A to Z Traveling

  • Home
  • A to Z Traveling

A to Z Traveling Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from A to Z Traveling, Travel Company, .

19/10/2021

ထီ့လောင်ယှူးရေတံခွန် ကရင်ပြည်နယ်

မင်းနဲ့အတူဓာတ်ဖမ်းဖို့ နတ်ဖွက်ထားတဲ့နေရာသစ်လေးပါ ရောက်ဖူးကြပီးလား😊😊
16/10/2021

မင်းနဲ့အတူဓာတ်ဖမ်းဖို့ နတ်ဖွက်ထားတဲ့နေရာသစ်လေးပါ ရောက်ဖူးကြပီးလား😊😊

နောင်ခလိုင်ရေဂူသူငယ်ချင်းတို့ရေ... ဒီတစ်ခါတော့ မြို့နဲ့လည်းနီး၊ ခရီးလည်းမဝေး၊ရှုခင်းလေးတွေလည်းလှ၊ အပမ်းလည်းပြေစေမယ့် နေရ...
15/10/2021

နောင်ခလိုင်ရေဂူ

သူငယ်ချင်းတို့ရေ...
ဒီတစ်ခါတော့ မြို့နဲ့လည်းနီး၊ ခရီးလည်းမဝေး၊
ရှုခင်းလေးတွေလည်းလှ၊ အပမ်းလည်းပြေစေမယ့်
နေရာလေးတစ်ခုကို သွားလည်ကြည့်ရအောင်နော်။

အဲ့ဒီနေရာလေးကတော့ ကျေးလက်ရနံသင်းပြီး
ဘားအံမြို့နဲ့အနီးဆုံး နေရာလေးလည်းဖြစ်တဲ့
နောင်ခလိုင်ရေပြာဂူပါ။

နောင်ခလိုင်ရေဂူဟာ
ဂူထဲကနေ တသွင်သွင်စီးဆင်းနေတဲ့ သဘာဝစမ်းရေထွက်လေးမှာ အေးမြကြည်လင်တဲ့ ရေကြည်
ရေသန့်တွေကို တဘက်ဆည်ရေကူးကန်လေးအဖြစ်
ပုံဖော်တည်ဆောက်ထားတာပါ။

အဲ့ဒီနေရာလေးကိုရောက်ရင် ရေထဲမဆင်းဘဲ
မနေနိုင်လောက်အောင်ပဲ ပြာစင်ကြည်လဲ့တဲ့
သဘာဝရေကူးကန်လေးက ဆွဲဆောင်နိုင်လွန်း
လှပါတယ်။

ကျောက်ဂူနံရံထက်က ကျောက်စက်ပန်းဆွဲကြီးတွေ
ပေါ်မှာ တွယ်ကပ်ပေါက်နေကြတဲ့ ကျောက်ကပ်ပန်း
အမျိုးမျိုးနဲ့ တောပန်းကလေးတွေကလည်း
သာယာတဲ့ကျေးလက်မြေရှုခင်း၊ ကြည်လင်စိမ်းလဲ့တဲ့ ရေအပြင်၊ ကွင်းပြင်ကျယ်ကြီးကိုဖြတ်ပြီး
စိမ်းစိမ်းစိုစို စပါးခင်းလေးတွေကြားက
ခပ်ညှင်းညှင်းလေးတိုက်ခတ်လာတဲ့
လေပြေနုအေးလေးတွေနဲ့အတူ ပနံရ
လှပလို့နေပါတယ်။

အခုလို ပတ်ဝန်းကျင်လှလှလေးနဲ့
ကျောက်စက်ရေထွက်လေးရှိတဲ့ နောင်ခလိုင်ရေပြာဂူမှာ
ရေစိမ်ကြည့်လိုက်တဲ့အခါမှာတော့
တစ်နေ့တာ ပင်ပမ်းနွမ်းနယ်မှုဟူသမျှကို
ကြက်ပျောက်ငှက်ပျောက် ဖြစ်လောက်အောင်
လွှင့်ပါးသွားစေပြီး ခဏလေးအတွင်းမှာပဲ
လန်းဆန်းတက်ကြွမှုနဲ့ အားအင်သစ်တွေက
အစားထိုး ဝင်ရောက်လို့လာစေပါတယ်။

နောင်ခလိုင်ရေဂူကို သွားရာလမ်းတလျှောက်မှာ
ရှုမငြီးတဲ့ဇွဲကပင်တောင်တန်းကြီးရဲ့
မြင်ကွင်းလှလှလေးတွေရယ်၊ ဘားအံကျေးလက်မြေရဲ့ သဘာဝရှုခင်းလေးတွေရယ်ကိုလည်း တမေ့တမော
ငေးမောခံစားနိုင်ပါသေးတယ်။

နောင်ခလိုင်ရေပြာဂူကို လည်လည်သွားချင်ရင်တော့
ဘားအံမြို့ကနေ နာရီဝက်သာသာသွားရတဲ့
ခရီးလေးပဲဖြစ်ပြီး ကြာအင်းလမ်းဆုံကနေ
ဇွဲကပင်တောင်ခြေကိုသွားတဲ့ မြို့အထွက်လမ်းမကြီးအတိုင်း ကမော့ကစင်ရွာလေးရောက်ရင် ညာဘက်က
ရွာအဝင်ကွန်ခရစ်လမ်းလေးကို တည့်တည့်သွားလို့
ရပါတယ်။

ဒါမှမဟုတ် ဘားအံ ပြည်ထောင်စုဘက်က
သွားမယ်ဆိုရင်တော့ သီရီစျေးရှေ့ကလမ်းမကြီးအတိုင်း ရဲသာရွာသစ်ကနေ နောင်ခလိုင်ရွာကိုသွားတဲ့
ကွန်ခရစ်လမ်းအတိုင်းလည်း ဝင်လာလို့ရပါတယ်။

မော်လမြိုင်ဘက်က လာမယ်ဆိုရင်တော့
ကျောက်ကလပ်ဘုရားကို ရောက်အောင်အရင်လာပြီး ဘုရားမုဒ်ဦးအကျော် ညာဘက်ခြမ်းက
မြေကြီးလမ်းလေးအတိုင်း တည့်တည့်သွားလိုက်ရင်
နောင်ခလိုင်ရေဂူကို ရောက်ပါတယ်။

ရပ်နီးရပ်ဝေးက မိတ်ဆွေသူငယ်ချင်းများအနေနဲ့
မလာချင်ရင် ခရီးဝေး၊ လာချင်ရင်အနီးလေးမို့
အခါသင့်လို့ အခွင့်သာတဲ့အခါ
တစ်ခေါက်တစ်ခါတော့ အရောက်လာကြည့်ဖို့
နွေးထွေးလှိုက်လှဲစွာ ဖိတ်ခေါ်လိုက်ပါတယ်နော်။

ညီသုတ (ဧည့်လမ်းညွှန်)
28 စက်တင်ဘာ 2021

ရောက်ဖူးကြပီးလား🌲🌳🌳🌲🌴ဘားအံမြို့မှာလည်ပတ်စရာနေရာသစ်လေးမြို့လေးရဲ့အနီးက တောအုပ်လေးလို့ခံစားရစေတဲ့🌲🌳🌲🌴ဘားမဲတောင် သဘာဝသစ်တော...
15/10/2021

ရောက်ဖူးကြပီးလား🌲🌳🌳🌲🌴
ဘားအံမြို့မှာလည်ပတ်စရာနေရာသစ်လေး
မြို့လေးရဲ့အနီးက တောအုပ်လေးလို့ခံစားရစေတဲ့
🌲🌳🌲🌴
ဘားမဲတောင် သဘာဝသစ်တောဥယျာဥ် လေး
အကြောင်းကို ပြန်လည်မျှဝေ ပေးပါရစေ

Credit ညီသုတ(ဧည့်လမ်းညွှန်)

ဘားမဲတောင် သဘာဝသစ်တောဥယျာဥ်
သူငယ်ချင်းတို့ရေ...
ဒီနေ့တော့ ဘားအံမြို့ အထက ၂ ကျောင်းအနီး
သံလွင်မြစ်တောရိပ်တောင်ရိပ်လေးတွေနဲ့နဲ့မလှမ်းမကမ်းမှာရှိတဲ့
အမြဲလိုလို အုပ်ဆိုင်းအေးမြနေတတ်တဲ့
ဘားမဲတောင်သဘာဝဥယျာဥ်ကို

ရောက်ဖြစ်ခဲ့ပါတယ်။ဘားအံမြို့ရဲ့ လည်ပတ်စရာနေရာသစ်တစ်ခု
လည်းဖြစ်တဲ့ ဘားမဲတောင် သဘာဝသစ်တော
ဥယျာဥ်ဟာ အရင်ကတည်းက သစ်တောဥယျာဥ်အဖြစ် သတ်မှတ်ထားတာမို့ လူတစ်ဖက်နှစ်ဖက်စာ
နှစ်ချို့သစ်ပင်ကြီးတွေနဲ့ နေပျောက်မထိုးနိုင်လောက်အောင် အရိပ်အာဝသ ကောင်းလွန်းလှပါတယ်။

အကွေ့အကောက်လေးတွေနဲ့ ခပ်ပြေပြေရှိတဲ့
တောင်တက်ကားလမ်းလေးရဲ့ လမ်းဘေး
တဖက်တချက်စီမှာတော့ လမ်းလျှောက်ရင်း
ခဏတာနားနေလို့ရအောင် အရိပ်ကောင်းကောင်း
နေရာတွေမှာ ခုံတန်းလေးတွေကို အစီအရီ
တွေ့ခဲ့ရပါတယ်။ နှစ်ချို့သစ်ပင်ကြီးတွေပေါ်မှာ
သစ်ပင်အမျိုးအစားတွေကို ရေးသားချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်လေးတွေကိုလည်း ဟိုမှဒီမှ တွေ့ခဲ့ရပါတယ်။

ကျွန်း၊ ပျဥ်းကတိုး၊ သစ်ပိတောက်၊ လက်ပံ၊ ကုက္ကိုစတဲ့ နှစ်ရှည်ပင်ကြီးမျိုးတွေကို တွေ့ခဲ့ရသလို
မြယာ၊ သစ်ဆေး၊ ဒီဒူးစတဲ့ အရိပ်ရပင်တချို့ကိုလည်း မြင်ခဲ့ရပါတယ်။ ဒိုးနွယ်လို သက်တမ်းရင့်
နှစ်ချို့နွယ်ပင်ကြီးတွေအပြင် သစ်ကပ်ပင်မျိုးစုံကိုလည်း တွေ့နိုင်ပါတယ်။ တောင်ထိပ်ရေကန်နားမှာတော့
ကဗျာဆန်ဆန်လှ​​တေဲ့ ပင်လယ်ကဗွီးပင်ကြီး
တစ်ပင်ကိုလည်း မြင်ခဲ့ရပါတယ်။

အဓိကတောင်တက်ကားလမ်းကြီးအပြင်
လူလျှောက်ကွန်ခရစ်လမ်းသွယ်လေးတွေရဲ့
ဘေးမှာတော့ ခဏတာအနားယူနိုင်တဲ့
ဘန်ဂလိုလေးတွေအပြင် သံလှေကားအဆင့်ဆင့်နဲ့
ကွပ်ပျစ်ကျယ်လုပ်ထားတဲ့ နားနေစရာတွေလည်း
ရှိပါတယ်။ လျှောက်လမ်းလေးတွေတလျှောက်မှာ
သံဇကာလေးတွေနဲ့ အဝိုင်းခုံးပုံ၊ လေးထောင့်ပုံအဖြစ် ကာရံအလှဆင်ထားတဲ့ နေရာလေးတွေကို
သုံးလေးနေရာမှာ တွေ့ခဲ့ရပါတယ်။

ဘားမဲတောင်သဘာဝဥယျာဥ်မှာ မိသားစုလိုက်
လာရောက်အပမ်းဖြေကြသူတွေအပြင် လည်ပတ်ရင်း အလှဓာတ်ပုံရိုက်ကြတဲ့သူတွေကိုလည်း တွေ့ခဲ့ရပါတယ်။

တောအုပ်အုပ်ဆီမှာ သဘာဝအတိုင်း သစ်ပင်မျိုးစုံပေါက်ရောက်နေကြတဲ့ ဘားမဲတောင်သစ်တော
ဥယျာဥ်ကို အလည်တစ်ခေါက် လာရောက်ချင်တယ်
ဆိုရင်တော့ ဘားအံမြို့က ကမ်းနားလမ်းအတိုင်း
အမှတ် (၄) ရပ်ကွက် ဇီးတောရပ်ကို အရင်ရောက်အောင်လာခဲ့ပါ။ ကမ်းနားလမ်းက ဇီးတောရပ်ကိုရောက်ရင်တော့ သံလွင်မြစ်ကမ်းနံဘေး
ဘားမဲတောင်ဘုန်းကြီးကျောင်း လမ်းအကွေ့လေးထဲကို ချိုးဝင်လိုက်ရင် ဘားမဲတောင်သစ်တော
ဥယျာဥ် အဝင်ဝမုဒ်ဦးကို ရောက်ရှိမှာပဲဖြစ်ပါတယ်။

နောက်တစ်လမ်းကတော့ ဘားအံ အမှတ် (၆)
ပြည်ထောင်စုရပ်က အင်ကုန်းလမ်းကုန်းအဆင်းအတိုင်း လာခဲ့ရင်လည်းရောက်ပါတယ်။

ဘားအံမြို့အဝင် ကမ်းနားလမ်းအတိုင်းလာမယ်
ဆိုရင်တော့ နိဗ္ဗိန္ဓဘုန်းကြီးကျောင်းရှေ့က
ကမ်းနားလမ်းနဲ့အင်ကုန်းလမ်းဆုံ မီးပွိုင့်ကနေ
အင်ကုန်းလမ်းထဲကို ချိုးဝင်လာခဲ့ရင်လည်း
ရောက်ပါတယ်။

သစ်တောသစ်ပင် ချစ်ခင်တဲ့သူတွေတိုင်း
သစ်ကြီးဝါးကြီးတွေရဲ့ စိမ်းလန်းအေးမြတဲ့
အရိပ်အာဝါသအောက်မှာ တခဏတာ
အနားယူ အပမ်းဖြေချင်တယ်ဆိုရင်တော့
ဘားမဲတောင် သဘာဝသစ်တောဥယျာဥ်ဆီ
အရောက်လှမ်းခဲ့ပါလို့ လှိုက်လှဲစွာနဲ့
ဖိတ်မန္တက ပြုလိုက်ပါရစေခင်ဗျာ။

ညီသုတ (ဧည့်လမ်းညွှန်)
၅ အောက်တိုဘာ ၂၀၂၁

12/10/2021

Bue Taung ရေတံခွန်

04/10/2021

ထားဝယ်ခရိုင် ရေဖြူမြု့နယ် ကလုံးထာရွှာတို့သွားတဲ့လမ်းဘေးမှရေတံခွန်ဖြစ်ပါတယ်....ကားလမ်းဘေး၂မိုင်လောက်တျောက်လျှောက် မိုးရာသီမြင်ခွင်းလေးပါ အရမ်းလှပါတယ်

04/10/2021

The most beautiful waterfalls in Myanmar.Let's go with friends😊😊😊

04/10/2021

Address


Website

Alerts

Be the first to know and let us send you an email when A to Z Traveling posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share