Sweety Vlog

Sweety Vlog Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sweety Vlog, Travel Service, .

ဗိသုကာအရရော သမိုင်းတန်ဖိုးအရပါ ကြီးကျယ်ခမ်းနားလှသည့် ဝန်ကြီးများရုံးဆီသို့အလည်တစ်ခေါက်==================================...
25/12/2022

ဗိသုကာအရရော သမိုင်းတန်ဖိုးအရပါ ကြီးကျယ်ခမ်းနားလှသည့် ဝန်ကြီးများရုံးဆီသို့အလည်တစ်ခေါက်
===================================

ဝန်ကြီးများရုံးသည် အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ သိမ်ဖြူလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းစတဲ့ ရန်ကုန်မြို့ရဲ့ အဓိကလမ်းမကြီီီီး​လ​ေးခုက ဝန်းရံထားပါတယ်။အများပြည်သူများ လာရောက်််််ကြည့်ရှုနိုင်ရန်အတွက် ​ေန့စဥ်နံနက်(၀၉း၀၀)မှ ည ​ေ​န(၀၅း၀၀)ထိ ပိတ်ရက်မရှိိ ဖွင့့်လှစ်ထားပါတယ်။ဝင််််််ကြေးလူတစ်ယောက်လျှင် (၅၀၀)ကျပ်ပါ၊ အဆောက်အအုံံံံတွေဘက် ဝင်််််ကြည့်လို့ရတဲ့ Guided Heritage Tour လည်းရှိိိိပါတယ်။တစ်ဦးကို(၁၀၀၀)ကျပ်ပါ၊ ဂိတ်ကပေးတဲ့ ကဒ််််ပြားလေးနဲ့အတူ အဆောက်အအုံံံံအလည်ရှိ အလံတိုင်နားမှာ လူစုခိုင်းပြီး Guide တစ်််််ယောက်မှ လိုက်ရှင်းပြပါတယ်။

ပထမဆုံးအနေနဲ့ လွှတ်တော်အဆောက်အအုံထဲရှိ အခန်းတစ်ခန်းမှာ မိနစ်(၂၀)စာ ရုပ်ရှင်ကို Projector ဖြင့် လွတ်လပ်ရေးနေ့ အခမ်းအနား၊ ဗိုလ်ချုပ် ဇာပနအခန်းအနား စတဲ့ သမိုင်းဝင်ရုပ်ရှင်တွေကို ပြသပါတယ်။

လွှတ်တော်ကဟိုးအရင် အင်္ဂလိပ်လက်ထက်က ဆောက်ခဲ့တာဆိုတော့ အခုလက်ရှိ အင်္ဂလန်နိုင်ငံမှာ အသုံးပြုနေတဲ့ လွှတ်တော်ပုံစံနဲ့ တူပါတယ်။လွှတ်တော်ရဲ့ ဒီဇိုင်းက ရုပ်ရှင်ရုံပုံစံဒီဇိုင်း လုပ်ထားပြီးတော့ လွှတ်တော်အလယ်ထိုင်ခုံတွင် လွှတ်တော်ဥက္ကဌထိုင်ပြီး ဥက္ကဌ၏ညာဘက်တွင် အနိုင်ပါတီနှင့် ဘယ်ဘက်အခြမ်းတွင် အတိုက်ခံပါတီ မျက်နှာခြင်းဆိုင် ပုံစံမျိုးဖြင့် လွှတ်တော်ကိုဖွဲ့စည်းတည်ဆောက်ထားပါတယ်။ လွှတ်တော်ထဲတွင် လူဦးရေ(၂၅၀)ခန့် ဝင်ဆန့်ပါတယ်။ လွှတ်တော်ထဲက ခုံအများစုဟာ များသောအားဖြင့် ကျွန်းသစ်ကိုပဲ အသုံးပြုထားပါတယ်။

ယခုမြင့်တွေ့ရသော အလံမှာ (၁၉၄၈)မှ (၁၉၇၄)ထိ အသုံးပြုခဲ့သော အလံဖြစ်ပါတယ်။ကြယ်ငါးလုံးကတော့ ပင်လုံစာချုပ်မှာပါဝင်တဲ့ တိုင်းရင်းသား ငါးမျိုးကို ကိုယ်စားပြုပြီးတော့ ကြယ်ကြီးကတော့ တစ်နိုင်ငံလုံးကို ကိုယ်စားပြုပါတယ်။

လွှတ်တော်အတွင်းရှိမျက်နှာဂျက်မှာတော့ ယူနီယံဂျက်အလံကို ပုံဖော်ထားတာကို တွေ့မြင်နိုင်ပါတယ်။

(လွှတ်တော်ထဲတွင် Photo/Video များရိုက်ခွင့်မပြုပါဘူး)

လွှတ်တော်ရဲ့အပြင်ဘက်မှာ အရင်ကအသုံးပြုခဲ့တဲ့ England နိုင်ငံထုတ် နာရီကြီးကိုတွေ့မြင်ရမှာဖြစ်ပါတယ်။နောက်ပြီး အဆောက်အအုံကြီးကို မိုးခဲ့သော ကျောက်ပြားများကိုလည်း လေ့လာနိုင်ပါတယ်။

ဗိသုကာအရရော သမိုင်းတန်ဖိုးအရပါ ခမ်းနားကြီးကျယ်လှသော ဝန်ကြီးများရုံးအဆောက်အအုံကြီးကို ဗြိတိသျှအစိုးရလက်ထက် ဗြိတိသျှဗိသုကာပညာရှင် Mr.Henry Hoyue-Fox ကအဆောက်အအုံတစ်ခုလုံးကို ဒီဇိုင်းရေးဆွဲ ပြီး (၁၈၈၉)မှစတင် ဆောက်လုပ်ခဲ့ပါသည်။

နောက်ပြီး ပန်းချီပြခန်းလေးရယ်၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်လေးရယ်၊ Coffee ဆိုင်လေးတွေလည်း ပြန်ဖွင့်နေပါပြီ။

A visit to the minister's office, which is magnificent in terms of architecture and historical value
==================================

The Ministers Office is Anawrahta Road, Mahabandula Road, It is surrounded by the four main roads of Yangon, starting with Thein Phyu Road and Bo Aung Kyaw Road. It is open for the public to visit from 09:00 a.m. to 05:00 p.m. without any holidays. The entrance fee is 500 kyats per person. There is also a guided heritage tour where you can see the walls of the building. 1000 kyat per person. With the card given by the gate, we asked people to gather near the flagpole around the entrance of the building and a guide explained it to us.

First of all, a 20-minute movie was shown on a projector in a room in the parliament building, the Independence Day celebration. Shows historical films such as General Zapana's room.

The parliament was built during the British era, so it is similar to the parliament currently used in England. The design of the parliament is a movie theater design, and the president sits in the middle of the parliament, with the winning party to the right of the president and the opposition party to the left. There are about 250 people in the parliament. Most of the seats in the Hluttaw are usually made of teak wood.

The flag that Myint is seeing now is the flag that was used from (1948) to (1974). The five stars represent the five ethnic groups included in the Panglong Treaty, and the big star represents the entire country.

The Union Jack flag can be seen on the facade of the Parliament.

(Photos/Videos are not allowed in the Parliament)

Outside the parliament, you can see a large clock made in England that was used before, and you can also study the stone slabs that covered the building.

In terms of architecture and historical value, the grand ministerial office building was designed by the British architect Mr. Henry Hoyue-Fox during the British government and started construction (1889).

Also, the art gallery souvenir shop Coffee shops have also reopened.

မြန်မာ့အမြင့်ဆုံးမြို့_ဖလမ်းမြို့==================ချင်းပြည်နယ် ဖလမ်းမြို့သည် ဗန်ကာအိုတောင်ပြာတန်းကြီးပေါ်၌ ပေါက်ရောက်သည...
25/12/2022

မြန်မာ့အမြင့်ဆုံးမြို့_ဖလမ်းမြို့
==================
ချင်းပြည်နယ် ဖလမ်းမြို့သည် ဗန်ကာအိုတောင်ပြာတန်းကြီးပေါ်၌ ပေါက်ရောက်သည့် ထင်းရှူးပင်များကြားမှ ထင်းရှူးရနံ့လှိုင်လှိုင်သင်းခြင်း၊ ဆောင်းရာသီတွင် တစ်မြို့လုံးအနှံ့ ချယ်ရီပန်းများဝေဝေဆာဆာ ဖူးပွင့်လျက်ရှိခြင်း၊ စိန်ပန်းနီနှင့် စိန်ပန်းပြာများဖြင့် ရာသီအလိုက် မြို့အလှတန်ဆာဆင်ထားသောကြောင့် နေချင်စဖွယ်ကောင်းလှသည့် မြို့ဖြစ်သည်။ဖလမ်းမြို့ သည်ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၅,၂၈၃ ရှိသော ဗန်ကာအိုတောင်တန်းကြီးပေါ်တွင် တည်ရှိပြီး အရှေ့မှအနောက်သို့ ၄၀ မိုင်၊ တောင်မှမြောက်သို့ ၂၂ မိုင်ခန့်နှင့် ဧရိယာစတုရန်းမိုင် ၉၁၄.၈၇ မိုင်ခန့်ရှိကာ ၅၈၅,၅၁၄ ဧက ကျယ်ဝန်းပါသည်။ဗန်ကာအိုတောင်တန်းကြီးသည် ၁၈၈၉ခုနှစ်တွင် ဗြိတိသျှတို့က စခန်းချအသုံးပြုသည့် တောင်တန်းကြီးဖြစ်ပြီး ၁၈၉၂ ခုနှစ် ဧပြီလမှ ဇွန်လအတွင်း ဗြိတိသျှတို့က ယခုဗလိုင်ရပ်ကွက်မြေနေရာတွင် စစ်စခန်းနှင့် အုပ်ချုပ်ရေးဌာန စတင်တည်ထောင်လျှက် ဖလမ်းမြို့ဟုခေါ်ဝေါ်အသုံးပြုခဲ့သည်။ဖလမ်းမြို့၌ ယခုချိန်တွင် အဆောက်အအုံနှင့် အိမ်ခြေ ၁,၇၂၄ ခန့်ရှိပြီး လူဦးရေ ၇,၇၀၀ ကျော်ခန့်နေထိုင်သည်။ ဖလမ်းမြို့သည် ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့သို့ သွားရာလမ်းမကြီးပေါ်တွင်တည်ရှိကာ မြို့ပေါ်တွင် ရပ်ကွက်ကြီးလေးခု၊ အထက်တန်းကျောင်း နှစ်ကျောင်း၊ အထက်တန်းကျောင်းခွဲ တစ်ကျောင်း၊ ခုတင် ၂၀၀ ဆံ့ဆေးရုံတစ်ရုံ၊ သူနာပြုသင်တန်းကျောင်း အလွန်စည်ကားလျက်ရှိသည်။ဖလမ်းမြို့တွင် ကျေးရွာပေါင်း ၁၆၀ ရွာရှိသည်။သောက်သုံးရေ အတွက် တောတောင်များကြားမှထွက်ရှိသော သဘာဝစိမ့်စမ်းရေများကိုသာ အသုံးပြုကြသည်။ လျှပ်စစ် ဓာတ်အားအနေဖြင့် ငဆစ်ဗားရေအားလျှပ်စစ်မှ ၂၄ နာရီလျှပ်စစ်မီးရရှိ သဖြင့် ပြည်သူများနေထိုင်မှုအဆင်ပြေကြပြီး သန့်ရှင်းသောလေ၊ ရေသန့်များရရှိကာ အလွန်သာယာသည့်မြို့ဖြစ်သည်။

Myanmar's highest city_Falang city
==================
Phalam city in Chin State, the scent of pine wafts through the pine trees that grow on the Van Kao mountain range. In winter, cherry blossoms are blooming all over the city. It is a beautiful city to live in because it is decorated seasonally with red diamond flowers and blue diamond flowers. Phalam city is located on the Van Kao Mountain at an altitude of 5,283 feet above sea level, 40 miles from east to west. It is about 22 miles from south to north and has an area of ​​914.87 square miles, covering an area of ​​585,514 acres. Van Kao Mountain was used as a camp site by the British in 1889, and between April and June 1892, the British established a military camp and administrative center on the land of Balai Ward and called it Falam City. At present, Falam City has about 1,724 buildings and houses and a population of more than 7,700. Falang is located on the main road to Hakha, the capital of Chin State. two high schools; A high school branch, A 200-bed hospital The nursing school is very busy. There are 160 villages in Phalam. For drinking water, they only use natural spring water from the mountains. In terms of electricity, Nga Sivara Hydroelectricity provides 24-hour electricity, making people's lives comfortable, clean air, It is a very pleasant city with clean water.

Address


Website

Alerts

Be the first to know and let us send you an email when Sweety Vlog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share