14/07/2021
ကျန်းမာရေး ၀န်ကြီးဌာနသည် ဘန်ကောက်ရှိဆောက်လုပ်ရေးလုပ်သားအနည်းစုတွင်အင်္ဂလန်နှင့်အိန္ဒိယတို့တွင်အစောပိုင်းတွေ့ရှိရသော Alpha နှင့် Delta ဗိုင်းရပ်စ်ပိုးအမျိုးအစားပေါင်းများစွာကိုကူးစက်ခံထားရသည်ဟု ပြောကြားခဲ့သည်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိလုပ်သား ၁,၇၃၇ ယောက်အနက် ၁,၃၃၇ ယောက်သည် Covid 19 ကူးစက်ခံရပြီး ၎င်းတို့အနက် ၂၃.၃% သည် Alpha အမျိုးအစားဖြင့်ကူးစက်ခံရပြီး ၇၃.၇% မှာ Delta နှင့်ဖြစ်ပြီး ၇ယောက်တွင် Alpha နှင့် Delta ဗီဇနှစ်မျိုးဆက် Covid ကို တွေ့ရှိခဲ့သည်။ ယခုအချိန် ၂ မျိုးစက် Covid ဖြစ်ပွားမှုများတွင် ပြင်းထန်သောလက္ခဏာများမပြသသော်လည်းဆေးဘက်ဆိုင်ရာသိပ္ပံဌာနမှဒေါက်တာ Supakit Sirilak က ဗီဇနှစ်မျိုးဆက် Covid များပိုမိုဖြစ်ပွားလာပြီး အန္တရာယ်ဖြစ်စေနိုင်သော
Hybrid ဗိုင်းရပ်စ်ပိုးကူးစက်ခြင်းအဆင့်သို့ ရောက်ရှိသွားမည်ကို စိုးရိမ်သည်ဟုပြောကြားခဲ့သည်။
ထို့အပြင်အစိုးရသည် Sinovac ကို ၂ ခါထိုးရမည်အစား Sinovac ပထမဆုံးအကြိမ်ထိုးပြီးသောအခါ AstraZeneca ဒုတိယအကြိမ် ကာကွယ်ဆေးအဖြစ်ထိုးရန်လူများကိုတိုက်တွန်းခဲ့သည်။ Sinovac ကို အပြည့်အဝ ၂ ကြိမ်ထိုးပြီး သော်လည်း ဆေးဘက်ဆိုင်ရာလုပ်သားတော်တော်များများသည် covid 19 ရောဂါကူးစက်ခံရသောကြောငိ့ ထိုဆုံးဖြတ်ချက်အား ချမှတ်ခဲ့ခြင်းဖြစ်သည်။
ကာကွယ်ဆေးအပြည့်အဝကာကွယ်ဆေးထိုးထားပြီးသော
လုပ်သားများအနေဖြင့် AstraZeneca ကာကွယ်ဆေးသို့မဟုတ် Pfizer / BioNTech ကဲ့သို့သော mRNA ကာကွယ်ဆေးကို တတိယမြောက်ထိုးထားခြင်းဖြင့် ကိုယ်ခံအား အာနိသင်တိုးမြှင့်မှုကိုရရှိလိမ့်မည်။ ဒုတိယကာကွယ်ဆေးထိုးပြီးနောက် ၃ ပတ်မှ ၄ ပတ်အပြီးတွင် တတိယအကြိမ် ကာကွယ်ဆေးကို ရနိုင်သည်။ ဤရည်ရွယ်ချက်သည်Delta virus အားကာကွယ်ရန် အတွက် ကိုယ်ခံအားမြှင့်တင်ကာ ရောဂါကိုကာကွယ်ရန်မြင့်မားသောကိုယ်ခံစွမ်းအားတည်ဆောက်ခြင်းဖြစ်သည်ဟုကျန်းမာရေးဝန်ကြီး Anutin Charnvirakul ကပြောကြားခဲ့သည်။
Sinovac နှင့် AstraZeneca ကိုရောနှောခြင်းနှင့် ပတ်သက်၍ တိကျသေချာသော လေ့လာမှုများနှင့် အဖြေများမရှိသေးသော်လည်း နိုင်ငံအတော်များများသည်ကိုယ်ခံအားစနစ်ကိုမြှင့်တင်ရန်ကာကွယ်ဆေးနှစ်မျိုး သုံး၍ ဖြေရှင်းနည်းကိုရှာဖွေနေကြသည်။ ထို့အပြင် filed hospital တွင် ကုတင်များ မရှိတော့သောကြောငိ့ Don Mueang နှင့် Suvarnabhumi လေဆိပ်များ၏အသုံးမပြုရသေးသောနေရများအား field hospital အဖြစ် အသုံးပြူရန် စီစဥ်ထားသည်။
According to the Health Ministry, few of the construction workers in Bangkok are infected with a variant of both covid viruses which is Alpha and Delta virus orignially found in England and India. Out of all 1,737 workers at the construction site, 1,327 tested positive. Among them, 23.3% were infected with the Alpha variant, 73.7% with Delta and 7 workers with the mixed infections. As of now, mixed infections cases show no serious symptoms, but Dr Supakit Sirilak, chief of the Department of Medical Sciences mentioned he’s afraid more cases of mixed infections might lead to more harmful and dangerous hybrid covid virus.
Moreover, instead of getting 2 shots of Sinovac, the government encouraged people to get the AstraZeneca vaccine after the first shot of Sinovac. The decision has been made after many medical workers are infected with the covid 19 despite being fully vaccinated with Sinovcac. Frontline workers that are fully vaccinated from the covid vaccine will also receive a third booster from a different vaccine either AstraZeneca vaccine, or an mRNA vaccine like Pfizer/BioNTech. They can receive those vaccines after 3 or 4 weeks of a second sinovac jab. This purpose is to improve protection against the Delta variant and build a high level of immunity against the disease, said the Health Minister Anutin Charnvirakul.
There aren't any studies specifically on mixing Sinovac and AstraZeneca but a lot of countries are looking for a solution by using two different vaccines to boost the immune system. Moreover, unused areas of Don Mueang and Suvarnabhumi airports will be also used as a field as well due to the lack of field hospital occupancy.
Pic Credit
Reference :
https://www.bangkokpost.com/thailand/general/2146415/airport-to-open-field-hospital
https://www.reuters.com/world/asia-pacific/thailand-starts-tighter-coronavirus-lockdown-around-capital-2021-07-12/
https://www.bangkokpost.com/thailand/general/2147519/seven-cases-of-mixed-infection-found