DAsia Travel&Tours

  • Home
  • DAsia Travel&Tours

DAsia Travel&Tours Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from DAsia Travel&Tours, Tour Agency, .

19/01/2023
ကဲ..ပထမ တသုတ်ကတော့အဆင်ပြေသွားပြီဗျာ.မလေးရှား🇲🇾 မှာအလုပ် လုပ်ချင်တဲ့သူများစားသောက်ဆိုင် လုပ်ငန်းအတွက် ကျား(100)မ(35)ယောက်...
08/09/2022

ကဲ..ပထမ တသုတ်ကတော့အဆင်ပြေသွားပြီဗျာ.မလေးရှား🇲🇾 မှာအလုပ် လုပ်ချင်တဲ့သူများစားသောက်ဆိုင် လုပ်ငန်းအတွက် ကျား(100)မ(35)ယောက်ထပ်မံလိုအပ်ပါသည်..သူဋ္ဌေးတိုက်ရိုက်ခေါ်ဆိုတာဖြစ်သောကြောင့် အမြန်ဆုံးပို့ဆောင်ပေးရမှာဖြစ်တဲ့အတွက်..အချိန်နောက်မကျစေပဲဆက်သွယ်ပေးကြပါ....အခြေခံလစာRM 1800/တနေ့လျှင် အချိန်ပို 2 နာရီ/12RM တပါတ်မှာတရက်နားပိုင်ခွင့်ရှိပါတယ်..
အလုပ်ချိန် တရက် 8 နာရီနေ/စား(ငြိမ်း)ပါ အိမ်ထောင်သည်များအခန်းငှားနေရပါမယ် ရေ/မီး သူဋ္ဌေးမှကျခံပေးပါတယ်..
ဆက်သွယ်ရန်....
☎09-422105166
Viber +60109252917
What acc-09-755301998

08/09/2022

နိုင်ငံခြားခရီးသွားတိုင်း မဖြစ်မနေလုပ်ရမယ့် အလေ့အကျင့်တစ်ခု❗️

ကိုယ့်နိုင်ငံထဲကထွက်ပြီး တစ်ဖက်နိုင်ငံ Immigration မှာ တုံးထုပြီးတာနဲ့ Passport ရဲ့ ပထမစာမျက်နှာရယ် နောက်ဆုံးတုံးထုပေးတဲ့ စာမျက်နှာကို ဓါတ်ပုံရိုက်ပါ၊ ဖုန်းလည်းပျောက်နိုင်တဲ့ ဖြစ်နိုင်ခြေရှိလို့ အဲ့ပုံတွေကို တစ်ယောက်ယောက်ဆီ Chat Box မှာ ပို့ထားလိုက်ပါ... ဘာလို့ရိုက်ခိုင်းလဲဆိုရင် Passport ပျောက်သွားရင် ဒီအရာ ၂ ခုက အရေးကြီးဆုံး လိုအပ်တာမို့ပါ...

အကြောင်းအမျိုးမျိုးကြောင့် Passport ပျောက်သွားပြီဆိုရင် အရင်ဆုံးလုပ်ရမှာက ရောက်နေတဲ့နိုင်ငံရဲ့ နီးစပ်ရာ ရဲစခန်းမှာ Report လုပ်ရပါမယ်၊ အဲ့တာက ကိုယ့်ပတ်စပို့နဲ့ တခြားအလွဲသုံးစား လုပ်လာနိုင်တာတွေကို ကာကွယ်ပြီးသားဖြစ်မှာပါ၊ ရဲစခန်းမှာ အခြေအနေ အစအဆုံးပြောပြပြီး ထောက်ခံစာယူပါ... ပြီးရင် အနီးဆုံး မြန်မာသံရုံးကိုသွားရပါမယ် ကိုယ့်ရဲ့ဓါတ်ပုံ၊ Passport ပထမစာမျက်နှာ၊ ဗီဇာတုံး၊ အပြန် Flight နဲ့ ရဲစခန်းထောက်ခံစာပေးပြီး Emergency Document ရဖို့ တောင်းဆိုပါ... သံရုံးက ထုတ်ပေးတဲ့စာမရှိရင် အပြန် လေယာဥ်စီးလို့မရတဲ့အတွက် ဒါက မဖြစ်မနေလုပ်ရမှာပါလို့... ဒါက Passport ပျောက်ပြီး ရက်ပိုင်းအတွင်း မြန်မာပြည်ပြန်ရမယ့် ခရီးသွားတွေအတွက်ပဲ ပြောတာပါ၊ တခြားနိုင်ငံမှာ နေနေတဲ့သူတွေကတော့ သံရုံးမှာ စာအုပ်အသစ်ပြန်လျှောက်လို့ ရပါတယ်...

အပေါ်မှာပြောတဲ့ အလေ့အကျင့်လေးကို သတိတရလုပ်ပါလို့ အရေးကြုံမှ နောင်တမရအောင်ပါ၊ အားလုံးပဲ စိတ်ချမ်းသာပြီး အဆင်ပြေတဲ့ ခရီးစဥ်တွေ ပိုင်ဆိုင်နိုင်ကြပါစေ...

08/09/2022

Transit လေယာဥ် စီးတဲ့အခါ ⚠️

ဟိုနေ့က လေယာဥ်ကွင်းမှာ မျက်စိမလည်ဖို့ အဝင်ကနေ အထွက်အထိ အဆင့်ဆင့် ဖြတ်ကျော်ပုံကို ပြောပြပြီးပြီဆိုတော့ ဒီတစ်ခါ အများတောင်းဆိုတဲ့အတိုင်း Transit Flight အကြောင်း ပြောပြပါမယ်၊ Transit Flight ဆိုတာ ကိုယ်သွားမယ့်နိုင်ငံကို တိုက်ရိုက်ရောက်တဲ့လေယာဥ် မရှိတဲ့အခါ ကြားခံ တစ်နေရာ ခရီးတစ်ထောက်နားပြီးမှ သွားရတာမျိုးကို ပြောတာပါ၊ သာမန်ခရီးစဥ်နဲ့ ဘာကွာလဲဆိုရင် စီးရမယ့်လက်မှတ် Boarding Pass ပိုသွားတာကလွဲလို့ ကျန်တာက အတူတူပါပဲ ဒါပေမယ့် အရေးကြီး သတိထားစရာလေးတွေတော့ ရှိနေပါသေးတယ် အခြေခံကစပြီး တစ်ခုချင်း ဖတ်ပေးပါခင်ဗျာ...။

၁။ Checked Through ဆိုတာ ဘာလဲ?

ကိုယ်စီးမယ့် ခရီးစဥ်နှစ်ကြောင်းလုံးက Airline တူတယ် (or) Airline မတူပေမယ့် သူတို့ အချင်းချင်း အချိတ်အဆက် Codeshare ရှိတယ်ဆို Checked Through ရပါတယ်။ ဘယ်လိုလဲဆိုတော့ ရန်ကုန်ကနေ ဘန်ကောက် Transit နဲ့ ဆိုလ်းကိုသွားမယ်ဆိုပါတော့ ခရီးစဥ်အစအဆုံးအတွက် Boarding Pass နှစ်စောင်ရပြီး ရန်ကုန်အထွက်မှာတင် အပ်လိုက်တဲ့ ကိုယ့်ရဲ့ အိတ်တွေက ဆိုးလ်အထိ တန်းရောက်အောင် ပို့ပေးတာမျိုးပါ၊ ကြားခံ ဘန်ကောက်လေဆိပ်မှာ အိတ်တွေပြန်ထုတ်စရာမလိုဘဲ လူချည်း လေယာဥ် ပြောင်းစီးရုံပါပဲ... ပထမလေယာဥ်ပေါ်က ဆင်းပြီဆို Arrival ကိုမသွားဘဲ Transit, Transfer, Connecting စတဲ့ ဆိုင်းဘုတ်လေးတွေနောက် လိုက်သွားပြီး ဒုတိယ လေယာဥ်ထွက်မယ့် Gate ကို တန်းသွားလို့ ရပါတယ်၊ Checked Through လုပ်ထားတဲ့အတွက် အပြင်ထွက်စရာ မလိုပါဘူး...။

၂။ Self Transfer ဆိုရင် ဗီဇာမလိုတဲ့နိုင်ငံမှာ နားပါ

Transit သွားရတော့မယ်ဆို လက်မှတ်ဝယ်တဲ့အခါ အထူးသတိထားဖို့ လိုပါတယ်... ကိုယ်ဝယ်လိုက်တဲ့ လက်မှတ်က Airline လည်းမတူ Codeshare လည်းမဟုတ်ဘဲ Self Transfer ဆိုရင် သတိသာထားပါတော့...။ အဲ့တာက Transit လုပ်မယ့်လေဆိပ်မှာ ကိုယ်တိုင်အစဆုံး အိတ်တွေပြန်ရွေး၊ Immigration တွေဖြတ် Check-in ပြန်ဝင်တာတွေ လုပ်ရတော့မှာပါ၊ အဲ့အတွက် လေယာဥ်ချိန်ကိုလည်း အရမ်းကပ်နေတာဝယ်ရင် တိုင်ပတ်ပါလိမ့်မယ်။ ထိုင်းမှာ Transit လုပ်ရတာ Visa Free မို့ ကိစ္စမရှိပေမယ့် ကိုရီးယားလိုနိုင်ငံမှာ Transit လုပ်မယ်ဆိုပြီး မသိဘဲဝယ်ထားမိတယ် Single Ticket လည်း မဖြစ်နေဘူးဆို အဲ့လေယာဥ်လက်မှတ်ဆုံးပြီသာ မှတ်လိုက်ပါ၊ ပြီးတော့ ကိုယ်ဝယ်လိုက်တာ Airline မတူရင် သူတို့အတက်အဆင်းလုပ်တဲ့ Terminal ပါ မတူတတ်လို့ ဟိုရောက်မှ လေဆိပ်ပါ ပြောင်းစီးရမယ်ဆို သိပ်အဆင်မပြေပါဘူး

08/09/2022

မဂ်လာရှိသောနေ့လေးပိုင်ဆိုင်ကြပါစေ..

Address


Website

Alerts

Be the first to know and let us send you an email when DAsia Travel&Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share