BFF Travel - Outbound

  • Home
  • BFF Travel - Outbound

BFF Travel - Outbound Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from BFF Travel - Outbound, Travel Company, .

20/10/2020

Hello Bali

အားလပ်ရက်မှာ ခရီးသွားပါအားလပ်ရက်ရှည်တစ်ခု ရလိုက်ပြီဆိုရင် ခရီးသွားဖို့ စဉ်းစားစေချင်ပါတယ်။ ခရီးသွားခြင်းဟာ လူသားတွေအတွက်...
18/10/2020

အားလပ်ရက်မှာ ခရီးသွားပါ

အားလပ်ရက်ရှည်တစ်ခု ရလိုက်ပြီဆိုရင် ခရီးသွားဖို့ စဉ်းစားစေချင်ပါတယ်။ ခရီးသွားခြင်းဟာ လူသားတွေအတွက် ကောင်းတယ်ဆိုတာကို အတော်များများ သိကြပေမယ့်၊ လက်တွေ့လုပ်နိုင်ဖို့ ခက်ခဲနေတတ်ကြပါတယ်။ ဒါပေမယ့် ခရီး သွားခြင်းရဲ့ အကျိုးကျေးဇူးတွေက ခရီးသွားလို့ လူပင်ပန်းတာ၊ ငွေကြေးကုန်ကျတာတွေထက် အများကြီး အဖိုးတန်ပါ တယ်။ ဒီနေရာမှာ ခရီးသွားခြင်းကြောင့် ရလာမယ့် အကျိုးကျေးဇူးတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကျန်းမာရေးအတွက်ကောင်းတယ်
ခရီးသွားခြင်းဟာ လူကိုကျန်းမာစေပါတယ်။ နားထောင်လိုက်ရင် ထူးဆန်းနေသယောင်ထင်ရပေမယ့်၊ သုတေသနရလဒ် တွေက ပြောနေတဲ့အချက်တစ်ခုက ခရီးသွားခြင်းဟာ သင့်ကိုပိုပြီးရောဂါတွေကို ခံနိုင်ရေရှိစေပါတယ်တဲ့။ မတူညီတဲ့ဒေသ တွေကို မကြာခဏသွားခြင်းက သင့်ခန္ဓာကိုယ်ကို မတူညီတဲ့ ဘက်တီးရီးယားတွေနဲ့ ထိတွေ့မှု ရှိစေပါတယ်။ ဒီလိုထိတွေ့ ခြင်းက သင့်ခန္ဓာကိုယ်ထဲမှာ ရောဂါပိုးကို တိုက်ဖျက်တဲ့ antibodies တွေကို ဖြစ်ထွန်းလာစေပြီး၊ အနာရောဂါအမျိုးမျိုးကို ကြိုတင်ကာကွယ် တိုက်ဖျက်ပေးပါတယ်။ ဒါကြောင့် ခရီးတွေသွားရင် ဒေသထွက် အစားအစာတွေ စားပေးပါ။ အစောပိုင်း မှာ ဗိုက်နာတာ၊ ဝမ်းပျက်တာမျိုး အနည်းငယ်ရှိနိုင်ပေမယ့်၊ နည်းနည်းလောက်ကြာတဲ့အခါ ခန္ဓာကိုယ်က ခံနိုင်ရည်ရှိသွား ပြီး ရောဂါပိုးတွေကို ကာကွယ်တဲ့စနစ်တစ်ခု ရှိသွားပါလိမ့်မယ်။

(၂) မိသားစုကို ပိုချစ်တတ်လာမယ်
ခရီးသွားတဲ့အခါ မိသားစုနဲ့ သူငယ်ချင်းတွေကို ပိုချစ်ခင်တတ်လာပါတယ်။ တစ်ယောက်တည်းပဲသွားသွား၊ မိသားစု၊ သူ ငယ်ချင်းတွေနဲ့ပဲသွားသွား၊ သူတို့နဲ့ကိုယ့်အကြား ရင်းနှီးမှုက ပိုတိုးတက်လာစေပါတယ်။ တစ်ယောက်တည်းသွားတဲ့အခါ အိမ်ကိုသတိရတာ၊ ကိုယ်ချစ်တဲ့ခင်တဲ့သူတွေကို သတိရတာတွေ ဖြစ်လာတဲ့အခါ သူတို့အကြောင်းကို ပိုတွေးမိစေပြီး၊ သူ တို့နဲ့ သံယောဇဉ်ပိုဖြစ်လာစေပါတယ်။ မိသားစုနဲ့ မိတ်ဆွေတွေနဲ့ အတူတူသွားရတဲ့အခါကြတော့လည်း တစ်ယောက်နဲ့ တစ်ယောက် ပိုမိုနားလည်မှုရှိလာပြီး၊ ရင်းနှီးခင်မင်မှုက ပိုကောင်းလာပါတယ်။ ဒါကြောင့် ခရီးသွားခြင်းဟာ တစ်ဦးတည်း အထီးကျန်ဆန်မှုတွေကို ဖယ်ရှားပေးပြီး အပေါင်းအသင်းတွေနဲ့၊ မိသားစုနဲ့ ကိုယ်နဲ့အကြားမှာ ရင်းနှီးချစ်ခင်မှုကို တည် ဆောက်ပေးနိုင်စွမ်း ရှိပါတယ်။

(၃) အတွေးအမြင်သစ်တွေ ရှိလာစေတယ်
ခရီးတစ်ခုသွားလိုက်ရင်၊ သွားပြီးသားနေရာကိုပဲ ပြန်သွားသွား၊ နေရာသစ်တစ်ခုကိုပဲသွားသွား၊ ခရီးတစ်ခုသွားလိုက်ရင် အတွေးအမြင်သစ်တွေ ဝင်လာစေပါတယ်။ နေရာဟောင်းတစ်ခုကို ပြန်ရောက်သွားတဲ့အခါ ကိုယ်အရင်က သိထားမြင် ထားတာတွေက အချိန်နဲ့အမျှ ပြောင်းလဲသွားတာမို့၊ အိုင်ဒီယာအသစ်တွေ၊ အတွေးအမြင်သစ်တွေကို ဖန်တီးပေးလိုက်သ လို ဖြစ်သွားစေပါတယ်။ အရင်က နားလည်ထားတဲ့ နားလည်မှုတွေကို တိုးတက်လာတဲ့ ရင့်ကျက်မှုတွေနဲ့ တဖန်ပြန်လည် သုံးသပ်ခြင်းက ကိုယ့်ကိုပိုပြီး ထောင့်စုံတဲ့ရှုထောင့်တွေက ရှုမြင်တတ်ဖို့ အားပေးပါတယ်။ နေရာသစ်တစ်ခုကို ရောက်သွား ရင်တော့ ကိုယ်သိထား၊ နားလည်ထားတာတွေ အခြေအနေသစ်၊ ပတ်ဝန်းကျင်အသစ်နဲ့ ပြန်လည်သုံးသပ်စေနိုင်ဖို့ အခွင့်အ ရေးရလာမှာပါ။

(၄) ရုပ်ဝတ္ထုပစ္စည်းတွေအပေါ်မှာချည်းပဲ သာယာနေမှုလျော့သွားမယ်
ခရီးသွားလိုက်ရင် သဘာဝရဲ့အလှအပတွေ၊ လူတွေရဲ့ နွေးထွေးတဲ့ ဖိတ်ခေါ်ကြိုဆိုမှုတွေ၊ ရုပ်ဝတ္ထုတွေအများကြီး မရှိပေ မယ့် ဘဝကိုရိုးရှင်းစွာ ဖြတ်သန်းကျော်လွှားနေသူတွေ၊ ဒါတွေကိုမြင်ရတဲ့အခါမှာ မြို့ကြီးပြကြီးက လူအများစုလို မွန်းကျပ် မှုတွေ နည်းပါးတဲ့ဘဝရဲ့ ပျော်ရွှင်မှုတွေကို ခံစားမိလာပြီး ရုပ်ဝတ္ထုတွေကို မှီခိုနေရမှုအပေါ် သာယာနေမှုက လျော့ပါးသွား ပါတယ်။ တောတောင်ရေမြေသဘာဝကနေ ပေးနေတဲ့ သဘာဝအရင်းအမြစ်တွေအပေါ် မှီခိုလိုက်တဲ့အခါ လတ်ဆတ်တဲ့ လေ၊ ရေနဲ့ အစားအသောက်တွေက ပိုကောင်းမွန်တယ်ဆိုတာကို သိလာချိန်မှာ သဘာဝကို ပိုချစ်တတ်လာပြီး ရုပ်ဝတ္ထု တွေကိုပဲ မှီခိုနေရတဲ့ မြို့ပြဘဝကို သာယာနေတာတွေ လျော့နည်းသွားပါလိမ့်မယ်။ လူတွေနဲ့ ရင်းရင်းနှီးနှီး ပြန်နေရင်း ချစ် ခြင်းတရားကို ခံစားမိလာချိန်မှာ ရုပ်ဝတ္ထုတွေနဲ့ တိုင်းတာလို့ မရနိုင်တဲ့ ပကတိငြိမ်းချမ်းမှုရဲ့ အရသာကို ခရီးသွားရင်း ခံ စားမိနိုင်မှာပါ။

(၅) အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် ကောင်းတယ်
ခရီးသွားနေတုန်း ဘယ်သူကမှ ရာသီလာတဲ့အဖြစ်မျိုး မကြုံချင်ကြပါဘူး။ ဒါပေမယ့် အံ့အားသင့်စရာအချက်က ဒီအတိုင်း သာမန်အချိန်မှာ ရာသီလာခြင်းထက် ခရီးသွားနေချိန် ရာသီလာခြင်းက ပိုပြီးသက်တောင်သက်သာ ဖြစ်စေတယ်ဆိုတာပါ။ ခရီးသွားချိန်မှာ လမ်းပိုလျှောက်ဖြစ်တာမို့ ရာသီလာချိန် အောင့်တာ၊ ကိုက်ခဲတာတွေ နည်းသွားတတ်ပါတယ်။ ခရီးသွားနေ ချိန်မှာ စိတ်ဖိစီးမှုလည်း နည်းတာကြောင့် PMS ဖြစ် တာမျိုးကိုလည်း လျော့သွားပါတယ်။ ခရီးသွားချိန်မှာ နေရောင်ခြည်နဲ့ ထိတွေ့မှု ပိုများတာ၊ အစားတွေပိုစားဖြစ်တာကြောင့် အာဟာရဓါတ် ပိုကြွယ်ဝတာတွေက ကယ်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ ဗီ တာမင်ဒီတွေကို ပိုပြီးခန္ဓာကိုယ်က စုပ်ယူနိုင်အောင် အားပေးစေပါတယ်။ ဒီဓါတ်တွေဟာ ရာသီလာချိန်မှာ အဓိကလိုအပ် တဲ့ဓါတ်တွေဖြစ်ပြီး၊ အမျိုးသမီးတွေရဲ့ ကျန်းမာရေးကို အထောက်အကူ ဖြစ်စေပါတယ်။

(၆) စိတ်ဖိစီးမှုကို လျော့ချနိုင်တာ
ခရီးသွားရပြီဆိုရင်တော့ စိတ်ဖိစီးမှုတွေ သိသိသာသာ လျော့သွားတာ အမှန်ပါပဲ။ ဒါကိုခရီးသွားဖူးသူတိုင်း သိပါတယ်။ လူ တွေတော်တော်များများ ခရီးသွားကြခြင်းရဲ့ အကြောင်းပြချက် တစ်ခုပါ။ စိတ်ဖိစီးမှုတွေများလာရင် လူအများစုက ခရီး ထွက်ဖြစ်ကြပါတယ်။ လေ့လာမှုတွေရဲ့ အဆိုအရ နှစ်စဉ်အားလပ်ရက်တွေမှာ ခရီးသွားကြတဲ့ အမျိုးသမီးတွေဟာ ခရီးသိပ် မထွက်ဖြစ်တဲ့ အမျိုးသမီးတွေထက် စိတ်ဖိစီးမှုဖြစ်နိုင်ချေ ပိုနည်းတယ်လို့ ဆိုပါတယ်။ ဆာဗေးတစ်ခုရဲ့ အဆိုအရဆိုရင် ခရီးထွက်မယ်လို့ ပြင်ဆင်နေတဲ့အချိန်မှာကိုပဲ လူတွေမှာ စိတ်ဖိစီးမှုတွေ လျော့ပါး သွားကြတယ်လို့ ဆိုထားပါတယ်။

(၇) မိမိကိုယ်မိမိ ယုံကြည်မှု ပိုရှိလာတယ်
ခရီးသွားခြင်းဟာ စိတ်ဖိစီးမှုတွေ နည်းလာစေတယ်ဆိုပေမယ့်၊ ခရီးတစ်ခုထွက်ဖို့ ပြင်ဆင်ရတာ၊ ခရီးစဉ်တလျှောက် အ ခက်အခဲတွေ ကြုံရ တတ်တာ၊ အရင်က အသိအကျွမ်းမဖြစ်ဖူးသူတွေနဲ့ ဆက်ဆံပြောဆိုရတာတွေက စိန်ခေါ်မှုတွေ ဖြစ်ပါ တယ်။ ဒါပေမယ့် ခရီးတစ်ခုကို အောင်အောင်မြင်မြင် ပြီးဆုံးအောင် သွားလိုက်နိုင်ပြီဆိုရင် လူတွေရဲ့ စိတ်ထဲမှာ ဒီစိန်ခေါ်မှု တွေကို ငါတို့ကျော်လွှားလိုက်နိုင်တယ်ဆိုတဲ့ ခံစားချက်မျိုး ဖြစ်လာပြီး မိမိကိုယ်မိမိ ယုံကြည်မှု၊ အားကိုးမှု ပိုရှိလာစေပါ တယ်။ အခက်အခဲတွေကို အောင်မြင်အောင် လုပ်နိုင်စွမ်းရှိတယ်ဆိုတဲ့ အတွေးမျိုး ဝင်လာခြင်းက လူတွေကို ရှေ့ဆက်သွား ဖို့ တွန်းအားကို ဖြစ်စေပါတယ်။ ဒီလိုနဲ့ပဲ ခရီးတွေကို ပိုပိုပြီးထွက်ဖြစ်လာပြီး ခရီးတစ်ခါထွက်တိုင်း စိန်ခေါ်မှုတွေကို ပိုမို ရင်ဆိုင်နိုင်စွမ်းလည်း ရှိလာကာ မိမိအပေါ်မိမိ ယုံကြည်မှုကလည်း ပိုပိုတိုးတက်လာပါတယ်။

(၈) အသုံးအစွဲကို ပိုပြီးစနစ်တကျ စီမံခန့်ခွဲတတ်လာတယ်
ခရီးထွက်တော့မယ်ဆိုရင် ပထမဦးဆုံးပြင်ဆင်ရတာက ဘက်ဂျက်တွက်ရတာပါ။ ပမာဏတစ်ခု သတ်မှတ်ပြီး အဲဒီငွေပမာ ဏပြည့်အောင် စုဆောင်ရတာမျိုး ရှိသလို၊ မိမိမှာရှိထားတဲ့ ငွေပမာဏနဲ့ကိုက်အောင် ချွေတာသုံးစွဲရတာမျိုးလည်း ဖြစ်နိုင် ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလို ငွေကြေးကို စိစစ်ပြီးသုံးစွဲခြင်းဟာ လူတွေမှာ အင်မတန်လိုအပ်တဲ့ life skill တစ်ခုပါ။ ကိုယ့်အတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့အတွက် ငွေကြေးကို သုံးစွဲရာမှာ ဘယ်လောက်အတိုင်းအတာအထိ သုံးစွဲ မယ်ဆိုတာကို ကန့်သတ်စိစစ်တာဟာ ရေရှည်မှာ ဘဝကိုသက်တောင်သက် သာရှိစေဖို့ အများကြီးအကူအညီပေးပါတယ်။ ခရီးထွက်ခြင်းဟာ အသုံးစားရိတ်ကို ချွေတာစိစစ်ဖို့နဲ့ အနာဂတ်စီမံကိန်းတွေအတွက် ငွေကိုဘယ်လိုစုဆောင်းရမယ် ဆို တာကို အလေ့အကျင့်ကောင်းတွေ ရလာစေပါတယ်။

ဒီအချက်တွေကို လေ့လာကြည့်မယ်ဆိုရင် အားလပ်ရက်ရှည်တစ်ခုရလိုက်ချိန်မှာ အပန်းဖြေခရီးထွက်တာက လူတစ် ယောက်အတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းအကျိုးကျေးဇူးတွေ အများကြီး ရနိုင်တယ်ဆိုတာကို သိသာစေပါတယ်။ ခရီးထွက်တာ မှာ ကုန်ကျစားရိတ်တွေ ရှိတယ်ဆိုပေမယ့် ခရီးထွက်လိုက်လို့ စိတ်ရော၊ လူရော လန်းဆန်းသွားချိန်မှာ ကျန်းမာရေး ပို ကောင်းလာပြီး၊ အနာရောဂါကို ကာကွယ်နိုင်တာမို့ ရောဂါဖြစ်လာလို့ ကုသရတဲ့စားရိတ်တွေ လျော့နည်းသွားသလို၊ စိတ် လက်ကြည်လင်စွာနဲ့ အလုပ်လုပ်နိုင်တာမို့ ရလဒ်တွေ ပိုကောင်းလာပြီး ပိုမိုကောင်း မွန်တဲ့ဘဝကို ပိုင်ဆိုင်နိုင်လာပါမယ်။

(Zawgyi)

World’s Top-10 Hot Air Balloon Ridesမြန်မာနိုင်ငံက နေရာတနေရာပါတယ်နော် စီးဖူးပြီးပြီလားCrd:
15/10/2020

World’s Top-10 Hot Air Balloon Rides

မြန်မာနိုင်ငံက နေရာတနေရာပါတယ်နော်
စီးဖူးပြီးပြီလား

Crd:

13/10/2020

မင်္ဂလာပါ..သင်္ကေတရဲ့ Shwe Nyan Shin Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ အခုတစ်ခေါက် ကတော့ ထူးခြားတဲ့ နိုင်ငံတွေအကြောင်း...

12/08/2020
25/07/2020

#ကလော_ပင်းတယ_ရွာငံ ခရီးစဥ် (၃ညအိပ်/ ၄ရက်ခရီးစဉ်)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အရမ်းလှတဲ့🗻 ကလော view point🗻

မြင်းမထိလှိုဏ်ဂူ⛰

ဗျိုက်တောင်🏔

မသွားမဖြစ် ကလောဘူတာနဲ့🛤 နာရီစင်🏚

🙏🙏🙏 ပင်းတယမြို့ရှိ သဘာ၀လှိုဏ်ဂူဖြစ်သည့် ရွှေဥမင် လှိုဏ်ဂူနှင့် ပုတ်တလုတ်ရေကန်

🙏🙏🙏 ကုံလုံဆရာတော်ကြီး ရုပ်ကလပ်နှင့် လွမ်းစေတီ

🙏🙏🙏 ကလော နှီးဘုရား

🌄🌄🌄 ရွာငံမြို့ရှိ မိန်းမရဲတောင်

🏝🏝🏝 ရွာငံမြို့၏ အထင်ကရနေရာဖြစ်သည့် မြသပိတ်ရေပြာအိုင်နှင့် တောကြယ်ရေတံခွန်

👜👜👜 အိမ်အပြန် အမှတ်တရလက်ဆောင်ပစ္စည်းများ ၀ယ်ယူနိုင်မည့် မြို့မစျေးများ

ခရီးသွားကာလ
~~~~~~~~~~~
Jul 31ညထွက် Aug 3ရက်နေ့ပြန်ရောက်

လူကြီးစျေးနှုန်း
~~~~~~~~
တစ်ယောက် #၁သိန်း၁သောင်း

ခရီးစဉ်တွင် ပါ၀င်သော ၀န်ဆောင်မှုများ
~~~~~~~~~~~~~~~~~~~~~~~~~~
➡️ ဟိုတယ်အခန်းခ ည၂ (အဲကွန်း၊ ရေချိုးခန်း၊ အိမ်သာတွဲလျှက်)

➡️ ခရီးစဉ်တစ်လျှောက်တွင် တည်းခင်းဧည့်ခံမည့် အရသာကောင်းမွန်သော မနက်စာ၊ နေ့လည်စာနှင့် ညစာ

➡️ ခရီးစဉ်တစ်လျှောက်တွင် ပါ၀င်သော ဘုရားစေတီများ၊ စျေးများနှင့် တခြားသော နေရာများသို့ လိုက်လံပို့ဆောင်ပေးမည့် အဆင့်မြင့်အဲကွန်းကား

➡️ ခရီးစဉ်တစ်လျှောက်တွင် လိုက်လံစောင့်ရှောက်ပေးမည့် Tour leader

➡️ စနိုးတာဝါ၊ ရေသန့်ဗူးများ

ခရီးစဉ်တွင် မပါ၀င်သော ၀န်ဆောင်မှုများ
===========================
- ခရီးစဉ်တွင် မပါ၀င်သော နေရာများနှင့် ၄င်းနေရာတွင် ပေးချေရသော ၀င်ကြေးများနှင့် အစားအသောက်များ
- ခရီးသွားအာမခံကြေးများနှင့် ကိုယ်ပိုင်အသုံးစရိတ်များ
- Early Check-in နှင့် Late Check-out များအတွက် ကျသင့်ငွေများ

👏👏 တဆင့်ပြန်လည်ရောင်းချလိုသော ကိုယ်စားလှယ်များကိုလဲ ဖိတ်ခေါ်ပါတယ်ရှင့် 👏 👏

ခရီးစဉ် အသေးစိတ်အတွက် ဖုန်း 09 400 9999 01 & 09 400 9999 02 သို့ဖြစ်စေ၊ Page Messenger မှ တဆင့်လဲ တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်နော်!!!

ဆက်သွယ်ရန်
~~~~~~~~~~~~

Best Friend Forever Travels & Tours Co., Ltd.
အမှတ် (65/70)၊ ( #07-05)၊ သံသုမာလမ်း၊ ရွှေချမ်းသာကွန်ဒို၊ တာမွေမြို့နယ်၊ ရန်ကုန်။
Tel: 09 400999901 ၊ 09 400999902
Hot line: 095058923
Email: [email protected]
Facebook: Best Friend Forever Travels & Tours
Web: www.bfftravelmyanmar.com

မှ ရရှိနိုင်သော ၀န်ဆောင်မှုများ
-------------------------------------------------------------
ပြည်တွင်း/ပြည်ပ လေယာဉ်လက်မှတ်များ စီစဉ်ဆောင်ရွက်ပေးခြင်း။
https://www.facebook.com/bfftravels/posts/981264875364981

ပြည်တွင်း အဝေးပြေးကားလက်မှတ်များ စီစဉ်ဆောင်ရွက်ပေးခြင်း။
https://www.facebook.com/bfftravels/posts/981264875364981

ပြည်တွင်း သီးသန့် (မိသားစု/လုပ်ဖော်ကိုင်ဖက်/သူငယ်ချင်းများ) ဘုရားဖူး/အပန်းဖြေ ခရီးစဉ်များ ရေးဆွဲပေးခြင်း။

ပြည်တွင်း အဖွဲ့လိုက် ဘုရားဖူး/အပန်းဖြေ ခရီးစဉ်များ စီစဉ်ပေးခြင်း။
(https://www.facebook.com/bfftravels/posts/1094469504044517?__tn__=K-R)

ပြည်တွင်း/ပြည်ပ ဟိုတယ် / တည်းခိုခန်း / မိုတယ် အစရှိသည်များကို ချစ်မိတ်ဆွေတို့၏ Budget ပေါ်မူတည်ပြီး စီစဉ်ဆောင်ရွက်ပေးခြင်း။
https://www.facebook.com/…/a.338976989593…/960439034114232/…

ပြည်တွင်း ကားအသေးမှစ၍ 45 Seater ကားများအထိ စင်းလုံးအငှားများ စီစဉ်ဆောင်ရွက်ပေးခြင်း။
https://www.facebook.com/BFFCARRENTAL/

28/05/2020

လေယာဉ်ထဲမှာဆို အလုံခန်းကြီး
လှောင်ပိတ်ထားတာ။ ရောဂါပိုးရှိတဲ့သူတယောက်ပါရင် လေယာဉ်တစင်းလူံးကူးနိုင်လား။
စိတ်ပူနေကြသူတွေအတွက်ပါ။

လေယာဉ်တွင်းမှ လေကို လေယာဉ်၏ air conditioning system အတွင်းမှ HEPA (high efficiency particular air) filter နဲ့ စစ်ထုတ် သန့်စင်ပေးပါတယ်။ (ထိုfilterများမှာဆေးရုံသူံး လေစစ်ဇကာများ ကဲ့သို့ အရေအသွေးရှိပါတယ်။) ထိုသန့်စင်ပြီးလေကို လေယာဉ်ပြင်ပမှ လေဖြင့်ရောနှောပြီး လေယာဉ်အတွင်းသို့ပြန်လည်ပို့ဆောင်ပေးခြင်းဖြစ်ပါတယ်။
ထိုမှတဖန် လေများကိုပြန်လည် လည်ပတ်စစ်ထုတ် သန့်စင်ပေးခြင်းအားဖြင့် လေယာဉ်တွင်းလေထုအား အချိန်နှင့်အမျှသန့်ရှင်း စေခြင်းဖြစ်ပါတယ်။

လေယာဉ်ထဲကလေသည် ကိုယ်ပိုင်ကားထဲမှ လေထက် ပင်ပိုမိုသန့်စင်ကြောင်း တတ်ကျွမ်းနားလည်သူများ၏ ပြောဆိုချက်တခုကိုလည်းမှတ်သားဖူးပါတယ်။

မည်သည့်အရာမဆို ရာနှုန်းပြည့် သန့်စင်ကြောင်း အာမ မခံနိုင်တာမို့ တက်နိုင်သမျှ social distancing လုပ်ခါ maskတပ်ခြင်း၊ လက်ဆေးခြင်းများကိုတော့ နေရာ အချိန်ကာလမရွေးပြုလုပ်သင့်ပါတယ် ခင်ဗျာ။
ဒီ post ဟာလည်း
လေယာဉ်တွင်းလေထုအကြောင်း ခရီးသွားပြည်သူများ စိုးရိမ်ပူပန်ခြင်းလွန်စွာ မရှိစေရန် ကျွန်တော် တတ်ကျွမ်းနားလည်သလောက် ပြန်လည်ဝေငှခြင်းဖြစ်လို့ အမှားပါသွားရင် ခွင့်လွှတ်နားလည် ပေးကြပါ။

ခရီးစဉ်တိုင်း သာယာပျော်ရွှင် ကြပါစေခင်ဗျ။

🙏🙏🙏

Credit Kyaw Phonemo

23/05/2020
14/05/2020

[English Below]

#တိုးမြှင့်ကာလ
Date : 14 May 2020

• ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလကို ထပ်မံတိုးမြှင့်

မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလ ကို မေလ ၃၁ ရက်၊ မြန်မာစံတော်ချိန် ၂၃၅၉ နာရီအထိ ထပ်မံ၍တိုးမြှင့်လိုက်ပြီ ဖြစ်ပါသည်။

ပြည်တွင်းခရီးစဉ်များအား လေကြောင်းလိုင်းအချို့မှ ပုံမှန်အတိုင်း ပြေးဆွဲပေးလျက်ရှိပါသည်။

ခရီးသည်များအနေဖြင့် မိမိတို့ လေကြောင်းခရီးစဉ်အား စီစဥ် ၊ ပြောင်းလဲမှုများအတွက် သက်ဆိုင်ရာလေကြောင်းလိုင်းများ၊ ခရီးသွားအေဂျင်စီများကို ဆက်သွယ်မေးမြန်းနိုင်ပါရန် အကြုံပြုလိုပါတယ်။

အသေးစိတ်သိရှိလိုပါက https://bit.ly/2Z3sgrC တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

• Further Extension of Temporary Measures at Yangon International Airport

According to the notice from the Department of Civil Aviation, the restrictions for all airlines operating international air services to and from Yangon International Airport has further extended up to 31 May 2020 2359 Hours MST.

Domestic air travel remains operational.

Travelers are advised to check with respective airlines or travel agents for travel plans.

For more details, please read on https://bit.ly/2Z3sgrC .

[Travel Advisory]𝟎𝟏 𝐇𝐨𝐮𝐫 -    All incoming Myanmar nationals will be subjected to a 14-day facility quarantine on arriva...
24/03/2020

[Travel Advisory]
𝟎𝟏 𝐇𝐨𝐮𝐫
- All incoming Myanmar nationals will be subjected to a 14-day facility quarantine on arrival.

- All foreign nationals are required to present laboratory evidence of absence of COVID-19 infection issued no more than 72 hours prior to the date of travel before boarding any airline destined for Myanmar. They will be subjected to a 14-day facility quarantine on arrival.

- All diplomats accredited to Myanmar and United Nations officials working in Myanmar are also required to present laboratory evidence of absence of COVID-19 infection issued no more than 72 hours prior to the date of travel before boarding any airline destined for Myanmar. They will be subjected to home quarantine for 14 days on their arrival in Myanmar.

If passenger is unable to present the required above documents, a boarding pass shall not be issued and the boarding shall be denied.

၂၀၂၀ ခုနှစ်၊ မတ်လ ၂၅ရက်နေ့မှစ၍ မြန်မာနိုင်ငံသို့လာရောက်မည့်ခရီးသည်များအနေဖြင့် အောက်ပါအချက်အလက်များ အား သတိပြုကြရန်တိုက်တွန်းအပ်ပါသည်။

- မြန်မာနိုင်ငံသို့ လာရောက်ကြမည့် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံသို့ရောက်ရှိချိန်တွင် ၁၄ရက် Facility Quarantine ပြုလုပ်မည်ဖြစ်ပါသည်။

- မြန်မာနိုင်ငံသို့ လာရောက်ကြမည့် နိုင်ငံခြားသားများအနေဖြင့် ၇၂နာရီအတွင်း ရရှိထားသော COVID-19 ရောဂါကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံစာ နှင့် ဓာတ်ခွဲခန်းစမ်းသပ်ချက်ရလဒ် ပါရှိရန်လိုအပ်ပြီး မြန်မာနိုင်ငံသို့ရောက်ရှိချိန်တွင် ၁၄ရက် Facility Quarantine ပြုလုပ်မည်ဖြစ်ပါသည်။

- မြန်မာနိုင်ငံသို့ လာရောက်ကြမည့် သံတမန်များနှင့် ကုလသမဂ္ဂ အရာရှိများ အနေဖြင့် ၇၂နာရီအတွင်း ရရှိထားသော COVID-19 ရောဂါကင်းရှင်းကြောင်း ကျန်းမာရေးထောက်ခံစာ နှင့် ဓာတ်ခွဲခန်းစမ်းသပ်ချက်ရလဒ် ပါရှိရန်လိုအပ်ပြီး မြန်မာနိုင်ငံသို့ရောက်ရှိချိန်တွင် ၁၄ရက် Home Quarantine ပြုလုပ်မည်ဖြစ်ပါသည်။
အထက်ပါအထောက်အထားများ မပါရှိပါက မြန်မာနိုင်ငံသို့သွားရောက်မည့် Boarding Pass အား ထုတ်ပေးမည်မဟုတ်ပါ။

Singapore ကို အလည်အပတ်သွားမဲ့သူများ ၁၄ရက် home stayနေရပါမယ်
16/03/2020

Singapore ကို အလည်အပတ်သွားမဲ့သူများ ၁၄ရက် home stayနေရပါမယ်

ထိုင်းနိုင်ငံသို့ အလည်အပတ်သွားမည့် မိတ်ဆွေများအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်...
14/03/2020

ထိုင်းနိုင်ငံသို့ အလည်အပတ်သွားမည့် မိတ်ဆွေများအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်...

13/03/2020
နေ၊ စား၊ ငြိမ်း ပါ သက်သာဆုံး စျေးနှုန်းနဲ့အတူ Sentosa ကျွန်းတည်ရှိရာ စင်္ကာပူနိုင်ငံကို အလည်သွားကြမယ်လေ.. 🇸🇬🇸🇬🇸🇬စင်္ကာပူ...
12/03/2020

နေ၊ စား၊ ငြိမ်း ပါ သက်သာဆုံး စျေးနှုန်းနဲ့အတူ Sentosa ကျွန်းတည်ရှိရာ စင်္ကာပူနိုင်ငံကို အလည်သွားကြမယ်လေ.. 🇸🇬🇸🇬🇸🇬

စင်္ကာပူ - Gardens by the Bay - Sentosa ကျွန်း - စင်္ကာပူ (၃ညအိပ်/ ၄ရက်)

🗓 Travel Date: 10 Sept 2020 to 13 Sept 2020 🗓

တစ်ဦးလျှင် USD 250 ပဲ ကျသင့်မှာဖြစ်ပြီး အဓိကလည်မယ့်နေရာတွေအနေနဲ့...

✅ စင်္ကာပူရောက်ရဲ့ အထင်ကရနေရာများထဲက တစုဖြစ်တဲ့ Garden by the Bay မှာရှိတဲ့ နိုင်ငံအသီးသီးမှ ပန်းမျိုးစေ့များကို လေ့လာကြည့်ရှု့နိုင်မယ့် Flower Dome ပန်းဥယျာဥ်နဲ့ ရေတံခွန်ရှိရာ Cloud Forest အပြင် တခြားလည်ပတ်စရာကောင်းသောနေရာများ...

✅ Sentosa ကျွန်းရှိ ကမ်းခြေတွေမှာ အပန်းဖြေအနားယူရင်း ညနေပိုင်းမှာ ရေပန်းအကအလှဖြစ်တဲ Wings of Times ကို ခံစားကြည့်ရှုကြမယ်...

✅ အရှေ့တောင်အာရှတွင် အလှဆုံး‌‌‌လေဆိပ်အဖြစ် သက်မှတ်ခြင်းခံရတဲ့ Singapore Changi Airport ကိုလဲ လည်ပတ်ကြမယ်...

✅ တည်းမည့် ဟိုတယ်အနီးအနားမှာရှိတဲ့ Shopping Area မှာ ‌‌‌‌‌ပျော်ပျော်ပါးပါး ‌စျေး၀ယ်ထွက်ကြမယ်...

၀န်ဆောင်မှုအနေနဲ့

⏩ 3* အဆင့်မြင့်ဟိုတယ်မှာ (၃)ညတာ နေထိုင်ခွင့်
⏩ မနက်စာ၊ နေ့လည်စာနှင့် ညစာ (၁၀)နပ်
⏩ ခရီးစဥ်ပါ နေရာများသို့ လိုက်ပို့ပေးမယ့် Aircon Tour Bus
⏩ စင်္ကာပူလေဆိပ် အကြိုအပို့
⏩ ခရီးစဥ်ပါ နေရာများတွင် ပေးရသော၀င်ကြေများ (Garden By the Bay & Sentosa Island)
⏩ ခရီးစဥ်တစ်လျှောက် လိုက်ပါကူညီပေးမည့် မြန်မာ Tour Leader

ရန်ကုန်-စင်္ကာပူ-ရန်ကုန် အသွားအပြန် ‌‌လေယာဥ်လက်မှတ်နဲ့ ကိုယ်ပိုင်အသုံးစရိတ်ပဲ ထပ်ကုန်မှာဆိုတော့ တန်‌‌နေပါပြီနော်... 😊😊😊

⏰စာရင်းပိတ်မည့်ရက် 17 July 2020 ⏰

စာရင်း‌‌ပေးသွင်းလို့ရနေပြီမို့လို့ အမြန်ဆုံးဆက်သွယ်ဖို့ မမေ့နဲ့နော်... 😉😉😉

Travel with BFF, Enjoy your holidays!

, ,

----------------------------------------------------------------
Best Friend Forever Travel & Tour Co, Ltd.
Address: No. 65/70, Tan Thu Mar Road,
#05-012 Ngwe Chan Thar Condominium, Yangon , Myanmar.
Email: [email protected],
PH: (+95) 9400 9999 01, (+95)9400 9999 02
Travels & Tours: Best Friend Forever Travels & Tours
Car Rental: BFF CAR Rental Services,
Hotel Boking: www.facebook.com/Hotel-Booking-By-BFF
Outbound: www.facebook.com/bfftraveloutbound

USD 650 ရှိရုံနဲ့ သကြ်န်မှာ စရိတ်ငြိမ်းသွားလို့ရနိုင်မယ့် ဘာလီ 😱ဧပြီ ၁၃ ရက်နေ့ထွက်ပြီး ဧပြီ ၁၈ ရက်နေ့ပြန်ရောက်မယ့် ဘာလီ ...
07/03/2020

USD 650 ရှိရုံနဲ့ သကြ်န်မှာ စရိတ်ငြိမ်းသွားလို့ရနိုင်မယ့် ဘာလီ 😱

ဧပြီ ၁၃ ရက်နေ့ထွက်ပြီး ဧပြီ ၁၈ ရက်နေ့ပြန်ရောက်မယ့် ဘာလီ (ဟိုတယ် ၃ညအိပ်) သကြ်န် စရိတ်ငြိမ်းခရီးစဥ်မှာ လည်မယ့်နေရာတွေဖြစ်တဲ့...

ဘာလီရဲ့ အမြင့်ဆုံးရုပ်ထုရှိရာ GWK Garden 🗿🗿🗿

လှပတဲ့ ပင်လယ်ကြီးကို နောက်ခံထားပြီး ဓာတ်ပုံတွေ တဝကြီးရိုက်လို့ရမယ့် Uluwatu Temple 🌊🌊🌊

ဘာလီရဲ့ လှပတဲ့ နေဝင်ဆည်းဆာကို ခံစားရင်း ဘာလီရိုးရာအကဖြစ်တဲ့ Kecak Fire Dance 🌄🔥

Heaven Gate လို့တင်စားခေါ်ဆိုကြတဲ့ Lempuyang Temple မှာ ဓာတ်ပုံလှလှလေးတွေ ရိုက်ကြမယ် 🏯🏯

ချစ်စရာ ရောင်စုံငါးတွေကို ငါးစာကျွေးရင် ဓာတ်ပုံလှလှလေးတွေ ရိုက်နိုင်မယ့် Taman Tirta Gangga 🐠🐟

ဘာလီရောက်ရင် မဖြစ်မနေသွားလည်သင့်တဲ့ Luwak Coffee Plantation နဲ့ Bali Swing ☕☕☕

အင်တိုနီးရှားပါတိတ်ရက်လုပ်ပုံကို လေ့လာနိုင်မယ့် ပါတိတ်ရွာ 🤗🤗🤗

ဘာလီမှာ နောက်ထပ် ဓာတ်ပုံရိုက်လို့ကောင်းတဲ့ Handara Gate နဲ့ Ulu Danu Temple 📸📸📸

လှပတဲ့တောင်တန်းနဲ့ ရေကန်ကြီးကို နောက်ခံထားပြီး ဓာတ်ပုံတဝကြီး ရိုက်နိုင်မယ့် Wanagiri Hidden Hill 📸📸📸

ဘာလီရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ Tanah Lot Temple ကို လေ့လာရင်း အိမ်အပြန်လက်ဆောင်တွေ ဝယ်ကြမယ် 😊😊😊

Tanjung Benos Beach မှာ အနားယူရင်း Water Sport activities တွေလဲ ဝင် join လို့ရမယ် 🌊🌊🌊

အိမ်ပြန်လက်ဆောင်တွေဝယ်နိုင်စေဖို့ ဘာလီရဲ့ Shopping Mall တွေကိုလဲ လိုက်ပို့ပေးဦးမှာနော် ✌✌✌

ဝန်ဆောင်မှုအနေနဲ့...
⏩ ရန်ကုန်-ဘာလီ-ရန်ကုန် 30 KG ပါ အသွားအပြန် Singapore Airlines ticket

⏩ ရေကူးကန်ပါ 4* ဟိုတယ်မှာ ၃ညစာ အခန်းခ (တစ်ခန်းလျှင် နှစ်ယောက်)

⏩ မနက်စာ၊ နေ့လည်စာနှင့် ညစာ ၁၂နပ်

⏩ သွားလည့်မယ့်နေရာတွေမှာ ပေးရမယ့် ဝင်ကြေးများ (Sport Activities ကြေးများ မပါဝင်ပါ။)

⏩ ဘာလီခရီးစဥ်တစ်လျှော​က်လုံးအတွက် အဲကွန်းကားနှင့် ယဥ်ကျေးဖော်ရွေတဲ့ ကားဆရာ

⏩ ရန်ကုန်-ဘာလီ-ရန်ကုန် တစ်လျှောက်လုံး ပါမည့် BFF Tour Leader

အရမ်းကို တန်နေပါပြီနော် 🤗🤗🤗

အနည်းဆုံး လူ ၄ယောက်ပြည့်တယ်ဆိုရင် ခရီးစဥ်ထွက်မှာပါ​နော်...

လူပြည့်မြန်တဲ့ခရီးစဥ်လေးမို့လို့ အမြန်ဆုံး booking လုပ်ကြဖို့ မမေ့နဲ့နော်...

သကြ်န်မှာ BFF Travels နဲ့အတူ ခရီးသွားဖို့ မိတ်ဟောင်း မိတ်သစ်များကို ဖိတ်ခေါ်လိုက်ပါတယ်နော်....

Travel with BFF, Enjoy your holidays!

, ,

----------------------------------------------------------------
Best Friend Forever Travel & Tour Co, Ltd.
Address: No. 65/70, Tan Thu Mar Road,
#05-012 Ngwe Chan Thar Condominium, Yangon , Myanmar.
Email: [email protected],
PH: (+95) 9400 9999 01, (+95)9400 9999 02
Travels & Tours: Best Friend Forever Travels & Tours
Car Rental: BFF CAR Rental Services,
Hotel Boking: www.facebook.com/Hotel-Booking-By-BFF

06/02/2020

Credit to Ministry of Hotels & Tourism

ဘယ်နိုင်ငံက ဝတ်စုံလေးတွေနဲ့ ဓာတ်ပုံရိုက်ဖူးလဲ
18/01/2020

ဘယ်နိုင်ငံက ဝတ်စုံလေးတွေနဲ့ ဓာတ်ပုံရိုက်ဖူးလဲ

***  #နိုင်ငံကူးလက်မှတ်  #ပတ်စ်ပို့   အကြောင်းသိကောင်းစရာများ***မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်❇️မြန်မာနိုင်ငံသားများအတ...
17/01/2020

*** #နိုင်ငံကူးလက်မှတ် #ပတ်စ်ပို့ အကြောင်းသိကောင်းစရာများ***

မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်❇️
မြန်မာနိုင်ငံသားများအတွက် နိုင်ငံတော်မှထုတ်ပေးသော နိုင်ငံကူးလက်မှတ်ဖြစ်သည်။ ပြည်ထဲရေး ဝန်ကြီးဌာန မှ ထုတ်ပေးခြင်းဖြစ်သည်။

၁။ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport သက်တမ်း။ Check Your Passports’s Validity✅
သင် ပြည်ပခရီးသွားဖို့ အစီအစဉ်ရှိလျှင် သင်၏ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport သက်တမ်းကို အရင်စစ်ဆေးပါ။ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport သက်တမ်းသည် အနည်းဆုံး ၆ လအထက်တွင် ရှိရပါမည်။ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport သက်တမ်း ၆လထက်နည်းလျှင် လူ၀င်မှုကြီးကြပ်ရေးအရာရှိမှ သင့်အား လေယာဉ်ပေါ်သို့ပေးတက်မည်မဟုတ်ပါ။

၂။ ဗီဇာ။ Find Out If You Need a Visa
သင် ပြည်ပခရီးသွားဖို့ စီစဉ်ထားလျှင် သွားမည့်နိုင်ငံသည် မြန်မာနိုင်ငံသားများအတွက် ဗီဇာ လို ၊ မလို သက်ဆိုင်ရာသံရုံးများတွင် စုံစမ်းနိုင်ပါသည်။✅

အရှေ့တောင်အာရှနိုင်ငံများအနက်မှ မြန်မာနိုင်ငံသားများအတွက် ဗီဇာမလိုသောနိုင်ငံများမှာ

၁ ⚠️ထိုင်းနိုင်ငံ (Thailand) ၁၄ ရက်ဗီဇာ ကင်းလွတ်ခွင့်

၂ ⚠️စင်္ကာပူနိုင်ငံ (Singapore) ၃၀ ရက်ဗီဇာ ကင်းလွတ်ခွင့်

၃ ⚠️ဘရူနိုင်းနိုင်ငံ (Brunei) ၁၄ ရက်ဗီဇာ ကင်းလွတ်ခွင့်

၄ ⚠️ကမ္ဗောဒီးယားနိုင်ငံ (Cambodia) ၁၄ ရက်ဗီဇာ ကင်းလွတ်ခွင့်

၅ ⚠️လာအိုနိုင်ငံ (Laos) ၁၄ ရက်ဗီဇာ ကင်းလွတ်ခွင့်

၆ ⚠️ဗီယက်နမ်နိုင်ငံ (Vietnam) ၁၄ ရက်ဗီဇာ ကင်းလွတ်ခွင့်

၇ ⚠️အင်ဒိုနီးရှားနိုင်ငံ (Indonesia) ၃၀ ရက်ဗီဇာ ကင်းလွတ်ခွင့်

၈ ⚠️ဖိလစ်ပိုင်နိုင်ငံ (Phillippines) ၃၀ ရက်ဗီဇာ ကင်းလွတ်ခွင့် ‼️

၃။ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport စာရွက်အလွတ်။ Check Your Blank Passport Pages✅
သင် ပြည်ပခရီးမထွက်ခင် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport စာအုပ်တွင် စာရွက်အလွတ် ကျန် ၊ မကျန် အရင်စစ်ဆေးပါ။ စာရွက်အလွတ် မကျန်ပါက နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport စာအုပ်အသစ်လုပ်ပြီး မှခရီးထွက်ပါ။ ‼️

၄။ အနောက်ဘက်/ကျောဘက် အိတ်ထဲတွင် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport ကို မထည့်ပါနှင့်။ Don’t Ever Put Your Passport in Your Back Pocket✅
ခရီးထွက်ရာတွင် သင်၏ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport ကို အနောက်ဘက်/ကျောဘက် အိတ်ထဲသို့ ထည့်ရန်မသင့်ပါ။ မတော်တဆအောက်သို့ ပြုတ်ကျခြင်း/ခါးပိုက်နှိုက်ခြင်းများကြုံတွေ့နိုင်ပါသည်။ သင်၏ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport နှင့်အခြားအရေးကြီးစာရွက်စာတမ်းများကို အရှေ့ဘက်အိတ်ထဲတွင် ထားခြင်းသာ ဘေးအကင်းဆုံးပါ။ ‼️

၅။ ၂ခါ ပြန်စစ်ပါ။ Always Look Twice✅
Taxi စီးလျှင်သော်လည်းကောင်း၊ စားသောက်ဆိုင်တွင်စားပြီးသော်လည်းကောင်း၊ လေယာဉ်ပေါ်တွင်လည်းကောင်း၊ ဟိုတယ်အခန်းတွင်သော်လည်းကောင်း၊ သင်၏ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport ပါ၊ မပါ အမြဲတမ်း ၂ခါလောက်ပြန်စစ်ပါ။ ‼️

၆။ အုပ်စုလိုက် ခရီးသွားလျှင်။ Group Travelling✅
မိသားစုနှင့်သော်လည်းကောင်း၊ သူငယ်ချင်းအုပ်စုများနှင့်သော်လည်းကောင်း၊ ခရီးသွားလျှင် သင်သည် အဖွဲ့ခေါင်းဆောင်ဖြစ်သည်ဆိုပါစို့။ Departure/ Arrival/Custom forms များဖြည့်ပါက ပိုမိုလွယ်ကူစေရန် တစ်ဦးချင်းစီရဲ့နာမည်၊ မွေးနေ့၊ Passport Number ၊ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport စထုတ်တဲ့နေ့၊ ကုန်ဆုံးတဲ့နေ့များကို စာရွက်လေးဖြင့် Note ထုတ်ထားပါ။ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport များကိုအိတ်ထဲမှသွင်းလိုက်၊ ထုတ်လိုက် လုပ်ရန် မလိုတော့ဘဲအချိန်ကုန်သက်သာပြီး ဘေးလည်းကင်းစေပါသည်။ ‼️

၇။ ပြည်ပနိုင်ငံများတွင် နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport ပျောက်ဆုံးခြင်း။ Lost your Passport✅
သင်အိမ်မှမထွက်ခင် သင်၏ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport နှင့် အရေးကြီးစာရွက်စာတမ်းများကို မိတ္တူကူးထားပါ။ ပိုပြီးစိတ်ချရအောင် ဓါတ်ပုံရိုက်ထားပြီး မိမိ၏ဖုန်းထဲတွင်ဆောင်ထားပါ။ (သို့မဟုတ်) e-mail ထဲတွင်သိမ်းထားပါ။ အကယ်၍သင်၏ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ Passport ပြည်ပနိုင်ငံများတွင်မတော်တဆ ပျောက်ဆုံးသွားပါက မိမိနိုင်ငံ၏သံရုံးသို့ လူကိုယ်တိုင်ရောက်အောင်သွားပါ။ သံရုံးမှသက်ဆိုင်ရာအရာရှိများ၏ ညွှန်ကြားချက်များအတိုင်း လိုက်နာပါ။ ‼️ သံရုံးများသည် များသောအားဖြင့် အစိုးရ ရုံးစိုက်ရာမြို့ (သို့) အဓိကမြို့များတွင်ရှိတတ်သည်ကို အထူးသတိပြုပါ။ စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် သံရုံးများပိတ်သည်ကိုလည်းအထူးသတိပြုပါ။ ‼️

✳️ကျွန်တော်တို့ မြန်မာနိုင်ငံမှာ နိုင်ငံကူးလက်မှတ် အမျိုးအစား(Types) (၉ )မျိုးဖြင့် ပြုလုပ်ပေးလျှက်ရှိပါတယ်။✳️

အမျိုးအစား( ၉) မျိုးဆိုတာက PB,PT,PJ,PR,PS,PE,PV,PD နဲ့ PO ဆိုပြီး ထုတ်ပေးပါတယ်။

❗️၁. PB = Business Passport.
ပြည်ပသို့စီးပွားရေး အရ သွားရောက်လုပ်ကိုင်မည့်နိုင်ငံသားများအားထုတ်ပေးသော စာအုပ်အမျိုးအစား

❗️၂. PT = Dependent Passport ပြည်ပတွင် အလုပ်လုပ်နေသော ခင်ပွန်း/ဇနီး နှင့် လိုက်ပါနေထိုင်သော မှီခို နိုင်ငံသားအားထုတ်ပေးသောစာအုပ်အမျိုးအစား

❗️၃. PJ = Job Passport ပြည်ပမှာ တရားဝင် အလုပ်လုပ်ကိုင်သော နိုင်ငံသားများ ကို ထုတ်ပေးသော စာအုပ် အမျိုးအစား

❗️၄. PR = Religirous Passport.
ပြည်ပသို့ သာသနာရေး ဘာသာရေးနှင့် ပတ်သတ်သော နိုင်ငံသားများအားထုတ်ပေးသည့်စာအုပ်အမျိုးအစား

❗️၅. PS = Seaman Passport.
ပြည်ပသို့ သဘောင်္သား ပင်လယ်ခရီးနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေးသောစာအုပ်အမျိုးအစား

❗️၆. PE = Student Passport.
ပြည်ပသို့ ကျောင်းသား ပညာတော်သင် နိုင်ငံသားများအားထုတ်ပေးသည့်စာအုပ်အမျိုးစား

❗️၇. PV = Visit Passport.
ပြည်ပသို့ အလည်အပတ် short visit ခရီးတို အလည်အပတ်နိုင်ငံသားများအားထုတ်ပေးသည့်စာအုပ်အမျိုးအစား

❗️၈. PD = Diplomatic Passport.
ပြည်ပသို့ သံတမန်ရေးရာ ကိစ္စရပ်များနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေးသည့်အမျိုအစား

❗️၉. PO = Official Passport.
ပြည်ပသို့ အရာရှိ နိုင်ငံတော်အရေးအရာနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေးသည့်စာအုပ်အမျိုးအစား

အထက်ပါ ပတ်စပို့တ် များကို အရောင်သုံးမျိုးခွဲခြားထားပါတယ်...
၁ / အနီရောင်❤️
နိုင်ငံသူ/သား သာမန် ပြည်သူလူထုအတွက်။

၂ / အပြာရောင်💙
နိုင်ငံရေး သံတမန်ကိစ္စနှင့် အပ်နှင်းခံရသူနိုင်ငံသားများအတွက်။

၃/ အစိမ်းရောင်💚
အစိုးရရုံး နိုင်ငံတော်အကြီးအကဲ အုပ်ချုပ်မှုပိုင်းဆိုင်ရာနိုင်ငံသားများအတွက်
ဖြစ်ပါတယ်။

အနီရောင် နိုင်ငံကူးလက်မှတ်များသည် သက်တမ်းအားဖြင့် ၅ နှစ်ရှိပြီး၊ အစိမ်းရောင် နိုင်ငံကူးလက်မှတ်များသည် သက်တမ်းအားဖြင့် ၃ နှစ် ရှိသည်။ သက်တမ်းကုန်ဆုံးပါက အသစ်ပြန်လည် လဲလှယ်ရသည်။

ဒါ့ကြောင့် နိုင်ငံကူးလက်မှတ်(passport)ပြုလုပ်မည်ဆိုပါက မိမိဟာ ဘုရားဖူးသွားမှာလား၊အလုပ်နဲ့သွားမှာလား၊အလည်အပတ်လား စသည်ဖြင့်(type)အမျိုးအစားကို မှန်ကန်အောင်ရွေးချယ်တတ်ဖို့လိုအပ်ပါလိမ့်မည်။ 😬😬😬

#ခေတ်သစ်မေဂျွန်

Address

Alerts

Be the first to know and let us send you an email when BFF Travel - Outbound posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BFF Travel - Outbound:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share

Travel with BFF, Enjoy your holiday!

WHO WE ARE

We are providing three kind of business in Myanmar. Local Car Rental since 2011 Ferry operator since 2013 Local Tour Operator since 2014 (KHA-2544) Outbound Tour Operator since 2020 (License is still applying..)

Our company is a well-established by 100% Myanmar National owned and registered as Tour Operating Company in Myanmar, authorized by the Ministry of National Planning and Economic Development. We also have a tourism license to operate travel business by the Ministry of Hotels and Tourism and member of Union of Myanmar Travel Association (UMTA).

OUR MISSION