M D Y Guide And Travel Blog

  • Home
  • M D Y Guide And Travel Blog

M D Y Guide And Travel Blog မန္တလေးနဲ့ပတ်သက်၍ ဘယ်အကြောင်းအရာများသိချင်ပါသလဲ

31/07/2020

ရန်ကုန်မှာ Bus ကားစီးမယ်ဆိုရင် 🚌🚎

မင်္ဂလာဈေးကို ရောက်တဲ့ နံပါတ်တွေ
၃၊ ၇၊ ၈၊ ၂၅၊ ၂၇၊ ၃၃

ယုဇနပလာဇာကို ရောက်တဲ့နံပါတ်တွေ
၃၊ ၉၊ ၂၀၊ ၂၅၊ ၂၇၊ ၃၃

အောင်မင်္ဂလာအဝေးပြေးဝင်း ကိုရောက်တဲ့နံပါတ်တွေ
၂၊ ၁၇၊ ၁၈

ပါရမီလမ်းကိုရောက်တဲ့နံပါတ်တွေ
၁၀၊ ၁၂၊ ၁၈၊ ၃၂

ပါရမီကိုရောက်တဲ့နံပါတ်
၃၀

နတ်မောက်လမ်းကို ရောက်တဲ့နံပါတ်


မြေနီကုန်းကိုရောက်တဲ့နံပါတ်တွေ
၁၁၊ ၂၀၊ ၂၁၊ ၃၅၊ ၃၇၊ ၃၉

လှည်းတန်းကိုရောက်တဲ့နံပါတ်တွေ
၂၁၊ ၃၅၊ ၃၇၊ ၃၉

ယာဉ်လိုင်း အမှတ် ၁ မှ ၆၀ အောက်ပါခရီးစဉ်လမ်းကြောင်းများပေါ်ရောက်ရှိနိုင်သော ယာဉ်လိုင်း အမှတ်များဖြစ်ပါတယ်။ ယာဉ်အမှတ် ဆုံပွိုင့်များဟာ ယာဉ်လိုင်းအမှတ်တစ်ခုမှအခြားတစ်ခုသို့ပြောင်းစီးနိုင်မယ့် transit point များဖြစ်ပါတယ်။

လှည်းကူးဈေးရှေ့ 1,45
တာဆုံ 1,43,44
ဒရယ်ဖို 1
ပေါက်ကုန်း 1
ရဲမွန် 1
စီအိုတီ 1
ဇရပ်ကွင်း(တာဆုံ) 1
အင်းတိုင် 1
တရုတ်ကုန်း 1
သနပ်ပင် 1,51
သင်္ဃန်းကျွန်း 1
ရွာသာကြီး(စီးပွားရေးတက္ကသိုလ်) 1,46
တောင်မြောက်လမ်းဆုံ 1,2,3,6,7,24,25,46,60
စံပြဈေး 1,1,3,6,7,24
ဇဝန 1,7,10,18,24,32
သုမင်္ဂလာ 1
ရတနာလမ်း(သင်္ဃန်းကျွန်း) 1,14,26,27,42,60
မြင်သာ(ကညန) 1
ယုဇန(ခိုင်ရွှေဝါလမ်း) 2
ပြည်ထောင်စုလမ်း 2,7,15,24,25,26,27,29,30
လှော်ကားလမ်း 2,6,7,42,43,44
မောင်းမကန်လမ်း 2,3,6
အမှတ်(၂)လမ်း 2,46,60
ဗိုလ်မှူးဗထူးလမ်း 2
မြောက်ဥက္ကလာပအဝိုင်း 2,10,15,16,19,28,32,36
ခေမာသီလမ်း 2,15
ဆေးတက္ကသိုလ်(၂) 2
မြောက်ဥက္ကလာပဆေးရုံ 2
သုဓမ္မာလမ်း 2,8,10,15,18,19,36,42
၆ကွေ့ 2,16,17,18,19
အောင်မင်္ဂလာအဝေးပြေးကွင်း 2
ယုဇနဥယျာဉ်မြို့တော် 3,4
ပဲခူးမြစ်လမ်း 3,4,5
ဧရာဝဏ်လမ်း 3,4,8,9,32
စည်ပင်လမ်း 3,6
လေးထောင့်ကန်လမ်း 3,18,24,32
အရှေ့မြင်းပြိုင်ကွင်းလမ်း 3,18,26,27
တာမွေအဝိုင်း 3,12,14,20,26,27,29,59
ဗညားဒလလမ်း 3,20,27,33
ယုဇနပလာဇာ 3,9,20,25,27,33
မင်္ဂလာဈေး 3,7,8,25,27,33
ကျိုက္ကဆံလမ်း 3,9,18,25,27,33
ကွေ့မ 4
ရတနာလမ်း(ဒဂုံဆိပ်ကမ်း) 4,5
တိုင်းရင်းသားကျေးရွာ 4,5
သံလျင်တံတားချဉ်းကပ်လမ်း 4,42
သာကေတအဝိုင်း 4,32,33,42
ကျောက်တိုင် 4,5,9,9,10,32,33
မင်းနန္ဒာလမ်း 4,5,8,9,10,33
မဟာဗန္ဓုလတံတား 4,31,34
အနော်ရထာလမ်း 4,5,7,31,54,58
ဆူးလေ 4,7,12,29,36
ရိုးမရိပ်သာ 5
၈၉လမ်းဆုံ 5
ယုဇနဥယျာဉ် 5
ကျွန်းရွှေဝါလမ်း 5
ရွှေလီလမ်း 5
သာကေတ(အဝိုင်း) 5,8,34
စက်ဆန်းတံတား 5
ညောင်တန်း 5
ဗိုလ်တစ်ထောင်ဘုရားလမ်း 5,24,26,31,34,56,58
ဗိုလ်ချုပ်အောင်ဆန်းလမ်း 5,56
အောင်မြင့်မိုရ် 6
သံသုမာလမ်း 6,9,14,18,24,25,26,27,29,32,38,42,60
ဘေလီ 6,12,14,18,26,27,29,30,32
ချော်တွင်းကုန်း 6,10
နဝဒေး 6,10,15,16,19,28,36
၈မိုင်လမ်းဆုံ 6,15,16,19,30,35,37
ကျိုက်ဝိုင်းဘုရားလမ်း 6
မင်းဓမ္မလမ်း 6
စော်ဘွားကြီးကုန်း 6,11,37,41
ပြည်လမ်း 6,35,37,41,43
၁၀မိုင်ကုန်း 6,37
၉မိုင် 6
တောင်ဒဂုံ(၇၀/၇၂)ရပ်ကွက် 7
ရတနာပုံလမ်း 7
ကျန်စစ်သားလမ်း 7,29,30,53,54
ဘုန်းကြီးကျောင်းကွေ့ 7
ကုန်တိုက် 7
စက်မှှုဇုံ 7
တာမွေ(ဗလီ) 7,25
သိမ်ဖြူ 7,20,20
မဟာဗန္ဓုလလမ်း 7,21,34,35,37,39,42,57
အင်းဝ အိမ်ရာ 8
၇ဈေးလမ်း 8
မြင်တော်သာလမ်း 8,34
ယမုံနာလမ်း 8,31
သာကေတတံတား 8,9
နတ်မောက်လမ်း 8
ဦးထောင်ဘိုလမ်း 8,11
ရွှေတိဂုံဘုရားလမ်း 8,11
ဇီဝကလမ်း 8,11
တိုင်းရင်းသား နည်းပညာတက္ကသိုလ် 9
ဒေါပုံ 9,33
ရွေဗဟို 9
သမိန်ဗရမ်းလမ်း 9,18,25,26,59
ကြက်ဘဲဈေး 9,18,24,25,26
သုဝဏ္ဏတံတား 9,10,24,32
တိုင်းရင်းသားကျေးရွာ 10
ရှုခင်းသာမြို့ပါတ်လမ်း 10,31,42
၅ကွေ့ 10
ဇင်ဂမလမ်း 10
အသင်းတိုက် 10,18,24
သုမင်္ဂလာလမ်း 10,32
ပါရမီလမ်း 10,12,18,32
ဗိုလ်မှုးဗထူးလမ်း 10,27,28
ဒဂုံတက္ကသိုလ် 10,27
ခရေရိပ်မွန်အိမ်ရာ 11
ခရေပင်လမ်းခွဲ 11,17,35,37,42,44
အင်းစိန်ပန်းခြံ 11,15,21,22,41
ဗဟိုလမ်း 11,22
ရွာမကျောင်းလမ်း 11,22
လှည်းတန်းခိုင်ရွှေဝါ 11,22
ဟံသာဝတီလမ်း 11
အထက်ကြည့်မြင့်တိုင်လမ်း 11,22,41
ဗားကရာလမ်း 11,20,59
မြေနီကုန်း 11,20,21,35,37,39
ဓမ္မစေတီလမ်း 11,59
လင့်လမ်း 11,20
အနောက်ရွှေဂုံတိုင်လမ်း 11
သွေးဆေးကန်လမ်း 11
ဦးဝိစာရလမ်း 11,27
(၅၀)ကွေ့ 12,15
၄၆လမ်းဆုံ 12
(၇/၈)လမ်းဆုံ 12,25
မဝတလမ်းဆုံ 12
နန္ဒဝန်ဈေး 12
သစ္စာလမ်း 12,29,38
မိုးကောင်းလမ်း 12,14,26,27,38
ကံဘဲ့လမ်း 12,29
ရန်ကင်းလမ်း 12,14,29,38
ဂွတ္တလစ်ဈေးကွေ့ 12
ရွှေဂုံတိုင်လမ်း 12,59
ရွှေဂုံတိုင် 12,20,29
ရန်ကုန်ဘူတာကြီး 12,28,29,36
ဒဂုံမြောက်(ဘုရင့်နောင်လမ်းဆုံ) 14
ဘုရင့်နောင်လမ်း 14,15,19,20,23,38,42
ပင်လုံလမ်း 14,26,29
ဦးချစ်မောင်လမ်း 14
ရန်ကင်းစင်တာ 14
ရန်ရှင်းလမ်း 14,38
စက်မှု(၁)လမ်း 14,38
ကမ္ဘာအေးဘုရားလမ်း 14,28,29,30,36,38
ကုက္ကိုင်း 14,38
တက္ကသိုလ်ရိပ်သာလမ်း 14,38
လှည်းတန်းလမ်း 14,30,38
ဆင်မလိုက် 14,19,20,23,38,40
ကြည့်မြင့်တိုင်ကမ်းနားလမ်း 14,59
သခင်မြပန်းခြံ 14,19,22,23,30,40,41,56,57
ရာဇာသင်္ကြန်လမ်း 15
ကြိုးတံတား 15
သမိုင်းလမ်းဆုံ 15,19,21,39
ဘုရင့်နောင်လမ်းဆုံ 15,19
ပေါက်တောဝ 15,22,40
ဘီအိုစီ 15,39
YTU 15,21,39
ရွှေပေါက်ကံ(တောင်ငူလမ်း) 16
ကျောက်လမ်း 16
ဘုရင့်နောင်တံတား 16,20,23
ပုသိမ်လမ်း 16,23,54
သမကုန်း 16,22
ဒဂုံဧရာအဝေးပြေးဝင်း 16
ရွှေပေါက်ကံ 17,19
(ဆင်ဖုံ) 17,19
အောင်မင်္ဂလာအဝေးပြေး 17,18
ဒညင်းကုန်းလမ်းဆုံ 17,40,42
ရွှေပြည်သာတံတား 17,21
ပေါက်တန်းအဝိုင်း 17
သမကုန်းအဝိုင်း 17,20,23
အနောက်ပိုင်းနည်းပညာတက္ကသိုလ် 17,23
ခရေရိပ်မွန် 18
အမှတ်(၃)လမ်းဆုံ 18,32,35,36,42
ဘုန်းကြီးလမ်း 18,32,35,37,39,42
ဝေဇယန္တာလမ်း 18,32
သီရိမင်္ဂလာဈေးသစ် 19,20,23,38,40
စံပြငါးဈေး 19,20,23,40
TBဆေးရုံ 20
ဒဂုံဧရာအဝေးပြေး 20
ဘီအိုစီအဝိုင်း 20,23
တာမွေလမ်း 20,27
မြရာကုန်းလမ်း 20
မြန်မာ့ဂုဏ်ရည်လမ်း 20
အနောက်ပိုင်းတက္ကသိုလ်(ထန်းတပင်) 21,22
ပေါက်ကုန်းအဝိုင်း 21,22
၁၄လမ်းဆုံ 21,40
ဒညင်းကုန်း 21,39,44
အောက်မင်္ဂလာဒုံလမ်း 21
ပြည်တော်သာ 21,40
မင်းကြီးလမ်း 21
လှည်းတန်း 21,35,37,39
စံပြ 21,37,39
ကမ်းနားလမ်း 21,23,24,26,34,35,37,39,40,56,57,58
မော်တင် 21,35,37,39
ရိုးကြီး/ရိုးလေး 22
မီးခွက်ဈေး 22,52
အောင်ဇေယျတံတား 22
အနောက်ကြို့ကုန်း 22
ဟံသာဝတီ 22
စလင်းကွင်း 22
ဗားကရာ 22
အနောက်ပိုင်းဆေးရုံ 22
အလုံလျှပ်စစ်ရုံး 22
ဂျမခန်နာ 22
(တူးချောင်း) 23
ကျန်စစ်သားလမ်း 24
တပင်ရွှေထီးလမ်း 24
အထက်ပုဇွန်တောင်လမ်း 24,26
ပုဇွန်တောင်ဈေး 24,26
မဟာဗန္ဓုလတံတားအောက် 24,26
ရာဇဓိရာဇ်လမ်း 24,26
ဒဂုံတက္ကသိုလ် 25,26,28,29,30
မင်းရဲကျော်စွာလမ်း 25,26,27,29,30
ငမိုးရိပ်တံတား 25
ရွှေဗဟိုရ် 25
အောင်ဇေယျလမ်း 26,60
စိတ်ကျန်းမာရေး 27
၁၃၃ရပ်ကွက် 27
ဗဟန်း(၃)လမ်း 28,36
ဆူးလေမြို့တော်ခန်းမ 28
ဂွတ္တလစ်ဈေး 29
ပါရမီ 30
ညောင်ပင် 30
ကြည့်မြင့်တိုင် 30
သန်လျင်(အရှေ့ပိုင်းတက္ကသိုလ်) 31
သန်လျင်ကျောက်တန်းလမ်း 31
သန်လျင်အမှတ်(၁)တံတား 31,32,33,34
ဗိုလ်တစ်ထောင်ဈေးလမ်း 31
ကုန်သည်လမ်း 31,56
ရေကြောင်းတက္ကသိုလ် 32
ဘုရားလမ်းဆုံ 32
သန်လျင်(မြို့မဈေး) 32
ဗိုလ်ချုပ်နေဝင်းလမ်း 32
ခရေရိပ်မွန်အိမ်ရာ 32
ကျောက်တန်း 33
ကျောက်တန်း(သန်လျင်လမ်း) 33
ခရမ်း 34
သုံးခြ 34
အရှေ့ပိုင်းတက္ကသိုလ် 34
သန်လျင်ကျောက်တန်း လမ်း 34
သိမ်ဖြူလမ်း 34
ထောက်ကြန့် 35,36,37,41
နွယ်ခွေ 35,36
အမှတ်(၃)လမ်းပုလဲမြို့သစ် 35
အမှတ်(၃)လမ်း 36
ပုလဲမြို့သစ် 36
ဘေလီ 38
တောင်ဥက္ကလာဘုရား 38
ရွှေပြည်သာ(လိန်ကုန်း) 39,40,42
အမှတ်(၄)လမ်း 39,43,44
ကွန်ပြူတာတက္ကသိုလ် 39
ပြည်တော်သာ(အောက်လမ်း) 39
ထန်းခြောက်ပင် 40,42
ပုလဲလမ်း 40
ဘုရင့်နောင်လမ်းမကြီး 40
ဘုရင့်နောင် 40
လမ်းသစ်လမ်း 41
လှည်တန်းလမ်း 41
၃ထောင်ကွေ့ 41
အောက်ကြည့်မြင့်တိုင်လမ်း 41,59
ရွှေပြည်သာကွေ့ 42
ကမာကြည်လမ်း 42
လိန်ကုန်း 43,44
မှော်ဘီဈေးရှေ့ 43
ထောက်ကြန့် 44,55
ရန်ကုန်ပဲခူးလမ်း 44
လှည်းကူးဈေးရှေ့ 44
ဖောင်ကြီးလမ်း 45
ဖောင်ကြီး 45
မင်းကုန်း 45
ဒါးပိန် 46
လှိုင်သာယာ ဘီအိုစီ 47,49
တွံတေးကြိုးတံတား 47,49
တွံတေးမြို့ 47
ဘုရားငုတ်တို 47,48,49,50
ကံဘဲ့ 47,49,50
တွံတေး 47,48
ဒလ 48,50
ကော့မှူး 49,50
ကွမ်းခြံကုန်း 49,50
ပဲခူး 51
ခရမ်း 51
ထန်းတစ်ပင် 52
ရန်ကုန်ပုသိမ်လမ်း 52
ရန်ကုန်ညောင်တုန်းလမ်း 52
ရွှေလင်ဗန်းလမ်းဆုံ 53
ညောင်တုန်းလမ်း 53,54
ဗိုလ်အောင်ကျော်လမ်း 53,54,54
ရွှေလင်ဗန်းလမ်းဆုံ 53
၈၆ဂိတ် 54
ရွှေရင်အေးလမ်း 54,54
အောက်ထိပ် 54
၈၆ဂိတ် 54
တိုက်ကြီး 55
ဥက္ကံ 55
မြောင်းတကာ 55
မှောဘီနည်းပညာတက္ကသိုလ် 55
မှော်ဘီ 55
သခင်မြပန်းခြံ 56,57
ဗိုလ်တစ်ထောင် 57
ဘုရားလမ်း 57
ဗိုလ်တစ်ထောင်ဘုရား(ကမ်းနားလမ်း) 58
ဗိုလ်တစ်ထောင်ဘုရား 58
သင်္ဃန်းကျွန်းစံပြဈေး 59
သံသုမာ 59
ကြက်ဘဲဈေး 59
အာသောကလမ်း 59
ရွှေဂုံတိုင်ဂုံးကျော်တံတား 59
ရွှေဂုံလမ်း 59
သခင်မြပန်းခြံလမ်း 59
နှင်းဆီကုန်းလမ်း 59
တောင်ဒဂုံ 60
သာကေတဧရာဝဏ် 60
ပြည်ထောင်စုလမ်းဆုံ 60
ပြည်ထောင်စုလမ်းမကြီး 60
သင်္ဃန်းကျွန်းစံပြဈေး 60
ကျောက်ကုန်း 60

credit-Khin Maung Ko

27/07/2020

Pageနဲ့မဆိုင်ပေမယ့် ဗဟုသုတရစေဖို့အလို့ငှာ တင်ပေးလိုက်ပါရစေ🙏🙏🙏

Crd by Original Post🙏

တိုက်တန်းနစ် သင်္ဘောကြီး မြုပ်တော့
အနီးအနားမှာ သင်္ဘော ၃စီး ရှိနေခဲ့ပါတယ်။

တစ်စီးကတော့ "ဆမ်ဆွန်" ဆိုတဲ့ သင်္ဘော ဖြစ်ပြီး တိုင်းတန်းနစ် နဲ့ ၇ မိုင်အကွာမှာပဲ ရှိနေခဲ့တာပါ။ အန္တရာယ်ကျရောက်နေကြာင်း အချက်ပြတဲ့ မီးကျည်တွေကို သူတို့ မြင်နေခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ ပင်လယ်ဖျံတွေကို တရားမဝင် ခိုးဖမ်းနေတဲ့ သင်္ဘော ဖြစ်နေတော့ အဖမ်းမခံချင်တာကြောင့် တိုက်တန်းနစ် နဲ့ ဆန့်ကျင်ဘက်ကို လှည့်ထွက်သွားခဲ့ပါတယ်။ ဒီသင်္ဘောဟာ တခြားသောသူတွေ အကူအညီ လိုအပ်နေချိန်မှာ အသိအမှတ် မပြုနိုင်ဘဲ နေစိမ့်တဲ့၊ ကိုယ့်အကုသိုလ်နဲ့ကိုယ် အလုပ်များနေတဲ့ လူတွေနဲ့ အလားတူပါပဲ။

နောက်တစ်စီးကတော့ "ကယ်လီဖော်နီးယန်း" ဆိုတဲ့သင်္ဘောပါ။ တိုက်တန်းနစ်ကနေ ၁၄ မိုင်အကွာမှာ ရှိနေတာပါ။ ကပ္ပတိန်က အပြင်ထွက်ကြည့်တဲ့အခါ အချက်ပြမီးကျည်တွေကို မြင်ပေမယ့်လည်း သင်္ဘောပတ်ပတ်လည်မှာ ရေခဲတောင်တွေနဲ့ ပိတ်နေတာမို့ အခြေအနေက အခွင့်မသာ၊ မှောင်ကလည်း မှောင်နေတာကြောင့် မနက်ကျမှ သွားတော့မယ်ဆုံးဖြတ်ပြီး အခန်း ပြန်အိပ်နေခဲ့ပါတယ်။ သင်္ဘောသားတွေလည်း 'ဘာမှ မဖြစ်နိုင်ပါဘူးလေ ဆိုပြီး ကြိုးစား စိတ်ဖြေနေရတာပေါ့။ အဲဒီသင်္ဘောကျတော့ 'အခုလောလောဆယ်တော့ ဘာမှ မလုပ်နိုင်ဘူး' လို့ ပြောတတ်တဲ့ လူတွေကို ကိုယ်စားပြုနေတာပေါ့။ အခြေအနေတွေက သိပ်ကောင်းသေးတာ မဟုတ်ဘူး။ အခြေအနေတွေ ပြည့်စုံကောင်းမွန်မှ ထွက်မယ်ဆိုပြီး စောင့်နေတဲ့ လူမျိုးတွေပေါ့။

နောက်ဆုံးသင်္ဘောကတော့ "ကာပါသီယာ" ပါ။ တကယ်တမ်းက ရေဒီယိုကနေ ဘေးအန္တရာယ်ကျရောက်လို့ ကယ်ဆယ်ဖို့ ပန်ကြားချက် ကြားရတဲ့ အချိန်မှာ အဲဒီသဘောင်္ာဟာ တိုင်တန်းနစ်ကနေ ၅၈ မိုင်အကွာအဝေးမှာ ရှိနေပြီး တောင်ဘက်ကို ဦးတည်ခုတ်မောင်းနေတာပါ။ သင်္ဘောကပ္ပတိန်ဟာ တိုင်းတန်းနစ်သင်္ဘောရှိရာဘက်ကို မျက်နှာမူ ဒူးထောက်ထိုင်ချလိုက်ပြီး ဘုရားသခင်ထံ ဆုတောင်းပါတယ်။ ပြီးတာနဲ့ သင်္ဘောကို တစ်ပတ်ပြန်လှည့်၊ ရေခဲတောထဲက ဖြတ်ပြီး စက်ကုန်ဖွင့် မောင်းခဲ့ပါတယ်။ အဲဒီသင်္ဘောကနေ တိုင်းတန်းနစ်သင်္ဘောက သေကံမရောက်သက်မပျောက် ကျန်ရစ်သူ ၇၀၅ ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။

နှိုင်းယှဉ်သုံးသပ်ချက်…တာဝန်မယူချင်လို့ အကြောင်းပြချက်ပေးတာတွေ၊အတားအဆီးတွေကတော့ အမြဲ ရှိနေတာပါပဲ။ဒါပေမယ့် အဲဒါတွေကို လက်ခံပြီး လုပ်စရာရှိတာ လုပ်သင့်တာ လုပ်တဲ့သူတွေကိုတော့ လူတွေရဲ့ ရင်ထဲမှာ အမြဲ အမှတ်ရနေကြမှာပါ။ဘဝမှာ ဆမ်ဆွန် နဲ့ ကယ်လီဖော်နီးယန်း တို့လို မဟုတ်ဘဲ ကာပါသီယာသင်္ဘောသားတွေလို ကျွန်တော်တို့အားလုံး ဖြစ်နိုင်ပါစေလို့ တကယ့်ကို ဆန္ဒပြုပါတယ်။အဲဒါဆို ဒီကမ္ဘာကြီးဟာ နေချင်စရာကောင်းပြီး ပိုမိုလှပတဲ့နေရာတစ်ခု ဖြစ်လာမှာပါ

: Dr.Shwe Tun

⏰မန္တလေးတာရိုးလို့သိကြတဲ့ မြေမြို့ရိုးကြီကျိုးခဲ့စဉ်က ⏰(ဈေးချိုမှာ လှေဆိုက်လို့ရတယ်၊ ဧရာဝတီမြစ်ထက် နိမ့်တဲ့ မန္တလေးအနောက...
27/07/2020

⏰မန္တလေးတာရိုးလို့သိကြတဲ့
မြေမြို့ရိုးကြီကျိုးခဲ့စဉ်က ⏰
(ဈေးချိုမှာ လှေဆိုက်လို့ရတယ်၊
ဧရာဝတီမြစ်ထက် နိမ့်တဲ့ မန္တလေးအနောက်ပြင်)

၁၈၅၉ မှာ မန္တလေးမြို့ကို မင်းတုန်းမင်းတည်ထောင်ချိန်က အနောက်ပြင်လို့ခေါ်တဲ့ ရပ်ကွက် အများအပြားဟာ ရွှံ့ညွန်ပေါတဲ့ အင်းအိုင်ချောင်းမြောင်းတွေနဲ့ ဖုံးလွှမ်းနေတဲ့ နေရာတွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ရွှေတချောင်းအနောက်ဘက်ကနေ ဧရာဝတီ မြစ်ဆိပ်ထိ ကြားက နေရာတွေ ဖွံ့ဖြိုးအောင် မင်းတုန်းမင်းက ပြင်မြို့ရိုးကြီးလို့ ခေါ်တဲ့ ရေကာတာကြီးကို ၁၈၇၆ မှာ တည်ဆောက်ခဲ့ပါတယ်။ တာရိုးအောက်ခြေမှာ ပေတရာရှိပြီး ထိပ် ပေ ခြောက်ဆယ်နဲ့ (၁၅) ပေမြင့်ပါတယ်။ အီတလီအင်ဂျင်နီယာက ညွှန်ကြားပြီး အလုပ်သမား ခြောက်သောင်းနဲ့ ရှစ်လဆောက်ခဲ့ရတာ ဖြစ်ပါတယ်။

တကယ်တော့ ဒီတာရိုးဟာ ရေဘေးထက် မြစ်ကြောင်းက တက်လာနိုင်တဲ့ ဗြိတိသျှ တပ်တွေကို ခုခံဖို့ ဖြစ်တယ်ဆိုပြီး ရွှေမြို့တော်ဝန်ဟောင်း ဦးပေစိက ပါတော်မူပြီး နောက်ပိုင်းမှာ ဗြိတိသျှအရာရှိတွေကို ပြောဆိုကြောင်း သိရပါတယ်။ ရေကာတာမှာ ခံတပ်တွေလိုပဲ အမြောက်သေနတ်ပစ်လို့ရတဲ့ အပေါက်တွေ ရှိတဲ့အပြင် မြစ်နဲ့ဝေးတဲ့ မြို့ရဲ့တခြား သုံးမျက်နှာကိုပါ မြေမြို့ရိုးကြီး ပြုလုပ် ကာရံခဲ့လို့ ဖြစ်ပါတယ်။

ဒီရေကာတာကြီးဟာ တည်ဆောက်ပြီး နောက်တနှစ်မှာပဲ မြေသားမသေလို့ အေလမ်းနဲ့ ဘီလမ်းလို့ ခေါ်တဲ့ (၃၅) လမ်းနဲ့ (၂၆) လမ်းကြား သင်္ဂဇာချောင်းစပ်မှာ ကျိုးပေါက် ခဲ့ဖူးကြောင်း သမိုင်းပညာရှင် ဒေါ်ကြန်က မြန်မာနိုင်ငံ အခြေအနေ ၁၈၈၅-၁၈၈၆ စာအုပ်မှာ ရေးသားခဲ့ပါတယ်။

တကယ်အကြီးအကျယ် ရေကြီးတာကတော့ ၁၈၈၆ ပါတော်မူပြီးနောက်တနှစ်မှာ ဖြစ်ပါတယ်။ ဧရာဝတီမြစ်မှာ အကြီးဆုံးရေကြီးမှုကို ပထမ အင်္ဂလိပ်မြန်မာစစ် ဖြစ်တဲ့ ၁၈၂၄ က ကြုံခဲ့ရပြီး ကုလားရေကြီးလို့ အမှတ်အသားပြုခဲ့ကြပါတယ်။ ခု ၁၈၈၆ ရေကြီးမှုဟာ အဲဒီ ကုလားရေကြီးစံချိန်ကို မီဖို့ တစ်ပေခွဲပဲ လိုခဲ့ပါတယ်။ ရေကာတာကျိုးချိန်မှာ မြစ်ရေဟာ (၁၅) ပေ မြင့်တဲ့ တာရိုးကို ကျော်သွားပြီး ဧရာဝတီမြစ်ဟာလည်း ငါးမိုင်လောက် ကျယ်သွားခဲ့ပါတယ်။

ဒီရေကြီးမှု ဖြစ်ရခြင်းနဲ့ ပတ်သက်ပြီး ပြောဆိုကြတဲ့ အကြောင်းတွေ ရှိပါတယ်။ ပါတော်မူပြီးစက ဗြိတိသျှကို တော်လှန်နေတဲ့ မျိုးချစ်အင်အားစုတွေက တာရိုးကို တမင်ချိုးပစ်တာလို့ ပြောကြသလို တာရိုးဟာ မြစ်နဲ့ အလျားလိုက် ရှိရမယ့်အစား ကျိုးတဲ့နေရာမှာ ဆည်ပေါင်ကန့်လန့်ခံသလို ဖြစ်နေလို့ ကျိုးတာလို့လည်း ရွှေဉာဏ်ဇော်ရဲ့ ရေကာတာရိုးကျိုးပေါက်ခြင်း စာတမ်းမှာ ပါရှိပါတယ်။

ဒီတာရိုးခိုင်မာရေးအတွက် ဗြိတိသျှအစိုးရက ၁၈၈၆ ဇွန်၊ဇူလိုင်လတွေကတည်းက အင်ဂျင်နီယာတွေ ချပြီး ပြုပြင်စေခဲ့သလို အင်ဂျင်နီယာချုပ်ကိုယ်တိုင် ဦးပေစိနဲ့ တာရိုး တစ်ခုလုံးကို လိုက်ကြည့်ခဲ့ပါတယ်။ လက်ထောက်အင်ဂျင်နီယာတွေကို တာရိုးတစ်လျှောက် တာဝန်တွေ ခွဲချထားသလို တစ်မိုင်ကို အစောင့်နှစ်ယောက်စီထားပြီး တာရိုးပေါ် တဲထိုးပြီး နေ့ညစောင့်ခိုင်းပါတယ်။ ငွေသုံးထောင်လောက် အကုန်ခံ ပြုပြင်ထားတဲ့ကြားက တာရိုးကျိုးခဲ့တာ ဖြစ်ပါတယ်။

သြဂုတ်လမှာ မြစ်ရေတက်လာပြီး အရင်ပေါက်ခဲ့ဖူးတဲ့ အေလမ်းနဲ့ ဘီလမ်းကြားအပြင် အမရပူရ ရေလွှဲပေါက်နားမှာ စိုးရိမ်စရာ ဖြစ်လာလို့ ပြင်ကြရပြန်ပါတယ်။ ဒီလိုနေရင်း ၁၈၈၆ ခုနှစ် သြဂုတ်လ (၁၆) ရက် ညနေ (၇) နာရီမှာတော့ တာရိုးကျိုးပြီး မန္တလေး အနောက်မြောက်စွန်း ညောင်ကွဲရပ်ကနေ မြို့ထဲထိ အနောက်ပြင်တဝှမ်း ရေဘေး သင့်ပါတယ်။ ရေသံကြားတာနဲ့ လူတွေ လှည်းတွေပေါ် ကလေးနဲ့ ပစ္စည်းတင်ပြီး အသက်လု ပြေးကြရကြောင်း ဒီဖြစ်ရပ်ကို ကိုယ်တွေ့ကြုံခဲ့တဲ့ ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ကြီးက ၁၉၇ဝ မှာ ပြန်လည်မိန့်ကြားပါတယ်။ စာရေးဆရာမကြီး ဒဂုန်ခင်ခင်လေးရဲ့ အဘိုး ဝက်မစွတ်ဝန်ထောက်ဟောင်း ဦးလတ်ကလည်း ဒီဖြစ်ရပ်ကို ည ၄ ချက်တီးကျော် (၇) နာရီအချိန် နောက်ပြင်မြေ မြို့ရိုးကြီး တစ်လျှောက် သရက်တပင်ရွာအနီးက ရေပေါက်သည် လို့မှတ်တမ်းပြုပါတယ်။

တာကျိုးတဲ့နေရာဟာ ပေ (၆ဝ) လောက် ကျိုးပေါက်သွားတာလို့ သမိုင်းမှတ်တမ်းတွေက ဆိုသလို ကိုက်သုံးရာလောက် ရှည်တယ်လို့လည်း ဗြိတိန်ထုတ် ညနေခင်းကြေးနန်း သတင်းစာက ရေးပါတယ်။ ရေဖောက်ထုတ်နိုင်ဖို့အတွက် မြို့တောင်ဘက်က တာရိုးကို အင်ဂျင်နီယာတွေ ချိုးပစ်ခဲ့ပေမဲ့ အခြေအနေက ကောင်းမလာခဲ့ပါဘူး။ မြို့ပေါ်က လူ ငါးသောင်း အိုးအိမ်မဲ့ပြီး လူနေအိမ်ခြေနဲ့ အစားအသောက်ဂိုဒေါင်တွေ ပျက်စီး ဆုံးရှုံးကုန်ပါတယ်။

ရေဘေးသင့်သေသူအရေအတွက်မှာလည်း အာဏာပိုင်တွေနဲ့ သတင်းစာတွေကြား ကွဲပြားမှုတွေ ရှိပါတယ်။ ဗြိတိသျှအစိုးရ၊ မြန်မာဗုဒ္ဓဘာသာသာသနာပိုင်နဲ့ ခရစ်ယာန် သာသနာပြုတွေအလိုအရ သေသူက (၁၃) ယောက်ကနေ (၂၅) ယောက်အတွင်းပဲ ရှိပြီး ပြည်တွင်းပြည်ပသတင်းစာတွေမှာတော့ တစ်ထောင်ကနေ နှစ်ထောင်ထိ သေတယ်လို့ ရေးကြပါတယ်။ ကမ်းပေါ်မှာ အလောင်းတွေ လာတင်တယ်လို့ ညနေခင်းကြေးနန်းက ရေးသလို ဂေါဝိန်တံခါးနဲ့ ရဟိုင်းဈေးတံတားတွေမှာ ဘုန်းကြီးအလောင်း၊ ကလေးနဲ့ အမျိုးသမီးအလောင်းတွေ ရာနဲ့ချီရေမှာမျောနေကြတယ် ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ ကြောင်း ဒေါ်ကြန်က ရေးပါတယ်။

တာကျိုးတဲ့ညက လူတွေအများကြီး တာရိုးပေါ် တက်နေကြပြီး မနက်မိုးလင်းတော့ သူတို့အတွက် ကယ်ဆယ်ရေးလှေတွေ အစိုးရက လွှတ်ပေးပေမဲ့ ကိုယ့်အစီအစဉ်နဲ့ ကိုယ် လှေငှားပြီး ရွှေ့ ကြတယ်လို့ ဆိုပါတယ်။ အနောက်ပြင်ရပ်ကွက်တွေထဲက ဆန်စပါး၊ ပြောင်း၊ပဲ ၊ ဆေးနဲ့ သစ်ဝါးစတဲ့ ကုန်စည်တွေ မျောပါဆုံးရှုံးပေမဲ့ ဈေးချိုထဲက ကုန်တွေကိုတော့ စစ်တပ်ချပြီး ရွှေ့ပေးတဲ့အတွက် အပျက်အစီးလွတ်တယ်လို့လည်း သိရပါတယ်။ မန္တလေးအရေးပိုင် ကာတာကိုယ်တိုင် ညလုံးပေါက် စောင့်ကြပ်ပြီး ရွှေ့တာ ဖြစ်ပါတယ်။

တစ်ခါ တာရိုးကျိုးတဲ့နေရာဟာ မြစ်ရေအနက်ဆုံးနဲ့ တာရိုးအနိမ့်ဆုံးနေရာလို့လည်း ရွှေဉာဏ်ဇော် က ရေးပါတယ်။ မြို့အနောက်မြောက်ထောင့် ရဲထွတ်တံခါးနဲ့ ညောင်ကွဲကြား မှာ မြောက်ကနေ တောင်ကိုစီးတဲ့ မြစ်တိမ်ချောင်းရိုးနေရာက တာကျိုးတာလို့လည်း သူက ဆိုပါတယ်။ အဲဒီ တာရိုးပေါက်ကို ကူးဖို့ တံတားထိုးထားတာကို တွေ့နိုင်တယ်လို့လည်း ရေးပါတယ်။ မြစ်ရေတိုးချိန်မှာ မြောက်ကနေ တောင်ကိုစီးတဲ့ ရေဖိအားကို မြောက်ဘက် မြေမြို့ရိုးက ကန့်လန့်ခံသလို ဖြစ်လို့ ကျိုးပေါက်တာလို့လည်း သိရပါတယ်။ ဗြိတိသျှအင်ဂျင်နီယာတွေနဲ့ မြန်မာအရာရှိတွေ သတိမမူမိတဲ့နေရာကနေ ကျိုးပေါက်တာ လို့လည်း ၁၈၈၇ ခုနှစ်ထုတ် စကော့ပထဝီဝင်မဂ္ဂဇင်းက ရေးပါတယ်။

🔸ဖောင်ကျောင်းနဲ့ ထီးဖြူရုံ ကယ်ဆယ်ရေး

ရေကြီးတဲ့ညက သန်းခေါင်ကျော်ချိန်မှာ ရေလှိုင်းပုတ်သံတွေ ကြားပြီး ရေတွေ တက်လာကြောင်း၊ ရေပန်းတိုက်က ကျောင်းလှေကားကြီးလည်း ပြုတ်ထွက် ပါသွားပြီး ရဟိုင်းသင်္ချိုင်းနားထိ မျောသွားကြောင်း ကိုယ်တွေ့ကြုံခဲ့တဲ့ စံကင်း ဆရာတော်ကြီးက သက်တော် တစ်ရာအရွယ်မှာ ပြန်လည်မိန့်ကြားခဲ့ပါတယ်။ ကျောင်းကြီး အထက်ထပ် ကြမ်းပြင်မှာ ကျိန်းစက်ရတဲ့ သံဃာတွေဟာ ကျောင်းပေါ်မှာ နေမဖြစ်တော့တဲ့အတွက် မျောလာတဲ့ တိုင်တွေကို စုပြီး ဖောင်ဖွဲ့နေကြရပြီး သူတို့အားလုံး အဲဒီဖောင်ကျောင်းပေါ်မှာ ဆယ်ရက်ကျော် သီတင်းသုံးခဲ့ရပါတယ်။

သီပေါမင်းနဲ့ စုဘုရားလတ်တို့ ပါတော်မမူမီ ဆောက်လုပ်လှူဒါန်းသွားတဲ့ မြတောင်ကျောင်းကြီးနားမှာ ရေဘေးပြေးလာသူတွေ စုရုံးနေကြပါတယ်။ သီပေါမင်း ရေစက်ချဖို့ ဆောက်ထားတဲ့ ထီးဖြူရုံစံနန်းတော်ကို အင်္ဂလိပ်အစိုးရက ဖျက်မပစ်သေးတဲ့ အတွက် အဲဒီထဲမှာလည်း လူတွေ ဝင်နေကြပါတယ်။

ကုန်းမြင့်ရာအရပ်မှာ လူတွေ စုနေကြရတာလို့ စံကင်းဆရာတော်ကြီးရဲ့ မိန့်ကြားချက်ကို လူထုဦးလှက ဟံသာဝတီသတင်းစာမှာ ပြန်လည်ရေးသားခဲ့ပါတယ်။ အနိမ့်ပိုင်းကျတဲ့ ဘုန်းကြီးကျောင်းတွေ အကုန်ရေမြုပ်ပြီး တချို့ကျောင်းတွေမှာတော့ အထက်ထပ်တွေမှာ သံဃာတွေ စုရုံးနေကြရတာ ဖြစ်ပါတယ်။

ရေကြီးချိန်က ဈေးချိုကို လှေနဲ့သွားရပြီး ဈေးထဲမှာ ရေက နှစ်တောင်သုံးတောင် နက်ပါတယ်။ မိုးကောင်းနဲ့ ခင်မကန်တိုက်တွေမှာတော့ ရေလေးတောင်လောက်ရှိတာပါ။ တာကျိုးလို့ အိမ်ခြေရှစ်ထောင်လောက် ရေနစ်ပြီး ကျပ်လေးသိန်းဖိုးလောက် ဆုံးရှုံးတယ်လို့လည်း ဒေါ်အုန်းကြည်ရဲ့ ဗြိတိသျှခေတ်ဦး မန္တလေးလူမှုရေး စာတမ်းမှာ ပါရှိပါတယ်။ သီရိဟေမာ၊ သီရိမာလာနဲ့ ပြည်ကြီးပျော်ဘွယ်စတဲ့ မန္တလေးဈေးချိုနားက ရပ်ကွက်တွေမှာ အိမ်ခြေ တစ်ထောင် ဝန်းကျင်စီလောက် ရေဘေးသင့်ခဲ့တာပါ။

🔸ကယ်ဆယ်ရေးနဲ့ လူပိလို့သေ

ရေဘေးသင့်သူတွေကို ကယ်ဆယ်ရေးအတွက် ဗြိတိသျှအာဏာပိုင်တွေက ကြိုးစားပါတယ်။ လူ တစ်ယောက် တစ်ရက်ကို ဆန်နို့ဆီဘူးလေးဘူးနဲ့ ပိုက်ဆံနှစ်ပြား (ပဲဝက်) ဝေတာပါ။ လာယူသူက ငါးထောင်ထိ ရှိလာပြီးနောက် သြဂုတ်လကုန် ရောက်တဲ့ အခါမှာတော့ ပိုက်ဆံမဝေဘဲ ဆန်ပဲပေးပါတော့တယ်။ ဒါတောင် မိသားစုထဲမှာ ခြောက်ပဲက ရှစ်ပဲထိ ဝင်ငွေရှိတဲ့သူရှိလို့ ဆိုပြီး ဝေတာ မရသူတွေလည်း ရှိပါတယ်။

စက်တင်ဘာလ (၂၂) ရက်မနက် ဆန်ဝေဖို့ အနြ္ဒိနှောဝင်းမှာ ရုံးတံခါးကို ဖွင့်တဲ့အခါ လူငါးထောင်ကျော် စုတိုးကြတဲ့အတွက် လူနင်းမိပြီး (၁၆) ယောက်သေဆုံးပါတယ်။ အပြင်မှာ လူတွေ စနစ်တကျ တန်းစီနိုင်အောင် စီစဉ်မထားတဲ့အပြင် မိုးရွာလို့ ချော်လဲရာကနေ လူတက်နင်းမိတာလို့လည်း ဆိုပါတယ်။ သေသူတွေအတွက် တစ်ဦးကို ငွေတရာစီ ပေးပါတယ်။

ဒီကြေကွဲဖွယ်ဖြစ်ရပ်မှာ ထပ်ဆောင်းပြီး စိတ်မကောင်းစရာကတော့ သေသူ ယောက်ျား သုံးဦးနဲ့ မိန်းမ ၁၃ ဦးမှာ ကလေးငယ် ရှစ်ယောက် ပါတာ ဖြစ်ပါတယ်။ အသက် (၇) နှစ်ကနေ (၆ဝ) အထိ ရှိတဲ့ သေဆုံးသူတွေရဲ့ အမည်တွေကတော့ မိအောင်၊ မိရွှေဥ၊ ဦးပြား၊ မိကြေးမုံ၊ ငဘိုးခင် ၊ မိရွှေချိတ် စတဲ့သူတွေ ဖြစ်ကြပါတယ်။ ဒီဖြစ်ရပ်ကို သိမီခဲ့တဲ့ ဝက်မစွတ်ဝန်ထောက်ဟောင်း ဦးလတ်ကလည်း သူ့ရဲ့နေ့စဉ်မှတ်သားချက်မှာ ခုလို ဖော်ပြခဲ့ ပါတယ်။

"၂၂ စက်တင်ပါ ၁၈၈၆ … ၎င်းနေ့နံက် အနြ္ဒိနှောဝင်းတွင် နေ့စဉ်ဝေမြဲဆန်ဝေရာ ဝင်းအတွင်းသို့ မဝင်မီ ဝင်ပေါက်တွင် လူ ၅ဝဝဝ ကျော်ခန့် ဆို့ပိတ် ဝင်းတံခါးကိုဖွင့်၍ သူထက်ငါ ဝင်ကြ၍ မိန်းမ ယောက်ျား ကြီးငယ်လူ ၁၆ သေသည်။ …"

ဒီဆန်ဝေတာကို အိန္ဒိယပို့ခံရတဲ့ သီပေါဘုရင်ဟောင်းက ဝေတာဆိုပြီး ကောလာဟလတွေ ထွက်ခဲ့တယ်လို့လည်း အဲဒီအချိန်က ဗြိတိသျှတပ်တွေအတွက် ဘုန်းတော်ကြီး ကိုးလ်ဘတ်က မှတ်တမ်းတင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ လူတွေကို အကူအညီအစား ကယ်ဆယ်ရေးလက်မှတ် ထုတ်ပေးတဲ့စနစ်ပြောင်းလဲကျင့်သုံးခဲ့တယ်လို့လည်း ဆိုပါတယ်။

မြန်မာနှစ် ၁၂၄၈၊ ဝါခေါင်လဆုတ် (၂) ရက်က တာကျိုးတာဟာ တန်ဆောင်မုန်း လပြည့်ကျော်မှ ရေပြန်ကျ သွားတယ်လို့လည်း စံကင်းဆရာတော်က မှတ်သားခဲ့ပါတယ်။ ၁၈၈၆ ရေကြီးချိန်က မွေးခဲ့တဲ့ ကလေးတွေကို ရေမိ၊ ရေကြီး၊ ရေကျစတဲ့နာမည်တွေ မှည့်ခေါ်တတ်တယ်လို့ သိရပါတယ်။

🔸တာရိုးသစ်နဲ့ အခွန်ကောက်

ကျိုးသွားတဲ့တာရိုးကို ပြန်ပြင်ရေးနဲ့ ပတ်သက်ပြီး ဗြိတိသျှအာဏာပိုင်တွေကြား အပြင်းအထန် သဘောကွဲခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ ငွေနှစ်သိန်းခွဲ အကုန်ခံပြီး ပြန်ပြင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဘုရင်ဆောက်ခဲ့တဲ့ မူလမြေတာရိုးကြီးအပြင် ကျွဲစွန်းကနေ ညောင်ကွဲအထိ တာရိုးသစ် ထပ်ဖို့ဖို့ ဆုံးဖြတ် ခဲ့ပါတယ်။

နောက်အစဉ်အလာအားဖြင့် ဘုရင့်မြို့တော်မှာ နေတဲ့ မင်းမှုထမ်းနဲ့ အသည်တွေဟာ အခွန်အတုပ်ကင်းလွတ်ခွင့်ရခဲ့ပေမဲ့ ဒီတာရိုးစရိတ်ကို ကျခံသင့်တယ်ဆိုပြီး ဗြိတိသျှ အစိုးရက မန္တလေးကလူတွေကို အခွန်ကောက်တာတွေ စတင်ခဲ့ပါတယ်။ ဒီအခွန်ထဲက တစ်နှစ် နှစ်သောင်းစီနဲ့ ရေကာတာပြင်စရိတ်ကို (၁၅) နှစ် အတိုးမဲ့ ဆပ်ခဲ့ရတာ ဖြစ်ပါတယ်။

ပါတော်မူပြီးစက ရေဘေးမျိုး ထပ်မဖြစ်တော့ပေမဲ့ မန္တလေးမှာ ရေဘေးစိုးရိမ်မှုတွေက ကျန်နေခဲ့ပါတယ်။ ၁၉၂၇ ခုနှစ်က အောက်တိုဘာလတစ်ညမှာ တာကျိုးပြီ တာကျိုးပြီဆိုပြီး လူတွေအော်လို့ အနောက်ပိုင်း ရပ်ကွက်တွေမှာ ပြေးကြလွှားကြတာတွေ ဖြစ်ခဲ့တယ် လို့လည်း စံကင်းဆရာတော်က မိန့်ကြားခဲ့ပါတယ်။

အနှစ် ၁၅ဝ ပြည့်ခါနီးချိန်မှာတော့ ကျွဲစွန်းကနေ မရမ်းခြံ၊ ပိုက်ကျုံး၊ ဂေါဝိန်၊ စိန်ပန်းထိ ဖောက်လုပ်ခဲ့တဲ့ ဘုရင့်တာရိုးကြီးဟာ အမရပူရဘက်က ကမ်းနားလမ်း ဖောက်ထားတဲ့ နေရာတွေနဲ့ ဆက်သွားပြီး တာရိုးသစ်တွေ ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

တကယ်က မန္တလေးမြေမြို့ရိုးကြီးကို မြို့တည်ကတည်းက ဆောက်လုပ်ခဲ့ပြီး သုံးကြိမ် ချဲ့ထွင်ခဲ့တယ် လို့လည်း ယင်းခဲမောင်မောင် စာတမ်းအလိုအရ သိရပါတယ်။ တခြားသုံးမျက်နှာမှာ မြို့ရိုး ထင်ထင်ရှားရှားမရှိတော့ပေမယ့် အနောက်ဘက်မှာတော့ တာရိုးကြီးအဖြစ် ကျန်ရှိနေဆဲ ဖြစ်ပါတယ်။ ပန်းဆက်၊ တာရိန်၊ ဂေါဝိန်၊ ပိုက်ကျုံး၊ ရေကြည်၊ ရဲတပ် စတဲ့ မြို့တံခါးနာမည်တွေလည်း ရပ်ကွက်နဲ့ ဆိပ်ကမ်းနာမည်တွေ အဖြစ် ခုထိ အထင်အရှား ကျန်ရစ်ခဲ့ပါတယ်။ ဘုရင်ခေတ် လက်ကျန် ရတနာပုံ သင်္ဘောကျင်းလည်း မန္တလေးမြစ်ဆိပ်မှာ ရှိဆဲ ဖြစ်ပါတယ်။
credit မူရင်းတင်သူ
သမိုင်းနဲ့ပက်သက်တဲ့ဗဟုသုတတွေဆက်လက်တင်ပေးအုံးမှာကြောင့်သဘောကျနှစ်သက်ခဲ့ရင်ကျွန်တော်ရဲ့pageကိုlikeလုပ်ပြီးအားပေးနိုင်ပါတယ်

BBC Burmese
Photo_GETTY IMAGE

Crd by Original post 🙏🙏🙏

26/01/2020

မန္တလေးအကြောင်း........
မန္တလေးမှာရှိသော....
တန်ခိုးကြီးဘုရားများ....
အံသြဖွယ်ကောင်းသော နေရာများ
ခရီးသွားများအတွက်...
HOTELS
RESTAURANTS
GUEST HOUSES
SHOPPINGS...
များအတွက် ဤPageတွင်...
ဝင်ရောက်လေ့လာနိုင်ပါသည်။

26/01/2020

မန္တလေးမြို့ကြီးလှပပါသည်...
ကျုံးမြို့ရိုးကြီးကာရန်လို့...
မန်းတောင်ရိပ်ခို...
တို့ပြည်သားများ....
တစ်ခါတစ်ခေါက် အရောက်လာဖို့
ဖတ်ခေါ်ပါရစေ.....

Address


Opening Hours

09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when M D Y Guide And Travel Blog posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Opening Hours
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share