Oo Hlaing Wai

  • Home
  • Oo Hlaing Wai

Oo Hlaing Wai ခြံစည်းရိုးသံစကာလုပ်ငန်း

19/12/2021
17/12/2021

CDM ဗိုလ်ကြီးတစ်ယောက်ရေးတဲ့စာ

NLD ကို မျက်စိစုံမှိတ် ထောက်ခံခဲ့သူတွေထဲ ကျနော်မပါဘူး။ အမေစုကို ချစ်တာ ချစ်တာတစ်ပိုင်းပေါ့နော် ဒါပေမယ့် အခုလို ဖြစ်စဉ်မှာတော့ NLD က ခေါင်းဆောင်တွေကို ကျနော်အရမ်းလေးစားသွားတယ်။

စစ်တပ်ရဲ့ အလိုကို မလိုက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့အစိုးရကိုလည်း ကျေးဇူးတင်တယ်

စစ်တပ်ရဲ့အာဏာလုမှု ခံရတဲ့ဖြစ်စဉ်မှာ NLD ခေါင်း ဆောင်တွေဟာ ကိုယ်ကျိုးအဓိက မထားဘဲ ပြတ်သားခဲ့တာ ရှင်းရှင်းမြင်လိုက်ရတယ်။

သူတို့သာ ကိုယ်ကျိုးစီးပွားရှာချင်ရင် စစ်တပ်ကတောင်းဆိုတာတွေကို လိုက်လျောပြီး တပ်ချုပ်ကို သက်တမ်းတိုးပေးပြီးဖြစ်ဖြစ်၊ မအလကို သမ္မတတင်ပေးပြီးဖြစ်ဖြစ်အေးဆေး အစိုးရလုပ်စားလို့ရတယ်။

စစ်တပ်နဲ့ညှိပြီး အစိုးရလုပ်စားရင် အန္တရာယ်ကင်းမယ်၊ ဂွင်တွေများမယ်၊ သန်းကြွယ်သူဌေး ဖြစ်နိုင်တယ်ဆိုတာ NLD ခေါင်းဆောင်တွေ သိပ်သိတာပေါ့

ဒါပေမယ့် NLD ခေါင်းဆောင်တွေဟာ သူတို့ကို မဲပေးခဲ့တဲ့ ပြည်သူတွေကို သစ္စာမဖောက်ခဲ့ဘူး။ စစ် တပ်နဲ့ညှိပြီး အစိုးရလုပ်မစားခဲ့ဘူး။

စစ်တပ်ကတောင်းဆိုတာတွေကိုငြင်းပြီး ဒီစစ်တပ်ဟာ အချိန်မရွေးအာဏာလုနိုင်ကြောင်း၊ ယုံကြည်စိတ်ချရတဲ့စစ်တပ်မဟုတ်ကြောင်း မျိုးဆက်သစ်တွေသိဖို့ ဘဝတွေကိုရင်းခဲ့လိုက်ကြတယ်။

ဒီလို မပြတ်သားဘဲ စစ်တပ်ကိုလိုက်လျောခဲ့ရင် စစ်တပ်က အာဏာလုမှာမဟုတ်ဘူး။ အာဏာမလုခဲ့ရင် ဒီစစ် တပ်ရဲ့စရိုက်မှန်၊ စစ်တပ်ဟာ ပြည်သူ့ရန်သူဆိုတာ၊ စစ် တပ်ကို ဆန့်ကျင်ရမှန်း သိချင်မှသိလာမှာ

စစ်တပ်ဟာ ပြည်သူ့ရန်သူဆိုတာမသိရင် ဒီစစ်တပ်ထဲကိုဝင်မယ့် မျိုးဆက်သစ်လေးတွေ ရှိရင်ရှိနေဦးမှာ၊ မျိုး ဆက်သစ်တွေ စစ်တပ်ထဲဝင်နေသ၍ စစ်တပ်အင်အားရှိ‌နေဦးမှာ

အနာဂါတ်မှာလည်း စစ်တပ်အလိုကို လိုက်နေရတဲ့အစိုးရမျိုး၊ စစ်တပ်နဲ့ သဘောမျှတဲ့အစိုးရမျိုး၊ စစ်တပ်ကလက်ခံတဲ့အစိုးရမျိုးတွေပဲရနေပြီး မြန်မာ့နိုင်ငံရေးမှာ စစ်တပ်က ထာဝရစိုးမိုးနေတော့မှာပါ

ခုလို ရန်/ငါ ပြတ်လိုက်တာ သိပ်ကြိုက်တယ်။

ရဲရင့်ပြတ်သားတဲ့ခေါင်းဆောင်တွေရှိတဲ့ NLD ကို မဲပေးခဲ့မိတာ ကျေနပ်တယ်။

ဒီခေါင်းဆောင်၊ ဒီပါတီနဲ့ ဒီပြည်သူတွေ ညီညွတ်ကြလွန်းလို့သာ ဒီစစ်တပ်နဲ့ ရန်-ငါ ပြတ်နိုင်တဲ့ အခွင့်ထူးအခွင့် ကောင်းကြီး ကြုံလာတာ။

Credit # # # # Aung Kyaw Thu

30/11/2021

ပျော်ရဲ့လားမြောက်မြန်မာကဂေါင်းကြီးတို့
-----------

မင်းတို့သိပ်မုန်းတဲ့အဖွားကြီးလက်ထက်မှာ
အင်တာနတ်Data ၁၀၀၀ဖိုး 5 G ၊
On net ဖုံးအဝပြောတစ်လ ၁၀၀၀ ၊
ကြိုက်တဲ့စလောင်းတပ် အတားအဆီးမရှိfree ၊
ကြိုက်ရာChannelကိုဖွင့်ပြီး NLDကိုဖောင်းထုနေတဲ့ ယောမင်းကြီးစကားဝိုင်းကို အသံကုန်ဖွင့်ကြည့်
အကုန် easy...

ကြက်ဥတစ်လုံး ၁၀၀ ၊
ဒီကိုဂျင်တစ်ကဒ် ၄၀၀ ၊
Maskတစ်ဗူး ၁၀၀၀ ၊
အောက်စီဂျင်ဗူး နှစ်သိန်း (ဝယ်စရာတောင်မလို)
အောက်စီဂျင် အခမဲ့ ၊
ဒေါ်လာစျေး ၁၃၅၀ ၊
ဓာတ်ဆီတစ်လီတာ ၃၀၀ ၊

ဆေးရုံတက် အခမဲ့ ၊
ကာကွယ်ဆေး အခမဲ့ ၊
ပညာသင်စရိတ် အခမဲ့ ၊
သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး အခမဲ့ ၊
မြွေဆိပ်ဖြေဆေး အခမဲ့ ၊
အသက်မွေးပညာအတက်သင်ကျောင်း အခမဲ့+ လစဥ်ထောက်ပံ့ကြေး ၊
မူးယစ်ဆေးဝါးအတွက်သတင်းပေးရင် ဂုဏ်ပြုငွေနဲ့ အခွန် free ၊

ကိုယ်ဝန်ဆောင်ထောက်ပံ့ကြေးက ၂၀၀၀၀
၂နှစ်အောက်ကလေးထောက်ပံ့ကြေး ၂၀၀၀၀
သက်ကြီးထောက်ပံ့ကြေး ၃၀၀၀၀
မသန်စွမ်းထောက်ပံ့ကြေး ၂၀၀၀၀
ကိုဗစ်ကာလထောက်ပံ့ကြေး ၃၀၀၀၀

မိုးစပါးချေးငွေ ရှယ်..
ကိုဗစ်ကာလအပိုဆောင်းချေးငွေ ရှယ်..
အရစ်ကျသွင်း ဝန်ထမ်းချေးငွေ ရှယ်..
ကာကွယ်ရေးအသုံးစရိတ် ရှယ်package ( အာဆီယံမှာ အမြင့်ဆုံး)

PUBG ပစ်ရင်းစီးလို့ရတဲ့ လေအိတ်ရထားရှယ်..
စောင်ခြုံစီးရတဲ့YBSက ၂၀၀..
တစ်နိုင်လုံးကိုဘုရားဖူးထွက်လည်း Toll gateကလွဲလို့ ဘယ်မေရိုးကိုမှ လမ်းကြေးဆက်ကြေးပေးစရာမလို..

ကိစ္စရှိလို့ခရီးထွက်ရင် ဘယ်ကိုသွားသွား
ကားခ ၅၀၀၀ / ၁၀၀၀၀ ကျော်ပဲရှိ..
(ယခု ရန်ကုန်-ပြည်ကားခတောင် ၃၅၀၀၀..)

ဝန်ထမ်းအိမ်ရာတိုက်ခန်း အပျံစား..
ပင်စင်ယူပြီးရင် အိမ်ယာအဆင်သင့်..
နေစရာမရှိတဲ့ကျူးဆိုရင် အိမ်အဆင်သင့်..

Wave Moneyတစ်သိန်းလွှဲ ၁၅၀၀ ၊
Wave Moneyထုတ် free..
ဘဏ်အပ်ငွေ စိတ်ကြိုက်သွင်း စိတ်ကြိုက်ထုတ် Percentageမရှိ..
ဘယ်ဝန်ထမ်းကိုမှ ဖားယားနေစရာမလို..

ဆန္ဒပြ (ဘယ်သူမှလာမနှောင့်ယှက်အောင်ရဲအစောင့်အရှောက်နဲ့) free ၊
ဝါသနာကြီးရင် ကြိုက်ရာတက်ပြော free.. (အခြောက်တိုက် အခြေအမြစ်မရှိ ဆဲဆိုရမ်းကားတာကလွဲလို့)

ဆဲဆိုရမ်းကားဦးမလား ၆၆ ဃက ​၆လပဲရှိ..
တစ်ပါတ်ကို အသား၄ရက်နဲ့ ထောင်ထမင်း ထောင်ဟင်းကလည်း အပျံစား..
ထောင်ဝင်စာ အကန့်အသတ်မရှိ..
တိုက်ပိတ်တာ ညှင်းဆဲတာမျိုးမရှိ..

ညစျေးတန်းကိုအေးအေးဆေးဆေးလျှောက်လည်ပြီး ကြိုက်ရာသူငယ်ချင်း အမျိုးအိမ်ဝင်အိပ်
ဧည့်စာရင်း free. .
ဘယ်ဌာနဆိုင်ရာဝန်ထမ်းကိုမှလည်း ဖားယားကြောက်ရွံ့နေစရာမလို..
ငွေညှစ် လူညှစ်ရင် အချိန်မရွေးတိုင်လို့ရတဲ့ သမ္မတရုံး + အတိုင်ပင်ခံရုံးဖုံးက ၁၂လုံး..

ဒါမှမကျေနပ်သေးရင် မကျေနပ်တာကိုရင်ဖွင့်ပြီး အဝဆဲလို့ရတဲ့ သမ္မတရုံးpageကတစ်ခု..
အတိုင်ပင်ခံရုံးPageတစ်ခု (Comment Open)
ပါစင်နယ်အကောင့်နှစ်ခု..(Comment Open)
မကျေနပ်တာတွေ အခက်အခဲတွေကိုတိုင်ကြားလို့ရတဲ့ သမ္မတရုံးဖုံးက ၆လုံး ၊
အတိုင်ပင်ခံရုံးဖုံးက ၆လုံး ၊
ရဲ ဌာနဆိုင်ရာကငွေညှစ်ရင် တိုင်ဖို့
အဂတိကော်မရှင်ဖုံးက ၆လုံး ၊
ရောက်လာပါ့မလားမပူနဲ့ တိုင်တာနဲ့တန်းဆင်းလာတာ

အခက်အခဲတွေကို နိုင်ငံ့ခေါင်းဆောင်ကို လူကိုယ်တိုင် တိုင်ချင်ရင်လည်း တွေ့ဆုံပွဲတွေကခြိမ့်ခြိမ့်သဲ..
ကြိုက်ရာတိုင်လို့ရ..
တွေ့ဆုံပွဲကိုမမှီလို့ ကားလမ်းကနေစောင့်ပြီးကားရပ်ခိုင်းပြီးလည်းတိုင်လို့ရ..

အခုတော့ ဘေးအိမ်ကအရက်သမားနဲ့ရန်ဖြစ်ပြီး ရဲကငွေညှစ်တာခံရ လမ်းသွားရင်းဆိုင်ကယ်အလုခံရ၊
သုံးပေတစ်ဂိတ်တွေကိုလမ်းကြေးဆက်ကြေးပေးနေရတာတောင် ဘယ်သူ့ကိုအဖေခေါ်အားကိုးတိုင်ကြားရမှန်းသိဖို့နေနေသာသာ
ဘယ်နစကဝန်ကြီးဌာနPageအောက်မှာမှ ကောမန့် မန့်ခွင့် မရှိတော့ဘူးမဟုတ်လားဂေါင်းကြီးတို့..

ဘယ်မှာမှတိုင်စရာနေရာမရှိတော့လို့ သတင်းစာရှင်းလင်းပွဲမှာ ဇော်မဲလုံးအဆင့်လောက်ကငေါက်တာကိုခံရပြီးမှ မရဲတရဲရင်ဖွင့်နေရပြီမဟုတ်လား..

ချိုရဲ့လား 😆😆😆

N Kham Aung

21/09/2021

ဘာတွေမျှော်လင့်နေတာလဲ ဂေါင်းကြီး တို ရယ်🤪🤪🤪အဝိုင်းလေးကအသက်

21/09/2021
21/09/2021

ဘတွေမျှော်လင့်နေတာလဲ ဂေါင်းကြီး တို🤪🤪🤪🤪အဝိုင်းလေးတွေသေချာကြည့်

01/07/2021

နှုတ်မဆက်ခဲ့သော ညတစ်ည
~~~~~~~~~~~~~~~~~

အို ……
ချစ်သောနှမ ဘဒ္ဒကဉ္ဇနာ
အတိတ်တွေက သင်္ချာလွန်
ညွန်စရာလည်း ဂဏန်းမရှိ
ဘယ်ထိအောင် တွေးတွေး
ရှေးလွန်လေသမျှ
လေးအသင်္ချမေကအောင်ပေါ့ ။

ကမ္ဘာပေါင်းအလီလီမှာ
ဘဝပေါင်းမရေနိုင်အောင်
ပါရမီတွေ ဖြည့်ဆည်း
သံသရာခရီးမှာ လက်တွဲခဲ့ဖူးသူမို့
သင့်ကျေးဇူးတွေကို ဥပေက္ခာပြုလို့တော့
မဟုတ်ပါဘူး ယသော်ဓရာ ။

ဆုံခဲ့တဲ့ အတိတ်တိုင်း
ဘဝကို အကာနဲ့ မပိုင်းခဲ့သလို
အလွှာနဲ့လည်း မနှိုင်းခဲ့ဘူး
ဘာနဲ့မှ တံတိုင်းမခတ်
စိတ်ဓာတ်နဲ့ လက်တွဲ
ဆင်းရဲလည်းမကွာ ချမ်းသာလည်းတကွ
တောရဘဲ ခေါ်ခေါ်
မြို့ပြဘဲ ပျော်ပျော်
နောက်တော်ပါးက တစ်ဖဝါး မခွါ
အနားမှာ အတူရှိ
ငါသိပါတယ် ယသော်ဓရာ ။

သို့ပေမယ့် ယသော်ဓရာ
အဝိဇ္ဇာဘောင်တွင်း
တဏှာသံခြေကျင်းတွေနဲ့
ကိလေသာ အတင်းမှောင်တဲ့
အတ္တအကျဉ်းထောင်မှာ နေရသမျှ
သင်ရော ငါရော ခန္ဓာရဲ့ ဒုက္ခသဘောတွေကို
ဖောဖောသီသီကြီး ခံခဲ့ရပြီးပြီဘဲ ။

သုည နဲ့ သုည
မြှောက်ချင်မြှောက် ပေါင်းချင်ပေါင်း
ရလာဒ်တွေက ပြောင်းလာမှာ မဟုတ်သလို
သံသရာထဲက ခန္ဓာတွေ ဓာတ်ခွဲကြည့်ရင်
အိုနာသေကွဲ ဆိုတဲ့ အဖြေတွေက
မပြောင်းလဲခဲ့ဘူး မဟုတ်လား
ဘဝကို မရွံမုန်းသမျှ
ဒုက္ခဆိုတာ သင်ပုန်းချေလို့
မရကောင်းပါဘူးလေ
တွဲသမျှ နွဲသမျှ
ခွဲရတဲ့ နိဂုံးတွေကိုလည်း
လုံးလုံးကြီး စိတ်ကုန်ခဲ့ပါပြီကော ။

ဒါကြောင့် …………
ခန္ဓာရဲ့ တစ်ဖက်ကမ်း
အလွမ်းရဲ့ နိဂုံး
သောကတို့ ကုန်ဆုံးရာ
အိုနာသေ စခန်းလွန်တဲ့
အမတ လမ်းစဉ်ကို ဖွေရှာဖို့
ဥရုဝေဠာကို ဒီညဘဲတောထွက်ရတော့မယ်
နှုတ်မဆက်သော လမ်းခွဲညမို့
ကျန်ခဲ့သူ ရုတ်တရက်ဝမ်းနည်းရမယ် ဆိုတာ
မသိလို့တော့ မဟုတ်ပါကော ။

အိပ်မောကျရာမှ နိုးထခဲ့ရင်
စိတ်သောကတွေနဲ့ ညှိုးလျပြီး
အတိုးချကာ ငိုချင်ငိုလိုက်ပေါ့
သင်ငိုသမျှ သောကဆွေးရတက် အစဉ်ဟာ
တစ်ချိန်ကျရင် လောကအတွက်
ဆေးဖက်ဝင် မျက်ရည်ဖြစ်မှာပါလေ ။

အခုတော့ ……………
မခေါ်သာထားရစ်ခဲ့ပြီမို့
အတော်ကြာ ဘုရားဖြစ်မှဘဲ
သားချစ် နဲ့ အတူ
တရားအစစ်တွေ နာယူဖို့
အားသစ်တွေ ထူကာ
ကျန်ရစ်ခဲ့ပေဦးပေါ့
ယသော်ဓရာ ……………………

~~ ~~

Credit _ပုလဲသွေး။

ပြန်လည်မျှဝေကုသိုလ်ယူပါသည်။ရှင့်🙏

29/06/2021

သမ္ဗုဒ္ဓေဂါထာတော်ကျင့်ဆောင်နည်း
----------------------------------------------

ရေသောက်လျှင် ရေခွက်ကို နှုတ်ခမ်းနား
၁ - လက်မ အကွာထား၍
သမ္ဗုဒ္ဓေဂါထာတော်အား
(၉) ခေါက် ပူဇော်ပြီး မှ သောက်ပါ ။

ထမင်းစားလျှင် ထမင်းပုဂံကို
နှုတ်ခမ်းအနားမှာ ...
၁ - လက်မ အကွာ ထား၍
သမ္ဗုဒ္ဓေဂါထာတော်အား
( ၁၂ )ခေါက်ရွတ်ပြီး မှ စားပါ ။

ဤကဲ့သို့ နေ့စဉ် ရက်မပျက်စေပဲ
ကျင့်ဆောင် သွားပါလျှင် ...

၁။ ပြောတိုင်း ဆိုတိုင်း အောင်မြင်စေ၏

၂။ ဘေးရန်အန္တရာယ် ကင်းဝေးစေ၏

၃။ သြဇာအာဏာ တည်စေ၏

၄။ သမ္မာဒေဝနတ်များ လောကပါလနတ်များ
အမြဲ စောင့်ရှောက်ရ၏

၅။ တစ်ပါးသူတို့က မိမိ အား မကောင်းမကြံနိုင်

၆။ ဘေးဘယာ ၊ ရောဂါအနာများကင်းပျောက်ရ၏
_____________________________________

အန္တရာယ် ရန်စွယ် အတိုက်အခံ
ကင်းဝေးလိုလျှင်

သမ္ဗုဒ္ဓေဂါထာတော်အား

နံနက် = သက်စေ့
ည = သက်စေ့
ရွတ်ဆိုပူဇော်ရမည်။
_________________________

အမှောင်ပယောဂ ၊ စုန်း ၊ နတ် ၊ ကဝေ ၊
တစ္ဆေ ၊ မြေဘုတ် ၊ သူတစ်ပါး ပြုစားခြင်း
တို့မှ ကင်းဝေးပပျောက်စေလိုလျှင်

ည (၂၇) ခေါက်
နံနက် (၂၇) ခေါက် ရွတ်ဆိုပူဇော်မည်။
_____________________________

လောကီကိစ္စ လောကီကောင်းကျိူးချမ်းသာ
မင်္ဂလာသုခနှင့် ပြည့်စုံလိုပါလျှင်
သမ္ဗုဒ္ဓေဂါထာတော်အား

နံနက် ( ၅၄ )ခေါက်
ည ( ၅၄ ) ခေါက် ရွတ်ဆိုပူဇော်ရမည် ။
____________________________

အနာရောဂါများ ကင်းပျောက်
ချမ်းသာလိုပါက ...
နေ့စဉ် နံနက် အရုဏ်တတ်တိုင်း
သမ္ဗုဒ္ဓေဂါထာတော်အား

( ၁ဝ၈ ) ခေါက် ရွတ်ဆိုပူဇော်ရမည် ။
_______________________________

ဝိဇ္ဇာမဟိဒ္ဓိ ၊ သိဒ္ဓိတန်ခိုး စွမ်းအားမျိူးကို
အလိုရှိပါလျှင်
သမ္ဗုဒ္ဓေဂါထာတော်အား
နေ့စဉ် (၁ဝဝဝ ) ၊ ရွတ်အား ဆောင်၍ ၊
အခေါင်သိဒ္ဓိ ၊ မဟိဒ္ဓိသည်
ဇမ္ဗူတစ်ခွင် ၊ ကျော်စောထင်လိမ့် ။

အဓိဋ္ဌာန် ၉ - ရက်
၁၈ - ရက် ၂၇ - ရက်
၃၆- ရက် ၄၅- ရက် -
၅၄-ရက် အဓိဋ္ဌာန်ဝင်၍
နေ့စဉ် ( ၁ဝဝဝ ) ရွတ်ဆိုပူဇော်ရမည်။
______________________________

Credit ________

ပြန်လည်မျှဝေပါသည်

14/06/2021

တစ်နေ့ ၁၀၀၀ စု
၅ နှစ်ပြည့်ရင် သင့်လက်ထဲမှာ ၁၈ သိန်းပိုင်ဆိုင်နေပြီး
၁၈သိန်းနဲ့ ကိုယ်ပိုင်စီးပွားရေးကောင်းကောင်းတစ်ခုခု ထောင်နိုင်ပြီ

တစ်နေ့ ၂၀၀၀ စု
၅ နှစ်ပြည့်ရင် ၃၆ သိန်း
အချိန်တိုအတွင်း ရပ်ကွက်ထဲမှာ ပိုက်ဆံရှိတဲ့သူစာရင်း
ဝင်နေလောက်ပြီး

တစ်နေ့ ၃၀၀၀ စု
၅ နှစ်ပြည့် သိန်း ၅၀ ကျော်

ဒါတောင်ဘာလို့ အသက် ၄၀ လောက်ထိ သူများလက်အောက်မှာ
ဝန်းထမ်းလုပ်နေကြလည်းမသိ

ခေါင်းရှုပ်မခံချင်လို့လား
ကိုယ်ပိုင်စဉ်းစားတွေးခေါ်နိုင်စွမ်းမရှိလို့လား
သူများအလုပ် လုပ်နေရတာ ပျော်လို့လား
မသေချာတဲ့ ၁၀ သိန်းထက် သေချာတဲ့ ၂ သိန်းကိုမှတ်နေတာလား

မိန်းမနဲ့ကလေးနဲ့ဆိုပြီးလာမလုပ်နဲ့
ဖင်မနိုင်ပဲ ပဲကြီးဟင်းစားပြီး တစ်နေ့ ၁၀၀၀ လေးတောင် မစုနိုင်ဘူးလား

၅ နှစ်တောင်ကြာမယ်မပြောနဲ့
မင်းမစုလည်း အဲ့ဒီအချိန် ၅ နှစ်ကုန်သွားမှာပဲ

စဉ်းစားစမ်းပါ
နောက်လာမယ့် ၅ နှစ်မှာ သူများလက်အောက်မှာ လုပ်နေအုံးမလား
ကိုယ်ပိုင်လုပ်မလား

အရမ်းကြိုက်လွန်းလို့ပါ...သင်လဲကြိုက်နစ်သက်ခဲ့ရင်.
ပြန်ရှဲ့လိုက်ပါ....👉💪💪💪👈👍👍👍
စာဖတ်နေသူလဲ ပိုက်ဆံဆုနိုင်ပါစေလို ဆန္ဒပြည့်ပါစေ

 #ပြန်မငြင်းတာ_အကောင်းဆုံး  ••🌼•••🌼•••🌼•••🌼••🌼- ဖောက်သည်နဲ့` ငြင်း ´မင်းနိုင်သွားတော့ " ဝယ်သူပျောက်တယ် " ။🌼- လုပ်ဖော်ကို...
08/06/2021

#ပြန်မငြင်းတာ_အကောင်းဆုံး
••🌼•••🌼•••🌼•••🌼••

🌼- ဖောက်သည်နဲ့` ငြင်း
´မင်းနိုင်သွားတော့
" ဝယ်သူပျောက်တယ် " ။

🌼- လုပ်ဖော်ကိုင်ဖက်နဲ့` ငြင်း´
မင်းနိုင်သွားတော့
" အဖွဲ့ကွဲသွားတယ် " ။

🌼- သူဌေးနဲ့` ငြင်း´
မင်းနိုင်သွားတော့
" အခွင့်အရေးတွေ ဆုံးရှုံးသွားတယ် " ။

🌼- မိသားစုနဲ့ ` ငြင်း ´
မင်းနိုင်သွားတော့
" မေတ္တာတွေ လျှော့သွားတယ် " ။

🌼- သူငယ်ချင်းတွေနဲ့ `
ငြင်း ´ မင်းနိုင်သွားတော့
" မိတ်ပျက်သွားတယ် " ။

🌼- သင်ဆရာနဲ့ `
ငြင်း ´ မင်းနိုင်သွားတော့
" ရိုင်းတယ်လို့ အထင်ခံရတယ် " ။

🌼- ချစ်သူနဲ့ ` ငြင်း ´
မင်းနိုင်သွားတော့
" ခံစားချက်တွေ အေးစက်လာတယ် " ။

🌼- ( ဘယ်သူနဲ့ ငြင်းငြင်း
မင်းနိုင်သွားတာနဲ့
တစ်ဖက်မှာ ဆုံးရှူံးသွားပြီးပြီ ~~~
ဒါ့ကြောင့် မှားမှားမှန်မှန် ပြိုင်မငြင်းနဲ့တော့ )
✍✍✍✍✍✍✍✍✍

အရှင်ဇဝနဉာဏ
baya.co/wwwashinjavana

ကျုံတုံးကျေးရွာ ပဒက်အုပ်စု အိမ္မဲမြို့နယ် ဧရာဝတီတိုင်းဒေသကြီး...

အေးလေနော့
03/06/2021

အေးလေနော့

30/05/2021

ပြန်လည်မျှဝေချင်းတာဖြစ်ပါတယ်
နိိုင်ငံခြားသွားပါ
🛫🛫✈️✈️✈️✈️🛫🛬
1.
နိုင်ငံခြားသွားပါ
ဒေါသကို စီမံခန့်ခွဲတတ်လာမယ်,

2.
မိတ်ဆွေနဲ့ ရန်သူကို ခွဲခြားတတ်လာမယ်,

3.
ကိုယ့်မြေကိုယ့်ရေကို တွယ်တာတတ်လာမယ်,

4.
ပညာရဲ့ အရေးပါမှုကို ပိုသိလာမယ်,

5.
ကျန်းမာခြင်းဟာ လာဘ်တစ်ပါးလို့
သဘောပေါက်လာမယ်,

6.
မတူကွဲပြားမှုတွေကို လက်ခံနိုင်လာမယ်,

7.
နိုင်ငံကြီးသားစိတ်ဓာတ်ဆိုတဲ့
စကားလုံးကို နားလည်လာမယ်,

8.
အချိန်ကိုလေးစားတတ်လာမယ်,

9.
ကိုယ့်အားကိုယ်ကိုး တတ်လာမယ်,

10.
ကိုယ့်ကိုယ်ကို ယုံကြည့်မှု ပိုရှိလာမယ်,

11.
ပတ်ဝန်းကျင် လေ့လာမှုအားပိုကောင်းလာမယ်,

12.
အထီးကျန်ခြင်းကို ခံနိုင်ရည်ရှိလာမယ်,

13.
မြန်မာယဉ်ကျေးမှုကို
ပိုတန်ဖိုးထားတတ်လာမယ်,

14.
မြန်မာအစားအစာတွေ ပိုခံတွင်းတွေ့လာမယ်,

15.
သည်းခံခြင်းတရား ကြီးမားလာမယ်,

16.
ဒေါသကို စီမံခန့်ခွဲတတ်လာမယ်

17
ပတ်ဝန်းကျင်ကို ရှုမြင်ပုံ
ကွဲပြားလာပါလိမ့်မယ်,

18.
အရေးမကြီးတာ နဲ့ အရေးကြီးတာ
ခွဲခြားတတ်လာလိမ့်မယ်,

19.
အချိန်ကို စီမံခန့်ခွဲတတ်လာမယ်,

20.
လုပ်အားတန်ဖိုး ချစ်မြတ်နိုးနိုင်းလာလိမ့်မယ်,

21.
အစားအစာကို ခြိုးခြံခြွေတာတတ်လာမယ်,

22.
ငွေကို တန်ဖိုးထားတတ်လာမယ်,

23
နိုင်ငံခြားသွားပါ
ကိုယ့်နိုင်ငံ ရဲ့ မတူကွဲပြားနေတာကို
သင့်တွေ့ကြုံသင်ခန်းစားရလာလိမ့်မယ်,

အားလုံးကျန်းမာကြပါစေ🙏🙏🙏
Credit...🌿✍

26/05/2021

လုပ်ပြီ

26/05/2021

မုဆိုး​ခြေထောက်"''"ဆူးမကြောက်
စစ်ခွေးလက်အောက်"""ဒူးမထောက်

တနေ့ဖြစ်ကိုဖြစ်ရမယ်👍👍👍👍👍
12/03/2021

တနေ့ဖြစ်ကိုဖြစ်ရမယ်👍👍👍👍👍

11/03/2021

အမေရေ
ဇော်မဲလုံးက သတင်းစာရှင်းလင်းပွဲလုပ်
အမေ့ကို အတင်းတုပ်နေပြီ။

ကွီးဖြိုးက အမေ့ကို
ဒေါ်လာ ၆ သန်း နဲ့
အကယ်ဒမီရွှေ ၇ ပိဿာ ပေးခဲ့သတဲ့လေ။

အမေရာ
အဲ့လောက် အများကြီးရှိနေတာကိုဗျာ..

၅၀ တန် Orchid
တစ်သျှူး သုံးနေရလား?

အနှစ် ၈၀ နီးပါးစုလာတာ
အမေ့ဘဏ် Acc ထဲ
MMK ၁၀ သိန်းကျော်ပဲရှိသတဲ့လား?

အမေပန်တဲ့ကလစ်က
အမေ့သား ကွီးဖြိုးပေးတဲ့ ရွှေနဲ့မဟုတ်ဘဲ
တစ်ထောင်ကျော်တန်
Fancy ကလစ်လေး ဖြစ်နေသတဲ့လား?

အမေ ကိုင်တဲ့ ပိုက်ဆံအိတ်က
မြန်မာငွေ ၆၀၀၀ ကျော်တဲ့လား?

လိမ္မော်သီးစားချင်လို့တဲ့
ပြည်သူကချစ်လို့ပေးတာကို အလကားမယူဘဲ
၃ လုံး ၅၀၀ နဲ့ဝယ်စားခဲ့သတဲ့လား?

အမေ ချင်းပြည်သွားတုန်းက
စျေးထဲကနေဝယ်လာခဲ့တဲ့
ကတ္တီပါဖိနပ်လေးက ၁၂၀၀ တဲ့လား?

ဘာစားစား ဘယ်သွားသွား
ခပ်နွမ်းနွမ်း ပိုက်ဆံအိတ်လေးထဲက
ထုတ်ရှင်းလိုက်ရမှ ကျေနပ်တတ်တဲ့
အမေ့ရဲ့ရိုးသားတဲ့စိတ်ထားလေးကို...

တိုင်းပြည်မတရားလုယူ
ဘုရားငွေဓါးပြတိုက်
လူတွေကိုယစ်ဇ်ပူဇော် သတ်ဖြတ်
ပြည်သူ့ပလာတာလုစား
ကား , ဆိုင်ကယ်, စက်ဘီး အကုန်ခိုး
ကမ်းကုန်အောင် ယုတ်မာနေတဲ့
အကြမ်းဖက်အာဏာရူးတွေကများ
သူခိုးလူပြန်ဟစ် ပြောရဲသတဲ့လား?

ရယ်ရတယ် အမေရေ...
ဒီသတင်းကြားပြီး
ပြည်သူတွေ အူတက်အောင်ရယ်နေကြသလိုပဲ။

အမေလည်း တစ်နေရာရာကနေ
သားတို့အရမ်းလွမ်းနေတဲ့ အပြုံးလေးနဲ့
ရယ်ပြနေလိမ့်မယ်လို့ ယုံကြည်တယ် အမေ။ ။


[ Soe Moe Naing ]
( 11, Mar, 2021 )

08/03/2021

- မရှုလို့ မသိတာ

ဘုန်းကြီး မော်လမြိုင်မှာ နေတုန်းက
“ဟေ့ • •ဘာဝနာတွေ၊
မင်းတို့ မဖြစ်ကြနဲ့ဦးကွာ”လို့
မဆိုပေမဲ့ ဆိုသလိုပဲ၊
နီဝရဏ တရားတွေက
သူတို့ချည်း အခွင့်အရေး
ယူပြီးတော့ ဖြစ်နေကြတယ်၊
ဒါကြောင့် သူတို့ကို
နီဝရဏတရားတွေလို့ ဆိုရတာ၊

နီဝရဏတရားတွေ
မကင်းသေးသမျှ ကာလပတ်လုံး
စိတ်ဟာ မစင်ကြယ်သေးဘူး၊
ဘယ်စင်ကြယ်လိမ့်မတုံး၊
ဒီက တစ်ချက်, နှစ်ချက်လောက်
ရှုလိုက်ရင်း၊
ဟိုက နီဝရဏတစ္ခုခုက
ဝင်ဖြစ်လိုက်ရင်း၊ ဒီက
တစ်ခါ ရှုလိုက်ပြန်ရင်း၊
ဟိုက နီဝရဏ တစ္ခုခုက
ဝင်ပြီး ဖြစ်လိုက်ပြန်ရင်းနဲ့
ဒီလို ရောယှက်နေတာ၊

အဲဒါကို တရား
အားထုတ်ဖူးတဲ့ ပုဂ္ဂိုလ်တွေမှ
ပိုသိတယ်
အားမထုတ်ဖူးသေးတဲ့
ပုဂ္ဂိုလ်တွေကတော့
ဒါန,သီလ ကုသိုလ်ကောင်းမှုတွေ
ပြုလိုက်, ဘုရားဝတ်ပြုလိုက်,
ဘုရားရှိခိုးလိုက်,
ပရိတ်ကလေး ဘာကလေး
ရွတ်ဖတ်လိုက်နဲ့ ဒီလို
နှလုံးသွင်းနေတော့
“ငါ့စိတ်တွေက သိပ်ကောင်းတာပဲ၊ တရားအားထုတ်စရာ မလိုပါဘူး”လို့ တချို့က
ဒီလိုလဲ အောက်မေ့နေတတ်တယ်။

အဲဒီလူကို
တရားအားထုတ္ဖို့ရာ
တိုက်တွန်းလို့ရှိရင်

“ဟာ-မလိုပါဘူး၊
ကျုပ်စိတ်က ကောင်းနေတာပဲ၊
ဘာမှ မကောင်းတာ မလုပ်ဘူး၊
ဘယ်သူ့ကိုမှ မကောင်းအောင်
မလုပ်ဘူး၊ ဘယ်သူ့ကိုမှ
မကောင်းအောင် မကြံဘူး၊
ကျုပ်စိတ်က
အမြဲတမ်း စင်ကြယ်နေတာပဲ”
လို့ ဒီလိုလဲ ပြောတတ်ကြတယ်၊
ဒါပေမယ့်
တရားအားထုတ်ကြည့်မှ သိတယ်၊

ဘုန်းကြီး မော်လမြိုင်မှာ နေတုန်းက ဒကာမတစ်ယောက်
ကျောင်းလာပြီးတော့
သီလရှင်ဇရပ်မှာ နေပြီး
တရားအားထုတ်တယ်၊
ဖောင်းတာ, ပိန်တာက စပြီး
ဖြစ်တိုင်း ဖြစ်တိုင်းတွေကို မှတ်ဖို့ရာ
ဘုန်းကြီးက ကမ္မဋ္ဌာန်းပေးထားတယ်၊

အဲဒီပေးထားတဲ့အတိုင်း
ရှုမှတ်နေရင်း သူက
ဘာပြောသလဲဆိုတော့

“တပည့်တော်မ စိတ်တွေ ယခု
မကောင်းဘူးဘုရား-တဲ့၊
အိမ်တုန်းက တပည့်တော်မ
စိတ်ဟာ အမြဲတမ်း
ကောင်းနေပါတယ်၊
အိမ်တုန်းက ဘာမှ
မကောင်းတဲ့စိတ် မရှိပါဘူး၊
စိတ်က အမြဲတမ်း ကောင်းပြီး
စင်ကြယ်နေပါတယ်တဲ့၊
ယခု တရားလာပြီး အားထုတ်မှ
စိတ်တွေက မကောင်းတာတွေ
ဖြစ်လိုက်တာ မပြောပါနဲ့တော့၊
သူတို့သွားတိုင်း သွားတိုင်း လိုက်ပြီး
မှတ်နေရတော့တာပါပဲဘုရား”
လို့ သူက ဒီလို ပြောတယ်၊
သူက စိတ်အကြောင်း
မသိဘဲဟာကိုး။

ဒီတော့ ဘုန်းကြီးက
အားပေးရတယ်၊

"ဟာ-ဒကာမကြီး၊
ဒါက ကောင်းတာ အိမ်တုန်းက
ကိုယ့်စိတ်ကို ရှုမှ မရှုဘဲ၊
မရှုလို့ မသိဘဲ ဖြစ်နေတာ၊
ကောင်းတာ ဖြစ်လဲ
မသိဘူး၊ မကောင်းတာ ဖြစ်လဲ
မသိဘူး၊ ဒါကြောင့် ကိုယ့်ဟာ
ကိုယ် ကောင်းတယ်လို့
အောက်မေ့နေတာ၊
ယခုတော့ ဖြစ်တိုင်း,
ဖြစ်တိုင်း လိုက်ပြီးတော့
ရှုမှတ်ပြီး စစ်ဆေးနေတာ၊
ဒီတော့ မကောင်းတာလေးတစ်ခု
ဖြစ်လိုက်၊ ရှုပြီး သိလိုက်နဲ့
ဒီလိုပဲ သိနေတာ၊

အဲဒါကို ပြောင်းပြန်
ဥပမာပြရရင်

အဝတ်တစ်ခုဟာ
မည်းနေတယ် ဆိုပါတော့၊
မီးဖိုချောင်ထဲမှာ သုံးတဲ့
လက်နှီးစုတ်ဟာ အိုးမဲတွေ
ဆီချေးတွေနဲ့ မည်းပေနေတယ်၊
အဲဒီ အဝတ်မည်းပေါ်မှာ
အမည်းစက်တစ်ခု
ကျသွားပေမယ်လို့
ဘယ်ထင်ရှားလိမ့်မတုံး၊
သူက အစကထဲက
မည်းနေပြီးသားဟာကိုး၊
ဘာမှ မထူးဘူး၊ အမည်းကွက်
ထပ်ပြီး စွန်းမှန်း မသိရဘူး။

အဲဒီလိုပဲ
သတိမရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့
စိတ်က သူ့ဟာသူ စင်ကြယ်အောင်
လုပ်နေတာမှ မဟုတ်ဘဲ၊ ဒီတော့
မကောင်းတာကို စိတ်ကူးရင်လဲ
သူ့မှာ ဘာမှ မဖြစ်ဘူး၊ ကောင်းတယ်
လို့ပဲ အောက်မေ့နေတယ်၊
သူ့မှာ စိတ်ကူးတာကတော့
ရှိမှာပဲ၊

နှစ်သက်လိုချင်တာ,
သာယာတာ ရှိမှာပေါ့၊
မရှိဘဲ ဘယ်နေလိမ့်မတုံး၊
ရဟန္တာမှ မဟုတ်ဘဲ၊
နှစ်သက် လိုချင်ဦးမှာပေါ့ ၊
စိတ်မချမ်းသာစရာကလေးကို
တွေ့လို့ရှိရင်လဲ
စိတ်ပျက်မှုဟာ ရှိရမှာပေါ့၊
မရှိဘဲ ' ဘယ်နေလိမ့်မတုံး၊
ရှိပါတယ်၊ ကိုယ်က
မရွုလို့ မသိတာဘဲ၊

တရားအားထုတ်နေတဲ့
အခါကာလကျတော့
အညစ်အကြေး စိတ်ကလေး
ဖြစ်ရင် ချက်ချင်း သိတာ၊
ဘာနဲ့တူသလဲ-ဆိုလို့ရှိရင်
အင်မတန် ဖြူစင်နေတဲ့
လက်ကိုင်ပုဝါလေး
ဆိုပါတော့၊ အဲဒီ ပုဝါလေးထဲမှာ
အညစ်အကြေးတစ်ခု
ကျလိုက်ရင် အဲဒါကို
ထင်ရှားသိတာပဲ၊
အရောင်ကလေး အိုသွားလိုက်တာ
မပြောပါနဲ့တော့၊
ကြည့်လို့ကို မကောင်းတော့ဘူး၊

အဲဒါကိုပဲ
စင်ကြယ်နေတဲ့ ဘာဝနာ
စိတ်အစဉ်ထဲ ဝင်ပြီးတော့
ကာမစ္ဆန္ဒ-နှစ်သက်မှုကလေး
ဖြစ်လိုက်ရင် အဲဒါကို
သိတော့တာဘဲ၊ ဟိုသွားလိုက်
ဒီသွားလိုက်နဲ့ သွားနေတဲ့
စိတ်ကလေးကို သိတာပါဘဲ၊
ဗျာပါဒ-ဒေါသကလေး
ဖြစ်လိုက်ရင်လည်း သိတော့တာဘဲ၊
ဒါကြောင့် တရားအားထုတ်ကြည့်မှ
မိမိစိတ်ဟာ ကောင်းတယ်, မကောင်းဘူးဆိုတာ သိနိုင်ပါတယ်။

မဟာစည်ဆရာတော်ကြီး

- အရှင်ဥဇ္ဇယ

ယနေ့အကြိုက်ဆုံး ပို့စ်
06/03/2021

ယနေ့အကြိုက်ဆုံး ပို့စ်

06/03/2021

မြန်မြန်လာပါလို့မျှော်နေပါတယ်
#ဗြိတိန်ရဲ့တပ်လှန့်သံ
ကမ္ဘာ့နိုင်ငံအသီးသီးကနေ အာဏာသိမ်းစစ်တပ်ကို တရားမဝင်အဖွဲ့အစည်းအဖြစ် ကြေငြာလိုက်တယ် ။
ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဒေါက်တာဆာဆာရဲ့ တင်ပြ ဆွေးနွေးမှု့တွေကို နိုင်ငံတကာက အသိအမှတ်ပြုလိုက်တယ် ။
မကြာသောအချိန်မှာ အာဏာသိမ်းစစ်တပ်ကို ထိပ်တိုက်ရင်ဆိုင်တော့မယ် ။
ဒီတော်လှန်ရေးဟာ အောင်မြင်ဖို့ ၁၀၀ % သေချာပြီ ။
ဒီတော်လှန်ရေးအောင်မြင်ဖို့ အချက်သုံးချက်ရှိတယ်။
- ပြည်တွင်းမှာ သေမှာမကြောက်ပဲ ရဲရဲတောက်တော်လှန်နေတဲ့ ပြည်သူတွေ ။
- ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဒေါက်တာဆာဆာရဲ့ ကုလသမဂ္ဂလုပ်ထုံးလုပ်နည်းအတိုင်း ထိပ်တိုက်တွေ့ဆုံမှု့ ၊ ရာဇဝတ်မှု့ ၊ ဥပဒေအရအရေးယူမှု့ ၊ ငြိမ်းချမ်းရေးထိန်းသိမ်းမှု့ ၊ လူ့အခွင့်အရေးဆိုင်ရာတွေ ။
- ကုလရဲ့့နှောင့်နှေးကြန့်ကြာနေတဲ့ လုပ်ထုံးလုပ်နည်းတွေ ပြင်ဆင်နေစဉ်မှာ ဗြိတိန်နဲ့ မဟာမိတ်တပ်တွေဟာ ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ဖြိူခွင်းနေတဲ့ အာဏာသိမ်းစစ်တပ်ကို အမြန်ဆုံးတိုက်ခိုက်ဖို့ အဆိုတင်သွင်းမှု့ ဆိုတဲ့ အချက်သုံးချက်ဟာ သိပ်ကိုအရေးကြီးပြီး အောင်မြင်ပါလိမ့်မယ် ။
ဒေါက်တာဆာဆာရဲ့ ကုလစည်းကမ်းအတိုင်း သွားမယ့်နည်းဟာ တစ်ဖြေးဖြေးနဲ့ ရုပ်လုံးပေါ်လာမယ် ။
လွှတ်တော်ထဲက ၂၅% နဲ့ ဦးပိုင်ကုမ္မဏီကိုပါ ပြည်သူပိုင်အထိပြောင်းနိုင်တဲ့ နည်းလမ်းဖြစ်တယ် ။
သာဝရဲ့ သမ္မတရူးတဲ့လုပ်ရပ်ဟာ သူ့ကိုယ်သူကာကွယ်ဖို့နဲ့ ဦးပိုင်ကုမ္မဦ အဓွန့်ရှည်ဖို့ဖြစ်တယ် ။ ( အောက်ခြေစစ်သား ၊ ရဲများအတွက် ဘာမှမပါ ) ။
သာဝရဲ့လုပ်ရပ်ကို အမိန့်နာခံမှု့အကြောင်းပြပြီး လိုတာထက် ပိုပြီးစစ်သွေးကြွနေသူတွေရှိတယ် ။
အထက်ပိုင်းဗိုလ်ချုပ်တွေ ၊ စီးပွားရေးသမား ပွဲစားတစ်ပိုင်းဖြစ်နေတဲ့ စစ်တပ်အရာရှိတွေ ၊ မိုးကျရွှေကိုယ်တွေ ၊ အရာရှိမိသားစုတွေနဲ့ အရာရှိပေါက်စလေးတွေရဲ့ ဆပွန်စာလက်ခံသူ အမျိူးသမီးငယ်အချို့ဖြစ်တယ်။
၈၈ခုနှစ်နောက်ပိုင်းမှာ ပြည်သူပိုင်လုပ်ငန်း ၊ မြေယာတော်တော်များများကို ဦးပိုင်ကုမ္မဏီ အမည်ပြောင်းခဲ့တာမှတ်မိမှာပါ ။
ဒီအချိန်ကစပြီး တပ်အရာရှိမိသားစုဝင်တွေဟာ နိုင်ငံခြားမှာပညာသင်ကြတယ် ။
အိမ်ကြီးအိမ်ကောင်းတွေ ပိုင်ဆိုင်လာကြတယ် ။
ကုမ္မဏီထောင်ကြတယ် ။ နံမယ်ကြီးတံဆိပ်တွေနဲ့ ဂုဏ်ပြိူင်ကြတယ်။
( တကယ်တော့ ဒါတွေဟာ ပြည်သူပိုင်ငွေတွေပါ )
လမ်းပေါ်မှာထင်သလို ပြိူင်ကားမောင်းကြတယ် ။ ( ပြည်သူကို သူတို့ကျွန်တွေလို သူတို့မျိူးဆက်သစ်ကို မှိုင်းသွင်းခဲ့တယ် ) ။
နေရွှေသွေးအောင်ဟာ ယာဉ်ထိန်းရဲတစ်ယောက်ကို ပါးရိုက်တဲ့အထိ မောက်မာရိုင်းစိုင်းခဲ့တယ် ။
သန်းရွှေသမီးဟာ ဆရာဝန်မ ဗိုလ်ကြီးကတော်ကို အတွင်းခံဘောင်းဘီ လျှော်ခိုင်းတဲ့အထိ ပလ္လင်ရူးခဲ့တယ်။
နိုင်ငံရေးလုပ်သူများတဲ့ရပ်ကွက်တွေကို ကျူးကျော်အကြောင်းပြပြီး ဖျက်ခိုင်းခဲ့တယ် ။
စားဝတ်နေရေး ရုန်းကန်နေရသူတွေကို မလိုက်မနေရ လုပ်အားပေးစေခိုင်းခဲ့တယ် ။
မိုးကျရွှေကိုယ်တွေဟာ လာဘ်ပေးလာဘ်ယူလုပ်ပြီး ပြည်သူ့ဝန်ထမ်းအချို ကို ဖျက်စီးနေတာ အန်အယ်ဒီခေတ်အထိ အကင်းမသေသေးပါဘူး။
( စီဒီအမ်မလုပ်တဲ့ ဝန်ထမ်းအားလုံးဟာ မိုးကျရွှေကိုယ်တွေကို ဘုရင်လိုဖူးမျှော်ပြီး ရာထူးနဲ့ လာဘ်လာဘ အတူယူသူ ပုလင်းတူဗူးဆို့တွေဖြစ်တယ် ။
ဒီနေ့ နွေဦးတော်လှန်ရေးဟာ ဘုရင်ရူးသာဝ ၊ ပြည်သူပိုင်တဖြစ်လဲ ဦးပိုင်ရဲ့ အရိုးအရွင်းကိုက်သူတွေ ၊ ဒီမိုကရေစီအစိုးရယန္ဒယားကို ကန့်လန့်တိုက်နေသူတွေ ၊အမိန့်နာခံမှု့အကြောင်းပြပြီး စစ်သွေးကြွနေသူတွေကို တော်လှန်နေတာဖြစ်တယ်။
ဒီတော်လှန်ရေးကြီးဟာ အချိန်တိုတိုအတွင်းမှာ အောင်မြင်လာတော့မယ် ။
ရဲရဲတောက်ပြည်သူတွေ ၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဒေါက်တာဆာဆာ ၊ ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်း ၊ ပြည်ပရောက် မြန်မာတွေနဲ့ မဟာမိတ်တွေဟာ အာဏာရှင်နဲ့ အာဏာသိမ်းစစ်တပ်ကို အာဏာသိမ်းမှု့ဆိုတဲ့အစဉ်အလာ မရှိအောင်ကို နှိပ်ကွပ်ကြပါတော့မယ် ။
ဘကြီးအောင် LA

05/03/2021

R2P အကြောင်း
R2P (Responsibility to Protect) ဆိုတာ !!!

ဘာသိလို့R2P တောင်းဆိုရတာလဲလို့ မေးနေကြသူ တစ်ချို့အတွက်

၁) Responsibility to Protect (R2P) ဆိုတာ ဘာလဲ
—————————————-

Responsibility to Protect (R2P) ဆိုတာ 2005 ကုလသမဂ္ဂ ကမ်ဘာထိပ်သီး အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံအားလုံး ချွင်းချက်မရှိထောက်ခံလက်မှတ် ရေးထိုးခဲ့တဲ့ ကမ်ဘာနိုင်ငံရေး ကတိကဝတ် တခု (a global political commitment) ဖြစ်ပါတယ်။

၂) R2P ထဲ ဘာတွေ အကျုံးဝင်လဲ
——————————————-
အောက်ပါ ရာဇဝတ်မှု ၄ မျိုးကို ဖြေရှင်းဖို့ပါဝင်ပါတယ်။ ရာဇဝတ်မှု ၄ မျိုးဟာ ရက်စက်ယုတ်မာသော ရာဇဝတ်မှု။ အစုအပြုံလိုက် ရက်စက်ယုတ်မာသော ရာဇဝတ်မှု (Atrocity crimes or mass atrocity crimes) အဖြစ်ကျူးလွန်ရပါမယ်။

က) လူမျိုးတုန်းသတ်ဖြတ်မှု (Genocides)

ခ) စစ်ရာဇဝတ်မှု (War Crimes)

ဂ) လူမျိုးစုပျောက်ကွယ်အောင်ပြုလုပ်မှု (Ethnic Cleansing)

ဃ) ပြည်သူတရပ်လုံးအား ဆန့်ကျင်သည့်အမှုကို ကျယ်ကျယ်ပြန့်ပြန့် (သို့မဟုတ်)

စနစ်တကျ မူဝါဒ ချမှတ်၍ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်မှု

(Crimes against humanity: Acts that are purposely committed as part of a widespread or systematic policy, directed against civilians, in times of war or peace)

၃) R2P က ဘာလုပ်ပေးလဲ
———————————-
က) ညှိနှိုင်းဖျန်ဖြေပေးခြင်း

ခ) သတိပေးခြင်း

ဂ) စီးပွါးရေးပိတ်ဆို့ခြင်း

ဃ) UN က UN charter အခန်း ၇ အရ လုံခြုံရေးကောင်စီကို အာဏာလွှဲအပ်ခြင်း (ဒါကို နောက်ဆုံး မှလုပ်ရပါမယ်)

ဃ၁ ) ငြိမ်းချမ်းရေး ပျက်စီးရန် အန္တရာယ်ရှိလျင်၊

ဃ၂) ငြိမ်းချမ်းရေးကို ဖောက်ဖျက်လျင်၊

ဃ၃) ငြိမ်းချမ်းရေးကို စော်ကားကျူးကျော်သော လုပ်ရပ် လုပ်လျင်

UN က UN charter အခန်း ၇ အရ လုံခြုံရေးကောင်စီကို အာဏာလွှဲ၍ စစ်ရေးအရ (သို့မဟုတ်) စစ်ရေးမပါဘဲ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ပေးခွင့်ရှိပါတယ်။

R2P ထောက်တိုင် ၃ ခုက ဘာလဲ
———————————-
၁) ကိုယ်နိုင်ငံမှာ ဖော်ပြပါ ရာဇဝတ်မှု ၄ ခုမရှိအောင် နိုင်ငံတိုင်း ကာကွယ်ရမယ်

၂) သက်ဆိုင်ရာနိုင်ငံက ကိုယ်တိုင် ကာကွယ်လိုသော်လဲ ၊ မနိုင်လျင် အပြည်ပြည်ဆိုင်ဆိုင်ရာ အကူအညီကို လွှတ်ပေးရမယ်

၃) အမြန်ဆုံးနဲ့အထိရောက်ဆုံး ဆောက်ရွက်ရမယ်။

R2P ကို ဘယ်မှာ ဘယ်လိုသုံးခဲ့သလဲ
———————————-
၁) Kenya 2007/2008

ရွေးကောက်ပွဲ အငြင်းပွါးပြီး သမ္မတ တစ်ဦးတက်ပြီးခြင်း အုံကြွမှုဖြစ်ပွါးခဲ့တယ်။ လူမျိုးစုပျောက်ကွယ်အောင်ပြုလုပ်မှုအကျုံးဝင်ခဲ့တယ်။ လူ ၁၀၀၀ကျော်သေဆုံးပြီး ၅သိန်းကျော်တိမ်းရှောင်ရတယ်။

ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးက UN လုံခြုံရေးကောင်စီတင်ပြပြီး ကုလကြားဝင်ညှိနှိုင်းခဲ့ရပါတယ်။

၂) Ivory Coast 2011

ရွေးကောက်ပွဲအလွန် အုံကြွမှုဖြစ်ပြီး မဆင်းတဲ့ သမ္မတဟောင်းနဲ့ အဖွဲ့ကိုဖယ်ချဖို့ UN စစ်တပ် ၅ရက်အတွင်းဝင်ရောက်ခဲ့တယ်။ ၁၁ ရက်အတွင်း သမ္မတအသစ်က သမ္မတေဟာင်းကို ဖမ်းပြီး ICC ပို့ခဲ့တယ်။

၃) Libya 2011

UN တပ်ကို R2P အနေဖြင့်စသုံးခဲ့တယ်။ လုံခြုံရေး ကောင်စီ အပစ်အခပ်ရပ်စဲရေး အမိန့်ပေးပြီး NATO တပ်တွေဝင်လာခဲ့တယ်။ အာဏာရှင်ကတာဖီ ထွက်ပြေးပြီး လမ်းဘေးမှာ ဘယ်လို သေလဲဆိုတာတော့ အားလုံးသိပြီးဖြစ်လိမ့်မယ်။

တခြား case တွေလဲရှိပါသေးတယ်။

📛📛📛📛📛

ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုတဲ့ အခြေအနေနဲ့မရတော့ပါဘူး။ UN တပ်များ စစ်ရေးနဲ့ကာကွယ်ဖို့ Responsible to Protect (R2P) ကို တစ်ပြည်လုံး တညီတညာတည်း တောင်းဆိုကြရမယ့်အချိန် ရောက်ရှိလာပါပြီ။ သဘောတူရင် R2P Campaign ကို စကြပါစို့။ CRPH မှ R2P ကို ပြည်သူသန်း ၅၀ ကိုယ်စား တောင်းဆ်ိုပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ် ။ R2P ကိုသဘောတူညီရင် မျှဝေကြပါ။




ထပ်ဖြည့် ။ အခု Dr.SaSa ကတောင်းဆိုလိုက်ပြီဆိုတော့ အမြန်ဆုံးလက်ခံအရေးယူနိုင်ဖို့ ဆုတောင်းကြရအောင်ပါ !!!!! 🙏🏼🙏🏼🙏🏼
Credit : original

05/03/2021

သတင်းကောင်းဟေ့ သတင်းကောင်း

R2P ဝင်ဖို့ UN တပ်များ ဒေါက်တာဆာဆာခေါ်ပြီ
===================================
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဒေါက်တာဆာဆာက ကုလသမဂ္ဂလုံခြုံရေးကောင်စီကို R2P အရ မြန်မာနိုင်ငံသားတွေကာကွယ်ပေးဖို့ တောင်းဆိုလိုက်ပါပြီ။

Responsible to Protect (R2P) ဆိုတာဟာ နိုင်ငံတစ်နိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ပွဲတွေနဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ တစ်နည်းပြောရရင် လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေကို အကာအကွယ်ပေးဖို့ ကုလသမဂ္ဂ(UN) အဖွဲ့ကနေ တပ်စေလွှတ်ပေးတာကို ဆိုလိုတာပါ။

R2P တောင်းဆိုဖို့အတွက် မဏ္ဍိုင် ၃ ခုရှိပြီး လက်ရှိမြန်မာနိုင်ငံက အခြေအနေတွေက ဒီမဏ္ဍိုင်တွေနဲ့ အကြုံးဝင်နေတာကြောင့် အခုလို တောင်းဆိုလို့ရနိုင်ဖွယ် ရှိနေတာပါ။

မတ်လ ၄ ရက်နေ့ ရက်စွဲနဲ့ တောင်းဆိုထားတာဖြစ်ပြီး ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်အရ မြန်မာနိုင်ငံသားတွေကို လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကနေ ကာကွယ်ပေးဖို့၊ သက်ဆိုင်ရာ ဒေသတွင်းအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး R2P ဆောင်ရွက်ပေးဖို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် အရေးယူပိတ်ပင်မှုတွေ ပြုလုပ်တဲ့အခါမှာလည်း စစ်ခေါင်းဆောင်တွေကိုတင်မကပဲ သူတို့နဲ့သက်‌ဆိုင်တဲ့လုပ်ငန်းတွေကိုပါ ပိတ်ပင်ပေးဖို့ ပြောဆိုထားပါတယ်။

စစ်တပ်ထိုးစစ်ဆင်နေတဲ့ ဒေသတွေမှာ ပိုပြီးထိခိုက်မှုတွေမဖြစ်အောင်စစ်လက်နက်ပစ္စည်း ဝယ်ယူ ကုန်သွယ်ခွင့်ကိုလည်း လုံးဝပိတ်ပင်ဖို့ကို တောင်းဆိုလိုက်ပါတယ်။

R2P အရ ကုလသမဂ္ဂတပ်ဖွဲ့တွေက နိုင်ငံပေါင်း ၈၀ အထိ အကာအကွယ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

ဒေါက်တာဆာဆာကိုတော့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

MTK channe

ရဲဇော် 🇱🇷

ကျွန်တော် လိှုင်ဘွား အသင့်ရိှပါသည်
04/03/2021

ကျွန်တော် လိှုင်ဘွား အသင့်ရိှပါသည်

 ်းဘာလုပ်မလဲပြောကြည့် #မေးခွန်း ၈ ခုတည်း #မေးခွန်း (၁)သမ္မတ အိမ်ဖြူတော်က အမိန့်ထုတ်ပြန်ခြင်း (ပုံ ၁)အမေရိကန်အမျိုးသားလုံ...
03/03/2021

်းဘာလုပ်မလဲပြောကြည့်
#မေးခွန်း ၈ ခုတည်း
#မေးခွန်း (၁)
သမ္မတ အိမ်ဖြူတော်က အမိန့်ထုတ်ပြန်ခြင်း (ပုံ ၁)

အမေရိကန်
အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က
အကြမ်းဖက်နှိမ်နင်းမှု နဲ့ အာဏာသိမ်းမှုတွေမှာ
တာဝန်ရှိသူတွေကို အဆင့်လိုက် ဖော်ထုတ်အရေးယူဖို့

အင်ဒို-ပစိဖိတ်ဒေသ နဲ့
ကမ္ဘာတလွှားက မဟာမိတ်နိုင်ငံတွေ
လက်တွဲဆောင်ရွက်သွားမယ်လို့ အတိအလင်း ကြေညာခဲ့သည်။

မင်းဘာလုပ်မလဲ မအလ?

#မေးခွန်း (၂ )

ယာယီ ကြားဖြတ်အစိုးရ (Interim Government)

CRPH မှ ယာယီအစိုးရ ဖွဲ့တော့မည်။

အလွန်ထူးခြားတာက
ယင်းအစိုးရအဖွဲ့တွင် လက်နက်ကိုင် တိုင်းရင်းသားများ
ပါဝင်မှာဖြစ်ခြင်းပင်၊
ကြက်သီးထစရာကြီးပင်။

နိုင်ငံတကာက ထိုအစိုးရကိုပဲ အသိအမှတ်ပြုတော့မည်။
ထိုအခါ လက်နက်ကိုင် တိုင်းရင်းသားများက
အစိုးရတပ်ဖြစ်သွားပြီး မင်းတို့က သူပုန်တပ်ဖြစ်သွားပြီ။

မင်းဘာလုပ်မလဲ မအလ?

#မေးခွန်း (၃)

ယခု
ဦးကျော်မိုးထွန်း ကအစပြုလို့
သံအမတ်ကြီးများ CDM ထောက်ခံကာ အလုပ်ထွက်ကြပြီ။
ထိုသံအမတ်ကြီးများအားလုံးကို နိုင်ငံတကာကကာကွယ်ပေးထားပြီးပြီ။

UN၊ US၊ UK နှင့် EU တို့က
စစ်ကောင်စီမှ ခန့်အပ်သော
မည်သည့် သံတမန် သံအမတ်များကိုမှ ဗီဇာ ထုတ်မပေးပါ။

မင်းဘာလုပ်မလဲ မအလ?

#မေးခွန်း (၄)

ICJ နှင့် ICC တွင် မအလ တို့ကို တရားစွဲဖို့

အပြည်ပြည်ဆိုင်ရာ ဥပဒေပါမောက္ခတွေကို ငှါးပြီ (လေးစားပါသည် ဒေါက်တာဆာဆာ)

စစ်အုပ်စုကို

'အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ကမ္ဘာ့ခုံရုံး' သို့
စံနစ်တကျတင်နိုင်ရန်
ယင်းခုံရုံးနှင့် အတွေ့အကြုံရှိခဲ့သော
'Law firm and Law Professor' များ ငှားရမ်းခြင်းဖြစ်သည်။

မင်းဘာလုပ်မလဲ မအလ?

#မေးခွန်း (၅)

စစ်သူပုန်များလက်ကျန် ပိုင်ဆိုင်မှု နှင့်လုပ်ငန်းများထပ်မံရပ်စဲရန်

တစ်ဘက်က ကမ္ဘာ့ခုံရုံးတင်ရန်
ပြတ်ပြတ်သားသားလုပ်နေသလို
UN နှင့် အဖွဲ့ဝင်နိုင်ငံများကလည်း
စစ်သူပုန်များလက်ကျန် ပိုင်ဆိုင်မှု နှင့်လုပ်ငန်းများအား
ထပ်မံရပ်စဲရန် ယနေ့ပြုလုပ်မည့်
အလှည့်ကျ ဥက္ကဌ အဖြစ်ဆောင်ရွက်သော
အမေရိကန်ပြည်ထောင်စုက
လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဆုံးဖြတ်မည်။

မင်းဘာလုပ်မလဲ မအလ?

#မေးခွန်း (၆)

ကချင်ပြည်နယ် နှင့် ကရင်ပြည်နယ် တိုက်ပွဲများ
(ဓာတ်ပုံများတွင်ကြည့်ပါ)

လက်နက်ကိုင် တိုင်းရင်းသားများ (KIA, KNU) နှင့်
သူပုန်တပ်တို့ ဖြစ်ပွားနေသော တိုက်ပွဲများတွင်
သူပုန်တပ်မှ ပက်ပက်စက်စက်သေ။

တိုက်ပွဲ မဖြစ်ခင်အခြေအနေ Video File

https://m.youtube.com/watch?v=PX4NZ8wcplY&feature=share

သေနတ်ပစ်နည်း

တစ်ချိန် အခြေအနေအရ
ကိုယ့်ရှေ့သေနတ်ရောက်လာပြီး ပစ်မှ ကိုယ်အသက်ရှင်မည်
ဆိုသည့်အနေအထားတွင် မပစ်တတ်လျှင် သေမည်။

သေနတ်ဆိုတာ ပစ်ဖို့လွယ်သလောက်
မပစ်တတ်လျှင် ဘာမှလုပ်၍ မရပါ။

အောက်က Link ကို ကြည့်ရုံနှင့် ပစ်တတ်မည်။
လိုအပ်၍ Link ချပေးသည်။

https://www.facebook.com/322462235094353/posts/731815104159062/
--------------------------
ယင်း KIA နှင့် KNU သည်
ယာယီအစိုးရတွင် ပါလာမှာဖြစ်သည်။
ပုံသဏ္ဌာန်က လစ်ဗျား တော်လှန်ရေးစတိုင် ရွေ့လာနေပြီ။

မင်းဘာလုပ်မလဲ မအလ?

#မေးခွန်း (၇)

မြစ်ကြီးနား အမျိုးသမီး သူရဲကောင်း

ဆန္ဒပြသူအုပ်စုကြီးနောက်သို့
သေနတ်များပစ် လေးခွများပစ်၍ ရဲကားများဖြင့်
ဒရကြမ်းလိုက်ကြသည်ကိုတွေ့သော်
သူမကားပေါ် မှာထိုင်နေရာမှ
ရဲကားများရှေ့သို့ သူမ၏ကားကို အရှိန်ပြင်းစွာမောင်းဝင်ကာ
ထိုးရပ်လိုက်သည်။
ဆန္ဒပြလူများ အကုန်လွတ်ကာ သူမကတော့
တုတ်ရိုက်ချက်များ၊ လက်သီးချက်များအောက်တွင်
သွေးသံရဲရဲဖြင့် ဖမ်းဆီးခံခဲ့ရသည်။

သူမအမည်မှာ 'မသီရိချို' ဖြစ်သည်။
လက်ရှိ မြစ်ကြီးနားထောင်တွင် ရှိသည်။
ပြည်ပသတင်းဌာန တစ်ခုမှာရေးထားတာတွေ့သည်။

မိန်းမတွေကအစ အရမ်းရဲရင့်လာကြတယ်။
မင်းကိုအရမ်းရွံနေပြီ။

မင်းဘာလုပ်မလဲ မအလ?

#မေးခွန်း (၈)

အချဉ်ပေါင်းရောင်းတဲ့ အဒေါ် ကြီး
ဆန္ဒပြတဲ့လူတွေကို သူ့အချဉ်ပေါင်းတွေ လိုက်ဝေကြွေးလို့
အရိုက်ခံရတယ်၊ အထိုးခံရတယ်၊ ရက်ရက်စက်စက်လုပ်ခံရတယ်။

အခု ငွေကြေးတတ်နိုင်သူ လင်မယားစုံတွဲက
အဒေါ် ကြီးကို ဂုဏ်ပြုတယ်။ အိမ်နဲ့ ဝိုင်း စာချုပ်နဲ့ လှူခဲ့တယ်။

မုံရွာမှာ
လိုက်ဖမ်းတော့ ဆန္ဒပြတဲ့လူအုပ်ကြီး
ဘုန်းကြီးကျောင်းထဲ ဝင်ပြေးပြီး သူတို့စားဖို့
တစ်ရပ်ကွက်လုံး ထမင်းတွေ ဟင်းတွေ မုန့်တွေ
အုပ်လိုက်ကြီးတွေ လာပေးကြလို့ ဆန္ဒပြသူတွေ
ပီတိမျက်ရည်ကျခဲ့ရတယ်။

မင်းရဲ့စစ်သားတွေက လုစားတယ်၊ ခိုးစားတယ်၊
ပြန်ပေးဆွဲစားတယ်။
အဲ့တာ အဓိကတာဝန်ရှိသူက မင်း။

မင်း ဘာလုပ်မလဲ မအလ?

#နိဂုံး

မင်း ဘာမှ လုပ်မရတော့တဲ့နေ့ဟာ

'မင်း မသာပေါ် တဲ့နေ့' ပဲ။

ညီညီလွင် (ဓာတုဗေဒ)

Photos & Links
Credit to Original Uploader

#2021အရေးခင်းမှတ်တမ်းများ

25/02/2021

ခေတ်သစ်ဆုံးမစာ
မောင်ငယ်ရင်သွေး သေချာတွေးလော့
ရှေးသရောအခါ မြန်မာပြည်ဝယ်
လွန်စွာဆိုးယုတ် စစ်ဗိုလ်ချုပ်တို့
အုပ်ချုပ်ခဲ့စဉ် ကြက်ဆူပင်စိုက်
ရတနာသိုက်တူး လယ်မြေကျူးကျော်
လွှတ်တော်ဝင်ရှုပ် ကျောက်စိမ်းထုတ်လျက်
ဂတ်စ်နှင့်တောတောင် အကုန်ဖျောင်ပြီး
မှုးယစ်တွေ့လျင် ပိုင်ရှင်မဲ့လုပ်
ကျွန်းသစ်ခုတ်၍ ဘိန်းထုတ်နိုင်ငံ
ကမ္ဘာ့စံတင် ကိုယ်ကျိုးအမြင်နဲ့
လစဉ်ကြေးယူ ပြည်သူမုန်းတီး
စစ်ဗိုလ်ကြီးများ ချမ်သာသွားတယ် #

တိုင်းပြည်ကိုဖျက် ကျင့်ပျက်ခြစား
ဝန်ကြီးများတို့. ခိုးစားဖို့ရန်
နောက်ကြောင်းမပြန်ရ
ရေးဆွဲကြဘိ ဥပဒေရှိတယ်

ပြည်သူအများ ဆင်းရဲသားဖြစ်
သူတို့ခေတ်အောက် ဒုက္ခရောက်၍
အကြောက်တရားနဲ့. အုပ်ချုပ်သွားခဲ့

ယခုခါသော် လွှတ်တော်ဝင်ရှုပ်
စစ်ဗိုလ်ချုပ်တို့. အမြဲယုတ်မာ
အာဏာရရန် စိတ်အကြံနဲ့
အသဲအသန် မဲဆွယ်ပြန်ပေါ့
မင်းတို့အထံ အလှူခံမည့်
အသဲကြားက မဲတပြားတည်း

ဒီမယ်လူလေး သေချာတွေးလော့
မဲဆွယ်ခါနီး ထိုလူကြီးတိုင်း
ဘာသာမှိုင်းတိုက် လူပိန်းကြိုက်ဆောင်
မဲရအောင်ဟော ဟာသနှော၍
သဘောမရိုး အမျိုးဘာသာ
သာသနာကို စောင့်ရှောက်လိုသတဲ့

အချုပ်အခြာ အာဏာရလို
မုသားဆိုငှါး နေ့တိုင်းကြားတော့
စဉ်းစားကြည့်ရာ မျိုးဘာသာကို
သာသနာဖျက် ရက်စက်လေတိုင်း
သမိုင်းနဲ့ချီ လယ်တီသိမ်ဖြို
သံဃာကိုသတ် ပြည်သူသတ်တဲ့
တပ်ထွက်လူယုတ် တရုတ်နဲ့ပေါင်း
ုပြည်သူအပေါင်းလဲ ထောင်းထောင်းကြေခဲ့

မောင်ငယ်ရင်သွေး
သေချာတွေးတော ကိုလူချောတို့
ဘောင်းဘီကိုချွတ် ပုဆိုးဝတ်လျက်
တပ်ထွက်ယောင်္ကျား လူညံ့များက
အမိမြေတွင် တရုတ်ကိုသွင်း၍
လွှတ်တော်အတွင်း ကုလားသွင်းကာ
သယံဇာတ. မွဲပြာကျအောင်
တူးဆွမြေလှန် ကိုယ်ကျိုးအကြံနဲ့
ဆန္ဒပြရန် ငွေကုန်ခံပြီး
နေ့စားခပေး ဒန်ပေါက်ကြွေးဆင့်
ကြံ့ခိုင်ဖွင့်ဖြိုး သခိုးပါတီ တည်ထောင်သည်ဟု
စစ်တပ်ကပြောင်း သူခိုးအပေါင်းနဲ့
ခြေဥမပြင် သူခိုးဘုရင်တို့
မဲဆွယ်မည့်လမ်း အလှူခံကြမ်းက
ဟော့ရမ်းမဆို ပါးနပ်လိုသည်
အတိတ်ကအကြောင်း မမေ့ကောင်းသတည်း #
မှုရင်းရေးသာသူ§ အမ့သားပါဠိပါရဂူ§

25/02/2021

မရိှတာထက် မသိတာခက်
ရိှတာထက် လဲ မသိတာခက်ပါ၏
***ကုသလံ အကုသလံ ဓမ်မံ***
~~~~~~~~~~~

"ရှင်ပြုနားသ အလှူအဖြုန်းစာရင်း"

ဆိုင်း= ၃၅-သိန်း"
ဘိသိက် = ၁၀- သိန်း"
မဏ္ဍပ်စင် = ၁၀-သိန်း"
မြင်းငှားခ= ၄-သိန်း"
(တစ်ကောင် ၂-သောင်း/အကောင် ၂၀)

မိတ်ကပ်ဖိုး = ၁-သိန်း"
(နာမည်ကြီးဆို ၁၀-သိန်းထိစျေးပေါက်)

ဓာတ်ပုံဗီဒီယို = ၂-သိန်း"
ရှင်လောင်းလှည့် = ၅-သိန်း"
ဝတ်စုံ = ၃-သိန်း"
အရက်ဖိုး = ၁-သိန်း
စည်တော်ကြီး = ၃-သိန်း'
ထွေလီကာလီ = ၁-သိန်း"
---------
စုစုပေါင်း ၇၅- သိန်း
=============

*ရှင်ပြုနားသ အလှူအသုံးစာရင်း

ဘုန်းကြီးလှူရံ = ၁-သိန်း"
(အပါး ၂၀/ တစ်ပါး ၅၀၀၀ )
ဧည့်ခံကျွေးမွေး = ၅-သိန်း"
---------
စုစုပေါင်း ၆-သိန်း"
==============

*ရှင်ပြုပွဲအတွက်အနှစ်သာရ*

၁။ ဦးခေါင်းရိတ် (သုံးမရတဲ့ကော်ဓားတွေအစား ဂျုတ်နဲ့ဘလိတ်ဓား အစားထိုးသင့်)
၂။ သင်္ကန်းဝတ် (ဖွားဖက်တော်အတိုင်းသားမြင်နေရတဲ့ ပိတ်ကြဲသင်္ကန်းမဖြစ်သင့်)
၃။ သရဏဂုံသုံးပါးဆောက်တည် (သရဏဂုံကို ပီပီသသမဆိုတတ်သေးရင် ရှင်ပြုမပေးသင့်၊ နို့တောင်မပြတ်သေးတဲ့ကလေးကို ရှင်ပြုမပေးသင့်၊
သင်္ကန်းဝတ်နဲ့နို့စို့တာ ကြည့်မကောင်း😁)

*ရှင်ပြုနားသအလှူတော်အတွက်
အမှန်တကယ်လိုအပ်တာက…

သင်္ကန်း= ၂-သောင်း"
သပိတ်= ၈-ထောင်"
ဂျုတ်/ဓား= ၄-ထောင်'
ခါးပန်းကြိုး= ၁-ထောင်"
ဆွမ်း = ၅-ထောင်(တစ်အုပ်စာ)"
ဘောဇဉ်= ၂-ထောင်'
---------------
စုစုပေါင်း ၄-သောင်း။
============

(တောရပ်ဒေသက သာမန်လက်လုပ်လက်စားရဲ့
တစ်နေ့စာလုပ်အားခက ၅-ထောင်၊
၈-ရက်စုလိုက်တာနဲ့ ရှင်ပြုလို့ရပြီ)

ရှင်ပြုနားသအလှူတော်မင်္ဂလာပွဲရဲ့ရလာဒ်
ရှင်အပါး ၂၀-မှာ တစ်ပါးမျှ သာသနာအတွက်မကျန်
ကူငွေ လှူငွေမကိုက်တော့ အကြွေးတင်၊
အနှစ်ရတာက ၅-ကျပ်သား၊ အကာတွေရသွားတာက ၅-ပိဿာ။

*ရသေ့စိတ်ဖြေ…
မြန်မာပြည်မှာ ရှင်ပြုပွဲတစ်ရာရှိလို့ သာသနာအတွက်
ရှင် ဆယ်ပါးကျန်ရင် ကျေနပ်ပြီ.....

ဒါပါပဲ၊ မြန်မာပြည်က ရှင်ပြုနားသ အလှူဆိုတာ...........

(ဒီညအလှူပွဲဓမ္မသဘင်မှာ ပြောဖြစ်တဲ့စကား၊ ဟောဖြစ်တဲ့တရား)ှ

*Panna Loka*

သမိုင်းအကြောင်း မှကူးယူသည်
တဆင့်
* ဥတ္တရအလင်း*

Address

Khaing၊ Magwe

Opening Hours

09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Oo Hlaing Wai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Opening Hours
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share