Nang Ma Har travel & tour

  • Home
  • Nang Ma Har travel & tour

Nang Ma Har travel & tour Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nang Ma Har travel & tour, Tour Agency, .

၁၁.၁၂.၂၀၂၁မဟာဗောဓိမြိုင် ဆရာတော်ကြီး(၇)ကြိမ်မြောက် ဖူးမြှော်ပီးပါပီရှင်၁၇.၁၂.၂၀၂၁ ထပ်မံပူဇော်ဖူးမျှော်ရန်ရှိပါသေးသည်၁၇.ရ...
11/12/2021

၁၁.၁၂.၂၀၂၁

မဟာဗောဓိမြိုင် ဆရာတော်ကြီး
(၇)ကြိမ်မြောက် ဖူးမြှော်ပီးပါပီရှင်
၁၇.၁၂.၂၀၂၁ ထပ်မံပူဇော်ဖူးမျှော်ရန်ရှိပါသေးသည်
၁၇.ရက်ညတွင် မင်းဘိသိက်ခံ စေတီတွင်
ဓမ္မမိတ်ဆွေများနှင့်အတူ
ပဌာန်း ရွတ်ပူဇော်ပါမည်
၁၈.ရက်နေ့တွင်ဆရာတော်ကြီးဖူးမျှော်ပီး
စစ်ကိုင်းတွင်ညအိပ်ပီး
၁၉.ရက်နေ့တွင် ရန်ကုန်သို့ပြန်ပါမယ်ရှင်

လိုက်ပါဖူးမျှော်မည့် ဓမ္မမိတ်ဆွေများ
စာရင်းပေးသွင်းနိုင်ပါပီ

တစ်ဦးလျှင် ကားခသီးသန့် ၅၀၀၀၀ကျပ်
၂ညအိပ်၃ရက်ခရီးစဥ်ပါရှင်

09953332375
09424455160 ဆက်သွယ် နိုင်ပါတယ် ရှင်

ငွေတောင်သူသခင်မကြီး(ခ)မငွေတောင်(အချစ်​နတ်​သမီး)======================မငွေ​တောင်နှင့်ရွှေကျောက်ဆောင်​မောင်နှမအပြင်မစံပယ်န...
06/12/2021

ငွေတောင်သူသခင်မကြီး(ခ)မငွေတောင်
(အချစ်​နတ်​သမီး)
======================
မငွေ​တောင်နှင့်ရွှေကျောက်ဆောင်​မောင်နှမအပြင်မစံပယ်နှင့်မမြနှစ်တို့သည်အလုံဘိုးတော်၏မြေးများဖြစ်ကြသည်။

မငွေတောင်ကိုအရွယ်မရောက်မရောက်မီပင်ဦးမင်းကျော်ကခိုးယူပေါင်းသင်းခဲ့ပါတယ်။

ဒါကိုပရိမ္မမင်းခေါင်​ကတွေ့သဖြင့်မငွေတောင်ကိုသူ့အရပ်သို့ပြန်စေခဲ့ပါတယ်။
မငွေတောင်ဟာငယ်ငယ်ရွယ်ရွယ်နှင့်ပင်ဖျက်ဆီးခံခဲ့ရသဖြင့်​ယောက်ျားများကိုကလဲ့စားချေမည်ဟုကြုံးဝါးဖူးပါတယ်။

မငွေတောင်ဟာအကိုတော် ရွှေကျောက်ဆောင်နှင့်အတူစပြေးတောင်ပေါ်မှာနေထိုင်ပါတယ်။ မငွေတောင်ဟာဦးမင်းကျော်ဆီကထွက်လာခဲ့ပေမဲ့လည်း ဦးမင်းကျော်ကိုနေ့တိုင်းသတိရနေခဲ့ပါတယ်။
တစ်နေ့အကိုတော်ရွှေကျောက်ဆောင်က တစ်ဖက်သို့လှည့်၍ထိုင်နေစဉ် မငွေတောင်ကဦးမင်းကျော်ဟုထင်ကာ​ပြေးဖက်လိုက်ပါတယ်။ ထိုအခါရွှေကျောက်ဆောင်ကရှက်လှသဖြင့် တောင်ပေါ်မှတွန်းချလိုက်လို့တောင်ခြေသို့ရောက်သွားပါတယ်။
သို့သော်တောင်ခြေသို့မရောက်မီ လမ်းတွင်ပင် အရှင်လတ်လတ်(အရှင်ထွက်)နတ်ဖြစ်သွားခဲ့ပါတယ်။

(မြန်မာ့နတ်သမိုင်းတွင် အရှင်ထွက်နတ်ဖြစ်သူများမှာ အမေရေယဉ် ရေငံပိုင်ဦးရှင်ကြီး နှင့် မငွေတောင် တို့သာဖြစ်ပါတယ်)

မငွေ​တောင်မှာဦးမင်းကျော်စိတ်(လင်စိတ်)နှင့်နတ်ဘဝသို့ကူးသွားရသဖြင့် ယောက်ျားများကိုစိတ်နာကာ ဆံပင်အစေ့လင်သက်စေ့ယူမည်ဟု ကြုံးဝါးခဲ့ပါသည်။ အဓိပ္ပါယ်ကတော့ သူ့ဆံပင်အရေအတွက်အတိုင်းလင်တွေယူမည်ဟုဆိုလိုပါသည်။

ထို့ကြောင့် မငွေတောင်ထဘီတစ်ခါယမ်းရင်လင်တစ်သန်း ရတယ်လို့အဆိုရှိပါတယ်။ မငွေတောင်ဟာ လင်ယူပက်စက်သောနတ်ဖြစ်ပါတယ်။

ဒါကြောင့်၃၇မင်းစာရင်းမဝင်သော်လည်း မိန်းမများအကြား နတ်ဆရာများအကြား ထင်ပေါ်ကျော်ကြားသောနတ်ဖြစ်ပါတယ်။

လင်မယားချင်းအိမ်ထောင်ရေးအဆင်မပြေလျှင်လည်းမငွေတောင်ကို ကိုးကြပါတယ်။ယောက်ျားမှာမယားငယ်ယူကာအိမ်ပေါ်ကဆင်းသွားပါကမိမိဆီပြန်လာရန်မငွေတောင်ကို ကိုးကြပါတယ်။မယားကြီးထံရောက်နေ​သောအမျိုးသားကိုမယားငယ်ကသူ့ထံပြန်လာရန် မငွေတောင်ကို ကိုးလျှင်တော့ မငွေတောင်ကမကူညီဟုဆိုသည်။

မိန်းမလျာနတ်ကတော်များကလည်း လိင်တူယူချင်၍ အဆင်ပြေရန်မငွေတောင်အား အလေးထားကိုးကွယ်ကြလေသည်။
နတ်လောကထဲဝင်၍နတ်အပ်လျှင် အမေဂျမ်း အမေရေယဉ် ပုပ္ပါးမယ်တော်တို့ထံတွင် သားအရာ မောင်အရာ​အဖြစ်သာစံခန်းဝင်ရသည်။

သို့သော် မငွေတောင်ကားစံခန်းဝင်၍လက်ထပ်နိုင်ပေသည်။ မငွေတောင်ဟာမိန်းမလျာနတ်ကတော်များနှင့်လက်ထပ်နိုင်သောတစ်ပါးတည်းသောနတ်ဖြစ်ပါတယ်။

မငွေတောင်ဟာချောမောလွန်းလို့ သူ့အလှကိုမာန်တက်ကာ ဆုမတောင်းသင့်တာတွေကိုဆုတောင်းခဲ့ပါတယ်။

#ကြာဖြူမနှောက်ကြာနီပဲပေါက်ပါစေ
မငွေတောင်တို့မောင်နှမတွေနေခဲ့သော သာပြေးရွာထိပ်တွင်သာပြေးအင်းရှိပါတယ် အဲ့အင်းမှာကြိုက်တဲ့ကြာထည့်စိုက်ပါ နောက်ဆုံးမငွေတောင်ကြိုက်သောအနီရောင်ကြာသာယခုအချိန်ထိပွင့်နေဆဲဟာ မငွေတောင်ရဲ့ဆုတောင်းပြည့်တာကို​ဖော်ပြနေပါတယ်

#တစ်တောင်ခတ်ရင်တစ်ပတ်လည်ပါစေ
မငွေတောင်ဟာ သူ့ရဲ့ထဘီ​ရေသီအနားကို ခတ်လိုက်ရုံနဲ့သူ့အနားဝန်းကျင်ကယောက်ျားတွေသူ့အပေါ်တိမ်းညွှတ်စွဲမက်ပါစေ

#ဝါဝါမြင်ရင်ဘုရားရဟန္တာမှတစ်ပါးဈာန်ပျံယောက်ျားဈာန်လျောပါစေ
လောကတွင်ဘုရားရဟန္တာမှတစ်ပါး တခြားတန်ခိုးဈာန်ရှိသောလူများ မငွေတောင်ရဲ့အလှကိုမြင်ရုံနဲ့ ဈာန်လျောတဲ့အထိမူးရစ်ပါစေ

#အတောင်၂၀ဝတ်ပါစေမငွေတောင်ထဘီနဲ့အုပ်၁တောင်ခိုးလို့၁၉တောင်သာကျန်ပါစေ
မည်မျှပင်သတ္တိဗျတ္တိနှင့်ပြည့်စုံသော ၂၀ဝတ်ယောက်ျားစစ်စစ်ဖြစ်ပါစေ။မငွေတောင်ချစ်ခင်လို့ထဘီနဲ့အုပ်လိုက်လျှင်၁၉တောင်ပြည့်ယောက်ျားအဖြစ်နှင့်စိတ်မနုရင်ကိုယ်နု၊ကိုယ်မနုရင်စိတ်နုပါစေ(ပုန်းသွားပါစေ)လို့ဆုတောင်းခဲ့ပါတယ်။

သေဆုံးချိန်တွင် ထိုဆုတောင်းများကိုပြန်လည်စိတ်စွဲကာသေဆုံးခဲ့ပါတယ်။နတ်ဘဝတွင်အလုံဘိုးတော်ကြီးနှင့်ပြန်တွေ့သောအခါ သာသနာပြုမင်းရဲ့မြေးဟာအခုလိုသာသနာဖျက်ဆုတွေတောင်းရသလားဟုဆိုကာ...ထီးနှင့်မတန် နန်းနှင့်မတန်လို့ နန်းမပေးဘူးဟုစိတ်ဆိုးဆိုးနှင့်ကျိန်စာပြန်ချခဲ့ပါတယ်။

တွေ့မိတာလေးဖြစ်သည်မှားတာပါလျင် ခွင့်လွှတ်ပါ
သက်ဆိုင်သူများကို ပေးပါသည်။

cb မှာ လာတောင်းနေလို့ တင်ပေးလိုက်ပါသည်။

 #​နန်းမဟာ နဲ့အတူ မွန်းကြပ်တာတွေပြေပျောက်ပြီးပျော်ရွှင်မှုတွေရရှိဖို့ကိုကျွန်မတို့ခဏတာ တာ၀န်ယူပါရစေ #မြောက်ဦး #ငပလီ၄ညအိ...
01/12/2021

#​နန်းမဟာ နဲ့အတူ မွန်းကြပ်တာတွေပြေပျောက်ပြီးပျော်ရွှင်မှုတွေရရှိဖို့ကိုကျွန်မတို့ခဏတာ တာ၀န်ယူပါရစေ

#မြောက်ဦး
#ငပလီ
၄ညအိပ်၅ရက်ခရီးစဥ်
#တည်းခိုခန်း (3)ညအိပ်
Hotel package-200000ကျပ်

ထူးခြားတဲ့ဝန်ဆောင်မှု‌‌တွေရောသိပြီးပြီလား🙏🏻🙏🏻🙏🏻
ကားပေါ် လမ်းတလျှောက်အစာပြေ အအေးနဲ့ မုန့် ကြွေးမှာနော်
🤲 #လက်ဆေးဆပ်ပြာ/လက်သန့်ဆေးထားရှိပေးခြင်း
😷 အကန့်အသတ်မရှိ
🥛 #ခရီးစဉ်တွင် ရေသန့်လိုသလောက်သုံးဆောင်နိုင်ခြင်း

🙋 #ယဉ်ကျေးပျုငှာသော Guide တစ်ဦးပါရှိပါမည်။
🏨အဆင့်မြင့် တည်းခိုခန်း မှာတည်းမှာဖြစ်ပါတယ်။

🤟 #ပျော်ရွှင်စရာခရီးစဉ်လေးတွေမှာ အပြန်မေတ္တာလက်ဆောင်‌‌ေလး‌ေတွမဲဖေါက်ပေးပါဦးမယ်ခင်ဗျာ။
🙏အားလုံးစိတ်ချမ်းသာစေရမယ့် ခရီးစဉ်လေးပါနော်...🙏
ခရီးစဉ်နေ့ရက်
23.12.2021 ရန်ကုန်မှစထွက်
28.12.2021 ရန်ကုန်ပြန်ရောက်
(နန်းမဟာ ရဲ့ မိတ်ဟောင်း မိတ်သစ် costumer များအားလုံးကို ဤခရီးစဉ်လေးမှာ လိုက်ပါကြဖို့ ‌ဖိတ်ခေါ်လိုက်ပါရစေရှင်)
09953332375
09424455160
ဖုန်းဆက်လိုက်တာနဲ့ လက်မှတ်များကိုအိမ်အရောက်အခမဲ့ ပို့ဆောင်ပေးမှာဖြစ်လို့ မြန်မြန်လေးဆက်သွယ်လိုက်တော့နော်။

#မြောက်ဦး
#နန်းမဟာ
credit

🙏 မင်္ဂလာပါ  🙏မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးအားဖူးမျှော်ရန်စျေးနှုန်းသက်သာစွာဖြင့်ပို့ဆောင်ပေးနေပါတယ်ခင်ဗျာ..☺☺ #မဟာဗောဓ...
01/12/2021

🙏 မင်္ဂလာပါ 🙏

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးအားဖူးမျှော်ရန်စျေးနှုန်းသက်သာစွာဖြင့်ပို့ဆောင်ပေးနေပါတယ်ခင်ဗျာ..☺☺

#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးအား ဖူးမျှော်ရင်း🙏🙏🙏
#ရွှေဘို၊စစ်ကိုင်း ဘုရားဖူးခရီးစဉ်လေးကို လူကြီးမင်းတို့အား မိတ်ဆက်ပေးပါရစေ...😊😊😊

#မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး-အား...
🙏မနက်(၇)နာရီမှာ ဆရာတော်ကြီးအား ဆွမ်းကပ်၊ဖူးမျှော်ကြည်ညိုခွင့် ရပါမည်ခင်ဗျာ..🙏🙏🙏

ဆရာတော်ဘုရားကြီးတည်ထားခဲ့တဲ့မင်းဘိသိက်ခံဘုရားနှင့်နတ်တလူတောရကျောင်း
ရွှေဘိုဘုရားများနှင့်စစ်ကိုင်းဘုရားများ ဖူးမျှော်လည်ပတ်ကြရမည့်..၂ညအိပ် ၃ရက်ခရီးစဥ်လေးပါခင်ဗျာ..☺

ထွက်မည့်နေ့ရက် 10.12.2021 ထွက်ပါမည်။

ကားခသီးသန့် တစ်ဦးလျှင် 50000 နှုန်းဖြင့်ပို့ဆောင်ပေးနေပါတယ်ခင်ဗျာ ...☺

လိုက်ပါဖူးမျှော်လိုသူများ..👇👇👇

☎☎09424455160/09953332375 ကိုဆက်သွယ်လိုက်ပါဗျာ

မိသားစု၊ရုံးအဖွဲ့စည်း၊အသင်းအဖွဲ့များအတွက် ကားစင်းလုံးငှားဝန်ဆောင်မှုများလည်းဆောင်ရွက်ပေးပါတယ်ဗျ

🙏🙏🙏
ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးဆွမ်းကပ်ဖူးမျှော်ရင်း၊🍎🍓🍇🍊🍋🙏🙏🙏
👨‍👩‍👧👫ချစ်မိတ်ဆွေများ၊ကုသိုလ်ပွါးများနိုင်ကြပါစေ🙏🙏🙏

ပွဲကောက်ရေတံခွန်အတွင်း မှန်တံတားတည်ဆောက်မှု ၉၉ရာခိုင်နှုန်းပြီးစီးမန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ပွဲကောက်ရေတံခွန...
25/11/2021

ပွဲကောက်ရေတံခွန်အတွင်း မှန်တံတားတည်ဆောက်မှု ၉၉ရာခိုင်နှုန်းပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ပွဲကောက်ရေတံခွန်အတွင်း မှန်တံတားတည်ဆောက်မှုမှာ ၉၉ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ပွဲကောက်ရေတံခွန်ဟု လူသိများသည့် BE Waterfall တွင် အဆင့်မြှင့်တင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လာမည့်ဒီဇင်ဘာလတွင် ဖွင့်လှစ်မည်ဖြစ်သည်။

Source : မန္တလေးသတင်းကွန်ရက်
25:11:2021

မဟာဗောဓိမြိုင် ဆရာတော်ကြီး ခရီး စဥ်လေး၂၇.၁၁.၂၀၂၁ ရက်နေ့ကားထွက်လေးရှိပါတယ် 🙏🙏🙏၂ညအိပ်၃ရက် ခရီးစဥ်လေးပါရှင်တစ်ဦးလျင် ကားခသ...
17/11/2021

မဟာဗောဓိမြိုင် ဆရာတော်ကြီး ခရီး စဥ်လေး
၂၇.၁၁.၂၀၂၁ ရက်နေ့ကားထွက်လေးရှိပါတယ်
🙏🙏🙏
၂ညအိပ်၃ရက် ခရီးစဥ်လေးပါရှင်
တစ်ဦးလျင် ကားခသီးသန့် ၅၀၀၀၀ကျပ်ပါ
အပြန်ရွှေဘိုဘုရားများနဲ့
စစ်ကိုင်းဘုရားများ ဝင်ရောက်ဖူးမျှော်ပါမယ်ရှင်

လိုက်ပါဖူးမြှော်လိုပါက
09953332375
09799913499
09424455160ဆက်သွယ်နိုင်ပါတယ် ရှင်

ကဲ ချစ်တို့ရေ 📣📣📣ရန်ကုန်နဲ့ နီးနီးနားကနေ့ချင်းပြန် အပန်းဖြေနေရာလေးကို🚌🚌🚌သွားဖို့ မမနန်း စီစဥ်ပေးနေပါပီတစ်ဦးကို နေ့လည်စာ...
16/11/2021

ကဲ ချစ်တို့ရေ 📣📣📣
ရန်ကုန်နဲ့ နီးနီးနားက
နေ့ချင်းပြန်
အပန်းဖြေနေရာလေးကို
🚌🚌🚌
သွားဖို့ မမနန်း စီစဥ်ပေးနေပါပီ
တစ်ဦးကို နေ့လည်စာ အပါ
တစ်ဦးလျင် ၁၆၀၀၀ကျပ်
၂၈.၁၁.၂၀၂၁ ထွက်မှာပါ
လူဦးရေကန့်သက်ထားလို့
အမြန်ဆုံး hello လိုက်တော့နော်
09953332375
09424455160

#အနီးအနား
#နေ့ချင်းပြန်
#ပဲခူး

 #ပံ့သကူပစ်ပါ!တန်ဆောင်မုန်း လပြည့်ည ၁၂ နာရီမှာ ပံ့သကူပစ်ပါ။ကိုယ်ပြန်ရမယ့် စီးပွား လာဘ်လာဘ ကိုမမျှော်ကိုးပဲစိတ်စေတနာ သန့်...
14/11/2021

#ပံ့သကူပစ်ပါ!

တန်ဆောင်မုန်း လပြည့်ည ၁၂ နာရီမှာ ပံ့သကူပစ်ပါ။
ကိုယ်ပြန်ရမယ့် စီးပွား လာဘ်လာဘ ကိုမမျှော်ကိုးပဲ
စိတ်စေတနာ သန့်ရှင်းစွာ ပံ့သကူပစ်ပါ။

အစစအရာရာ ကြပ်တည်းလာတဲ့ ခေတ်မှာ
ပံ့သကူပစ်ပါ ရတဲ့ သူ ပျော်ရွှင်ပါစေ။

ငွေပမာဏ နဲသည် ဖြစ်စေ ၊ များသည်ဖြစ်စေ
ပစ္စည်း နဲသည်ဖြစ်စေ၊ များသည်ဖြစ်စေ

ကိုယ် တတ်နိုင်သည့် ပမာဏလေးကို
စေတနာ များစွာဖြင့် ပံ့သကူပစ်ပါ။

နောင်ဘဝရမည့်ကုသိုလ်၊ ယခုရမည့် ကုသိုလ် အသာထား ကြပ်တည်းနေကြတဲ့ အချိန်မှာ
ကိုယ့် ပံ့သကူလေးကြောင့် ရတဲ့သူပျော်သွားရင်

ကိုယ်ပီတိဖြစ်ရတာက အခုချက်ခြင်းရတဲ့
အကျိုးကျေးဇူးပါပဲ။

သူခိုးကြီးညမှာ စနောက်ပြီး ကျီးမနိုးပွဲလုပ်ကြသလို။

ပံ့သကူပစ်ပွဲ အစဉ်အလာလေးလဲ ဆက်ထိန်းသိမ်းကြပါစို့နော်။

ငွေ ၅၀၀ ဖြစ်စေ၊ ဆန်အိပ်သေးသေးလေးဖြစ်စေ
ဖန်ခွက်လေး တစ်ခုဖြစ်စေ
ပံ့သကူပစ်ပါသည်လို့ စာလေးရေးပြီး
ပံ့သကူပစ်ကြပါနော်။

ပံ့သကူရတဲ့ သူကလည်း မည်သူမည်ဝါပေးမှန်းမသိတော့
ဦးဘယ်သူက၊ ဒေါ်ဘယ်သူက ငါ့ကို ပေးကမ်းထားတာပဲဆိုတဲ့
အကြွေးလို ခံစားရမည့်အသိ
ကျေးဇူးကြွေး ဝန်ထုပ်ဝန်ပိုးလည်း မရှိတော့ဘူး။

သူလည်း လွတ်လွပ်စွာ ပျော်
ကိုယ်လည်း ပုဂ္ဂိုလ်စွဲမရှိ ဖြူစင်စွာလှူ
ဘယ်လောက် ဖြူစင် အေးချမ်းလိုက်သလဲ။

ပံ့သကူပစ်တဲ့ အခါ
ဗုံးလား၊ မသာမာတဲ့ ပစ္စည်းလား ဆိုပြီး
မြင်တဲ့သူ စိတ်မပူရအောင်

ကိုယ်လှူမယ့် ပစ္စည်းက
၁။ အိတ်နဲ့ ထည့်မှ ရမည်ဆိုလျှင် ကြွပ်ကြွပ်အိတ် အကြည်သုံးပေးပါ။

၂။ အိတ်မလိုရင် ဒီအတိုင်းလေး ပစ်ပါနော်

အထူးအရေးကြီးတာက
"ပံ့သကူပစ်ပါသည်" ဆိုတဲ့ စာလေး ကပ်ထားပေးနော်
ရတဲ့သူတွေ ဘေးကင်းပြီး သောက ကင်းစွာ
ရယူနိုင်ကြပါစေ။

တန်ဆောင်မုန်းလပြည့်ညမှာ
ပံ့သကူပစ်တဲ့ အစဉ်အလာလေး ပိုပြီးတွင်ကျယ်လာအောင် တစ်ဖက်တစ်လမ်းက ပါဝင်ကြမယ်နော်။

ရယူတဲ့ ပျော်ရွှင်မှုထက်
ပေးကမ်းလို့ရတဲ့ ပျော်ရွှင်မှုက
ပိုအေးချမ်းရတယ် မဟုတ်လား။

Share ပေးပါ
to Original Uploader

ခြေမတစ်ချောင်းရင်း၍ သာသနာပြုခဲ့ရသော လားဟူဘုရား🙏(သို့မဟုတ်)မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး🙏မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟ...
14/11/2021

ခြေမတစ်ချောင်းရင်း၍ သာသနာပြုခဲ့ရသော လားဟူဘုရား
🙏(သို့မဟုတ်)မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး🙏

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဟာ ဆင်းရဲဒုက္ခ
ကြုံတွေ့နေရတဲ့ ခုနှစ်ရက်သားသမီးတွေကို ကယ်တ
င်ဖို့ ဝါဆိုလပြည့်ကျော်တရက်‌‌နေ့ကစပြီးဆွမ်းခံကြွချီး
မြှောက်နေတာ ဖြစ်ပါတယ်။

တရားတန်ခိုးကြောင့်သာ ဆရာတော်ဘုရားကြီးကို
ရွှင်ရွှင်လန်းလန်းဖူးတွေ့နေရပေမယ့် ဆရာတော်ဘု
ရားကြီးရဲ့ ရုပ်ခန္ဓာဟာ ထိခိုက်ဒဏ်ရာတွေ ဗလပွနဲ့ပါ။
ဆရာတော်ဘုရားကြီးဟာ မိမိခန္ဓာအရေးထက် ခုနှစ်
ရက်သားသမီးတွေရဲ့ ပူလောင်သောက၊ဆင်းရဲဒုက္ခ ငြိ
မ်းစေလိုတဲ့ ဂရုဏာကြောင့် နေပူမရှောင်မိုးရွာ မရှောင်
ဆွမ်းခံကြွချီးမြှောက်နေတာ ဖြစ်ပါတယ်။

ဆရာတော်ဘုရားကြီးဟာသက်တော်(၈၀)ကျော်လို့
တနှစ်စွန်းနေပြီဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးတ
ရားကျင့်ခဲ့တဲ့ တလျောက်လုံး ကြုံခဲ့ရတဲ့ ဆင်းရဲဒုက္ခတွေဟာ များလှပါတယ်။ရေးလို့မကုန်နိုင်ပါဘူး။အဓိက အချက်လောက်နဲ့ နောက်ဆုံးသီတင်းသုံးနေတဲ့ ကျော
င်းဆောင်ရဲ့ ထူးခြားချက်ကိုတင်ပြပေးပါ့မယ်။

ဆရာတော်ဘုရားကြီး ရဲ့ခြေရာတော်ကိုဖူးကြပြီး အမျိုး
မျိုးရေးကြပေမယ့် ဆရာတော်ဘုရားကြီးမှာ ခြေမတစ်
ချောင်းမရှိတာ သတိမထားမိကြပါဘူး။ ဆရာတော်ဘု
ရားကြီး ရှမ်းပြည်နယ် မိုင်းပျဉ်းမြို့က သုဝဏ္ဏသျှံတော
င်မှာ သီတင်းသုံးနေတုန်းက ဒေသခံ လားဟူ၊ လီရှော
လူမျိုးတွေဟာ ဆရာတော်ဘုရားကြီးကို ဘုရားလို့ပဲ
ခေါ်ဝေါ်ကြပါတယ်။

လားဟူဘုရားလို့ သုံးနှုန်းကြပါတယ်။ချမ်းတုန်အောင်
အေးတဲ့ ရာသီဥတု၊ရေခဲတမျှအေးစက်နေတဲ့ တောင်
တက်,တောင်ဆင်းကျောက်ခဲလမ်းတွေမှာ ဖိနပ်မပါပဲ
ကြွခဲ့ရတာကြောင့် ဆရာတော်ဘုရားကြီးရဲ့ ညာဘက်
ခြေမဟာ အနာပေါက်လာခဲ့ပါတယ်။ ညာဘက်‌ခြေ
ထောက်ဟာလည်း ထုံကျင်ကိုက်ခဲလျှောက်ရခက်လာ
ပါတယ်။

နောက်ဆုံးလမ်းလျှောက်လို့မရတဲ့အထိအခြေအနေဆိုးလာပါတယ်။‌ခြေမ မဖြတ်ပါကတပတ်သာအသက်ရှင်ဖို့အထိအခြေအနေဆိုးလာပါတော့တယ်။ခြေမကို ဖြတ်ဖို့ ဆရာဝန်ကြီးတွေဟာ ပစ္စည်းကိရိယာတွေနဲ့ရောက်လာပေမယ့် ဆရာတော်ဘုရားကြီးကတရက်စောင့်ခိုင်းတာကြောင့်မဖြတ်ဖြစ်လိုက်ပါဘူး။

နောက်ရက်မှာ ခြေမဟာအနာစားတဲ့နေရာကနေ ပြတ်
ကျလို့ သွေးစိမ်းရှင်ရှင် ထွက်လာတဲ့အတွက် ခြေမ
တစ်ချောင်းလုံးမဆုံးခဲ့ပေမယ့်ညာဘက် ခြေမရှေ့ပို
င်းတော့ ဆုံးခဲ့ရပါတယ်။ဆရာတော်ဘုရားကြီးဟာ သုဝဏ္ဏသျှံမှာ ကျင်းပခဲ့တဲ့ နတ်ကိုးကွယ်တဲ့လားဟူ၊လီရှော တွေ ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူခဲ့တဲ့ပွဲကိုခြေမတချောင်းဆုံးပြီးပြုခဲ့ရတဲ့ သာသနာကွလို့တပည့်ဖြစ်သူကို မိန့်ကြားခဲ့ဖူးပါတယ်။

ဆရာတော်ဘုရားကြီး စစ်ကိုင်းပရက္ကမလှိုဏ်ဂူမှာ တရားကျင့်စဉ်ကလည်း ဆွမ်းခံရသမျှကို တခြားသောသံဃာတွေအတွက်ဇလုံအပြည့် ပြန်လည်လှူဒါန်းတဲ့ အဓိဌာန်ဆောက်တည်ခဲ့ပါတယ်။ဆွမ်းကွမ်းအရနည်းတဲ့အခါ အဓိဌာန်အပျက်မခံပဲ ဇလုံပြည့်အောင် လှူတဲ့အခါ သပိတ်ထဲ ဘာမှ မကျန်တော့ပါဘူး။သပိတ်ကပ်နေတဲ့ ထမင်းလုံးတွေကို ရေနဲ့ကျင်းပြီး ဝမ်းမီးငြိမ်းခဲ့ရပါတယ်။သောက်ရတာလည်းထုံးရေ ဖြစ်တာကြောင့် အစာအိမ်က သွေးထွက်တဲ့အထိ ရောဂါခံစားလာရပါတယ်။အဲ့ဒီအစာအိမ်ရောဂါကိုလည်း အချိန်တော်တော်ကြာကုသခဲ့ရပါတယိ။ခုချိန်ထိ အစာအိမ် ရောဂါ အရှင်းမပျောက်တော့ပါဘူး။ဒါတွေရေးရတာက သက်တော်က လည်းကြီး ခန္ဓာကိုယ်ကြီးကလည်း ဇရာရော၊ဝေဒနာပါဖိစီးနေပေမယ့်ဆွမ်းခံကြွချီးမြှောက်နေတဲ့ဆရာတော်ဘုရားကြီးရဲ့ မေတ္တာတော်ကို မြင်စေချင်လို့ဖြစ်ပါတယ်။

ဒီနေ့ခေတ်ရဲ့ ထူးခြားမှုတခုကတော့ ဗိဿနိုးခေတ်က လူတွေ က ခုခေတ်မှာ လူပြန်ဖြစ်ပြီး သာသနာပြုနေကြတာဖြစ်ပါတယ်။မဟာဗောဓိမြိုင်ဆရာတော်ကြီးက ဗိဿနိုးခေတ်က ပန်ထွာဘုရင်မ လေးစားချစ်ခင်ရတဲ့ စစ်သူကြီးဖြစ်သလို၊သဲဖြူဆရာတော်ကလည်း ပန်ထွာဘုရင်မရဲ့ ကိုးကွယ်ရာ ရသေ့ကြီးဖြစ်ပါတယ်။ပန်ထွာဘုရင်မရဲ့ ယောက်ျားဖြစ်တဲ့ ဒွတ္တဘောင်မင်းကြီးကလည်း လူပြန်ဖြစ်နေပါပြီ အားလုံးက ကျွတ်တမ်းဝင်ကြတော့မှာပါ ။ဆရာတော်ကြီးတွေနဲ့ စပ်ဆက်ပတ်သတ်နေကြတဲ့သူဌေး၊သူကြွယ်တွေထဲမှာလည်း ဗိဿနိုးအဆက်တွေ အများကြီးရှိနေတာလည်း အံ့ဩစရာကောင်းလှပါတယ်။

မဟာဗောဓိမြိုက်ဆရာတော်ဘုရားကြီးရဲ့ တခြားသောဆရာတော်ကြီးများနဲ့မတူတဲ့ထူးခြားချက်က လောကီ ဓာတ်ပိုင်းဆိုင်ရာ သိနားလည်မှုဖြစ်ပါတယိ။ဆရာတော်ဘုရားကြီးရဲ့ အတိတ်ဘဝက လောကီပညာပိုင်းဆိုင်ရာမှာ ဆရာတဆူဖြစ်အောင်သင်ကြားခဲ့လို့ဖြစ်ပါတယ်။အကျယ်တော့မရေးတော့ပါဘူး။ဆရာတော်ကြီးရဲ့ ဉပဇ္ဈာယ်ဆရာတော် ဦးဝိမလဟာ ဘိုးမင်းခေါင်ရဲ့တပည့်ဖြစ်ပါတယ်။နောင်ပွင့်တော်မူမယ့် အရိမေတ္တယျဘုရားရှင်လက်ထပ်မှာ ကျွတ်တမ်းဝင်မယ့် ဆုထူးပန်ဖြစ်တယ်လို့ ဆရာတော်ဘုရားကြီးမိန့်ကြားဖူးပါတယ်။ဆရာတော်ဘုရားကြီးကိုလည်း ဘိုးမင်းခေါင်အပါအဝင်ဝိဇ္ဇာတွေနဲ့ ပတ်သတ်မှုရှ်ိတာကိုလည်းတွေ့ရပါတယ်။ဆရာတော်ကြီးကို ဘုရားတည်ဖို့လျှောက်ထားတော့ ဆရာတော်ကြီးက မတည်ချင်ဘူးလို့ မိန့်ကြားပါတယ်။ဒါနဲ့ တာဝန်ကျေအောင် 3ဆူတော့ တည်ပါ့မယ်လို့ ကတိထားပြီး3ဆူတည်ခဲ့ပါတယ်။ဘိုးမင်းခေါင်ကိုယ်တိုင် ဆရာတော်ကြီးကို ဆပ်ကပ်ခဲ့တဲ့ စေလို‌ရာစေ ဂါထာကိုလည်း သိကြမယ်ထင်ပါတယ်။လောကီအကျိုးပေးဂါထာမို့ ဆရာတော်ကြီးက မသုံးပါဘူး။လောကီအကြောင်းထည့်ရေးနေတာက ဆရာတော်ဘုရားကြီးနောက်ဆုံးသီတင်းသုံးနေတဲ့ ကျောင်းဆောင်နဲ့ပတ်သတ်နေလို့ ဖြစ်ပါတယ်။

ဆရာတော်ဘုရားကြီးရဲ့ လောကီဓာတ်ပိုင်နိုင်မှုကို ဆရာတော်ဘုရားကြီးရေးတဲ့စာအုပ်တွေမှာ ကွက်ကွက်ကွင်းကွင်းတွေ့နိုင်ပါတယ်။ဆရာတော်ဘုရားကြီးနောက်ဆုံးသီတင်းသုံးတဲ့ကျောင်းဆောင်ဟာ သက်ကယ်မိုး၊ဝါးကပ်ကာကျောင်းဆောင်ဖြစ်ပါတယ်။ဘာထူးခြားပါသလဲ။ဝါးကပ်ကာတာက လူ့အသက်အန္တရာယ်ကို ဝါးမြိုနေတဲ့ ကပ်ရောဂါကို ကာတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။သက်ကယ်မိုးတာက အသက်တွေကို ကယ်တဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။လောကီပညာရပ်ကို နှံ့စပ်စွာလေ့လာဖူးသူတိုင်းဒီအစီအရင်ရဲ့အကျိုး‌ကျေးဇူးအဓိပ္ပာယ်ကို ကောင်းကောင်းသိကြပါတယ်။လောကုတ္တရာလမ်းလျှောက်နေပေမယ့် ခုနှစ်ရက်သားသမီးတွေအတွက် လောကီမှာပါ ပါဝင်ကယ်တင်ပေးနေတဲ့ ဆရာတော်ကြီးရဲ့ မေတ္တာတော်ကိုကြည်ညိုနိုင်အောင်ဖြစ်ပါတယ်။

ဆရာတော်ဘုရားကြီးဖူးတွေ့ခွင့်ပြုတာနဲ့ လူတွေတရုန်းရုန်း၊တအုန်းအုန်းစည်ကားနေတာလည်း ခုမှ မဟုတ်ပါဘူး။မိုးမိတ် မပဒါန်းလှိုဏ်ဂူမှာသီတင်းသုံးနေတုန်းကလည်း ဒီလိုပဲဖြစ်ပါတယ်။အတိတ်ဘဝက ကိုယ်ရှုပ်ခဲ့တော့ ခုဘဝ ကိုယ့်လာရှုပ်ကြတာပဲလို့ ဆရာတော်ကြီးက မိနိ့ကြားပါတယ်။လူတွေမှ မဟုတ်ပါဘူး၊နတ်တွေရော၊ပရလောကသားတွေကိုပါ ရည်ရွယ်မိန့်ကြားတာဖြစ်ပါတယ်။ဆရာတော်ဘုရားကြီးကို ဖူးတွေ့ခွင့်ရကြသူတွေ၊ဆရာ‌တော်ကြီးကိုမဖူးရ‌ပေမယ့်တရား‌တော်များနာကြားခွင့်ရကြသူ‌တွေဟာလည်း အတိတ်ဘဝက ဆရာတော်ကြီးနဲ့ ပဌာန်းဆက်ရှိခဲ့သူတွေလို့ ဆရာတော်ဘုရားကြီးရဲ့စကားအရ ကောက်ယူလို့ ရပါတယ်။

ဆရာတော်ဘုရားကြီးကို ကိုယ်တွေ့ဖူးရသည်ဖြစ်စေ၊မဖူးရသည်ဖြစ်စေ ဆရာတော်ကြီးဟောကြားခဲ့တဲ့တရားတော်များကို နာကြားလိုက်နာ အားထုတ်ကြရင်း တရားထူးရသောပုဂ္ဂိုလ်များဖြစ်ကြပါစေလို့ ဆုတောင်းရင်း စာကိုအဆုံးသတ်လိုက်ပါတယ်ခင်ဗျား။။

#မူရင်းရေးသားသူအားခရက်ဒစ်ပေးပါသည်

Ashin Jotika. 25/10/2021

 #အိမ်ထောင်တစ်ခုမှာ .......အိမ်ထောင်ရှင် အမျိုးသမီးက ဘာသာရေးလုပ်ရင်/ကုသိုလ်ကောင်းမှုဒါနအားတွေများလာရင်... အိမ်ထောင်ဖက်အမ...
13/11/2021

#အိမ်ထောင်တစ်ခုမှာ .......
အိမ်ထောင်ရှင် အမျိုးသမီးက
ဘာသာရေးလုပ်ရင်/ကုသိုလ်ကောင်းမှု
ဒါနအားတွေများလာရင်...

အိမ်ထောင်ဖက်
အမျိုးသားက ကုသိုလ်အလိုလိုရလာပါတယ်
အဲဒီအတွက် ကုသိုလ်အလုပ်ပိုလုပ်ပါတယ်
ပိုလှူပါတယ်

ကိုယ့်မိသားစုကို ချစ်ရင်ဖတ်ကြည့်နော်

🙏ပဋ္ဌာန်းဒေသနာတော်လာ
ဥပနိဿယပစ္စည်းအရ
မိသားစုတစ်စုမှာ
တစ်ယောက်ယောက်က
အကုသိုလ် အရမ်းများနေရင်

🙏သူ့အကုသိုလ်ကံကြောင့်
သူနဲ့ ပတ်သက် ဆက်နွယ်နေတဲ့
ကျန်တဲ့မိသားစုဝင်တွေပါ
ဆင်းရဲဒုက္ခ ရောက်ရတတ်ပါတယ်။

အဲဒီလိုပါပဲ

🙏မိသားစုဝင်တွေ ထဲမှာ
ဘာသာရေး လိုက်စားပြီး
ဘုရားတရားကိုင်းရှိုင်းတဲ့
သူတစ်ယောက်ပါလာရင်လည်း

🙏သူ့ကုသိုလ်ကို အကြောင်းပြုပြီး
ကျန်တဲ့ မိသားစုဝင်တွေပါ
ကြီးပွားချမ်းသာ ရတတ်ပါတယ်။

🙏ကံတွေရဲ့ သဘောတရားအရ
ထိုပုဂ္ဂိုလ်ရဲ့ ကုသိုလ်ကံက အားကြီးနေရင်
ကိုယ့်မိသားစုအပေါ် ကျရောက်မည့်
ဘေးဒုက္ခ ဆိုးကျိုးတွေကို
ဥပဃာတကကံအဖြစ်နဲ့ ဖြတ်တောက်ပြီး
ကုသိုလ်ရဲ့ အကျိုးကြီးပွား
ချမ်းသာမှုတွေကို ခံစားရတတ်ပါတယ်။

🙏လောကဥပမာနဲ့ ပြောရရင်
သစ်တစ်ပင်ကောင်းတော့
ငှက်တစ်သောင်း နားခိုရသလိုပါပဲ။

ဒါကြောင့်ကိုယ့်မိသားစုကို ချစ်ရင်

ကြီးပွား ချမ်းသာချင်ရင်

ဘေးဘယာတွေ ဝေးကွာစေချင်ရင်

သူတို့ကို ကုသိုလ်ပြုဖို့
တိုက်တွန်းလို့ မရခဲ့ရင်တောင်
ကိုယ်ကိုယ်တိုင် ကုသိုလ်ကောင်းမှု
များများလုပ်ပေးဖို့ လိုပါတယ်။

မမေ့မလျော့သော သတိတရားနဲ့
ကုသိုလ်တရားတွေကို
ဆည်းပူး အားထုတ်နိုင်ကြပါစေ။

မူရင်း-Credit......
လောကပါလဆရာတော်-ဓနုဖြူ
🙏🙏🙏

ချစ်တို့ရေ 📣📣📣pageလေးကိုlike & share လုပ်ပေးကြပါအုံးနော်commentမှာလည်း shareထားတာလေးss ရိုက်ပြပီး လိုက်ပါမယ့်ခရီးစဥ်တိုင...
13/11/2021

ချစ်တို့ရေ 📣📣📣
pageလေးကို
like & share
လုပ်ပေးကြပါအုံးနော်
commentမှာလည်း shareထားတာလေး
ss ရိုက်ပြပီး
လိုက်ပါမယ့်ခရီးစဥ်တိုင်း အတွတ်
10% discount ရယူလိုက်ပါ

မဟာဗောဓိမြိုင် ဆရာတော် ဘုရာကြီးအားသွားရောက်ဖူးမြှော်ရန် 🙏🙏🙏၁၇ရက်နေ့ကားထွက်လေးရှိပါတယ်🚌🚌🚌ခရီးစဥ်လေးက၂ညအိပ်၃ရက်ဖြစ်ပီးတန်ဆ...
13/11/2021

မဟာဗောဓိမြိုင် ဆရာတော် ဘုရာကြီးအား
သွားရောက်ဖူးမြှော်ရန် 🙏🙏🙏
၁၇ရက်နေ့ကားထွက်လေးရှိပါတယ်
🚌🚌🚌
ခရီးစဥ်လေးက
၂ညအိပ်၃ရက်ဖြစ်ပီး
တန်ဆောင်မုန်းလပြည့်နဲ့တိုတ်တဲ့အတွတ်⚪
ဆရာတော်ဘုရားကြီးအား ဖူးမြှော်ရင်း🙏🙏🙏
ကထိန်အလှူနှင့် ဆရာတော်ကြီးသတင်းသုံးရာ
ကျောင်းတွင် ဆီမီးဆပ်ကပ်ကြပါမည်
🎆🎆🎆
လိုက်ပါလိုသူ ဓမ္မမိတ်ဆွေများ📣📣📣
တစ်ဦးလျင် ကားခသီးသန့် ၅၀၀၀၀ကျပ်
09953332375/09424455160
ကိုဆက်သွယ်နိုင်ပါသည်

ကော့သောင်းခရီးစဥ်လေး 🏊‍♀️🏊🏊‍♀️🏖🏖🏝🏝၅ဦးပြည့်တာနဲ့ ခရီးစဥ်လေးထွက်ပါမယ်ရှင်အသေးစိပ်ကို09953332375 (or)cb မှာမေးမြန်းလို့ရပါ...
13/11/2021

ကော့သောင်းခရီးစဥ်လေး 🏊‍♀️🏊🏊‍♀️🏖🏖🏝🏝
၅ဦးပြည့်တာနဲ့ ခရီးစဥ်လေးထွက်ပါမယ်ရှင်
အသေးစိပ်ကို
09953332375 (or)cb မှာမေးမြန်းလို့ရပါတယ်
၅ဦးပြည့်တာနဲ့ ခရီးစဥ်ရှိပါတယ်

#ကော့သောင်း
#ရေငုပ်
#ကျွန်းပက်
#နွေရိပ်
#အပန်းဖြေ
#ကမ်းခြေ

🙏🙏🙏
13/11/2021

🙏🙏🙏

Address


Website

Alerts

Be the first to know and let us send you an email when Nang Ma Har travel & tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share