ညောင်ရွှေမှတ်စု

  • Home
  • ညောင်ရွှေမှတ်စု

ညောင်ရွှေမှတ်စု Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ညောင်ရွှေမှတ်စု, Travel Company, .

ဓာတ်ပုံလေးတွေဖန်တီးရင်းပျော်နေတတ်တဲ့ ကျမဂုဏ်ယူချစ်ခင်ရတဲ့သူတယောက်ရှိတယ် မြန်မာပြည်ကမိတ်ဆွေတွေလည်းအမှတ်တရကောင်း‌ေတွနဲ့သတိ...
14/12/2023

ဓာတ်ပုံလေးတွေဖန်တီးရင်း
ပျော်နေတတ်တဲ့ ကျမဂုဏ်ယူချစ်ခင်ရတဲ့
သူတယောက်ရှိတယ်
မြန်မာပြည်ကမိတ်ဆွေတွေလည်း
အမှတ်တရကောင်း‌ေတွနဲ့
သတိတရနေမယ်လို့မျှော်လင့်ပါတယ်
Inle Horse Club လာလည်တဲ့မိတ်ဆွေတွေအတွက်အမှတ်တရပုံလေးတွေနဲ့အတူ
ညောင်ရွှေမှတ်စု အနုပညာမှတ်တမ်းလေးက
သူ့အတွက်မြတ်နိုးစရာချည်းပါပဲ
ဂျပန်ပြည်မှာဝါသနာနဲ့ဆက်ရှင်သန်နေတဲ့
အနုပညာPageလေး Kakigori https://www.facebook.com/profile.php?id=61550054852243
အတွက် Like&Share လေးတောင်းဆိုပါရစေရှင့်
ကျေးဇူးတင်လျှက် သတိရခြင်းများစွာဖြင့်

#ညောင်ရွှေမှတ်စု



📸 Look at this post on Facebook
https://m.facebook.com/story.php?story_fbid=3658467254396262&id=100006990705076&sfnsn=mo

ခြေထောက်နဲ့လှေလှော်ကမ္ဘာကျော်တဲ့တို့အင်းသားတူညီဝတ်စုံတူညီစိတ်ထားမပြောင်းလဲတဲ့အမှန်တရားတို့အင်းသားတွေရဲ့ အနှစ်သာရညီညွှတ်ခ...
26/10/2023

ခြေထောက်နဲ့လှေလှော်
ကမ္ဘာကျော်တဲ့တို့အင်းသား

တူညီဝတ်စုံ
တူညီစိတ်ထား
မပြောင်းလဲတဲ့အမှန်တရား
တို့အင်းသားတွေရဲ့ အနှစ်သာရ
ညီညွှတ်ခြင်းရဲ့ထာဝရ

ချစ်မိတ်ဆွေ အလည်လာဖို့
ဖိတ်ခေါ်ပါတယ်

#ညောင်ရွှေမှတ်စု

အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော် အင်းသူ အင်းသား များ၏ဂုဏ်ယူစရာ သမိုင်းအမွေအနှစ်အင်းလေးကန်၏အလှပဆုံးနေရက်များ  #ညောင်ရွှေ...
20/10/2023

အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်

အင်းသူ အင်းသား များ၏
ဂုဏ်ယူစရာ သမိုင်းအမွေအနှစ်

အင်းလေးကန်၏အလှပဆုံးနေရက်များ

#ညောင်ရွှေမှတ်စု

စားလိုက်ရင်အာခေါင် ​တွေ အထိကပ်နေတတ်တဲ့ ​ ညောင်ရွှေမုန့်လုံးထူးခြားတဲ့အရသာနဲ့ရိုးရာရဲ့မြတ်နိုးခုံမင်မူ့အမှတ်တရတခုတစ်နှစ် ...
02/10/2022

စားလိုက်ရင်
အာခေါင် ​တွေ အထိကပ်နေတတ်တဲ့ ​
ညောင်ရွှေမုန့်လုံး

ထူးခြားတဲ့အရသာနဲ့
ရိုးရာရဲ့မြတ်နိုးခုံမင်မူ့အမှတ်တရတခု
တစ်နှစ် မှ တခါသာ စားရတဲ့ ညောင်ရွှေ မုန့်လုံး

ညောင်ရွှေမြို့နယ် အင်းလေးဒေသ
ဖောင်တော်ဦးဘုရားပွဲတော်ကျင်းပရာ
သီတင်းကျွတ် လ ရာသီမှာ
အထူးသဖြင့် ကောက်သစ်ပေါ်တဲ့အချိန်
ရောက်ရင်ဖြင့် မုန့်လုံး ကို ပြုလုပ်ကြပါတယ်

ပေါ်ဦးပေါ်ဖျား ကောက်သစ်ဆန်နဲ့ ပြုလုပ်
ထားတဲ့ မုန့်လုံးလေးကို
ဘုရားဆွမ်းတော်ကပ်ခြင်း
အဝေးရောက် ဧည့်သည်တွေကို
လက်ဆောင်ပေးခြင်း
သီတင်းကျွတ်ရာသီ
မိမိအိမ်ကိုလာရောက်လည်ပတ်ကြတဲ့
မိတ်ဆွေများကိုသရေစာအဖြစ်
ဧည့်ခံခြင်းများပြုလုပ်ကြပါတယ်

ဖောင်တော်ဦး ဘုရား ဒေသစာရီ
ကြွချီရာ လမ်းကြောင်းတ​လျောက်
ကျေးရွာတွေ မှာ ရောင်းချကြသလို
ညောင်ရွှေမြို့ ဖောင်တော်ဦးဘုရား
ဒေသစာရီကြွချီတဲ့အချိန်ဆို
မုန်လုံးရောင်းတဲ့ဆိုင်များကို
တွေ့မြင်ကြရမှာဖြစ်ပါတယ်

အင်းလေးဒေသမှာ စိုက်ပျိုးတဲ့
ဒေသထွက်ဆန်ဖြစ်တဲ့
ရွှေရင်အေး ဆန်နဲ့ ပြုလုပ်ထားတဲ့
ဒေသစစ်စစ်ရိုးရာမုန့်လုံးပဲဖြစ်ပါတယ်

စပါးကိုရေ​ဖြင့်သေချာဆေးကြောပီး
နေပူလှန်း ရပါတယ်
နေလှန်ပီး စပါးကို
ရေအနည်းငယ်နဲ့ ပြန်ဖြန်းပီး
ထင်းမီး ပြင်းပြင်းဒယ်အိုး ပူပူပေါ်မှာ
ပေါက်ပေါက်ဖောက်ပါတယ်
ရရှိလာတဲ့ ပေါက်ပေါက်ကို
ဖွဲတွေကပ်ပါလာမှာဆိုးလို့ သေသေချာချာ
ဇကာချပေးရပါတယ်
ပေါက်ပေါက်ကို အမှုန့်ကြိတ်လိုက်မှ
မုန့်လုံး ပြုလုပ်ရန်အတွက် ​
ပေါက်ပေါက်မှုန့်လေးတွေရရှိလာပါတယ်

ပေါက်ပေါက်မှုန့်ရပီဆို
ဒေသထွက် ကြံသကာကို ကျိုပြီး အအေးခံ
ရလာတဲ့ကြံသကာရည်အနည်စစ်ပီး
ပေါက်ပေါက်မုန့်နဲ့ ရောသမအောင်နယ် ပီးရင်တော့
မုန့်လုံးလေးလုံးလို့ရပါပီ
တချို့က သကြား နို့မှုန့် နဲ့
လုံးပီးပြုလုပ်ကြပါတယ်
အထူး သတိပြုရမယ်အချက်က
လုံးပီးရင် အခြောက်ခံထားရပါတယ်
စားလို့မကုန်ရင်
လေ လုံအောင် သေချာထုတ်ထားရပါမယ်

တစ်နှစ်မှ တခါ ပြုလုပ်တဲ့
ဒေသစားစရာလေးဖြစ်တဲ့
မုန့်လုံးလုပ်ငန်းဟာဆိုရင်ဖြင့်
တပိုင်တနိုင်အိမ်တွင်းမှုလုပ်ငန်းလေးတွေမို့
ညောင်ရွှေ ကိုရောက်ရင် အားပေးလိုက်ကြအုန်းနော်

#ညောင်ရွှေမှတ်စု
#ညောင်ရွှေမုန့်လုံး

အပူအအေး မျှတတဲ့ ထူးခြားတဲ့လျှာလုံးထိုင်ခွေညောင်ရွှေမြို့နယ်ကနူ ရွာ ကဦးအုန်းမောင် ဒေါ်အေး​​ငြိမ်း မိသားစုတို့၏အိမ်တွင်းမ...
15/06/2022

အပူအအေး မျှတတဲ့ ထူးခြားတဲ့
လျှာလုံးထိုင်ခွေ

ညောင်ရွှေမြို့နယ်
ကနူ ရွာ က
ဦးအုန်းမောင် ဒေါ်အေး​​ငြိမ်း
မိသားစုတို့၏
အိမ်တွင်းမှုအဖြစ်လုပ်ကိုင်လာတာ
နှစ်ပေါင်း ၈၀ ခန့် ရှိပါပီ

လျှာလုံး ထိုင်ခွေ ယက်လုပ်တဲ့
လျှာလုံးပင်များဟာ
အင်းလေးကန်ပတ်ဝန်းကျင်အနားက
ရေထဲမှာ သဘာဝအလျောက်ပေါက်ရောက်
နေတဲ့အပင်များ ဖြစ်ပါတယ်

လျှာလုံးပင်များကို ပေါက်ရောက်သည့်
နေရာ ထိသွားရောက် ခူးပီး
နေရောင်အောက်မှာ၃ ရက် ခန့်
အခြောက်လှန်းရပါတယ်
ခြောက်သွားပီဆိုရင်
ထိုင်ခုံ စတင်ယက်လုပ်လို့ရပါပီ

လျှာလုံး ထိုင်ခုံ ထူးခြားချက် က
အပူအအေး မျှတတဲ့အတွက်
ဆီချိုသွေးချို ရှိတဲ့ ရောဂါသည်တွေ
အတွက် အရမ်းကောင်း ပါတယ်
တချို့ နာတာရှည် ရောဂါဖြစ်တဲ့သူတွေ
ဆိုရင် မွေ့ယာပုံစံ အထူးအော်ဒါမှာတဲ့အတွက်
ယက်လုပ်ကြရပါတယ်

အိမ်မှာနေရင်း တဖက်တလမ်းက
အပို၀င်ငွေရှာကြတဲ့
ပုခက်လွှဲသောလက်များရဲ့
ဒေသထွက်ကုန်စစ်စစ် ကိုအားပေးကြပါစို့

#ညောင်ရွှေမှတ်စု
#အမျိုးသမီးခွန်အား
#ပုခက်လွှဲသောလက်များ၏ထုတ်ကုန်

စိန်ပန်းနီ တွေ နဲ့ လှ နေတဲ့မြို့လေး #ညောင်ရွှေမှတ်စု
21/04/2022

စိန်ပန်းနီ တွေ နဲ့ လှ နေတဲ့မြို့လေး

#ညောင်ရွှေမှတ်စု

ညောင်ရွှေမြို့ နာမည်ကြီးဆောင်းရာသီ မှာ မှ စားရတဲ့ ယာဂုကျွန်တော့်မွေးရပ်မြေညောင်ရွှေမြို့မှာ တော့ ယာဂု လို့ခေါ်ကြပါတယ်ဒီခ...
14/01/2022

ညောင်ရွှေမြို့ နာမည်ကြီး
ဆောင်းရာသီ မှာ မှ စားရတဲ့ ယာဂု

ကျွန်တော့်မွေးရပ်မြေ
ညောင်ရွှေမြို့မှာ တော့ ယာဂု လို့ခေါ်ကြပါတယ်

ဒီချိန်ဆို အိမ်တိုင်းလိုလို ယာဂု ထိုးကြလို့
တအိမ် နဲ့ တအိမ် လက်ဆောင်ပို့ စားကြတဲ့
ဓလေ့ လေး ကလည်း ချစ်စရာပါ

ကြံသကာ
အုန်းသီး
မြေပဲလှော်ထောင်း၊
နှမ်းလှော်ထောင်း၊ အုန်းသီး အရောအနှောတို့ကြောင့် အရသာရှိယုံမက မွှေးလှသော
ယာဂု လေး အရသာရှိလှပါတယ်

ယာဂု ပြုလုပ်နည်းလေးကို မျှဝေထားပါတယ်

မြေပဲလှော်ထောင်း၊ နှမ်းလှော်ထောင်း၊ အုန်းသီး
တို့ကို ပန်းကန်ထဲထည့်ပြီး ရောနှောထားပါ။
ကြံသကာ ကို ခပ်သေးသေး
ဖြစ်အောင်လှီးထားပါ

ကောက်ညင်းဆန်ကို ရေဆေး
ပြီးနောက် ရေစစ်ထားသော ကောက်ညှင်းကို
ရေ ထည့်ကာ ဖြင့် မပျော့လွန်း မမာလွန်းသော ချက်ပါ။

ကောက်ညှင်အမျိုးအစားကွာသောကြောင့်
ထည့်ရမည့် ရေပမဏ အတိုးအလျှော့ ရှိနိူင်ပါတယ်။

ကောက်ညှင်များ အကျက်ညီစေရန် ဆူလာသောအချိန်၌ အထက်အောက် ခပ်ဖွဖွလှန်ပေးပါ
ကျက်လျှင် အိုးအဖုံး မဖွင့်ပဲ ၁၀ မိနစ်ခန့် နှပ်ထားပါ။

ထိုအချိန်အတွင်း ခပ်သေးသေးဖြစ်အောင် လှီး ထားသော ကြံသကာများကို ထည့်ပါ
သေသေချာချာ ဖိချေ မွှေရောပေးပါ။
(ကောက်ညှင်း နှင့် ကြံသကာရည် ၂ မျိုးလုံး
ပူနေဖို့လိုပါတယ်။)

မြေပဲ၊ နှမ်း အရောအနှော ဖြန့်ခင်းထားသော ဗန်း ထည့်ပါ
သေသေချာချာ ဖိချေမွှေရောပြီးသည့် ကောက်ညှင်း နှင့် ကြံသကာအရောအနှော လောင်းထည့်ကာ ဖိပြားသိပ်ထည့်ပြီး ညီညာသောမျက်နှာပြင်ဖြစ်အောင် လုပ်ပေးပါ။

မြေပဲ၊ နှမ်း နှင့် အုန်းသီးအရောအနှော ကို ကောက်ညှင်းပေါ်ဖြန့်ခင်း၍ လက်ဝါးဖြင့်ပုပ်ကာ ခပ်ဖွဖွဖိသိပ်ပေးပြီးနောက် အအေးခံထားပါ။

အေးသွားပြီးနောက် မိမိနှစ်သက်သလို သေသေချာချာပြတ်အောင်လှီးကာ ကျန်သည့် မြေပဲ၊ နှမ်း နှင့် အုန်းသီးအရောအနှော ဖြူး၍ အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။

#ညောင်ရွှေမှတ်စု

လွမ်း စရာ လေး တခုခု လောက်ပြော ကြည့် ပါ လား ညောင်ရွှေ ဆောင်း #ညောင်ရွှေမှတ်စု
25/10/2021

လွမ်း စရာ လေး တခုခု လောက်
ပြော ကြည့် ပါ လား

ညောင်ရွှေ ဆောင်း

#ညောင်ရွှေမှတ်စု

ဆောင်း အငွေ့ အသက်လေး နဲ့ကျွန်တော် နေ တဲ့ မြို့ #ညောင်ရွှေမြို့ #ညောင်ရွှေမှတ်စု
03/10/2021

ဆောင်း အငွေ့ အသက်လေး နဲ့
ကျွန်တော် နေ တဲ့ မြို့

#ညောင်ရွှေမြို့
#ညောင်ရွှေမှတ်စု

ညောင်ရွှေမြို့ရဲ့ ပထမဆုံးရှေးအကျဆုံး ဘီးမုန့် (မုန့်ခေါင်းဘီး) ဆိုင်ညောင်ရွှေမြို့သာစည်ရပ်ကွက်က ဦးမြပွင့်သီး ဒေါ်အေးလှ ...
06/09/2021

ညောင်ရွှေမြို့ရဲ့ ပထမဆုံး
ရှေးအကျဆုံး ဘီးမုန့် (မုန့်ခေါင်းဘီး) ဆိုင်

ညောင်ရွှေမြို့
သာစည်ရပ်ကွက်က
ဦးမြပွင့်သီး ဒေါ်အေးလှ
သား ဦးလှမောင်(ခ) ကိုညို
စတင်လုပ်ကိုင်ခဲ့တာဆိုရင်ဖြင့်ယခုဆို
နှစ်ပေါင်း (၇၀)ကျော်ရှိခဲ့ပါပီ

တောင်ကြီးညောင်ရွှေလိုင်းကားဂိတ်
စက်လှေဆိပ် အနီးမှာ
ဘီးမုန့်တခုကိုပြား ၆၀နဲ့
စတင်ရောင်းချခဲ့ကြတာ
ရှေးမီလူတွေငယ်ဘဝလေးကို
အမှတ်ရမိကြလေမလားဗျာ
အင်းဆန် နှင့် ကောက်ညင်းမှုန့် အနည်းငယ်
ကိုအမှုန်ကြိတ်
ရေနဲ့ဆားနယ်ပီးမုန့်နှစ်ဖတ်ပြုလုပ်ရပါတယ်
ရေနှင့်ဆား အချိုးအဆမှန်ထည့်ရပါမယ်
အချိုးအစားမမှန် ရင် ပြဲသွားတတ်ပါတယ်

နယ်ဖတ်ပီးရလာတဲ့မုန့်နှစ်ကို
အလုံးပြုလုပ်ပီးပြန်ပြုတ်ရပါတယ်
နောက်ဆုံးအဆင့်ရလာတဲ့ မှုန့်သားမှကို
ဆီနှင့်ဆွတ်နယ်ပြီး ဘီးမုန့်ပြုလုပ်ရန်
ဒလိမ့်လေးဖြင့်
ပြားပြားလေးဝိုင်း
ကြက်သွန်
အာလူး ဌာပနာထည့်အစာသွတ်ပြီး
ပုံသွင်းဓားတွန့်လေးနဲ့
ဖြတ်ထုတ်ပြင်ဆင်လိုက်ရင်ဖြင့်
ကြော်ဖို့ရာအသင့်ပြင်ဆင်ပြီး
ဘီးမုန့်စိမ်းကိုရရှိပါတော့တယ်

ကြော်ပြီးသားဘီးမုန့်
ကြွပ်ကြွပ်လေးကို
တကိုက် ကိုက်ပီး
သံပုရာသီးနှင့်ငရုတ်စိမ်းချဉ်လေးတွဲစားနိုင်ပါတယ်
ထမင်းကြော်နဲ့စားစား
ကောက်ညှင်းပေါင်းနဲ့ပဲစားစား
မနက်ခင်းစာလေးအတွက်
အရသာရှိပြည့်စုံစေပါတယ်

ဘီးမုန့် အပြင်
ကြက်သွန်ဟင်းထုတ်
ဌက်ပျော်ဖူး ဟင်းထုတ်လည်း
အရမ်းစားလို့ကောင်းပါတယ်

နေရာဒေသအလိုက်
ကျော်ကြားစားကောင်းအမှတ်ရစေတဲ့
ညောင်ရွှေမြို့ရဲ့အထင်ကရ
ဘီးမုန့်ကြော်မိသားစုလေး
အကြောင်းတင်ပြလိုက်ရပါတယ်ဗျား

#ညောင်ရွှေမှတ်စု

အေး ချမ်း ငြိမ်း ချမ်း ကြ ပါ စေ🙏🙏🙏🙏🙏ဝါခေါင် လပြည့်နေ့ရတနာမာန်အောင်စေတီတော်ညောင်ရွှေမြို့(22/08/2021) #ညောင်ရွှေမှတ်စု
22/08/2021

အေး ချမ်း ငြိမ်း ချမ်း ကြ ပါ စေ
🙏🙏🙏🙏🙏

ဝါခေါင် လပြည့်နေ့
ရတနာမာန်အောင်စေတီတော်
ညောင်ရွှေမြို့

(22/08/2021)

#ညောင်ရွှေမှတ်စု

ပန်းထိန်ဆရာကပင် ငိုရလောက်သည့်ပန်းထိန်မနိုင်(ပန်းထိန်ငို)ပန်း ဖြူပွင့်ဖတ်လွှာကြား အလွန်ရိုးရှင်းလှပတဲ့ ရွှေဝါရောင်အဆန်လေး...
10/08/2021

ပန်းထိန်ဆရာကပင် ငိုရလောက်သည့်
ပန်းထိန်မနိုင်(ပန်းထိန်ငို)ပန်း

ဖြူပွင့်ဖတ်လွှာကြား အလွန်ရိုးရှင်းလှပတဲ့ ရွှေဝါရောင်အဆန်လေးနဲ့ပန်းပုံစံအား ပန်းထိန်ဆရာကပင် ထုဆစ်၍မရလောက်အောင် အခက်အလက်များမှာ သဘာဝအလျောက် ဖြစ်ပေါ်နေသည့်အတွက် ပန်းထိန်ဆရာကပင် ငိုရလောက်သည်အထိ ခက်ခဲရသောကြောင့် ဤပန်းကို ပန်းထိန်မနိုင် (ပန်းထိန်ငို)လို့အမည်ခေါ်တွင်စေခဲ့သလားတောင် ပြောစမှတ်ပြုရပါတယ်

ပန်းထိန်ငိုပန်းကို အအေးပိုင်းဒေသများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ယခု အပူပိုင်းဒေသများတွင်လည်း စတင်စိုက်ပျိုးလာကြပါသည်။

ပန်းထိမ်ငိုသည် ရေကြိုက်ပြီး ရေဝပ်တာကို လုံးဝမကြိုက်ပါ။ ပန်းထိန်ငိုမျိုးတွင် တစ်ထပ်ပန်းထိန် နှစ်ထပ်ပန်းထိန် သုံးထပ်ခေါ် ဆင်စွယ်ဆိုပြီး သုံးမျိုးရှိပါသည်။

မျိုးယူရာတွင်လည်း အပင်ကို cuttingထိုးခြင်း ကိုင်းထိုးခြင်းနှင့် အမြစ်မှမျိုးယူခြင်း သို့မဟုတ် ဥ မှ စိုက်ခြင်း ဆိုပြီး၂နည်းရှိပါသည်။အပင်စိုက်ပြီးတနှစ်အကြာတွင် စတင်ခူးစွတ်နိုင်ပါသည်။ အပင်ကိုင်းဖြတ်များကို မိုးဦးကျတွင် စတင်စိုက်ပါက နောက်နှစ်နွေအကုန် မိုးဦးကျခါနီးတွင်စတင်ခူးစွတ်နိုင်သည်။ ဥများကိုတော့ ဇန်နဝါရီလနှင့်ဖေဖေါ်ဝါရီလများတွင် စတင်စိုက်ပျိုးနိုင်ပြီး မိုးလယ်တွင် ခူးစွတ်နိုင်ပါသည်။

ပန်းထိန်ငိုခင်းသည် ၁၀လပိုင်းလောက်တွင်ပန်းများပွင့်ခြင်းရပ်တတ်ပြီး ၁၂လပိုင်းလများသည်
အပင်နားသောလဖြစ်ပါသည်။ ၃လပိုင်းနှင့်၃လပိုင်းကျော်လျှင် အပင်အကြွင်းအကျန်များကို ဖြတ်ထုတ်ဖျက်စီးပြီးဘောင်များပေါ်တွင် မီးရှို့ကာ နွားချေးမြေသြဇာထည့် ဘောင်လုံးပြီးရေနေ့စဉ်သွင်းပေးပါက ပန်းများစောစီးစွာပွင့်စေပါသည်။ ပန်းထိန်ငိုပန်းခင်းကို ၃နှစ်အထိထားရှိပြီး ၃နှစ်ပြည့်လျှင် ဥများကို ပြန်ဖော်ပြီး ပြန်စိုက်ပျိုးသင့်ပါတယ်

ညောင်ရွှေမှတ်စုချစ်သူများလည်း မြေနေရာလွတ်ရှိရင် ဘုရားတင်ပြီးပန်းထိန်ငိုပန်းလေးတွေရဲ့ ရိုးတံအရင့်ပိုင်းလေးကို မြေချစိုက်ပျိုးထားရင် နှောက်နှစ်မိုးကျရင် ကိုယ့်ခြံထွက်ပန်းလေးတင်လို့ရပီပေါ့ဗျာ

ညောင်ရွှေမှာစီးပွားဖြစ်စိုက်ပျိုးနေတဲ့ ပန်းထိန်မနိုင်ပန်းလေးတွေ အကြောင်းတင်ပြအပ်ပါတယ်ဗျား

တိတ် ဆိတ် သွား တဲ့ကမ္ဘာ ကျော် မြို့ လေး #ညောင်ရွှေမှတ်စု
04/08/2021

တိတ် ဆိတ် သွား တဲ့
ကမ္ဘာ ကျော် မြို့ လေး

#ညောင်ရွှေမှတ်စု

ကျွန် တော် နေ တဲ့ မြို့ #ညောင်ရွှေမှတ်စု
31/07/2021

ကျွန် တော် နေ တဲ့ မြို့

#ညောင်ရွှေမှတ်စု

 #အသက်ရှုသံများမျှဝေကြစို့ညောင်ရွှေမြို့နယ် " အင်းလေးဒေသတစ်ခုလုံးအတွက် "Oxygen စက်ရုံ Campaign စပါပြီ Oxygen Plant ကုန်က...
17/07/2021

#အသက်ရှုသံများမျှဝေကြစို့

ညောင်ရွှေမြို့နယ် " အင်းလေးဒေသတစ်ခုလုံးအတွက် "
Oxygen စက်ရုံ Campaign စပါပြီ Oxygen Plant ကုန်ကျစရိတ်မှာ သိန်း ၁၂၀၀ ကျော်ခန့်
ကုန်ကျမည်ဖြစ်ပါသည်။
(14-15. 7 . 2021 ) ဒီနှစ်ရက်အတွင်း အလှူရှင်များ လှူဒါန်းထားသော အလှူငွေ သိန်း (၅၀၀) ခန့် ရရှိပါပြီ။
Oxygen Plant တပ်ဆင်ပြီးပါက
တစ်နေ့လျှင် 20 L အလုံးတစ်ရာခန့်
ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်၊
တပ်ဆင်ပြီးပါက လိုအပ်နေသည့်
ပြည်သူများကို အခမဲ့ ကူညီသွားမည်ဖြစ်ပါသည်။
မိမိတို့ ပြည်သူများအနေဖြင့် Oxygen စက်ရရှိရန် ပန်းတိုင်အနီးမှာ ‌ရောက်ရှိနေပြီဖြစ်ပါသဖြင့်
" အသက်ရှုသံများ ထပ်မရပ်တန့်သွားရအောင်".……
တစ်ယောက်ကို 5000ကျပ်လှူဒါန်းရင်
10ယောက်လျှင်5သောင်းကျပ်
အယောက်100 5 သိန်းကျပ်ကနေ
အယောက်500 1000ဖြစ်သွားရင်
ဒီစက်ရုံကြီးလဲမြန်မြန်အကောင်အထည်ဖော်နိုင်မှာ
ဖြစ်ပါတယ်။
ဆိုတော့နှမ်းတစ်စေ့ကနေဆီဖြစ်
အားလုံးစုပေါင်းအားနဲ့ဆိုရင်
ဒီစက်ရုံကြီးလဲအမြန်ဆုံးတည်ဆောက်နိုင်ပြီး
ကိုယ့်မြို့ရဲ့ပြည်သူတွေအတွက်
အထောက်အကူအများကြီးဖြစ်လို့
ဝိုင်းဝန်းလက်တွဲပြီး ဒီ Campaign မှာပါဝင်လှူဒါန်းပေးကြဖို့တိုက်တွန်းနိုးဆောိလိုက်ပါတယ်။
အကယ်လို့ 5000 campaign လေးမှာပါဝင်ပီးပီဆိုရင်screenshot လေးတွေကို cmt မှာ record လေးအဖြစ်ment ပေးထားကြပါဗျ
ညောင်ရွှေမြို့နယ်အောက်ဆီဂျင်စက် ဝယ်ယူတပ်ဆင်ရေးကော်မတီ
kpay - 09428218421
U WAKEZAR NANDA
kpay - 09756244144
Chan Myae Kyaw Swar
kpay - 09258768393
Paing Min That

"အချဥ်နိုင်မှ အရွပျောက် (အာယားပျောက်)""အပွင့်ပါမှ အနံမွှေး" အူဆေးတဲ့ဟင်း  ပလိန်းပွင့်ချက်တရွာတပုဒ်ဆန်း ဟင်းတွေအမျိုးမျို...
27/06/2021

"အချဥ်နိုင်မှ အရွပျောက် (အာယားပျောက်)"
"အပွင့်ပါမှ အနံမွှေး"
အူဆေးတဲ့ဟင်း ပလိန်းပွင့်ချက်

တရွာတပုဒ်ဆန်း ဟင်းတွေအမျိုးမျိုးရှိကြတဲ့အထဲ
ရှမ်းပြည်တောင်ပိုင်းညောင်ရွှေမြို့လေးမှာတော့ ကျန်းမာရေးအတွက် တနှစ်မှာတလ
မဖြစ်မနေစားပေးကြတဲ့
ဓလေ့ရိုးရာ ပလိန်းပွင့်ဟင်းဟာ
အူဆေးဟင်းအဖြစ်အသိအမှတ်ပြု
လက်ခံစားသောက်ကြလေ့ရှိပါတယ်

ပလိန်းပွင့်(ပိန်းပန်းပွင့်)
အင်းသားတွေအသံထွက်ခေါ်ဝေါ်ကြတာတော့
ပလိန်းတဲ့ ဗမာပြည်အခေါ်နဲ့ပြောရရင် ပိန်းပင်ပါ
တစ်နှစ်မှတခါ နယုန်လတွင်မှပွင့်လေ့ရှိတဲ့ပလိန်းပင်ပါ။အဖူးဝါဝါအလိပ်လေးတွေ မိုးလေးဆမ်းထားတော့ သဘာဝထဲမှာ လန်းဆန်းပီးမွှေးလှပါတယ်။
အင်းအိုင် နှင့် ချောင်းဘေးလယ်ကန်သင်းတွေမှာအလေ့ကျပေါက်လေ့ရှိပါတယ် လတ်လတ်ဆတ်ဆတ်ရိုးတံအပါရှာဖွေခူးရတာလဲ
အလွန်ပျော်စရာကောင်းလှပါတယ်
ပိန်းပန်းအတွင်းမှဝတ်မှုံကိုတော့
သတိထားပီးကိုင်တွယ်ရပါတယ်
အလွန်မှယားယံတတ်တာမို့
မချက်ပြုတ်မီ အတွင်းမှ ဝတ်မှုံတိုင်ကို
ဖယ်ရှားသန့်စင်ကြရပါတယ်

ပလိန်းပွင့်ဟင်းကောင်းတပွဲရဲ့
လှို့ဝှက်ချက်လေးလည်းမှတ်သားရအောင်
ပြောပြပါရစေ
"အချဥ်နိုင်မှ အရွပျောက် (အာယားပျောက်)"
"အပွင့်ပါမှ အနံမွှေး"
တယ်လို့ ပလိန်းပွင့်ရာသီရောက်ရင်
ရှေးလူကြီးတွေ
မှတ်မှတ်ရရဆိုလေ့ရှိပါတယ်

ပြင်ဆင်ချက်ပြုတ်ရတာ ဗာဟီရများလွန်းလို့တော်ရုံမချက်စားဖြစ်ကြပါဘူး
အစွမ်းထက်သော အူဆေးဟင်းမို့ မဖြစ်မနေတော့ စုပေါင်းချက်ပြုတ်စားသောက်ကြလေ့ရှိပါတယ်

ကြက်သွန်ဖြူ နီ အကြမ်းထောင်းပီး
ပအိုဝ့်ပဲပုတ်လုံး ၊ ချိုပီးအရသာလေးပင်မူ့ရှိစေရန်မျှင်ငါးပိအနည်းငယ် နဲ့ မန်ကျီးသီးစိမ်း၊ ခရမ်းချဥ်သီး၊ ချဥ်ပေါင်ရွက် မိမိကြိုက်နှစ်သက်သည့်အချဥ်တို့ဖြင့် သန့်စင်ပြီးနုတ်နုတ်လှီးဖြတ်ပြင်ဆင်ထားသောပလိန်းပွင့်တို့ကို ဆီသန့်သန့်ဖြင့်မွှေးနေအောင်လုံးပြီး ကျနေအောင်ကျိုချက်အရသာဖြည့်ရပါတယ် ဝက်သားထည့်၍ချက်လေ့ရှိတဲ့ပလိန်းပွင့်ဟင်းကတော့ အရမ်းကိုအရသာရှိရှိစားလို့ကောင်းလွန်းလှတဲ့
ညောင်ရွှေပလိန်းပွင့်ချက်ပဲ
ဖြစ်ပါတယ်
အူနံရံတွင်ကပ်နေတတ်သောအမွှေးအမျှင်များပါပြောင်အောင်ရှင်းလင်းနိုင်စွမ်းရှိလို့ ဆံပင်ညှပ်သမားအတွက်အထူးအလေးပေးစားသင့်ပါတယ်
ပိန်ချင်သူများ ကျန်းမာရေးလိုက်စားသူများလည်း
အူနံရံသန့်ရှင်းကျန်းမာရေးကိုအထောက်အကူပြုသော
ပလိန်းပွင့်ချက်ကိုဖြင့် မြည်းစမ်းကြည့်သင့်ပါတယ်

ဒီကနေ့ ညောင်ရွှေ #အိုးကြီးချက်မိသားစု ရဲ့ ပလိန်းပွင့်ချက်ပြုတ်ပြင်ဆင်ပုံလေးတွေနဲ့ ညောင်ရွှေမှတ်စုချစ်သူများအမှတ်တရရှိစေဖို့ ညောင်ရွှေမြို့မှ ရာသီစာ
အူဆေးပလိန်းပွင့်ဟင်းအကြောင်းလေးကို
တင်ဆက်ပေးလိုက်ရပါတယ်ဗျား

#ညောင်ရွှေမှတ်စု

အလေးပြုပီးမှ စားရတဲ့ ညောင်ရွှေကကင်ပေါင်းကြော်အလေးပြုရတယ်ဆိုတာဆိုင်အဝင်က ပုံမှန်ထက် နှိမ့်နေတဲ့အတွက်ကြောင့် အပျော်သဘောလေး...
11/06/2021

အလေးပြုပီးမှ
စားရတဲ့ ညောင်ရွှေကကင်ပေါင်းကြော်

အလေးပြုရတယ်ဆိုတာ
ဆိုင်အဝင်က ပုံမှန်ထက် နှိမ့်နေတဲ့
အတွက်ကြောင့် အပျော်သဘောလေး
ပြောလိုက်တာပါဗျာ့

နှစ်ပေါင်း ၆၀ ကျော် ရှိပီဖြစ်တဲ့
ဦးမောင် ဒေါ်ငွေမြ
သမီး ဒေါ်မြဝင်းရီ
မျိုးဆက် ၂ ဆက်တိုင်ရောင်းလာတဲ့
ကင်ပေါင်းကြော်ဆိုင်

ညောင်ရွှေသားတော်တော်များများက
ဝက်သားဆိုင်မှာ
ကိုယ်တိုင် ဝက်သားဝယ်ပီး
ကြော်ခိုင်းတတ်ကြတာမို့
ဝက်သားသုံးထပ်သား
အသားထွေးထွေးနဲ့ကြော်တဲ့
ကင်ပေါင်းကြော်အရသာဟာ
အရမ်းကိုစားကောင်းလွန်းလှပါတယ်

အဖေတွေလက်ထက်တုန်းကတော့
ဆေးခါးဟင်း ဝက်သားဟင်း
ဝက်သားငှက်ပျောဖူးဟင်းတွေပါ
ရောင်းချခဲ့ကြတယ်လို့သိရပါတယ်
ရှေ့မီလူကြီးတွေတော့အတိတ်ကို
အမှတ်ရနေမိမယ်ထင်ပါတယ်

အရင်တုန်းက ဆို
ရွေးဆန်းနဲ့ထောင်းထားတဲ့
ဆန်မုန့် နဲ့ကြော်
အင်ဖက်ရွက် နဲ့ ထုတ်ပိုးပေး
တကယ့်သဘာဝကိုထိန်းသိမ်းတဲ့
ရိုးရှင်းဘေးကင်းလှတဲ့
လူ့ယဥ်ကျေးမူ့ခေတ်
ရောင်းဝယ်ဖောက်ကားခဲ့ကြတာပေါ့
ခေတ်ပြောင်းလာတော့
အလွယ်သုံး ready madeဆန်မှုန့်တွေ
ပြောင်းသုံးလာရလို့
အလုပ်တော့သက်သာသွားပေမယ့်
ဟိုးယခင်ကဆန်ထောင်းခဲ့ရတာလည်း
အရသာပိုပေးစွမ်းနိုင်တဲ့ လက်လုပ်စစ်စစ်
လွှမ်းစရာအမှတ်တရတွေပါပဲနော်

ကင်ပေါင်းကြော်ဆိုတာမှာ
ဆန်မှုန့်အပြင်အဓိကအသုံးပြုရတာကတော့ကြက်သွန်ပင်ဖြစ်ပါတယ် ရှမ်းပြည်မှာတော့
ကြက်သွန်ပင်အမျိုးစား ၃ မျိုးရှိပါတယ်
ရှမ်းဥပင် ၊
ဥခါးပင် ၊
ကြက်သွန်ဥနီပင်( ကုလားဥ)ဒေသအခေါ်
ဆိုပြီးရှိတာပါ။

ကင်ပေါင်းကြော်တဲ့နေရာမှာ
ရှမ်းဥပင် အမျိုးအစားကတော့
အကောင်းဆုံးပဲဖြစ်ပါတယ်
ရှမ်းဥပင်က တစ်နှစ်ပတ်လုံးမှ
၂ လမှ ၃ လ အထိပဲစိုက်ပျိုးလို့ရပါတယ်
ရှမ်းဥပင်ဖြင့်ကြော်ရာမှာအရောင်လှပြီး ကြက်သွန်ဥအနုလေးတွေနဲ့မို့
နူးညံ့ချိုမွှေးပြီး
အရသာအလွန်ရှိလှပါတယ်

ဥခါးပင်အမျိုးစားကတော့
တစ်နှစ်ပတ်လုံးရတာမို့
ညောင်ရွှေမြို့သူ မြို့သားတွေအကြိုက်
ကင်ပေါင်းကြော်ဆိုင်လေးကတော့
၁၂ရာသီ နံနက်ခင်းစာအဖြစ်
ယနေ့ထက်တိုင်
ညောင်ရွှေစျေးထဲမှာ
အရောင်းရဆုံးဆိုင်လေးတဆိုင်ဖြစ်ပါတယ်

ကင်ပေါင်းကြော်ရာမှာ
သန့်စင်ပြီးညှပ်ထားတဲ့ ကြက်သွန်ပင်ကို
ဂျင်းနှင့်ကြက်သွန်ဖြူထောင်းပီးထည့်
ခရမ်းချဥ်သီးညှပ်ထဲ့
ဆန်မုန့်
ဆား
အရောင်တင်မှုန့်တို့ကိုမျှတစွာထည့်ပြီး
ရေအနည်းငယ်ဖြင့်ရောစပ်ကာ
သက်သက်လွတ် သို့မဟုတ်
ဝက်သားပါးပါးလှီးထည့်ပြီး
ဆီများများထဲတွင် ထင်းမီးဖြင့်ကြော်တဲ့
အကြီးလက်ရာ ကင်ပေါင်းကြော်က
ရှယ်တကာ့ရှယ်ပါပဲ
အိမ်လုပ် မုန့်ညှင်းချဥ် နံနံပင် ကုလားအော်ငရုတ်သီးစိမ်းလေးနဲ့ကပ်စား
အရမ်းစားကောင်းဗျား

ကင်ပေါင်းကြာ်ကိုဖြင့်
ညောင်ရွှေရောက်ရင်
မဖြစ်မနေစားရမယ့်အထဲ
ထည့်မှတ်ထားလိုက်တော့နော်
ညောင်ရွှေစျေးထဲစျေးလည်ရင်း
အကြီးဆိုင်လေးထဲ
အမောဖြေအလေးပြုကြစို့လားဗျာ

#ညောင်ရွှေမှတ်စု

N Y A U N G S H W E မြို့ တွေ တော်တော်များများရောက်ဖူးပါတယ်ကိုယ်နေ တဲ့ မြို့ အဝင်လေးကအလှ ဆုံး လေး လားလို့ #ညောင်ရွှေမှတ်...
21/05/2021

N Y A U N G S H W E

မြို့ တွေ တော်တော်များများ
ရောက်ဖူးပါတယ်
ကိုယ်နေ တဲ့ မြို့ အဝင်လေးက
အလှ ဆုံး လေး လားလို့

#ညောင်ရွှေမှတ်စု

ညောင်ရွှေမြို့ ရဲ့ နာမည်ကြီး  စိန်ဖေမုန့်နှစ်ပေါင်း ၄၀ ကျော်ပြီဖြစ်တဲ့မိသားစုလုပ်ငန်းလေးပါ၁၉၇၆ခုနှစ်အချိန်ကာလတုန်းကစက်ဘီ...
08/05/2021

ညောင်ရွှေမြို့ ရဲ့ နာမည်ကြီး စိန်ဖေမုန့်

နှစ်ပေါင်း ၄၀ ကျော်ပြီဖြစ်တဲ့
မိသားစုလုပ်ငန်းလေးပါ
၁၉၇၆ခုနှစ်အချိန်ကာလတုန်းက
စက်ဘီးလေးတစ်စီးနဲ့ လှည့်လည်ရောင်းချခဲ့ကြတယ်တဲ့ ကြာဖက်ကလေးနဲ့ထုပ်ပေး
ရောင်းချခဲ့တယ်လို့ဆိုပါတယ် အတုံးကြီးတတုံးကိုမှ ၁ကျပ်ပဲပေးရပါတယ်တဲ့
ဦးတင် ဒေါ်လေး လက်ထက်စတင်လုပ်ကိုင်ခဲ့ပြီး
ယခုဆိုမျိုးဆက် (၃) ဆက်တိုင်ခဲ့ပါပီ
မိုင်းလီရပ်သူ ဒေါ်လေး သမီး
ဒေါ်နှောင်းရီ သမက်​ ဖြစ်သူ
ဦးညိုဝင်း တို့မိသားစုမှ
အိမ်တွင်းမူ့လုပ်ငန်းလေးအဖြစ်ယနေ့ထက်တိုင်
လုပ်ကိုင်လျက်ရှိပါတယ်

စိန်ဖေမုန့်ဆိုရင်
ညောင်ရွှေမြို့ကတော့တန်းသိကြမှာအသေချာပါပဲ ညောင်ရွှေမြို့ရဲ့ စာပြန်ပွဲတော်ကြီးမှာ
ခဲဘွယ်အနေနဲ့ မပါမဖြစ် နာမည်ကြီး
စားကောင်းလှတဲ့ စိန်ဖေမုန့်ပဲဖြစ်ပါတယ်
မြန်မာပြည်ဘက်ကတော့ ကောက်ညှင်းရွှေကြည်
လို့ခေါ်မယ် ထင်ပါတယ်
ပါဝင်ပစ္စည်းအနေနဲ့ကတော့
ကောက်ညှင်းဆန်စစ်စစ်ကို သကြား နို့ဆီ အုန်းနို့တို့ကိုအချိုးကျအသုံးပြုပြီး
အပေါ်မီးပေးပြီးမှ အောက်မီးဖြင့်ဖုတ်ရတဲ့
အချိုမုန့်ပါ မုန့်တဗန်းဖြစ်ဖို့အတွက်
အချိန်ကတော့ ၃နာရီလောက်ကြာပါတယ်

အချိုပွဲဆိုတဲ့အမျိုးဟာ အလှူအတန်းဆိုလည်း
မပါမဖြစ် အိမ်မှာနေရင်း
ထမင်းစားပီးရင်တောင်အချိုလေးစားချင်လာတတ်တာ အကျင့်လိုလိုတောင်ပြောရမလားပဲနော်
လူကြီးတွေသာမက ကလေးတွေလည်း
အရမ်းကြိုက်ကြပါတယ်
မြန်မာရိုးရာမုန့်ပဲသရေစာထဲကတမျိုးအပါအဝင်ဖြစ်တဲ့ စိန်ဖေမုန့် ဆနွန်းမကင်း ရွှေကြည်ဆနွန်းမကင်း အာလူးဆနွန်းမကင်း ရွှေဖရုံသီးဆနွန်းမကင်း ကျောက်ကျောမျိုးစုံတို့ကို ကြိုက်နှစ်သက်စွာစားသုံးလေ့ရှိကြပါတယ် အလှူအတန်း​ပေါများလွန်းတဲ့
ညောင်ရွှေမြို့လေးမှာတော့ ဆွမ်းတော်လည်းတင်တယ် လူလည်းစားတယ်
ပွဲရှိလည်းအများကြီးအားပေးတယ် ပွဲမရှိလည်း
အိမ်စားဖို့ ဧည့်သည်တည်ဖို့ လက်ဆောင်ပေးဖို့ဆိုပြီး စျေးနေ့ဆိုရင်တော့ ညောင်ရွှေစျေးထဲအရောင်းဆိုင်မှာဝယ်တယ် စျေးနေ့မဟုတ်လည်းအိမ်ထိလာပီးအားပေးတတ်ပါတယ် အိမ်ရှင်မတွေရဲ့စျေးခြင်းတောင်းထဲမှာမပါမဖြစ်ဝယ်လေ့ရှိတဲ့ အရမ်းကိုစားကောင်းလွန်းလှတဲ့ညောင်ရွှေမြို့က စိန်ဖေမုန့်လုပ်ငန်းလေးအကြောင်းကိုရိုက်ကူးဖော်ပြပေးလိုက်ပါတယ်ဗျား

#ညောင်ရွှေမှတ်စု

တန်ခူးလရာသီ ၏အင်းလေးဒေသထွက် မုန့်နီကြော်မုန့်နီကြော်မြန်မာပြည်ဘက်ကတော့ မုန့်ဆီကြော်လို့ခေါ်ကြပါတယ်ရွာသာကျေးရွာအုပ်စုရွာသ...
11/04/2021

တန်ခူးလရာသီ ၏
အင်းလေးဒေသထွက် မုန့်နီကြော်

မုန့်နီကြော်
မြန်မာပြည်ဘက်ကတော့
မုန့်ဆီကြော်လို့ခေါ်ကြပါတယ်

ရွာသာကျေးရွာအုပ်စု
ရွာသစ်ရွာမှ
နှစ်ပေါင်း ၆၀ ကျော်
မိရိုးဖလာလက်ဆင့်ကမ်းလုပ်ကိုင်လာခဲ့ကြတဲ့
လုပ်ငန်းတစ်ခုအကြောင်းလေးပါ

အဖွားဒေါ်အေးကြည် သမီး
ဒေါ်ငြိမ်းရင် မှ
ယခုလက်ရှိဦးစီးလုပ်ကိုင်သူ
မမီးနှင့်မဘုတ်ဆုံတို့အထိ
မျိုးဆက် ၄ ဆက် တိုင်ခဲ့ပါပီ
မုန့်ဆီကြော်အပြင်ကို
အင်းမုန့်လုံးကလည်း
အရမ်းစားကောင်းပီး
နာမည်ကြီးလှပါတယ်
အလှူပွဲ နှင့် နတ်ဆက်ခြင်း
နတ်လမ်းခင်းခြင်းတွေမှာ
အသုံးများလှတဲ့
အင်းစပါးစေ့ကို
လှော်ပီးဖောက်ယူရတဲ့
ပေါက်ပေါက် ကလည်း
လက်မလည်အောင်
ရောင်းအားကောင်းလွန်းလှတဲ့
သူတို့ရဲ့ထုတ်ကုန်ပဲဖြစ်ပါတယ်

ညောင်ရွှေမြို့က
ကိုးကွယ်ယုံကြည်မူ့ဆိုင်ရာ
ဒေသပြယုတ်ဂုဏ်ရှိန်တင့်တယ်လှတဲ့
ဆွမ်းတော်အုပ် ဆွမ်းတော်
ဆပ်ကပ်ပြင်ဆင်ရာမှာမပါမဖြစ်တဲ့
ဆန်လုံးစီကြော်ဖြူဖြူလှလှလေးပေါ်မှာမှ
မုန့်ဆီကြော်လေးကပ်ထားပီး
အရှည် အဝိုင်းပုံစံနှစ်မျိုးရှိတဲ့
ကန်တော့မုန့်လေးအဖြစ်
ဝယ်ယူအားပေးသူများပီး
လူသိများလှပါတယ်

တနှစ်ပတ်လုံးမှာမှ
ရာသီအချိန်တွေဖြစ်တဲ့
သီတင်းကျွတ်အချိန်
ဝါဆိုလပြည့်နဲ့
တန်ခူးလ ရာသီ
ဤလ ၃ လမှာအဓိကထားပီး
အများဆုံးလုပ်ကြရပါတယ်

ကန်တော့ပွဲပေး နတ်တင်
လူတွေလည်းစား
ရှင်ပြုပွဲခဲဘွယ် အနေနဲ့
အသုံးများအကြိုက်များလှတဲ့
ဒေသစျေးကွက်အခိုင်အမာရှိတဲ့
အစားအသောက်ဖြစ်ပါတယ်
စာပြန်ပွဲတော်အချိန်အခါမှာဆိုရင်
နတ်လမ်းခင်းရန်အတွက်
ပေါက်ပေါက်တွေအများကြီး
ပြင်ဆင်ရောင်းချပေးရပါတယ်

မုန့်နီကြော် (ခ)မုန့်ဆီကြော်
ပြုလုပ်ရာတွင်
အင်းလေးဒေသထွက်
ရွှေရင်အေး ဆန်မုန့်
ကြံသကာကို
ပဲဆီသန့်သန့်နဲ့
သဘာဝပစ္စည်းတွေပဲ
အဓိကထားသုံးစွဲရတာပါ
ကြော်တဲ့နေရာမှာလည်း
ဆီသန့်ဖို့အရမ်းကို
ဂရုစိုက်ရပါတယ်
ဒေသထွက်ထုတ်ကုန်တွေကို
ပြည်တွင်းရိုးရာ
အချိန်အခါသာမက
ကမ္ဘာကသိအောင်
အဆင့်မြင့်မြန်မာ့ထုတ်ကုန်အနေနဲ့
စျေးကွက်ဝင်နိုင်ရန်
အဆင့်မြှင့်တင်
စျေးကွက်ဖော်ဆောင်သွားဖို့
ဆန္ဒပြုရင်း တင်ဆက်လိုက်ရပါတယ်ဗျား

#ညောင်ရွှေမှတ်စု

We are Financial planner with AIA company and looking for new team member to help us grow this business.Key Responsibili...
23/01/2021

We are Financial planner with AIA company and looking for new team member to help us grow this business.

Key Responsibilities is Make a Financial Plan for people who are interest and need a financial plan adviser.

Let’s be a team together!

ကျွန်မတို့ AIA ရဲ့ Financial Planner များမှ အတူလက်တွဲလုပ်ကိုင် မည့် စိတ်ပါဝင်စားသူ များကို ဖိတ်ခေါ်လျက်ရှိပါတယ်။

- တာဝန် ယူရမည့် အရာများ.. လူတွေ အတွက် ကူညီပြီး ဘဏ္ဏာရေးစီမံခန့်ခွဲ အကြံပေး ရမှာပါ။

- လစာကတော့ Commission ခံစားခွင့်ရပါမယ်။

- မိမိ အလုပ်ချိန်ကို ကြိုက်သလိုစီမံ ခန့်ခွဲနိုင်ပါတယ်။

-လူမှု ဆက်ဆံရေး သိုင်းဝိုင်းကောင်းမွန်ပြီး နာမည်ပျက်မရှိသူ ၊ ငွေကြေးအရှုပ်အရှင်းကင်းသူ၊ရိုးသားကြိုးစားသူဖြစ်ရပါမယ်။

-Financial Planner ဖြစ်ဖို့ ဘွဲ့ရ ဖြစ်ရပါမယ်။

- အသက် ၂၃ နှစ်ပြည့်ပြီးသူဖြစ်ရပါမယ်။

- မြန်မာန်ိုင်ငံတွင်နေထိုင်သည့် မြန်မာနိုင်ငံသားဖြစ်ရပါမယ်။

- စိန်ခေါ်မှူတွေကို ကြိုက်နှစ်သက်သူ ကိုပိုမို ဖိတ်ခေါ်ပါတယ်။

- Financial နဲ့ပါက်သက်တဲ့အတွေ့အကြုံ ရှိရန်မလိုပဲ. AIA မှ ကျွမ်းကျင်ထက်မြက်သော Financial Planner တစ်ယောက်ဖြစ်သည်အထိ အခမဲ့သင်ကြားပေးသွားမှာဖြစ်ပါတယ်။

အတူတူ လက်တွဲ လုပ်လိုသူများ အောက်ပါလင့်တွင် စာရင်းများပေးသွင်းနိုင်ပါပြီ။

https://docs.google.com/forms/d/e/1FAIpQLSfvIhV7DN7hRZWjzqwOi_gs0Mk-H8JQlUFExOdbsW15evmmRw/viewform?usp=sf_link







ကျွန်တော် သေမှကလောင်ချမယ့် ညောင်ရွှေ-ခင်မောင်မြဟုတ်ကဲ့ ကျွန်တော့်နာမည် ဦးခင်မောင်မြပါ။ ညောင်ရွှေမြို့နယ်စာရေးဆရာအသင်းဥက္...
08/01/2021

ကျွန်တော် သေမှကလောင်ချမယ့်
ညောင်ရွှေ-ခင်မောင်မြ

ဟုတ်ကဲ့ ကျွန်တော့်နာမည် ဦးခင်မောင်မြပါ။
ညောင်ရွှေမြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌဖြစ်ပါတယ် ကလောင်အမည် ညောင်ရွှေ_ခင်မောင်မြပါ
ငယ်စဉ်ကတည်းက
ကဗျာစာပေဝါသနာထုံခဲ့ပါတယ်
ကျေးဇူးရှင်ဖခင်ဦးစိုးမြ မိခင်ဒေါ်ခင်မြင့်(ကွယ်လွန်)
ဖြစ်ပြီး ယခုလက်ရှိ
ကျွန်တော့အသက်ကတော့ (၇၄)နှစ်ရှိလာခဲ့ပါပြီ။
လက်ဦးဆရာကတော့ အင်းလေး အင်းလျားဆရာတော်ဓမ္မကထိကဦးဓမ္မဝရဖြစ်ပါတယ်။
၂၀၀၈ခုနှစ် မတ်လကကွယ်လွန်အနိစ္စရောက်သွားပီဖြစ်တဲ့ ဦးမောင်မောင်ငြိမ်း ကလောင်အမည် မောင်မြတ်မွန်_ညောင်ရွေက ကျွန်တော့်ကိုကဗျာသင်ပြပေးခဲ့ဖူးတဲ့ဆရာဖြစ်ပါတယ်
ဆရာများကိုသည်နေရာမှရည်စူးပြီး
လက်အုပ်ချီမိုးရှိခိုးအပ်ပါတယ်ခင်ဗျား

လူငယ်ဘဝကတည်းက
အလုပ်အကိုင်အခွင့်အလမ်းတွေအများကြီးရှိခဲ့ပေမယ့် စာရေးဆရာဘဝကိုခုံမင်ပြီး
ပါရမီအထုံ ဝါသနာနဲ့ ထမင်းငတ်ရင်ငတ်ပါစေ
ချစ်တဲ့စာပေလမ်းကြောင်းပေါ်ပဲ
လျှောက်မယ်ဆိုတဲ့စိတ်နဲ့
စာပေနယ်မှာဆုတံဆိပ်ပေါင်းများစွာနဲ့
ထိုက်ထိုက်တန်တန်ချီးမြှင့်ခြင်းခံခဲ့ရတဲ့
ဂုဏ်ယူစရာ ကလောင်ထက်တဲ့
ညောင်ရွှေ_ဦးခင်မောင်မြပါ။

၅တန်းကတည်းက ကဗျာတွေ
စတင်ရေးသားခဲ့ပီး
ကျောင်းက နံရံကပ်စာစောင်တွေ
ဖော်ပြခံခဲ့ရပါတယ်
၁၉၆၅ ခုနှစ် သင့်ဘဝ မဂ္ဂဇင်းမှာဖော်ပြခံခဲ့ရတဲ့
အဓိဌာန် ကဗျာ့ က ဘဝမှာ
ပထမဆုံးဖော်ပြချင်းခံရတဲ့
ကဗျာလေးဖြစ်ခဲ့ပါတယ်
၁၉၆၉ ခုနှစ် မှာ
ချိုတေးသံ စာစောင်
နှစ်သိမ့်ဆု ကို ဘဝမှာ စတင်ရရှိခဲ့ပါတယ်
၁၉၆၅ ခုနှစ်မှစပြီး
သင့်ဘဝ၊ တိုင်းရင်းမေ
ယုဝတီ၊ ချိုတေးသံ
ရှုမဝ၊ မြဝတီ
နိုင်ငံဂုဏ်ရည် အစရှိတဲ့
မဂဇင်းများမှာ
ကဗျာ၊ဝတ ၊ဆောင်းပါး များ
စဥ်ဆက်မပြတ်ရေးသားပေးပို့လျက်ရှိပါတယ်
ဆရာခင်မောင်မြက ညောင်ရွှေမှတ်စုမှနေ၍ နှစ်သစ်ဆုမွန် အမည်ပေးထားတဲ့တြိချိုးစပ်နည်း ကဗျာလေးတပုဒ် လက်ဆောင်ကမ်းလိုက်ပါတယ်

နှစ်သစ်ဆုမွန်

(၂၀၂၁) သက္ကရာဇ်
ခရစ်နှစ်ရောက်ခဲ့ပြီ။
ဇန်နဝါရီ ချမ်းဆောင်းလ
အေးမြပါသည်
ဪ...လေးလရာသီ။
ပန်းလှလှ သင်းထုံကြည်
စိုပြည်လို့စွင့်ငွါး။
ကမ်ဘာသူ ကမ်ဘာသား
အားလုံးကြံ့ကြံ့ခံလို့
ကိုဗစ်ရန်အန္တရာယ်ဘေး
ကင်းဝေးစေသား🙏🙏🙏

#ညောင်ရွှေမှတ်စု

နတ်တော်လပြည့် ရောက်တိုင်းနှစ်စဥ်ကျင်းပမြဲဖြစ်တဲ့ရွှေလင်ပန်း ခေါပုတ်ထောင်းပွဲညောင်ရွှေမြို့နယ်တိလောစခန်းကြီးကျေးရွာအုပ်စု...
29/12/2020

နတ်တော်လပြည့် ရောက်တိုင်း
နှစ်စဥ်ကျင်းပမြဲဖြစ်တဲ့
ရွှေလင်ပန်း ခေါပုတ်ထောင်းပွဲ

ညောင်ရွှေမြို့နယ်
တိလောစခန်းကြီးကျေးရွာအုပ်စု
တိလောကျေးရွာနှင့်စိုက်ပျိူးရွာတို့မှ
နတ်တော်လပြည့်နေ့ ရောက်တိုင်း
ခေါပုတ်ပွဲတော်အတွက်
ခေါပုတ်များပြုလုပ် ကြပါသည်။

ခေါပုတ်ပွဲတော်သည်ကောက်ညှင်းကိုပေါင်းပီး
ရလာသောပူပူနွေးနွေးလေးကို
ရိုးရာဆုံကြီးအတွင်း
ထည့်ပီး အဆက်မပြတ်တယောက်တလှည့်
အပေးအယူတည့်စွာဖြင့်အားလုံးညီညာစွာ
ကျူရိုးရှည်ဖြင့်
အိုးစည်ဗုံဝိုင်းဖြင့်သီချင်းသီဆိုရင်း
ထောင်းကြရသော
စုပေါင်းညီညာအားဖြင့် ပေါင်းစည်းလုပ်ဆောင်မူ့
အနုရသမြောက်ပီးချစ်စရာကောင်းလှသောရိုးရာဓလေ့တခုပင်ဖြစ်ပါသည်။
လူကြီးများမှတဆင့်နောင်လာနောက်သား
မျိုးဆက်သစ်လူငယ်များအားဓလေ့ရိုးရာ
ချစ်ခင်မြတ်နိုးစေရန် အစဉ်အလာမပြတ်
လက်ဆင့်ကမ်းလာခဲ့သောညောင်ရွှေမြို့က
ရိုးရာခေါပုတ်ပွဲတော်
ယောက်ကျားသားတို့ထောင်း၍ရသော
ခေါပုတ်ပူပူနွေးနွေးလေးကို မိန်းမပျိုတို့က
တခါစားတာအလုံးလေးများပြုလုပ်ပီး အိမ်တိုင်းစေ့ဝေမျှပေးပို့ကြသည်မှာလည်းအားရစရာကောင်းလှပါသည်။
အချို ကြိုက်သူများအတွက်
ဒေသကြံသကာညှပ်ပြီးသားလေးတွေကို
ဌာပနာထည့်လုံးပေးပီးစားကြသည်
အချိုမပါသော ခေါပုတ်
နောက်ရက်မှပြန်ကြော်စားလျှင်လည်း
အလွန်ပင်အရသာရှိလှပါသည်။
မြတ်နိုးပျော်ရွှင်ခြင်းဖြင့် ပွဲတော်ရက်ထောင်းသောခေါပုတ်၏အရသာမှာအမွှေးဆုံး အနူးညံ့ဆုံး
အကောင်းဆုံးဖြစ်ပါသည်။
အားလုံးရဲ့လုပ်ဆောင်မူ့ဖြင့်ရလာသောခေါပုတ်လေ
များကို ဘုန်းကြီးကျောင်းများသို့ ပို့ဆောင်လှူဒါန်းခြင်း
ဆွေမျိူးမိတ်သင်္ဂဟများအား လက်
ဆောင်ပေးခြင်းတို့ ရိုးရာမပျက်
ကျင်းပခြင်း ပုံရိပ်များ
ကို မှတ်တမ်းတင် ဖေါ်ပြအပ်ပါသည်။
မိတ်ဆွေတို့ကြုံကြိုက်ရင်လည်း
ရွှေလင်းဗန်းရွာလေးကခေါပုတ်ပွဲတော်ရက်
အချိန်ခါလေးမှာ တူဆုံပျော်နိုင်ကြပါစေဗျား

#ညောင်ရွှေမှတ်စု

ယုံကြည်ရာတစ်ခုအတွက်ဘဝ မလွယ်ဘူး ခက်ခဲတယ်လူတွေအကုန်ဘဝရှင်သန်တိုးတက်ရေးအတွက်ရုန်းကန်တိုက်ပွဲဝင်နေကြရတာဘယ်လောက်ခက်ခဲလိုက်လဲ ...
26/12/2020

ယုံကြည်ရာတစ်ခုအတွက်

ဘဝ
မလွယ်ဘူး ခက်ခဲတယ်
လူတွေအကုန်ဘဝရှင်သန်တိုးတက်ရေး
အတွက်ရုန်းကန်တိုက်ပွဲဝင်နေကြရတာ
ဘယ်လောက်ခက်ခဲလိုက်လဲ
ဘဝသိသူတွေကပိုကြိုးစားကြပါတယ်
ရှင်သန်မူ့တန်ဖိုးကိုလည်းနားလည်ကြတယ်

ဒီတပတ်ညောင်ရွှေမှတ်စုကနေ
မိတ်ဆက်ပေးချင်သူကတော့
အင်းလေး
ဟဲယာ ရှာမ ရှာက
အယ်ထွေး ဆိုတဲ့
လူငယ်လေးတစ်ယောက်အကြောင်း

ဘဝကိုအကောင်းဆုံးကြိုးစားရပ်တည်နေတဲ့
ဘီးလူးချောင်းနံဘေး ဝါးရုံတောအရိပ်လေးမှာခြေထောက်ကလေးနဲ့ပန်းချီတွေထိုင်ဆွဲနေတတ်တဲ့
အမေနဲ့ညီမလေးကိုမိမိအတတ်ပညာနဲ့
ရှာဖွေကျွေးမွေးရပ်တည်နေတဲ့
စွမ်းရည်ပြည့်လူငယ်ပါရမီရှင်အယ်ထွေး
မွေးရာပါဘဝကိုစိတ်ပျက်အားငယ်မနေပဲ
မိသားစုဝမ်းရေးအတွက်ကြိုးစားနေတဲ့
မသန်သော်လည်းစွမ်းတဲ့
အာဂလူငယ် ဘယ်အရာမဆိုဇွဲမလျော့ဘဲသင်
ယူတတ်ယူပြီးကြိုးစားခဲ့တာပါ မိသားစုထဲမောင်နှမ၆ယောက်ထဲကမိသားစုဝင်တဦးဖြစ်ပီး
ဖခင်ဆုံးပါးသွားလို့
အမေနဲ့အိမ်ထောင်မကျသေးတဲ့ညီမလေးကို
ရိုးသားစွာရှာဖွေကျွေးမွေးနေတဲ့သူတယောက်
ပထမဆုံးလုပ်ကိုင်ခဲ့တာက
ဂတ်စ်မီးခြစ်ဆီဖြည့်လုပ်တာအောင်မြင်တတ်မြောက်သော်လည်းအလုပ်ပါးလှသဖြင့်
တီဗွီ ကတ်ဆက် လျှပ်စစ်ပစ္စည်းပြုပြင်ခြင်းကို
ပါသင်ယူတတ်မြောက်လုပ်ဆောင်ခဲ့ပါသေးတယ်
အင်းထဲရွာမှာမို့အလုပ်သိပ်မဖြစ်လှတာကြောင့်
ယွန်းခွက်တွေပေါ်မှာပန်းချီရေးနည်းကို
လေ့လာဖြစ်ခဲ့ရင်း ရေးဆွဲပြီးသား
ရောင်းတန်းဝင်ပစ္စည်းတွေကို
နိုင်ငံခြားသားတွေကိုစတင်ရောင်းချရာမှ
စီးပွားအောင်မြင်တိုးတက်လာတဲ့အထိ
ပါရမီထုံတဲ့
အင်းသားလေး အယ်ထွေးတယောက်
ယခုဆိုလျှင် အင်းတိန်ဘုရားစောင်းတန်းမှာ
သူ့ရဲ့ဆိုင်လေးဖွင့်လှစ်ရောင်းချနိုင်ခဲ့ပါပီ
အိမ်မက်တွေနဲ့ရှေ့ဆက်ချီတက်နေတဲ့
အယ်ထွေးရဲ့လက်ရာတွေကိုမိတ်ဆွေတို့
အလည်ရောက်လို့ကြုံကြိုက်ရင်
အားပေးကြပါအုံးဗျား

#ညောင်ရွှေမှတ်စု

နှစ်ပေါင်း ၁၅၀ကျော်ကြာ မျိုးဆက် ၄ ဆက်တိုင်ရှိခဲ့ပြီဖြစ်တဲ့ အင်း​လေး ဟဲယာရွာမ ရွာကလေးငယ်ရပ် ကွက် ကအင်းသားတို့ရဲ့ငွေပန်းထိ...
18/12/2020

နှစ်ပေါင်း ၁၅၀ကျော်ကြာ
မျိုးဆက် ၄ ဆက်တိုင်ရှိခဲ့ပြီဖြစ်တဲ့
အင်း​လေး ဟဲယာရွာမ ရွာ
ကလေးငယ်ရပ် ကွက် က
အင်းသားတို့ရဲ့ငွေပန်းထိမ်

မြန်မာရိုးရာ လက်မှုပညာ
ပန်းဆယ်မျိုးထဲမှ တစ်ခု ဖြစ်သည်။
ပန်းထိမ်သည် အဖိုးတန်သော
ရွှေ၊ ငွေနှင့် သတ္တုစသည်တို့ဖြင့် လူတို့၏ လက်ဝတ်ရတနာ၊ အသုံးအဆောင် အမျိုးမျိုးတို့ကို သီးသန့်ပြုလုပ်ခြင်း၊ ကျောက်မျက်မျိုးစုံ တို့ဖြင့်
တွဲဖက်၍ ပြုလုပ်သော အတတ်ပညာဖြစ်ပါသည်
ရှမ်းပြည်တောင်ပိုင်းအင်းလေးဒေသ
အလည်လာရောက်လျှင်
ရိုးရာငွေပန်းထိမ်လုပ်ငန်းများဆီသို့
သွားရောက်လည်ပတ်ဖူးကြလိမ့်မည်ထင်ပါသည် ရွှေပန်းထိမ်ထက်လုပ်ရခက်ပြီး
လက်ဝင်လှသောငွေပန်းထိမ်ပညာမှာ
ရိုးရာအနုလက်ရာများ
ဓလေ့စရိုက်များ
အလေ့အထကောင်းများ
ရိုးရာအမွေအနှစ်အငွေ့အသက်တို့
ကိန်းအောင်းပုံဖော်ထားသောရုပ်လုံးရုပ်ကြွများဖြင့်အသက်ဝင်တင့်တယ်လှသော
အင်းသားတို့ရဲ့ငွေပန်းထိမ်လက်မူ့ပစ္စည်းများ၏တင့်တယ်လှပပုံမှာရှု့မငြီးနိုင်သောရတနာများပင်ဖြစ်ပါသည်။
ဆွမ်းတော်ကပ်ရန်ဆွမ်းတော်အုပ်
ဆွမ်းတော်ကလပ် ငွေပန်းအိုး ငွေရေစက်အိုး
ဆွမ်းတော်ခွက် သောက်တော်ရေခွက်နှင့်
အဆောင်ပစ္စည်းများ
အထွဋ်အမြတ်ထားရာ
ဘုရားဆင်းတုတော်များ စေတီများ နှင့်
ငွေထည်လက်ဝတ်ရတနာမျိုးစုံတို့ကို
ပြုလုပ်ဖန်တီးသည့်အင်းထဲမှငွေပန်းထိမ်လုပ်ငန်းများသည်ပြည်တွင်းလက်မူ့ပစ္စည်းထုတ်ကုန်များ
အဖြစ်နာမည်ကြီးလှပါသည်။

နှစ်ပေါင်း ၁၅၀ကျော်ကြာ
မျိုးဆက် ၄ဆက်တိုင်ရှိခဲ့ပြီဖြစ်တဲ့
အင်းလေးဒေသ
ဟဲယာရွာမ
ကလေးငယ်ရပ်ကွက် က
ဦးရွှေအေး ​​ ​​ဒေါ်သိင်္ဂီအေး မိသားစု
ရိုးရာငွေပန်းထိမ်လုပ်ငန်းကို
မှတ်တမ်းတင်ဖော်ပြပေးအပ်ပါတယ်ဗျား

ဖုန်း 09251007119

#ညောင်ရွှေမှတ်စု

အင်းလးကန်း အတွင်းပထမဆုံး တည်သောရွာရွာတည် နှစ် ( ၅၁၀ ) ရှိပီဖြစ်တဲ့သမိုင်းအစဥ်လာကြီးမားတဲ့ အင်းလေး ဒေသ ရဲ့ ဟိုက်ယာပွဲ++++...
13/12/2020

အင်းလးကန်း အတွင်း
ပထမဆုံး တည်သောရွာ
ရွာတည် နှစ် ( ၅၁၀ ) ရှိပီဖြစ်တဲ့
သမိုင်းအစဥ်လာကြီးမားတဲ့
အင်းလေး ဒေသ ရဲ့ ဟိုက်ယာပွဲ
++++++++++++++++
အင်းလေးကန် ဆိုသည်မှာ
ရှေးအခါက ကန်အတွင်းရှိ ရွာများကို
စတင်တည်ထောင်သည့်
ဟတ်ယာ၊နန်းပန်၊နောင်တော၊ရွာကြီးဘန့်ပုံဟူ
သောရွာလေးရွာမှအစပြုသည်။
အင်းလေးရွာဟု ခေါ်တွင်သည်မှ
နောင်အခါ အင်းလေးကန်ဟု
ခေါ်တွင်လာသည်။
ထိုရွာလေးရွာ မှ ဦးစွာတည်သောရွာကို
ဟတ်ယာရွာမ ဟု ခေါ်ကြ၍
ဒုတိယရွာကို သက္ကရာဇ် ၈၇၂ခုနှစ်
တပို့တွဲလတွင်တည်သည်။
ပထမရွာတွင် စီးပွားတိုးတက်သည်မရှိ
အနာရောဂါထူပြောလှ၍
ဒုတိယရွာတည်သော်လည်း ၁၃နှစ်ကြာလာသည့်တိုင် အနာရောဂါထူပြောနေရကား
ရွာကုစားရန်တိုင်ပင်ကြ၍ ရွာတည်
စဉ်က ရှိနှင့်ပြီးသော ရွာဦးဘုရား
တွင် ရွာကုကြရန်စီစဉ်ခဲ့ကြသည်။
ထိုသို့ရွာကုရန် စီစဉ်သည့်တွင်
ရှမ်းပြည်တွင်ရှိသော ဒေသဖြစ်သည့်အလျောက်
ရွာတည်သည့်လတွင် ရွာမကုတော့ဘဲ
ရှမ်းနှစ်သစ်ကူးမတိုင်မီ တစ်ရက်အလိုတွင်
ရွာကုရန် စီမံခဲ့ကြသည်။
ထိုကြောင် တန်ဆောင်မုန်းလပြည့်ကျော် ၁၅ရက်နေ့ကို ဟဲယာပွဲနေ့ဟုသတ်မှတ်ခဲ့ကြသည်။

ဟတ်ယာပွဲကျင်းပပုံမှာ အလွန်ရိုးရှင်းပါသည်။တန်ဆောင်မုန်းလပြည့်ကျော်
၁၀ ရက်ညတွင် ရွာကုမည့်အကြောင်း
သိရှိစေရန် ဆော်ဩရသည်။
ထိုသို့ လှုံဆော်ရာ၌ အများသူငှာစိတ်ဝင်စားစေရန်
လှေနံ စစ်တိုက်သည်ဟု ခေါ်ဆို၍
ပွဲလုပ်ရန် လှုံဆော်ရသည်။ထိုသို့လှုံ့ဆော်ရာ၌ စေတီရပ်(ယခင် မြောက်ဖက်ထဲဟုံး)ကွက်ကသာ တစ်ရပ်ကွက်တီး ဖောင်လှည့်မည့်ချောင်းတလျှောက်
အိုးစည်ကြီး(အိုးစီကူး)တီး၍
အတိုင်အဖောက်ညီညီသံချပ်ထိုးကာ
လှုံဆော်သည်။ထိုသို့ လှေနံစစ်တိုက်ပြီးသည်နှင့်ရွာဆော်နှင့်တကွ ရပ်သူရွာသားတို့ ဖောင်လှည့်ရန်အတွက် အမျိုးသားများက စီစဉ်သကဲ့သို့ အမျိုးသမီးများနှင့်သက်ကြီးရွယ်အိုတို့က ဆန်ကွန်းဖ္လေခေါ် ဆွမ်းလောင်းရန်စီစဉ်ကြသည်။
ထိုသို့ပွဲလုပ်ရန်စီစဉ်နေချိန်၌ ရွာဆော်က ခြောက်သွေ့ရာသီနီးလာပြီကတကြောင်း ၊ရွာကုပွဲတွင် မီးရှူး၊မီးပုံးပျံလွှတ်ခြင်းများပြုလုပ်မည်ဖြစ်၍ ခွင်ပြုစေရန်တကြောင်း ရွာ၏မီးစောင့်လျှောက်သော ဖိုးကင်းနတ်ကို ပသရသည်။ပွဲမတိုင်မီ ဗုဒ္ဓဟူးနေ့၌ ပသပေးရသည်။

ဟဲယာသားတို့ဖောင်လုပ်ကြပြီ။
အချို့ရပ်ကွက်က ပိတ်စ ထီးဖြူဖောင်၊အချို့အရပ်က ကနက္ကဒါန်ထီးပြာဿာဒ်ဖောင်၊အချို့က ရွှေဆိုင်းဖောင်။
ထိုသို့လုပ်ခြင်းမှာ ရွာဘုရားခေါ် ရွာဦးအောင်မင်္ဂလာဘုရားတွင် ရွာတွင်ကပ်စွဲနေသော မကောင်းမှုဟူသမျှ ကင်းပျောက်စေရန် ရည်စူးလှူဒါန်းခြင်းဖြစ်သည်။ ဖောင်လုပ်ပြီးစီးကြသောဖောင်များက တန်ဆောင်မုန်းလဆုပ်
၁၃ရက်နေ့တွင် တစ်ပတ်ထိုးခေါ် အစမ်း
ဖောင်လှည့်ကြသည်။
တန်ဆောင်မုန်းလဆုပ် ၁၄ ရက်ညခင်းပိုင်းတွင်
စေတီရပ်ကွက်မှ ဖောင်မှစတင်၍ ၎င်းနောက်မှ ကလေးငယ်ရပ်ကွက်ဖောင်တို့ ဖောင်ပတ်ချောင်းအတိုင်းလှည့်ကြပြီဆိုလျှင် ကျန်ရပ်ကွက်တို့မှ လိုက်ပါ လှည့်ကြလေပြီ။
(စေတီရပ်ဖောင်နှင့်ကလေးငယ်ဖောင်
မထွက်မလှည့်မခြင်း မည်သည့် ရပ်ကွက်မှထည့်ထွက်
မရပေ)
ဖောင်ပတ်ချောင်းအတိုင်း တစ်ပတ်လှည့်ပြီးသောအခါ ဖောင်တော်ကို အောင်မင်္ဂလာရွာဘုရားသို့ ဆိုက်ကပ်ပြီး ဖောင်ပေါ်ပါ ထီးတော်များကို ဘုရားပုရဝဏ်တွင် စိုက်ထူကပ်လှူပြီး
ဆုတောင်းမေတ္တာပို့ကြရသည်။
ထိုနောက် မီးငြမ်းစင်ပေါ်တက်၍
မီးရှူးလွှတ်ကြသည်။
နောက်တရက်တန်ဆောင်မုန်းလကွယ်
နေ့မနက်တွင် ရပ်ကွက်တို့မှ ရွာတည်စဉ်မင်္ဂလာထမင်းဟင်းဖြစ်သတ်မှတ်ထားသော ဝက်သားဟင်း ပဲလုံးဆေးခါးဟင်းရည်၊ကျူးမြစ်သုပ်တို့ကို အောင်မင်္ဂလာဘုရားအာရုံခံအတွင်း၌ ဘုန်းတော်ကြီးကျောင်းများသို့ လောင်းလှူရသည်။
(ကျောင်းနောက်ပါတကာတို့စီစဉ်ချထားသော
သပိတ်အတွင်းသို့ လောင်းလှူရခြင်းဖြစ်သည်)။
ထိုနောက်ဆရာတော်အရှင်သူမြတ်တို့က
အန္တရာယ်ကင်းပရိတ်ကမ္မဝါရွတ်ပွားတော်မူကာ
တရားရေအေးအမြိုက်ဆေးတိုက်ကျွေးဟောပြ
ဆုံးမ တော်မူသည်။
(ရွာကုသောပွဲ ဖြစ်သည့်အလျောက်
ရွာဆော်မှ ရွာနတ်သို့ မင်္ဂလာထမင်းဟင်းနှင့်အတူ
ကြာလိပ်သုပ်၊နွယ်ရွက်သုပ်တို့ဖြင့်ပသပူဇော်သည်)
ဤကား ဟတ်ယာပွဲ တစေ့တစောင်းမျှသာ။

မောင်ရာကျော် အင်းလေး (ဖဖူးဆား)

#ညောင်ရွှေမှတ်စု

ဆောင်းနှင်းမှုံ တွေကြားကညောင်ရွှေဈေးနေ့New normal life မှာလူတွေဟာပုံစံအမျိုးမျိုးနဲ့နေထိုင်ရှင်သန်ရေးအတွက်ကြိုးစားနေရတယ်...
04/12/2020

ဆောင်းနှင်းမှုံ တွေကြားကညောင်ရွှေဈေးနေ့

New normal life မှာလူတွေဟာပုံစံ
အမျိုးမျိုးနဲ့နေထိုင်ရှင်သန်ရေးအတွက်
ကြိုးစားနေရတယ်
ညောင်ရွှေမြို့က (၅) ရက် တဈေးပါတဲ့
ဈေးနေ့ပြက္ခဒိန်ကြီးလည်း မျက်လုံးတလည်လည်နဲ့အပါအဝင်ပေါ့
ရှမ်းပြည်တောင်ပိုင်းက
ဈေးနေ့တွေဟာနာမည်ကြီးစည်ကားလှပါတယ်
တောနေမြို့ပေါ်မကျန်
ဈေးရောင်းရင်းဈေးသုံးထွက်
ကြတဲ့ အရောင်အသွေးစုံလှတဲ့
အိမ်နေခြံထွက် လတ်ဆတ်လွန်းလှတဲ့
အသီးအရွက် အသားငါးအစုံရနိုင်တဲ့
စည်းကားလွန်းလှတဲ့ရိုးရာဈေးနေ့မျိုးပါ
သာမန်ဈေးနေ့မျိုးမှာမမြင်ရ မစားရနိုင်တဲ့
နိုက်နိုက်ချွတ်ချွတ်အစားအစာတွေကအစ
အများကြီးလာရောက်ရောင်းချရင်း
ဈေးသုံးပြန်ကြတဲ့တောင်ပေါ်နေထိုင်သူ
တောင်ရိုး ဓနု ပလောင် ပအိုဝ့် အင်းသားလူမျိုးစုတွေလည်းအများဆုံးတွေ့မြင်ရနိုင်တဲ့ဈေးနေ့မို့
ကမ္ဘာလှည့်ခရီးသည်တွေ
အမြတ်တနိုးဈေးလည်ကြည့်ရှု့
မှတ်တမ်းတင်ကြရတဲ့နေ့မျိုးပါ
ပြောရင်းနဲ့တောင် မျက်စိထဲမြင်ယောင်
လွမ်းလာမိကြမှာပါ
ကိုဗစ်ကာလ သတ်မှတ်ချက်ကြောင့်
ဈေးရုံကြီးတွေမဖွင့်နိုင်သေးပေမယ့်
ရိုးရာဈေးနေ့လေးကတော့ အားတင်းပြီး
ကြောက်ကြောက်နဲ့ရောင်းဝယ်ဖောက်ကားနေရလေရဲ့
စည်းမျဉ်းစည်းကမ်းတွေကြားထဲကနေ
လူတိုင်းလူတိုင်းရဲ့ထမင်းတလုပ်အတွက်
ပြင်ဆင်နိုင်ဖို့ ရောင်းဝယ်ရေး
သံသရာစက်ဝန်းကြီးဟာမရှိမဖြစ်
လည်ပတ်နေရမှာပဲလေ
ရောဂါဘေးမှမိမိကိုယ်ကို ဂရုစိုက်ကာကွယ်ရင်း
မဖြစ်မနေဈေးသုံးသွားရမယ်ဆို Maskတပ်ပါ အိမ်ရောက်ရင် လက်ဆေးပါ သတိဆိုတာပိုတယ်လို့မရှိတာမို့ ကိုယ့်ကြောင့်လည်းသူများကိုမကူးစေလို သူများကြောင့်လည်းကိုယ်ဆီမကူးစေဖို့ ကာကွယ်ရင်း ဈေးသုံးကြပါဗျား

#ညောင်ရွှေမှတ်စု

Address


Website

Alerts

Be the first to know and let us send you an email when ညောင်ရွှေမှတ်စု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share