Mountain Madnesses

  • Home
  • Mountain Madnesses

Mountain Madnesses we are mountain Madnesses
(21)

တောင်ဇလပ်တွေနဲ့ဝေတဲ့ ရှေ့မြင်နောက်မြင်ကို သူငယ်ချင်းတွေနဲ့တူတူ တက်ပြီးပြီလား?
01/03/2024

တောင်ဇလပ်တွေနဲ့ဝေတဲ့ ရှေ့မြင်နောက်မြင်ကို
သူငယ်ချင်းတွေနဲ့တူတူ တက်ပြီးပြီလား?

28/02/2024

တောင်ဇလပ်တို့ ပျော်စံရာ အရှေ့မြင်နောက်မြင်တောင်

10.2.2024 - 11.2.2024 ဇွဲကပင်နှင့် ဇွဲကပင်နွားလပို့ခရီးစဉ် ပုံရိပ်များလာရောက်ခဲ့တဲ့ ဧည့်သည်တော်များကို ကျေးဇူးအထူးတင်ရှိ...
15/02/2024

10.2.2024 - 11.2.2024
ဇွဲကပင်နှင့် ဇွဲကပင်နွားလပို့ခရီးစဉ် ပုံရိပ်များ

လာရောက်ခဲ့တဲ့ ဧည့်သည်တော်များကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ 🙏🏼

10.2.2024 ဇွဲကပင်နဲ့ ဇွဲကပင်နွားလပို့ညအိပ်ခရီးစဉ်အတွက်၂ ယောက်လိုက်လို့ရပါအုံးမယ်ခင်ဗျာ လိုက်ချင်သူများအနေနဲ့  page cb (o...
06/02/2024

10.2.2024 ဇွဲကပင်နဲ့ ဇွဲကပင်နွားလပို့
ညအိပ်ခရီးစဉ်အတွက်
၂ ယောက်လိုက်လို့ရပါအုံးမယ်ခင်ဗျာ

လိုက်ချင်သူများအနေနဲ့ page cb (or)
Ph ဆက်ပြီး အသေးစိတ်မေးမြန်နိုင်ပါတယ်

📱- 09425343847
- 09771651915

03/02/2024

မွန်ပြည်နယ် ဇင်းကျိုက်မြို့
ဇင်းကျိုက်တောင် - ဆိတ်တောင် -
မင်းတစ်ရာ့တစ်ပါးတောင်တန်းပေါ်က တိမ်ပင်လယ်

မွန်ပြည်နယ် ဇင်းကျိုက်မြို့ ဇင်းကျိုက်တောင် - ဆိတ်တောင် - မင်းတစ်ရာ့တစ်ပါးတောင်တန်းပေါ်ကအလှတရား ဒီခရီးစဉ်လေးဟာ ကျွန်တော်...
03/02/2024

မွန်ပြည်နယ် ဇင်းကျိုက်မြို့ ဇင်းကျိုက်တောင် - ဆိတ်တောင် - မင်းတစ်ရာ့တစ်ပါးတောင်တန်းပေါ်ကအလှတရား

ဒီခရီးစဉ်လေးဟာ ကျွန်တော်တို့ရဲ့
တောင်တက်လမ်းပြဝန်ဆောင်မှုရဲ့
ဒုတိယခရီးစဉ်လေးပါ
နေ့ချင်းပြန်ခရီးအနေနဲ့ တက်လို့ရသလို
တစ်ညအိပ်ခရီးအနေနဲ့လည်း နားနားနေနေ
သဘာဝရှုခင်းတွေကို ခံစားလို့ရပါတယ်
အသေးစိတ်သိချင်တာလေးတွေရှိရင်တော့
Page cb မှာ လာရောက်မေးမြန်းလို့ရပါတယ်ခင်ဗျာ

(မှတ်ချက် - ပုံများအား တစ်ဆင့်ကူးယူသုံးစွဲခွင့်မပြုပါခင်ဗျာ၊ လွတ်လပ်စွာ share နိုင်ပါသည်)





25.1.2024 — 26.1.2024———————————ဇွဲကပင်နဲ့ ဇွဲကပင်နွားလပို့ခရီးစဉ်အောင်မြင်စွာပြီးဆုံးခဲ့ပါပြီပထမဆုံးအကြိမ်အနေနဲ့ပေးတဲ့ ...
30/01/2024

25.1.2024 — 26.1.2024
———————————

ဇွဲကပင်နဲ့ ဇွဲကပင်နွားလပို့
ခရီးစဉ်အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ

ပထမဆုံးအကြိမ်အနေနဲ့ပေးတဲ့
ကျွန်တော်တို့ရဲ့တောင်တက်လမ်းပြဝန်ဆောင်မှုကို
ယုံကြည်ပြီး လာခဲ့ကြတဲ့
အကိုတွေနဲ့ အမတွေကို ကျေးဇူးတင်ပါတယ်ခင်ဗျာ

Adventure ဆန်ဆန်တက်ရသော
ဇွဲကပင်နွားလပို့ထိပ်ထိ တက်ခဲ့တဲ့ အကိုနဲ့အမကိုတော့
Congratulations ပါခင်ဗျ

ဒီခရီးစဉ်မှာ ကျွန်တော်တို့ဘက်က တစ်စုံတစ်ခု
လိုအပ်ချက်များရှိခဲ့ရင်လည်း
မေတ္တာထားပြီး နားလည်ခွင့်လွှတ်စေချင်ပါတယ် 🙏🏼

နောက်ထပ်ခရီးစဉ်တွေလည်းရှိအုံးမှာမို့
Adventure ဆန်ဆန် တောင်တက်ချင်တယ်ဆိုရင်တော့
M2 နဲ့သာ ဆက်သွယ်လိုက်ပါဗျ





20/01/2024

ဇွဲကပင်နွားလပို့ပေါ်က မြင်ကွင်းလေး
တူတူတက်ခဲ့တဲ့ တောင်ရူးတွေကို သတိရတယ်ဗျို့

မင်္ဂလာပါခင်ဗျာ Page မှာ Active မဖြစ်တာကြာပြီမို့ ဒီပို့စ်လေးနဲ့ အတူ ပြန်အသက်သွင်းလိုက်ပါတယ် မွန်ပြည်နယ် - ကရင်ပြည်နယ်တစ...
20/01/2024

မင်္ဂလာပါခင်ဗျာ
Page မှာ Active မဖြစ်တာကြာပြီမို့
ဒီပို့စ်လေးနဲ့ အတူ ပြန်အသက်သွင်းလိုက်ပါတယ်
မွန်ပြည်နယ် - ကရင်ပြည်နယ်တစ်ဝိုက် (အချို့ကန့်သတ်နေရာများမပါ)
တောင်တက်ခရီးတွေသွားချင်တဲ့ မိတ်ဆွေတွေအတွက်
ကျွန်တော်တို့ Mountain Madnesses Page ကနေပြီးတော့ တောင်တက်လမ်းပြဝန်ဆောင်မှုတွေ
ပေးနေပါပြီဆိုတဲ့အကြောင်း လေးစားစွာနဲ့
အသိပေးလိုက်ပါတယ်ခင်ဗျ
ဆက်သွယ်ရမဲ့ နံပတ်တွေကတော့ ဒီမှာပါခင်ဗျာ
09771651915
09425343847

စွန့်ပစ်အမှိုက်များ ပိုမိုများပြားလာတဲ့                   "ဘားအံတောင်ဝိုင်း"ဘားအံတောင်ဝိုင်းဆိုတာ ဟိုးအရင်ထဲက Instagram ...
02/11/2023

စွန့်ပစ်အမှိုက်များ ပိုမိုများပြားလာတဲ့
"ဘားအံတောင်ဝိုင်း"

ဘားအံတောင်ဝိုင်းဆိုတာ ဟိုးအရင်ထဲက
Instagram နဲ့ Facebook စာမျက်နှာတွေမှာ
ကမ္ဘာကျော်တဲ့ထိ နာမည်ကြီးတဲ့နေရာပါ၊
မိုးပျံလှေကားနဲ့ အတော်ကိုလှတဲ့ တိမ်ပင်လယ်တွေ တိမ်ရေတံခွန်တွေနဲ့ ရှုခင်းတွေကြောင့် လာရောက်လည်ပတ်သူအတော်ကို များပါတယ်

ဒီနှစ်ရဲ့ ခရီးသွားရာသီမှာတော့ များပြားတဲ့
ဧည့်သည်တွေနဲ့အတူ ရေသန့်ဗူးခွံနဲ့ ပလပ်စတစ်အိတ်အခွံ မုန့်အခွံတွေဟာ တောင်ဝိုင်းတောင်ထိပ်မှာများပြားလာပါတယ်။

မိမိတို့ စားထားတဲ့မုန့်အခွံတွေ သောက်ထားတဲ့
ရေသန့်ဗူးတွေကို သေချာပြန်မယူဆင်းသွားပဲ
တောင်တက်လမ်းတစ်လျှောက် နဲ့ တောင်ထိပ်မှာ
ထားခဲ့တာဟာ အတော်ကိုအရုပ်ဆိုးအကျည်းတန်စေတဲ့အပြင် တောတောင်သဘာဝနဲ့
ဂေဟစနစ်ကို ထိခိုက်ပျက်စီးစေပါတယ်။

ဓာတ်ပုံရိုက်ဖို့လာသည်ဖြစ်စေ၊တောင်တက်ဝါသနာပါလို့ လာသည်ဖြစ်စေ၊မိမိတို့ရဲ့ စွန့်ပစ်အမှိုက်များကို တောင်အောက်ကိုပြန်သယ်ပြီး
စနစ်တကျစွန့်ပစ်ပေးကြပါလို့
မေတ္တာရပ်ခံတိုက်တွန်းပါတယ်ခင်ဗျာ





❓❓❓ Hiking Trip တစ်ခုအတွက်ဘာတွေလိုအပ်လဲ 🤔🤔မင်္ဂလာပါ ... Mountain madnesses ပါ🤗🥾🏞️🌲         ကျွန်တော်တို့ ဒီနေ့ Hiking အက...
18/10/2023

❓❓❓ Hiking Trip တစ်ခုအတွက်ဘာတွေလိုအပ်လဲ 🤔🤔

မင်္ဂလာပါ ... Mountain madnesses ပါ🤗🥾🏞️🌲

ကျွန်တော်တို့ ဒီနေ့ Hiking အကြောင်းစိတ်ဝင်စားပြီး Hiking Trip တစ်ခုထွက်ဖို့ဘာတွေလိုအပ်လဲဆိုတာ မသိသေးတဲ့သူတွေအတွက် ကျွန်တော်တို့သိထားတဲ့ အခြေခံ Hiking Gear လေးတွေအကြောင်းပြောပြပါမယ်။
ကျွန်တော်တို့ဒေသဘက်က ခရီးတွေအတွက်‌အခြေခံပြီးပြောပြပေးမှာမို့ တစ်နေရာနဲ့တစ်နေရာ လိုအပ်ချက်တွေကတော့မတူနိုင်ပါဘူးဗျ။

၂၉ကြိမ်မြောက် ဇွဲကပင်နှင့် ၆ ကြိမ်မြောက် ဇွဲကပင်နွားလပို့ ခရီးစဉ် အောင်မြင်စွာပြီးဆုံးပါပြီ၂၃ယောက်တက်ခဲ့ပြီး အားလုံးတောင...
17/10/2023

၂၉ကြိမ်မြောက် ဇွဲကပင်နှင့်
၆ ကြိမ်မြောက် ဇွဲကပင်နွားလပို့
ခရီးစဉ် အောင်မြင်စွာပြီးဆုံးပါပြီ
၂၃ယောက်တက်ခဲ့ပြီး အားလုံးတောင်ထိပ်ကို ရောက်ခဲ့ကြပါတယ်

စိတ်ဝင်တစားနဲ့ လာရောက် Join ခဲ့ကြတဲ့
တစ်ဦးတစ်ယောက်ချင်းစီရော
ရာသီဥတု အရမ်းပူတဲ့ကြားထဲက
မလျှော့သောဇွဲနဲ့ နွားလပို့ထိပ်ကို တက်ခဲ့ကြတဲ့သူတွေရော
အားလုံးကို ကျေးဇူးတင်ပါတယ်
တောင်တက်တဲ့တလျှောက် အမှတ်တရ video အတိုလေး တွေကို နောက် post မှာတင်ပေးပါမယ်ဗျ ဆက်လက် စောင့်မျှော်ပေးကြပါ


Hello All Hikers 🤙Today ဇွဲကပင်(နွားလပို့) Trip
14/10/2023

Hello All Hikers 🤙
Today ဇွဲကပင်(နွားလပို့) Trip

11/10/2023

14 ရက်နေ့ ဇွဲကပင်(နွားလပို့)ခရီးစဉ် လူစာရင်း ပိတ်ပါပြီးဗျ
အားလုံးဘဲ ရပ်နီး/ဝေး မှ မိတ်ဆွေများ 14 ရက်နေ့ တောင်ခြေမှာ ဆုံကြမယ်ဗျ

အားလုံးပဲ မင်္ဂလာပါခင်ဗျာ🙏လာမယ့် October 14ရက်နေ့မှာ ကျွန်တော်တို့အဖွဲ့ရဲ့  ၆ ကြိမ်မြောက်ဖြစ်တဲ့ ဇွဲကပင်တောင်ရယ်  ဇွဲကပင...
05/10/2023

အားလုံးပဲ မင်္ဂလာပါခင်ဗျာ🙏

လာမယ့် October 14ရက်နေ့မှာ
ကျွန်တော်တို့အဖွဲ့ရဲ့ ၆ ကြိမ်မြောက်ဖြစ်တဲ့ ဇွဲကပင်တောင်ရယ် ဇွဲကပင်တောင်ကနေ ဆက်သွားရတဲ့ နွားလပို့တောင်ရယ်ကို တက်ဖို့ရှိပါတယ် ။
Octobe လ 14ရက်နေ့
နေ့လည်မှာ
တက်ပြီး တောင်ပေါ်မှာညအိပ်မှာပါ ။
15မနက်ကြရင်တော့ နွားလပို့တောင်ဘက်ကို
ဆက်ပြီးတက်ကြပါမယ်။

🛑ကျွန်တော်တို့နဲ့အတူ လိုက်မယ့်သူတွေအနေနဲ့ မိုးရာသီဖြစ်တဲ့အတွက်ကြောင့် ဖော်ပြပါပစ္စည်းလေးတွေတော့ယူလာပေးပါ။

* ရေဗူး ( ပလက်စတစ်အမှိုက်မပွရအောင်)
* 💦🎒 ရေစိုခံအိတ်
* 💦🧥 မိုးကာအင်္ကျီ
* 🥾 တောင်တက်ဖို့ အဆင်ပြေမယ့် boots ဖိနပ်
* ခြုံစောင် (တောင်ပေါ်မှာညအိပ်ဖို့ပါ)
* အနွေးထည် (ညဘက်မိုးရွာ/လေတိုက်ရင်အေးပါတယ်)
* 🔦 ဓာတ်မီး ( ဓာတ်မီးအသေးလေးပါလာရင်တော့ကောင်းတာပေါ့)
* 🧤 လက်အိတ် ( ❗အရေးကြီးပါတယ် ၊ နွားလပို့ဘက်သွားတဲ့အခါကြရင် ကြိုးဆွဲတက်ဆင်းရမှာမို့ လက်မြဲမယ့်လက်အိတ်လိုပါတယ်)
*တစ်ကိုယ်ရည်သုံး ပစ္စည်းနှင့် မိမိမရှိမဖြစ်သုံးနေသော ဆေးဝါးများ

🖊️ ခရီးစဉ်ကိုလိုက်ပါမယ့်သူတွေအနေနဲ့ page messenger ကနေဆက်သွယ်စာရင်းပေးနိုင်ပါပြီး၊ စာရင်းပေးသွင်းမဲ့သူများအနေနဲ့ (10)လပိုင်း (11)ရက်နေ့ နောက်ဆုံးထားပြီး
စာရင်းပေးသွင်းနိုင်ပါပြီ၊
အခြားမြို့မှ လာမည့်သူများ 14 ရက်နေ့
နေ့လည် ဘားအံကိုအရောက် လာပေးပါခင်ဗျာ၊
အသေးစိတ် အချက်အလက်တွေကိုတော့
Page Cb မှာပဲ ဆက်လက်မေးမြန်းနိုင်ပါတယ်။

🛑 လူစာရင်း အကန့်သတ်ရှိပါတယ်ခင်ဗျာ 🛑
သေချာတယ်ဆိုမှ စာရင်းပေးဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျာ

အားလုံးဘဲ မင်္ဂလာပါခင်ဗျမိုးရာသီမကုန်ခင် ကရင်ပြည်နယ် ဘာအံမြို့က ဇွဲကပင်(နွားလပို့) တက်ဖို့ စိတ်ပါဝင်စားကြတဲ့ ရပ်နီး\ဝေး ...
02/10/2023

အားလုံးဘဲ မင်္ဂလာပါခင်ဗျ
မိုးရာသီမကုန်ခင် ကရင်ပြည်နယ် ဘာအံမြို့က ဇွဲကပင်(နွားလပို့) တက်ဖို့ စိတ်ပါဝင်စားကြတဲ့ ရပ်နီး\ဝေး မှ မိတ်ဆွေတွေ ရှိကြလားဗျ စိတ်ပါဝင်စားတယ်ဆိုရင် ခရီးစဉ်ဆွဲပေးပါမယ် cmt မှာပြောပေးကြပါဦးဗျ
ပုံကတော့ ကျနော်တို့ M2 က 8 လပိုင်းမှာတက်ခဲ့တဲ့ ရှမ်းပြည်နယ် တောင်ပိုင်း လွယ်မောတောင်ထိပ်က Admin တစ်ယာက်ရဲ့ ပုံလေးပါ
Up to date ဖြစ်ရအောင် share ပေးထားပါဦးဗျ

ဇွဲကပင်မှ ကြိုဆိုပါတယ်သင့်ရဲ့သက်လုံနဲ့ ခန္ဓာကိုယ်ကြံခိုင်မှုကို အခမဲ့ စစ်ပေးမဲ့နေရာပေါ့၂၇ ကြိမ်နှင့် ၂၈ ကြိမ်မြောက် ဇွဲက...
29/09/2023

ဇွဲကပင်မှ ကြိုဆိုပါတယ်
သင့်ရဲ့သက်လုံနဲ့ ခန္ဓာကိုယ်ကြံခိုင်မှုကို
အခမဲ့ စစ်ပေးမဲ့နေရာပေါ့

၂၇ ကြိမ်နှင့် ၂၈ ကြိမ်မြောက် ဇွဲကပင်ရောက်အမှတ်တရ

လွယ်မိုင်းမှသည် လွယ်မောဆီသို့==============================လွယ်မိုင်းက အဆင်း စံဖူးရွာကို ပြန်ရောက်တော့ ကျွန်တော်တို့ကို ...
23/09/2023

လွယ်မိုင်းမှသည် လွယ်မောဆီသို့
==============================

လွယ်မိုင်းက အဆင်း စံဖူးရွာကို ပြန်ရောက်တော့
ကျွန်တော်တို့ကို ပအိုဝ်းတိုင်းရင်းသားဝတ်စုံနဲ့ ဦးလေးတစ်ယောက် လာပြီးတော့မိတ်ဆက်စကားပြောပါတယ် ကျွန်တော်တို့ကလည်း "လွယ်မိုင်းတောင်ထိပ်ကနေ လှမ်းမြင်ရတဲ့ လွယ်မောတောင်ကို သွားချင်ပါတယ်
ဦးကြီးအနေနဲ့ အသိရှိရင် ကူညီပေးပါအုံးခင်ဗျာ" ဆိုပြီး အကူအညီတောင်းတော့ လွယ်မောရဲ့ Base Camp လို့တင်စားလို့ရတဲ့ ထမ်းယမ်းရွာက သူ့သူငယ်ချင်း ရွာသူကြီးဆီကို ဖုန်းလှမ်းဆက်ပြီး
ပြောပေးပါတယ်။

လွယ်မောတောင်ကို အဆင်ပြေပြေနဲ့ ချောချောမွေ့မွေ့ တက်ခွင့်ရတာ သူ့ကျေးဇူးတွေ အများကြီးပါပါတယ် ကူညီပေးတဲ့ စံဖူးကျေးရွာ ရွာလူကြီး ဦးမြအောင်ကိုလည်း ဒီနေရာကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

လွယ်မောတောင်တန်းဟာ
အမြင့်ပေ (၈၀၈၀)လောက် ရှိပြီး
ရှမ်းပြည်နယ်မှာ ဒုတိယအမြင့်ဆုံးတောင်ပါ၊
လွယ်မောတောင်တန်းတွေဟာ မိုင် (၃၀)လောက်ရှည်လျားပြီးတော့ မဲနယ်တောင်တန်းတွေနဲ့ တစ်ဆက်ထဲ တည်ရှိပါတယ် ။

ထမ့်ယမ်းရွာကို အသွားမှာ ကျွန်တော်တို့ရဲ့ လမ်းမကျွမ်းကျင်မှု နေရာဒေသနားမလည်မှုတွေကြောင့် အချိန်အတော်ကြာသွားပေမဲ့လည်း ရွာကိုရောက်တော့
ထမ့်ယမ်းရွာသူကြီး ဦးဝင်းက အဆင်သင့်စောင့်ကြိုကူညီပေးပါတယ်၊နေထိုင်တာကအစ တောင်ပေါ်ထိအဆုံးလိုက်လာပြီး လမ်းပြညွှန်ကြားပေးတဲ့ ဦးဝင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်၊တခြားသူတွေပြန်ဆင်းသွားလည်း မပြန်ပဲနဲ့နောက်နေ့အထိ ဒုက္ခခံပြီး အစအဆုံးလိုက်လာပေးတဲ့ ညီလေးလင်းပိုင်ကိုလည်း ကျေးဇူးတင်ပါတယ်။

ထမ်းယမ်းရွာဟာ ပအိုဝ်းလူမျိုးတွေ နေထိုင်ကြပြီး တောင်ယာအလုပ်နဲ့ အသက်မွေးကြောင်းပြုတဲ့ရွာဖြစ်ပါတယ်၊ ဘာသာတရားလည်းကိုင်းရှိုင်းသလို
ရိုးသားဖော်ရွေတဲ့ ပအိုဝ်းတိုင်းရင်းသားတွေရဲ့ အပြောအဆို အရယ်အပြုံးတွေလည်း
တဆက်ထဲမြင်ရမှာပါ။

ရွာကိုရောက်တော့ ည ၆နာရီကျော် ၇ နာရီလောက်ကြီး ရေချိုးချင်တယ်ပြောတော့
ကျွန်တော်တို့တွေကို အံ့ဩတကြီးနဲ့ ကြည့်ကြပါတယ်၊ မချိုးလို့လည်းမရတော့ပါဘူး
လွယ်မိုင်းမတက်ခင် မနက်က ရေချိုးခဲ့ကြတာ နောက်ဆုံးပဲလေ၊ ရေတခွက်ချိုးဖို့အရေး
အော်ပြီးချိုးခဲ့ရတာကတော့ အမှတ်တရပါပဲ။

အဲ့ဒီညမှာ အမှတ်တရကတော့ ဥပုသ်နေ့ညဆိုတော့
သူတို့ရဲ့ အခုချိန်ထိ ထိန်းသိမ်းထားတဲ့ ဓလေ့တွေထုံးတမ်းအစဉ်အလာတွေကိုလည်း မြင်တွေ့ခွင့်ရခဲ့ပါတယ်။ (အဲ့ဒါတွေကိုတော့ နောက်ပို့စ်မှာ အသေးစိတ်ပြန်ရှင်းပြပါ့မယ်ခင်ဗျာ)

နောက်တစ်နေ့မနက်စောစောထပြီးတော့
ထမ်းယမ်းရွာကနေ လွယ်မောတောင်ကို မနက် ၈ ခွဲမှာ စတက်ပြီး တောင်ထိပ်မရောက်ခင်တစ်နာရီခွဲလောက်လိုသေးတဲ့ မွန်ရိုကို နေ့လည် ၁၁ နာရီ ၂၆ မိနစ်မှာ ရောက်ခဲ့ပါတယ်။

မွန်ရိုမှာ ခနနား နေ့လည်စာစားပြီး ကျောပိုးအိတ်နဲ့ လေးတဲ့အထုပ်တွေထားပြီး တောင်ထိပ်ကိုဆက်တက်ကြပါတယ် ဒီမှာပြောစရာရှိတာက လွယ်မိုင်းတောင်တန်းဟာ ရင်သပ်ရှုမောစရာ
အတက်အဆင်းတွေနဲ့ မြေပြင်ရှုခင်းတွေက တကယ်ကို လှတာပါ တောင်စောင်းတွေမှာ
တောင်ယာစိုက်ပျိုးရေးလုပ်မို့ အကွက်တွေဖော်ထားတာရယ် တောင်တန်းတွေရယ် တိမ်တွေရယ်ကို မြင်လိုက်ရတာ ပင်ပန်းတာတွေဘယ်ရောက်သွားမှန်းကို မသိတော့တာပါဗျာ။

လွယ်မောတောင်ရဲ့ တောင်ထိပ်တွေဟာ
၇ နေရာရှိပါတယ်၊
(၁) အဖေတောင်
(၂) အမေတောင်
(၃) သားတောင်
(၄) သမီးတောင်
(၅)ဝင်္ကပါတောင်
(၆)မြစိမ်းတောင်
(၇)သိကြားတောင်

တို့ပဲဖြစ်ပါတယ်။

ကျွန်တော်တို့က စတက်တဲ့နေ့မှာပဲ အဖေတောင်၊အမေတောင်၊သားတောင်နဲ့ သမီးတောင်ဆိုတဲ့ တောင်ထိပ်လေးနေရာ ရောက်ခဲ့ပါတယ်။
အဲ့ကနေ မွန်ရိုမှာ ပြန်အိပ်ပြီး နောက်တစ်နေ့နေထွက်တာကြည့်ဖို့ မနက်၅နာရီလောက်
သမီးတောင်ကို(တောင်နာမည်မှားနိုင်ပါတယ်) နောက်တစ်ကြိမ် ထပ်တက်ခဲ့ပါတယ်။

အံဩစရာအလှတရားတွေ အပြည့်အဝနဲ့
တိမ်ပင်လယ်ကြီးဟာ ကျွန်တော်တို့ကို စောင့်ကြိုနေတာပေါ့၊ အဖွဲ့အမှတ်တရပုံတွေရိုက် တစ်ကိုယ်တော်ပုံတွေ အဝရိုက်ပြီး မနက် ၈နာရီခွဲမှာမွန်ရိုကို ပြန်ဆင်းခဲ့ပါတယ်။

မွန်ရိုကမှတစ်ဆင့် ထမ့်ယမ်းရွာကို
နေ့လည်၁၂ နာရီခွဲပြန်ရောက်ပြီး
ကလောကို ခရီးဆက် တစ်ညအိပ်၊
နောက်တစ်နေ့မှာ မော်လမြိုင်ကိုပြန်လာပြီး
ခရီးစဉ်ကို အောင်မြင်စွာ အဆုံးသတ်ခဲ့ပါတယ်။

ရှမ်းပြည်နယ်ကတောင်တန်းတွေဟာ ဘယ်နှစ်ကြိမ်သွားသွား မရိုးနိုင်သလို တစ်ကြိမ်နဲ့တစ်ကြိမ်
အလှတရားတွေဟာကလည်း မတူတာမို့
နောက်တစ်ကြိမ်သွားဖို့ မျှော်လင့်ရင်း…


ရှမ်းတို့ဌာနေမှ တောင်တန်းများဆီသို့အလည်တစ်ခေါက်ဒီခရီးစဉ်လေးက မမျှော်လင့်ပဲ ဖြစ်သွားတာပါပထမက ကျွန်တော်တို့ ဘော်ဒါနှစ်ယောက...
24/08/2023

ရှမ်းတို့ဌာနေမှ တောင်တန်းများဆီသို့အလည်တစ်ခေါက်

ဒီခရီးစဉ်လေးက မမျှော်လင့်ပဲ ဖြစ်သွားတာပါ
ပထမက ကျွန်တော်တို့ ဘော်ဒါနှစ်ယောက်ထဲပဲ
သွားကြမယ်လုပ်ထားတာ
နောက်တော့အဖွဲ့က လူတွေပါ
ပါလာပြီး ယောင်္ကျားလေး ၆ ယောက်
မိန်းကလေး ၃ ယောက်နဲ့
စုစုပေါင်း ၉ ယောက်အဖွဲ့ဖြစ်သွားတာပေါ့။

ရှေ့မြင်နောက်မြင်နဲ့ လွယ်မိုင်းဆိုပြီး
စီစဉ်ထားခဲ့ပေမဲ့ အခြေအနေ
အကြောင်းကြောင်းကြောင့်
ရှေ့မြင်နောက်မြင်ကို တက်ခွင့်မရခဲ့ပါဘူး
လွယ်မိုင်းကိုပဲ အရင်တက်ခဲ့ရပါတယ်။

ဒီတောင်တက်ခရီးစဉ်မှာ တောင်တက်လမ်းပြနဲ့
လမ်းကြောင်းအခြေအနေကိုသိရဖို့အတွက်
Ko Saw Ko Oo နဲ့ Ko Moe Thet တို့ကို
ဖုန်းတဂွမ်ဂွမ်ဆက်ပြီး အကူအညီတောင်းခဲ့ပါတယ်။

ကိုဦးနဲ့ မယွန်းကိုလည်း မလိုက်မနေရဆိုပြီး
ကလောကနေ အတင်းဆွဲခေါ်ခဲ့ပါတယ်၊
ကိုမိုးသက်ကိုတော့ တောင်ကြီးကနေ
ဝင်ခေါ်တာပေါ့။

၁၄ ရက်နေ့ မနက်စထွက်ပြီး ၁၄ ရက်နေ့ည
တောင်ကြီးမှာခရီးတစ်ထောက်နားပြီး ၁၅ ရက်နေ့ မနက် ဟိုပုံးမြို့ စံဖူးရွာကို ဆက်သွားခဲ့ပါတယ်၊
ရွာရောက်တာနဲ့ နေ့လည်စာ စားပြီး
တစ်ခါထဲ လွယ်မိုင်းတောင်ကို စတက်ခဲ့ပါတယ်
ကျွန်တော်တို့ရဲ့ လမ်းပြကတော့ ကိုအောင်မွှေးနဲ့
ကိုမောင်ညိုပါ။

မဲနယ်တောင်ကြောပေါ်က အမြင့်ဆုံး
လွယ်မိုင်းတောင်ဟာ (၈,၂၅၀)ပေ ရှိပြီး
ရှမ်းပြည်တောင်ပိုင်း၊
ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဟိုပုံးမြို့နယ်၊ စံဖူးရွာ အနီးမှာ ရှိပါတယ်။

၁၂ လပိုင်းဟာ လွယ်မိုင်းတောင်မှာ
တောင်ဇလပ်တွေနဲ့ သိပ်ကိုလှပြီး
ခရီးသွားတွေ လာရောက်တာများတယ်လို့
ပြောကြပါတယ်။

ကျွန်တော်တို့ တက်တဲ့အချိန်မှာတော့
မိုးအနည်းငယ်ရွာပြီး တောင်ထိပ်ရောက်တဲ့ညမှာ မိုးအတော်ကြီးပါတယ် တစ်နာရီလောက်ရွာပြီး
မိုးတိတ်သွားတော့ Milky Way ကို မျက်စိနဲ့အတိုင်းသားမြင်ရတာကတော့ ကံကောင်းမှုတစ်ခုပါပဲ၊
ဒါ့အပြင် ဂစ်တာတီးကြ သီချင်းဆိုကြနဲ့
တောင်တက်ခရီးလေးဟာ ပျော်ရွှင်ဖွယ်အတိပေါ့။
နောက်နေ့မနက် တိမ်ပင်လယ်မတွေ့ရပေမဲ့
တော်တော်လှတဲ့ ရှုခင်းတွေတော့
မြင်လိုက်ရပါတယ်။

အထူးသဖြင့် လွယ်မိုင်းတောင်ကနေ
လွယ်မောတောင်မြင်ရတဲ့ ရှုခင်းကတော့
ရင်သပ်ရှုမောဖွယ်ပါပဲ၊ တိမ်ပင်လယ်တွေ ဝိုင်းပြီး
အလှကြီးလှနေတဲ့ လွယ်မောတောင်ကို မြင်ရတာဟာ အချစ်ဦးနဲ့တွေ့ပြီး အချစ်ဦးနဲ့ပဲ မင်္ဂလာဆောင်ရတဲ့ ခံစားချက်လိုပဲ သိပ်ပျော်ဖို့ကောင်းတယ်ဗျာ။

မနက်ပိုင်း ဓာတ်ပုံတွေရိုက်ကြ ပစ္စည်းတွေသိမ်းအပြီးမှာ ရှေ့မြင်နောက်မြင်တောင်ကို တက်ခွင့်ရမလား လှမ်းဆက်သွယ်ခဲ့သေးပါတယ် တက်ခွင့်မရတော့
" ကဲ.. ဘယ်လိုလုပ်မလဲ လှည့်ပြန်မလား
လွယ်မောကို ဆက်သွားမလား " ဆိုတော့
ဆက်သွားမယ်ဆိုတဲ့ အဖြေက
ညှိစရာတောင်မလိုလိုက်ဘူး။

စံဖူးရွာပြန်ရောက်တော့ စံဖူးရွာသူကြီးဦးမြအောင်ကို
အကူအညီတောင်းပြီး လွယ်မောကို သွားဖိို့ မေးခဲ့ပါတယ်၊ အဲ့ဒါတွေကိုတော့ လွယ်မောတောင်ကို သွားတဲ့ပို့စ်တင်မှ အပြည့်အစုံဆက်ရေးပါ့မယ်ခင်ဗျ။

Backpacker's Notes က ကိုဦးနဲ့ မယွန်း
Hodoholic က ကိုမိုးသက် အားလုံးကို ကျေးဇူးအထူးတင်ပါတယ်

#2023

ဒီလမှာ ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့ရှမ်းပြည်နယ်ရဲ့ ဒုတိယအမြင့်ဆုံးလွယ်မိုင်းတောင်၊တတိယအမြင့်ဆုံးလွယ်မောတောင် နှစ်တော...
19/08/2023

ဒီလမှာ ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့
ရှမ်းပြည်နယ်ရဲ့
ဒုတိယအမြင့်ဆုံးလွယ်မိုင်းတောင်၊
တတိယအမြင့်ဆုံးလွယ်မောတောင် နှစ်တောင်ကို
အောင်မြင်စွာတက်ရောက်ခဲ့ပြီးပါပြီ

15.8.2023 - လွယ်မိုင်းတောင်ထိပ် ( 8250 ft )
17.8.2023 - လွယ်မောတောင်ထိပ် ( 8080 ft )
18.8.2023 - လွယ်မောတောင်ထိပ် နောက်တစ်ကြိမ်

ခရီးစဉ်တစ်လျှောက် အေးအတူ ပူအမျှ
စိတ်တူကိုယ်တူခဲ့ကြတဲ့ တောင်တက်ဘော်ဒါတွေအားလုံး
Cheer !!!!!

ခရီးစဉ်အသေးစိတ်ကိုတော့ နောက်ထပ်ပို့စ်တွေမှာ
စောင့်မျှော်အားပေးကြပါအုံးခင်ဗျာ။


၅ ကြိမ်မြောက် မုဒုံလက်ခတ်တောင်ခရီးဒီတောင်အပေါ်ကိုရောက်ရင် ဦးဇင်းဆီသွားပြီး အမြဲတမ်းစကားပြော ဦးဇင်းဆီက မုန့်တွေဘာတွေ စွန်...
07/08/2023

၅ ကြိမ်မြောက် မုဒုံလက်ခတ်တောင်ခရီး

ဒီတောင်အပေါ်ကိုရောက်ရင် ဦးဇင်းဆီသွားပြီး
အမြဲတမ်းစကားပြော ဦးဇင်းဆီက မုန့်တွေဘာတွေ စွန့်ပါအုံးဆိုပြီး ကျွန်တော်တို့ ယူစားနေကြပဲ၊

ဒီတစ်ခေါက် အပေါ်ရောက်တော့ ဦးဇင်းမရှိပါဘူး
ရေတံခွန်ကျောင်းမှာဆိုလို့
တက်လာတဲ့ လမ်းကပြန်မဆင်းပဲ
တောင်အရှေ့ကနေ ပတ်ဆင်းတာ
တစ်နာရီကျော်ကြာခဲ့ပါတယ်၊

ရေတံခွန်ကျောင်းရောက်တော့
ဦးဇင်းကို ဝါဆိုသင်္ကန်းကပ်ပြီး
အခြားလှူစရာရှိတာကိုလှူခဲ့ပါတယ်
အရမ်းရင်းနှီးတဲ့ မိတ်ဆွေအကိုတစ်​ယောက်ရဲ့အလှူရယ်
ကျွန်တော်တို့အဖွဲ့အလှူရယ် စုပြီးလှူဖြစ်တာပေါ့၊

အဲ့ဒီအရှေ့ဘက်က ပတ်ဆင်းသွားရင် အဆင်းကြမ်းပြီး မြင်ကွင်းတွေတော့ လှပါတယ် ထူးခြားတာတစ်ခုက
ရေတံခွန်ကျောင်းကိုရောက်ပြီး အဲ့ကနေပြန်ထွက်ရင် ကျွန်းရွာထိပ်ကို ရောက်သွားတာပဲ အဆင်းမှာ ပတ်ဆင်းခဲ့တဲ့တောင်ကြောကြီးဟာ ဘယ်လောက်ကြီးတယ်ဆိုတာ သဘောပေါက်ပြီး အတွေ့အကြုံသစ်ရခဲ့ပါတယ်

၂၆ ကြိမ်မြောက် ဇွဲကပင်နှင့် ၅ ကြိမ်မြောက် ဇွဲကပင်နွားလပို့ ခရီးစဉ် အောင်မြင်စွာပြီးဆုံးပါပြီစိတ်ဝင်တစားနဲ့ လာရောက် Join ...
31/07/2023

၂၆ ကြိမ်မြောက် ဇွဲကပင်နှင့်
၅ ကြိမ်မြောက် ဇွဲကပင်နွားလပို့
ခရီးစဉ် အောင်မြင်စွာပြီးဆုံးပါပြီ

စိတ်ဝင်တစားနဲ့ လာရောက် Join ခဲ့ကြတဲ့
တစ်ဦးတစ်ယောက်ချင်းစီရော
ရာသီဥတု အရမ်းကြမ်းတဲ့ကြားထဲက
မလျှော့သောဇွဲနဲ့ နွားလပို့ထိပ်ကို တက်ခဲ့ကြတဲ့သူတွေရော
အားလုံးကို ကျေးဇူးတင်ပါတယ်


ဒီနေ့ဟာ ကျွန်တော်တို့ အဖွဲ့က Admin တစ်ယောက်ဖြစ်တဲ့ ကိုဖိုးသားရဲ့ ချစ်မေမေမွေးနေ့ဖြစ်ပါတယ်  မွေးနေ့အမှတ်တရအနေနဲ့လည်း ကျွန...
28/07/2023

ဒီနေ့ဟာ ကျွန်တော်တို့ အဖွဲ့က Admin တစ်ယောက်ဖြစ်တဲ့
ကိုဖိုးသားရဲ့ ချစ်မေမေမွေးနေ့ဖြစ်ပါတယ်
မွေးနေ့အမှတ်တရအနေနဲ့လည်း
ကျွန်တော်တို့ M2 စားဖလုံးအဖွဲ့ကို
BBQ Garden မှာ မူကထ ဧည့်ခံကျွေးမွေးခဲ့ပါတယ်၊

Happy Birthday ပါ အန်တီချို
ကျန်းမာပျော်ရွှင်ပြီး ချစ်ရသော မိသားစုနဲ့
အမြဲတမ်း အမှတ်တရကောင်းတွေကို ဖန်တီးနိုင်ပါစေလို့ကျွန်တော်တို့ M2 အဖွဲ့သားများမှ
ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

လာမယ့် 29 ရက်နေ့ ဇွဲကပင်နဲ့ နွားလဘို့တောင် ခရီးစဉ် လူစာရင်း ပိတ်ပါပြီ ခင်ဗျာ ။ခရီးစဉ် Join ထားပြီတဲ့ brother/Sister တွေ ...
26/07/2023

လာမယ့် 29 ရက်နေ့ ဇွဲကပင်နဲ့ နွားလဘို့တောင် ခရီးစဉ် လူစာရင်း ပိတ်ပါပြီ ခင်ဗျာ ။
ခရီးစဉ် Join ထားပြီတဲ့ brother/Sister တွေ 29 ရက်နေ့မှာ ဆုံကြပါမယ် ။
See you guys …

အားလုံးပဲ မင်္ဂလာပါခင်ဗျာ🙏လာမယ့် July လ 29 ရက်နေ့မှာ ကျွန်တော်တို့အဖွဲ့ရဲ့  ၅ ကြိမ်မြောက်ဖြစ်တဲ့ ဇွဲကပင်တောင်ရယ်  ဇွဲကပင...
20/07/2023

အားလုံးပဲ မင်္ဂလာပါခင်ဗျာ🙏

လာမယ့် July လ 29 ရက်နေ့မှာ
ကျွန်တော်တို့အဖွဲ့ရဲ့ ၅ ကြိမ်မြောက်ဖြစ်တဲ့ ဇွဲကပင်တောင်ရယ် ဇွဲကပင်တောင်ကနေ ဆက်သွားရတဲ့ နွားလပို့တောင်ရယ်ကို တက်ဖို့ရှိပါတယ် ။

July လ 29ရက်နေ့
နေ့လည်မှာ
တက်ပြီး တောင်ပေါ်မှာညအိပ်မှာပါ ။
30မနက်ကြရင်တော့ နွားလပို့တောင်ဘက်ကို
ဆက်ပြီးတက်ကြပါမယ်။

🛑ကျွန်တော်တို့နဲ့အတူ လိုက်မယ့်သူတွေအနေနဲ့ မိုးရာသီဖြစ်တဲ့အတွက်ကြောင့် ဖော်ပြပါပစ္စည်းလေးတွေတော့ယူလာပေးပါ။

* ရေဗူး ( ပလက်စတစ်အမှိုက်မပွရအောင်)
* 💦🎒 ရေစိုခံအိတ်
* 💦🧥 မိုးကာအင်္ကျီ
* 🥾 တောင်တက်ဖို့ အဆင်ပြေမယ့် boots ဖိနပ်
* ခြုံစောင် (တောင်ပေါ်မှာညအိပ်ဖို့ပါ)
* အနွေးထည် (ညဘက်မိုးရွာ/လေတိုက်ရင်အေးပါတယ်)
* 🔦 ဓာတ်မီး ( ဓာတ်မီးအသေးလေးပါလာရင်တော့ကောင်းတာပေါ့)
* 🧤 လက်အိတ် ( ❗အရေးကြီးပါတယ် ၊ နွားလပို့ဘက်သွားတဲ့အခါကြရင် ကြိုးဆွဲတက်ဆင်းရမှာမို့ လက်မြဲမယ့်လက်အိတ်လိုပါတယ်)
*တစ်ကိုယ်ရည်သုံး ပစ္စည်းနှင့် မိမိမရှိမဖြစ်သုံးနေသော ဆေးဝါးများ

🖊️ ခရီးစဉ်ကိုလိုက်ပါမယ့်သူတွေအနေနဲ့ page messenger ကနေဆက်သွယ်စာရင်းပေးနိုင်ပါပြီး၊ စာရင်းပေးသွင်းမဲ့သူများအနေနဲ့ (၇)လပိုင်း (၂၅ )ရက်နေ့ နောက်ဆုံးထားပြီး
စာရင်းပေးသွင်းနိုင်ပါပြီ၊
အခြားမြို့မှ လာမည့်သူများ ၂၉ ရက်နေ့
နေ့လည် ဘားအံကိုအရောက် လာပေးပါခင်ဗျာ၊
အသေးစိတ် အချက်အလက်တွေကိုတော့
Page Cb မှာပဲ ဆက်လက်မေးမြန်းနိုင်ပါတယ်။

🛑 လူစာရင်း အကန့်သတ်ရှိပါတယ်ခင်ဗျာ 🛑

မိုးရာသီ 🌧️🌧️🌧️ဇင်းကျိုက်တောင် - ဆိတ်တောင်- မင်း၁၀၁ပါးတောင်တွေရဲ့ မြင်ကွင်းများ
18/07/2023

မိုးရာသီ 🌧️🌧️🌧️
ဇင်းကျိုက်တောင် - ဆိတ်တောင်- မင်း၁၀၁ပါး
တောင်တွေရဲ့ မြင်ကွင်းများ

17/07/2023

Feel the nature 🍀

Address

Mawlamyaing Road, Myanmar
Burma

Website

Alerts

Be the first to know and let us send you an email when Mountain Madnesses posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share