27/05/2022
Australia သို့ရွှေ့ပြောင်းခြင်း (Emigrating to Australia)
==============================
◦ Written & Credit by: Tin Kyaw Oo
----------------------------------
Australia တို့ ရွှေ့ပြောင်းခြင်း
=====================
အပေါင်းအသင်းတွေ တို့လောတို့လောနဲ့ ဇဝေဇဝါ ဖြစ်ပြီး Australia အကြောင်း မေးမြန်ကြတယ်။ မေးတဲ့ အထဲမှာ သူတို့တွေ ကြားဘူးတာတွေ၊ အခြားသူတွေစီက တဆင့် စကား တဆင့်နားနဲ့ ကြားသိတာတွေ ကလည်းပိုများနေ ပါတယ်။ အဲ့ဒီ အထဲမှာ မှန်တာတွေ ပါတလို မှားတာတွေလည်း ရှိတယ်။ မှန်တာတွေက သူတို့ အတွက်တော့ မှားနေတာတွေ ဖြစ်နေပြန်တယ်။ မှန်တာတွေက ဘာလို့ မှားနေလည်း ဆိုတာ အောက်မှာ ပြန်ရှင်းပြမယ်။
သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ Australia ကို ပြောင်းလာဖို့ စိတ်ဝင်စားသူတွေ ၊ နည်းလမ်း သိလိုသူတွေ အတွက် သိကျတဲ့ အချက်အလက်တွေကို ပေးချင်လို့ ကျွန်တောတို့ကိုတိုင် တွေ့ကြုံ ခဲ့တာတွေကို ပြန် ရှယ်တဲ့ အနေနဲ့ ရေးလိုက်ခြင်းတာဖြစ်ပါ။
မှားယွင်းတဲ့ အသိနဲ့ အမှန်ကဒီလို
=======================
a) Australia က လူမျိုး မုန်းတီး ရေး များတယ် ဆို?
အမှန်က မြန်မာပြည်မှာလောက် မစိုးပါဘူး။ မနက် မိုးလင်း မနက် ၇ နာရီ လမ်းထွက်လျှောက်ရင်တောင် random သူစိမ်းတွေတောင် G’Day Mate (good day friend) လို့ နှုတ်ဆက်လေ့ရှိပါတယ်။ Asian တွေကို အဲ့လို နှုတ်ဆက်ရင် ပိုက်ဆံ တောင်းမယ်ထင်လို့ မကြားချင်ဟန် ဆောင်ပါလိမ့်မယ်။ နေရာတိုင်းမှာ လူမျိုးရေးမုန်းတီးမှု တွေရှိပါတယ်၊ ဒီမှာက အဲ့လိုမုန်းတဲ့လူကို ဥပဒေကလည်း ခွင့် မလွှတ်သလို ဒီက local တွေကိုတိုင်က လက်လဲ မခံပါဘူး။ လူတစ်စုက လူမျိုးရေးမုန်းတီးမှု လုပ်နေရင် နောက်လူ တစ်စု ကအဲ့ဒါကို တိုက်ဖျက်နေပါတယ်၊ ကိုယ်တွေကတောင် ဘာမှ မသိလိုက်ပါဘူး။
b) ဒုစရိုက်မှု များတယ်ဆို
မှန်ပါတယ်၊ ဒုစရိုက်မှု တွေ ကတော့ များပါတယ်၊ နေရာတိုင်း မဟုတ်ပါဘူး။ သူ့နေရာနဲ့သူပါ။ နိုင်ငံကြီးရင် အဲ့ဒါလဲ အချိုးအစား အလိုက် များလာတာပါပဲ၊ မထူးဆန်းပါဘူး။ ကိုယ် ကိုတိုင်က နေတတ် ဖို့လိုပါတယ်။ ကိုယ်သွားတဲ့ နေရာ အနေအထား ကိုယ်သိရပါမယ်။
c) ပညာရေးက အလကား ဆို?
အလကားနီးပါးဆို မှန်ပါတယ်၊ ဒါပေမဲ့ လည်း မှားပါတယ်။
အကြောင်းက၊ ဒီနိုင်ငံမှာ နေထိုင်သူတွေ အမျိုးအစား အမျိုးမျိုး ရှိပါတယ်။ ဥပမာ၊ နိုင်ငံသား၊ Humanitarian Migrant ၊ Permanent Resident ၊ Temporary Work Visa၊ Student Visa ၊ Guardian for Student စသဖြင့် အများကြီး ရှိပါတယ်။
Humanitarian Migrant and lower income တွေကို အစိုးရက မိသားစု ထောက်ပံကြေး ကို ခလေး တစ်ယောက်ချင်းလိုက် မိသားစုဝင် ဦးရေ အလိုက် ပေးသလို ကျောင်းစရိတ် စားစရိတ် ကျမ်းမာရေး တွေ မက consession card လို့ခေါ်တဲ့ ကတ်ပါပေးထားပါတယ်။ အဲ့ဒီကဒ်နဲ့ ကား၊ရထား စီးရင် ၅၀% မက သက်သာ ပါတယ်။ သူတို့တွေ အတွက်ကတော့ ပညာရေးက အလကား နီးပါးပါပဲ။ ခလေးငယ်တွေကို လည်း ခလေးထိမ်းကျောင်းပို့ရင် အစိုးရက childcare support အနေနဲ့ ထောက်ပံလို့ အတော် ကို သက်တာပါတယ်။
ဒါပေမဲ့ Skill Migrant Permanent Residents တွေ၊ ဝင်ငွေနဲ (lower income) မဟုတ်တဲ့ သူတွေကတော့ နည်းနည်းပဲ ရပါတယ်၊ အဲ့ဒီရတာကလည်း ကိုယ်ဆောင်ထားတဲ့ အခွန်ငွေထဲက Rebate အနေနဲ့ ပြန်ပေးတာပါ။ အလကားပေးတာ မဟုတ်ပါဘူး။
d) ဘယ်မြို့က ကောင်းဆုံးလည်း။
အကောင်းဆုံးမြို့ ဆိုတာ မရှိပါဘူး။ နည်းပညာသမားတွေက Sydney / Melbourne / Brisbane လိုမြို့တွေမှာ နေကြသလို၊ ပညာနဲ့ ကျောင်းဆရာ၊ researcher တွေက Adelaide မှာအနေများ ကြပါတယ်၊ အခြား professional တွေကတော့ သူတို့နဲ့ အဆင်ပြေရာမှာပါ။ အဓိက ကတော့ ကိုယ်ဘယ်မှာ အလုပ် အကိုင် ကောင်းသလည်း၊ နေလို့ ပျော် တလည်း ဆိုတာ အဓိကပါ။ Aussie တစ်နိုင်ငံလုံး က တစ်ပြေးညီ တိုးတက် နေတာကြောင့် ကိုနဲ့ အဆင်ပြေတဲ့ နေရာ ရွေးနေဖို့လိုပါတယ်။
e) Migrate လုပ်ဖို့ လွယ်လား။
လွယ် သလို ခက်လည်း ခက်ပါတယ်။ ကံ နဲ့ ကြီး မဆိုင် သလို ကိုယ်ကိုယ်တိုင် ကြိုးစားရပါတယ်။ Aussie PR process က ငွေကုန်ကျေးကျတော့ များပါတယ်။ ဒါတင်မက ကိုယ့်ရဲ့ ပညာ၊ တွေ့အကြုံနဲ့ English language ပေါ်မှာလည်း အများကြီး မူတည်ပါတယ်။ ကျိုးစားရမှာက English (IELTS) ပါ၊ ကျန်တဲ့ ပညာ အရည်အချင်းနဲ့ အတွေ့ အကြုံကတော့ အရှိ အရှိတိုင်းထက် ပို ကျိုးစားလို့ ရမယ် မထင်ပါဘူး။ အသက်ငယ်ရွယ်သးရင်တော့ ကြိုးစားဖို့ အချိန် ရပါသေးတယ်။
f) IELTS က လွယ်ပါတယ်။
လွယ်မလွယ်က ဖြေသူနဲ့ပဲ ဆိုင်ပါတယ်၊ အကောင်းဆုံးက တစ်ခေါက်လောက် ဖြေကြည့်ရင် သိပါလိမ့်မယ်။ တစ်ခုသိရမှာက IELTS က English ကို စစ်တာပါ၊ broken english, bookish english နဲ့ Singlish မဟုတ်ပါဘူး။ First language english speaker တွေတောင် ကြိုတင် ပြင်ဆင်မှု မရှိပဲ ဖြေရင် အမှတ် နည်းတတ် ပါတယ်။ English language တစ်ခုထဲ စစ်တာ မဟုတ်ပါဘူး။ စကား ပြောပုံ စာရေးသားပုံ စာသားတွေကို ထဲထဲဝင်ဝင် နားလည် ပုံ တွေကို အချိန်တိုအတွင်းမှာ stress ဖြစ်စေမဲ့ ပုံနဲ့ စစ်တာဖြစ်ပါတယ်။ ကိုယ်သိထားတဲ့ English ကို မေ့လိုက်ပြီး English အစစ်ကို ပြန်လုပ်နိုင်ရင် အကောင်းဆုံးပါ။
g) မြန်မာပြည်မှာ International ကားလိုင်စင် လုပ်ခဲ့ရင် ပိုလွယ်မယ်
မှန်ပါတယ်။ မြန်မာပြည်မှာ international လိုင်စင်လုပ်ရင် လွယ်ကောင်းလွယ်ပါမယ်။ ဒါပေမဲ့ ဒီနိုင်ငံမှာရှိတဲ့ driving rules တွေက မြန်မာပြည်မှာနဲ့ မတူပါဘူး။ မြန်မာနိုင်ငံမှာက ယာဉ်စည်းကမ်း ကို အသိအကျ လိုက်နာ တာ တိတ် မရှိပေမဲ့ ဒီမှာက တော့ အဲ့ လို မရပါဘူး။ မီးပွိင့် တွေမှာ camera တွေ တပ်ထားပြီး အလိုအလျှောက် ဖမ်းပါတယ်။ မြန်မာပြည်နဲ့ Asia နိုင်ငံ တော်တော်များများ မှာ မရှိတဲ့ rules တွေ ဥပမာ Hook Turn လို့ခေါ်တဲ့ ညာဘက်ကို ဘယ်ဘက် lane ကနေ ပြောင်းပြန်ကွေ့တာ၊ ရှုပ်ရှက်ခတ်နေတဲ့ အဝိုင်းပတ် ပတ်တာ တွေက မမောင်းတတ်ရင် အန္တရာယ် များပါတယ်။ မြို့ပတ် ရထားTram တွေက ကားတွေနဲ့ အတူတူ သွားလာနေတာကြောင့် သူ့နဲ့ အနီးမှာ မောင်းတဲ့ စည်းကမ်းတွေကလည်း သပ်သပ် ရှိပါတယ်။ ဒါကြောင့် လိုင်စင် မရှိသေးရင် အလွယ် မလိုက်ပဲ ဒီက လမ်းတွေကို လေ့လာပြီး ဒီမှာ ပဲဖြေတာ ကောင်းပါတယ်။ လိုင်စင်ဖြေတာ တိတ်တော့ မခက်ပါဘူး။
http://www.abc.net.au/news/image/6319636-3x2-940x627.jpg
h) အထင်နဲ့ အမြင် လွဲတတ်ခြင်း
ဒီမှာက မိုးမျှော်တိုက် တွေလို တိုက်တွေက မြို့လယ်ခေါင် စီးပွားရေးနယ်မြေ (Central Business District) မှာပဲရှိပါတယ်။ လူနေ Suburb တွေမှာတော့ ခြံနဲ့ တစ်ထပ် သစ်သားအိမ်လေးတွေနဲ့ နေကြတာများပါတယ်။
i) မြန်မာ passport နဲ့ PR လျှောက်လို့ ရလား
Australia က လူသား အင်မတန် ဆန်တဲ့ နိုင်ငံပါ။ ဘယ်လူမျိုး ဘယ်နိုင်ငံသား မို့လို့၊ ဘယ် ဘာသာ မို့လို့ ဆိုတာ မရှိပါဘူး။ လူတစ်ယောက်ကို အရည်အချင်း နဲ့ သူ့တိုင်းပြည် အပေါ် ဘယ်လောက် အကျိုး ပြုပေးနိုင် မလဲ ပဲ ကြည့်ပါတယ်။ ဒီနိုင်ငံက form တွေမှာ လူမျိုး နဲ့ ဘာသာ ကို ထဲ့ မဖြည့် ခိုင်းပါဘူး။ အလုပ် လျှောက်လွှာ တွေဆို အသက် ကို ပါ ထဲ့ မဖြည့် ရပါဘူး။
j) Australia က ကျွန်းလေးပါ
မှားပါတယ်၊ ကျွန်းလေး မဟုတ်ပါဘူး။ တိုက်ကြီးတစ်တိုက် လုံးပါ။ တိုက် တစ်ခုလုံးက တစ်နိုင်ငံ ဖြစ်နေတာပါ။
k) PR ဆိုတာ အလုပျနဲ့ လာတာလား
အလုုပ် နဲ့ လာတာ လည်း မဟုုတ်၊ အလုုပ်လာ လုုပ်တာလည်း မဟုုတ်ပါ။ အမြဲတန်း လာရောက်နေ ထိုုင်တာပါ။ အလုုပ်မလုုပ် ပဲ ထိုုင်စားနေ နိုုင်ရင် လည်း ထိုုင်စားနေလိုု့ ရပါတယ်။ အလုုပ် နဲ့ လာတာ ၊ အလုုပ် လာလုုပ်တာက Work Visa နဲ့ပါ။ Work Visa နဲ့က အမြဲတန်း နေထိုုင်လိုု့မရတလိုု အလုုပ်မရှိတော့ရင် ပြန်ရမှာပါ။
l) PR နဲ့ Citizen နဲ့ ဘယ်လိုကွာလည်း
PR တွေဟာ နိုင်ငံသားတွေနဲ့ တန်းသူ ဖြစ်ပါတယ်။ ကွာခြားတာက PR တွေဟာ ရွေးကောက်ပွဲမှာ မဲပေးခွင့် မရှိဘူး၊ Parliament မှာကိုဖြစ်ချင်တာ ကို ဆွေးနွေးပေးဖို့ တောင်းဆိုပိုင်ခွင့် မရှိပါဘူး။ ဒါပဲ ကွာပါတယ်။ PR ဖြစ်ပြီး ၂နှစ် မတိုင်ခင်မှာ အခွင့် အရေးတွေ နဲနဲ နည်းပါတယ်။ ၂နှစ်ပြည့်ပြီဆိုရင် အခုနပြောတဲ့ ၂ ချက်ကလွဲလို့ အကုန် တူ သွားပါတယ်။
Migration ဆိုသည်မှာ
================
Migrate, နိုင်ငံ တစ်ခု ကို ပြောင်းရွှေ့ နေထိုင်တယ် ဆိုတာ အမှန်တော့ အပြော လွယ် တလောက် လက်တွေ့ မှာ ခက်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ လူနေမှု ပုံစံ ပြောင်းသွားမယ်၊ အပေါင်း အသင်းတွေ မရှိတော့ဘူး၊ ဝင်ငွေ အတွက် အလုပ်ကို သုည က ပြန်စ ကြိုးစား ရမယ်၊ comfort zone ကနေ အဝေး ကြီးကို ထွက်ပြီး သုည ကနေ ပြန်စရမယ်၊ လုပ်ငန်းခွင်ထဲမှာ Asia ကလို ပုံမျိုး မဟုတ်တဲ့ ပုံတွေ ဖြစ်သွားမယ်။ ဒါတွေကို ခံနိုင်ရည် ရှိမှ အောင်မြင်တဲ့ Migration တစ်ခု ပြုလုပ်နိုင် မှာပါ။ နိုင်ငံ တစ်နိုင်ငံကို ၄၊ ၅ နှစ်လောက် သွား အလုပ်လုပ် ပြီး အချိန်တန် မြန်မာပြည် ပြန်မယ် ဆိုရင်တော့ Migration လုပ်တယ် မခေါ နိုင်ပါဘူး။ Migration လုပ်ပြီဆိုရင် အဲ့ ဒီ နိုင်ငံမှာ အုပ်မြစ်ချ နေရတော့မှာ ဆိုတော့ အလုပ် သွားလုပ် တဲ့ သူတွေနဲ့ တွေးခေါ်ပုံ settle လုပ်ပုံတွေ ကွာပါတယ်။
Migrate လုပ်နည်း အမျိုးမျိုးနဲ့ သင်နဲ့ အသင့်တော်ဆုံးက ဘယ်လိုမျိုးလည်း
===================================================
Australia ကို Migrate လုပ်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ကိုယ့်ရဲ့ အခြေနေပေါ မူတည်ပြီး ဘယ်နည်းက အဆင် အပြေဆုံးလည်း ဆိုတာ ပဲ ကွာပါတယ်။ အောက်မှာ အဖြစ်နိုင်ဆုံး နည်းလမ်းတွေ ရေးထားပါတယ်။
၁၊ Skill Migration (Independent-189 /state sponsored-190) တန်းလျှောက်ခြင်း
၂၊ ကျောင်း (University) လာရောက် တက်ပြီး၊ကျောင်းပြီးပြီးနောက်အလုပ်လုပ်ရင်း PR ဆက်လျှောက်ခြင်း
(အခုအခြေနေ အရ ကျောင်းပြီး သူတော်တော်များ PR မရဖြစ်နေတတ်ပါတယ်)
၃၊ Temporary work visa / work visa နဲ့ လာရောက် အလုပ်လုပ်ပြီး နောက် PR ဆက်လျှောက်ခြင်း (ခုရက်ပိုင်းအတွင်းက ဥပဒေ အသစ်တွေ ထုတ်ပြီး ကျပ်လိုက်ပါတယ်)
ပညာရှင်၊ ပညာတတ် တစ်ယောက် အနေနဲ့ Australia ကို လာဖို့ အလွယ်ကူဆုံး နည်းလမ်းက skill migration visa ခေါ် permanent resident ကို တန်းလျှောက် ခြင်းပါပဲ။ skill migration မှာ ၂ လမ်းရှိပါတယ် ၊ Independent(visa subclass 189) နဲ့ State Sponsored (visa subclass 190) ဖြစ်ပါတယ်။ ဘာကွာလည်း ဆိုတော့ အဲ့ဒါနဲ့ ပို သိသင့်တဲ့ အချက်တွေ အရင် ရှင်းပြ ပြီးမှ ဆက်ပြော ပါမယ်။
Australian skill migration က point (အမှတ်) စံနစ်နဲ့ သွားပါတယ်။ အနည်းဆုံး အမှတ် ၆၅ ရ မှ လျှောက်လို့ ရပါတယ်။ ကြားဖူးနားဝ မဟုတ်ပဲ ကိုယ်တိုင် လေ့လာနိုင်ဖို့ Link ပါထဲ့ပေးထားပါတယ် https://immi.homeaffairs.gov.au/.../tools/points-calculator
အဲ့ဒီ အမှတ် point ဆိုတာ ဘာတွေလည်း ဆိုတော့ အလွယ်ဆုံး ပြောရ ရင် ပညာ ဘယ်လောက် တတ်လည်း၊ အဲ့ ဒီ တတ်တဲ့ ပညာ နဲ့ အတွေ့ အကြုံ ဘယ်လောက် ရှိလည်း၊ English language ဘယ်လောက် ကောင်းလည်း၊ အသက် ဘယ်လောက် ရှိပြီလည်း တွေ အပေါ် တွက်ပါတယ်။ အသက် ငယ်တိုင်း မကောင်းတလို အသက် ကြီးရင်လည်း မကောင်းပါဘူး။ Prime age က ၂၅~၃၂ နှစ်ပါ။ အမှတ် ၆၅ ရှိပြီ ဆိုရင် လျှောက်လို့ ရပါတယ်။ အမှတ် အများဆုံး ရှိတဲ့ သူတွေကို အရင်ဆုံးရွေးပါတယ်။ (မှတ်ချက်။ မဲနိုက်ခြင်း မဟုတ်ပါ၊ အမှတ် အများဆုံးကနေ quota နဲ့ ရွေးတာပါ။)
အမှတ်က ဘယ်လို တွက်လဲ။ ဒီpage မှာ အကြမ်းဖြင်း တွက်ကြည့်လို့ ရပါတယ်။ https://immi.homeaffairs.gov.au/.../tools/points-calculator
Skill Migration အတွက် နှစ်စဉ် လိုအပ်တဲ့ ပညာရှင် အမျိုးအစားကို အစိုးရက ကြေညာပေးပါတယ်။ ဒီနှစ်အတွက်က ဒီလင့်မှာ ကြည့်ပါ။ https://www.legislation.gov.au/Details/F2017C00352
အဲ့ဒီ list ထဲက Schedule 1 မှာ ပါတဲ့ ပညာရှင်တွေကို ပထမဦးစားပေး အနေနဲ့ ရွေးပါတယ်။
Perfect condition ဆိုရင်တော့ အသက် ၂၅-၃၂ နှစ် အတွင်း၊ ပညာ အရည်ခြင်း ဘွဲ့ရ၊ အလုပ်အတွေ့ အကြုံ ၁၀ နှစ် နှင့်အထက်၊ English IELTS ရေးဖတ်ပြောနားထောင် တစ်ခုခြင်းစီ band 7 နှင့် အထက်။ ဆိုရင် အမှတ် တော်တော် ကောင်းပါတယ်။ အသက် ၃၀ ကျော် ပြီး ၄၀ အောက်ဆိုရင်လည်း IELTS ကို အကောင်းဆုံး လုပ်ရင် အသက်ကြောင့် လျှော့တဲ့ အမှတ်ကို ပြန် cover ဖြစ်နိုင်ပါတယ်။ ၄၀ ကျော်ရင်တော့ တော်တော် ကို ကြိုးစားရပါမယ်၊ ကြိုးစားလို့ရတာ ဆိုလို့ IELTS ပဲရှိတော့ အနည်းဆုံး 8+ လောက်ရအောင် လုပ်ရပါမယ်။ ကိုယ့်ရဲ့ အိမ်ထောင်ဖက် ရဲ့ English နဲ့ သူ့ရဲ့ ဘွဲ့ အလုပ် အတွေ့အကြုံ၊ ပညာ တွေက SOL list မှာ ပါရင် သူ့စီက ၅မှတ် ထပ် ပေါင်းလို့ ရပါတယ်။
Skill Independent (189) ကတော့ အစစ အားလုံး အမှတ်ကောင်းနေသူ တွေ အတွက် အသင့်တော်ဆုံးပါ။ ဥပမာ အမှတ် ၇၀ နှင့် အထက် ရရင် PR ရဖို့ သေခြာ သလောက် ရှိပါတယ်။ မဟုတ်လို့ နဲ နေရင် Skill State sponsored (190) ကို လျှောက်ရပါမယ်။ သူက ၅ မှတ် အလကား ပိုရပါတယ်၊ ဒါပေမဲ့ skill Independent လိုတော့ လွတ်လပ်မှု သိပ်မရှိပါဘူး။
State sponsored လျှောက်ရင် ကိုယ် လျှောက်တဲ့ state မှာ အနည်းဆုံး ၂နှစ် နေရပါတယ်။State sponsor အတွက် state တစ်ခုနဲ့ တစ်ခု လိုအပ်တဲ့ ပညာရှင် တွေ ခေါ်ယူ တာခြင်း မတူပါဘူး၊ ခေါ်တဲ့ ဦးရေလည်း နည်းပါတယ်။
ငွေကြေးကုန်ကျစရိတ်။ Australian PR လျှောက်ရတာ ငွေကျေး ကုန်ကျ စားရိတ် တော့ များပါတယ်။ IELTS ဖြေဖို့ ပြင်ဆင်တာ၊ ဖြေတာ တွေလည်း ငွေကုန်ကျေးကျ မှု ရှိပါတယ်။ IELTS တစ်ခါဖြေ အနည်း ဆုံးတော့ အခုဆို $၂၅၀ လောက်ရှိမယ် ထင်ပါတယ်။ ပညာ အရည်အချင်းနဲ့ လုပ်ငန်း အတွေ့ အကြုံ တွေ စီစစ်ဖို့ Australia ရှိသက်ဆိုင်ရာ အဖွဲ့အစည်း က စစ်ဆေးတာ လည်း $၅၀၀ ကနေ $၁၅၀၀ အထိ ဘွဲ့ အမျိုး အစား အလုပ် အမျိုး အစား လိုက် မူတည် ကွာ ပါတယ်။ ဥပမာ၊ ၊ Software Engineer တွေက ACS (Australian Computer Society) မှာ စီစစ် ရသလို Civil Engineer တွေက လည်း သူ့ သက်ဆိုက်ရာ တွေမှာ စီစစ် ရပါတယ်။ အားလုံး အဆင်ပြေ အောင်မြင်လို့ နောက်ဆုံး အဆင့် Visa ယူရာမှာ visa ကြေးကလည်း များပါတယ်။ မိသားစု ဦးရေပေါ် မူတည်ပြီး $၆၀၀၀ ကနေ $၈၀၀၀ အထိ ကျနိုင်ပါတယ်။ ဒီ process တစ်ခုလုံးကို အကြံပေး ဆောင်ရွက်ပေးမဲ့ agent ခကလည်း မနည်းပါဘူး။ Process တစ်ခုလုံးကို ကို့ဘာကို လုပ်နိုင်သလို agent နဲ့လည်း ဆောင်ရွက်နိုင်ပါတယ်။ ကို့နဲ့ကို agent က အကြံဉာဏ် ပိုပေးနိုင်တာကြောင့် agent နဲ့လုပ်တာ ပိုကောင်းပါတယ်။
Page Break
Permanent Resident (PR) Application Process အဆင့်ဆင့်
=============================================
Point system ။ အထက်က အတိုင်း အမှတ် စနစ် ဖြစ်တယ်။ မလျှောက်ခင် အမှတ်ကို တွက်ချက်ရမယ်၊ နည်းနေရင် IELTS ကို အမှတ် အကောင်းဆုံး ရအောင် ဖြေပြီး လိုအပ်တဲ့ အမှတ်ကို ဖြည့် နိုင်တယ်။ အမှတ် က 6၅ ရနိုင်တယ် ဆိုရင် PR process စနိုင်ပါပြီ။ အဆင့်တိုင်းဟာ အရေးကြီးပြီး အမှား မခံပါဘူး၊ မှားလို့ ပိုက်ဆံ မကုန်ရင်တောင် အချိန် ကုန်ပါတယ်။ တကယ်တော့ ပိုက်ဆံထက် အချိန်က ပို တန်ဖိုး ရှိပါတယ်၊ ပိုက်ဆံက ပြန်ရှာလို့ ရပေမယ့် ကုန်သွားတဲ့ အချိန်က ပြန် မရပါဘူး။ https://immi.homeaffairs.gov.au/.../tools/points-calculator
ဒါ့ကြောင့် Migration Agent နဲ့လုပ်တာ အကောင်းဆုံးပါ။ သူတို့က ကိုယ့်ရဲ့ လိုအပ်ချက်တွေကို ကောင်းကောင်း အကြံပေးနိုင်ပါတယ်။ ကောင်းတဲ့ Agent တော့ ရွေးနိုင်ဖို့ လိုပါတယ်။ Agent ကြေးက အရင်ကတော့ $၇၀၀၀ လောက်တော့ ပေးရပါတယ်။ အချို့ agent ကစျေးသက်တာ သလို တစ်ချို့က စျေးကြီးပါတယ်။ အဓိကက သူတို့ရဲ့ success rate ကို ကြည့်ရပါတယ်။ Agent တွေအားလုံးနဲ့ တွေ့ပါ၊ စကားပြောပါ၊ ဘယ်သူက honest အဖြစ်ဆုံးလဲ လေ့လာပြီး ဘယ်နှစ်ယောက် အောင်မြင် ခဲ့ သလဲ လေ့လာပါ။
ကုန်ကျနိုင်တဲ့ စားရိတ်တွေက
--------------------------------
၁။ Agent fees ($5000 ~ $10000)
၂။ IELTS (preparation & Exam)
[စာအုပ်စာတန်း သင်တန်းကျေး စာမေးပွဲ စသဖြင့် $1000 ~ $2500]
၃။ Skill Assessment ($ 600 ~ $1500 profession အလိုက် ကုန်ကျနိုင်)
၄။ Employment Letters ($0~ $1000 ခန့်မှန်းလို့ မရပါ၊ မကုန်ဘူး ထင်ပေမဲ့ တော်တော် ကုန်ကျ နိုင်ပါတယ်။ အထူးသဖြင့် အခြားနိုင်ငံတွေမှာ ပါ အလုပ်လုပ်ခဲ့ ဖူးရင်)
၅။ လွန်ခဲ့တဲ့ ၁၀ နှစ် အတွင်း နေခဲ့တဲ့ နိုင်ငံတွေက Police Check ($200 ~ $300) အချိန်လည်း ကြာပါတယ်
၆။ Visa Fees (အားလုံး အဆင်ပြေပြီးရင် မိသားစု ဦးရေ ပေါမူတည်ပြီး $6000 ~ $8000) လောက် ကျပါတယ်
၇။ Visa အတွက် လျှောက်ထားသူတွေ အားလုံး ဆေးစစ် ($300~$1000 လောက်ကျနိုင်ပါတယ်)
စုစုပေါင်း $ 15,000 မှ $20,000 လောက် လျှာထားပါ။ စုစုပေါင်းကြာချိန် ၃ လ ၊ ၄ လ ကနေ ၁နှစ် လောက် ကြာတတ်ပါတယ်။ IELTS မှာ တစ်နေရင် ပိုပြီး ကြာနိုင်ပါတယ်။ The less worried က the most difficult ဖြစ်တတ်ပါတယ်။ အဆင့်တိုင်းမှာ အချိန်ဟာ အရေးကြီးပါတယ်။
Step 1 (Skill Assessment & IELTS)
============================
a)Skilled Assessment
----------------------------
စစ်ဆေးတဲ့ အထဲမှာ ပါတာတွေက ပညာ အရည်အချင်း နဲ့ ပတ်တက်တဲ့ ဘွဲ့လက်မှတ် ၊ Grading, Transcript, လုပ်ခဲ့ တဲ့ အလုပ်တစ်ခုခြင်းစီက Employment letter ( အမည်၊ လစာ၊ FullTime၊ နေ့စဉ် duty/tasks) ပါတဲ့ letterhead ပေါ် ရေးစားတဲ့ စာ။ (မှတ်ချက်။ ရထားတဲ့ ဘွဲ့နဲ့ လုပ်တဲ့ အလုပ် အမျိုးအစား တူမှတာ အလုပ် အတွေ့ အကြုံမှာ အဲ့ဒီ အလုပ်ရဲ့ သက်တမ်းကို ထဲ့ပေးမှာ ဖြစ်တယ်။ ဘွဲ့ မရခင်က လုပ်ထားတဲ့ အလုပ် အတွေ့ အကြုံကို ထဲ့ မတွက်ပေးပါဘူး။ ဒီအဆင့်က လွယ် မလို ထင်ရပေမဲ့ အတော် လက်ပေါက် ကပ်ပါတယ်)။ အဲ့ ဒီ employment duty/task letter ရေးတာလဲ ခက်ခဲပါတယ်၊ ဒီနိုင်ငံမှာ ဘယ်လို ပညာက ဘာ အလုပ်တွေလုပ်ရတယ် ဆိုတာ တတ်မှတ်ထားပါတယ်၊ အဲ့ဒီ letter မှာ ရေးတဲ့ tasks/duties တွေဟာ ကိုယ့်ရဲ့ ပညာဘွဲ့၊ လျှောက်မည့် skill အမျိုးအစားနဲ့ မကိုက်ပါက ထဲ့မတွက်ပေးပါဘူး။
အတွေ့ အကြုံ အရပြောရရင် ၂ လလောက် လုပ်လိုက်ရတယ်၊ နှစ်နိုင်ငံ လောက် ပတ် ပြေးပြီး စာရွက် စာတမ်း လိုက်စု ရတယ်၊ အလုပ်ရှင်ဟောင်းတွေနဲ့ အာပေါက် မတတ် ညှိရတယ် လိုက်ဖမ်းရတယ်။ ဒါတောင် အရင် အလုပ်ဟောင်းတွေ အားလုံးက ကိုနဲ့ အတော် အစဉ်ပြေ ကူညီ လို့ ၂လ ပဲ ကြာတာပါ။ အဲ့ဒီတော့် အလုပ်ထွက်တိုင်း အလုပ်ရှင်တွေနဲ့ good terms နဲ့ ထွက်ပါ။ ဘယ်အချိန် သူတို့နဲ့ ပြန် တွေ့ ရမယ် ဆိုတာ မသိနိုင်ပါဘူး။ English လိုတော့ (don’t burn the bridge ပေါ့) တစ်နေ့ အသုံးလိုလာရင် လမ်း မရှိ ဖြစ် မနေအောင်ပေါ့။ အဲ့ဒီ စစ်ဆေး လိုက်တဲ့ စာရွက် စာတမ်း တွေမှာ လိမ်လည် တာ မပါရပါဘူး။ ပါခဲ့ရင် တစ်သက်လုံး Ban ပါ။ Australia က visa တစ်ခု Reject လုပ်ရင် ဘယ်တော့မှ ဘာ Visa မှ မပေးတော့ပါဘူး။ Reject နဲ့ Approve မဖြစ်တာနဲ့ ကွာပါတယ်။ Visa process လုပ်နေချိန် သူတို့ ဘာသာ အလုပ် တစ်ခုချင်းစီကို ဖုန်းခေါ် ပြီး မှန် မမှန် လိုက် စစ်တတ် ပါတယ်။ Assessment ကျလာပြီဆိုရင် Skill Assessment က ၁ နှစ်ပဲ ခံပါတယ်၊ အဲ့ဒီ အချိန်အတွင်းမှာ ကျန် အဆင့်တွေ မြန်မြန်လုပ်ရပါမယ်။
b) IELTS (Preparation and Test)
-----------------------------------------
အထက်က Skill Assessment လုပ်နေတဲ့ အချိန် တပြိုင်ထဲမှာ လုပ်လို့ရတာက IELTS အတွက် ပြင်စဉ်ဖို့ပါ။ Speaking, Listening, Reading, Writing တစ်ဘာသာ ချင်းကို အနည်းဆုံး band ၆ ရအောင် ဖြေရပါမယ်။ Band ၆ က အမှတ် point Zero ပဲရပါတယ်။ အကောင်းဆုံးက Band အနည်းဆုံး 7 ရအောင် ဖြေပါ။ IELTS မှာ band တစ်ခု ကနေ 0.5 တက်ဖို့ ဆိုတာ English အရည်အချင်းအတော် ကွာအောင်ကြိုးစားမှ ရပါတယ်။ စာရေးပုံ စကား ပြောပုံတွေ လည်း အတော် ကွာပါတယ်။ Vocab များများ ရရမယ်၊ စကားလုံးတွေကို မှန်ကန် တဲ့ English ပုံနဲ့လည်းသုံးတတ် ရပါမယ်။ စကား ပြော ပုံ ၊ စာကြောင်းဖွဲ့ ရေးသားပုံ၊ စာကြောင်းဆက်ပုံ စပ်ပုံ တွေ ကောင်းရမယ်။ ဒါမှ အမှတ် ကောင်းမှာပါ။ Skill Assessment လုပ်ဖို့ တင်ပြီးရင် ၂ ပတ် ကနေ ၂ လထိ ကြာတတ်ပါတယ်။ အဲ့ဒီ အချိန် မှာ IELTS ကို ဖြေလိုက်နိုင်ရင် ၃လ တိတိလောက်ဆိုရင် PR process ကို စလို့ ရပါပြီ။ IELTS certificate က ၂ နှစ်ပဲ ခံပါတယ်။
Step 2 (EOI - Expression of Interest)
========================
Skill Assessment နဲ့ IELTS အမှတ်တွေ ကောင်းပြီ ဆိုရင် EOI (Entry of Interest) တင်လို့ ရပါပြီ။ အဲ့ဒါက Aussie အစိုးရ website မှာ အပေါ်က skill assessment letter, IELTS certificate, education နဲ့ ပတ်တက်တဲ့ degree, grades, transcripts, employment letters, police checks, မွေးစားရင်၊ အိမ်ထောင်ဖက် မွေးစားရင် ၊ မှတ်ပုံတင်၊ သားသမီး ၊ မိသားစု စာရင်း၊ မောင်နှမ မိဘတွရဲ့ အချက်အလက် အစရှိတဲ့ document တွေ တင်ရပါတယ်။ ဒီ အဆင့်က အခမဲ့ပါ။ အဲ့ဒီမှာ ဖြည့်ပြီး အမှတ် အနည်းဆုံး 6၅ ရရင် application submit လုပ်လို့ ရပါပြီ။ Submit လုပ်ပြီးရင် ရင် တမမ နဲ့ မျှော်နေရပါတယ် :D။ ၂ ပတ် ကနေ ၂နှစ်လောက် အထိ ကြာ တတ်ပါတယ်။ အချို့တွေက ၁ နှစ်လောက် ဆောင့် ရတယ် ပြောပါတယ်။
အမှတ်များတဲ့ သူတွေ များနေရင် အမှတ် နည်းသူတွေ အရွေးမခံရတာ၊ ကြာနေတာလဲ ဖြစ်တတ်ပါတယ်။ အတွေ့ အကြုံ အရဆိုရင် အမှတ် ၇၀ နဲ့ အထက် တွေကတော့ လျှောက်ရင် အကုန်ပါတတ်ကျပါတယ်။ ၆၅ နဲ့ ၆၅ တွေက လျှောက်တဲ့ဦးရေ များတော့ competitation ဖြစ်ပါတယ်။ အသစ် လျှောက်သူတွေကော အရင် လျှောက်ပြီး အရွေး မခံရပဲ Pool ထဲမှာ ကျန်နေတာတွေပါ ပေါင်းလိုက်ရင် အမှတ် ၆၀ တွေက တော တောများ ပါတယ်။ ဒါ့ကြောင့် အမှတ် များ နိုင်သမျှ များအောင် လုပ်ဖို့ အရေး ကြီးပါတယ်။ ၂နှစ် ပြည့်လို့ အရွေး မခံရရင် EOI က cancel ဖြစ်ပါတယ်၊ အစက ပြန်တင်ရမှာပါ။ IELTS ကော Assessment ပါ expire ဖြစ်သွားလို့ အကုန် ပြန်လုပ်ရပါမယ်။
Pool က နှစ်စဉ် August မှာ reset ဖြစ်ပါတယ်။ August မတိုင်ခင်လျှောက်ရင် August result မှာ ပါတတ်ပါတယ်။ 2016 ရဲ့ Pool result ကို ကြည့်ပါ။ https://www.border.gov.au/.../3-august-2016-round-results
Step 3 (PR Visa)
=============
EOI ကနေ အရွေး ခံရပြီဆိုရင် Visa Application လုပ်ဖို့ Invitation Letter ရပါမယ်။ အဲ့ဒါရတာနဲ့ Visa Application လုပ်လို့ ရပါပြီ။ EOI က ရွေးပြီဆိုရင် Visa က သေခြာပေါက် ရပါတယ်။ ဒါပေမယ့်၊ immigration က ကို တင်လိုက် တဲ့ စာရွက် စာတန်းတွေနဲ့ ပတ်သက်တာကို သေသေ ခြာခြာ စစ်ဆေးပါတယ်၊ အမှား ပါရင် process က တော် တော် ကို ကြာသွားမှာပါ။ ဒါကြောင့် အမှား လုံးဝ မပါဖို့ လိုပါတယ်။ အမှားဆိုတာ မှား တာ တစ်ခုထဲ မဟုတ်ပါဘူး၊ ဥပမာ၊ မှတ်ပုံတင် နဲ့ passport နာမည် ကွာနေတာ၊ မွေးစားရင်နဲ့ မှတ်ပုံတင် တစ်ခုခု လွဲတာ၊ မိသားစုဝင် နဲ့ ပတ်သက်တဲ့ အချက်တွေ မှားတာ၊ ဇဝေဇဝါ ဖြစ်စေတာ စသဖြင့်ပါ။ ဒီမှာ သိတဲ့ သူငယ်ချင်းတစ်ယောက် သူ့ အမျိုးသမီး နဲ့ ပတ်သက်တဲ့ အချက် အလက် တစ်ခု မလိုအပ်လို့ မဖော်ပြလိုက် မိလို့ အချက်အလက် ထိမ်ချန် တယ် ဆိုပြီး သူ့ အမျိုးသမီး ခုထိ visa မရပါဘူး 2 နှစ်ကျော်လောက်ရှိပါပြီ။
ဒီအဆင့်မှာ နောက်တစ်ခု အရေးကြီးတာက ဆေး စစ်တာပါ။ တီဗီ ရောဂါ၊ ကူးစက်ရောဂါ တွေ ရှိလို့ မရပါဘူး။ ဓါတ်မှန်ရိုက်တယ်၊ မျက်စိ စစ်တယ်၊ နား စစ်တယ်၊ ခလေးငယ်တွေ ပါရင် သွက်လက် ချက်ချာမှု တွေ ၊ အသိဉာဏ် ဖွ့ံဖြိုးမှု တွေ ရှိသင့်သလောက် ရှိမရှိ စစ်တယ်။ လွန်ခဲ့တဲ့ နှစ်က ဒီနိုင်ငံ မှာ ဆရာဝန် လုပ်နေတဲ့ ဆရာဝန် လင်မယား မိသားစု PR လျှောက်တာ သူ့ ခလေး တစ်ယောက် ဖွ့ံဖြိုးမှု နှေး နေလို့ တမိသားစုလုံး လေးပတ် အတွင်း Deport လုပ်ခံလိုက်ရတယ်။
နောက်ပြီးတော့ဒီအဆင့်က ငွေကုန် ကျေးကြ များပြီး နောက်ဆုံး အဆင့်လည်း ဖြစ်တယ်။ မိသားစုဝင် များတလောက် တစ်ဦးခြင်းစီအတွက် ငွေကေုန်ပါတယ်။ တစ်မိသားစုလုံး ကို $၆၀၀၀ ကနေ $၈၀၀၀ လောက် ကုန်ပါတယ်၊ လူဦးရေ ပိုများလေ ပိုကုန်လေပါပဲ။ ဒီအဆင့် ပြီးရင် ၁နှစ် အတွင်း Australia ကို အဝင် တစ်ခေါက် လုပ်ပေးရပါတယ်၊ အလည်ပဲဖြစ်ဖြစ် မနက်ဝင် ညနေ ပြန်ထွက် ဖြစ်ဖြစ် လုပ်ရပါတယ်။ ဝင်လိုက် ပြီဆိုတာနဲ့ သင်ဟာ PR ဖြစ်သွားပါပြီ။
Step 4. (Optional)
==============
ဒီ အဆင့်ကတော့် PR လျှောက်တာနဲ့ မဆိုင်ပါဘူး။ နိုင်ငံတစ်နိုင်ငံကို သွားနေပြီ ဆိုရင် ဝင်ငွေရှိမှ နေဖို့ စားရိပ် ရှိမယ်။ ဒီတော့ အလုပ်လုပ်ဖို့ အလုပ်ရှာရပါတယ်။ အလုပ် ရှာ ဖို့ နှစ်နည်းပဲ ရှိပါတယ်။ အပြီး မပြောင်းခင် ရှာ ပြီးမှ သွားတာနဲ့၊ နိုင်ငံထဲသွားနေ ပြီးမှ ရှာတာနဲ့ ပဲ ရှိပါတယ်။
အပေါ်မှာ ပြောထားတဲ့ PR လျှောက်တဲ့ အဆင့်တွေထက် ပိုအခက်ခဲဆုံးက အလုပ် ရှာတာပါပဲ။ PRလျှောက်ရင်ဖြင့် ရမယ် မရဘူး သိနိုင်ပေမဲ့ အလုပ် ရှာတာက ဘာမှ မသိနိုင်ပါဘူး။ PR ကရပြီ အလုပ်က မရှိဆို ဘယ်လို နေမလဲ။ နိုင်ငံအပြင်ကနေ အလုပ်ရှာရတာ ခက်ခဲပါတယ်။ တော်တော်များများက ရှာမရတဲ့ နောက်ဆုံး နိုင်ငံထဲ ပြောင်းသွားပြီး ဆက်ရှာရပါတယ်။ အချို့က နှစ်နဲ့ချည် ရှာရပါတယ်။
ခံစားခွင့်များ
========
ခံစားခွင့် မလာခင် ပေးရတာ အရင် ပြောရပါမယ်။ အခွန် က ၃၀% ကနေ ၄၀% ၊ ဝင်ငွေပေါ် မူတည်ပြီး ပေးရပါတယ်။ Low Income သမားတွေကတော့ ပေးရတာ နည်းပါတယ်။ ဝင်ငွေ လစာ ပေးကထဲက အခွန် ငွေကဖြတ်ထားပြီး သားပါ။ အဲ့ဒီ အခွန်ထဲမှာ Medicare အတွက်ပါ ဖြတ်ယူထားပါတယ်။ ဒီမှာ ဖျားနာရင် ဆရာဝန် စီသွားရင် အခြားနိုင်ငံမှာလို ပိုက်ဆံ မပေးရပါဘူး (bulk billing) ပါ။ ဆောင်ထားတဲ့ အခွန်ငွေထဲမှာ အဲ့ဒီ အထွက် Medical Care ဆိုပြီးယူထား ပြီးသားပါ။ medical အခွန် ပေးရတာ များတယ်ထင်ရင် များများဖျားပေါ့ ပေးရတာတန်အောင် 😃 ။
တစ်နှစ်တစ်ခါ income tax ပေးထားတဲ့ထဲက family tax benefits ဆိုပြီး ကိုယ့် ပိုက်ဆံထဲက ကိုယ့်ကို ပြန်ပေးပါတယ် [လင်မယား နှစ်ယောက် လုပ်ခ ဝင် ပြီး ဝင်ငွေ နည်း မဟုတ် ရင် (တစ်လ လုုံး) မှ $10/$20 နဲက မပို နိုင်ပါဘူ။ လောလော ဆယ် ကျွန်တော် က$11 ကျပ်ပဲ ရတယ်]။ လူတချို့ ကတော် အများကြီး အစိုးရစီက ရတယ် ပြော ပါလိမ့်မယ်၊ သူတို့ တွေက ဝင်ငွေနည်း မိသားစု၊ ဒါမမဟုတ် ခိုလှုံ့ခွင့် နဲ့ လာတဲ့ သူတွေမို့လို့ ပါ။ income tax letter ထဲမှာ ကိုပေးလိုက်တဲ့ အခွန်ထဲက ဘယ်လောက်ကို refugee တွေ အတွက် လူသားချင်း စာနာ စားရိပ် အနေနဲ့ သုံးတယ်၊ ပညာရေးမှာ ဘယ်နှစ်ကျပ် သုံးတယ်၊ ဘယ်နေရာ ဘယ်လောက် သုံးတယ် ဆိုပြီး ကျပ်ပြားနဲ့ စားရင်းရှင်းတမ်း ကို ပို့ပေးပါတယ်။ အဲ့ဒါကို ကြည့်ပြီး ကိုပေးလိုက်ရတာကို ကျေနပ်မိပါတယ်။
ဒီမှာက ခလေးတွေ ကျောင်း မအပ် မနေရ ဥပဒေရှိပါတယ်။ ကျောင်းမထားရင် မိဘ ကို အစိုးရက တရားစွဲပါလိမ့်မယ်။ Primary မတက်ခင် တစ်နှစ်အလိုမှာ Pre-School တစ်နှစ် မထား မနေရ ထားရပါတယ်။ အဲ့လိုထားရင် မိသားစု ဝင်ငွေအနည်း အများပေါမူတည်ပြီး အစိုးရက ထောက်ပံ့ကျေးတွေ ပေးပါတယ်။ ခလေး Kinder ကျောင်းကြေးတွေ ကလည်း စျေးက မနည်းပါဘူး။ Low Income သမားတွေ အတွက်က မသိတာပေမဲ့ professional တွေအတွက်တော့ တောတောလေး ပေးရပါတယ်။ အစိုးရစီက ရတဲ့ child support ကလည်း ကိုပေးလိုက်တဲ့ tax ထဲက ပြန်ပေးတာ ဆိုတော့ ဘာမှ မထူး ပါဘူး။
Humanatarian / Refugee နဲ့ ရောက်နေကျတဲ့ သူတွေကတော့ ထောက်ပံ့ကျေးတွေ ကောင်းကောင်းရကြပါတယ်။ လစဉ် မိသားစု ခလေးဦးရေ လိုက် ထောက်ပံ့ကြေးရကြပါတယ်၊၊ နာမကျမ်း အလုပ်မလုပ်နိုင်တဲ့ ထောက်ပံ့ကျေး စသဖြင့် ရပြီး အချို့ဆို အလုပ်လုပ်စရာ မလိုအောင် ရပါတယ်။ ပညာတတ်တွေကတော့ မစဉ်းစားပါနဲ့ ကိုယ့်စားရိပ် ကို ရှာစားရပါလိမ့်မယ် ရပြန်ရင်လည်း ကိုပေးထားတဲ့ အခွန်ငွေထဲက ပြန်ပေးတာပါပဲ။
PR ပြီးနောက်
==========
PR ရပြီးလို့ Australia ကို ပြောင်းလာပြီးရင် Bank account ဖွင့်ရမယ်၊ Medicare Card Register လုပ်ရမယ် ပြီရင် Driving License ဖြေပြီး ကားတစ်စီး ဝယ်ရပါလိမ့်မယ်။ မဟုတ်ရင် ဘယ်ခရီးမှ မပေါက်ပါဘူး။ ဒီက လူတွေက ၂နာရီခရီးကိုတောင် တော်တော်နီးတယ်လို့ ပြောတတ်ကြတယ်။ အဲ့တော့ ကားမောင်းမှ ရပါမယ်၊ မဟုတ်ရင် bus မှတ်တိုင်နဲ့ ရထား မှတ်တိုင် မှာတင် နေ့ကုန်နေပါလိမ့်မယ်။ တစ်လကို လူတစ်ယောက် public transport စားရိပ်က အနည်းဆုံး $၁၅၀ လောက်ရှိပါတယ်။ Humanitarian နဲ့ ရောက်နေသူတွေ နဲ့ low income family တွေကတော့ consession card ရှိတော့ တော်တော် သက်သက်တာတာ ပဲ ကုန်ပါတယ်။ ဒါကတော့ ဒီရောက်မှ လုပ်ရမယ့် အလုပ်ပါ။ ဒီမှာက ဟိုနား ဒီနားလည်း တော် တော် ကို ဝေးပါတယ်။ ဒီက လူတွေကတော့ တော်တော် စိတ်ရှည်ကြပါတယ်။ ရထား လမ်းမှာ ပျက်ပြီး နာရီဝက်လောက် ရပ်သွားလည်း တုပ်တုပ်မျှ မလှုပ် အေးဆေးပါပဲ၊ Singapore မှာတုန်းက လို ဆူညံဆူညံ ရုပ်ရုပ်သဲသဲလည်း မရှိကြပါဘူး (Asian တွေ များနေရင်တော့ ထုံးစံ အတိုင်းဖြစ်ပါတယ်)။ ကိုယ်က စိတ်ရှုပ်တဲ့ပုံ ဖြစ်သွားရင်တောင် သူတို့က ထူးထူးစန်းစန်း ကိုယ့်ကို ပြန်ကြည့်ပါတယ် ဘာကိစ္စ စိတ်မရှည် ရလဲ ဆိုပြီးတော့။
Australia တစ်နိုင်ငံလုံး လည်လို့ မကုန်နိုင်အောင် သွားစရာတွေ အများကြီးပါ။ ကိုနေတဲ့ ပြည်နယ်မှာ တင် သွားစရာလည် စရာတွေ များလို့ သွား မကုန် ဖြစ်တတ်ပါတယ်။ အားလုံးက ဟိုး အဝေးကြီးမှာကြီး ရှိတတ်ပါတယ်။ ဒီမှာက Asia နိုင်ငံတွေလို ပလာဇာ သွားတာ shopping ထွက်တာတွေ၊ မြို့ထဲ လည်တာတွေ ထက် တောထဲ တောင်ထဲ မှာ Camp လုပ်တာတွေ၊ ငါးမျှားတာတွေ၊ ဆောင်းတွင်းမှာ နှင်းတောင်ပေါ် သွားတာတွေ ပိုလုပ်ကြပါတယ်။ အားလုံးက adventure လုပ်ကြလေ့ရှိပါတယ်။
ရာသီ ဥတု
========
Australia မှာ ရာသီဥတု လေးခုရှိပါတယ်။ Summer, Autumn, Winter, Spring ပါ။ Summer က တော်တော်ပူပါတယ်။ ၄၀ ၊ ၄၅ ဒီဂရီလောက်ထိပူတတ်ပါတယ်။ Winter ကတော့ တော်တော်ကို အေးပါတယ်။ Melbourne မှာ အချို့ရက်တွေ ၁ ဒီဂရီ ၂ဒီဂရီထိ အေးတတ်ပါတယ်။ ပူရင် အရမ်းပူပြီး အေးရင် အရမ်း အေးပါတယ်။ Sydney ကတော့ မျှသပါတယ်၊ အရမ်း မပူ မအေး ပါဘူး။ Australia က တိုက်ကြီး တစ်တိုက်လုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်နေတော့ ထူးခြားတဲ့ ရာသီဥတုတွေနဲ့ ထူးခြားတဲ့ ရေမြေ အနေအထား တွေနဲ့ ဆုံလင် လှပပါတယ်။ Asia မှာ တစ်ခါမှ မမြင်ဖူးတဲ့ အပင်တွေ ပန်းတွေ လည်း အိမ်တိုင်း ခြံတိုင်းလိုလိုမှာ မြင်ရတတ်ပါတယ်။ ရောက်ခါစလူတွေအတွက်တော့ အဲ့ဒါတွေမြင်ရတာ တော်တော်ကို ထူးစန်း နေတတ်ပါတယ်။
Canberra က အအေးဆုံး ပြည်နယ် ဖြစ်ပါတယ်၊ -2 ဒီဂရီလောက် အေးတတ်ပါတယ်။ ဒုတိယ အအေးဆုံး က Tasmania ဖြစ်ပြီး ၊ တတိယ ကတော့ Victoria (Melbourne) ဖြစ်ပါတယ်။ New South Wales (Sydney) ကတော့ အနွေးဆုံး ပြည်နယ် ထဲမှာ ပါပြီး အပူ အအေး မျှသပါတယ်။
Victoria လိုနေရာမျိုးကို စပြောင်းရင် Winters နဲ့လည်း ကြုံလိုက်ရင် ခိုက်ခိုက်တုန် အေးတဲ့ ဒဏ်ကို ခံရပါလိမ့်မယ်။ ကြာရင်တော့ အဲ့ဒီ အအေးဒဏ်ကို တော်တော် ခံနိုင်သွားပါတယ်။ Heater သုံးလို့ရပေမဲ့ အမြဲသုံးရင် အကျင့်ပါပြီး သွားလာရ အစဉ် မပြေ ဒုက္ခ ရောက်တတ်ပါတယ်။ ဒီကလူတွေကတော့ အများအားဖြင့် Heater မသုံးပဲ အဝတ်အစားနဲ့ပဲ အအေးဒဏ်ကို ခံနိုင်အောင် နေကြပါတယ်။ အိမ်တိုင်း က ဘေစဉ် တိုင်း၊ ရေချိုးခန်းတိုင်း မှာ ရေပူရေနွေး နှစ်ခု ရှိပါတယ်။ Winters မှာ အရမ်းအေး ရင် ရေအေး မကိုင်နိုင်ပါဘူး၊ လက်တစ်ခုလုံး ထုံကြင်လာတတ်ပါတယ်။ Winters မှာ အပြင်ထွက်ရင် သာမန် အနွေးထည်နဲ့ မလုံလောက်ပါဘူး၊ အအေးက အထဲထိ စိမ့်ဝင်လို့ Down Coat လို့ခေါ်တဲ့ ငှက်မွှေး ထည့်ပြီးလုပ်ထားတဲ့ အနွေးထည်မျိုးနဲ့ မှ ထွက်လို့ အဆင်ပြေပါတယ်။ တစ်ချို့ ရက်တွေဆို လက်အိပ် တွေပါစွပ်ထားမှ အပြင်ထွက်လို့ အဆင်ပြေပါတယ်။
အလုပ် အကိုင်
==========
သာမာန် အလုပ်တွေက တော့ ပေါပါတယ်။ ပညာတတ် တစ်ယောက် အနေနဲ့ professional အလုပ်တွေ ရှာမယ် ဆိုရင် တော့ ခက်ပါတယ်။ Australian လုပ်ငန်း အတွေ့ အကြုံ ရှိဖို့ ဆိုတဲ့ အတား အဆီးကလည်း လွယ် မယောင်နဲ့ ခက်ပါတယ်။ အင်တာဗျူးရဖို့ လည်း ခက်တလို၊ အင်တာဗျူး အောင်ဖို့လည်း ခက်ပါတယ်။ အချိန်တန်ရင်တော့ အားလုံး အဆင်ပြေသွား ကြတာပါပဲ။ Australia မှာ ဒုက္ခရောက်နေ တဲ့သူ ဆိုတာ ခတ်ရှားရှားပါ။
လုပ်ငန်းခွင်
========
အလုပ်ပြီးချိန် ရောက်တာနဲ့ အားလုံး ချက်ချင်း ထပြန်ပါတယ်။ Singapore မှာတုန်းကလို နာရီဝက်လောက် ထိုင်နေကြတာ ၊ မပြီးသေး တဲ့ အလုပ်တွေ ဆက်လုပ် နေတာ၊ အလုပ်ကြိုးစား ယောင် စောင် နေတာ မရှိပါဘူး။ နေ နေရင် လည်း ပြန်ဖို့ နဲ့ မပြီးတာကို နောက်နေ့ မှ အချိန်မီ ပြီး အောင် ဆက်လုပ်ဖို့ လာပြော ပါလိမ့်မယ်။ အဲ့လို နေနေ တာကိုက အပြစ် ဖြစ်စေပါတယ်၊ ပိုလုပ်နေလို့လည်း ဘယ်သူမှ အထင် မကြီးပါဘူး။ အချိန်ပို အရေးကြီးလို့ ဆက်လုပ် ခဲ့ရင်လည်း time in lieu မှတ်ထားပြီး ပြန်ယူ ရပါလိမ့်မယ်။ ၅ မိနစ် ၁၀ မိနစ်က အစ မှတ်ထား ပြီး ပြန်ယူလို့ ရပါတယ်။ တစ်ယောက်ကို တစ်ယောက်လည်း အား မနာ တတ်ပါဘူး။ ကိုယ့် လက်အောက်က လူကလည်း ကို့ကို မှားရင် မှားတယ် မကြိုက်ရင် မကြိုက်တာ ချက်ချင်းပြောပါတယ်။ လူကြီးမို့လို့ အားမနာ သလို အသက်ကြီးသူကလည်း သူ့ အပြစ် လုပ်မိရင် သူ့ လက်အောက်က ဖြစ်စေ သူ့ သားသမီး အရွယ်ဖြစ် စေ ရိုရို ကျိုးကျိုး ရို ကျိုးကျိုး ရို ကျိုးကျိုး ပန်ပါတယ်။ အစိုးဆုံးက ကိုယ်မှားလို့ကတော့ မျက်နှာမကြည့် ကိုယ့်လက်အောက် ကော ကိုယ့်နဲ့ အသက် အများကြီး ငယ်သူကပါ မှားတာကို ထောက်ပြ ပါလိမ့်မယ်။ Asia က လာတဲ့သူတွေ အဲ့ဒီ ဒဏ်တော့ ခံနိုင်ဖို့ လိုပါတယ်။ အရေး အကြီး ဆုုံးက NO ဆိုတဲ့ စကားကို ရဲရဲ ပြော တတ်ဖို့ လိုပါတယ်။ အလုပ်ပြုတ်မှာ ကြောက်လို့ NO မပြောရဲလို့ကတော့ ကိုယ့် အပြစ်နဲ့ ကိုယ်ပါပဲ၊ NO ပြောတတ်ဖို့ လေ့ကျင့် ပါလို့ ပြောတာ ခံရပါလိမ့်မယ်။ ဒီမှာက အလုပ်ရှင်ကို လည်း အပြစ် တင်ချင် မျက်နှာချင်းဆိုင် အပြစ်တင်လို့ ရပါတယ်။ ကျေးဇူးတင်ကြောင်း ပြန်ပြောပါလိမ့်မယ်။
အထက်ဖော်ပြပါတွေက အကြမ်းဖြင်း အားဖြင့် သိသင့်တာတွေ ရေးထားတာပါ။ Skill Migration လုပ်မည့်သူတွေ အနေနဲ့ အတွေ့ အကြုံတွေကို Skill Migration နဲ့လာရောက်ခဲ့သူတွေ စီကအဆင့် တိတိကျကျ ရမှာတာ ဇဝေဇဝါ ဖြစ် မနေပဲ ရှေ့ဆက် လုပ်နိုင်မှာပါ။ ကျွန်တော်တို့ တုန်းကလည်း ဒီလို အချက်အလက်တွေကို ခက်ခက်ခဲခဲ ရှာဖွေ ခဲ့ရလို့ သိလိုသူတွေ အတွက် ပြန် ရှယ် လုပ်ပေးခြင်းသာ ဖြစ်ပါတယ်။
PR ဖြစ်ပြီး Passport အသစ် ပြောင်းရင် ဘာလုပ် ရမလဲ
===============================
PR ဖြစ် ပြီး သွား ပြီးနောက် ပိုင်းမှာ မိမိရဲ့ မြန်မာ passport အ သက်တမ်း ကုန်လို့ အသစ် ပြောင်းပြီး ရင် ဒီ အတိုင်း နေလို့ မရပါ