Kyaukse-ancient city

  • Home
  • Kyaukse-ancient city

Kyaukse-ancient city to know kyaukse

… ပွဲတော်နေ့ …
11/07/2024

… ပွဲတော်နေ့ …

.... မြင်စိုင်းခေတ်မှာ တရုတ်တပ်တွေ တည်ခဲ့တဲ့ ဘုရားဖြစ်ပါတယ် ....... မြင်စိုင်းနန်းမြို့ကတော့ ကျောက်ဆည်မြို့ အရှေ့ဘက် စက်...
21/06/2024

.... မြင်စိုင်းခေတ်မှာ တရုတ်တပ်တွေ တည်ခဲ့တဲ့ ဘုရားဖြစ်ပါတယ် ....... မြင်စိုင်းနန်းမြို့ကတော့ ကျောက်ဆည်မြို့ အရှေ့ဘက် စက်မှုဇုန်သွား ကားလင်္မးဘေးမှာ ရှိပါတယ် ... အမှန်တစ်ကယ်ကတော့ ကားလမ်းက နန်းမြို့ထဲက ဖြတ်ဖောက်ထားတာပါ .... မြင်စိုင်းနန်းမြို့ရဲ့ အတွင်း မြို့ရိုး နဲ့ အပြင်မြို့ရိုး နှစ်ခုအကြားကနေ စက်မှုဇုန်လမ်းက ဖောက်ထားပါတယ် .... မြင်စိုင်းဘုရင်က ပုဂံဘုရင်ကို ဖမ်းပီး ဘုန်းကြီးဝတ်ခိုင်းခဲ့ပါတယ် .... ပုဂံနန်းတော်မှာ ကျန်ခဲ့တဲ့ အိမ်ရှေ့မင်းက တရုတ်ကိုအကူအညီတောင်းလို့ တရုတ်တပ်တွေ မြင်စိုင်းကို စစ်ချီပြီး လာတိုက်ခဲ့တယ် .... နှစ်ဖက်တပ်တွေ စစ်ပန်းလို့ ဆက်မတိုက်တော့ပဲ ဘုရားပြိုင်တည်ဖို့ သဘောတူခဲ့တယ် ... တရုတ်တွေ အရင်တည်ပီးရင် မြင်စိုင်းဘုရင် အညံ့ခံရမယ် .... မြင်စိုင်းဘုရင်က အရင်ပီးရင် တရုတ်တွေ လက်ဆောင်ပဏ္ဍာယူပြီး တရုတ်ပြည်ပြန်ရမယ်ဆိုပီး သဘောတူခဲ့ကြတယ် .... မြင်စိုင်းဘုရင်က ဘုရားတည်တာ အရင်ပီးခဲ့လို့ တရုတ်တွေ လက်ဆောင်ပဏ္ဍာယူပြီး တပ်ပြန်ရုတ်သွားခဲ့ကြတယ် ... တရုတ်တွေ တည်ခဲ့တဲ့ ဘုရားက အပြီးမသတ်နိုင်ခဲ့ဘူး.... ဘုရားတည်ဖို့ တာဝန်ကျတဲ့ တရုတ်စစ်သည်တွေ လက်တွေဖြတ်ပြီး အပြစ်ပေးခံရတယ် .... တရုတ်တပ်တွေ ပြန်သွားတော့ လက်ပြတ်တွေကို လိုက်ကောက်ရတာ ပုတ်နဲ့တစ်လုံးအပြည့်ရတယ်လို့ ပါးစပ်ရာဇဝင်ကျန်ခဲ့တယ် ... တရုတ်တွေ တည်ခဲ့တဲ့ ဘုရားကတော့ ပြုပြင်ထိန်းသိမ်းမှုမရှိတော့လို့ ယခုမြင်တဲ့အတိုင်း ပျက်စီးယိုယွင်းနေပါပီ ..... မြင်စိုင်းနန်းမြို့တွင်းက ရှမ်းရွာကြီး ကျေးရွာရဲ့ မြောက်ဘက်အစွန် တောင်ကုန်းပေါ်မှာ တည်ရှိပါတယ် ... မြင်စိုင်း နန်းဦးဘုန်းကြီးကျောင်းထဲကနေ သွားလို့ရပါတယ် .... လူသူအရောက်အပေါက်နည်းလို့ လမ်းကောင်းစွာမရှိပါဘူး ........ မြင်စိုင်းနန်းမြို့ ပျက်စီးပျောက်ကွယ် သွားပေမဲ့ ရှမ်းတွေ ဆက်လက်နေခဲ့သေးလို့ ရွာငယ်တစ်ခုအဖြစ်ရှိနေခဲ့ရာကနေ ရှမ်းရွာကြီး ဆိုပြီး အမည်တွင်နေခဲ့ပါတယ် ....

..... ကျောက်ဆည်မြို့ အရှေ့ဘက်ရှိ ဓါတ်တော်တောင် လှိုင်ဂူ လျောင်းတော်မူ ဘုရား ........ ကျောက်ဆည်မြို့ မှ အရှေ့ဘက်ရှိ စက်မှ...
17/06/2024

..... ကျောက်ဆည်မြို့ အရှေ့ဘက်ရှိ ဓါတ်တော်တောင် လှိုင်ဂူ လျောင်းတော်မူ ဘုရား ........ ကျောက်ဆည်မြို့ မှ အရှေ့ဘက်ရှိ စက်မှုဇုန်သွား ကားလမ်းအတိုင်း သွားပြီး ဆင်မင်းဘိလပ်မြေစက်ရုံဝင်ပေါက်လမ်းအတိုင်း မြောက်ဘက် ဓါတ်တော်ကျေးရွာသို့ သွားရမည်ဖြစ်ပါသည် ....... ဓါတ်တော်ကျေးရွာရှိ တောင်ခြေဘုန်းကြီးကျောင်းမှ တဆင့် တောင်တက်လှေကားအတိုင်း တက်ရောက်ရပါသည် ....... တောင်ထိပ်တွင် ထုံးကျောက်လှိုင်ဂူအတွင်း ကျောက်စက်ပန်းဆွဲများဖြင့် လျောင်းတော်မူဘုရားကို ဖူးတွေ့ရပါသည် ... အတွင်း၌ လူတစ်ကိုယ်စာ ဝင်ရသည့် လှိုင်ဂူ အသေးအတွင်း ဆင်း၍ ဆင်းတုတော် ၁ ဆူအား ထပ်မံဖူးတွေ့နိုင်ပါသည် ....

..... မြန်မာနိုင်ငံရဲ့ ပုဂံခေတ် အနော်ရထာမင်း လက်ထက်မှာကတည်းက တည်ရှိနေခဲ့တဲ့ ရှေးဟောင်းမြို့တစ်မြို့ဖြစ်သည့် ကျောက်ဆည်မြိ...
26/03/2022

..... မြန်မာနိုင်ငံရဲ့ ပုဂံခေတ် အနော်ရထာမင်း လက်ထက်မှာကတည်းက တည်ရှိနေခဲ့တဲ့ ရှေးဟောင်းမြို့တစ်မြို့ဖြစ်သည့် ကျောက်ဆည်မြို့ ကျောက်ဆည်တောင်ထိပ် ရှုခင်းမြင်ကွင်း ဖြစ်ပါသည် ....

Address


Website

Alerts

Be the first to know and let us send you an email when Kyaukse-ancient city posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share