Go Thailand vlog by Siri

  • Home
  • Go Thailand vlog by Siri

Go Thailand vlog by  Siri ထိုင်းနိုင်ငံ ရဲ့လှပထူးခြားတဲ့နေရာ

တန်ဆောင်မုန်းလပြည့်နေ့ည ဆေးပေါင်းခချိန် မယ်ဇလီဖူးသုတ်လေး သုပ်စားကြရအောင်ယခု လာမည့် 18 . 11 . 2021 (ကြာသာပတေး) တန်ဆောင်မု...
17/11/2021

တန်ဆောင်မုန်းလပြည့်နေ့ည ဆေးပေါင်းခချိန် မယ်ဇလီဖူးသုတ်လေး သုပ်စားကြရအောင်

ယခု လာမည့် 18 . 11 . 2021 (ကြာသာပတေး) တန်ဆောင်မုန်း လပြည့်၏ ဆေးပေါင်းခချိန်သည်
၈နာရီ ၄၆ မိနစ် ၃၅ စက္ကန့်
ဖြစ်ပါတယ်။

အလွန် ထူးခြား၍ ရှားပါးသော
(Super moon )လပြည့်လည်း ဖြစ်ပါတယ် ။

၁၉၄၈တွင် တစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ၇၀ နှစ် ကျော်ကြာ မှ တစ်ကြိမ် ထပ်မံကြုံခွင့်ရှိသော
Super Moon ဖြစ်ပါတယ် ။

လ ဟာ ကမ္ဘာနဲ့အနီးဆုံးအနေ အထားမှာရှိနေမှာဖြစ်တဲ့အတွက်အဆမတန်ကြီးမားတဲ့
လပြည့် ကြီးကို မြင်တွေ့ရမှာပါ ။

၁၉၄၈ ခုနှစ်က တစ်ခါ ဖြစ်ပေါ် ဘူး ခဲ့ပါတယ် ။

ယခု မမြင်လိုက်ရဘူးဆိုရင်နောက် လာမည့် ၂၀၃၄ နိုဝင်ဘာ ၂၅ မှ ထပ်မြင် ရမှာပါ ။

#မူရင်းတင်သူကိုလေးစားစွာCrdပေးပါတယ်

Siri နဲ့အတူ မယ်ဟောင့်ဆွောင်​ြမို့ တောင်ပေါ်နေကြာပန်းလေးတွေပွင့်ချိန်မှာ သွားလည်လို့ရပါတယ်နော်ထိုင်းနိုင်ငံ၊ မယ်​ေဟာင့်​ေ...
15/11/2021

Siri နဲ့အတူ မယ်ဟောင့်ဆွောင်​ြမို့ တောင်ပေါ်နေကြာပန်းလေးတွေပွင့်ချိန်မှာ သွားလည်လို့ရပါတယ်နော်

ထိုင်းနိုင်ငံ၊ မယ်​ေဟာင့်​ေဆွာ်မြို့
"Mae U Kho"တောင်ပေါ်မှာရှိတဲ့
ဒီအဝါရောင် တောင်ပေါ်နေကြာပန်းလေးတွေဟာ နှစ်စဉ် နိုဝင်ဘာလမှာ ဝါထိန်နေအောင်ပွင့်လေ့ရှိပြီး ခရီးသွားများအတွက် ဆွဲဆောင်စရာကောင်းတဲ့
နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။

မယ်ဟောင့်ဆွော် တောင်ပေါ်မြို့လေးကို
ချင်းမိုင်​ြမို့ကနေကားနဲ့သွားလို့ရသလို
လေယဉ်နဲ့လည်းသွားလို့ရပါတယ်

ဟီနိုကီLand မှာ ဂျပန်ကီမိုနိုလေးတွေဝတ်ပြီးအရမ်းလှပကျယ်ဝန်းတဲ့ပန်းခင်းနဲ့အတူဓာတ်ပုံရိုက်ရတာအရမ်းကိုလှပါတယ်ချင်းမိုင်မြို့...
11/11/2021

ဟီနိုကီLand မှာ ဂျပန်ကီမိုနိုလေးတွေဝတ်ပြီး
အရမ်းလှပကျယ်ဝန်းတဲ့ပန်းခင်းနဲ့အတူဓာတ်ပုံရိုက်ရတာအရမ်းကိုလှပါတယ်

ချင်းမိုင်မြို့ကိုရောက်ရင် သွားလည်သင့်တဲ့နေရာတခုပါနော့

ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်မြို့ကနေ140kmဝေးပါတယ်1-2နာရီလောက်ကားမောင်းရပါမယ်ဟီနိုကီ land ကိုရောက်ရင်ဂျပန်ကိုရောက်...
11/11/2021

ထိုင်းနိုင်ငံမြောက်ပိုင်း
ချင်းမိုင်မြို့ကနေ140kmဝေးပါတယ်
1-2နာရီလောက်ကားမောင်းရပါမယ်
ဟီနိုကီ land ကိုရောက်ရင်
ဂျပန်ကိုရောက်သွားသလိုပါပဲ
ဂျပန်အစားအစာတွေ မုန့်တွေအစုံရပါတယ်
ဂျပန်ကီမိုနိုလှလှလေးတွေဝတ်ပြီးအရမ်းကျယ်ဝန်းတဲ့ပန်းခင်းတွေနဲ့
ဓာတ်ပုံရိုက်ရတာအရမ်းလှပါတယ်နော်
Crd:photos

09/11/2021
ေတာင်ပေါ်မြို့လေး🍁🍁🍁ခေါင်ခေါမြို့🍂🍂အပိုင်း-၂🌸🌸🌸🌸အခုကချယ်ရီပန်းတွေပွင့်တဲ့ရာသီဖြစ်လို့သွားလည်ပြီးချယ်ရီပန်းနဲ့အတူဓာတ်ပုံလ...
09/11/2021

ေတာင်ပေါ်မြို့လေး🍁🍁🍁
ခေါင်ခေါမြို့🍂🍂
အပိုင်း-၂🌸🌸🌸🌸
အခုကချယ်ရီပန်းတွေပွင့်တဲ့ရာသီဖြစ်လို့သွားလည်ပြီးချယ်ရီပန်းနဲ့အတူဓာတ်ပုံလှလှလေးရိုက်လို့ရတယ်နော်
ဂျပန်ပြည်ကိုရောက်နေသလိုပါပဲ
ညကျရင်တည်းခိုဖို့
ဂျပန်အစားအစာsushi​တွေကိုသုံးဆောင်ပြီးဟိုတယ်မှာဂျပန်ဝတ်စုံလေးတွေနဲ့ဓာတ်ဖမ်းလို့ရပါတယ်နော်🌸🌸🌸🌸🌸🌾🌾🌾🌾🌾🍂🍂🍂🍁🍁🍁🍁

လှပတဲ့ထိုင်းနိုင်ငံရဲ့လည်စရာနေရာလေးတွေကိုကြိုက်ရင်
GoThailandVlogbySiri pageကိုlike and shareပေးပါနော်♥♥🌿🌿🍀🍀💚💚💚🌼🌼🌼🌸🌸🌸🌸🌻🌻🌻

Siriနဲ့အတူထိုင်းနိုင်ငံရဲ့တောင်ပေါ်မြို့လေးကိုသွားလည်ကြရအောင်ခေါင်ခေါမြို့လေးဟာဘန်ကောက်ကနေ4နာရီလောက်ကားနဲ့သွားရပါတယ်အရင်...
09/11/2021

Siriနဲ့အတူထိုင်းနိုင်ငံရဲ့တောင်ပေါ်မြို့လေးကိုသွားလည်ကြရအောင်
ခေါင်ခေါမြို့လေးဟာဘန်ကောက်ကနေ4နာရီလောက်ကားနဲ့သွားရပါတယ်
အရင်ဆုံးကဖစ်စနုလုတ်မှာဆုတောင်းအရမ်းပြည့်တဲ့ဘုရားကိုလည်းဝင်ဖူးပြီးဆုတွေတောင်းကြရအောင်နော်
ပြီးတော့မှခရီးဆက်ရင်တောင်ပေါ်ဘုရားငါးဆူကိုဖူးရပါမယ်
တိမ်တိုက်တွေနဲ့
ရူခင်းအရမ်းလှပြီးွနတ်ပြည်ကိုရောက်နေသလားလို့အောက်​ေမ့ရပါတယ်နော်

ထိုင်းနိုင်ငံ မြောက်ပိုင်းချင်းမိုင်မြို့ကနေတစ်နာရီလောက်ကားမောင်းရတဲ့Eco Villageမေ့ကမ်ပေါင်ရွာလေးနဲ့ Coffee ဆိုင်လေးတွေွ...
08/11/2021

ထိုင်းနိုင်ငံ မြောက်ပိုင်း
ချင်းမိုင်မြို့ကနေ
တစ်နာရီလောက်ကားမောင်းရတဲ့Eco Villageမေ့ကမ်ပေါင်ရွာလေးနဲ့ Coffee ဆိုင်လေးတွေွပါ။
ဒီရွာက coffee ဆိုင်တွေနဲ့ home stay Eco Tour ကြောင့်နာမည်ကြီးပါတယ်။ coffee ခြံတွေ ရေတံခွန်တွေနဲ့🌿🍀☘ လည်စရာ အပြည့်နေရာလေးပါ။
🌿💚💚💚💚💚💚

07/11/2021



Welcome to my traveling page.

🙏🙏🙏 တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလအခါတော်နေ့ 🙏🙏🙏တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလအခါတော် အခါသမယမှာ ပြည်သူ ပြည်သား အပေါင်းတို့...
29/11/2020

🙏🙏🙏 တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလအခါတော်နေ့ 🙏🙏🙏

တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလအခါတော် အခါသမယမှာ ပြည်သူ ပြည်သား အပေါင်းတို့ ဆေးပေါင်းခညောင်းစေ၍ ကပ်ရောဂါ ဘေးအန္တရာယ်ကင်းကွာပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည်စုံပြီး စီးပွားဥစ္စာ ဒီရေအလားတိုးတက် ကြီးပွား အောင်မြင် ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့🙏🙏🙏ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြာ...
27/11/2020

တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့🙏🙏🙏

ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသောကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြလေသည်🙏

သာမညဖလ ၏ အဓိပ္ပာယ်အကျဉ်းချုပ်မှာရဟန်းပြုရခြင်း၏အကျိုး ဟု အဓိပ္ပာယ်ရသည်။ရဟန်းပြုခြင်း၏အကျိုးကို ဟောကြားသောနေ့ဖြစ်ခြင်းကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟုလည်း ခေါ်ဆိုကြပါသည်🙏

မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များ အနက် တန်ဆောင်မုန်းလတွင် ပြုလုပ်ကျင်းပလေ့ရှိသောပွဲတော်များမှာ👉

🙏တန်ဆောင်တိုင် မီးထွန်းပွဲတော်🙏
🙏ကထိန်သင်္ကန်း အလှူပွဲတော်🙏
🙏မသိုးသင်္ကန်း ရက်လုပ်ပွဲတော်🙏
🙏မဲဇလီဖူးသုပ် ဝေငှသောပွဲတော်🙏
🙏ကျီးမနိုး ပွဲတော်🙏
🙏သာမညဖလအခါတော်နေ့ ပွဲတော်များ ဟူ၍ ခုနှစ်မျိုးခန့်ရှိသဖြင့် တန်ဆောင်မုန်းလသည် ရိုးရာပွဲတော် အများဆုံးလဟု ဆိုရပေတော့မည်။

မြတ်စွာဘုရားရှင်က အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသည်ကို
အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့၌သာမညဖလအခါတော်နေ့ အထိမ်းအမှတ် ကျင်းပရခြင်း ဖြစ်ပါသည်။

(၁) သာမညဖလဆိုသည်မှာ ရဟန်းပြုရခြင်း၏အကျိုးဟု အဓိပါယ်ရပါသည်🙏

(၂) ရဟန်းပြုရခြင်း၏ အကျိုးကို ဟောကြားသောနေ့ဖြစ်၍ တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့ဟု ခေါ်ဆိုကြပါသည်🙏

(၃) သာမညဖလသုတ်သည် ဒီဃနိကာယ် သီလက္ခန္ဓဝဂ္ဂ ပါဠိတော်၌ ပါရှိပါသည်🙏

(၄) သာမညဖလသုတ်သည် ရဟန်းသံဃာတော်များအဖို့ ကြေးမုံမှန်ချပ်ကြီးသဖွယ် ဖြစ်၍ ကိုယ်ကျင့်သီလ ရှိသည် ၊မရှိသည်ကို ဤသုတ်ဖြင့်ထင်ဟပ်စေနိုင်ပါသည်🙏

(၅) သာမညဖလသုတ်သည် လူဒါယကာများအဖို့ပြဒါးချိန်ကြီး သဖွယ်ဖြစ်၍ မိမိတို့ ကိုးကွယ်နေသော ဆရာသမားများ၏ ကျင့်ကြံမှု ဟုတ်မဟုတ်၊မှန်မမှန်ကို ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်ပါသည်🙏

(၆) အဇာတသတ်မင်းသားသည် ဒေဝဒတ်ကို ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူ ဗိမ္ဗိသာရမင်းကြီးကို သတ်မိသောကြောင့်ကံကြီးထိုက်ပြီး အိပ်မပျော်သောဝေဒနာ စွဲကပ်ခဲ့ပါသည်🙏

(၇) ယင်းဝေဒနာကို ကုစားရင်း အမတ်များ၏အကြံပြုချက်အရ တိတ္ထိဆရာကြီး ၆-ယောက်ထံသွားရောက်ပြီး ရဟန်းပြုခြင်း၏အကျိုး
(သာမညဖလ)ကို စုံစမ်းမေးမြန်းရာ ကျေနပ်သောအဖြေကို မရရှိခဲ့ပါ🙏

(၈) နောက်ဆုံး သမားတော်ကြီးဇီဝက၏ အကြံပြုချက်အရ ရာဇဂြိဟ်မြို့အနီး ဆရာဇီဝကလှူထားသောသရက်ဥယျာဉ်တော၌ သီတင်းသုံး
လျက်ရှိသောမြတ်စွာဘုရားထံသို့ သွားရောက်ပြီး၊လျှောက်ထားသောအခါမှ သူသိလိုသော ရဟန်းပြုခြင်း၏အကျိုး(သာမညဖလ)ကို သိရှိရပါတော့သည်🙏

(၉) အဇာတသတ်မင်းသည် သာမညဖလသုတ်တရားတော်ကို ကြားနာရသည့်အချိန်မှ စ၍ ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်🙏

(၁၀) အဇာတသတ်မင်းသည် သာမညဖလသုတ်တရားတော်ကို ကြားနာရ၍ သူ၏အပြစ်ကို ကုစားခဲ့သောကြောင့် အပြစ်ကြီးလေးသော
မဟာအဝီစိငရဲတွင် မကျတော့ဘဲ၊အပြစ်ဒဏ်ပေါ့သောလေဟ ကုမ္ဘီငရဲ၌သာ ကျရောက်ပြီး နောင်သောအခါ ဝိဇိတာဝီ မည်သော ပစ်စကေဗုဒ်ဓါ
ဖြစ်၍ ကျွတ်တမ်းဝင်ရပါလိမ့်မည်🙏

(၁၁) အဇာတသတ်မင်းတရားသည်
-ပထမသင်္ဂါယနာတင် ဒါယကာအဖြစ်ခံယူခဲ့ခြင်း၊
-မြတ်စွာဘုရား၏ ဓာတ်တော်များကို စုဆောင်း
သိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊
-ဗုဒ္ဓသာသနာနှစ်ကို အတိအကျသတ်မှတ်ခဲ့ခြင်း၊ သာသနာပြုလုပ်ငန်းကြီးသုံးရပ်ကို လုပ်ဆောင်သွားခဲ့သည်မှာ ဗုဒ္ဓဘာသာဝင်များအတွက်
ကျေးဇူးကြီးလှပါပေသည်🙏

(၁၂) ပိဋကတ်တော်များကို မပျက်စီးရအောင် သင်္ဂါယနာအဆက်ဆက်တင်၍ ယနေ့တိုင်အောင်ထိန်းသိမ်းထားနိုင်ခြင်းမှာ အဇာတသတ်မင်း၏ ကျေးဇူးဟု ဆိုထိုက်ပါပေသည်🙏

(၁၃) အဇာတသတ်မင်း စုဆောင်းထားသောဓာတ်တော် များကို ရှာဖွေ၍ သီရိဓမ္မာသောက မင်းကြီးက စေတီပေါင်း ရှစ်သောင်းလေးထောင်တည်ထား၍ သာသနာပြုခဲ့သောကြောင့် နှောင်းခေတ်ဗုဒ္ဓဘာသာဝင်တို့ ဖူးမြော်ခွင့် ရရှိနေကြခြင်း ဖြစ်ပါသည်🙏

(၁၄) ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျ သုံးစွဲခွင့်ရရှိနေသည်မှာ အဇာတသတ်မင်း၏ကျေးဇူး၊သာမညဖလသုတ်၏ အကျိုးဆက်ဟု ဆိုထိုက်ပါသည်🙏

အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ(မာဂဓီ-သာစည်)
ဆရာတော်ဘုရားကြီး၏ အခါတော်နေ့များ-နှာ၁၇၅-မှကောက်နှုတ်ထားပါသည်
#တန်ဆောင်မုန်းလပြည့်

#ဗီတာမင်စီ


#ပံ့သကူ

💌💰💰🙏🙏ယခုနှစ်မှာ အားလုံးကြပ်တည်းနေတဲ့အချိန်မှာ ကိုယ့်တတ်နိုင်တဲ့အားနဲ့ ၅၀၀၊၁၀၀၀ စတဲ့ ဆန်ထုပ်၊ဆီ၊ဆားထုပ်လေးတွေကို ပံသကူပစ်...
17/11/2020

💌💰💰🙏🙏ယခုနှစ်မှာ အားလုံးကြပ်တည်းနေတဲ့အချိန်မှာ ကိုယ့်တတ်နိုင်တဲ့အားနဲ့ ၅၀၀၊၁၀၀၀ စတဲ့ ဆန်ထုပ်၊ဆီ၊ဆားထုပ်လေးတွေကို ပံသကူပစ်ပေးပါ ဘာအကျိုးမျှော်လင့်ချက်မှ မပါပဲ တစ်ပါးသူကို ပျော်ရွှင်စေတဲ့စိတ်ကလေးနဲ့ လှူတဲ့အလှူမို့ ကုသိုလ်ထူး၊ကုသိုလ်မြတ်ပါပဲ 🙏🙏💰💰

🎁ပံ့သကူပစ်ခြင်းဆိုသည်မှာ🎁

💸💸ပံ့သကူဆိုတာ ပိုင်ရှင်မရှိတဲ့ ပစ္စည်း ၊ အလိုအလျှောက် ရရှိလာတဲ့ ပစ္စည်းများကို ခေါ်တာ ဖြစ်ပါတယ်။ 💰💰

မြတ်စွာ ဘုရားဟာ ပုဏ္ဏားကြီး တစ်ပါးကို ချေချွတ်တော်မူချင်လို့ ပုဏ္ဏားကြီး အိမ်က ကြွက်ကိုက်တဲ့ အဝတ် စွန့်ပစ်ထားတာကို ဝတ်ဆင်လိုက်ပြီး ပံ့သကူ ကောက်တော်မူ ပါတယ် ပိုင်ရှင် ပုဏ္ဏားကြီးက ဇာတ်မြင့်တဲ့သူများဟာ ကြွက်ကိုက် အဝတ်ကို ကောက်ယူရင် ဇာတ်ပျက် တော့မှာပဲလို့ ပူပန် ကြောင့်ကြ ကြီးစွာနဲ့ မြတ်စွာဘုရားအား လာရောက် တားမြစ်ပါတယ် အဲဒီ အချိန်မှာ မြတ်စွာ ဘုရားက ပုဏ္ဏားကြီး ကို ချေချွတ် တော်မူခဲ့ပါတယ်

💰💰တန်ဆောင်မုန်းလဟာ အမှန်စင်စစ် မြင့်မြတ်လှတဲ့ ကုသိုလ်ကောင်းမှုတွေပြုတဲ့လပဲဖြစ်ပါတယ်💰💰💰

💌💵တန်ဆောင်မုန်းလပြည့်ညမှာ ပံ့သကူ ပစ်တဲ့ဓလေ့ရှိပါတယ် ငွေ၊ဆန်၊စားစရာ တွေကို အိတ်တွေထဲ ထည့်ပြီး ပံသကူပစ်သည်လို့ ရေးပြီး လူမမြင်တဲ့အချိန် လူသွားလမ်း လူမမြင်တဲ့နေရာမှာ ချထားရပါတယ်💵💵💌💌

🥰အဲသည်လို ပံ့သကူ ပစ်တဲ့သူတွေ ကလည်း ဘယ်သူများ
ရသွားပါလိမ့်လို့ စောင့်ကြည့် တတ်တဲ့သူ ရှိသလို ဘယ်သူရရရတဲ့သူ ဝမ်းသာမှာဆိုပြီး ပျော်တတ်ကြတဲ့ သူများလည်း ရှိပါတယ်။ မမျှော်လင့်ဘဲ ရတဲ့ ပစ္စည်းနဲ့ လိုအပ်တဲ့သူဆီမှာ တစ်နည်းတစ်ဖုံပြည့်စုံသွားမယ်ဆိုတကယ် ပျော်ကြမှာပါပဲ။🙏🙏🥰🥰

လောကမှာ အပြစ်ကင်းတဲ့ပစ္စည်းနဲ့ ရောင့်ရဲ တင်းတိမ်နိုင်တဲ့ သူများဟာ စိတ်အေး ချမ်းသာမှုကို သာမက ကြွယ်ဝမှု တစ်ရပ်ကိုပါ ပိုင်ဆိုင်နိုင်ပါတယ်။ 🙏🙏🙏

ကိုးကား
- ဒေါက်တာ မတင်ဝင်း (ပညာရေးတက္ကသိုလ်)
( ၂၀၁၄ ခုနှစ် အောက်တိုဘာလထုတ် ငွေတာရီမဂ္ဂဇင်း ပါ ဆောင်းပါး )
-ကိုယ်ပိုင်မှတ်စု

ဒီနေ့မှာကျရောက်တဲ့ သီတင်းကျွတ် လပြည့်နေ့ အခါသမယ လေးမှာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အားလုံး ရောဂါဘယတွေ ကင်းဝေးပြီး စီးပ...
31/10/2020

ဒီနေ့မှာကျရောက်တဲ့ သီတင်းကျွတ် လပြည့်နေ့ အခါသမယ လေးမှာ
မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အားလုံး ရောဂါဘယတွေ ကင်းဝေးပြီး စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေတိုးတက်ကြပါစေလို့
ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်..

ဒီနေ့မှာကျရောက်တဲ့ သီတင်းကျွတ် လပြည့်နေ့ အခါသမယ လေးမှာ
မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အားလုံး ရောဂါဘယတွေ ကင်းဝေးပြီး
စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေတိုးတက်ကြပါစေလို့
ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်....

#သီတင်းကျွတ်၂၀၂၀


#ဗီတာမင်စီ

Address

Yangon Airport Road, Myanmar
Burma

Website

Alerts

Be the first to know and let us send you an email when Go Thailand vlog by Siri posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share