𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬

  • Home
  • 𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬

𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬 ထိုင်းနိုင်ငံ ချင်းမိုင်၊ ချင်းရိုင်၊ ဘန်ကောက် ခရီးသွားဝန်ဆောင်မှု
ဟိုတယ်ဘိုကင်နှင့် လေယာဉ်လက်မှတ်၊ ကားလက်မှတ်၊ ရထားလက်မှတ်အရောင်းလုပ်ငန်း

ချင်းမိုင်မှာ 🤑Budget Save 🤑  ပြီး လည်ပတ်ဖို့အတွက် ဘယ်လိုတွေလုပ်လို့ရလဲ ??1️⃣ အများသုံး ဘတ်စ်ကား/ကားနီ/ကားဝါ စတာတွေစီးပြ...
30/01/2025

ချင်းမိုင်မှာ 🤑Budget Save 🤑 ပြီး လည်ပတ်ဖို့အတွက် ဘယ်လိုတွေလုပ်လို့ရလဲ ??

1️⃣ အများသုံး ဘတ်စ်ကား/ကားနီ/ကားဝါ စတာတွေစီးပြီးလည်ပတ်ခြင်း
2️⃣ အသိမိတ်ဆွေတွေရဲ့ အကူအညီနဲ့ လည်ပတ်ခြင်း စတဲ့အကြောင်းလေးတွေရဲ့ကောင်းတဲ့အချက်နဲ့မကောင်းတဲ့အချက်လေးတွေ ကို မင်မင်တို့ မျှဝေပေးပါမယ်နော်...

1️⃣ အများသုံး ဘတ်စ်ကား/ကားနီ/ကားဝါ စတာတွေနဲ့ လည်ပတ်ခြင်း

🚌 ချင်းမိုင်မှာ အားလုံးသိကြတဲ့အတိုင်း တနေရာနဲ့ တနေရာကိုသွားလာတော့မယ်ဆိုရင် လိုင်းကားစီးဖို့ထက် grab ငှား bolt ငှားပြီးသွားရတာက ရောက်နိုင်ခြေပိုများပါတယ်။ လိုင်းကား(ကားနီ) တွေဟာ ဈေးနှုန်းသက်သာတာမှန်ပေမဲ့ သူတို့သွားတဲ့ Route ပေါ်မှာပဲ ကိုယ်က တက်လိုက်ပြီးတော့သူတို့ ချပေးတဲ့နေရာမှာပဲဆင်းခဲ့ရတာပါ။ ဒီအတိုင်းသွားမယ်ဆိုရင်တော့တဦးကိုတော့ဘတ် ၃၀ ပဲပေးရပါတယ်။ ဒါပေမဲ့ အဲဒီလို သူတို့သွားတဲ့နေရာ ကို မသွားချင်ဘူး ကိုယ့်သွားချင်တဲ့နေရာ သွားချင်တာဆိုရင်တော့ ညှိနှိုင်းပြီးတော့ ဈေးကိုတောင်းသလောက်ပေးပြီးသွားမယ်ဆိုရင်တော့ရပါတယ်။ ကားစင်းလုံးငှားတဲ့သဘောမျိုးပါ။

🤩🥰 ကောင်းတဲ့အချက်တွေက ဘာတွေဖြစ်မလဲ

သေချာတာပေါ့၊ ဈေးနှုန်းသက်သာတယ်လေ၊ ✅💲 ဈေးနှုန်းက ဒီ ကားနီတွေ စင်းလုံးငှားရင်တောင် မူလ ဈေးထက်တော့ ကိုး...ဆယ်....ဆ ကွာနေသေးတာမို့ သေချာပေါက် ဘတ်ဂျက်ခရီးဖြစ်စေမှာပါ။ သွားချင်တဲ့ နေရာတွေဆီကိုလည်း ငွေသိပ်မကုန်ဘဲရောက်နိုင်တယ်၊ ချင်းမိုင်ရဲ့ signature ကားလေးတွေစီးပြီးတော့သွားတာဆိုတော့ feeling အသစ်အဆန်းဖြစ်စေမယ်📸 ပုံလေးတွေရိုက်လို့ကောင်းမယ် သေချာပေါက်အမှတ်တရဖြစ်မယ်ဆိုတော့အဆင်ပြေပါတယ်။ 😉😇

😢😳မကောင်းတဲ့အချက်က ဘာတွေဖြစ်မလဲ

ထိုင်းစကားပြောတတ်မှပဲ ဒီလို သွားတာလာတာကိုလုပ်လို့ရပါမယ်။ ဘယ်နှစ်နာရီ/ မိနစ် ကြာမယ် စောင့်ပေးပါ၊ ပြန်လာမယ် စတာတွေပြောရဦးမှာဖြစ်သလိုမျိုး ဒီနေရာရောက်လား ပိတ်ပြီလား ဖွင့်သေးလားစတာတွေလည်းမေးရဦးမှာမလို့ပါ။ translate ကိုအားကိုးရင်ရောမရဘူးလားဆိုတော့ရနိုင်ပါတယ်။သွားမယ့်နေရာတွေက သမားရိုးကျ အလည်အပတ်နေရာတွေဆိုရင်ပြဿနာမရှိပါဘူး။

သို့သော်... သွားမှာကတခြား နားလည်မှုလွဲလို့ ချထားခဲ့တဲ့နေရာတခြားဆိုရင်တော့ ၊ 🥴 ကံဆိုးစွာနဲ့ သူချထားခဲ့တဲ့နေရာကနေ ပြန်လာဖို့ ဘာဘတ်စ်မှ အလွယ်တကူရှိမနေဘူးဆိုရင်တော့ လာသမျှကားလက်တားပြီး ပြန်လာရုံပဲရှိပါမယ်။ ကံကောင်းရင်တော့ရပ်ပေးတဲ့ကားနဲ့တွေ့မှာပါ။ ကံမကောင်းရင်တော့ ကားတစီးထပ်ခေါ်ရပြီး ဆင်ဖိုးထက်ချွန်းဖိုးကျနိုင်ပါတယ်။ ကံကောင်းရင်တော့ လိုင်းမိတဲ့နေရာက ကားတွေခေါ်လို့ရနိုင်ပေမဲ့ ကံမကောင်းရင်တော့လိုင်းပါမမိရင် ဒုက္ခများနိုင်ပါတယ်။

နောက်တော့ လိုင်းကားဖြစ်တာမို့ ကားကိုဖြည်းဖြည်းမောင်းနော်။ အဲကွန်းကမအေးဘူး၊ အကွေ့တွေအကောက်တွေရှိရင် ဖြည်းဖြည်းကွေ့ပေးပါ၊ ထိုင်ခုံက မငြိမ့်လို့၊ ကားမူးလို့ အဲလိုတွေ သွားပြီး ကွန်ပလိန်းလို့လည်းမရနိုင်ဘူးပေါ့နော်။

ဒါကတော့ Option 1 budget save ပါ အပေါ်ကပြောတဲ့အချက်တွေနဲ့ချိန်ထိုးပြီးတော့ အဆင်ပြေရင် အဲဒီ option အတိုင်းရွေးနိုင်ပါတယ်။

2️⃣ နောက်တနည်းက တော့ ဒေသခံ မိတ်ဆွေသူငယ်ချင်းအပေါင်းအသင်းတွေရဲ့အကူအညီနဲ့ သူတို့အိမ်က ကားနဲ့လိုက်ပို့ခိုင်းတာပါ။ တနည်း (ကုန်းဆင်း) ခရီးစဉ်ပေါ့နော်...😅😁

ကုန်းဆင်းခရီးစဉ်ရဲ့ ကောင်းကျိုးတွေက ဘာတွေဖြစ်မလဲဆိုတော့ ဒေသခံ ဘော်ဒါတွေ လိုက်ပို့တဲ့နေရာကိုအေးဆေးလိုက်သွားရုံပဲ။ 🚗🚙 သူတို့ကလည်းရောက်ဖူးပြီးသားဆိုတော့ ဘယ်ကိုသွားမယ် ဘယ်မှာကဘယ်လို ဘာညာ နဲ့ ဂိုက်လုပ်ပေးမှာဆိုတော့ အေးဆေးပါပဲ 🆗

မိတ်ဆွေဆိုတော့ကားခ ဘာညာလည်းပေးဖို့မလိုဘူးဆိုတော့ ဒီအပိုင်းမှာတော့ဘတ်ဂျက်save ဖြစ်မှာပါ။ 🤑 နောက်ပြီး ကိုယ့်မြန်မာအချင်းချင်း မိတ်ဆွေအချင်းချင်းဆိုတော့ အေးရာအေးကြောင်း လည်ပတ်နိုင်မှာပါ။ ရှေးဟောင်းနှောင်းဖြစ်လေးတွေ စကားတပြောပြောနဲ့လည်ကြ အမှတ်တရ ပုံလေးတွေရိုက်ကြဆိုတော့ ဗဲရီးဂွတ်ပါပဲ 🆒

ဆိုးကျိုး.....😢
ကုန်းဆင်းခရီးစဉ်မှာရော ဆိုးကျိုးရှိတာလားးးး 🤔🤔
အင်းးး
ဆိုးကျိုးရှိပါတယ်....

ဆိုးကျိုးကတော့ ဥပမာ မင်မင်တို့လို ဒေသခံ မိတ်ဆွေရှိလို့ အလည်လိုက်ပို့ခိုင်းကြတဲ့ ဧည့်သည်တွေ အများစုကြုံရလေ့ရှိတဲ့ ဆိုးကျိုးပါ။ ဟီဟီ 😜😜 ဒါကတော့ဘာလဲဆိုတော့ ဧည့်သည်တွေလာရင် မင်မင်တို့က မိသားစုအလိုက်ကို လိုက်ပို့ပါတယ်။ ဒါပေမဲ့ စားချိန်ရောက်တဲ့အခါကျရင်တော့ အလကားလိုက်ပို့ထားတာဆိုတော့ ဧည့်သည်တွေက အားနာနာနဲ့ပြန်ကျွေးရတော့တာပါပဲ။ 😋😋 လာတဲ့ဧည့်သည်က ၁ ဦးတည်း လိုက်ပို့တာက မိသားစု ၄ယောက် စားစရိတ်က ၅ ဦးစာ ရှင်းဆိုတော့လေ ဧည့်သည်ခမျာ ကားခ ထက်စားစရိတ်က ပိုကျသွားတာမျိုးကြုံရနိုင်ပါတယ်၊ (ဆောတီး) 😅 😲နောက်တော့ ကားနဲ့လိုက်ပို့တာပဲ အားနာစရာကြီး ဆီလေးတော့ဖြည့်ပေးဦးမှပါပဲဆိုပြီး ဧည့်သည်တွေက အားနာနာနဲ့ ဆီဖိုးတွေဘာတွေ ရှင်းပေးလိုက်ရတာမျိုးလည်းရှိပါတယ်။ ဒီတော့ပြန်တွက်ကြည့်ရင်တော့ ဒီဆိုးကျိုးပါလာမယ်ဆိုရင် ဈေးအရမ်းကွာသွားမှာတော့မဟုတ်တော့ဘူးဆိုတာပါပဲ။

ဒီတော့မင်မင်ရေ

ဒိုးက တော့ တော်ပါပြီ ကုန်ကျစရိတ် ကြိုသိပြီးသွားချင်ရင်သွားမယ်၊ သွားနိုင်ရင်သွားမယ်။ အခြားဈေးသက်သာတဲ့ဆီနဲ့သွားချင်ရင်လည်းသွားမယ်။ အခုလို unseen budget save နဲ့တော့ ရင်တထိတ်ထိတ်မသွားချင်တော့ပါဘူးမင်တို့ ပုံမှန်ဧည့်သည်ပို့တဲ့ဈေးတွေနဲ့ ပက်ကေ့တွေသာပြောတော့ဆိုရင်တော့ အခုပဲလာရောက်စုံစမ်းမေးမြန်းလို့ရပါတယ်နော်။

𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬
𝗣𝗵𝗼𝗻𝗲 : 𝟎𝟔𝟐 𝟎𝟒𝟏 𝟏𝟏𝟐𝟔
𝐋𝐢𝐧𝐞 𝐈𝐃 : 𝐬𝐮𝐰𝐢𝐧𝐭𝐜𝐡𝐢𝐚𝐧𝐠𝐦𝐚𝐢
𝐕𝐢𝐛𝐞𝐫: + 𝟔𝟔 𝟔𝟐 𝟎𝟒𝟏 𝟏𝟏𝟐𝟔
ချင်းမိုင် #ချင်းရိုင်

29/01/2025

ချင်းမိုင်ဟာ ဒုတိယ မန္တလေးဆိုရင် ♥️
ချင်းတောင်ဟာ ဒုတိယ ကရင်ပြည်နယ် ဇွဲကပင် ♥️ လို့ တင်စားရမှာပါ

မြန်မာပြည်ကို လွမ်းနေကြတဲ့ 😍 မိတ်ဆွေတွေအတွက် အလွမ်းဖြေဖို့ပဲဖြစ်ဖြစ် ....
မြန်မာပြည်ရဲ့ ဒုတိယ မြို့တွေနေရာတွေဘာကြောင့်ဖြစ်လဲဆိုပြီး 🧐 စူးစမ်းဖို့ပဲဖြစ်ဖြစ် ....
ဘာနေနေ အပန်းပြေရင်ပြီးရော 🥰ဆိုတဲ့သူတွေအတွက်ပဲဖြစ်ဖြစ် ....
ချင်းမိုင် မယ့်ကမ်ဘောင်၊ မွန်းဂျန်၊ ဒွိုင်အင်သနွန် ၊ ချင်းရိုင် ခရီးစဉ်တွေရိုးသွားပြီ 😁 ဆိုတဲ့သူတွေပဲဖြစ်ဖြစ် ......

သွားရောက်လည်ပတ်ဖို့ရွေးချယ်စရာနေရာတစ်ခုကတော့ 𝐂𝐡𝐢𝐚𝐧𝐠 𝐃𝐚𝐨 𝐂𝐚𝐯𝐞 ပါပဲ....

ဒီတော့ 𝐂𝐡𝐢𝐚𝐧𝐠 𝐃𝐚𝐨 𝐂𝐚𝐯𝐞 ဟာဘယ်လိုစိတ်ဝင်စားဖို့ကောင်းတယ် အထဲမှာဘယ်လိုအခြေအနေရှိမယ်ဆိုတာ video လေးထဲကတဆင့်လိုက်လည်ကြည့်ကြပါဦးနော် 🚗🚙

𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬 မှာဆိုရင် ချင်းမိုင်မြို့တွင်း၊ မြို့ပြင် တောင်ပေါ် ခရီးစဉ်တွေအလိုက် မိမိတို့အသုံးပြုလိုတဲ့ဘတ်ဂျက်အလိုက်၊ ရက်အလိုက်ကားအမျိုးအစား အစုံကိုတနေရာတည်းမှာ ငှားရမ်းရယူနိုင်မှာဆိုတော့ ချင်းမိုင်လာရောက်မယ် လည်ပတ်တော့မယ်ဆိုရင် အခုပဲ ဆက်သွယ်မေးမြန်းဖို့ဖိတ်ခေါ်လိုက်ပါတယ်။

𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬
𝗣𝗵𝗼𝗻𝗲 : 𝟎𝟔𝟐 𝟎𝟒𝟏 𝟏𝟏𝟐𝟔
𝐋𝐢𝐧𝐞 𝐈𝐃 : 𝐬𝐮𝐰𝐢𝐧𝐭𝐜𝐡𝐢𝐚𝐧𝐠𝐦𝐚𝐢
𝐕𝐢𝐛𝐞𝐫: + 𝟔𝟔 𝟔𝟐 𝟎𝟒𝟏 𝟏𝟏𝟐𝟔
ချင်းမိုင်

23/01/2025
(၁၀) ယောက်စီးကားတွေ ၊ ကားနီတွေနဲ့ အိမ်စီးကားတွေ ပါ မကျန် 𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬 အဖွဲ့ ကို ယုံကြည်စွာ အားပေးသွားကြတဲ့ ဧည့်သည်တော်တွေ ...
19/01/2025

(၁၀) ယောက်စီးကားတွေ ၊ ကားနီတွေနဲ့ အိမ်စီးကားတွေ ပါ မကျန် 𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬 အဖွဲ့ ကို ယုံကြည်စွာ အားပေးသွားကြတဲ့ ဧည့်သည်တော်တွေ နဲ့ အတူ လက်တွဲဆောင်ရွက်ခွင့်ပေးပါတဲ့ မိတ်ဆွေ Noble Boutique Hotel မိသားစုအဖွဲ့ ကို 𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬 မိသားစုကနေ အထူးကျေးဇူးတင်ရှိပါတယ်။ 😍🙏

မိတ်ဟောင်းမိတ်သစ် မိတ်ဆွေများ၊ ဖောက်သည်တော်ကြီးများနှင့် တွဲဖက်လုပ်ဖော်ကိုင်ဖက်ပါတနာမိသားစုများအားလုံးစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနှင့်တလုံးတဝပြည့်ဝကြပါစေလို့ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ 🙏

Photo Credit to Noble Boutique Hotel

𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬 မှာ ဆိုရင် ချင်းမိုင်မြို့တွင်း၊ မြို့ပြင် တောင်ပေါ် ခရီးစဉ်တွေအလိုက် မိမိတို့အသုံးပြုလိုတဲ့ဘတ်ဂျက်အလိုက်၊ ရက်အလိုက်ကားအမျိုးအစား အစုံကိုတနေရာတည်းမှာ ငှားရမ်းရယူနိုင်မှာဆိုတော့ ချင်းမိုင်လာရောက်မယ် လည်ပတ်တော့မယ်ဆိုရင် အခုပဲ ဆက်သွယ်မေးမြန်းဖို့ဖိတ်ခေါ်လိုက်ပါတယ်။

𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬
𝗣𝗵𝗼𝗻𝗲 : 𝟎𝟔𝟐 𝟎𝟒𝟏 𝟏𝟏𝟐𝟔
𝐋𝐢𝐧𝐞 𝐈𝐃 : 𝐬𝐮𝐰𝐢𝐧𝐭𝐜𝐡𝐢𝐚𝐧𝐠𝐦𝐚𝐢
𝐕𝐢𝐛𝐞𝐫: + 𝟔𝟔 𝟔𝟐 𝟎𝟒𝟏 𝟏𝟏𝟐𝟔

#ချင်းမိုင် #ချင်းရိုင်

"ချင်းမိုင်မြို့အနီးတဝိုက် ဖူးမြော်လည်ပတ်နိုင်မည့် ဘုရားစေတီ ပုထိုး 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 များ"🇹🇭 ချင်းမိုင် ကို ဘုရားဖူး ခရီးစဉ်လာရေ...
18/01/2025

"ချင်းမိုင်မြို့အနီးတဝိုက် ဖူးမြော်လည်ပတ်နိုင်မည့် ဘုရားစေတီ ပုထိုး 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 များ"

🇹🇭 ချင်းမိုင် ကို ဘုရားဖူး ခရီးစဉ်လာရောက်ကြတဲ့ မိတ်ဆွေတွေနဲ့ ချင်းမိုင် (ဇင်းမယ်) ရောက်တုန်း ဘုရားတွေချည်းပဲသွားချင်တယ်ဆိုတဲ့ ဖေဖေ၊ မေမေ၊ ဦးဦး ဒေါ်ဒေါ် ဖိုးဖိုးဖွားဖွားတို့ အတွက် ချင်းမိုင်မြို့နဲ့မနီးမဝေးမှာရှိတဲ့ တန်ခိုးကြီးဘုရားတွေရဲ့ တည်နေရာလေးတွေကိုတစုတစည်းတည်းဖော်ပြပေးထားပါတယ်။

အသုံးလိုအပ်သူမိတ်ဆွေများအားလုံး အခမဲ့ ကူးယူနိုင်သလို Save ထား Share ထားလို့လည်းရပါတယ်။

𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬 မှာ ဆိုရင် ချင်းမိုင်မြို့တွင်း၊ မြို့ပြင် တောင်ပေါ် ခရီးစဉ်တွေအလိုက် မိမိတို့အသုံးပြုလိုတဲ့ဘတ်ဂျက်အလိုက်၊ ရက်အလိုက်ကားအမျိုးအစား အစုံကိုတနေရာတည်းမှာ ငှားရမ်းရယူနိုင်မှာဆိုတော့ ချင်းမိုင်လာရောက်မယ် လည်ပတ်တော့မယ်ဆိုရင် အခုပဲ ဆက်သွယ်မေးမြန်းဖို့ဖိတ်ခေါ်လိုက်ပါတယ်။

𝐖𝐚𝐭 𝐏𝐡𝐫𝐚 𝐓𝐡𝐚𝐭 𝐃𝐨𝐢 𝐒𝐮𝐭𝐡𝐞𝐩
https://maps.app.goo.gl/nxrPT3KY8Jx9HQeP6

𝐖𝐚𝐭 𝐏𝐡𝐚 𝐋𝐚𝐭
https://maps.app.goo.gl/3R818op8bWQURcMG8

𝐖𝐚𝐭 𝐏𝐡𝐫𝐚𝐭𝐡𝐚𝐭 𝐃𝐨𝐢 𝐊𝐡𝐚𝐦
https://maps.app.goo.gl/62SDYPMPMfMLXNNg7

𝐖𝐚𝐭𝐜𝐡𝐞𝐝𝐢𝐥𝐮𝐚𝐧𝐠 𝐕𝐚𝐫𝐚𝐯𝐢𝐡𝐚𝐫𝐧
https://maps.app.goo.gl/98xpspYUAHqz4Cgd6

𝐖𝐚𝐭 𝐂𝐡𝐢𝐚𝐧𝐠 𝐌𝐚𝐧
https://maps.app.goo.gl/bWnbukZ9Am1xFYyR8

𝐖𝐚𝐭 𝐋𝐨𝐤 𝐌𝐨𝐥𝐢
https://maps.app.goo.gl/mVHfKxewxZgDdLhD7

𝐖𝐚𝐭 𝐒𝐫𝐢 𝐒𝐮𝐩𝐡𝐚𝐧
https://maps.app.goo.gl/Tv3wLH5se49knT8J6

𝐖𝐚𝐭 𝐏𝐡𝐫𝐚 𝐒𝐢𝐧𝐠𝐡 𝐖𝐨𝐫𝐚𝐦𝐚𝐡𝐚𝐰𝐢𝐡𝐚𝐧
https://maps.app.goo.gl/aERifyxqf3UWehAe7

𝐖𝐚𝐭 𝐒𝐮𝐚𝐧 𝐃𝐨𝐤
https://maps.app.goo.gl/d2y2wkjCqyMUiTN78

𝐖𝐚𝐭 𝐔𝐦𝐨𝐧𝐠 𝐒𝐮𝐚𝐧 𝐏𝐮𝐭𝐭𝐡𝐚𝐭𝐡𝐚𝐦
https://maps.app.goo.gl/grNPXGpx75uDcRZXA

𝐖𝐚𝐭 𝐉𝐞𝐝 𝐘𝐨𝐭, 𝐏𝐡𝐫𝐚 𝐀𝐫𝐚𝐦 𝐋𝐮𝐚𝐧𝐠
https://maps.app.goo.gl/6Y9KEAa5HQXps9Dq8

𝐖𝐚𝐭 𝐏𝐡𝐚𝐧𝐭𝐚𝐨
https://maps.app.goo.gl/in3TiYMSPy5B5q9NA

𝐖𝐚𝐭 𝐋𝐨𝐢 𝐊𝐫𝐨𝐡
https://maps.app.goo.gl/4pNYAVnqMqtvEUcj8

𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬
𝗣𝗵𝗼𝗻𝗲 : 𝟎𝟔𝟐 𝟎𝟒𝟏 𝟏𝟏𝟐𝟔
𝐋𝐢𝐧𝐞 𝐈𝐃 : 𝐬𝐮𝐰𝐢𝐧𝐭𝐜𝐡𝐢𝐚𝐧𝐠𝐦𝐚𝐢
𝐕𝐢𝐛𝐞𝐫: + 𝟔𝟔 𝟔𝟐 𝟎𝟒𝟏 𝟏𝟏𝟐𝟔
#ချင်းမိုင် #ဘုရားများ

"ဘတ်ဂျက်ခရီးစဉ်မို့" ဆိုတဲ့ ဧည့်သည်တွေရှိပါလား📣📣📣ဘတ်ဂျက်ခရီးစဉ် ကို ချင်းမိုင်ရဲ့ Signature 🔴 ကားနီလေး တွေ နဲ့ သွားကြမယ်...
15/01/2025

"ဘတ်ဂျက်ခရီးစဉ်မို့" ဆိုတဲ့ ဧည့်သည်တွေရှိပါလား📣📣📣

ဘတ်ဂျက်ခရီးစဉ် ကို ချင်းမိုင်ရဲ့ Signature 🔴 ကားနီလေး တွေ နဲ့ သွားကြမယ်ဆိုရင် မိတ်ဆွေတို့ ရွေးချယ်စရာ 𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬 page ရှိပါမယ်နော်.......❣️

📌 𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬 မှာဆိုရင် ချင်းမိုင်မြို့တွင်း၊ မြို့ပြင် တောင်ပေါ် ခရီးစဉ်တွေအလိုက် မိမိတို့အသုံးပြုလိုတဲ့ဘတ်ဂျက်အလိုက်၊ ရက်အလိုက်ကားအမျိုးအစား အစုံကိုတနေရာတည်းမှာ ငှားရမ်းရယူနိုင်မှာဆိုတော့ ချင်းမိုင်လာရောက်မယ် လည်ပတ်တော့မယ်ဆိုရင် အခုပဲ ဆက်သွယ်မေးမြန်းဖို့ဖိတ်ခေါ်လိုက်ပါတယ်။ 🙏

𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬
𝗣𝗵𝗼𝗻𝗲 : 𝟎𝟔𝟐 𝟎𝟒𝟏 𝟏𝟏𝟐𝟔
𝐋𝐢𝐧𝐞 𝐈𝐃 : 𝐬𝐮𝐰𝐢𝐧𝐭𝐜𝐡𝐢𝐚𝐧𝐠𝐦𝐚𝐢
𝐕𝐢𝐛𝐞𝐫: + 𝟔𝟔 𝟔𝟐 𝟎𝟒𝟏 𝟏𝟏𝟐𝟔

#ကားနီ #ချင်းမိုင်

ချင်းမိုင်ရောက်တုန်း တနေရာနှင့်တနေရာသွားဖို့ စရိတ်စက ကာမိအောင်လို့  🤑🤑Self Drive 🚗🚗🚗 ကားလေး တစီးငှားချင်ပေမဲ့ ကားအကြီးကြ...
13/01/2025

ချင်းမိုင်ရောက်တုန်း တနေရာနှင့်တနေရာသွားဖို့ စရိတ်စက ကာမိအောင်လို့ 🤑🤑
Self Drive 🚗🚗🚗 ကားလေး တစီးငှားချင်ပေမဲ့
ကားအကြီးကြီးလည်းမမောင်းချင်ဘူး 😉😀
အာမခံမပါရင်လည်း မ‌မောင်းရဲဘူး 😥🥲
အင်ဂျင်ပါဝါကြီးတာကြီးကျတော့လည်း ဆီစားမှာစိုးတယ်ဆိုရင်‌တော့ ⛽⛽⛽
အင်ဂျင်ပါဝါ (၁.၆)နဲ့ ဆီစားသက်သာပြီး အာမခံ အပါအဝင် Self Drive ကားလေးတစီးငှားဖို့ရှိပါမယ်နော်။ 🔊🔊🔊

အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်

𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬
𝗣𝗵𝗼𝗻𝗲 : 𝟎𝟔𝟐 𝟎𝟒𝟏 𝟏𝟏𝟐𝟔
𝐋𝐢𝐧𝐞 𝐈𝐃 : 𝐬𝐮𝐰𝐢𝐧𝐭𝐜𝐡𝐢𝐚𝐧𝐠𝐦𝐚𝐢
𝐕𝐢𝐛𝐞𝐫: + 𝟔𝟔 𝟔𝟐 𝟎𝟒𝟏 𝟏𝟏𝟐𝟔
#ချင်းမိုင် #မြို့တွင် #လည်ပတ်စရာများ

🤔 ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ အခြားဘာသာဝင်တွေအတွက် လည်စရာနေရာတွေ  ချင်းမိုင်မှာ ရှိရဲ့လား ☝️☝️ချင်းမိုင်(ဇင်းမယ်) မြို့ဟာ ဘုရာ...
12/01/2025

🤔 ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ အခြားဘာသာဝင်တွေအတွက် လည်စရာနေရာတွေ ချင်းမိုင်မှာ ရှိရဲ့လား ☝️☝️

ချင်းမိုင်(ဇင်းမယ်) မြို့ဟာ ဘုရား၊ စေတီ စတဲ့ လည်ပတ်စရာ နေရာတွေ ပေါများပေမဲ့လို့ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ အခြားဘာသာဝင်တွေကဘယ်နေရာတွေလည်ရမလဲဆိုတဲ့ မိတ်‌‌ဆွေတွေ နဲ့ ကားအငှား ကို Self Drive ငှားပြီး နီးနီးနားနား ပေါ့ပေါ့ပါးပါးပဲ လည်ကြမယ်ဆိုတဲ့မိတ်ဆွေ အတွက် လည်ပတ်နိုင်တဲ့ ချင်းမိုင်မြို့တွင်း လည်ပတ်စရာနေရာလေးတွေကို 𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬 မှ စုစည်းပြီး မိတ်ဆက်ပေးလိုပါတယ်။ 🫶🫶

ချင်းမိုင်မြို့ထဲမှာဆိုရင်

🗺️ အသွားများကြတဲ့ပန်းခြံတွေ

ဝင်ကြေးမပေးရပါ
မကြာခင်ကမှ ပန်းပွဲတော်ကျင်းပခဲ့တဲ့ Chiang Mai PAO Park
https://maps.app.goo.gl/JwQ5fzYyUJRbMeLz5

ဝင်ကြေးမပေးရပါ
တာ့ဖဲ ဂိတ်အနီးက Buak Hard Public Park
https://maps.app.goo.gl/qtM1VWJCnioBotZM8

ဝင်ကြေး တဦးကို ဘတ် ၂၀၀ ပေးရတဲ့
Royal Park Rajapreuk
https://maps.app.goo.gl/EVAAgN1JJyukDzbH9

ဝင်ကြေး တဦးကို ဘတ် ၄၀ ပေးရတဲ့
Aunty Nok Aeang Flower Farm
https://maps.app.goo.gl/iakn6wFBWFWQSwwW7

ဝင်ကြေး တဦးကို ဘတ် ၁၂၀ ပေးရတဲ့
I Love Flower Farm
https://maps.app.goo.gl/pPCUkVoMcRDyAVN98

ဝင်ကြေး တဦးကို ဘတ် ၂၀၀ ပေးရတဲ့ ကလေးတွေ ကြိုက်တတ်တဲ့ ဒိုင်နိဆောပန်းခြံ
Hidden Village Chiang Mai
https://maps.app.goo.gl/u6EKV6Lt5pHRRw3t8

ဝင်ကြေးနည်းနည်းဈေးများတာကတော့ Zoo + Aquarium
https://maps.app.goo.gl/uhCXgVUcGEXwjUVs8

Ticket တွေကတော့ ဒီwebsite ထဲမှာဈေးဝင်ကြည့်ပြီးရွေးချယ်လို့ရပါတယ်
https://chiangmai.zoothailand.org/intro.php

Chiang Mai Night Safari
https://maps.app.goo.gl/wFWq1XZAzfo6dTNYA

☕🍹ကော်ဖီဆိုင် လှလှလေးတွေ
လှလှပပ ကော်ဖီဆိုင်တွေလည်းချင်းမိုင်မှာတော်တော်များများရှိပါတယ်

ဒီထဲကမှ ဓါတ်ပုံရိုက်လို့ကောင်းပြီးဧည့်သည်တွေအကြိုက်တွေ့ကြတဲ့ကော်ဖီဆိုင်တွေကတော့

Carp CafĂŠ
https://maps.app.goo.gl/n5t75mkbBQ5JFHay7

Chom Cafe and Restaurant
https://maps.app.goo.gl/4QFzRJiHYhvqGQWq9

Mars.cnx
https://maps.app.goo.gl/E58svTUoEypZoqJK6

99 Villa & Cafe
https://maps.app.goo.gl/EYSm158efbym94SX8

Versailles de Flore
https://maps.app.goo.gl/Yru6DUNWbMg5CugPA

Fern Forest Cafe
https://maps.app.goo.gl/cSVt7Gkqq3hgE4wk8

The Planet cafe
https://maps.app.goo.gl/rumdeH31EckQ85dA8

Pluto cafe
https://maps.app.goo.gl/tKoAoXyUJkSQh34w7

🛒🛍️ ဈေးဝယ်
ဈေးဝယ်မယ်ဆိုရင်တော့ ပေါ့ ပေါ့ ပါးပါး Shopping Center တွေပတ်မယ်ဆိုရင်

Central Festival
https://maps.app.goo.gl/XVPkJhpti9dkNQXU6

Central Airport Plaza
https://maps.app.goo.gl/KpDxdRXdSrqVJ3xH8

MAYA Lifestyle Shopping Center
https://maps.app.goo.gl/aCzCFmZft4LZkMXd8

Big C Extra Chiangmai 2
https://maps.app.goo.gl/mLXh91twuVjhdrts6

Lotus’s Hangdong
https://maps.app.goo.gl/i48jjk74YNjJqmfC7

စတဲ့နေရာတွေရှိသလို ချင်းမိုင်ရိုးရာအထည်‌တွေ၊အိတ်တွေ၊ စားစရာအခြောက်အခြမ်းအသီးခြောက်၊ ချင်းမိုင်ပြန်လက်ဆောင်ဝယ်ဖို့ဆိုရင်တော့ ဈေးနှုန်းသင့်တင့်တဲ့ Warorot Market (Kad Luang) ရှိပါတယ်။
https://maps.app.goo.gl/QTSZLiW2QQs3MCUZ7

လည်ရုံပတ်ရုံ အခါအားလျော်စွာသွားဖို့ Marketတွေဆိုရင်‌တော့

Coconut Market
https://maps.app.goo.gl/D7eXyZVrQgnVcXyG6

Jing Jai Market
https://maps.app.goo.gl/KzYE24YaHZd2NtpU8

Friday Night Market
https://maps.app.goo.gl/PBjFGJyj4wqeMVBS9

Saturday Night Market /Wua Lai Walking Street/Chiang Mai Gate Market
https://maps.app.goo.gl/UTLk1iGgh9RVgAkH9

Sunday Walking Street /Sunday Night Market
https://maps.app.goo.gl/VqATUhvFdFPKefmK9

Night Bazaar Shopping Street
https://maps.app.goo.gl/2x3b2eEUXD9SRuRb7

Kadmanee Market
https://maps.app.goo.gl/ACMpMGzYRyEEShPR7

Khlong Mae Kha Market
https://maps.app.goo.gl/bwc8s4MZRzZ5TpVG7

🏍️🚗Self Drive မောင်းပြီး သွားလည်မယ်ဆိုရင် ဒီနေရာတွေသွားရောက်လည်ပတ်နိုင်ပါတယ်နော်။ ဒီနေရာလေးတွေကို နောက်ပိုင်းလိုအပ်ရင်ပြန်ရှာနိုင်အောင်လို့ Share ပြီးသိမ်းထားလို့လည်းရပါတယ်။ 🆗🆓

🛵🚘 Self Drive/ Driver အပါ ကားအငှား+ ဆိုင်ကယ်အငှား အတွက် မိတ်ဆွေတို့လိုအပ်မယ်ဆိုရင် 𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬 ရှိနေပါမယ်နော်။ ဒါ့အပြင် ရထားလက်မှတ်၊ကားလက်မှတ်၊လေယာဉ်လက်မှတ်နဲ့ ဟိုတယ်ဘိုကင် ဝန်ဆောင်မှုတွေအတွက်လည်း သိရှိလိုတဲ့ဝန်ဆောင်မှုတွေရယူဖို့အခုပဲမေးမြန်းဖို့ဖိတ်ခေါ်လိုက်ပါတယ်။

𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬
𝗣𝗵𝗼𝗻𝗲 : 𝟎𝟔𝟐 𝟎𝟒𝟏 𝟏𝟏𝟐𝟔
𝐋𝐢𝐧𝐞 𝐈𝐃 : 𝐬𝐮𝐰𝐢𝐧𝐭𝐜𝐡𝐢𝐚𝐧𝐠𝐦𝐚𝐢
𝐕𝐢𝐛𝐞𝐫: + 𝟔𝟔 𝟔𝟐 𝟎𝟒𝟏 𝟏𝟏𝟐𝟔
#ချင်းမိုင် #မြို့တွင် #လည်ပတ်စရာများ

(𝗖𝗵𝗶𝗮𝗻𝗴 𝗠𝗮𝗶) ချင်းမိုင် မှာ ရောက်တုန်း မိမိတို့စိတ်ကြိုက်သွားချင်တဲ့နေရာ 🚗🚗🚗 သွားချင်တဲ့အချိန် သွားဖို့ 🚘ဟိုနားဒီနား အလု...
10/01/2025

(𝗖𝗵𝗶𝗮𝗻𝗴 𝗠𝗮𝗶) ချင်းမိုင် မှာ ရောက်တုန်း မိမိတို့စိတ်ကြိုက်သွားချင်တဲ့နေရာ 🚗🚗🚗 သွားချင်တဲ့အချိန် သွားဖို့ 🚘ဟိုနားဒီနား အလုပ်ကိစ္စ၊ ကျောင်းကိစ္စ ကား 🚙 (𝐒𝐞𝐥𝐟 𝐃𝐫𝐢𝐯𝐞) သုံးဖို့လိုတဲ့ မိတ်ဆွေတို့အတွက် 4️⃣ 𝐒𝐞𝐚𝐭𝐞𝐫 (𝐒𝐞𝐥𝐟 𝐃𝐫𝐢𝐯𝐞) အငှားထဲက ပြန်ရပါပြီနော်...📣📣📣

(𝐒𝐞𝐥𝐟 𝐃𝐫𝐢𝐯𝐞) အငှားကိုတော့ မိတ်ဆွေတို့အသုံးပြုမယ့်ရက်အလိုက် Daily & Monthly စိတ်တိုင်းကျငှားရမ်းနိုင်မှာဖြစ်ပြီး 💲💲ဈေးနှုန်းကို အချိုသာဆုံးတွက်ချက်ပေးမှာပါ....🥰😍

အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်

𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬
𝗣𝗵𝗼𝗻𝗲 : 𝟎𝟔𝟐 𝟎𝟒𝟏 𝟏𝟏𝟐𝟔
𝐋𝐢𝐧𝐞 𝐈𝐃 : 𝐬𝐮𝐰𝐢𝐧𝐭𝐜𝐡𝐢𝐚𝐧𝐠𝐦𝐚𝐢
𝐕𝐢𝐛𝐞𝐫: + 𝟔𝟔 𝟔𝟐 𝟎𝟒𝟏 𝟏𝟏𝟐𝟔
#ကားအငှား

သင်္ကြန်တွင်းအတွက် 🚆ရထား🚆 လက်မှတ်တွေ ကုန်သလောက်ဖြစ်နေပြီလို့ပြောရင် ယုံမှာလား??? 🙄🙄✔️ မှန်ပါတယ် ယုံလိုက်ပါ 🇹🇭 ဘန်ကောက်ကန...
09/01/2025

သင်္ကြန်တွင်းအတွက် 🚆ရထား🚆 လက်မှတ်တွေ ကုန်သလောက်ဖြစ်နေပြီလို့ပြောရင် ယုံမှာလား??? 🙄🙄

✔️ မှန်ပါတယ် ယုံလိုက်ပါ

🇹🇭 ဘန်ကောက်ကနေ ချင်းမိုင်ကို ဆုန်ခရမ်/ သင်္ကြန်တွင်းမှာလာလည်ကြမယ် ......
ဒါမှမဟုတ် ရန်ကုန်ကနေ ဘန်ကောက်၊ ဘန်ကောက်ကနေ ချင်းမိုင် ကို ရထားနဲ့(အိပ်စင်) နဲ့မှ လာရောက်မယ်.....ဆိုတဲ့မိတ်ဆွေတွေရှိမယ်ဆိုရင် 🚆ရထားလက်မှတ်ကို ခုကတည်းက စပြီးဝယ်ထားဖို့ လက်တို့လိုက်ပါတယ်။

🇹🇭 ဘန်ကောက် 🔁 ချင်းမိုင် အထူးရထားတွဲအသစ် (အိပ်စင်) အမှတ် (၉) ရထားဟာ လူကြိုက်များတဲ့ ရထားဖြစ်ပြီး ဒီရထားကို ခုံအနီ နဲ့ ရထားလို့ အလွယ်မှတ်လေ့ရှိပါတယ်။

🗓️🗓️ ဧပြီလ မှာ ထိုင်းနိုင်ငံမှာလည်းစည်ကားသိုက်မြိုက်စွာကျင်းပမယ့် ဆုန်ခရမ် (သင်္ကြန်)ရက်တွေမှာ ရထားအိပ်စင်နဲ့ခရီးသွားဖို့ အခုထဲကအမြန်ဝယ်ယူထားဖို့လိုပါမယ်နော်။

ရထားလက်မှတ်၊ကားလက်မှတ်၊လေယာဉ်လက်မှတ်နဲ့ ဟိုတယ်ဘိုကင်၊ ကားအငှား၊ ဆိုင်ကယ်အငှားအတွက် မိတ်ဆွေတို့လိုအပ်တဲ့ဝန်ဆောင်မှုတွေကို 𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬 မှာ စုံစမ်းမေးမြန်းဖို့ဖိတ်ခေါ်လိုက်ပါတယ်။

အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်

𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬
𝗣𝗵𝗼𝗻𝗲 : 𝟎𝟔𝟐 𝟎𝟒𝟏 𝟏𝟏𝟐𝟔
𝐋𝐢𝐧𝐞 𝐈𝐃 : 𝐬𝐮𝐰𝐢𝐧𝐭𝐜𝐡𝐢𝐚𝐧𝐠𝐦𝐚𝐢
𝐕𝐢𝐛𝐞𝐫: + 𝟔𝟔 𝟔𝟐 𝟎𝟒𝟏 𝟏𝟏𝟐𝟔

ဇန်နဝါရီလ ၁၈ ရက်နေ့က စတင်ပြီးတော့ ရန်ကုန်- ချင်းမိုင် တိုက်ရိုက်လေကြောင်းခရီးစဉ်ကို ယခင်ပြေးဆွဲနေကျ တနင်္လာ၊ ဗုဒ္ဓဟူး၊ သ...
08/01/2025

ဇန်နဝါရီလ ၁၈ ရက်နေ့က စတင်ပြီးတော့ ရန်ကုန်- ချင်းမိုင် တိုက်ရိုက်လေကြောင်းခရီးစဉ်ကို ယခင်ပြေးဆွဲနေကျ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ နှင့် တနင်္ဂနွေနေ့ များအပြင် စနေနေ့ တရက်ကိုပါ တိုးချဲ့ပြေးဆွဲသွားမှာဖြစ်တယ်လို့ MNA လေကြောင်းလိုင်းရဲ့ တရားဝင် စာမျက်နှာမှာဖော်ပြထားပါတယ်။

ရန်ကုန်- ချင်းမိုင် တိုက်ရိုက်လေကြောင်းခရီးစဉ် တိုးချဲ့ပြေးဆွဲလာတဲ့ MNA Air Ticket တွေ အပါအဝင် လေယာဉ်လက်မှတ်တွေကို 𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬 မှာ ဝယ်ယူနိုင်ပါပြီနော်။

လက်မှတ်တွေကို ထိုင်းဘတ်ငွေနှင့်ဖြစ်ဖြစ်၊ မြန်မာကျပ်နှင့်ဖြစ်ဖြစ် ဝယ်ယူအားပေးနိုင်ပါတယ်။

အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်

𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬
𝗣𝗵𝗼𝗻𝗲 : 𝟎𝟔𝟐 𝟎𝟒𝟏 𝟏𝟏𝟐𝟔
𝐋𝐢𝐧𝐞 𝐈𝐃 : 𝐬𝐮𝐰𝐢𝐧𝐭𝐜𝐡𝐢𝐚𝐧𝐠𝐦𝐚𝐢
𝐕𝐢𝐛𝐞𝐫: + 𝟔𝟔 𝟔𝟐 𝟎𝟒𝟏 𝟏𝟏𝟐𝟔

>>>>>>

𝐄𝐱𝐩𝐥𝐨𝐫𝐞 𝐭𝐡𝐞 𝐛𝐞𝐚𝐮𝐭𝐲 𝐨𝐟 𝐂𝐡𝐢𝐚𝐧𝐠 𝐌𝐚𝐢 𝐰𝐢𝐭𝐡 𝐚𝐝𝐝𝐢𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐚𝐭𝐮𝐫𝐝𝐚𝐲 𝐟𝐥𝐢𝐠𝐡𝐭𝐬 𝐟𝐫𝐨𝐦 𝐘𝐚𝐧𝐠𝐨𝐧, 𝐬𝐭𝐚𝐫𝐭𝐢𝐧𝐠 𝐉𝐚𝐧𝐮𝐚𝐫𝐲 𝟏𝟖 𝐭𝐨 𝐌𝐚𝐫𝐜𝐡 𝟐𝟗! ✈️

မြန်မာအမျိုးသားလေကြောင်း၏ ရန်ကုန် - ချင်းမိုင် - ရန်ကုန် ခရီးစဉ်ကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ နှင့် တနင်္ဂနွေနေ့များတွင် ပျံသန်းပြေးဆွဲလျက်ရှိပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့မှစ၍ မတ်လ ၂၉ ရက်နေ့ အထိ အပတ်စဉ် စနေနေ့တိုင်းတွင် ညနေပိုင်းခရီးစဉ်အား ထပ်တိုးပျံသန်း ပြေးဆွဲပေးသွားမည်ဖြစ် ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။

(English)

Exciting news for travelers! 🛫 Starting January 18, 2025, Myanmar National Airlines will be offering additional Saturday flights from Yangon to Chiang Mai until March 29, 2025. Experience the stunning scenes of Chiang Mai with one-way tickets starting at MMK 700,000 and round-trip tickets from MMK 1,144,000. Don't miss this opportunity to explore beautiful Thailand!

Departure Arrival

✈️UB-009
Yangon Chiang Mai
18:30 20:20

✈️UB-010
Chiang Mai Yangon
21:20 22:10

𝗙𝗮𝗿𝗲
▫️One Way Ticket Starts From MMK 700,000
▫️ Round Trip Ticket Starts From MMK 1,144,000

𝗙𝘂𝗹𝗹 𝗦𝗲𝗿𝘃𝗶𝗰𝗲

✅ Baggage Allowance
✅ 7Kg Hand Carry Allowance
✅ Meal (or) Snack Box
💻Website: www.flymna.com

Credit to MNA

"စိတ်ဝင်စားဖွယ် လက်ရာမြောက်လှပတဲ့ ချင်းမိုင် က ငွေ ဘုရား သို့ အလည်တခေါက် "ငွေဘုရား (သို့မဟုတ်) ငွေကျောင်းတော်ရာ Silver T...
03/01/2025

"စိတ်ဝင်စားဖွယ် လက်ရာမြောက်လှပတဲ့ ချင်းမိုင် က ငွေ ဘုရား သို့ အလည်တခေါက် "

ငွေဘုရား (သို့မဟုတ်) ငွေကျောင်းတော်ရာ Silver Temple ( Wat Sri Suphan ) ကျောင်းတော်ဟာ ထိုင်းနိုင်ငံချင်းမိုင်မြို့လည်မှာ တည်ရှိပါတယ်။ အဲဒီ ကျောင်းတော်ဟာ အလွန်မျက်စိပသာဒ ဖြစ်ဖွယ် ဗိသုကာလက်ရာတွေ၊ အနုစိတ်ပုံဖော်ထားတဲ့ ဒီဇိုင်းနဲ့ ငွေထည်ကိုအသုံးပြုဖန်တီးထားတဲ့ လက်ရာတွေကြောင့် နာမည်ကျော်ကြားတဲ့ ကျောင်းတော်တစ်ခုလည်း ဖြစ်ပါတယ်။

ဘုရား မို့လို့ ဗုဒ္ဓဘာသာဝင်တွေပဲ ဝင်ရောက်လည်ပတ်လို့ရမယ်လို့ထင်ရင်တော့မမှန်ပါဘူး။ ငွေကျောင်းတော်ဟာ လူမျိုးဘာသာမရွေးဝင်ရောက်လေ့လာဖို့ အထူးသဖြင့် ဓါတ်ပုံလှလှလေးတွေရိုက်ဖို့ ရွေးချယ်သင့်တဲ့နေရာတစ်ခုဖြစ်ပါတယ်။

"ဘုရားသမိုင်း"

၁၆ ရာစုက ဒီဒေသက ကျွမ်းကျင် ငွေထည်အနုပညာရှင်တွေဟာ တော်ဝင်မိသားစုနှင့် ကြေးရတတ် လူချမ်းသာတွေအတွက် လက်ရာမြောက်လှတဲ့ငွေထည် လက်ဝတ်တန်ဆာတွေကို ဖန်တီးပေးရတဲ့သူတွေလည်းဖြစ်ပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ အဲဒီဒေသမှာ ငွေထည်လုပ်ငန်းဟာ ကြီးမားတွင်ကျယ်လာပြီးတဲ့နောက် ငွေထည်လက်မှုပညာရှင်တွေကအဲဒီမှာသူတို့ရဲ့ သက်မွေးမှု လုပ်ငန်း အထိမ်းအမှတ်အဖြစ် ဒီကျောင်းတော်ရာကို ဘုရင်ကြီး King Mengrai လက်ထက် ၁၆ ရာစု မှာ တည်ထားကိုးကွယ်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမဲ့ နှစ်ပေါင်းများစွာကြာလာတဲ့အခါ ကျောင်းတော်ရာဟာယိုယွင်းမှုတွေ ရှိလာတာကြောင့် သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလမှာ ကျွမ်းကျင်ငွေထည်လက်မှုပညာရှင်တစ်ဖြစ်လဲ ဆရာတော် Phra Kru Palad Vejjanan က ဒေသခံ လက်မှုပညာရှင်အဖွဲ့တစ်ဖွဲ့ကိုဦးဆောင်ပြီး ဒီကျောင်းတော်ကို မူလ တည်ထားကိုးကွယ်ခဲ့တဲ့ အတိုင်းရှေးမူမပျက် ပြန်လည်မွမ်းမံမှုပြုလုပ်ခဲ့တာပါ။ ကျောင်းတော်ရာကို ပြန်လည် မွမ်းမံမှုဟာနှစ်ပေါင်းများစွာအချိန်ယူရပြီးတော့ ကျောင်းတော်ကိုမူလဖန်တီးခဲ့စဉ်က အသုံးပြုခဲ့တဲ့ ရိုးရာနည်းစနစ်တွေနဲ့ ရိုးရာ ကိရိယာတန်ဆာပလာတွေကို ပြန်လည်အသုံးပြုခဲ့ရပါတယ်။ လက်မှုအနုပညာရှင်တွေဟာ ကျောင်းတော်ရာရဲ့ နံရံတွေ၊ အမိုးတွေနဲ့အခြား အစိတ်အပိုင်းတွေကို အနုလက်ရာမပျက် ငွေထည်တွေကိုသာအသုံးပြုပြီးပြန်လည်ဖန်တီးခဲ့ရပါတယ်။ သူတို့ဟာ အလွန်ရှုချင့်စဖွယ် ငွေရောင်ရုပ်ပွားတော်တွေနဲ့ ကျောင်းတော်ရာအတွင်း အခြားအဆင်တန်ဆာတွေကို လည်း ဖန်တီးလုပ်ဆောင်ခဲ့ကြပါတယ်။

(စာရေးသူမှတ်ချက်) ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမွမ်းမံမှုတွေထဲမှာ ရှေးဟောင်းဇာတ်နိပါတ်တွေအပြင် ကမ္ဘာ့နိုင်ငံတွေရဲ့အမှတ်အသားတွေ၊ အမည်တွေ သာမက ငွေသားပန်းပု spider man, captain america တို့လို Hulk တို့လို စူပါးဟီးရိုးဇာတ်ကောင်ရုပ်တွေကိုပါ နံရံတွေမှာ ထည့်သွင်းပုံဖော်ထားတာလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ထိုင်းလူမျိုးတွေရဲ့ ဉာဏ်ရည်ကွန့်မြူးမှုတွေပေါ့နော်။

"အမျိုးသမီးများမဝင်ရ"

အတွင်းပရဝုဏ်ကိုတော့ အမျိုးသားတွေသာ ဝင်ရောက်ဖူးမြော်ခွင့်ရမှာဖြစ်ပြီး အမျိုးသမီးတွေတော့ဝင်ရောက်ခွင့်မရှိပါဘူး။ အမျိုးသမီးတွေကတော့ ပြင်ပ ပရဝုဏ်ထဲကနေ ဝင်ရောက်လည်ပတ်ဖူးမြော်နိုင်ပါတယ်။ ဒေသခံတွေရဲ့အဆိုအရ အတွင်းပရဝုဏ် အောက်ခြေနဲ့ ပတ်ပတ်လည်မှာ အထွဋ်အမြတ်ထားရာ ပစ္စည်းတွေကိုထည့်သွင်းတည်ဆောက်ထားတာဖြစ်တဲ့အတွက် အမျိုးသမီးများဝင်ရောက်ဖို့မသင့်တော်တာကြောင့်ဝင်ရောက်ဖူးမြော်ဖို့တားမြစ်ထားတာလို့ဆိုပါတယ်။

"ဆုတောင်းပြည့်ကြွက်ကလေး"

အဲဒီငွေကျောင်းတော်ထဲမှာ Wishing Mouse ဆိုတဲ့ လက်ဝတ်ရတနာအဆင်တန်ဆာတွေဆင်မြန်းထားတဲ့ ကြွက်ရုပ်တုလေးအပါအဝင် ဆုတောင်းပြည့်ရုပ်တု/ရုပ်ပွားတော်တွေကိုလည်းတွေ့မြင်နိုင်မှာပါ။ အဲဒီကြွက်ရုပ်ရဲ့နားနားကို တိုးတိုးလေးကပ်ပြီး မိမိတို့အလိုဆန္ဒရှိတဲ့ဆုတောင်းလေးတွေကို ဆုတောင်းခဲ့လို့ရှိရင်ဆုတောင်းပြည့်တယ်လို့လည်းအယူရှိကြတာမို့ တကယ်လို့ အဲဒီကိုရောက်ခဲ့ရင် ဆုတောင်းခဲ့ကြပါဦးနော်။

"ဗောဓိပင်"

ဘုရားပုရဝုဏ်ထဲ မှာညောင်ရေသွန်းလောင်းနိုင်တဲ့နောက်ပြီး မိမိတို့ရဲ့ဆုတောင်းတွေချိတ်ဆွဲနိုင်တဲ့ဗောဓိပင်ကြီးလည်းရှိပြီးဘုရားဖူးမိတ်ဆွေတို့အရိပ်အာဝါသအောက်မှာအနားယူနိုင်မှာဖြစ်ပါတယ်။
ငွေကျောင်းပရဝုဏ်ပြင်ပမှာ ကျား/မ မရွေး ဘုရား ဝတ်ပြုနိုင်မယ့် ကျောင်းဆောင်ကြီးအပြင် အမှတ်တရလက်ဆောင်ဝယ်ယူနိုင်တဲ့ souvenir shop အဆောက်အဦတွေ ကို လည်းရှိပါတယ်။

"ဝင်ကြေး"

နိုင်ငံခြားသားခရီးသွားဧည့်သည်တွေအနေနဲ့ ငွေကျောင်းတော်ကိုဝင်ရောက်လေ့လာဖို့ ဝင်ကြေးအနေနဲ့တဦးကိုဘတ် ၅၀ ကောက်ခံပါတယ်။

ငွေရောင်ကျောင်းတော်ဟာ ချင်းမိုင်မြို့တွင်းခရီးစဉ်တွေထဲမှာ မပါမဖြစ်ဝင်ရောက်လည်ပတ်ကြ တဲ့ နေရာတွေထဲက တစ်ခု ဖြစ်ပါတယ်။ လာရောက်လည်ပတ်သူတွေဟာ ကျောင်းတော်အတွင်းမှာ လက်ရာမြောက်လှတဲ့ ငွေထည် ဗိသုကာလက်ရာတွေ၊ ငွေထည်အနုပညာရှင်တွေရဲ့လက်ရာတွေကို လေ့လာရှုစားနိုင်ကြသလို ကျောင်းတော်ရာရဲ့ သမိုင်းကြောင်းနဲ့ အဲဒီဒေသရဲ့ ငွေထည်လုပ်ငန်းကိုပါ လေ့လာနိုင်ကြပါတယ်၊ အဲဒီကျောင်းတော်ရာမှာ ငွေထည်နဲ့ပတ်သက်တဲ့ အခမ်းအနားတွေ ပွဲတွေ နဲ့ အလုပ်ရုံဆွေးနွေးပွဲ တွေကိုလည်းအခါအားလျော်စွာ ကျင်းပလေ့ရှိတာကြောင့် ခရီးသည်တွေလာရောက်လည်ပတ်ရင်းကြုံကြိုက်ရင်လေ့လာနိုင်ကြပါတယ်။

စနေနေ့လို နေ့မျိုးမှာသွားရောက်မယ်ဆိုရင်တော့ ဘုရားဖူးပြီးတာနဲ့ စနေညဈေးလမ်းလျှောက်ရုံပါပဲ။

ကားပါကင်ကို ဘုရားဝင်းအနောက်ဘက်မှာဝင်ပြီးရပ်နိုင်ပေမဲ့လို့ အခါကြီးရက်ကြီးတွေမှာဆိုရင်တော့ကားပါကင်နေရာအခက်အခဲအနည်းငယ်ရှိနိုင်ပါတယ်။

ငွေကျောင်းတော်ရာ Silver Temple ရဲ့ လိပ်စာကတော့ https://goo.gl/maps/PWf229L8bp7TzaL7A ဖြစ်ပါတယ်။

ချင်းမိုင်မြို့တွင်း၊ မြို့ပြင်၊ မယ့်ကမ်ဘောင်၊ မွန်းဂျန် ၊ ချင်းရိုင် ၊ မယ်ဆိုင် ခရီးစဉ်တွေရေးဆွဲဖို့အပြင် ရထားလက်မှတ်၊ကားလက်မှတ်၊ လေယာဉ်လက်မှတ်တွေနဲ့ ဟိုတယ်ဘိုကင်၊ ကားအငှား၊ ဆိုင်ကယ်အငှားဝန်ဆောင်မှုတွေအတွက်𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬 မှာစုံစမ်းမေးမြန်းဖို့ဖိတ်ခေါ်ပါတယ်နော်။

𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬
𝗣𝗵𝗼𝗻𝗲 : 𝟎𝟔𝟐 𝟎𝟒𝟏 𝟏𝟏𝟐𝟔
𝐋𝐢𝐧𝐞 𝐈𝐃 : 𝐬𝐮𝐰𝐢𝐧𝐭𝐜𝐡𝐢𝐚𝐧𝐠𝐦𝐚𝐢
𝐕𝐢𝐛𝐞𝐫: + 𝟔𝟔 𝟔𝟐 𝟎𝟒𝟏 𝟏𝟏𝟐𝟔
#ငွေကျောင်းတော် #ငွေဘုရား

မယ့်ကမ်ဘောင်က "ဂျင်း" 🫚🫚 လား ၊ Reality က ဘယ်လိုရှိလဲ ⁉️ မယ့်ကမ်ဘောင် (Mae Kampong) ဆိုတာကတော့ ချင်းမိုင်ကလူတိုင်းသိတဲ့၊ ...
31/12/2024

မယ့်ကမ်ဘောင်က "ဂျင်း" 🫚🫚 လား ၊ Reality က ဘယ်လိုရှိလဲ ⁉️

မယ့်ကမ်ဘောင် (Mae Kampong) ဆိုတာကတော့ ချင်းမိုင်ကလူတိုင်းသိတဲ့၊ အခုဆိုရင် ချင်းမိုင်ဆိုရင် + မယ့်ကမ်ဘောင် ဆိုပြီးတွဲရက်ဆိုသလိုတောင် လူသိများနေပြီဖြစ်တဲ့နေရာတစ်ခု ဆိုလည်းမမှားပါဘူး။ ဒီတော့ မယ့်ကမ်ဘောင်ကိုရောက်ဖူးကြတဲ့မိတ်ဆွေတွေရော မရောက်ဖူးသေးတဲ့မိတ်ဆွေတွေအတွက်ပါ Travel Blogger တွေ Travel Page တွေ တညွှန်းတည်း ညွှန်းကြတဲ့ မယ့်ကမ်ဘောင်အပေါ် ခရီးသွားဧည့်သည်တယောက်ရဲ့ အမြင်တွေ က ဘယ်လိုရှိမလဲ?

ဒီနေ့မှာတော့ 𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬 page ကနေ မယ့်ကမ်ဘောင်ကို ဘာကြောင့်ကြိုက်ကြတယ် .....😍🥰🤩

မယ့်ကမ်ဘောင်ကိုဘာကြောင့်မကြိုက်ကြတယ် 😮‍💨🙄🥲 ဆိုတဲ့အချက်တွေကို ပြောပြပေးသွားမှာပါ

ဒါမှလည်း လာရောက်လည်ပတ်မယ့်သူတွေ သိရှိကြမှာဖြစ်ပြီးရွေးချယ်နိုင်ဖို့ဖြစ်ပါတယ် 💭💭

𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬 page မှာလည်း မယ့်ကမ်ဘောင်ကို သွားလည်သင့်တယ်၊သွားလည်ကြတယ်စသဖြင့် Promote တွေ လုပ်ထားတဲ့ video ဖိုင်တွေလည်းအမြောက်အမြားရှိပါတယ်။ ဒါပေမဲ့ Reality အခြေအနေကိုလည်းမိတ်ဆွေတို့သိထားသင့်တာကြောင့် ဒီပို့စ်ကိုရေးသားရခြင်းဖြစ်ပါတယ်။ ✍️✍️

ဘာကြောင့်ကြိုက်ကြတယ် 😍🥰🤩

ငယ်ငယ်တုန်းက အိပ်ရာဝင်ပုံပြင်တွေအများကြီးနားထောင်ဖူးကြတယ်မလားနော်။ ဟိုးရှေးရှေးတုန်းက .....တောင်တန်းတွေ၊ သစ်တောတွေကြားမှာရွာလေးတစ်ရွာရှိတယ်။ အဲဒီမှာရေတံခွန်လေးတွေ စမ်းချောင်းလေးတွေလည်းရှိတယ်၊ ကျေးငှက်လေးတွေရဲ့ သီကျူးသံတွေနဲ့ သာယာလှပတယ်စသဖြင့်ပါ။ အဲဒီအိပ်ရာဝင်ပုံပြင်ထဲကလိုရွာလေးတစ်ရွာဟာ ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်မြို့ကနေ တစ်နာရီဝန်းကျင်လောက်သွားရင်ရောက်တဲ့ "မယ့်ကမ်ဘောင်"ကျေးရွာပါပဲ။

သဘာဝအလှအပတွေနဲ့ နေရာတွေကိုလှပအောင်ပြင်ဆင်မွမ်းမံနိုင်တဲ့စကေးတွေပေါင်းစပ်လိုက်တဲ့အခါ မယ့်ကမ်ဘောင်ဟာ Eco Tourism ကို ကောင်းကောင်းဖော်ဆောင်နိုင်တဲ့ နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။

အရှေ့တိုင်းသားတွေအပြင် အနောက်နိုင်ငံက ကမ္ဘာလှည့်ခရီးသွားနိုင်ငံခြားသားတွေကပါ နှစ်ခြိုက်ကြတဲ့ မယ့်ကမ်ဘောင် ရဲ့နောက်ထပ်နာမည်ကြီးတဲ့အချက်ကတော့ ကော်ဖီဆိုင်လှလှလေးတွေနဲ့ကော်ဖီအရသာကောင်းကောင်းရတာတွေလည်းပါပါတယ်။ထီးအနီလေးနဲ့ တရွာလုံးရဲ့ view ကိုမြင်ရတဲ့ကော်ဖီဆိုင်လေးမှာထိုင်ရင်း ပုံလှလှလေးတွေမှ မရိုက်ရင် မယ့်ကမ်ဘောင်ရောက်တယ်လို့မဆိုနိုင်အောင်ပါပဲ။

နေ့စဉ် မြင်နေကျ မြို့ပြရဲ့မွန်းကြပ်လှတဲ့ မြင်ကွင်းတွေကနေ ကွဲပြားနေတဲ့ သဘာဝတရားတွေ ရှုမြော်ခင်းတွေကိုကြည့်ရှုနိုင်တာမို့ Relax ဖြစ်စေမှာလည်းအသေအချာပါပဲ။

သေချာတာပေါ့ ပုံပြင်ထဲကလို စမ်းချောင်းလေးတွေရဲ့ဘေးမှာ ဆောက်ထားတဲ့ ကော်ဖီဆိုင်လှလှလေးတွေမှာထိုင်ရင်း ပို့စ်အလန်းလေးတွေ ဓါတ်ပုံရိုက်နိုင်တာကလည်း မိတ်ဆွေတို့အကြိုက်တွေ့စေတဲ့ အချက်ပါပဲ။ အထူးသဖြင့်လူငယ်တွေရဲ့ အကြိုက်ပေါ့.....

နောက်ပြီးရွာလည်တလျှောက် အိမ်ဆိုင်လေးတွေမှာစားသောက်ဖွယ်ရာလေးတွေမြည်းစမ်းကြည့်နိုင်ပါတယ်။ ဥပမာ ပျားသလက်ပေါင်းလိုမျိုး၊ ရိုးရာအချိုပွဲလိုမျိုး၊ ပြောင်းဖူးမီးကင်တို့လိုမျိုး ကျေးလက်စာလေးတွေစားမလား၊ ကွေ့သယို၊အထောင်း၊ မူကထ စတာတွေပဲစားမလား ရွေးချယ်နိုင်ပါတယ်။ ဈေးနှုန်းတွေကလည်း မြေပြန့်နဲ့ သိပ်မကွာဘူးဆိုတော့ စားပျော်ပါတယ်။
အစားအသောက်လက်ရာတွေဟာလည်း အရသာရှိပါတယ်။ အစားတလိုင်းတွေအတွက်လည်းအိုကေတဲ့လမ်းလျှောက်မုန့်ဈေးတန်းလေးရှိတာကလည်းရွာရဲ့ signature ဖြစ်ပါတယ်။

နောက်ပြီး လမ်းလျှောက်နိုင်တယ်၊ Adventure ကိုလည်းစိတ်ဝင်စားတယ်၊ trekking လုပ်ချင်တယ်ဆိုရင်လည်း မယ့်ကမ်ဘောင် ရွာ ရဲ့ရေတံခွန်ကနေတဆင့် view point အထိတက်ပြီး ရှုခင်းတွေကြည့်ဓါတ်ပုံတွေရိုက်လို့ရပါတယ်။

ဧရာမသစ်ပင်ကြီးတစ်ပင်ရှိရုံ နဲ့ ကော်ဖီဆိုင်(စားသောက်ဆိုင်) တစ်ဆိုင် ကို သစ်ပင်ပေါ်မှာကြိုးတွေနဲ့ဆိုင်းပြီးရအောင် ဖန်တီးပစ်လိုက်တဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ Giant Tree သစ်ပင်ကော်ဖီဆိုင်ဆိုတဲ့နေရာကိုလည်းသွားရောက်လည်ပတ်ချင်ရင်ဆက်သွားလို့ရပါတယ်။

ရွာအဝင်မှာ မယ့်ကမ်ဘောင် ရွာတဝိုက် မြေပုံအညွှန်းလည်းရှိတော့အချိန်ရှိရင်ရှိသလို လျှောက်လည်ချင်ရင်လည်လို့ရပါတယ်။

နောက်ပြီး မယ့်ကမ်ဘောင်မှာ Homestay လေးတွေလည်းဖွင့်လှစ်ထားပြီးတော့ နေ့ချင်းပြန် မဟုတ်ဘဲ ညအိပ်ပြီး တည်းခိုချင်တယ်ဆိုရင်လည်းအဆင်ပြေအောင် ဈေးနှုန်းတွေ အနေနဲ့ တညကိုဘတ် (၅၀၀)ဝန်းကျင်လောက်ကနေစပြီးရှိနေပါတယ်။ ဈေးနှုန်းအလိုက် facility စုံလင်မှုတွေတော့ကွာခြားသွားမှာပါ။

Homestay မှာတညအိပ်ရင်း ညဘက် မီးရောင်ထိန်ထိန်ငြီးနေတဲ့ ရွာလမ်းလေးတစ်လျှောက်မှာ မူကထ စားရင်းအပန်းဖြေမယ်ဆိုတဲ့မိတ်ဆွေတွေအတွက်လည်း မယ့်ကမ်ဘောင်ဟာ သွားလည်ဖို့ ထိုက်တန်တဲ့နေရာတစ်ခုဖြစ်ပါတယ်။

နောက်ပြီး မယ့်ကမ်ဘောင်ရဲ့ချစ်စရာကောင်းတဲ့အချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ ရိုးသားပျူငှာမှုပါ၊ မယ့်ကမ်ဘောင်မှာတခုခုဝယ်စားလို့၊ တစ်ခုခု မှားသွားလို့၊ ပစ္စည်းကျန်ခဲ့လို့ စသဖြင့်ကိစ္စတွေကြုံကြတဲ့အခါ မှန်မှန်ကန်ကန်နဲ့ရိုးရိုးသားသား ပြေပြေလည်လည်ဖြေရှင်းနိုင်တာဒီရွာရဲ့အားသာချက်တွေထဲက တစ်ခုဖြစ်ပြီးချစ်စရာကောင်းတဲ့ဓလေ့လည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းစံပြရွာရယ်လို့ ဆုတံဆိပ်ပေါင်းမြောက်မြားစွာရပြီးတော့ နာမည်ကျော်ကြားတာဖြစ်နိုင်ပါတယ်။

ဘာကြောင့်မကြိုက်ကြတာလဲ 😮‍💨🙄🥲

ကျွန်မတို့ ထိုင်း Travel ကုမ္ပဏီ အကြီးအကဲတွေ နဲ့ ခရီးစဉ်တွေ ဆွဲဖို့ အစည်းအဝေးလုပ်ကြတဲ့အခါ သူတို့ကမေးပါတယ်။ မယ့်ကမ်ဘောင်မှာဘာရှိလို့ အမြဲသွားလည်ကြတာလဲ။ အဲဒီမှာဘာမှမရှိဘူးလေ၊ ဘာလို့အဲဒီကိုသွားလဲဆိုတာစဉ်းစားလို့မရဘူးလို့ မှတ်ချက်ပြုခဲ့ဖူးပါတယ်။

မယ့်ကမ်ဘောင်ကိုမကြိုက်တဲ့သူတွေအဖို့တော့ မယ့်ကမ်ဘောင် ဟာ ဘာမှ လည်စရာမရှိတဲ့နေရာလို့သတ်မှတ်ကြမှာပါ။

မယ့်ကမ်ဘောင်ရွာဖြစ်တည်လာရတဲ့သမိုင်းကြောင်းကလည်း မြန်မာပြည်နယ်စပ်က နေ လူသူကင်းဝေးတဲ့ နေရာဆီ ထွက်ပြေးပုန်းရှောင်လာရတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေတည်ထားတဲ့ရွာဖြစ်ပြီးတော့ ရှေးယခင်ကဆိုရင် ရွာက ဒေသခံတွေအတွက်လိုအပ်တဲ့ အစားအသောက်အသုံးအဆောင်တွေ ကို တပါတ်မှာ မှ တခါ ရွာအပေါ်အထိရောက်အောင်ပို့ဆောင်ပေးခဲ့ကြရတာဖြစ်ပါတယ်။

လူတွေနဲ့ဝေးရာကိုပြေးလာကြသူတွေဆိုတော့ တောထဲတောင်ထဲ လာပြီး ရွာတည်ထားတာ ဖြစ်လို့ တောင်ပေါ်အကွေ့အကောက်တွေ ကိုကျော်ဖြတ်ပြီးတက်လာရတယ်။ လမ်းကျဉ်းတာဖြစ်တဲ့အတွက် ကား ၂ စီးစာလမ်းလေးပဲရှိတာမို့ ကားလမ်းမကျွမ်းသူတွေ၊ ကားကြံ့ခိုင်မှုအားနည်းတာတွေ စတဲ့ပြဿနာတွေရှိနိုင်ပြီးတော့ တောင်အောက်က ချောက်တွေထဲ လမ်းချော်တာတွေ ထိုးကျသွားတာတွေစတဲ့ဖြစ်ရပ်တွေလည်းခရီးသွားဧည့်သည်တွေကြုံတွေ့ခဲ့ကြပြန်ပါတယ်။

ဒါကြောင့် လမ်းမကျွမ်းရင် ၊ တောင်ပေါ်တွေမှာ ဆိုင်ကယ်၊ကားမောင်း တာ မောင်းနေမကျရင်တော့ မောင်းနေကျတဲ့သူ တဦးဦးရဲ့အကူအညီနဲ့ တက်ရောက်သင့်ပါတယ်။ ရုတ်တရက် အကွေ့တွေက "ဘွား" ကနဲပေါ်လာတတ်တဲ့ဆိုင်ကယ်တွေ ကားတွေ လမ်းကျဉ်းကျဉ်းလေးကိုမှ ဟိုဘက်လမ်း ဒီဘက်လမ်း ၂လမ်းခွ မောင်းရင်း ကိုယ့်ရှေ့ ကုန်းတက် ကြီးမှာ ကိုးလို့ကန့်လန့် လုပ်တတ်တဲ့ ကား/ဆိုင်ကယ်တွေ တွေ့ရင်ဖြေရှင်းနိုင်မယ့် စကေးမျိုးရှိ မှ / ယာဉ်အခြေအနေ ကောင်းမွန်တဲ့ အနေအထားရှိမှ /ဘရိတ်/ အချက်ပြပြီး/ ဟွန်းစသဖြင့်ကောင်းကောင်းစစ်းဆေးပြီးမှ တက်လာခဲ့သင့်တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။

တောလမ်းခရီးကြမ်းတမ်းပြီးမတ်စောက်တဲ့နေရာတွေရှိနေပြန်တာမို့ ရွာထဲ ကားပါကင်ရောက်တဲ့အခါ view point တို့လိုမျိုး Giant Tree တို့လိုမျိုး နေရာတွေသွားမယ်ဆိုရင် ရွာက ကားကို ပြန်စီးပြီးတော့မှထပ်သွားရပါတယ်။ နောက်ပြီး ၁၀ ယောက်စီး Van ကား တွေလောက်ပဲတက်နိုင်ပြီးတော့ Tour ကားအကြီးတွေ တက်လို့မရတဲ့ လမ်းကြောင်းဖြစ်ပါတယ်။

ပင်ပန်းတတ်တဲ့သူ၊ ခရီးပန်းတတ်တဲ့သူ၊ ကားမူးတတ်တဲ့သူ၊ အန်တတ်တဲ့သူတွေအတွက်တော့ မယ့်ကမ်ဘောင်က (N0) ပါ

ဒီအချက်တွေကိုတော့ Travel စီစဉ်တဲ့သူတွေ ခရီးစဉ်ဆွဲကတည်းက ဧည့်သည်ကိုအသိပေးထားဖို့လိုအပ်တာဖြစ်ပါတယ်။ မယ့်ကမ်ဘောင်ကားပါကင်အထိရောက် ဓါတ်ပုံရိုက် တောင်ပေါ်က ပြန်ဆင်းဆိုရင်တော့ သွားရတဲ့ ဧည့်သည်အတွက်လည်း စရိတ်မထောင်းသာလှတဲ့အပြင် အချိန်ကုန်ပါတယ် ကားမူပြီးခရီးစဉ်တရက်ကုန်ဆုံးရင်တော့ မတန်ပါဘူး။

နောက်ပြီး New Year တို့လို၊ နှစ်သစ်ကူးပိတ်ရက်ရှည်တွေရှိတဲ့ သင်္ကြန်/ဆုန်ခရမ်တို့လို၊ လွိုင်ကထုံမီးမျှောပွဲတော်တို့လိုအခါသမယတွေမှာမယ့်ကမ်ဘောင်ဟာ လူတောတိုးဖို့အင်မတန်ခဲယဉ်းပါတယ်။

Reality မှာတော့ Social media တွေ ပုံတွေထဲကလို တိတ်ဆိတ်အေးချမ်းပြီး လှလှပပ Photo Shoot ဖို့နေနေသာသာ လိုက်ပို့တဲ့ကားတွေဟာလည်းပါကင်မရ ဘယ်နားထိုးရမလဲမသိ၊ ကားဆရာနဲ့ ဧည့်သည်တွေချည်းလာတဲ့အဖွဲ့တွေမှာလည်းကားဆရာက ကားနဲ့တိုင်ပတ်နေတော့ ဧည့်သည်တွေကလည်း အပေါ်ပဲတက်ရမလိုလို အောက်ပဲဆင်းရမလိုလို လူတွေကြားထဲယောင်လည်လည်နဲ့ ပြန်လာရမယ့် အနေအထားရှိနေတာကိုလည်း ထည့်ပြီးတွက်ထားဖို့လိုပါတယ်။ ဓါတ်ပုံကောင်းကောင်းရိုက်ဖို့နေနေသာသာ လူစုမကွဲအောင် မနည်းထိန်းထားရမယ့်အဖြစ်တွေကိုကြုံဖူးတဲ့ဧည့်သည်တွေလည်းများပါတယ်။

မယ့်ကမ်ဘောင်က ဘာလို့နာမည်ကြီးတာလဲဆိုတော့ မယ့်ကမ်ဘောင်ဖြစ်နေလို့ကို နာမည်ကြီးတာပါ။ တောင်ပေါ်မှာတည်ထားတဲ့ရွာတွေအများကြီးထဲမှာမှ Tourism ကိုကောင်းကောင်း promote လုပ်နိုင်တဲ့သူတွေရဲ့ Marketing တွေကြောင့်လည်း မယ့်ကမ်ဘောင်က နာမည်ကျော်ကြားတာဖြစ်ပါတယ်။

Travel Blogger တွေ Travel agency တွေ ဆွဲဆောင်မှုကောင်းလို့ရောက်လာပြီးတော့မှ အခြေအနေမဟန်လို့ ကွန်ပလိန်းတွေမတက်ကြခင် ဒီပို့စ်လေးကိုသေချာဖတ်ပြီးအဆင်ပြေနိုင်မယ်ဆိုမှ သွားဖို့လည်းညွှန်းလိုပါတယ်နော်။

မယ့်ကမ်ဘောင်လမ်းကြောတစ်လျှောက်ဝင်လည်လေ့ရှိကြတဲ့နေရာတွေ

- တောင်ခြေမှာမကြာသေးမီကမှ ဆောက်ထားတဲ့ T story Resort and cafe
- ရွာထဲ စမ်းချောင်းလေးနဲ့ကော်ဖီဆိုင် Teddu Cafe
- နဂါးအရုပ်ကြီးတွေရစ်ပတ်ပြီးတည်ထားတဲ့ Mon Payanaga
- San Kaphaeng ရေပူစမ်း
- Mueang On cave (ဂူအတွင်းထဲမှတည်ထားတဲ့ဘုရား)
- Giant Tree
- Kew Fin Viewpoint ဒီနေရာတွေအပြင်အခြားလည်ပတ်စရာနေရာတွေလည်းရှိပါတယ်။

အပေါ်က ဘာကြောင့်ကြိုက်ကြတယ်ဆိုတဲ့အချက်နဲ့ကိုက်ညီတယ်ဆိုရင်တော့ မယ့်ကမ်ဘောင်ကိုသွားလည်လို့ရသလို တကယ်လို့သွားလည်မယ်ဆိုရင်လည်းတရက်တော့ သီးသန့်သွားလည်ဖို့အကြံပြုလိုပါတယ်။

လည်ပတ်ချိန်မရတာကြောင့်တရက်ထဲ မယ့်ကမ်ဘောင်/ မြို့ထဲ/မွန်းဂျန် စသဖြင့် ခရီးစဉ် ပြည့်ကျပ်နေအောင်ထည့်ထားရင်လည်း ကားပေါ်တင်အချိန်ကုန်မှာမို့ခရီးထွက်ခြင်းရဲ့အနှစ်သာရ ဘာမှ ကျန်မှာမဟုတ်ပါဘူး။

မယ့်ကမ်ဘောင်၊ မွန်းဂျန် ခရီးစဉ်တွေနဲ့ ချင်းမိုင်မြို့တွင်းတဝိုက် ၊ချင်းရိုင် ၊ မယ်ဆိုင် ခရီးစဉ်တွေရေးဆွဲဖို့အပြင် ရထားလက်မှတ်၊ကားလက်မှတ်၊ လေယာဉ်လက်မှတ်တွေနဲ့ ဟိုတယ်ဘိုကင်၊ ကားအငှား၊ ဆိုင်ကယ်အငှားဝန်ဆောင်မှုတွေအတွက်𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬 မှာစုံစမ်းမေးမြန်းဖို့ဖိတ်ခေါ်ပါတယ်။

𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬
𝗣𝗵𝗼𝗻𝗲 : 𝟎𝟔𝟐 𝟎𝟒𝟏 𝟏𝟏𝟐𝟔
𝐋𝐢𝐧𝐞 𝐈𝐃 : 𝐬𝐮𝐰𝐢𝐧𝐭𝐜𝐡𝐢𝐚𝐧𝐠𝐦𝐚𝐢
𝐕𝐢𝐛𝐞𝐫: + 𝟔𝟔 𝟔𝟐 𝟎𝟒𝟏 𝟏𝟏𝟐𝟔
#မယ့်ကမ်ဘောင်

28/12/2024

မကြာမီကျရောက်မည့် ၂၀၂၅ ခုနှစ်တွင် မိတ်ဆွေများအားလုံး
ကျန်းမာစွာ ၊ ပျော်ရွှင်စွာ ဖြင့် စီးပွားဥစ္စာများလည်း ဒီရေအလားတိုးတက်ပြီး
ကောင်းကျိုးလိုအင်ဆန္ဒများအားလုံး ပြည့်ဝပါစေကြောင်း
𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬 မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည် 🙏🙏🙏

𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬
𝗣𝗵𝗼𝗻𝗲 : 𝟎𝟔𝟐 𝟎𝟒𝟏 𝟏𝟏𝟐𝟔
𝐋𝐢𝐧𝐞 𝐈𝐃 : 𝐬𝐮𝐰𝐢𝐧𝐭𝐜𝐡𝐢𝐚𝐧𝐠𝐦𝐚𝐢
𝐕𝐢𝐛𝐞𝐫: + 𝟔𝟔 𝟔𝟐 𝟎𝟒𝟏 𝟏𝟏𝟐𝟔

Address


Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Telephone

+66620411126

Website

Alerts

Be the first to know and let us send you an email when 𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝗖𝗡𝗫 𝗯𝘆 𝗦𝗪𝗬:

Videos

Shortcuts

  • Address
  • Telephone
  • Opening Hours
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share