Kha Yee

Kha Yee Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kha Yee, Travel Service, .

အရင်က အဒေါ်က စျေးမှာ ကြက်သားရောင်းတယ်။  တစ်ခါတစ်လေ ရောင်းကုန်တဲ့ ရက်ရှိသလို ရောင်းမကုန်တဲ့ရက်လည်း ရှိတယ်။ရောင်းလို့မကုန်...
17/11/2022

အရင်က အဒေါ်က စျေးမှာ ကြက်သားရောင်းတယ်။ တစ်ခါတစ်လေ ရောင်းကုန်တဲ့ ရက်ရှိသလို ရောင်းမကုန်တဲ့ရက်လည်း ရှိတယ်။

ရောင်းလို့မကုန်တော့ အိမ်ပြန်သယ်လာပြီး ရေခဲရိုက် မနက်ပြန်ရောင်းပေါ့ ။

မနက်ကျတော့ ကြက်က ဖြူပြီး မလတ်ဆတ်တော့ဘူး။ ဝယ်သူကလည်း မလတ်ဆတ်တဲ့ ပုံပေါက်နေရင် မဝယ်တော့ဘူး။

အဲ့တော့ အိမ်မှာစားရင်စား မစားရင်ပစ်ချ။ ဒါပဲရှိတယ်။ တစ်ခါတစ်လေ အရင်းရှုံးတယ်။

တစ်နေ့ အဒေါ်အိမ်မှာစျေးသိမ်းချိန် ကြက်သားသွားဝယ်တဲ့အခါ အဒေါ်က ဆေးထိုးအပ်နဲ့ ကြက်ကောင်တွေထဲကို အရည်ကျည်တစ်မျိုးထိုးသွင်းနေတာ တွေ့တယ်။

အဒေါ် ကြက်သားပိုလား ပေါင်တစ်ခြမ်းနဲ့ ရင်ပုံတစ်ခြမ်းလောက် လိုချင်လို့ ပြောတော့ အဒေါ်က ဟိုဘက်တောင်းထဲက အကောင်ယူခဲ့ ငါတုံးပေးမယ်လို့ ပြောတယ်။

ဒီဟာလည်း တူတူပဲလေ ဒီဟာပဲ တုံးပေးလိုက်လေအဒေါ်လို့ ပြောတာ ဒီဟာက ဆေးထိုးထားတယ် မစားနဲ့တဲ့ .. ဟင် !!

ဘာဆေးတွေလဲ ဒေါ်လေးလို့ မေးတော့ ... ဖော်မလင်တဲ့။

ဖော်မလင်က ဘာဆေးလဲ ထပ်မေးကြည့်တော့ ကြက်သားတွေ အရောင်မဖြူ မပုတ်မြန်အောင်ထိုးတဲ့ဆေးတဲ့။ အဲ့ဒါထိုးထားရင် သုံးရက်လောက် ရေခဲရိုက်ပြီး ပြန်ရောင်းလည်း ဘာမှမဖြစ်ဘူးတဲ့ ...။

ဟာဒေါ်လေး အဲ့ဒါဆို စားသုံးသူတွေ ရောဂါရကုန်မှာပေါ့လို့ ပြောတော့ တစ်စျေးလုံး ပဲပြားသည်ကအစ ငါးစိမ်းသည်အဆုံးအကုန်ထိုးနေကြတာပဲတဲ့ ... ငါ့ကိုတောင် သူတို့နည်းပေးလို့ သိတာတဲ့။

ဟာ ဒေါ်လေး အဲ့လိုတော့ စီးပွားမရှာပါနဲ့ ငတ်ရင်ငတ်သွားပါစေ ကိုယ့်မိသားစု ထမင်းတစ်လုပ်အတွက် တစ်ပါးသူတွေက ရောဂါခံစားပြီး သေကြမှာတော့ သမီးလက်မခံဘူး ဒေါ်လေးရေ လို့ ပြောတော့ ..

ညည်းက မနေ့တနေ့ကမှ လူဖြစ်လာတာပါအေ တစ်စျေးလုံး အဲ့လိုတွေချည်းပဲ ငါးစိမ်းသည်လည်း ရောင်းမကုန်တဲ့ ငါးကြီးတွေကို ဖော်မလင်ထိုးထည့်ပြီး ရေခဲရိုက်ပြန်ရောင်းတယ်။

ငါးလေးတွေကျတော့ စိမ်ပြီးကြာရှည်ထားခံအောင် ဖော်မလင်ရည်တွေနဲ့ပြန်စိမ်ပြီး ရောင်းတယ်။ ပဲပြားသည် ကြက်သွေး ဝက်သွေး မျှစ်ချဉ်အကုန်လုံးက ဖော်မလင်နဲ့ မကင်းဘူးတဲ့ အဒေါ်ပြောမှ သိခဲ့တယ် ။

အဒေါ်လည်း ဆုံးသွားတာ နှစ်နှစ်လောက်ရှိပါပြီ။ သူလည်း ဝဋ်ကြွေးလို့ပြောရမှာပေါ့။ နှလုံးနဲ့သွေးတိုးစဖြစ်တယ်။ ဆေးရုံတင်ထားတာတောင် အစာအိမ်သွေးကြောပေါက်ပြီး ဆုံးတယ်။ ဒါကြောင့် စျေးဝယ်ရင် အသီးအနှံအရွက်ဆိုရင် ဆားရေစိမ်ပြီးမှ လေးငါးထပ်လောက်ပြောင်နေအောင် ဆေးပြီး ချက်တယ် ။

အသားငါးဆိုရင်လည်း ဆားရေနဲ့ပဲ သုံးထပ်လောက် ဆေးပြီး ချက်တယ်။

အိမ်က ခြေလေးချောင်းသားမစား အသားလည်းသိပ်မဝယ်ချက်ကြတော့ အသီးအနှံတွေပဲ စားတာများတယ်။

ဘာမှမသိရှာတဲ့ မြန်မာပြည်သူပြည်သူသားတွေကတော့ ခံကြပေဦးပေါ့။ စောစောစီးစီး အသက် ၅၀ ၆၀ လောက်နဲ့ သေရဖို့အရေးကို အနာမျိုးကိုးဆယ့်ခြောက်ပါး ကင်ဆာရောဂါဆိုးတွေနဲ့ မသေခင်မိတ်ဆက်သွားကြရရှာပါတယ်။

Credit : Moe Angle
Crd # Dr. Maythu
==========

ရေ 1hr စိမ်။ 61%လျော့။
ဆားရေ 1hr စိမ် 90%လျော့။
ဆန်ဆေးရေ နဲ့ဆေး ပီးရင် ရေ ထပ်ဆေး 70% လျော့။
Fruits တွေ ဆားရည်နွေး 10min စိမ် 98% လျော့။
အထိရောက်ဆုံးနည်း က ဗီနီဂါ 1cup (236 ml) ရေ 1 liter ရောပြီး 15 to 20 min စိမ် 98% လျော့ပါသည်။

Credit : Marry Cho
==========

ပြန်လည်မျှဝေပါသည်။

ချစ်ခြင်းအားဖြင့်
ရှင်း ✨✨✨

 #အာဇာနည်နေ့ ၁၉၄၇-ခုနှစ် ဇူလိုင်လ (၁၉) ရက်၊ နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်တွင် လုပ်ကြံမှုကြောင့် ကျဆုံးသွားသော ဗိုလ်ခ...
19/07/2022

#အာဇာနည်နေ့

၁၉၄၇-ခုနှစ် ဇူလိုင်လ (၁၉) ရက်၊
နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်တွင် လုပ်ကြံမှုကြောင့် ကျဆုံးသွားသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများအား ရိုသေလေးစားစွာဂါရဝပြုအပ်ပါသည်။

#၁၉ဇူလိုင်မမေ့နိုင်

"ရွှေအင်းတိမ်"ဟုနံမည်ကြီးသော အင်းလေးဒေသတွင်း တောအုပ်တစ်နေရာက ဘုံဗိမ္မာန်Inndein at Innlay (Shan State)✅ အင်းလေးရောက်ခဲ့ရ...
04/06/2022

"ရွှေအင်းတိမ်"ဟုနံမည်ကြီးသော အင်းလေးဒေသတွင်း တောအုပ်တစ်နေရာက ဘုံဗိမ္မာန်

Inndein at Innlay (Shan State)

✅ အင်းလေးရောက်ခဲ့ရင် ဓာတ်ဖမ်းချင်သူများနှင့်
စူးစမ်းရတာ နှစ်သက်သောသူများမသွားမဖြစ်သွားရောက်လည်ပတ်သင့်တဲ့နေရာလေးတစ်ခုပါ။

ဘာလို့လဲ?

✅တော်တော်များများကသေချာရေးထားတာ မတွေ့ပေမဲ့ ရှင်း ကတော့ သွားဖြစ်အောင် သွားဖို့ တိုက်တွန်းချင်ပါတယ်။ သေချာတာကအရမ်းလှပါတယ်။ အင်းလေးရောက်ရင် လှေဖြင့်အလွယ်တကူ သွားရောက်နိုင်သလို တန််ဖိုးမဖြတ်နိုင်တဲ့ သဘာဝ တောတွင်းရှုခင်းများနှင့် လတ်ဆတ်တဲ့ လေကောင်းလေသန့်လဲရနိုင်ပါတယ်။ နောက်ပြီး တောတွင်းထဲမှာ ယိုယွင်းပျက်စီးစပြုနေပေမဲ့ ရှေးလက်ရာ စေတီများက လေ့လာဖို့ထိုက်တန်ပါတယ်။

နံမည်ကျော် ကက္ကူဘုရားနှင့်နဲနဲဆင်တူသော်လည်း အင်းတိမ်ရဲ့ ခန့်ညားဆဲစောင်းတန်းအရှည်ကြီးနဲ့ ရှေးဟောင်းစေတီတွေက လုံးဝထူးခြားနေဆဲပါပဲ။ အင်းတိမ်ဘုရားကြီးရင်ပြင်တော်ပေါ်သို့ စောင်တန်းကို တစ်ဝက်လောက်ပဲတက်ပြီး တစ်ဝက်ကို တော
လမ်းလေးက သွားမယ်ဆိုရင် ထူးခြားလှပနေတဲ့စောင်းတန်းအရှည်ကြီးနှင့်ဓာတ်ဖမ်းနိုင်သလိုရှေးဟောင်းအင်းတိမ်ဘုရားတွေလဲလေ့လာနိုင်ပါတယ်။ ရင်ပြင်တော်ပေါ်မှာတော့ အင်းတိမ် မြတ်စွာဘုရားကြီးကို ဖူးမြော်ပြီးပါက စေတီအသစ်များနှင့် ပြုပြင်ထားသော စေတီတော်များအားလည်း တွေ့ရှိနိုင်ပါတယ်။

ဘယ်လိုသွားမလဲ?

✅အခုနောက်ပိုင်းမှာတော့ ခရီးသွားကုမဏ္ဏီများက package ခရီးစဉ်တွေထဲ အင်းတိမ်ကို ထည့်သွင်းလာတာကြောင့် ကိုယ့်ဘာသာကို အလုပ်ရှုပ်စီစဉ်စရာမလိုတော့ပါဘူး။ သို့သော်လည်း admin တို့လို လူအများနှင့် မသွားချင်သော လူနည်းစုကသီးသန့်ရှိနေတာကြောင့် တစ်ကယ်လို့များ ကိုယ်တိုင် သွားချင်ပါက လှေစီးရတာ နဲနဲ အချိန်ပေးရတဲ့အတွက် မနက်ပိုင်းသွားဖို့ အကြံပေးချင်ပါတယ်။ အင်းလေးရောက်ပါက မိမိတည်းသောဟိုတယ်များ၌ မေးမြန်းစုံစမ်းနိုင်သလိုလှေအလွယ်တကူငှားလို့ရနိုင်ပါတယ်။ မိုးတွင်း နဲ့ ရေနည်းနည်းကျချိန်ဆိုရင်တော့ သွားလာဖို့အဆင်ပြေမပြေလှေသမားများကို အရင်စုံစမ်းသင့်ပါတယ်။

သမိုင်းကြောင်း

✅ မြန်မာနိုင်ငံ၏ အံ့ချီးမကုန်သော နေရာများထဲမှ တစ်ခုဖြစ်သော ရွှေအင်းတိမ်ဘုရားသည် ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့ အင်းတိန်ရွာတွင်တည်ရှိသည်။ စေတီများမှာ ဘီစီ ၁၇ ရာစုလောက်တွင် တည်ထားသည်ဟု သမိုင်းများ၌ ဖော်ပြထားသည်။ အရန်စေတီ ၁၀၅၄ ဆူနှင့် စောင်းတန်းအရှည်မှာ ၃.၃ ဖာလုံရှိသည်။ စောင်တန်းအရှည်မှာ တိုင်လုံး ၄၀၃ ဝန်းကျင်နှင့် တည်ဆောက်ထားသည်။ ရှေးဟောင်းစေတီများမှာ ယိုယွင်းပျက်စီးစပြုနေသော်လည်း ဒေသခံပြည်သူများနှင့်ဆိုင်ရာများက ဆက်လက်မွမ်းမံနေတယ်လို့လဲကြားသိရပါတယ်။

သာသနာပြုမင်းဟုကျော်ကြားသော အသောကမင်းတရားကြီးမှ တည်ထောင်ကိုးကွယ်ခဲ့ပြီး ပထမအကြိမ်ပြုပြင်သော မင်းမှာ အနော်ရထာမင်းကြီးဖြစ်ပါတယ်။

ရွှေအင်းတိမ်ဘုရားကို UK အခြေစိုက် ဒေးလီးမေးလ်သတင်းစာက ၂၀၂၀ ခုနစ်တွင် အချက်အလက်များဖြင့်တကွ ဖော်ပြခဲ့ပြီး ပျောက်ဆုံးနေသော ကမ္ဘာဟု တင်စားခဲ့ပါတယ်။

❎ခရီးသွားလာတဲ့ တလျှောက်မှာ အမှိုက်များနှင့် ရေသန့်ဗူးခွံများ ချန်မထားခဲ့ဘဲ ကမ္ဘာကြီးကို တတ်နိုင်သလောက် ထိန်းသိမ်းကြမယ်လေနော်။

ချစ်တဲ့ရှင်း ⭐️


⚜️ပုဂံ⚜️ ( )———————————————————————ပုဂံဟာဆိုရင်ဖြင့် မြန်မာလူမျိုးများသာမက ကမ္ဘာကပါ အလေးနက်ထားရတဲ့ သမိုင်းဝင်ရှေးဟောင်း ...
17/05/2022

⚜️ပုဂံ⚜️ ( )
———————————————————————
ပုဂံဟာဆိုရင်ဖြင့် မြန်မာလူမျိုးများသာမက ကမ္ဘာကပါ အလေးနက်ထားရတဲ့ သမိုင်းဝင်ရှေးဟောင်း နေရာတစ်ခုဖြစ်ပါတယ်။

ယခုဖော်ပြထားတာတော့ မြန်မာနိုင်ငံသားများပင် ပုဂံရောက်တဲ့အခါ အမှတ်တမဲ့ဖြင့် မလည်ခဲ့မိသောနေရာတွေ ဖြစ်ပေမဲ့ အချက်အလက်တွေအရတော့ ကမ္ဘာမှာကျော်ကြားတဲ့နေရာလေးတွေ ဖြစ်ပါတယ်။

သမိုင်းဝင်ရှေးလက်ရာများဖြင့် တန်ဖိုးကြီးမားတာကြောင့် အခါကြုံလို့ရောက်ခဲ့ရင်ဖြင့် ကိုယ်ကြောင့် မပျက်စီးလေရအောင် နောက်လူတွေဆက်လေ့လာရအောင် ဂရုစိုက်ပြီး လည်ပတ်လေ့လာခဲ့ပါနော်။

-Famous Pagoda and Temple at Bagan.

-Never fail to see Majestic Bagan whenever you have chance.

❎ခရီးသွားလာတဲ့ တလျှောက်မှာ အမှိုက်များနှင့် ရေသန့်ဗူးခွံများ ချန်မထားခဲ့ဘဲ ကမ္ဘာကြီးကို တတ်နိုင်သလောက် ထိန်းသိမ်းကြမယ်လေနော်။

ချစ်တဲ့ရှင်း ⭐️


Address


Website

Alerts

Be the first to know and let us send you an email when Kha Yee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share