Ask.me/Bangkok

  • Home
  • Ask.me/Bangkok

Ask.me/Bangkok Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ask.me/Bangkok, Tourist Information Center, .

ဆေးခြောက်ပါဝင်တဲ့ ကွတ်ကီးကို စားသုံးမိပြီးနောက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ ဘေးထွက် ဆိုးကျိုးသက်ရောက်မှုတွေခံစားရပြီး ဆေ...
29/06/2022

ဆေးခြောက်ပါဝင်တဲ့ ကွတ်ကီးကို စားသုံးမိပြီးနောက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ ဘေးထွက် ဆိုးကျိုးသက်ရောက်မှုတွေခံစားရပြီး ဆေးရုံတင်ခဲ့ရ

ဆေးခြောက်ပါဝင်တဲ့ အရာတွေ စားသုံးပြီးနောက် ထိုင်းနိုင်ငံမှာ အသက် ၃ နှစ်အရွယ် ကလေးငယ် တစ်ဦး အပါအဝင် ကလေး ၆ ဦးတို့ ဆေးခြောက်ရဲ့ ဘေးထွက်ဆိုးကျိုးလက္ခဏာတွေ ခံစားခဲ့ကြရ တယ်လို့ သိရပါတယ်။

Thaipbsworld သတင်းရဲ့ ရေးသားဖော်ပြချက်ထဲ အသက် ၃ နှစ်အရွယ် ကလေးငယ်ဟာ ဆေးခြောက် ပါဝင်တဲ့ အစားအသောက် ဒါမှ မဟုတ်၊ ဆေးခြောက်ထည့်သွင်းထုတ်လုပ်ထားတဲ့ အမျိုးအစားအမည်မ သိရတဲ့ အပျော်တမ်းအစား အသောက်ကို စားသုံးမိပြီးနောက် ဇွန်လ ၂၁ ရက်နေ့ကနေ ၂၆ ရက်အတွင်း မလိုလားအပ်တဲ့ သက်ရောက်မှုတွေကို ခံစားခဲ့ရတယ်လို့ Royal College of Paediatricians of Thailand and the Paediatrics Society Of Thailand က ထုတ်ပြန်ခဲ့ကြောင်း သိရပါတယ်။

သတင်းအစီရင်ခံမှုကို ကိုးကားပြီး ချူလာလောင်ကွန်းဆေးရုံ၊ ရောဂါပိုးကူးစက်ဖြစ်ပွားခြင်းဆေးပေး စင်တာရဲ့ အကူပရော်ဖက်ဆာ ဒေါက်တာ အိုပက်စ် ပွတ်ချာရွန်က သူ့ရဲ့ ဖေ့ဘွတ်စာမျက်နှာပေါ် အင်္ဂါနေ့ ဇွန်လ ၂၈ ရက်နေ့က ပို့စ်တင်ရေးသားထားပါတယ်။ အဆိုပါ ပို့စ်ထဲ မိန်းကလေးငယ် ဟာ မိသားစုဝင်တစ်ဦးက ဝယ်ယူပြီး သိမ်းဆည်းထားတဲ့ ဆေးခြောက်ပါဝင်တယ်လို့ ယုံကြည်ရတဲ့ ကွတ်ကီးကို စားသုံးခဲ့ပြီးနောက် အိပ်ငိုက်ပြီး အားနည်းလာသလို ဖြစ်ခဲ့တာကြောင့် ဆေးရုံတင်ဆေးကုသမှုတွေ ပေးခဲ့ရတယ်လို့ ဆိုထားပါတယ်။

အခြား ၁၄ နှစ်သားအရွယ် စိတ်ကျန်းမာရေးမကောင်းတဲ့ ဆယ်ကျော်သက်တစ်ဦးမှာလည်းပဲ ဆေးခြောက် ရဲ့ သက်ရောက်မှုတွေ ခံစားရပြီး ၂ ပတ်ကြာ ဆေးကုသမှု မခံယူခဲ့ပဲနေထိုင်ခဲ့ပါတယ်။ သူဟာ သူငယ်ချင်းဖြစ်သူနဲ့ အတူ စိတ်ဖိစီးမှု လျှော့ချဖို့အတွက် ဆေးခြောက်ပါတဲ့ စီးကရက်ကို သောက်ပြီးတဲ့နောက် စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေ ပြောင်းလဲပြီး စိတ်ရှုပ်ထွေးမှုတွေဖြစ်ခဲ့ကာ ဆေးကု သမှုတွေ ပေးခဲ့ပြီး နေအိမ်သို့ ပြန်ပို့ခဲ့ရ တယ်လို့ သိရပါတယ်။

အခြားကလေးဆယ်ကျော်သက် ၁၇ နှစ်နဲ့ ၁၆ နှစ် ကလေးတွေမှာလည်းပဲ အလားတူ ဆေးခြောက် ပါဝင်တဲ့ အစားအသောက်၊ အပန်းဖြေတဲ့ အရာတွေ အသုံးပြုပြီးနောက် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားရပြီး ကုသမှုတွေ ခံယူခဲ့ရပါတယ်။

Ref:thaipbsworld

Covid Vaccine ထိုးချင်တဲ့သူတွေ Bang Sue Stationမှာသွားထိုးလို့ရပါတယ်။အားလုံးသိပြီးသားဖြစ်သော်လည်းထပ်ပြီး သတိပေးတာပါ။ကိုယ...
28/06/2022

Covid Vaccine ထိုးချင်တဲ့သူတွေ Bang Sue Stationမှာသွားထိုးလို့ရပါတယ်။
အားလုံးသိပြီးသားဖြစ်သော်လည်းထပ်ပြီး သတိပေးတာပါ။
ကိုယ်ကဆေးမထိုးရသေးဘူး (or) Booster ထိုးချင်တယ်ဆိုရင် ထိုင်းကိုရောက်တုံး ထိုးသွားလို့ရပါတယ်။( ပိုက်ဆံမပေးရပါဘူး )
ဆေးကတော့ July 31 အထိထိုးပေးနေဦးမယ်လို့ပြောပါတယ်။
အချိန်ကတော့ မနက် 9am ကနေ ညနေ 4pm အထိသွားထိုးလို့ရပါတယ်။
( Moderna’s , Pfizer , Astrazeneca ) ကိုယ်ကြိုက်နှစ်သက်ရာ / အဆင်ပြေရာ ရွေးချယ်နိုင်ပါတယ်။
လောလောဆယ် Moderna’s ဆေးလက်ကျန်ကတော့ ကုန်ပါတော့မယ်။
Pfizer နဲ့ Astrazeneca ကတော့ July 31 အထိရှိနေပါဦးမယ်။
အပြင် ဆေးရုံ/ဆေးခန်းတွေမှာသွားထိုးရင် ပိုက်ဆံပေးရမှာပါ။
အဲ့တော့ ရတုန်းလေး သွားထိုးလိုက်ကြပါ။

✅Passport နဲ့ အရင်ထိုးပြီးသား Vaccine Certificate တွေယူသွားပါ။
လွယ်ပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့်လုပ်သွားရုံပါပဲ။အဲ့ကဝန်ထမ်းတွေကလည်း ကူညီလိုစိတ်အပြည့်ရှိကြပါတယ်။
ထိုးပြီးသွားရင် နောက်ဆုံး Counter (5) မှာCertificate သွားထုတ်လို့ရပါတယ်။
အားလုံးအဆင်ပြေကြပါစေ။ ကျေးဇူးတင်ပါတယ်။

July 01 က စလို့ ထိုင်းနိုင်ငံ ပြည်ဝင်ခွင့် ပုံစံအားလုံးက Covid မဖြစ်ခင်က အတိုင်း နီးပါး ပြန်ဖြစ်သွားပါပြီ။ထိုင်းနိုင်ငံက...
25/06/2022

July 01 က စလို့ ထိုင်းနိုင်ငံ ပြည်ဝင်ခွင့် ပုံစံအားလုံးက Covid မဖြစ်ခင်က အတိုင်း နီးပါး ပြန်ဖြစ်သွားပါပြီ။

ထိုင်းနိုင်ငံကို ဝင်ရောက်ဖို့အတွက်
ThailandPass လျှောက်စရာ မလိုတော့ပါဘူး ။ Quarantine ဝင်စရာလဲ မလိုတော့သလို အာမခံ ဝယ်စရာ မလိုတော့ ပါဘူး။ ကာကွယ် ဆေး ၂ ကြိမ် ထိုးထားတဲ့ အထောက်အထား ပြရုံနဲ့ ထိုင်းနိုင်ငံအတွင်း လွယ်လွယ်ကူကူ ဝင်ရောက် နိုင်ပြီ ဖြစ်ပါတယ်။

အသက် ၅ နှစ် မှ ၁၇ နှစ် ကလေး များ ကတော့ ကာကွယ်ဆေး တစ်ကြိမ်ထိုးထား ဖို့ လိုပါတယ်။

ကန့်သတ်ချက်များ ပယ်ဖျက်ပြီး ဖြစ်ပေမယ့် ထိုင်းနိုင်ငံ ပြည်ဝင်ခွင့်အတွက် အပြန်လက်မှတ် , Hotel Booking , Show Money များကိုတော့ ပြင်ဆင်လာခဲ့ဖို့ လိုပါတယ် ။

Breaking News : ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများ အတွက်သတင်းထူးဇူလိုင် ၁ ရက် နေမှစပြီး  ထိုင်းရောက်ရွှေ့ပြော...
24/06/2022

Breaking News :

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း အလုပ်သမားများ အတွက်သတင်းထူး

ဇူလိုင် ၁ ရက် နေမှစပြီး ထိုင်းရောက်ရွှေ့ပြောင်း အလုပ်သမားများ

🔶 ထိုင်းနိုင်ငံအနှံ့ နယ်ကျော်သွားလာခွင့်

🔶နယ်ကျော် သူဌေးပြောင်းခွင့်
ပြုလိုက်ပါပြီ။

Address


Website

Alerts

Be the first to know and let us send you an email when Ask.me/Bangkok posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share