Dream to USA Visa Services

  • Home
  • Dream to USA Visa Services

Dream to USA Visa Services US Student Visa, Visit Visa နှင့် Diversity Visa လျှောက်ထားခြင်းများကို ၀န်ဆောင်မှုများပေးနေပါသည်။

14/01/2025
Quiz Time!!!!📌📌📌ပထမဆုံးအဖြေမှန်တဲ့သူ ၃ယောက် ဖုန်းဘေလ် ၃၀၀၀ စီယူပါ 📌📌📌🤓US Visa နဲ့ပတ်သတ်ပြီး ဘယ်လောက်ထိသိထားလဲမေးကြည့်မယ်...
12/01/2025

Quiz Time!!!!

📌📌📌ပထမဆုံးအဖြေမှန်တဲ့သူ ၃ယောက် ဖုန်းဘေလ် ၃၀၀၀ စီယူပါ 📌📌📌

🤓US Visa နဲ့ပတ်သတ်ပြီး ဘယ်လောက်ထိသိထားလဲမေးကြည့်မယ်နော် 🤓

🔰အလည်ဗီဇာ B2 ရထားပြီးရင် US မှာဘယ်လောက်ကြာကြာနေလို့ရမလဲ?

✅A. ရက် ၃၀
✅B. ရက် ၉၀
✅C. ၆လ
✅D. ၁နှစ်

အဖြေမှန်ကို ကောမန့်မှာရေးပေးပါနော် 💕💕💕

Dream to USA Visa Services
Ph: 09-954709901

သင်သိပါသလား????🔰US Visa အငြင်းခံရပြီးရင် အချိန်တခုစောင့်စရာမလိုဘဲ နောက်တကြိမ်ပြန်လျှောက်လို့ရပါတယ်။🔰ဘယ်လောက်ကြာကြာစောင့်...
10/01/2025

သင်သိပါသလား????

🔰US Visa အငြင်းခံရပြီးရင် အချိန်တခုစောင့်စရာမလိုဘဲ နောက်တကြိမ်ပြန်လျှောက်လို့ရပါတယ်။

🔰ဘယ်လောက်ကြာကြာစောင့်ပြီးမှ နောက်တစ်ကြိမ်အင်တာဗျူး၀င်လို့ရမယ်ဆိုတဲ့ သတ်မှတ်ချက်မရှိပါဘူးနော်

🔰ဒါပေမယ့် နောက်တကြိမ်ဗီဇာအင်တာဗျုူးပြန်၀င်တဲ့အခါ ရှေ့မှာတုန်းက ဘာကြောင့်ဗီဇာအငြင်းခံရတာလဲ ဆိုတဲ့အချက်ပေါ် ပြန်စဥ်းစားသုံးသပ်ပြီး ပိုပြီးပြည့်စုံကောင်းမွန်တဲ့appplication ပိုကောင်းတဲ့ပြင်ဆင်မှုတွေနဲ့အတူ ပြန်ကြိုးစားဖို့ အရေးကြီးပါတယ်။

📢📢📢သောကြာနေ့တိုင်း အခုလို ဗီဇာနဲ့ပတ်သတ်တဲ့ ဗဟုသုတတွေ တင်ပေးသွားမှာမို့ Dream to USA Visa Services ကို Like & Follow လုပ်ထားဖို့မမေ့ပါနဲ့နော် 😊💕

Dream to USA Visa Services
Ph: 09-954709901

🎓 Summer 2025 intake ကို ကျောင်းလျှောက်ချင်တဲ့ ကျောင်းသားတွေအတွက် Dream to USAV Visa Services မှ အထူးပရိုမိုးရှင်းလေးတခု...
08/01/2025

🎓 Summer 2025 intake ကို ကျောင်းလျှောက်ချင်တဲ့ ကျောင်းသားတွေအတွက်
Dream to USAV Visa Services မှ အထူးပရိုမိုးရှင်းလေးတခု စီစဉ်ပေးထားပါတယ်

အဲ့ဒီအစီစဉ်လေးကတော့ Dream to USA မှာ University or Community College ကျောင်းတစ်ကျောင်းကို လျှောက်ထားဖို့ အပ်နှံမယ်ဆိုရင်
✅ Show Money (Bank Statement) ဝန်ဆောင်မှုကို အခမဲ့ ပြုလုပ်ပေးမှာပဲ ဖြစ်ပါတယ်

အဲဒါနဲ့တင်မကသေးပါဘူး
✅ Show Money ဝန်ဆောင်မှုကိုပဲ သီးသန့် ပြုလုပ်လိုတဲ့သူတွေအတွက်လည်း ကျောင်းတစ်ကျောင်းကို အခမဲ့ လျှောက်ပေးမယ့် အထူးအစီစဉ်လေး ဖြစ်ပါတယ်

၀န်ဆောင်မှုနဲ့ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်တွေကို viber ph: 09-954709901 ကနေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ဒီအထူးအခွင့်အရေးကို လက်မလွတ်စေဖို့ ယခုပဲ ဆက်သွယ်ပြီး အမေရိကန် ပညာရေးခရီးစဉ်ကို စတင်ကြပါစို့နော်!

🎓 Let us make your American dream come true!! 🌟

Dream to USA Visa Services
Ph: 09-954709901 (Viber)

US Tourist Visa ကိုရဖို့ဆိုရင် ဒီအချက်လေး ၅ချက်ကို လိုက်နာရုံနဲ့ ရနိုင်ပါတယ်ဆိုတာ သိပြီးပြီလား❓❓❓🔔US Visa မှာ လူတွေ့အင်တ...
07/01/2025

US Tourist Visa ကိုရဖို့ဆိုရင် ဒီအချက်လေး ၅ချက်ကို လိုက်နာရုံနဲ့ ရနိုင်ပါတယ်ဆိုတာ သိပြီးပြီလား❓❓❓

🔔US Visa မှာ လူတွေ့အင်တာဗျူးရှိတာဖြစ်တဲ့အတွက် ကောင်ဆယ်လာနဲ့တွေ့တဲ့အခါ ဘယ်လိုနည်းလမ်းတွေကိုသုံးပြီး အင်တာဗျူးဖြေရင် ဗီဇာရနိုင်ခြေရှိမလဲဆိုတာကို ပြောပြပေးပါမယ်နော် 🔔

1. ပြီးပြည့်စုံသော DS160 ဗီဇာလျှောက်လွှာ

✅DS160 Form ဟာ လူတွေ့အင်တာဗျူးမလုပ်ခင်မှာ သံရုံးဘက်က အရင်တွေ့ရတဲ့ ကိုယ့်ရဲ့အကြောင်းဘဲဖြစ်ပါတယ်။ DS160 Form ကို ပြည့်ပြည့်စုံစုံဖြည့်ထားတာဟာ ဗီဇာအတွက်များစွာအထောက်အကူပြုနိုင်ပါတယ်။ အလည်သွားမှာဖြစ်တဲ့အတွက် အခြားနိုင်ငံတွေကိုလည်းသွားရောက်လည်ပတ်ထားတာ၊ ကိုယ့်ရဲ့ခရီးစဥ်ပေါ်မူတည်ပြီး သွားချင်တဲ့နေရာ၊ သွားမယ့်အချိန်၊ နေထိုင်မယ့်ကာလ၊ တည်းခိုမယ့်လိပ်စာ၊ တွေကိုဆီလျော်အောင်ဖြည့်တာ၊ လက်ရှိအလုပ်အကိုင်၊၀င်ငွေနဲ့ ကိုယ့်ရဲ့လုပ်ငန်းတာ၀န်တွေကို သေချာဖြည့်တာ စတာတွေက ဗီဇာဖောင်ကို ကောင်ဆယ်လာအတွက် စိတ်၀င်စားဖို့ကောင်းပြီး ဗီဇာပေးဖို့စဥ်းစားပေးနိုင်တဲ့ဖောင်တခုဖြစ်စေပါတယ်။ လိပ်စာဖြည့်တဲ့နေရာမှာသတိထားရမှာက ကိုယ်ထည့်မယ့်လိပ်စာက အသိမိတ်ဆွေဆွေမျိုးတစ်ယောက်ရဲ့လိပ်စာဖြစ်နေပြီး အဲ့ဒီလိပ်စာကိုအရင်ကလည်း ဗီဇာလျှောက်ဖူးတဲ့သူတွေက အသုံးပြုခဲ့ဖူးပြီး သူတို့ကမြန်မာနိုင်ငံကိုမပြန်တော့တာ ဒီလိပ်စာနဲ့ဗီဇာခဏခဏ reject ထိနေတာဆိုရင်လည်း အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် အထွေအထူးလိပ်စာအစား ဟိုတယ်လိပ်စာဘဲထည့်ရေးလည်းရပါတယ်။

2. Ties to Home Country

✅အမေရိကန်အလည်ဗီဇာဟာ အလည်ပတ်သက်သက်အတွက်ဘဲဖြစ်ပြီး ခရီးစဥ်ပြီးဆုံးသွားတဲ့အခါ မိမိနေရပ်နိုင်ငံကိုပြန်ရမယ်ဆိုတဲ့ ဥပဒေရှိပါတယ်။ Visa Interview ပြုလုပ်ရတဲ့အကြောင်းအရင်းကလည်း Ties to home country ဘယ်လောက်အားကောင်းလဲဆိုတာ သိပြီးမှ ဗီဇာပေး/မပေးဆုံးဖြတ်ဖို့ဖြစ်ပါတယ်။ ဒီအတွက်ကောင်ဆယ်လာအနေနဲ့ ဗီဇာလျှောက်ထားသူဟာ ကိုယ့်နိုင်ငံကိုယ်မပြန်တော့ဘဲ အမေရိကန်နိုင်ငံမှာဆက်လက်နေထိုင်သွားမှာကို သံသယရှိတတ်ပါတယ်။ ဒါကြောင့် အင်တာဗျူးဖြေတဲ့အခါ လည်ပတ်ပြီးရင်ကိုယ့်နိုင်ငံကိုယ်ပြန်မှာပါဆိုတာကို ကောင်ဆယ်လာယုံကြည်အောင် ဖြေရပါတယ်။ မြန်မာနိုင်ငံမှာ မိသားစုကျန်ရစ်နေခဲ့တယ် လက်ရှိနေတဲ့လုပ်ငန်းခွင်ကိုပြန်ရမှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေလုပ်နေတာ လုပ်ငန်းချဲ့ထွင်ဖို့ရှိတာ ရင်းနှီးမြုပ်နှံမှုရှိတာ ကျောင်းပြန်တက်ရမှာ အမွေဆက်ခံဖို့ရှိတာ စတာတွေဟာ Ties to home country လို့ခေါ်တဲ့ မိမိနိုင်ငံနဲ့မိမိကိုချည်နှောင်ထားတဲ့အရာတွေရှိတယ်ဆိုတာကို အင်တာဗျူးဖြေနေစဥ်တလျှောက်လုံးမှာ ထည့်သွင်းဖြေကြားပေးရမှာပါ။

3. Clear travel purpose

✅ကောင်ဆယ်လာနဲ့တွေ့တာနဲ့ ကိုယ့်ကိုအရင်ဦးဆုံးမေးမယ့်မေးခွန်းဟာ အမေရိကန်နိုင်ငံကိုဘာအတွက်သွားချင်တာလဲ ဆိုတဲ့မေးခွန်းပါ။ ဒီအတွက် ကိုယ့်ရဲ့ခရီးစဥ်ရည်ရွယ်ချက်ကို ကောင်ဆယ်လာနားလည်အောင် တိတိကျကျနဲ့လိုရင်းတိုရှင်းဖြေပေးရပါမယ်။ ဥပမာ- အမေရိကားမှာကျောင်းတက်နေတဲ့ သားဆီအလည်သွားချင်တာဆိုရင် ဖြေမယ့်အဖြေမှာ " ကျွန်တော်က Los Angeles City College မှာ Computer Science ဘာသာကိုသင်ကြားနေတဲ့ ကျွန်တော့်ရဲ့သားဆီကို ၂ပတ်ခန့် အလည်သွားမှာပါ။ သူ့ရဲ့ကျောင်းပိတ်ရက်မှာ LA မှာရှိတဲ့အထင်ကရနေရာတွေကို သူနဲ့အတူလည်ပတ်ဖို့ဖြစ်ပါတယ်။" စတဲ့အဖြေလို မိမိသွားချင်တဲ့နေရာ၊ နေမယ့်ကာလ၊ တွေ့မယ့်သူရဲ့အချက်အလက်တချို့ကိုပါထည့်သွင်းဖြေကြားပေးခြင်းဖြင့် ကောင်ဆယ်လာဟာ ကိုယ့်ရဲ့ခရီးစဥ်ရည်ရွယ်ချက်ကို ရှင်းလင်းစွာသဘောပေါက်သွားမှာဖြစ်ပြီး ဗီဇာပေးဖို့အတွက်စဥ်းစားပေးနိုင်မှာဖြစ်ပါတယ်။

4. Practice for Visa Interview

အလည်ဗီဇာအင်တာဗျူးမှာ များသောအားဖြင့် ဘာသွားလုပ်မှာလဲ၊ ဘယ်မှာနေမလဲ၊ ဘယ်နှရက်နေမလဲ ဆိုတဲ့ရိုးရှင်းတဲ့မေးခွန်းတွေကိုသာ မေးပေမယ့် ကောင်ဆယ်လာမတူတာ၊ မိမိအင်တာဗျူးဖြေမယ့်နိုင်ငံ၊ နဲ့ အခြေအနေမတူတာတွေကြုံရတဲ့အခါ ကိုယ်မမျှော်လင့်ထားတဲ့မေးခွန်းမျိုးလည်းမေးလာတတ်ပါတယ်။ ဥပမာ - "ဒီခရီးစဥ်အတွက်ကုန်ကျစရိတ်ကို ကိုယ့်ဘာသာမပေးဘဲ ဘာလို့အမေရိကားကမိတ်ဆွေက ပေးရတာလဲ" "သင်မြန်မာနိုင်ငံကိုပြန်လာမှာသေချာလား ဘယ်လိုသက်သေပြနိုင်မလဲ" စသည်ဖြင့်။ ဒါကြောင့် အင်တာဗျူးမေးခွန်းနဲ့ အဖြေတွေကို အင်တာဗျူးမဖြေခင် ၁ပတ်ခန့်အလိုကတည်းက ကြိုတင်လေ့ကျင့်ပြင်ဆင်ထားသင့်ပါတယ်။ ဒါ့အပြင်လိုအပ်တဲ့စာရွက်စာတမ်းတွေကိုပါ ဖိုင်နဲ့စနစ်တကျထည့်ပြီး အင်တာဗျူးနေ့မှာ မကျန်ခဲ့ရအောင်လည်း ဂရုစိုက်ဖို့လိုအပ်ပါတယ်။

5. Financial Stability

✅အမေရိကန်နိုင်ငံလို ထိပ်တန်းနိုင်ငံကြီးတွေကို ဗီဇာလျှောက်တဲ့အခါ Financial Stability ဖြစ်မှုကို သံရုံးကထည့်သွင်းစဥ်းစားပါတယ်။ ဒါဟာ နံပါတ် ၁မှာ ပြောပြထားတဲ့ Ties to home country ထဲက အရေးပါတဲ့အချက်တချက်လည်းဖြစ်ပါတယ်။ ဗီဇာလျှောက်လွှာဖောင် DS160 Form ဖြည့်ကတည်းက အလုပ်မလုပ်နေဘူး ၀င်ငွေမရှိဘူး လို့ဖြည့်ထားတာမျိုးဟာ အရွယ်ရောက်ပြီးသားသူတွေဗီဇာလျှောက်တဲ့အခါ စပွန်ဆာပြုလုပ်ပေးမယ့်သူရှိသည့်တိုင် Ties to home country မှာအားလျော့သွားပြီး ဗီဇာရဖို့အလားအလာနည်းသွားတတ်ပါတယ်။ ဗီဇာလျှောက်တဲ့အခါ အရှိကိုအရှိအတိုင်းရေးဖို့အမြဲတမ်းမလိုအပ်ပါဘူး။ အလုပ်တစ်ခုခုလုပ်နေတယ်။ ၀င်ငွေပမာဏတခုခုရှိတယ်လို့ ထည့်ရေးသင့်ပြီး အဲ့ဒီအတွက်လည်း စာရွက်စာတမ်းပိုင်းဆိုင်ရာနဲ့ အင်တာဗျူးမှာယုတ်တိရှိအောင်ဖြေတတ်ဖို့ ပြင်ဆင်လေ့ကျင့်ထားဖို့လိုပါတယ်။

💯💯💯 ဒီအချက်တွေကိုလိုက်နာပြီး အင်တာဗျူးကိုလည်းသေချာလေးဖြေမယ်ဆိုရင် ဗီဇာရဖို့အတွက်ရာနှုန်းမြင့်စေမှာဘဲဖြစ်ပါတယ်။

US ဗီဇာအတွက် DS160 Form ကိုစနစ်တကျနဲ့သေချာလေးဖြည့်ပေးတာ၊ appointment ရဖို့ကြိုးစားပေးတာ၊ အင်တာဗျူးအတွက်လိုအပ်တဲ့စာရွက်စာတမ်းတွေပြင်ဆင်ပေးတာ၊ Visa နဲ့ပတ်သတ်ပြီး သိသင့်သိထိုက်တဲ့ ဗဟုသုတတွေ ဝေမျှပေးတာ၊ အင်တာဗျူးမေးခွန်း‌နဲ့ အဖြေတွေကို သေချာလေး လေ့ကျင့်ပြင်ဆင်ပေးတဲ့ ဝန်ဆောင်မှုကို ရှာနေတယ်ဆိုရင်တော့ Dream to USA Visa Services ကိုဘဲ ဆက်သွယ်လိုက်ပါနော် ☺️

Dream to USA Visa Services
☎️ 09-954709901

US Student Visa approved at US Embassy Rangoon 🎉19ရက်နေ့က ကျောင်းသားဗီဇာအင်တာဗျူးဖြေတဲ့ ကျောင်းသား/သူ 2ဦး Visa ရရှိခဲ့ပါ...
25/12/2024

US Student Visa approved at US Embassy Rangoon 🎉

19ရက်နေ့က ကျောင်းသားဗီဇာအင်တာဗျူးဖြေတဲ့ ကျောင်းသား/သူ 2ဦး Visa ရရှိခဲ့ပါတယ်။

ကျောင်းသား‌ေလးက အသက်22ခန့် လက်ရှိ YTU မှာတက်ရောက်နေပြီး ဆယ်တန်းမှာ ဂုဏ်ထူး5ဘာသာပါပြီး အမှတ်ပေါင်း500 ကျော်ရထားပါတယ်။ လူရည်ချွန် 3ထပ်ကွမ်းရရှိထားတဲ့ ကျောင်းသားလေးလည်းဖြစ်ပါတယ်။ Singapore မှာ Polytechnic တက်ဖို့စီစဉ်ထားပေမယ့် US ဘက်ကို ပြောင်းလဲကြိုးစားကြည့်ရင်း တကြိမ်တည်းနဲ့ ဗီဇာရသွားခဲ့တာပါ။ 🎉

ကျောင်းသူလေးကတော့ အသက် 24ခန့် တက္ကသိုလ်တက်တာခဏနားထားပြီး အလုပ်အကိုင်အတွေ့ကြုံကောင်းတွေရှိပြီး English လည်းအထူးကောင်းမွန်ပြီး ထူးချွန်ထက်မြက်တဲ့သူဖြစ်ပါတယ်။ 2024 နှစ်စလောက်က တတိယနိုင်ငံတခုမှာ First attempt reject ဖြစ်ထားဖူးပေမယ့် မြန်မာနိုင်ငံမှာသာပြန်ဖြေရင် အောင်မယ်ဆိုတာ အပြည့်အဝယုံကြည်ထားခဲ့ကြပါတယ်။ မြန်မာနိုင်ငံအဝင်အထွက်ကိုစိုးရိမ်ပေမယ့် ယုံကြည်ချက်အပြည့်နဲ့ အခြားနိုင်ငံကနေ ပြန်လာဖြေခဲ့ပြီး second attempt မှာ အောင်သွားခဲ့ပါပြီ။ 🎉

Congratulations to you both 🎉 You guys deserve it. 💕😍

Dream to USA Visa Services
09-954709901

🎉December ကျောင်းပိတ်ရက်နဲ့ New Year မှာ ခရီးတွေထွက်ဖို့ စဉ်းစားနေပြီလား??? 🎉ဒါဆိုရင်တော့ ပြည်တွင်းရော ပြည်ပရော လွယ်ကူလျ...
18/12/2024

🎉December ကျောင်းပိတ်ရက်နဲ့ New Year မှာ ခရီးတွေထွက်ဖို့ စဉ်းစားနေပြီလား??? 🎉

ဒါဆိုရင်တော့ ပြည်တွင်းရော ပြည်ပရော လွယ်ကူလျင်မြန်စွာ သွားလာနိုင်ဖို့ Air ticket တွေ လိုအပ်လာပြီနော်

🔰အန္တရာယ်ကင်းပြီး ချောမွေသာယာတဲ့ ခရီးစဉ်လေးကို ပိုင်ဆိုင်နိုင်ဖို့ Dream to USA ကနေ ကူညီ‌ဆောင်ရွက်ပေးနေပါပြီ။

🔰ပြည်တွင်းအတွက်‌ရော ပြည်ပအတွက်ပါ နေရာအနှံ့ကို ခြေဆန်နိုင်ဖို့ရာ လေကြောင်းလိုင်းမျိုးစုံကို စိတ်ကြိုက်ရွေးချယ်နိုင်ပြီး နှစ်သက်ရာ Air ticket တွေကို ယုံကြည်စွာဝယ်ယူနိုင်ပြီဆိုတော့ စိတ်တိုင်းမကျမှာလည်း စိုးရိမ်စရာမလိုတော့ဘူးနော်

🔰ဘာကြောင့် Dream to USA မှာ လေယာဉ်လက်မှတ်ဝယ်သင့်တာလဲ ??

🎁လေယာယ်လက်မှတ်များကို စျေးအသက်သာဆုံးမှ Business class အထိ စျေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချပေးနေခြင်း
🎁Flight information နဲ့ ပတ်သတ်သမျှ သိလိုသည့်အချက်အလက်များကို မခြွင်းမချန် ရှင်းပြပေးခြင်း
🎁booking တင်ခြင်း အတွက်လည်း အဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးခြင်း
🎁တိုက်ရိုက် - Transit အမျိုးမျိုးကိုလည်း အလွယ်တကူ ဝယ်ယူနိုင်ခြင်းနှင့်အတူ
🎁ပြည်တွင်းပြည်ပ ခရီးစဉ်များကို ‌ရွေးချယ်ဝယ်ယူနိုင်ဖို့အတွက် တိကျသေချာတဲ့ ဝန်‌ဆောင်မှုနဲ့ ဆောင်ရွက်ပေးနေပါပြီရှင့်

🔰လေယာဉ်လက်မှတ် ဝယ်ယူမည် ဖြစ်စေ ၊ Booking တင်မည်ဖြစ်စေ
💕 သွားမည့်သူ၏ အမည် ၊ မွေးသက္ကရာဇ်
💕Passport Number
💕 သွားရောက်မည့် ခရီးစဉ်အပြည့်အစုံ ကို Viber ကနေ စာလေးတကြောင်းပို့ရုံနဲ့ အချိန်ကုန် လူပင်ပန်းသက်သာစေပြီး တခဏအတွင်းမှာ လေယာဉ်လက်မှတ်အတွက် စိတ်အေးရအောင် ကြိုးစားပေးနေပါပြီနော်

📣December ရဲ့ ပိတ်ရက်တွေကို သာမက အခြားသော အားလပ်ရက်နဲ့ ခရီးစဉ်တွေအတွက် အကျိုးရှိရှိနဲ့ ဖြတ်သန်းနိုင်ပြီး နေရာအနှံ့ရဲ့ အလှအပ၊ ဗဟုသုတ အသစ်တွေကို ခံစားရှာဖွေနိုင်ရန် Dream to USA နဲ့ ချိတ်ဆက်ပြီး ဝေဟင်ခရီးမှာ အထာကျကျနဲ့ ပျံသန်းကြည့်ကြပါစို့ရှင်။

📌လေယာည်လက်မှတ်အတွက် အသေးစိတ်ဆက်သွယ်‌မေးမြန်းရန်

☎️Viber Ph: 09-954709901

F1 Student Visa Approved 🎉 ပညာအရည်အချင်း IGCSE O Level, IELTS 7.5 ရထားပြီး အသက်၁၇နှစ်တောင်မပြည့်သေးတဲ့ကျောင်းသူလေးပါ။ လေ...
22/11/2024

F1 Student Visa Approved 🎉

ပညာအရည်အချင်း IGCSE O Level, IELTS 7.5 ရထားပြီး အသက်၁၇နှစ်တောင်မပြည့်သေးတဲ့ကျောင်းသူလေးပါ။ လေ့လာသင်ယူမယ့်မေဂျာအပေါ် အမှန်တကယ်စိတ်ဝင်စားမှုရှိပြီး သေချာ‌ လေ့လာပြင်ဆင်ခဲ့တဲ့သူပါ။ အရည်အချင်းရှိပြီး တော်တဲ့သူမို့လို့ပထမအကြိမ်ကတည်းက အောင်ဖို့မျှော်မှန်းထားပေမယ့်လည်း Third country မှာဖြေခဲ့ရတာ ဖြစ်နေခဲ့ပြီး လူအများစုဗီဇာအငြင်းခံရတဲ့အချိန်မှာ ကံမကောင်းစွာနဲ့ဘဲ အငြင်းခံခဲ့ရပါတယ်။

ဗီဇာအင်တာဗျူးမှာ များသောအားဖြင့် ကြုံကြရတာက ကိုယ့်ကိုဘာမှသိပ်မမေးတာ၊ အကောင်းဆုံးကြိုးစားဖြေဖို့အတွက် အခွင့်ရေးမရတာ၊ အချိန်မရတာ၊ အရည်အချင်းကိုပြခွင့်မရတာ၊ အင်တာဗျူးဖြေနေရင်း ကောင်ဆယ်လာက စကားဖြတ်‌ပြီးနောက်မေးခွန်းတခုကို မေးလိုက်တာ စတာတွေကို ကြုံရတာကြောင့် ကိုယ်က သေချာပြင်ဆင်ထားသည့်တိုင် consular က စိတ်ဝင်စားမနေတာကြောင့် reject ဖြစ်သွားတာမျိုးတွေလည်းရှိပါတယ်။

ဒီတခါမှာတော့ Home Country မှာပြန်ဖြေခွင့်ရခဲ့ပြီး ကိုယ့်ရဲ့အရည်အချင်းကိုပြသခွင့်ရခဲ့ပြီး ဗီဇာရသွားခဲ့ပါပြီ။

Congratulations 🎉👏 You deserve it! 🥰

Dream to USA Visa Services

☎️ 09-954709901
☎️ 09-254862563

US Embassy Rangoon ကကျောင်းသားတွေအတွက် သီးသန့် Interview Appointment တွေထပ်ပေးထားပါတယ်။Appointment Request Form ဖြည့်ရတဲ...
21/11/2024

US Embassy Rangoon ကကျောင်းသားတွေအတွက် သီးသန့် Interview Appointment တွေထပ်ပေးထားပါတယ်။

Appointment Request Form ဖြည့်ရတဲ့ system နဲ့သွားမှာဖြစ်ပြီး ဒီဇင်ဘာ 2ရက်နေ့ မနက် 9 နာရီကနေ ဒီဇင်ဘာ 13ရက်နေ့ ညနေ3နာရီ အထိ Request a form ကိုဖွင့်ထားပေးမှာဖြစ်ပါတယ်။ အင်တာဗျူးရက်ချိန်းစပေးမယ့်လကတော့ Feb 2025 နှင့်နောက်ပိုင်းဖြစ်ပါတယ်။

ကျောင်းသားသီးသန့် appointment ဖြစ်တဲ့အတွက် အလည်နဲ့အခြားသောဗီဇာများအတွက်တော့ယူလို့မရသေးပါဘူး။ နောက်ထပ် Update Status ကိုတော့ January 6th ရက်နေ့မှာတင်ပေးသွားမယ်လို့ပြောထားတာမို့ အလည်ဗီဇာလျှောက်မယ့်သူများ ဒီဇင်ဘာလထဲမှာ Visa ကြိုလျှောက်ထားဖို့လိုအပ်ပါမယ်။

REQUEST FORM တင်တဲ့အခါမှာလိုက်နာရမယ့် အသေးစိတ်အချက်အလက်တွေကိုလည်း ပြောထားတာမို့ သေချာစွာဖတ်ရှုပြီးမှ appointment ယူဖို့လည်းသတိပေးပါရစေ။

ကျောင်းလျှောက်ထားပြီး I-20 မရသေးတဲ့သူများ ဒီ‌status ကို ကျောင်းကိုပြပြီး I-20 ကိုစောထုတ်ပေးနိုင်မလား request လုပ်ကြည့်လို့ရပါတယ်။

Visa Update Link: https://mm.usembassy.gov/visas/

Dream to USA Visa Services

09-954709901
09-254862563

အလည်ဗီဇာဖြေတဲ့ အသက် ၈၀အရွယ်ဖွားဖွား Visa Approved 🎉🥳 အောက်တိုဘာလကတည်းက ဗီဇာရခဲ့တာပါ အလုပ်များပြီးပို့စ်တင်ဖို့ကျန်ခဲ့လို...
21/11/2024

အလည်ဗီဇာဖြေတဲ့ အသက် ၈၀အရွယ်ဖွားဖွား Visa Approved 🎉🥳

အောက်တိုဘာလကတည်းက ဗီဇာရခဲ့တာပါ အလုပ်များပြီးပို့စ်တင်ဖို့ကျန်ခဲ့လို့ပါ ☺️

အဖွားက Singapore မှာ interview appointment ရထားပေမယ့် အမျိုးသားရဲ့ကျန်းမာရေးကြောင့် အင်တာဗျူးကို cancel လုပ်ခဲ့ရပါတယ်။

ရန်ကုန်ကအမေရိကန်သံရုံးမှာ appointment မရထားပေမယ့် အသက်အရွယ်နဲ့အရင်တုန်းကအကြိမ်ကြိမ် US ကိုရောက်ဖူးထားတာကြောင့် ဒီမှာဘဲအင်တာဗျူးဖြေခွင့်ရမလားဆိုပြီး email request လုပ်ကြည့်တာ သံရုံးကခွင့်ပြုလို့ စင်ကာပူသွားစရာမလို‌တော့ဘဲ ဖြေခွင့်ရခဲ့ပါတယ်။ (ပုံမှန်ဆိုရင် interview slot မရထားရင်ဖြေခွင့်မရှိပါ)

Congratulations ဖွားဖွား 👏 🎉

Dream to USA Visa Services

09-954709901
09-254862563

Student Visa Approved 🎉 Approved Date: 18 Nov 2024ရှေ့အခေါက်တွေတုန်းက ဗီဇာအင်တာဗျူးကို Third country တွေမှာ သွားဖြေခဲ့ပေ...
21/11/2024

Student Visa Approved 🎉

Approved Date: 18 Nov 2024

ရှေ့အခေါက်တွေတုန်းက ဗီဇာအင်တာဗျူးကို Third country တွေမှာ သွားဖြေခဲ့ပေမယ့်လည်း ဗီဇာမရခဲ့ဘဲ မြန်မာနိုင်ငံမှာ appointment ရလို့ထပ်ဖြေပြီး ဒီတခါ 3rd attempt မှာ approved ဖြစ်သွားပါတယ်။

ဒီတခေါက်မှာတော့ College ကနေ University ပြောင်းလျှောက်ခဲ့ပြီး မေဂျာပါ ပြောင်းလျှောက်ခဲ့တာပါ။

Congratulations 👏 🎉

US မှာကျောင်းတက်ဖို့အတွက် မိမိနဲ့အသင့်တော်ဆုံးကျောင်း‌ရွေးချယ်ဖို့ I-20 အမြန်ဆုံးရရှိဖို့ ဗီဇာprocess တွေကိုအမှားယွင်းမရှိ ချောမွေ့မြန်ဆန်ဖို့ တနေရာတည်းမှာ one-stop service လိုချင်တယ်ဆိုရင် ဆက်သွယ်လိုက်ပါနော်။ Summer & Fall 2025 intake အတွက် စုံစမ်းနိုင်ပါတယ်။☺️

Dream to USA Visa Services

☎️ 09-954709901
☎️ 09-254862563

🎉US ရှိ Community College များသို့ လျှောက်ထားလိုသောကျောင်းသား/ကျောင်းသူများအနေနဲ့ ✅Show Money ပြဖို့အခက်အခဲရှိနေသူများ။✅...
08/11/2024

🎉US ရှိ Community College များသို့ လျှောက်ထားလိုသောကျောင်းသား/ကျောင်းသူများအနေနဲ့

✅Show Money ပြဖို့အခက်အခဲရှိနေသူများ။
✅ကျောင်းလျှောက်ဖို့အတွက် process နဲ့ admission requirements တွေကိုမသိလို့ ကျောင်းမလျှောက်ရသေးသူများ။
✅ဗီဇာအင်တာဗျူးဖြေခွင့်ရဖို့ I-20 ကိုအမြန်ဆုံးလက်၀ယ်ရှိချင်သူများ။

ဒီအခက်အခဲတွေကိုဖြေရှင်းပေးဖို့ ဘဏ်စတိတ်မန့်လည်းပြပေးပြီး ကျောင်းပါတခါတည်းလျှောက်ပေးပါတယ်။ ကုန်ကျစရိတ်အသက်သာဆုံးဖြစ်အောင် “College Application + Bank Statement Service” ကို ၀န်ဆောင်ခ အသက်သာဆုံးနှုန်းထားဖြင့် ၀န်ဆောင်မှုပေးနေပါတယ်။

✅အမေရိကန်ပြည်‌‌ထောင်စုအတွင်းရှိ ပြည်နယ် ၅၀ စလုံးမှ ကျောင်းသားနှစ်သက်သော မည်သည့် community college တစ်ကျောင်းကိုမဆို လျှောက်ထားပေးခြင်း။
✅I-20 Form ရရှိရန် application form များဖြည့်ပေးခြင်း၊ application fees ကို visa card, master card, international banking များမှတဆင့် သွင်းပေးခြင်း။ (‌Application Fees ကိုတော့ကျောင်းသားဘက်မှကျခံပေးရပါမယ်)
✅Show Money (Proof of funds) အတွက် Balance Certificate + Bank Statement ကို ၆လစာ စနစ်တကျရေးဆွဲပေးခြင်း။ ငွေပမာဏကို သိန်း ၂၅၀၀ ၀န်းကျင်ပြပေးခြင်း။
✅ Viber တွင် group chat ဖြင့် ကျောင်းလျှောက်ထားခြင်းနှင့်ပတ်သတ်သော အချက်အလက်များကို ဝေမျှပေးခြင်း၊ ကျောင်းဘက်မှပေးပို့လာသော Update Mail များကို ကျောင်းသားဆီသို့ forward လုပ်ပေးခြင်း၊ I-20 အမြန်ဆုံးရရှိအောင် ကျောင်းဖြင့်အမြဲမပြတ်ဆက်သွယ် ဆောင်ရွက်ပေးခြင်း။
✅ မိမိတို့၏ College Application + Bank Statement Service ဖြင့် ကျောင်းသားပေါင်းမြောက်မြားစွာကို ကျောင်းခေါ်စာရရှိအောင် ပြုလုပ်ပေးခဲ့ပြီးဖြစ်ပါသဖြင့် ယုံကြည်စွာအပ်နှံနိုင်ပါတယ်။

၀န်ဆောင်ခနဲ့ အသေးစိတ်အချက်အလက်များအတွက် Viber number (09-254862563 OR 09-954709901) သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Dream to USA Visa Services
Ph: 09-954709901

🎉အမေရိကားမှာ အမြဲတမ်း တရား၀င်နေထိုင်အလုပ်လုပ်ဖို့အတွက် DV-2026 Program တွင်ပါ၀င်နိုင်ပါပြီ🎉🔰Diversity Visa (DV) Diversit...
03/10/2024

🎉အမေရိကားမှာ အမြဲတမ်း တရား၀င်နေထိုင်အလုပ်လုပ်ဖို့အတွက် DV-2026 Program တွင်ပါ၀င်နိုင်ပါပြီ🎉

🔰Diversity Visa (DV)

Diversity Visa ဆိုတာ အမေရိကန်ပြည်ထောင်စုအတွင်းမှာ အမြဲတမ်း တရား၀င်နေထိုင်အလုပ်လုပ်ဖို့ရန်အတွက် ထုတ်ပေးတဲ့ Green Card (Lawful Permanent Resident Card) ကို နှစ်စဥ်ကွန်ပျူတာစနစ်နဲ့ ကျပန်းမဲဖောက်ပေး တဲ့ ကံစမ်းမဲအစီအစဥ်တခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့၅နှစ်အတွင်း အမေရိကန်ပြည်ထောင်စုအတွင်းကို ၀င်ရောက်ပြောင်းရွှေ့လာတဲ့ အနည်းဆုံးသောနိုင်ငံသားဦးရေရှိတဲ့ နိုင်ငံတွေကိုသာမဲဖောက်ပေးတာဖြစ်ပြီး အဲ့ဒီနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းပါ၀င်တာမို့ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး ပါ၀င်ကံစမ်းနိုင်ပါတယ်။

🔰Green Card (Lawful Permanent Resident Card)

Green Card ရရှိထားသူဟာ ဒီအခွင့်အရေးတွေကိုရရှိမှာဖြစ်ပါတယ်။
• အလုပ်အကိုင်အခွင့်အလမ်းပေါများစွာ ရရှိနိုင်ခြင်း။
• အမေရိကန်နိုင်ငံသားအဖြစ်ခံယူရန် လျှောက်ထားနိုင်ခြင်း။
• အမေရိကန်နိုင်ငံတွင်းမှာရှိတဲ့ ပြည်နယ်ပေါင်း၅၀ကို အကန့်အသတ်မဲ့သွားလာ၀င်ထွက်ခွင့်ရှိခြင်း နဲ့ နိုင်ငံတကာသို့ အခက်အခဲမရှိဘဲ အဆင်ပြေချောမွေ့စွာ ခရီးသွားလာနိုင်ခြင်း။
• အိမ်ထောင်ဖက်၊ သားသမီး၊ မိဘ၊ ညီအကိုမောင်နှမများ Family-based green card လျှောက်ထားပေးနိုင်ခြင်း။ စပွန်ဆာပေးနိုင်ခြင်း။
• ကျောင်းတက်သည့်အခါ in-state ေကျာင်းသားများပေးချေရသည့် ကျောင်းလခနှုန်းထားအတိုင်း ပေးချေခွင့်ရခြင်းစတဲ့ Federal Benefits များရရှိနိုင်ခြင်း။
• အမေရိကန်ဥပဒေသတ်မှတ်ချက်များအတိုင်း ဥပဒေအရ အကာအကွယ်ရယူနိုင်ခြင်း။

✅✅✅ဒီအချက်အလက်တွေကိုဖြည့်သွင်းပေးရုံနဲ့ Green Card ရယူဖို့ ကံစမ်းလို့ရပါပြီ။✅✅✅

1. အမည်
2. မွေးနေ့
3. ကျား/မ
4. မွေးဖွားသည့်မြို့
5. မွေးဖွားသည့်နိုင်ငံ
6. လက်ရှိနေထိုင်သည့်နိုင်ငံ
7. နေရပ်လိပ်စာ
8. ဖုန်းနံပါတ်
9. အီးမေးလ်လိပ်စာ
10. အမြင့်ဆုံးပညာအရည်အချင်း
11. အိမ်ထောင်ရှိ/မရှိ
12. အိမ်ထောင်ပြုထားခြင်းမရှိသေးသော အသက်၂၁အောက် သားသမီးရှိ/မရှိ

အိမ်ထောင်ပြုထားခြင်းမရှိသေးသော အသက်၂၁အောက် သားသမီးရှိပါက ၄င်းတို့၏-

13. အမည်
14. မွေးနေ့
15. ကျား/မ
16. မွေးဖွားသည့်မြို့
17. မွေးဖွားသည့်နိုင်ငံ

✅✅✅ပေါက်မဲဖြစ်ရန်အတွက် အလွန်အရေးကြီးသည့် ဓာတ်ပုံစည်းမျဥ်းစည်းကမ်း✅✅✅

• နောက်ခံအဖြူတွင်ရိုက်ကူးထားသော ၂လက်မပတ်လည် ဓာတ်ပုံဖိုင်
• ၆လအတွင်းရိုက်ကူးထားခြင်းဖြစ်ရမည်။
• ကင်မရာတည့်တည့်သို့ မျက်နှာမူထားခြင်းဖြစ်ရမည်။
• ကြည်လင်ပြတ်သားပြီး ဓာတ်ပုံအရည်အသွေးကောင်းမွန်မှုရှိရမည်။
• မျက်မှန် နှင့် ယူနီဖောင်းများ မ၀တ်ဆင်ရပါ။

✅✅✅စနစ်တကျကံစမ်းရန် ဒီအချက်တွေကိုလိုက်နာပါ✅✅✅

• အိမ်ထောင်မရှိသူများသည် ချစ်သူရည်းစားများကို အိမ်ထောင်ဖက်အဖြစ် လျှောက်ထားခြင်းမပြုသင့်ပါ။
• အိမ်ထောင်ရှိသူများသည် ကံစမ်းမဲ ၂စောင်တင်ခွင့်ရှိပါသည်။ မိမိကိုယ်တိုင် ပင်မလျှောက်ထားသူအဖြစ်နေ၍ အိမ်ထောင်ဖက်အား တွဲဖက်လျှောက်ထားသူအဖြစ်ထား၍ ပထမ ကံစမ်းမဲတစ်စောင်တင်ရန်။
• တပြိုင်နက်တည်းတွင် အိမ်ထောင်ဖက်အား ပင်မလျှောက်ထားသူအဖြစ်ထား၍ မိမိက တွဲဖက်လျှောက်ထားသူအဖြစ်နေ၍ ဒုတိယကံစမ်းမဲတစ်စောင်တင်ရန်။
• မိသားစုလိုက်ကံစမ်းသူများသည် အိမ်ထောင်မပြုရသေးသော အသက်၂၁အောက်သားသမီးများကို ကံစမ်းမဲ ၂စောင်လုံးတွင် ထည့်သွင်းရန်။
• အသက် ၂၁နှစ်အထက် သားသမီးများသည် မိဘနှင့်တွဲလျှောက်ခြင်းမပြုဘဲ သီးခြားလျှောက်ရန်။ (၄င်းကံစမ်းမဲပေါက်ခဲ့ပါက မိဘများလိုက်ပါခွင့်မရှိပါ။)
• သတ်မှတ်ထားသောဓာတ်ပုံစည်းကမ်းနှင့်မကိုက်ညီပါက ပယ်မဲအဖြစ်သတ်မှတ်ခြင်းခံရပါမည်။

📌📌📌DV လျှောက်ဖို့အတွက် ၀န်ဆောင်မှုအပ်ချင်တယ်ဆိုရင်တော့ အထက်မှာဖော်ပြထားတဲ့ကိုယ်ရေးအချက်အလက်တွေကို ပြည့်ပြည့်စုံစုံပို့ပေးရုံနဲ့ ကံစမ်းလို့ရပါပြီ။

✅ကံစမ်းမဲကာလ - October 2, 2024 to November 5, 2024
✅၀န်ဆောင်ခ တစ်ဦးလျှင်- ၁သောင်းခွဲကျပ်
(ဓာတ်ပုံကို DV-2026 သတ်မှတ်စည်းကမ်းနှင့်ကိုက်ညီအောင် မိမိဘာသာရိုက်ကူးထားပြီးဖြစ်ရပါမည်)
✅ ဓာတ်ပုံကို Viber မှပေးပို့ရပါမည်

✅✅✅DV ကံစမ်းဖို့ Dream to USA မှဘယ်လိုအကောင်းဆုံး၀န်ဆောင်မှုပေးနေလဲ✅✅✅

• ပေးပို့လာသောအချက်အလက်များကို အမှားယွင်းမရှိအောင် ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ပေးပါမယ်။
• ဖြည့်စွက်ထားသော အသေးစိတ်အချက်အလက်များကို ပြန်လည်ပြသပေးပါမယ်။
• အချက်အလက်အားလုံး မှန်ကန်ပြီဆိုမှသာ ကံစမ်းမဲကိုတင်ပေးပါမယ်။
• ကံစမ်းမဲထိုးထားသည့်အထောက်အထား DV Submission Confirmation စာရွက်ကို hard copy or soft copy ပေးပို့ပေးပါမည်။ အေဂျင်စီဘက်မှလည်း စနစ်တကျသိမ်းဆည်းပေးထားပါမည်။
• ၂၀၂၅ခုနှစ် မေလတွင် ပေါက်မဲနံပါတ်များကိုကြေငြာသည့်အခါ ပေါက်မဲဟုတ်/မဟုတ်စစ်ဆေးပေးပါမည်။

📌📌📌ကံစမ်းဖို့လူကိုယ်တိုင်ရုံးခန်းသို့လာရောက်၍ဖြစ်စေ Viber မှဖြစ်စေ ဆက်သွယ်ပြီး နို၀င်ဘာ ၄ရက်နေ့ နောက်ဆုံးထားပြီး ကံစမ်းနိုင်ပါပြီ။

အမေရိကန်အိပ်မက်များကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ကြပါစေ။
"We are with you to turn your American Dreams into reality."

Dream to USA Visa Services
[email protected]
+959954709901

US Visit Visa Approved at US Embassy Singapore 🎉မိသားစုလိုက်အလည်ပတ်ခရီးသွားဖို့ကို မြန်မာနိုင်ငံမှာ appointment မရလိုက်တ...
02/10/2024

US Visit Visa Approved at US Embassy Singapore 🎉

မိသားစုလိုက်အလည်ပတ်ခရီးသွားဖို့ကို မြန်မာနိုင်ငံမှာ appointment မရလိုက်တာကြောင့် စင်ကာပူမှာအလုပ်လုပ်နေရင်းနဲ့ အဲ့ဒီမှာဘဲဗီဇာအင်တာဗျူး တစ်ယောက်တည်းဘဲ ဖြေလိုက်ရတဲ့ Applicant ပါ။

ကျန်မိသားစုဝင်တွေက မြန်မာနိုင်ငံမှာဖြေပြီး ဗီဇာအောင်ပြီးသားပါ။ ဒါကြောင့် တစ်ဦးတည်းသပ်သပ်ဖြေရတဲ့ ဒီApplicantအတွက် စိတ်ပူခဲ့ရတယ်။ Third Country လည်းဖြစ် ဗီဇာလည်းသိပ်မပေးတဲ့စင်ကာပူဆိုတော့ ပိုပြီးစိုးရိမ်မိတယ်။ အခုတော့ ကိုယ့် applicant တွေထဲမှာ စင်ကာပူကနေ ဗီဇာအောင်တဲ့သူရှိပြီ 😊

ဒီလိုcase မျိုးအရင်ကလည်းအတွေ့အကြုံရှိခဲ့ဖူးပါတယ်။ မြန်မာနိုင်ငံမှာ Appointment ရဖို့ခက်လာတဲ့ အချိန်မှာ မိသားစု3ယောက်လျှောက်တာ အင်တာဗျူးရက်ချိန်းကို မိခင်က တရက် ဖခင်က 2ပတ်ခန့်ကြာပြီးမှတရက် သမီးက အခြားတတိယနိုင်ငံတခုမှာ တရက် သပ်သပ်စီခွဲပြီးဖြေခဲ့ကြရပါတယ်။ မိသားစုတွေမို့ တရက်တည်းပေါင်းဖြေလို့ရမလား မြန်မာနိုင်ငံအမေရိကန်သံရုံးထံ Request လုပ်ကြည့်တာ ခွင့်ပြုချက်မရခဲ့ပါဘူး။ ဒါကြောင့် ဒီလိုအခြေအနေမျိုးကြုံလာရင် ကိုယ်တစ်ယောက်တည်း သီးသန့် ကြိုးစားရပ်တည်ပြီးဖြေရတဲ့အတွက် ပိုပြီးသတိထားရပါတယ်။ ရှေ့ကအရင်ဖြေတဲ့သူက ဗီဇာအောင်ပြီးသွားရင် နောက်မှ‌‌ဖြေတဲ့သူကလည်း ဗီဇာရဖို့အခွင့်အလမ်းပိုများတတ်တာလည်း‌တွေ့ရှိရပါတယ်။ မည်သို့ပင်ဖြစ်စေ ဗီဇာအင်တာဗျူးကို မိမိအလှည့်မှာလည်း သေချာပြင်ဆင်သွားဖို့လိုပါတယ်။ Visa Page ကိုလည်း print ထုတ်သွားပြီး ကိုယ့်မိသားစုဝင်တွေလည်းဗီဇာရပြီးဖြစ်ကြောင်း Visa Officer ကို ပြောပြဖို့လိုအပ်ပါတယ်။

Congratulations 🥰👏 🎉

Dream to USA Visa Services
09-954709901

📣US Visa Appointment ယူဖို့အတွက် တချို့နိုင်ငံတွေမှာ appointment system change ထားပါတယ်။ 📣အကောင့်ဖွင့် ငွေသွင်းပြီးတာနဲ့...
30/09/2024

📣US Visa Appointment ယူဖို့အတွက် တချို့နိုင်ငံတွေမှာ appointment system change ထားပါတယ်။

📣အကောင့်ဖွင့် ငွေသွင်းပြီးတာနဲ့ Appointment Calendar ကိုချက်ချင်းမြင်ရပါတယ်။ အရင်ကဆို ၁/၂ရက်ခန့်စောင့်ရပါတယ်။

📣Payment System ကိုလည်း Visa Card/Master Card တွေနဲ့ အလွယ်တကူပေးချေနိုင်အောင်ပြုလုပ်ထားပေးတာ တွေ့ရပါတယ်။ အရင်ကဆို သက်ဆိုင်ရာနိုင်ငံရဲ့ဘဏ်မှာဘဲသွင်းရတာဖြစ်တဲ့အတွက် လူခံရှိမှငွေသွင်းလို့ရပါတယ်။

📣အခုမြင်နေရတာကတော့ US Embassy Vietnam (Hanoi) Consulate မှာရရှိနိုင်မယ့် Appointment Slots တွေဘဲဖြစ်ပါတယ်။

📣မြန်မာနိုင်ငံမှာ appointment မရလိုက်လို့ Third Country မှာ appointment ယူချင်တယ်ဆိုရင် ဝန်ဆောင်မှုရှိပါတယ်နော်။

Dream to USA Visa Services
09-954709901

Student Visa Approved 🎉မနေ့က မြန်မာကအမေရိကန်သံရုံးမှာ F1 Student Visa ဖြေတဲ့ကျောင်းသူလေး 2ဦး Visa Approved ပါ။2ဦးလုံးက စ...
27/09/2024

Student Visa Approved 🎉

မနေ့က မြန်မာကအမေရိကန်သံရုံးမှာ F1 Student Visa ဖြေတဲ့ကျောင်းသူလေး 2ဦး Visa Approved ပါ။

2ဦးလုံးက စာလည်းတော်ပြီး English လည်းကောင်းကြပါတယ်။ DS160 form မှာလည်းပညာရေးနဲ့ပတ်သတ်ပြီး သေချာဖြည့်ထားခဲ့နိုင်တာမို့ Education Background ကောင်းပြီး DS160 အနေနဲ့ strong ဖြစ်ခဲ့ပါတယ်။

ကြိုးစားအားထုတ်မှုရှိပြီး အခွင့်အရေးကောင်းနဲ့ထိုက်တန်တဲ့သူတွေမို့ ထပ်တူဝမ်းသာရပါတယ်။ ရည်မှန်းထားတဲ့စိတ်ကူးအိမ်မက်တွေ အကောင်အထည်ဖော်နိုင်ပါစေ လို့ဆုတောင်းပေးပါတယ်။❤️

Congratulations 🎉ပါ ညီမလေးတို့

Dream to USA Visa Services
09-954709901

ဒီနေ့ US Embassy Rangoon အလည်ဗီဇာဖြေဆိုခဲ့တဲ့သူ ၄ဦးစလုံး ဗီဇာရရှိခဲ့ကြပါတယ်။ 🎉မြန်မာနိုင်ငံအမေရိကန်သံရုံးမှာ Visit Visa ...
20/08/2024

ဒီနေ့ US Embassy Rangoon အလည်ဗီဇာဖြေဆိုခဲ့တဲ့သူ ၄ဦးစလုံး ဗီဇာရရှိခဲ့ကြပါတယ်။ 🎉

မြန်မာနိုင်ငံအမေရိကန်သံရုံးမှာ Visit Visa Interview Appointment Slot တွေကိုမဖွင့်ပေးခဲ့တာ 1နှစ်နီးပါးကြာသွားခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ဇူလိုင်လ 8ရက်နေ့မှာ ပြန်ဖွင့်ပေးခဲ့တဲ့ appointment ကို scheduled ရယူသွားနိုင်ခဲ့တဲ့ applicant တွေဘဲဖြစ်ပါတယ်။

၃ဦးကမိသားစုတွေဖြစ်ပြီး ကျန်၁ဦးကတော့ ၁ဦးတည်းဝင်ရောက်ဖြေဆိုသူဖြစ်ပါတယ်။ US မှာနေထိုငိတဲ့သမီးရဲ့မိသားစုဆီအလည်သွားဖို့ဖြစ်ပါတယ်။ ဒီ applicant ဆိုရင် တတိယနိုင်ငံတခုမှာလည်းအင်တာဗျူးဝင်ခဲ့ဖူးပြီး တစ်ကြိမ် reject ထိထားသူပါ။ ဒီနေ့ case ကိုကြည့်မယ်ဆိုရင် Visa ရဲ့သဘောတရားအတိုင်း ကိုယ့်မိခင်နိုင်ငံမှာတည်ရှိတဲ့နိုင်ငံကနေ အင်တာဗျူးဖြေခွင့်ရရင် Visa ရဖို့ Chance အများကြီးရှိတာတွေ့ရှိရပါတယ်။

ရှေ့နှစ်တွေတုန်းက applicant တစ်ယောက်ဆိုရင် US ကိုရောက်ဖူးထားတာတောင် တတိယနိုင်ငံ ၂/၃နိုင်ငံမှာတောက်လျှောက်အင်တာဗျူးဖြေခဲ့ပေမယ့် ဗီဇာမရခဲ့ဘဲ နောက်ဆုံး မြန်မာနိုင်ငံမှာပြန်ဖြေမှသာ Visa ရသွားခဲ့ပါတယ်။

အကြောင်းအရင်းကတော့ ကောင်ဆယ်လာတွေဟာ သူတို့ လေ့ကျင့်သင်ကြားထားတဲ့နိုင်ငံကမဟုတ်တဲ့ တခြားနိုင်ငံကသူတွေရဲ့ စီးပွားရေး၊ပညာရေး၊ လူမှုရေးအကြောင်းအရာတွေကိုမသိတဲ့အတွက် ဗီဇာပေးဖို့အတွက် တွန့်ဆုတ်တတ်ကြပါတယ်။ ဒီကနေ့ဗီဇာဖြေတဲ့အကိုဆိုရင်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ အာမခံလုပ်ငန်း တွေ၊ အထင်ကရဟိုတယ်၊ ရုံးခန်းအဆောက်အဦးတွေ ၊နိုင်ငံတကာအဖွဲ့အစည်းစတာတွေနဲ့ လက်တွဲအလုပ်လုပ်နေသူဖြစ်တဲ့အတွက် မြန်မာနိုင်ငံကလုပ်ငန်းတွေကိုပြောပြတဲ့အခါ မြန်မာနိုင်ငံမှာတာဝန်ကျနေတဲ့ Visa Officer အနေနဲ့ အချက်အလက်ဗဟုသုတရှိထားပြီးသားဖြစ်ပါတယ်။ ဒါကြောင့် applicant ပြောနေတဲ့အကြောင်းအရာအပေါ်သူနားလည်သဘောပေါက်ပြီး ဗီဇာပေးဖို့ကိုလည်းသူ့ကိုယ်သူယုံကြည်မှုရှိမှာဖြစ်ပါတယ်။

သို့ပေမယ့်လည်း မြန်မာနိုင်ငံသံရုံးမှာ appointment ရယူဖို့ခက်တဲ့အတွက် အရေးတကြီးခရီးသွားစရာရှိသူ ဆေးကုရန် US မှာရှိတဲ့မိသားစုဝင်တွေနေထိုင်မကောင်းဖြစ်လို့သွားချင်တာမျိုး ဆုံးပါးသွားလို့သွားချင်တာမျိုးဆိုရင်တော့ Emergency Appointment Request ကိုတောင်းလို့ရပါတယ်။ ဒါပေမယ့် ဗီဇာရဖို့ကတော့ ၁၀၀% သေချာမှာမဟုတ်ဘဲ အင်တာဗျူးကိုကြိုးစားဖြေဆိုပြီး Ties to home country ပြနိုင်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက appointment ကိုမစောင့်ချင်ဘူးဆိုရင်တော့ တတိယနိုင်ငံတွေကနေတဆင့်ဖြေဆိုလို့လည်းရပါတယ်။

"အမေရိကန်အိပ်မက်များကိုအမြန်ဆုံးအကောင်အထည်ဖော်နိုင်ကြပါစေ"

Dream to USA Visa Services
[email protected]
09-9547099901

US Embassy Rangoon Announcement 🎉US Embassy Rangoon မှ ‌Spring 2025 intake ကိုလျှောက်ထားတဲ့ကျောင်းသားတွေအတွက် ရည်ရွယ်ပြီ...
13/08/2024

US Embassy Rangoon Announcement 🎉

US Embassy Rangoon မှ ‌Spring 2025 intake ကိုလျှောက်ထားတဲ့ကျောင်းသားတွေအတွက် ရည်ရွယ်ပြီး additional appointment slot တွေကို ဖောင်ဖြည့်ပြီးရက်ချိန်းယူနိုင်အောင် စီစဥ်ပေးထားတဲ့အကြောင်း ယနေ့ August 13 ရက်နေ့ ရက်စွဲနဲ့စာထုတ်ပြန်ထားပါတယ်။

ရက်ချိန်းယူရမယ့်ရက်ကတော့ လာမယ့် "August 26 ရက်နေ့ မနက် ၉နာရီ" ကနေ "September 6 ရက်နေ့ နေ့လည် ၃နာရီ"အတွင်းကို သံရုံးကချထားပေးတဲ့လင့်ခ်ကနေတဆင့် ဖောင်ဖြည့်ပြီး appointment ယူနိုင်မှာဖြစ်ပါတယ်။

အဲ့ဒီအတွက် ကျောင်းသားအနေနဲ့ I-20 Form ရရှိထားဖို့လိုအပ်ပြီး ဗီဇာလျှောက်လွှာဖောင်ဖြစ်တဲ့ DS160 Form ကိုလည်းဖြည့်ထားရမှာဖြစ်ပါတယ်။

အင်တာဗျူးရက်ချိန်းရရှိကြောင်းကိုတော့ သံရုံးက အောက်တိုဘာ ၄ ရက်နေ့မှာ အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။ သို့သော် ဖောင်ဖြည့်သောသူတိုင်းအတွက် ရက်ချိန်းချထားပေးဖို့အာမ မခံကြောင်းကိုလည်း ရေးသားဖော်ပြထားပါတယ်။

ကျောင်းသားဗီဇာ‌လျှောက်ထားသူတွေအတွက်သာ သီးသန့် ပြုလုပ်ပေးတဲ့ appointment system မို့ အလည်ဗီဇာနှင့်အခြားသောဗီဇာအမျိုးအစားလျှောက်ထားသူတွေကတော့ ရက်ချိန်းယူလို့ရမှာမဟုတ်ပါဘူး။

Dream to USA Visa Services
[email protected]
09-954709901

Address


Telephone

+959954709901

Website

Alerts

Be the first to know and let us send you an email when Dream to USA Visa Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dream to USA Visa Services:

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share