24/09/2022
" Passport သက်တမ်းတိုး "
တစ်ခုချင်းစီ ရှင်းပြပေးမယ်။ စာသေချာဖတ်ပါ။ 👈👈👈
Passport သက်တမ်းတိုးလျှင် ယူဆောင်ရမည့် အရာများ
--------------------------
၁။ မှတ်ပုံတင် (မူရင်း + မိတ္ထ ူ)
၂။ သန်းခေါင်စာရင်း (မူရင်း + မိတ္ထ ူ)
၃။ passport စာအုပ်အဟောင်း (မူရင်း + မိတ္ထ ူ)
သန်းခေါင်စာရင်း နဲ့ အိမ်ထောင်စု စာရင်း ဆိုတာ အတူတူ
ပါပဲ။ အခေါ်အဝေါ်ပဲ ကွဲလွဲတာပါ။
Passport သက်တမ်းတိုးရန်
----------------------
Passport ရုံးသို လူကိုယ်တိုင်သွားပီး တန်းစီရမယ်။
စောစောဝင်ချင်ရင် ၆ နာရီ လောက် ကတည်းက အရောက်
သွားပေါ့ဗျာ။ လူ နည်းတဲ့ နေ့နဲ့ ကြုံ ရင်တော့ ကံကောင်း
တာပေါ့။ နောက်တစ်ခုက ရုံးထဲဝင်ဖို အပြင်မှာတန်းစီးတဲ့
နေရာကို အရင်လို တစ်ခုတည်းမဟုတ်ဘဲ ၂ ဘက် ဖွင့်
ပေးထားတယ်။ ခန့်မှန်း ၈:၃၀ လောက်ဆို လူတွေ
စပ်ီးဝင်ခွင့်ပြု တယ်။
စဝင်တာနဲ့ ပထမ ဂိတ်ပေါက်မှာ အိတ်၊ ထီး အကုန်စစ်ပါ
တယ်။ ရုံးဝင်ပေါက် ဂိတ်မှာတော့ မှတ်ပုံတင်၊ သန်းခေါင်
စာရင်း၊ အိတ်၊ ထီး အကုန်ထပ်စစ်ပါတယ်။ X Ray ဖြတ်ပီး
တာနဲ့ မျက်နှာ scan ထပ်ဖတ်ပါတယ်။
ရုံးထဲ ရောက်ပီဆိုတာနဲ့ Passport သက်တမ်းတိုးဖို
အတွက် အပေါ်စာရွက်တစ်ခု ယူရပါတယ်။ ပိုက်ဆံပေး
စရာ မလိုပါဘူး။ အပေါ်စာရွက်မှာ လိုအပ်တဲ့ ကိုယ်ရေး
ရာဇဝင်အချက်အလက်တွေ အကုန်ဖြည့်ရပါတယ်။
ဖြည့်ပီးရင် ပါရှိရမည့် (အပေါ်မှာ ပြောပြပီးသား) စာရွက်
စာတမ်း (မူရင်း + မိတ္ထ ူ) တွေနဲ့အတူ လ.ဝ.က
ဂိတ်ပေါက်ကို ဖြတ်ရပါတယ်။ မိတ္ထ ူတွေ မပါလာခဲ့ရင်တော့
ရုံးထဲက ဆိုင်မှာ မိတ္ထ။ ူကူးရပါတယ်။ အပြင်က မိတ္ထ။ ူဆိုင်
တွေထက် ဈေးပိုကြီးပါတယ်။ ဂိတ်ပေါက်ဖြတ်ပီးတာနဲ့
သက်ဆိုင်တဲ့ ဂိတ်ပေါက်က လူကို (၂၀၀၀) ကျပ် ပေးရပါ
တယ်။ လ.ဝ.က ဂိတ်မှာ မှတ်ပုံတင် (မူရင်း+copy),
သန်းခေါင်စာရင်း (မူရင်း+copy), Passport စာအုပ်
အဟောင်း (မူရင်း+copy), ကိုယ်ရေးရာဇဝင် ဖြည့်ထားတဲ့
အပေါ်စာ တွေကို ပြရပါတယ်။ စက်မှာ လက်ဗွေနှိပ်ရ
ပါတယ်။
ရုံးထဲ ထပ်ဝင်သွားပီး မြန်မာ့စီးပွားရေးဘဏ်မှာ (၂၅,၀၀၀)
ကျပ် ငွေသွင်းရပါတယ်။ ငွေသွင်းပီးကြောင်းကို မိမိနာမည်
ရေးထားတဲ့ ချ လန်စာရွက်တစ်ခု ထုတ်ပေးပါလိမ့်မယ်။
အာ့ ချ လန်စာရွက်ကလေးကိုင်ပီး ဓါတ်ပုံရိုက်ရမယ့် နေရာ
ကို သတ်မှတ်ပေးတဲ့ counter ကို သွားပီးပြရပါတယ်။
ချ လန်စာရွက်မှာ မိမိ ဓါတ်ပုံရိုက်ရမည့် ဂိတ်ပေါက်ကို
နံပါတ်လေး ရေးပေးပါလိမ့်မယ်။
ပီးတာနဲ့ မိမိ ဓါတ်ပုံရိုက်ခံရမည့် သတ်မှတ်ပေးတဲ့နေရာမှာ
တန်းစီရပါတယ်။ မိမိအလှည့်ရောက်တာနဲ့ အထဲဝင်ပီး
ပါရှိလာတဲ့ စာရွက်စာတမ်းတွေနဲ့ ဘဏ်မှာ ငွေသွင်းပီး
ကြောင်း ချလန်စာရွက်ကို ပူးတွဲပြပေးရပါတယ်။ ဓါတ်ပုံ
ရိုက်ပါတယ်။ လက် (၁၀) ချောင်းစလုံး scan ဖတ်ပါတယ်။
ငွေ (၅၀၀၀) ကျပ် ပေးရပါတယ်။ အားလုံးပီးတာနဲ့ စာအုပ်
လာထုတ်ရမည့် ရက်စွဲပါတဲ့ ချလန်စာရွက်လေးကို ပေးပါ
လိမ့်မယ်။ တစ်ပတ်အကြာမှ စာအုပ်ထုတ်လိုရမှာဖြစ်ပီး
ရက် (၃၀) ထပ်မကျော်စေဘဲ စာအုပ်ထုတ်လိုရပါတယ်။
မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ Passport စာအုပ်အဟောင်း
အကုန်ပြန်ပေးပါလိမ့်မယ်။
Passport စာအုပ်အသစ်ထုတ်ယူရန်
----------------------------
အပေါ်မှာပြောခဲ့သလိုပဲ တန်းစီရပါမယ်။ ဂိတ်တွေ ဖြတ်ရပါ
မည်။ စာအုပ်သက်တမ်းတိုးတုန်းကလို အချိန်မကြာတော့
သလို ဘယ် ဂိတ်ပေါက်ကိုမှ ပိုက်ဆံပေးစရာ မလိုတော့
ပါဘူး။ (မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ စာအုပ်အသစ်ထုတ်
ဖိုပေးထားတဲ့ ထုတ်ယူရန် ရက်စွဲပါတဲ့ ချလန်စာရွက်)
စုစုပေါင်း (၃) မျိုးတော့ ဂိတ်တွေရဲ့ အဝင်မှာ ပြရပါမယ်။
ရုံးထဲရောက်တာနဲ့ မိမိစာအုပ် ထုတ်ရမည့်နေရာကို
သတ်မှတ်ပေးမယ့် counter ကို အရင်သွားပီး ကိုယ်နဲ့ အတူပါရှိလာတဲ့ ချလန်ဖြတ်ပိုင်းလေးကို သွားတင်ရပါ့မယ်။
နာမည် အစဉ်အလိုက် နာမည်ခေါ်ပါလိမ့်မယ်။ သူတို
ပေးလိုက်တဲ့ ချလန်စာရွက်လေးကိုင်ပီး မိမိစာအုပ်
ထုတ်ယူရမည့်နေရာကို သွားရပါ့မယ်။ နေရာမသိရင်
ရုံးထဲက တာဝန်ကျ နေတဲ့ ရဲတွေကို မေးလိုရပါတယ်။
သူတိုပြောပြပေးပါတယ်။
မိမိစာအုပ်ထုတ်ယူရမယ့် ရုံးခန်းထဲရောက်တာနဲ့ ချလန်
လေးပြရပါတယ်။ ငွေ (၅၀၀၀) ကျပ် ပေးရပါတယ်။
ချလန်စာရွက်လေးမှာ ဖုန်းနံပါတ် ရေးပေးရပါတယ်။
အားလုံးပီးတာနဲ့ စာအုပ်အသစ်ကလေး ရပါပီနော်။
Passport စာအုပ်သက်တမ်း တစ်ခါတိုးရင် (၅) နှစ်ပေးပါ
တယ်။
စုစုပေါင်း ကုန်ကျ ငွေ - ၃၇,၀၀၀ ကျပ်
ပွဲစားနဲ့ လုပ်မယ်ဆို (၇၅,၀၀၀/ ၈၀,၀၀၀) ကျပ်ကုန်ပါလိမ့်
မယ်။ ပိုက်ဆံ အပိုကုန်တဲ့အပြင် မိမိကိုယ်တိုင်ပဲ အစအဆုံး
အကုန်လုပ်ရတာပါပဲ။ ပွဲစားဆိုတဲ့ ဟာတွေက နေရာတွေ
လိုက်ပြပေးတဲ့ အဆင့်ပဲ ရှိပါတယ်။ နေရာမသိရင် ရုံးထဲက
တာဝန်ကျ ရဲတွေကို အကူအညီတောင်းပီး လိုအပ်ချက်ကို
မေးမြန်းလိုရပါတယ်။ ကိုယ်တိုင်ပဲ လုပ်ပါ။ ပွဲစားနဲ့ လုံးဝ
မလုပ်ပါနဲ့။ အာ့ပွဲစားဆိုတာတွေက ခင်ဗျားတို၊ ကျနော်တို
လောက်တောင် စာမတတ်ပါဘူး။ ပညာ အရည်အချင်း
မရှိပါဘူး။ ကျနော် အခုပြောပြပေးထားတဲ့ စာတွေဖတ်ပီး
ခင်ဗျားကိုယ်တိုင် သွားလုပ်လိုရနေပါပီ။ မသွားခင်လည်း
လိုအပ်တာတွေ ကြို တင်ပြင်ဆင်လို ရတာပေါ့ဗျာ။
# Crd to owner