28/10/2020
နေပြည်တော်သို့ ပြန်လာမည့်သူများအတွက် အတွေ့အကြုံအား မျှဝေပေးပါမယ်
လိုအပ်ချက်များ -
၁။ နေထိုင်ခဲ့သည့်နေရာမှ အုပ်ချုပ်ရေးမှူးထောက်ခံစာ
၂။ ကျန်းမာရေးမှူး၏ ဆေးစစ်ဆေးချက်
၃။ ဝန်ထမ်းဆိုပါက အလုပ်မှပြန်ခေါ်သည့်စာ.
ဝန်ထမ်းကဒ် မိတ္တူ
* Covid Test စစ်ပီးသားဆိုပါက အဖြေစာရွက်ပါလျှင် ပိုအဆင်ပြေပါမည်။
Lock down ချမှတ်ထားသည့်မြို့နယ်မှလာပါက Q (၁၄) ရက် Swab (၂) ကြိမ်
Lock down မဟုတ်တဲ့ဆီကလာရင် Q (၃) ရက် Swab (၁) ကြိမ်
Swab တစ်ကြိမ်စစ်ခ
အစိုးရဝန်ထမ်း Free (or) 10,000
- ပုဂ္ဂလိက 30,000
Lockdown နယ်ကသူ - 50,000(ဥပမာ - ရန်ကုန်)
Hotel အခန်းခ တစ်ရက် ၁၅၀၀၀ + စားစာရိတ် ၁၀၀၀၀
Q center အနေနဲ့ စည်ပင်ဧည့်ရိပ်သာ. ရွာတော်စစ်ကြောရေး. New Ayara Hotel, Rose Land Hotel
Hotel Q ဝင်လိုလျှင် နေပြည်တော် တိုင်းကျန်းမာရေးသို့ Hotel Q ဝင်လိုကြောင်း စာအရင် Fax ဖြင့်ပို့ပေးရပါတယ်။ Fax ပို့ပြီးပါက ဖုန်းဆက်၍ Hotel Q ရ/မရ မေးပါ။ ရပါက နေပြည်တော်အဝင်ဂိတ်သို့သွားပါ ဂိတ်ရောက်ရင် Hotel Q အတွက် စာတင်ထားကြောင်းပြောပါ ဂိတ်တာဝန်ကျမှဆက်လက်ဆောင်ရွက်ပြီး ဘယ်ဟိုတယ်သွားရမည်ကိုပြောပါလိမ့်မည်။
ဟိုတယ်ရောက်ပြီး နောက်နေ့ Swab ယူပါတယ်။ Swab အဖြေရပါက Certificate ပေးပါတယ်။ မိမိသွားလို
သည့်နေရာသွားနိုင်ပါပြီ။
Hotel(3) ရက် Q ဝင်သည့်သူများ - 105,000 ဝန်းကျင်ကုန်ကျပြီး (တစ်ယောက်ခန်း)
စည်ပင် (3) ရက် Q ဝင်သည့်သူများ - 60,000 ဝန်းကျင်ကုန်ကျပါသည်။ (နှစ်ယောက်ခန်း)
အားလုံး ကျန်းမာ. ချမ်းသာ. ဘေးဥပါဒ်ကင်းရှင်းပြီး
လိုရာခရီးသွားနိုင်ကြပါစေ 🙏🙏🙏
Crd MaHlaing
ဒုညွန်
လူမှုဝန်ထမ်း ဦးစီးဌာန