ဖြစ်သည်။ ဘုရင်မင်းကြီး ရာမ(၃) လက်ထက်တွင်မူ ဆောင်းရာသီ သင်္ကန်းကပ်ပွဲကိုပါ ထည့်သွင်း ကျင်းပပေးခဲ့သဖြင့် ထို့ကြောင့် မြဘုရား ဆင်းတုတော်အား သင်္ကန်းကပ်ပွဲမှာ တစ်နှစ်လျှင် သုံးကြိမ်ဖြစ်လာခဲ့လေသည်။ ထိုသို့သော ဓလေ့ထုံးတမ်း အစဉ်လာများကို အစွဲပြု၍ မြဘုရား ဆင်းတုတော်များကို ရောင်းချသည့် ဆိုင်များကလည်း နွေဘုရား၊မိုးဘုရား၊ဆောင်းဘုရားဟု သုံးမျိုးသုံးစား ခွဲခြားကာ ရောင်းချနေကြခြင်း ဖြစ်ဟန်တူပါသည်။

ရှေးခေတ်ဘုရင်များ လက်ထက်တွင် မြဘုရားကျောင်းတော်ရှိ သိမ်တော်အတွင်း ကျင်းပသည့် ပွဲတော်များကို တက်ရောက်ကြသည့် မှူးကြီးမတ်ရာများနှင့် ဘုရင့်သားတော်များ၏ ကိုယ်ပေါ်တွင်သာ အန္တရာယ်ကင်း ပရိတ်ရေများ ပက်ဖျန်းပေးလေ့ ရှိခဲ့သော်လည်း ယခုမျက်မှောက်ခေတ် လက်ရှိဘုရင်မင်းကြီး ဘူမိဘောကမူ သိမ်အပြင်၌ စောင့်ဆိုင်းနေကြကုန်သော တိုင်းသူပြည်သား ပရိသတ်များ၏ ကိုယ်ပေါ်သို့လည်း ပရိတ်ရေများ ပက်ဖျန်းပေးလေ့ရှိသည်။ ဤသို့ ကျင်းပပြုလုပ်ပေးခြင်းသည် ထိုင်းနိုင်ငံ တော်၀င် မိသားစု၏ ရိုးရာပွဲလည်း ဖြစ်လေသည်။ ထိုအချိန်ကတည်းက အစပြုခဲ့သော ပရိတ်ရေ ပက်ဖျန်းခြင်းအလုပ်သည် ယခုမျက်မှောက်ကာလ တိုင်အောင် ထိုင်းဘုန်းတော်ကြီးများ၏ ရင်ထဲတွင် စွဲကပ်ကိန်းအောင်းလျှက် ရှိနေကြသည်မှာ ဘုန်းတော်ကြီးကျောင်းသို့ ဖူးမျှော်ဘို့ရန်သော်၄င်း လှူဒါန်းဘို့ရန်သော်၄င်း ရောက်လာကြကုန်သော ဒကာ ဒကာမများအား ဦးခေါင်းပေါ်သို့ ပရိတ်ရေများ ပက်ဖျန်းပေးနေကြသည်မှာ အခုအချိန်ထိ ဖြစ်ပါသည်။

မြဘုရား ဆင်းတုတော်၏ ရင်တော်မှာ ၄၈.၃ စင်တီမီတာရှိပြီး ၆၆ စင်တီမီတာ မြင့်သည်။ ဆင်းတုတော်မှာ ဘယ်ခြေတော်ပေါ် ညာခြေတော်တင်လျှက် တင်ပလ္လင်ခွေ ထိုင်လျှက် ပုံဖြစ်သည်၊ ဤဆင်းတုတော် ပုံစံကို ကြည့်ခြင်းအားဖြင့် ဆင်းတုတော်ကို ထုလုပ်ထားခဲ့သည်မှာ အေဒီ ၁၅ရာစုထက် သိပ်မစောနိုင်။ ထို့ပြင် ဆင်းတုတော်မှာ နောက်ပိုင်း ထိုင်းမြောက်ပိုင်း ချင်းစယ်(သို့) ချင်းမိုင်ကျောင်းများ၏ လက်ရာဖြစ်နိုင်သည်။ ဤသို့ဆိုလျှင် မြဘုရား ဆင်းတုတော်ကို ပုံသွင်း ထုလုပ်ခဲ့သည်မှာ ချင်းမိုင်ရှိ စေတီတော်အတွင်းမှ စတင်တွေ့ရှိခဲ့သည့် အချိန်နှင့် သိပ်မကြာခင်ကတည်းက ပြုလုပ်ကြဟန်ရှိသည်၊ နောက်ထပ် ထင်မြင်ချက်သဘောအရမူ မြဘုရား ဆင်းတုတော်မှာ တရားထိုင်နေသည့်ပုံ ဖြစ်သည့်အတွက် တောင်အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံရှိ် တရားထိုင်ပုံ ဆင်းတုတော်များနှင့် များစွာဆင်လှသည်။ တရားထိုင်ပုံ ဆင်းတုတော်များမှာ ထိုင်းနိုင်ငံလက်ရာ ဘုရားဆင်းတုတော်များနှင့် အနေအထားအရ ကွာခြားလှသဖြင့် မူလမြဘုရား ဆင်းတုတော်သည် အထက်ဖော်ပြပါ နိုင်ငံထဲမှ နိုင်ငံတစ်ခု၏လက်ရာ ဆင်းတုတော် ဖြစ်ကောင်းဖြစ်နိုင်သည်ဟု သမိုင်းအထောက်ထားများက ဆိုပါသည်။

မိသားစုလိုက်သော်လည်းကောင်း သူငယ်ချင်းများနှင့်သော်လည်းကောင်း ဘန်ကောက်သို့၊ဘုရားဖူး၊ဈေး၀ယ်၊ဆေးရုံ၊အလည်အပတ်၊ကား၊ဂိုက်၊
အထူး၀န်ဆောင်မုများပေးပါသည်။
ဆက်သွယ်ရန်
Viber +66850583896,0814370189
+66816492322,0658404771
Line ID 0850583896,0816492322
တို့ကိုဆက်သွယ်မေးမြန်‌နိုင်ပါသည်။

28/08/2022

အလည်သမားတွေကို ဗီဇာသက်တန်းတိုးပေးပါသည်
Viber +66850583896

Address


Telephone

+66850583896

Website

Alerts

Be the first to know and let us send you an email when BKK ဘန်ကောက် Guide ခရီးသွားဝန်ဆောင်မှုများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share