AK Travel Info

  • Home
  • AK Travel Info

AK Travel Info Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AK Travel Info, Travel Company, .

မြန်မာvibes ရနိုင်တဲ့ Okinawa ဆီသို့ … 🏖️𝐎𝐤𝐢𝐧𝐚𝐰𝐚 လို့ဆိုလိုက်တာနဲ့ လှပတဲ့ကျွန်းစုလေးတွေ,လတ်ဆတ်တဲ့သဘာဝရဲ့အလှအပတွေ, Outdoo...
11/04/2024

မြန်မာvibes ရနိုင်တဲ့ Okinawa ဆီသို့ … 🏖️

𝐎𝐤𝐢𝐧𝐚𝐰𝐚 လို့ဆိုလိုက်တာနဲ့ လှပတဲ့ကျွန်းစုလေးတွေ,
လတ်ဆတ်တဲ့သဘာဝရဲ့အလှအပတွေ, Outdoor Activityတွေဖြစ်တဲ့ ရေငုပ်တာ, ပင်လယ်ပြင်ပေါ်လေထီးစီးတာတွေအပြင်၊ ဂျပန်ရဲ့မတူညီတဲ့ ကျွန်းသူ/သူတွေရဲ့ယဉ်ကျေးမှုအသစ်အဆန်းကိုပါ ခံစားရရှိနိုင်တဲ့နေရာတခုလို့တင်စားဆိုရင် မှားမယ်မထင်ပါဘူး။

ဒီတော့ 𝐎𝐤𝐢𝐧𝐚𝐰𝐚ရဲ့အထင်ကရနေရာအချို့ကို ပုံတစ်ပုံချင်းစီရဲ့အောက်မှာ အကြောင်းအရာနှင့်တကွဖော်ပြပေးလိုက်ပါတယ်။

𝐀𝐊 ရဲ့ 𝐎𝐤𝐢𝐧𝐚𝐰𝐚 ခရီးစဉ်ကတော့ အောက်ကlinkကနေစုံစမ်းနိုင်ပါတယ်။
https://www.facebook.com/100083345582032/posts/446585824796267/?

ဖူဂျီတောင်နားက အကောင်းဆုံးရေတံခွန် “Shiraito”Shizuoka စီရင်စု Fujinomiya၏ အလယ်ဗဟိုတွင်တည်ရှိပြီး၊ Fujinomiya မြို့မှ အလွ...
05/04/2024

ဖူဂျီတောင်နားက အကောင်းဆုံးရေတံခွန် “Shiraito”

Shizuoka စီရင်စု Fujinomiya၏ အလယ်ဗဟိုတွင်တည်ရှိပြီး၊ Fujinomiya မြို့မှ အလွယ်တကူသွားလာနိုင်တဲ့ ရေတံခွန်တစ်ခုဖြစ်ပါတယ်။ Shiraito ကတော့ "အဖြူရောင်ချည်မျှင်များ/white threads"ဆိုတဲ့အဓိပ္ပာယ်ဖော်ဆောင်ပါတယ်။ ဖူဂျီတောင်တစ်ဝိုက်ဧရိယာ က ယူနက်စကိုစာရင်းဝင်အဖြစ် ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။

ဖူဂျီတောင်ရဲ့နှင်းရည်များဟာ အမြင့် 20 မီတာ နှင့် 150 မီတာ ကျယ်သော ချောက်ကမ်းပါးရဲ့ကျောက်စိုင်ကျောက်သားများထဲမှ ချည်မျှင်ပုံသဏ္ဍာန်ရှိတဲ့ရာနှင့်ချီသောရေတံခွန်သေးသေးလေးတွေအဖြစ် ပြောင်းလဲစီးဆင်းလာတာက Shiraito ရေတံခွန်ရဲ့စွဲဆောင်မှုလို့ ပြောလို့ရပါတယ်။ ဂျပန်နိုင်ငံ၏ အကောင်းဆုံး ရေတံခွန် ၁၀၀ ထဲမှ တစ်ခုဖြစ်ပါတယ်။ ရေတံခွန်ဆီသို့ သွားတဲ့လမ်းကတော့ ပြေပြစ်ပါတယ်။ စျေးဆိုင်တန်းလည်းရှိပါတယ်။

Shiraito ရေတံခွန်ရဲ့လမ်းလျောက်၅မိနစ်မှာ Otodome ရေတံခွန်ရှိပါသေးတယ်။

🐪 ကမ္ဘာ့ပထမဆုံးသောနှင့်တစ်ခုတည်းသော သဲအနုပညာပြတိုက်ရှိရာ 𝐓𝐨𝐭𝐭𝐨𝐫𝐢 သဲကန္တာရ"အိုအေစစ်"𝐓𝐨𝐭𝐭𝐨𝐫𝐢 သဲအနုပညာပြတိုက်ဟာ မိုးလုံလေလု...
27/03/2024

🐪 ကမ္ဘာ့ပထမဆုံးသောနှင့်တစ်ခုတည်းသော သဲအနုပညာပြတိုက်ရှိရာ 𝐓𝐨𝐭𝐭𝐨𝐫𝐢 သဲကန္တာရ"အိုအေစစ်"

𝐓𝐨𝐭𝐭𝐨𝐫𝐢 သဲအနုပညာပြတိုက်ဟာ မိုးလုံလေလုံပြတိုက်တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှပရော်ဖက်ရှင်နယ်ပန်းပုဆရာများဖြင့် နှစ်စဉ်အရည်အသွေးအမြင့်ဆုံးသော သဲပန်းပုရုပ်ထုများကိုပြသလျက်ရှိပါတယ်။ တစ်နှစ်နဲ့တစ်နှစ် တင်ဆက်ပြသတဲ့အပြင်အဆင်တွေကမတူတာမို့၊ အမြဲအသစ်အဆန်းတွေကိုမြင်တွေ့ရမှာပါ။

ဒီနှစ်အပြင်အဆင်ကတော့ ပြင်သစ်ဒီဇိုင်းဖြစ်ပြီး၊ ပြတိုက်ကို၄လပိုင်း၁၉ရက်နေ့မှ ၁လပိုင်း၅ရက်နေ့အထိ ဝင်ရောက်လည်ပတ်နိုင်ပါတယ်။

သဲပြတိုက်ရဲ့မနီးမဝေးမှာတော့ သဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ သဲကန္တာရအိုအေစစ်တစ်ခုရှိပါတယ်။ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် အကြမ်းဖျင်း၁၆ကီလိုမီတာခန့်ရှည်လျားပြီး အကျယ်၂ကီလိုမီတာ၊ အမြင့်၅၀မီတာအထိရှိပါတယ်။ ပြာလဲ့လဲ့ကောင်းကင်အောက်မှာ ရွှေအိုရောင်သဲမှုန်လေးတွေနဲ့ ကြည်ပြာရောင်ပင်လယ်ရေတို့ပေါင်းစပ်ထားသောအလှတရားကို တွေ့မြင်ခံစားရမှာပါ။

🐪 ကုလားအုတ်စီးတာအပြင် လေထီးခုန်ခြင်း၊ သဲဘုတ်စီးခြင်း၊ ဆိုင်ကယ်စီးခြင်း အစရှိတဲ့အတွေ့အကြုံများပါစူးစမ်းနိုင်ပါတယ်။ ဒါ့အပြင် Social Mediaပေါ်မှာ ပုံလှလှလေးတွေတင်နိုင်ဖို့ဒေသခံတွေက Guideလုပ်ရင်းဓာတ်ပုံရိုက်ပေးတဲ့ Serviceလည်းရှိပါသေးတယ်တဲ့။

𝐆𝐨𝐥𝐝𝐞𝐧 𝐖𝐞𝐞𝐤 ပိတ်ရက်က သွားလည်လို့ကောင်းတဲ့အချိန်မို့ တစ်ခါလောက်သွားကြည့်ဖို့တိုက်တွန်းရင်း သဲသောင်ပြင်မှာဓာတ်ဖမ်းနည်းလေးတွေကိုပါ အတူတကွမျှဝေပေးလိုက်ပါတယ်။

𝐀𝐊 𝐓𝐫𝐚𝐯𝐞𝐥 ​၏ 𝐓𝐨𝐭𝐭𝐨𝐫𝐢 ခရီးစဉ် ကွန့်မန့်မှာဖော်ပြပေးထားပါသည်။

Honshū ရဲ့အစောဆုံး​သော Kawazu 🌸ဆာကူရာပွဲတော်အအေးချိန်တဖြည်းဖြည်းလျော့ပါးလာတဲ့ ဆောင်းအကုန်နွေအကူးကာလက 🌸ဆာကူရာတွေရဲ့အချိန်...
23/01/2024

Honshū ရဲ့အစောဆုံး​သော Kawazu 🌸ဆာကူရာပွဲတော်

အအေးချိန်တဖြည်းဖြည်းလျော့ပါးလာတဲ့ ဆောင်းအကုန်နွေအကူးကာလက 🌸ဆာကူရာတွေရဲ့အချိန်ရာသီလို့ဆိုရမှာပါ။ နွေဦးဝင်ရောက်မှုနဲ့အတူ တနှစ်တာစောင့်မျှော်နေခဲ့ရတဲ့🌸ဆာကူရာတို့ တဖန်ပြန်ပွင့်ဖို့အချိန်တန်လို့လာခဲ့ပါပြီ။

Shizuokaခရိုင် Kawazuမြို့မှာတော့ Honshūရဲ့အစောဆုံးသော🌸ဆာကူရာတွေပွင့်ပါတယ်။ နှစ်စဉ် 2လပိုင်းအစလောက်ဆိုစပွင့်ပြီး တခြားသော🌸ဆာကူရာတွေနဲ့မတူ ပန်းရောင်ရင့်ရင့်၊ ပွင့်ဖတ်ကြီးကြီးအမျိုးအစားဖြစ်ပြီး လေဒဏ်မိုးဒဏ်ခံနိုင်ရည်အရှိဆုံး၊ ပွင့်ချိန်သက်တမ်းအကြာဆုံး 🌸ဆာကူရာအမျိုးအစားပဲဖြစ်ပါတယ်။ စပွင့်ချိန်မှကြွေချိန်အထိ ကြာမြင့်ချိန်ကတော့ 1လကျော်ကျော်ရှိပါတယ်။ Kawazuမြို့မှာစတင်ပွင့်တာကိုအစွဲပြုပြီး ပုံစံတူ🌸ဆာကူရာပန်းအမျိုးအစားတွေကို “Kawazu-zakura” လို့ အမည်နာမခေါ်ဆိုခဲ့ကြပါတယ်။

Kawazu-Zakura ကို ワガママな桜 လို့လဲခေါ်ပါသေးတယ်။ ဘာလို့ဆို သူ့ရဲ့ပွင့်ချိန်ကမှန်းရခက်ပြီး နှစ်သစ်ကူးမှာစပွင့်တာမျိုးလည်းရှိခဲ့သလို နောက်ကျတဲ့အချိန်ဆို 2လပိုင်းလလယ်လောက်မှလည်းပွင့်တတ်တာကြောင့်ပါတဲ့။ ဒီအတွက်ကြောင့် ပန်းလာကြည့်တဲ့ဧည့်သည်တွေက မျက်ရည်ကျလောက်စေတဲ့🌸ဆာကူရာဆိုပြီးလည်း တင်စားကြပါသေးတယ်။ တင်စားရလောက်အောင်လည်း အရမ်းလှလွန်းပြီး ပန်းရောင်ကမ္ဘာငယ်လေးထဲရောက်သွားသလို ခံစားရစေတာကို••••

Kawazu 🌸ဆာကူရာပန်းပွဲတော်ဟာ
2024ခုနှစ်အတွက်ဆို 2လပိုင်း1ရက်နေ့မှ29ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ပန်းလာကြည့်သူဦးရေ နှစ်စဉ်1သန်းမှ 2သန်းကြားရှိပြီး၊ နာမည်အကြီးဆုံး ပန်းကြည့်ပွဲတော်တစ်ခုဖြစ်ပါတယ်။ ပထမဆုံးပွင့်တဲ့ Kawazu ဆာကူရာပန်းနဲ့ ဓာတ်ဖမ်းချင်သူများအတွက် AK Travel မှအချိန်မှီဖော်ပြပေးလိုက်ပါတယ်။

မြတ်နိုးရသော အမျိုးသမီးလေးတို့အတွက် 🌸ဆာကူရာနဲ့အတူ အလှဆုံးပို့စ့်ပေးနိုင်အောင် အောက်ကလင့်လေးထဲမှာ ပို့စ့်ပေးနည်းလေးတွေမျှဝေပေးထားပါတယ်နော်။
https://www.facebook.com/100083345582032/posts/168724272582425/?mibextid=rS40aB7S9Ucbxw6v
🌸ဆာကူရာနဲ့အပြိုင်လှနိုင်ကြပါစေ 🙆‍♀️

💁‍♂️   "UNESCO World Heritage Site"          ကမ္ဘာ့အမွေအနှစ်စာရင်းဝင်   ☃️"Shirakawa-gō"Shirakawa-gōလို့ဆိုလိုက်တာနဲ့  ⛄...
15/11/2023

💁‍♂️ "UNESCO World Heritage Site"
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ☃️"Shirakawa-gō"

Shirakawa-gōလို့ဆိုလိုက်တာနဲ့ ⛄️နှင်းအိမ်ပုံစံတွေနဲ့ရွာငယ်လေးကို မျက်လုံးထဲပြေးမြင်ပြီးသားဖြစ်မှာပါ။
Shirakawa-gōဆိုတာ ဘယ်လိုနေရာမျိုးလဲ။ 🤔
ဘာကြောင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရတာလဲ။ 🤔

Gasshō-zukuri အဆောက်အဦးတွေကြောင့်စာရင်းဝင်သွားတာပါ။ Gasshō-zukuriဆိုတာက နှင်းဒဏ်ကိုကြံ့ကြံ့ခံနိုင်အောင် လူအင်အားသုံးပြီးပြုလုပ်ရတဲ့ တြိဂံပုံစံအမိုးအထူကြီးတွေကိုဆိုလိုတာပါ။ လူအယောက်ပေါင်းများစွာနဲ့ ပြုလုပ်ရတာဖြစ်ပြီး၊ အမိုးလဲတာကတော့ နှစ်ပေါင်း၃၀လောက်မှတစ်ခါလဲပါတယ်တဲ့။😮 🌳သစ်တောတွေနဲ့ ဝန်းရံထားတဲ့ရွာလေးဖြစ်ပြီး၊ နှစ်စဉ်ဒီဇင်ဘာလ ကနေ မတ်လအထိ ❄️နှင်းကျလေ့ရှိတာကြောင့်၊ နှင်းကျချိန်ခရီးသွားမည့်သူများအနေနဲ့ကတော့ ကျန်းမာရေးမထိခိုက်ရအောင် အဝတ်အစားထူထူ၊ ဖိနပ်ထူထူစီးလာဖို့ အကြံပေးချင်ပါတယ်။

💁‍♀️ "Takayama မြို့ဟောင်း"

မြို့ပြနဲ့မတူ Edoခေတ် ရှေးဟောင်းရုပ်ရှင်ထဲရောက်သွားသလိုခံစားရစေမည့် မြို့ဟောင်းလေး.....
Edoခေတ်တုန်းကတော့ လက်မှုပညာရှင်တွေ၊ ကုန်သည်တွေ၊ လယ်သမားတွေနဲ့စည်ကားခဲ့ပါတယ်။ ယခုအခါမှာတော့ Street Food ဆိုင်တွေ၊ လက်ဆောင်ပစ္စည်းဆိုင်တွေအပြင်၊ ဂျပန်အရက်မြည်းစမ်းလို့ရတဲ့ဆိုင်လည်းရှိပါတယ်။

💁‍♂️ "Shinhotaka Ropeway"

ဂျပန်နိုင်ငံရဲ့တတိယအမြင့်ဆုံးတောင် Mt. Hotaka ရဲ့ ထိပ်ဆုံးကိုသွားတဲ့Ropewayဖြစ်ပါတယ်။ တစ်ခါထဲနဲ့တောင်ပေါ်အထိတန်းရောက်သွားတာမျိုးမဟုတ်ဘဲ၊ ၂ဆင့်စီးရပါတယ်။ Ropeway Station ၂ခုကိုဖြတ်ကျော်ပြီးရင်တော့ Viewကြည့်လို့ရတဲ့ရင်ပြင်ကျယ်ကြီးနဲ့နှင်းရုပ်လေးက စောင့်ကြိုလို့နေပါလိမ့်မယ်။ တောင်ထိပ်ရဲ့အပူချိန်က အနှုတ်ဒီဂရီဖြစ်တာကြောင့် လက်မှာအပူထုပ်လေးကိုင်ပြီးသွားဖို့ အကြံပြုလိုက်ပါတယ်။

ဖုကုရှိမားမှာလည်း ဒီလိုနေရာလှလှလေးတွေရှိတယ်နော် 💁‍♀️1️⃣ "Ouchijuku (大内宿)"      ဖူကူရှီးမားခရိုင်မှာရှိတဲ့ Ouchijukuမြို့...
18/10/2023

ဖုကုရှိမားမှာလည်း ဒီလိုနေရာလှလှလေးတွေရှိတယ်နော် 💁‍♀️

1️⃣ "Ouchijuku (大内宿)"

ဖူကူရှီးမားခရိုင်မှာရှိတဲ့ Ouchijukuမြို့လေးဟာ အဲဒိုခေတ်တုန်းက Aizuwakamatsuမြို့နှင့် Imaichiမြို့ကို ဆက်သွယ်ထားတဲ့ အရေးကြီးသေား📮စာတိုက်မြို့လေးဖြစ်ပြီး၊ ယနေ့ခေတ်အထိကို သက်ကယ်မိုးထားသောအိမ်များဖြင့် ရှေးအဲဒိုခေတ်ကိုပုံဖော်ပေးသလိုဖြစ်နေတဲ့ မြို့လေးတစ်မြို့ပါ။

Ouchijuku ဝင်ပေါက်ကနေ1ကီလိုမီတာလမ်းတစ်လျှောက်မှာ အမှတ်တရပစ္စည်းအရောင်းဆိုင်များနဲ့စားသောက်ဆိုင်များစွာရှိပြီး၊ ဆိုင်ဖွင့်တဲ့အချိန်က ဆိုင်နဲ့လိုက်ပြီးကွဲပြားပါတယ်။

အထူးသဖြင့် Ouchijukuရဲ့ထူးခြားချက်မှာ Takato soba (ネギそば) ဖြစ်ပြီး ဒီ "ネギそば" အတွက်ပဲ Ouchijukuမြို့ကိုလာလည်တဲ့ ခရီးသွားတွေအများကြီးရှိပါတယ်။ ရောက်ရင်တော့ "ねぎそば" စားကြည့်ဖို့ညွှန်းပါရစေ။

2️⃣ "Tonohetsuri Bridge (塔のへつり)"

Hetsuri ဆိုတာက ဒေသစကားအရ“ချောက်ကမ်းပါး”လို့ဆိုလိုတာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာလေနဲ့ရေတိုက်စားမှုတွေကြောင့် သဘာဝအတိုင်းဖြစ်ပေါ်လာတဲ့ ချောက်ကမ်းပါးဖြစ်ပါတယ်။ ချောက်ကမ်းပါထိကြိုးတံတားထိုးထားတာဖြစ်ပြီး တစ်ဖက်ခြမ်းမှာဆိုရင် ချောက်ကမ်းပါးအတွင်းပိုင်းအလှအပများကိုလေ့လာနိုင်ပါတယ်။ 1943ခုနှစ်မှာ သဘာဝအမွေအနှစ်အဖြစ်သတ်မှတ်ခြင်းခံခဲ့ရတဲ့ နေရာလေးဖြစ်ပါတယ်။

⚠️ ချောက်ကအရမ်းနက်ပြီး နှင်းကျချိန်ဆိုချော်လဲနိုင်တာကြောင့် ဆောင်းရာသီအတွင်းမှာတော့ တံတားပေါ်ကိုဖြတ်သန်းခွင့်ပိတ်ထားပါတယ်။

3️⃣ "Tsuruga Castle (鶴ヶ城)"

Tsuruga ရဲတိုက်ကို 1384ခုနှစ်တွင်တည်ဆောက်ခဲ့ပြီး Aizuဒေသရဲ့အဆင့်ဆင့်အုပ်ချုပ်သူများကြားမှာ ပြုပြင်မွမ်းမံမှုများစွာရှိခဲ့ပါတယ်။ ရဲတိုက်ရဲ့အပေါ်ဆုံးထပ်ထိတက်နိုင်ပြီး၊ အနီးနားရှိမြို့များကိုအပေါ်စီးကနေကြည့်ရှုနိုင်ပါတယ်။ အဆောက်အဦးအတွင်းပိုင်းမှာတော့ ရဲတိုက်သမိုင်းနှင့်ဆာမူရိုင်းလူနေမှုပုံစံအကြောင်းပြခန်းများကို ခင်းကျင်းပြသထားပါတယ်။

Tsuruga ရဲတိုက်ကို ပန်းခြံဖြင့်ဝန်းရံထားပြီး၊ ၄လပိုင်းလလယ်လောက်မှာ🌸ဆာကူရာပွင့်ပြီး၊ 10လပိုင်းအကုန်လောက်မှာ 🍁မိုမိဂျိအရောင်ပြောင်းပါတယ်။

🇯🇵ဂျပန်ရဲ့ဆောင်းရာသီအလှကိုဖော်ကြူးနေတဲ့နေရာတွေထဲမှာ မေ့ထားလို့မရတဲ့ "အိုရှင်းရွာ"အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ တခေတ်တ...
12/10/2023

🇯🇵ဂျပန်ရဲ့ဆောင်းရာသီအလှကိုဖော်ကြူးနေတဲ့နေရာတွေထဲမှာ မေ့ထားလို့မရတဲ့ "အိုရှင်းရွာ"

အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ တခေတ်တခါက လျှမ်းလျှမ်းတောက်နာမည်ရခဲ့တဲ့ "အိုရှင်း" ရုပ်ရှင်ဇာတ်လမ်းရိုက်ကူးခဲ့တဲ့ရွာလေးက "ရာမဂတ" မှာရှိတယ်ဆိုတာသိပြီးကြပြီလား။
အိုရှင်းရွာလေးနဲ့အတူစိတ်ဝင်စားစရာအကြောင်းရာအချို့နဲ့နေရာအချို့ကိုဖော်ပြပေးလိုက်တာမို့ တပုံချင်းစီမှာဖတ်ရှုနိုင်ပါတယ်။

🧳✈️ နေရာလှလှလေးတွေရဲ့အချက်အလက်တွေကို
အမြဲဖော်ပြပေးနေတဲ့ AK Travel Info ကိုလည်း Like & Share လေးလုပ်ပေးကြပါအုံးနော် 🙆‍♀️

UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင် """Nikko (日光)"""Tochigi ခရိုင်မှာတည်ရှိပြီး၊ စိမ်းလန်းစိုပြေသောသစ်တောများ၊ အံ့မခန်းသောဘု...
03/10/2023

UNESCO ကမ္ဘာ့အမွေအနှစ်စာရင်းဝင် """Nikko (日光)"""

Tochigi ခရိုင်မှာတည်ရှိပြီး၊ စိမ်းလန်းစိုပြေသောသစ်တောများ၊ အံ့မခန်းသောဘုရားကျောင်းများနှင့်နတ်ကွန်းများကြောင့် ယူနက်စကိုစာရင်းဝင်ခဲ့ပါတယ်။

🍂ဆောင်းဦးဝင်လာပြီဖြစ်တာကြောင့် Nikkō ဟာမကြာမီ 🍁မိုမိဂျိအချိန်ကို​ရောက်ရှိလာတော့မှာပါ။ Nikkōရဲ့ 🍁မိုမိဂျိအလှနဲ့ လည်ပတ်စရာနေရာအချို့ကို ရွေးထုတ်ဖော်ပြပေးလိုက်ပါတယ်နော်။
နေရာတစ်ခုချင်းစီရဲ့အချက်အလက်များကိုတော့ ပုံတွေအောက်မှာ ဆက်လက်ဖတ်ရှုလေ့လာလို့ရပါတယ်။

1️⃣ 神橋         (Shinkyō)
2️⃣ 華厳滝        (Kegon Falls)
3️⃣ 鬼怒楯岩大吊り橋   (Kinutateiwaōtsuri bridge)
4️⃣ 日光江戸村      (Edo Wonderland)
5️⃣ 東武ワールドスクエア (Tōbu World Square)
6️⃣ 中禅寺湖       (Lake Chūzenji)
7️⃣ 日光東照宮      (Nikkō Tōshōgū)

🇯🇵ဂျပန်နိုင်ငံရဲ့နာမည်ကြီး ♨️ရေပူစမ်း ၃ ခုထဲက တစ်ခုဖြစ်တဲ့ "Kusatsu Onsen (草津温泉)"Gunmaခရိုင်မှာတည်ရှိပြီး ရေပူစမ်းစိမ်လိ...
22/09/2023

🇯🇵ဂျပန်နိုင်ငံရဲ့နာမည်ကြီး ♨️ရေပူစမ်း ၃ ခုထဲက တစ်ခုဖြစ်တဲ့ "Kusatsu Onsen (草津温泉)"

Gunmaခရိုင်မှာတည်ရှိပြီး ရေပူစမ်းစိမ်လို့ရတဲ့ဆိုင်ခန်း၊ ရိုးရာအစားအစာဆိုင်ခန်းများနှင့် စည်ကားလှတဲ့ရေပူစမ်းမြို့လေးတစ်မြို့ဖြစ်ပါတယ်။ အဆောက်အဦးများက ရှေးယခင်ခေတ်ပုံစံတွေဖြစ်တာမို့ Yukata (浴衣)👘 ဝတ်ပြီးမြို့ထဲလည်ပတ်သူများလည်းရှိပါတယ်။

♨️Kusatsu Onsen ကဘာကြောင့် Top 3ထဲက တစ်ခု ဖြစ်နေရတာလဲ။ 🤔

♨️Kusatsu ရဲ့ရေမှာ ဆာလဖျူရစ်အက်စစ်ပါဝင်မှုများပြီး ဘက်တီးရီးယားပိုးမွှားများကိုတိုက်ဖျက်နိုင်သော အစွမ်းထက်အာနိသင်ရှိတာကြောင့်၊ ရှေးယခင်ခေတ်ကတည်းက လူပေါင်းများစွာရဲ့စိတ်နှင့်ခန္ဓာကိုယ်ကိုကုသပေးတဲ့ နာမည်ကျော်ရေပူစမ်းတစ်ခုဖြစ်ပါတယ်။ ရေရဲ့အနံ့က ဆာလဖာအနံ့ပြင်းတာမို့၊ Kusatsuဆိုတာ “Kusai-Mizu”ဆိုတဲ့စကားလုံးကနေဆင်းသက်လာတယ်လို့လဲဆိုကြပါတယ်။

♨️Kusatsu ရေပူစမ်းမြို့ရဲ့သင်္ကေတကတော့ မြို့လယ်ခေါင်မှာရှိတဲ့ "Yubatake" လို့ခေါ်တဲ့နေရာဖြစ်ပါတယ်။ ရေပူထွက်တဲ့နေရာအရင်းအမြစ်ရဲ့အပူချိန်က 70ဒီဂရီစင်တီဂရိတ်အထက်ရှိပြီး မိနစ်တိုင်းမှာ 4,000လီတာခန့်ထွက်ပါတယ်။ အပူချိန်70ဒီဂရီအထက်ဆိုပြီးလန့်မသွားကြပါနဲ့အုံး။ Kusatsu မြို့လေးရဲ့အပူချိန်က အပူဆုံးလဖြစ်တဲ့8လပိုင်းမှာတောင် ပျှမ်းမျှအပူချိန်က18ဒီဂရီပဲရှိတာကြောင့် 12လရာသီလုံးက ♨️ရေပူစမ်းစိမ်ဖို့အကောင်းဆုံးဖြစ်နေတာပါ။

"Yubatake" ကိုအလွယ်ပြောရရင်တော့ ရေပူတွေကိုစိမ်လို့ရတဲ့အနေအထား‌ဖြစ်အောင် သစ်သားရေတံလျှောက် ၇ခုကိုဖြတ်သန်းစီးဆင်းအအေးခံစေပြီး ပတ်ပတ်လည်မှာရှိတဲ့ ရေပူစမ်းဆိုင်ခန်းတွေဆီကို ဖြန့်ဝေပေးတဲ့နေရာဖြစ်ပါတယ်။
အချိန်ကြာလာတာနဲ့အမျှ "Yubatake"ရဲ့တစ်ချို့နေရာမှာတော့ ရေတွေကအနည်ထိုင်လာပါတယ်။ အဲ့ဒါတွေကိုတော့ “Yunohana”လို့ ခေါ်ပြီး၊ ရေချိုးဆား(bath salts) အနေနဲ့ရောင်းချပါတယ်။

Yubatake ပတ်ပတ်လည်ဧရိယာသည် ရေချိုးပြီးနောက် အေးအေးလူလူအနားယူနိုင်တဲ့ပန်းခြံတစ်ခုဖြစ်တာမို့၊ စိတ်ရောလူပါ relaxဖြစ်စေပါမယ်လို့အာမခံရင်း တစ်ခေါက်လောက်သွားရောက်အပန်းဖြေကြည့်ဖို့ အကြံပြုလိုက်ပါတယ်။ 🤗

🍁Momiji သက်ဝင်ချိန် တစ်မူလှပတဲ့ Kamikōchi(上高地)Nagano ခရိုင်မှာတည်ရှိတဲ့ Kamikōchiရဲ့ 🍁မိုမိဂျိအချိန်ကိုဖော်ကြူးရမယ်ဆို.....
14/09/2023

🍁Momiji သက်ဝင်ချိန် တစ်မူလှပတဲ့ Kamikōchi(上高地)

Nagano ခရိုင်မှာတည်ရှိတဲ့ Kamikōchiရဲ့ 🍁မိုမိဂျိအချိန်ကိုဖော်ကြူးရမယ်ဆို... သန့်ရှင်းလတ်ဆတ်တဲ့လေညှင်း၊ ကျေးငှက်တို့ရဲ့အသံနဲ့အတူ၊ ရေပြင်မှာအနီရောင်၊ လိမ္မော်ရောင်၊ ရွှေရောင်ထင်ဟပ်နေတဲ့အချိန်ဖြစ်ပါတယ်။ သဘာဝတရားသီးသန့်တည်ရှိနေတဲ့နေရာလေးတစ်နေရာဖြစ်ပြီး၊ ရောက်ဖူးသူတိုင်းနောက်တစ်ခေါက်ပြန်သွားချင်မှာအမှန်ပါပဲ။

Naganoခရိုင်ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့နေရာမှာ နာမည်ကြီးပြီး၊ Kamikōchiမှာတော့ ထူးခြားချက်၂ချက်ရှိပါတယ်။

နံပတ်"၁"ကတော့ ပတ်ဝန်းကျင်မပျက်စီးစေရန်ရည်ရွယ်ပြီး အထဲကိုသွားဖို့အတွက် သတ်မှတ်ထားတဲ့ Bus or Taxi စီးရပါတယ်။ ကိုယ်ပိုင်ကားနဲ့ဆို Busမှတ်တိုင်အထိပဲရောက်မှာဖြစ်ပါတယ်။

နံပတ်"၂"ကတော့ သန့်စင်ခန်းတွေရဲ့အရှေ့မှာ အကြွေစေ့ပုံးလေးတွေထားထားပါတယ်။ အဲ့ဒီကရသမျှကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သန့်စင်ခန်းထိန်းသိမ်းရေးအတွက်အသုံးပြုပါတယ်။ သန့်စင်ခန်းတစ်ခါသုံးရင် ယန်း၁၀၀ထည့်ရမှာမို့ အကြွေလေးဆောင်ထားဖို့ ကြိုတင်အသိပေးလိုက်ပါတယ်။

🍁UNESCOစာရင်းဝင် ပဥ္စလက်ဆန်တဲ့ရွာငယ်လေး Shirakawa-gō(白川郷)Shirakawa-gō လို့ဆိုလိုက်တာနဲ့  ❄️နှင်းအိမ်ပုံစံတွေနဲ့ရွာငယ်လေး...
11/09/2023

🍁UNESCOစာရင်းဝင် ပဥ္စလက်ဆန်တဲ့ရွာငယ်လေး Shirakawa-gō(白川郷)

Shirakawa-gō လို့ဆိုလိုက်တာနဲ့ ❄️နှင်းအိမ်ပုံစံတွေနဲ့ရွာငယ်လေးကိုပဲ မျက်လုံးထဲပြေးမြင်မိကြမယ်ထင်ပါတယ်။ နှင်းအိမ်လေးတွေဆိုပြီးနာမည်ကြီးတဲ့ Shirakawa-gōရွာငယ်လေးကို ရွှေအိုရောင်တွေနဲ့ ခြယ်မှုန်းလိုက်တဲ့အချိန်လဲရှိပါတယ်နော်။ အဲ့ဒီအချိန်ကတော့ ဆောင်းဦးရွက်ကြွေတဲ့🍁Momijiအချိန်ပဲ ဖြစ်ပါတယ်။

ဆောင်းဦးရာသီရဲ့ Shirakawa-gōအလှဟာ ဆောင်းရာသီနဲ့မတူ 🍂သစ်ရွက်တွေကြွေလုနီးနီးရွှေဝါရောင်၊ အနီရောင်တွေနဲ့တမူထူးခြားနေတာမို့ ပဥ္စလက်ဆန်တဲ့ရွာငယ်လေးလို့ သုံးနှုန်းလိုက်ပါတယ်။

Shirakawa-gō ဆိုတာဘယ်လိုနေရာမျိုးလဲ။ ဘာကြောင့် UNESCOရဲ့ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရတာလဲ။ 🤔

Gasshō-zukuri အဆောက်အဦးတွေကြောင့်စာရင်းဝင်သွားတာပါ။ Gasshō-zukuriဆိုတာက နှင်းဒဏ်ကိုကြံ့ကြံ့ခံနိုင်အောင် လူအင်အားသုံးပြီးပြုလုပ်ရတဲ့ တြိဂံပုံစံအမိုးအထူကြီးတွေကိုဆိုလိုတာပါ။ လူအယောက်ပေါင်းများစွာနဲ့ ပြုလုပ်ရတာဖြစ်ပြီး၊ အမိုးလဲတာကတော့ နှစ်ပေါင်း၃၀လောက်မှတစ်ခါလဲပါတယ်တဲ့။😮 🌳သစ်တောတွေနဲ့ ဝန်းရံထားတဲ့ရွာလေးဖြစ်ပြီး၊ နှစ်စဉ်ဒီဇင်ဘာလ ကနေ မတ်လအထိ ❄️နှင်းကျလေ့ရှိပါတယ်။

Top 10 စာရင်းဝင် 🌉 Yume no Tsuribashi (夢の吊り橋)'Yume no Tsuribashi' ဟာ ၂၀၁၂ ခုနှစ်မှာ ကမ္ဘာပေါ်တွင်အကြီးဆုံးခရီးသွား Websi...
23/08/2023

Top 10 စာရင်းဝင် 🌉 Yume no Tsuribashi (夢の吊り橋)

'Yume no Tsuribashi' ဟာ ၂၀၁၂ ခုနှစ်မှာ ကမ္ဘာပေါ်တွင်အကြီးဆုံးခရီးသွား Website တစ်ခုဖြစ်တဲ့ Tripadvisor ကနေပြုစုထားသော "10 Suspension Bridges Around the World You Must Cross Before You Die" ရဲ့ အဆင့်၁၀မှာ ရပ်တည်ခဲ့ပြီး ကျယ်ဝန်းလှတဲ့ရေပြာကန်ကြီးအပေါ်မှာ ထိုးထားတဲ့ကြိုးတံတားပါ။ ကြိုးတံတားမှာ အရှည် ၉၀မီတာ၊အမြင့်၈မီတာရှိပါတယ်။

Yume no Tsurihashi ဟာ Shizuoka မှာတည်ရှိပြီး တိုကျိုကနေကားနဲ့ ၄နာရီလောက်သွားရပေမယ့် တောင်တက်တောင်ဆင်းရှုမောဖွယ်ရာသဘာဝတရားတွေနဲ့ပြည့်နှက်နေပါတယ်။ ကားပါကင်ကဆင်းရင်တံတားဆီကိုမိနစ်၃၀ခန့်လမ်းလျှောက်ရပြီး‌ လျှောက်ရတဲ့လမ်းကတော့ပြေပြစ်ပြီးတောအုပ်လေးဆိုတော့ စိတ်ပေါ့ပါးပြီးအေးချမ်းမှုရရှိစေမှာအမှန်ပါပဲ။

လမ်းတစ်ဝက်လောက်မှာ Tenshi Tunnel (天子トンネル) ဆိုတဲ့ ဥမင်လိုဏ်ခေါင်းတစ်ခုကိုတွေ့ရမှာဖြစ်ပြီး၊ ဆောင်းရာသီဆို မြစ်အဖျားပိုင်းက လေတွေလိုဏ်ခေါင်းထဲကိုတိုက်ခတ်လေ့ရှိပါတယ်။ 'Ryujin no Kaze (龍神の風)' လို့ခေါ်ပြီး၊ အဲ့လေကိုထိရင်ရောဂါဘယကင်းဝေးပြီး ကျန်းမာတယ်လို့ ယုံတမ်းစကားတော့ရှိပါတယ်။

တံတားကိုအဝေးကနေလှမ်းမြင်ရတာနဲ့တင်အမောပြေစေပြီး၊ ဘာလို့မသေခင်လျှောက်ချင်တဲ့ကြိုးတံတားဖြစ်လာရလဲဆိုတာ လက်တွေ့မြင်ရင်ယုံသွားကြမှာ အသေအချာပါ။ ကြိုးတံတားပေါ်ကို လူ၁၀ယောက်ပဲ ဖြတ်ခွင့်ရှိတာမို့တန်းစီရပါတယ်။ ရှုခင်းကလှလို့ ဓာတ်ပုံရိုက်ပြီးခံစားသက်ဝင်နေတာနဲ့တင် အချိန်ကုန်လို့ကုန်မှန်းမသိလိုက်တာတော့အမှန်ပါ။

နာမည်အတိုင်း “တံတားပေါ်မှာဆုတောင်းရင် ဆုတောင်းလိုက်တဲ့ အိမ်မက်ဟာပြည့်တယ်”လို့ဆိုကြ‌တယ်။ နောက်တစ်ခုက တံတားအလယ်မှာ ဆုတောင်းရင် အချစ်ရေးမှာအောင်မြင်မှုရနိုင်တယ်လို့ ဆိုကြပြန်ပါတယ်။ "မိန်းကလေးတွေဆုတောင်းရင် ပိုပြီးအကျိုးထူး"ပါတယ်တဲ့။

အိပ်မက်ကြိုးတံတားကနေ ကားနဲ့ နာရီဝက်သွားရင်တော့ 'Okuoikojo Station' ကိုရောက်ပါမယ်။ ပုံမှာပါတဲ့အတိုင်း ရေကန်အလယ်မှာရထားဘူတာဆောက်ထားတာမို့ အမြင်ဆန်းပါတယ်။ 'Okuoikojo Station Observatory' ကနေအလှအပကိုအရင်ခံစားပြီးမှ တံတားပေါ် လမ်းလျှောက်ကြည့်ပါလို့ အမှာပါးပါရစေ။

အကြာကြီးကားစီးရပေမဲ့၊ ဘဝအမောတွေခဏတာပြေ‌ပြီး သွားရတာတန်တယ်လို့ခံစားမိစေမှာမို့ ခရီးစဥ်ရှိရင်သွားကြည့်ဖို့ "အိုစုစုမဲ" လုပ်ပါတယ်။

ဂျပန် နိုင်ငံရဲ့ အကြီးမားဆုံး ပွဲတော်တွေထဲက တစ်ခုဖြစ်တဲ့ Awaodori ပွဲတော်(阿波踊り/あわおどり) 💃ဘာလိုလိုနဲ့ လာမည့်အပတ်ဆို နွေရာသီ...
06/08/2023

ဂျပန် နိုင်ငံရဲ့ အကြီးမားဆုံး ပွဲတော်တွေထဲက တစ်ခုဖြစ်တဲ့
Awaodori ပွဲတော်(阿波踊り/あわおどり) 💃

ဘာလိုလိုနဲ့ လာမည့်အပတ်ဆို နွေရာသီပိတ်ရက် お盆休みရောက်ပါပြီ။ ☺️

အိုဘွန်း ရောက်ပြီဆို ကျင်းပကြတဲ့ အကြီးဆုံး ပွဲတော်၊ လာရောက်ကြည့်ရှုသူပေါင်း 1.5 million အထိ ဆွဲဆောင်ထားနိုင်တဲ့ ပွဲတော်၊ နှစ်ပေါင်း ၄၀၀ ကျော် သက်တမ်းရှိနေပြီဖြစ်တဲ့ ပွဲတော် - Awaodori အကြောင်း မျှဝေပေးပါရစေ။

ပုံလေးတွေအရင်ကြည့်ကြည့်ပြီးမှ အောက်ကစာ ဖတ်ပါရင် ပိုပြည့်စုံပါလိမ့်မယ်။ 🤗

Awaodori ရဲ့ မူလရင်းမြစ်ကတော့ Tokushima ခရိုင်ပါ။ Awa ဆိုတဲ့ အဓိပ္ပာယ်က “Tokushima ရဲ့ Former နာမည်” ဖြစ်ပြီး၊ odori ကတော့ “အက”ပါ။
ဘယ်လို ကကြတာလဲ?
「連」ဆိုတဲ့ အုပ်စုဖွဲ့ပြီး ကကြပါတယ်။ ဗုံကြီးတွေကို လွယ်ပြီး တီးသူက တီး၊ ကသူက က၊ တူရီယာမျိုးစုံ ကကွက်ဆန်း မျိုးစုံနဲ့ အဖွဲ့ပေါင်း တစ်ရာကျော် က လမ်းကြားတွေမှာ ညနေစောင်းကနေပြီး ညအထိ အလှည့်ကျ ကပြကြပါတယ်။ တူရိယာတွေဆီက ထွက်လာတဲ့ အသံ၊ အားမာန်အပြည့်နဲ့ ကပြတဲ့ အကအလှ တွေဟာ ပွဲလာသူ ဧည့်ပရိတ်သတ်များပါ ဝင်ကချင်စိတ်ဖြစ်အောင် ဖန်တီးပေးတဲ့အတွက်၊ မောပန်းနေတာတွေလည်း ဖြေဖျောက်ပေးနိုင်ပါတယ်။ တကယ်တော့ Awaodori ဟာ ဒီတိုင်း တင်ဆက်ပြတဲ့ ပွဲ တစ်ခုတည်း မဟုတ်ဘဲ၊ ပြိုင်ပွဲဆိုလည်း မမှားပါဘူး။ Awaodori ကို “Fool Dance” လို့လည်း ခေါ်ပါသေးတယ်။ သူတို့ ကတဲ့အချိန် ဆိုတဲ့သီချင်းရဲ့အဓိပ္ပာယ်ကနေတစ်ဆင့် နာမည်ရလာတာပါ။ 「ヤットサー」「ア、ヤットサー」လို့ဆိုပြီးလည်း ကလေ့ရှိပါတယ်။

ကဲ … Awaodori အကြောင်း တီးမိခေါက်မိပြီဆိုတော့၊ အချိန်မလွန်ခင် ကျင်းပမည့် နေရာလေးတွေ ဝေမျှပေးလိုက်ပါတယ်။ 🥁 အရမ်းကို ထူးခြားပြီး တဒုန်းဒုန်းနဲ့ ကလေးရော လူကြီးပါမကျန် ရင်ခုန်စိတ်လှုပ်ရှားရမည့် ပွဲတော်မို့ အချိန်အခွင့်သင့်ရင် သွားကြည့်ဖို့ အိုစုစုမဲ လုပ်လိုက်ပါတယ်။✨

၁။ 徳島県 မှာ အဓိက ကျင်းပါပါတယ်။
 徳島駅 ကနေ ၁၀မိနစ် လမ်းလျှောက်ရင် ရောက်ပါပြီ။ နှစ်စဉ် ၈လပိုင်း ၁၂ရက်နေ့ကနေ ၁၅ရက်နေ့အထိ ၄ရက်တာ ကျင်းပပြီး၊ အချိန်ကတော့ ညနေ ၆နာရီကနေ ည ၁၀ နာရီထိပါ။

၂။ 東京都、高円寺駅
 တိုကျိုမှာကတော့ Covid ကြောင့် ပွဲတော်ကို ရပ်ထားတာ ၃နှစ်ကျော်ခဲ့ပါပြီ။ ဒီနှစ်ကတော့ 4နှစ်အကြာမှ ပြန်ကျင်းပမဲ့ ပွဲတော်မို့ ကြည့်ချင်လွန်းလို့ အရမ်းပဲ စိတ်လှုပ်ရှားနေပါပြီ။
နေရာ - JR「高円寺」駅、
東京メトロ・丸ノ内線「新高円寺」
   Koenji ဘူတာ
ကျင်းပမည့်ရက် - ၈လပိုင်း ၂၆ ရက်နဲ့ ၂၇ရက်
အချိန် - ညနေ ၅နာရီမှ ၈နာရီ

ကဲ… ရသပေါင်းစုံ ခံစားရမယ်ဆိုတာ အာမခံတာမို့ အချိန်ရရင် လက်မလွတ်ဘဲ သွားရောက် ခံစားကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။

See you ….

#阿波踊り

🗻 ဖူဂျီတောင်မတက်ခင် ဝင်ရောက်ဆုတောင်းသွားသင့်တဲ့ "Fujiyoshida Sengen Shrine" ⛩ (北口本宮冨士浅間神社)⛩ "Sengen Shrine" ဆိုတာက  🗻ဖူဂ...
04/08/2023

🗻 ဖူဂျီတောင်မတက်ခင် ဝင်ရောက်ဆုတောင်းသွားသင့်တဲ့
"Fujiyoshida Sengen Shrine" ⛩ (北口本宮冨士浅間神社)

⛩ "Sengen Shrine" ဆိုတာက 🗻ဖူဂျီတောင်ကိုစောင့်ရှောက်နေတဲ့ နတ်တွေထဲကတစ်ပါးဖြစ်တဲ့ နတ်သမီးကိန်းအောင်းရာ နတ်ဘုရားကျောင်း" ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။

နတ်သမီးလေးကအရမ်းလှတော့ ကောင်းကင်ဘုံရဲ့မြေးဖြစ်သူ နတ်သားလေးရဲ့ဇနီးဖြစ်လာခဲ့တယ်။ အဆိုအရ မီးတဟုန်းဟုန်းတောက်လောင်နေတဲ့ကြားမှာ နတ်သမီးက သား၃ယောက်ကိုဘေးကင်းစွာမွေးဖွားခဲ့တယ်ဆိုတဲ့ ပါးစပ်ရာဇဝင်တစ်ပုဒ်ရှိခဲ့တာကြောင့်၊ ယခုနောက်ပိုင်းမှာတော့ ကလေးမွေးဖွားရာတွင်အခက်ခဲမရှိစေခြင်း၊ မီးဘေးကာကွယ်ခြင်းဆိုတဲ့အရာတွေအတွက် "Fujiyoshida Sengen Shrine" ဆီ လာရောက်ဆုတောင်းလေ့ရှိကြပါတယ်။

"Sengen Shrine" တွေအများကြီးထဲမှာမှ "Fujiyoshida Sengen Shrine" ကဖူဂျီတောင်မြောက်ဘက်ပိုင်းရဲ့ အဓိကနတ်ဘုရားကျောင်းဖြစ်ပါတယ်။ ရှေးယခင်ကတော့ ဖူဂျီတောင်ကိုမြောက်ဘက်ပိုင်းကနေတက်မည့်သူများက ဖူဂျီတောင်မတက်ခင် "Fujiyoshida Sengen Shrine" မှာဆုတောင်းလေ့ရှိကြတယ်။ ယခုမှာတော့ ဖူဂျီတောင်5လွှာအထိကားနဲ့သွားပြီး 5လွှာကနေခြေလျင်တက်ကြတာကလူကြိုက်များလာပါတယ်။

နတ်ကျောင်းရဲ့အဆောက်အဦးတစ်ဖက်ဆီမှာ "Fuji Couple Cypress" နဲ့ "Fujitaro cedar" ဆိုတဲ့ နှစ်ပေါင်းတစ်ထောင်သက်တမ်းရှိပြီး အရှည် ၃၃မီတာရှိတဲ့ နတ်သစ်ပင် ၂ပင် ရှိပါတယ်။ "Fujitaro cedar" ကတော့ Yamanashi စီရင်စုရှိ ပထမဆုံးသဘာဝအထိမ်းအမှတ်အဖြစ် သတ်မှတ်ခံရသော သစ်ပင်ကြီးဖြစ်ပါတယ်။ "Fuji Couple Cypress" ကတော့ အမြစ်တစ်ခုထဲကနေ ပင်စည်၂ခုကွဲထွက်ပြီး တစ်ပင်နဲ့ တစ်ပင် မှီခိုနေတာမို့ "Couple Cypress" ဆိုတဲ့ နာမည်လေးရလာတာပါ။

စိတ်အေးချမ်းပြီး၊ သစ်တောနဲ့ နတ်ဘုရားအကြောင်း စိတ်ဝင်စားသူများ သွားရောက်လေ့လာသင့်ပါတယ်။

"Mt.Ōmuro (大室山)"Izu ကျွန်းဆွယ်အရှေ့ဘက်မီးတောင်များထဲမှတစ်ခုဖြစ်ပြီး၊ လွန်ခဲ့သောနှစ်ပေါင်း4000ခန့်ကပေါက်ကွဲခဲ့ပါတယ်။ ပန်း...
24/05/2023

"Mt.Ōmuro (大室山)"

Izu ကျွန်းဆွယ်အရှေ့ဘက်မီးတောင်များထဲမှတစ်ခုဖြစ်ပြီး၊ လွန်ခဲ့သောနှစ်ပေါင်း4000ခန့်ကပေါက်ကွဲခဲ့ပါတယ်။ ပန်းကန်လုံးမှောက်ထားသကဲ့သို့ပုံသဏ္ဍာန်ရှိပြီး၊ အမြင့်ပေ 580မီတာရှိတဲ့ မီးတောင်သေ(Dead Volcano)🌋 တခုဖြစ်ပါတယ်။

တောင်ထိပ်အထိကို Liftနဲ့တက်ရတာဖြစ်ပြီး၊ တောင်ပေါ်ရောက်ရင် တောင်တစ်ပတ်လမ်းလျှောက်ချိန်ကတော့ 15မိနစ်မှ30မိနစ်ခန့်ကြာမြင့်ပါတယ်။ တောင်ထိပ်ကနေ ဖူဂျီတောင်အပြင်၊ Izuကျွန်းစုတွေအထိမြင်တွေ့နိုင်ပါတယ်။ Outdoor activity အနေနဲ့မြှားပစ်လို့ရတဲ့နေရာရှိပါတယ်။ (¥1500)

2010ခုနှစ်တွင် သဘာဝအထိမ်းအမှတ်အဖြစ်သတ်မှတ်ခြင်းခံခဲ့ရပြီး၊ 2018ခုနှစ်မှာ Mt.Ōmuroတည်ရှိတဲ့ Izuကျွန်းဆွယ်ကို UNESCO ရဲ့ကမ္ဘာလုံးဆိုင်ရာဘူမိပန်းခြံအဖြစ်အသိအမှတ်ပြုခြင်းခံခဲ့ရတာကြောင့်၊ Mt.Ōmuroဟာ Izuကျွန်းဆွယ်ရဲ့အထိမ်းအမှတ်ပြယုဒ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

"Jōgasaki Coast (城ヶ崎海岸)"

Jōgasaki Coastကတော့ Mt.Ōmuro မီးတောင်ပေါက်ကွဲမှုကနေထွက်လာတဲ့ချော်ရည်တွေ ပင်လယ်နဲ့ထိတွေ့အေးခဲပြီး ကျောက်သားထုကြီးအဖြစ်သို့ပြောင်းလဲသွားကာ ဖြစ်ပေါ်လာခဲ့တဲ့ 9ကီလိုမီတာအလျားရှိသည့်ကမ်းရိုးတန်းတခုဖြစ်ပါတယ်။ ကျောက်ဆောင်ကျောက်သားများပြည့်နှက်လျက်ရှိသည့်ကမ်းရိုးတန်းတလျောက် ရင်သပ်ရှုမောဖွယ်ပင်လယ်အလှကိုလည်းခံစားရင်း Ōshimaကျွန်း၏အလှကိုလည်းမြင်တွေ့ခံစားနိုင်ပါတယ်။

ရာသီဥတုသာယာသောနေ့များမှာ လာရောက်လည်ပတ်သူများ သဘောကျနှစ်ခြိုက်လေ့ရှိသည့် Izuကျွန်းများရဲ့သဘာဝအလှတရားများကိုပါမြင်တွေ့ခံစားနိုင်ပါတယ်။
ထို့အပြင် "Kadowaki Lighthouse (門脇埼灯台)"ကိုလည်းဝင်ရောက်ကြည့်ရှုနိုင်မည့်အပြင် မီးပြတိုက်မှ ပင်လယ်ရှုခင်းနှင့် Mt.Ōmuroကိုလည်းမြင်တွေခံစားနိုင်ပါတယ်။
မီးပြတိုက်ကိုကျော်လွန်ပြီးရင်တော့ ပင်လယ်ရေအထက်23မီတာအမြင့်ရှိပြီး 48မီတာရှည်လျားတဲ့ Kadowaki ကြိုးတံတားပေါ်မှတဆင့် ပင်လယ်ရှုခင်းနှင့်ကမ်းရိုးတန်းအလှများကို တဝကြီးခံစားနိုင်တဲ့နေရာတခုဖြစ်ပါတယ်။ ကြိုးတံတားပေါ်လျောက်တဲ့အချိန်ကတော့ တကယ်ကိုစိတ်လှုပ်ရှားစရာအကောင်းဆုံးအချိန်ဖြစ်မယ်ဆိုတာ အသေအချာပါပဲ။

"日本寺大仏"~"海ほたる"~"牛久大仏"~"ひたち海浜公園"1. Nihon-ji (日本寺大仏)    Nihon-ji ထိုင်တော်မူဘုရားကြီးအနေနဲ့ လူသိများလာခဲ့တဲ့ Nihon-ji Temp...
20/04/2023

"日本寺大仏"~"海ほたる"~"牛久大仏"~"ひたち海浜公園"

1. Nihon-ji (日本寺大仏)

Nihon-ji ထိုင်တော်မူဘုရားကြီးအနေနဲ့ လူသိများလာခဲ့တဲ့ Nihon-ji Templeကတော့ လွန်ခဲ့သောနှစ်ပေါင်း 1,300 ခန့်ကတည်းက တည်ရှိခဲ့တာဖြစ်ပါတယ်။ ဘယ်ဘက်လက်ဖဝါးတော်မှာ ဆေးအိုးကိုတင်ထားတာမို့ ဘုရားကြီးကို Medicine Buddha လို့ခေါ်ပါသေးတယ်။ ခံစားနေရတဲ့ဝေဒနာတွေပျောက်ကင်းအောင် ဆုတောင်းလေ့ရှိကြပါတယ်။ ထိုင်တော်မူဘုရားကြီးအပြင်၊ အခြားသော ဗုဒ္ဓရုပ်ပွားတော်တွေအများကြီး သီတင်းသုံးနေပါသေးတယ်။

အဲ့တာတွေအပြင် တောင်ရဲ့ထိပ်ဆုံး တောင်ထိပ်မှာ ငေါထွက်နေတဲ့ အငူနေရာလေးလည်းရှိပါသေးတယ်။ အဲ့နေရာကိုတော့ Jigoku Nozoki (View of Hell) (山頂展望台地獄のぞき)လို့ ခေါ်ပါတယ်။ အမြင့်မကြောက်ရင်တော့ ရောက်အောင်သွားကြည့်ဖို့ အကြံပေးပါတယ်။ လှပတဲ့ရှုခင်းနဲ့ ငေးမောစရာ အလှကစောင့်ကြိုနေပါလိမ့်မယ်။

2. Umihotaru (海ほたる)

Umihotaru သည် ပင်လယ်ဖြင့်ဝန်းရံထားသော ထူးခြားတဲ့ကားပါကင်နေရာဖြစ်ပါတယ်။
လူလုပ်ထားတဲ့ ကျွန်းအတု ပေါ်မှာ တည်ဆောက်ထားတာဖြစ်ပြီး၊ ၅ထပ်ရှိပါတယ်။
ပထမထပ်ကနေ ၃လွှာအထိက ကားပါကင်နေရာများ ပါရှိပြီး၊ ၄ လွှာနှင့် ၅ လွှာမှာတော့ တိုကျိုပင်လယ်အော်၏ 360° ရှုခင်းကို ရှုစားနိုင်တဲ့ ဈေးဆိုင်နဲ့ စားသောက်ဆိုင်တွေ ရှိပါတယ်ခင်ဗျ။

3. Ushiku Daibutsu (牛久大仏)

ရပ်တော်မူဘုရားကြီးဟာ 1993ခုနှစ်မှာဆောက်လုပ်ပြီးစီးခဲ့တာဖြစ်ပြီး၊ ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော်တွေထဲမှာ နံပတ် ၅နေရာဝင်ခဲ့ပါတယ်။
(မြန်မာနိုင်ငံ မုံရွာမြို့မှာရှိတဲ့ လေးကျွန်းစကြာရပ်တော်မူဘုရားကြီးကတော့ နံပတ်၃နေရာမှာရှိပါတယ်။)

Ushiku ဘုရားရဲ့အမြင့်ကတော့ 100မီတာဖြစ်ပြီး၊ 85မီတာအထိကို ဓာတ်လှေကားနဲ့ တက်ပြီး လေ့လာလို့ရပါတယ်။ အထပ် ၅ထပ်နဲ့ ဖွဲ့စည်းထားပြီး၊ ၃လွှာရဲ့
နံရံတွေမှာတော့ ဘုရားဖူးများလှူဒါန်းထားသော ဗုဒ္ဓရုပ်ပွားတော်တွေကို ဖူးမြှော်လို့ရပါတယ်။ အလှူရှင်နာမည်တွေရေးထားတာမို့ သေချာသတိထားပြီးကြည့်မယ်ဆိုရင် မြန်မာလူမျိုးတွေ လှူဒါန်းထားတဲ့ ဗုဒ္ဓရုပ်ပွားတော်တွေကိုပါ တွေ့ရှိနိုင်မှာဖြစ်ပါတယ်။

အပြင်ဘက်မှာဆို ကျယ်ပြန်တဲ့ပရဝဏ်ကြီးရှိပြီး၊ ဘုရားရဲ့ဦးခေါင်းတော်ပုံစံတူကို ပြသထားတဲ့နေရာလည်းရှိတာမို့ ထုဆစ်မှုလက်ရာကိုအနီးကပ်လေ့လာလို့ ရပါတယ်။

4. Hitachi Seaside Park (国営ひたち海浜公園)

အခုလိုနွေဦးရာသီမှာဆို ကောင်းကင်ပြာပြာနဲ့ အလားသဏ္ဍန်တူတဲ့ အပြာရောင် နီမိုဖီလာပန်း (nemophila - baby blue eyes) တွေပွင့်တဲ့ Hitachi Seaside Park ကတော့ လည်ပတ်ဖို့အကောင်းဆုံး နေရာတစ်ခုထဲ ပါပါတယ်။ ဒါတင်ဘယ်ကမလဲ အခြားသောပန်းတွေလည်း ဝေဝေဆာဆာဖူးပွင့်နေပါသေးတယ်။ Amusement Park အသေးလေးလည်းရှိတဲ့အပြင်၊ စက်ဘီးငှားစီးလို့ပါရတာမို့၊ မိသားစု မိတ်ဆွေ စုံစုံလင်လင်နဲ့ အပန်းဖြေသင့်တဲ့ နေရာလေးတစ်ခုဆိုလည်းမမှားပါဘူး။

5. Ami Premium Outlets

ရပ်တော်မူဘုရားကြီး ဖူးပြီးရင်တော့ ဓာတ်ဖမ်းလို့လဲကောင်း၊ စျေးဝယ်လို့လဲကောင်းတဲ့ နေရာလေးတစ်ခု ဖြစ်တဲ့ Ami Premium Outlets ကြီးကစောင့်ကြိုနေပါတယ်။ ၂၀၀၉ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး၊ နာမည်ကြီး Brand တွေဖြစ်တဲ့ COACH, Adidas, Kate Spade, Levi's, Michael Kors အပြင် အခြားဆိုင်ခန်းများနှင့် စုစုပေါင်း ၁၆၀ ရှိပြီး၊ Outlets ဆိုတဲ့အတိုင်း နာမည်ကျော် Brand တွေကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေတဲ့နေရာဖြစ်ပါတယ်။

🧳✈️ ကဲ.... နေရာလှလှလေးတွေရဲ့အချက်အလက်တွေကို အကောင်းဆုံးတွေ ဖန်တီးပေးနေတဲ့ AK Travel Info ကိုလည်း Like & Share လေးလုပ်ပေးကြပါအုံးနော် 🙆‍♀️

"雪の大谷"  ~  "黒部ダム"  ~  "上高地"  ~  "松本城"1. Tateyama Snow Corridor (雪の大谷) အမြင့်၂၀မီတာအထိရှိတဲ့ နှင်းနံရံထုကြီးဟာဆိုရင်ဖြင့်...
01/04/2023

"雪の大谷" ~ "黒部ダム" ~ "上高地" ~ "松本城"

1. Tateyama Snow Corridor (雪の大谷)

 အမြင့်၂၀မီတာအထိရှိတဲ့ နှင်းနံရံထုကြီးဟာဆိုရင်ဖြင့် ၄လပိုင်းလလယ်ကနေ နှင်းတွေအကုန်အရည်ပျော်တဲ့ ဇူလိုင်လအထိတွေ့မြင်နိုင်ပါသည်။ ၁လပိုင်းလောက်ကစပြီးတော့ နှင်းနံရံထုကြီးဖြစ်လာအောင်
နှင်းဖြိုတဲ့ကားတွေနဲ့ စင်္ကြံလမ်းကို ပြုလုပ်ထားတာပါ။ Tateyama Kurobe Alpine Route ရဲ့အမြင့်ဆုံးနေရာဖြစ်တဲ့ Murodo ဆီ Bus ကားဖြင့်သွားပြီး၊ နှင်းနံရံထုကြီးဆီ လမ်းလျှောက်ရပါတယ်။ လည်ပင်းညောင်းအောင် မော့ကြည့်ချင်ရင်တော့ Golden Week ပိတ်ရက်ကျ အလည်သွားဖို့ အကြံပြုလိုက်ပါတယ်။ တိုကျိုကရာသီဥတုနဲ့မတူတာမို့ အနွေးထည််တော့ ဆောင်သွားကြဖို့ အမှာပြုချင်ပါတယ်။

2. Kurobe Dam (黒部ダム)

 ဂျပန်နိုင်ငံရဲ့အမြင့်ဆုံးဆည်ဖြစ်ပြီး 186မီတာ ရှိပါတယ်။ ဆည်ကို ဆောက်လုပ်ရာမှာ အချိန်၇နှစ်တာကြာမြင့်ခဲ့ပြီး၊ ၁၉၆၃ ခုနှစ်တွင်ပြီးစီးခဲ့ပါတယ်။ ‌ဆည်ဆောက်တဲ့အချိန်မှာ အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး၊ လူပေါင်း၁၇၀ကျော် အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီဆည် တည်ဆောက်ပြီးစီးသည့်အချိန်မှစပြီး ယခုအချိန်အထိ Kansai ဒေသသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးလျက်ရှိပါတယ်။ Tateyama Kurobe Alpine လမ်းကြောင်းတလျှောက် အဓိက Tourist Attration နေရာတစ်ခုပါ။ ဇွန်လနှောင်းပိုင်းမှ အောက်တိုဘာလလယ်အထိ ဆည်ကနေ ရေတွေလွှတ်ပေးပြီး၊ ရေလွှတ်ပေးတဲ့အချိန်မှာ လာရောက်လည်ပတ်သူ အရမ်းများပါတယ်။ ဆည်တစ်လျှောက်
လျှောက်လမ်းလေးကတော့ အရမ်းလှတဲ့စာရင်းထဲကတခုဖြစ်တာမို့ သွားရောက်လည်ပတ်ဖို့ အကြံပြုပါတယ်။

ဆည်ကိုသွားဖို့ဆို Busကားနှင့်သွားရမှဖြစ်ပြီး၊ လှိုဏ်ခေါင်းအတွင်းကနေသွားရမှာပါ။ လှိုဏ်ခေါင်းအတွင်းမှာဆိုရင် ရေလုံးဝပိတ်လို့မရတဲ့နေရာလေးတစ်ခုရှိတာမို့၊ ကားစီးရင်းသတိထားမိအောင် ကြိုပြောပြပေးလိုက်ပါတယ်။

3. Matsumoto-jō (松本城)

 ဂျပန်နိုင်ငံရဲ့ရှေးအကျဆုံး Castleတွေထဲကတစ်ခုဖြစ်ပြီး၊ သူ့ရဲ့ထူးခြားချက်ကတော့ မြေပြန့်မှာဆောက်ထားတာဖြစ်ပါတယ်။ Naganoထဲမှာတည်ရှိပြီးအရောင်က အမဲရောင်ဖြစ်နေတာမို့ Crow Castle (Karasu-jō) လို့လဲခေါ်လေ့ရှိပါတယ်။

4. Kamikochi (上高地)

 ရောက်ဖူးသူတိုင်း နောက်တစ်ခေါက်ပြန်သွားချင်အောင် ဆွဲဆောင်နိုင်တဲ့ Kamikochiလို့ပဲ အရင်ဆုံးတင်စားလိုက်ပါတယ်။

လုံးဝလုံးဝ ဆိတ်ငြိမ်အေးချမ်းပြီး၊ အရမ်းလှတဲ့ တောတောင်ရေမြေ၊ စိတ်ချမ်းသာစေမဲ့နေရာလေးတစ်ခုဖြစ်ပြီး၊ သဘာဝအသံပေါင်းစုံကိုလမ်းလျှောက်ရင်း ခံစားနိုင်ပါတယ်။

လမ်းလျှောက်လို့ရတဲ့လမ်းကြောင်းတွေက အများကြီးရှိပါတယ်။ အချိန်အနည်းဆုံးလမ်းကြောင်းက တစ်နာရီကြာတယ်ဆိုပေမဲ့၊ လမ်းက "မကြမ်းတမ်းတဲ့အပြင် သဘာဝတရားရဲ့ ဆွဲဆောင်မှုအောက်မှာနစ်မြောနေမှာမို့ " မောတယ်လို့ ပြောဖို့တောင်မေ့နေပါလိမ့်မယ်။

သူ့မှာ ထူးခြားချက်ကတော့ ၂ချက်ရှိပါတယ်။

နံပတ် ၁ ကတော့ သဘာဝပတ်ဝန်းကျင်မပျက်စီးစေဖို့အတွက် သူတို့စီစဥ်ထားတဲ့ Busပဲစီးလို့ရတာပါ။ ကိုယ်ပိုင်ကားနဲ့က Busကားမှတ်တိုင်အထိပဲရောက်မှာဖြစ်ပြီး၊ အဲ့ကနေ Busကားစီးရမှာမို့ အသွားအပြန် လက်မှတ်ခလိုပါမယ်။

နံပတ် ၂ ကတော့ သန့်စင်ခန်းတွေရဲ့အရှေ့မှာ အကြွေစေ့ပုံးလေးတွေထားထားပါတယ်။ ရသမျှကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သန့်စင်ခန်းထိန်းသိမ်းရေးအတွက်အသုံးပြုပါတယ်။ သန့်စင်ခန်းတစ်ခါသုံးရင် ယန်း ၁၀၀ ‌ထည့်ရမှာမို့ အကြွေလေးဆောင်ထားဖို့ ကြိုတင်အသိပေးလိုက်ပါတယ်။

ကဲ… စာဖွဲ့ရင် မကုန်နိုင်တဲ့ နေရာလေးမို့ ဒီမှာတင်အဆုံးသတ်ပါရစေ။

 ဒီနေရာလေးတွေကိုခရီးသွားချင်ရင်တော့ 👇ကွန်မန့်က လင့်စ်မှာ ဝင်ရောက်မေးမြန်းနိုင်ပါတယ်။

⚠️ Kurobe-Dam နဲ့ နှင်းနံရံကိုသွားတဲ့ ဘတ်စ်ကားခ ¥12300 (အသွားအပြန် စီးစရာအပြီးအစီး)

🧳✈️ နေရာလှလှလေးတွေရဲ့အချက်အလက်တွေကို အကောင်းဆုံးတွေ ဖန်တီးပေးနေတဲ့ AK Travel Info ကိုလည်း Like & Share လေးလုပ်ပေးကြပါအုံးနော် 🙆‍♀️

"Tōno-Hetsuri" Hetsuri ဆိုတာက ဒေသစကားအရ “ချောက်ကမ်းပါး” လို့ ဆိုလိုတာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ လေနဲ့ရေ တိုက်စားမှုတွေ...
30/03/2023

"Tōno-Hetsuri"

 Hetsuri ဆိုတာက ဒေသစကားအရ “ချောက်ကမ်းပါး” လို့ ဆိုလိုတာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ လေနဲ့ရေ တိုက်စားမှုတွေကြောင့် သဘာဝအတိုင်း ဖြစ်ပေါ်လာတဲ့ ချောက်ကမ်းပါးဖြစ်ပါတယ့်။ ချောက်ကမ်းပါထိ 🌉ကြိုးတံတားထိုးထားတာဖြစ်ပြီး တစ်ဖက်ခြမ်းမှာဆိုရင် ချောက်ကမ်းပါးအတွင်းပိုင်းအလှအပများကိုလေ့လာနိုင်ပါတယ်။ 1943ခုနှစ်မှာ သဘာဝအမွေအနှစ်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ နေရာလေး ဖြစ်ပါတယ်။
(ချောက်ကအရမ်းနက်ပြီး နှင်းကျချိန်ဆိုချော်လဲနိုင်တာကြောင့် ဆောင်းရာသီအတွင်းမှာတော့ တံတားပေါ်ကိုဖြတ်သန်းခွင့်ပိတ်ထားပါတယ်။ )

 "Tsuruga-Castle"

 Tsuruga ရဲတိုက် (鶴ヶ城၊ Tsuruga-jō) ကို 1384 ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး 'Aizu' ဒေသ၏ အဆင့်ဆင့်အုပ်ချုပ်သူများကြားမှာ ပြုပြင်မွမ်းမံမှုများစွာရှိခဲ့ပါတယ်။ ရဲတိုက်၏ အပေါ်ဆုံးထပ်သို့ တက်နိုင်ပြီး၊ အနီးနားရှိမြို့ကို
အပေါ်စီးကနေကြည့်ရှုနိုင်ပါတယ်။

အဆောက်အဦး၏အတွင်းပိုင်းတွင် ရဲတိုက်သမိုင်းနှင့်
ဆာမူရိုင်းလူနေမှုပုံစံအကြောင်း ပြခန်းများကို ခင်းကျင်းပြသထားပါတယ်။ Tsuruga ရဲတိုက်ကို Tsuruga Castle Park ဖြင့်ဝန်းရံထားပြီး၊ ၄လပိုင်းအစလောက်မှာ 🌸ဆာကူရာပွင့်ပါတယ်။

🧳✈️ နေရာလှလှလေးတွေရဲ့အချက်အလက်တွေကို အကောင်းဆုံးတွေ ဖန်တီးပေးနေတဲ့ AK Travel Info ကိုလည်း Like & Share လေးလုပ်ပေးကြပါအုံးနော် 🙆‍♀️

"Oshino Hakkai" ဆိုတာ 🗻ဖူဂျီတောင်၏ မြေအောက်ရေကဆင့်  သဘာဝအတိုင်းဖြစ်ပေါ်လာတဲ့ စမ်းရေကန် ၈ခု ကိုဆိုလိုပါတယ်။ ၈ခုဆိုပေမဲ့ ၂...
08/03/2023

"Oshino Hakkai"
ဆိုတာ 🗻ဖူဂျီတောင်၏ မြေအောက်ရေကဆင့် သဘာဝအတိုင်းဖြစ်ပေါ်လာတဲ့ စမ်းရေကန် ၈ခု ကိုဆိုလိုပါတယ်။
၈ခုဆိုပေမဲ့ ၂၀ရာစုဝန်းကျင်မှာ လူလုပ်ထားတဲ့
Nakaike Pond တစ်ခုပိုလာတော့ ၉ခုဖြစ်သွားပါတယ်။Yamanashi ခရိုင်မှာရှိတဲ့ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေကို စွဲဆောင်တဲ့ နေရာတွေထဲက တစ်ခုပါ။

"Chureito Pagoda"
ကတော့ Fuji-yoshida မြို့နဲ့ 🗻ဖူဂျီတောင် View ကိုလှမ်းကြည့်လို့ရတဲ့ ဘုံ ၅ဆင့် အဆောက်အဦး တစ်ခုပါ။ ၄လပိုင်း အစလောက်ကစပြီး 🌸ဆာကူရာ အပင်ပေါင်း ၆၅၀ 😮 လောက်ပွင့်မှာမို့ သွားလေ့လာရင်း ပန်းကြည့်ရတာအကောင်းဆုံးအချိန်ပဲပေါ့။

"Lake Kawaguchiko"
🗻ဖူဂျီရဲ့ ရေကန် ၅ကန်ထဲမှာ ဒုတိယအကြီးဆုံးရေကန်ဖြစ်ပြီး၊ 🌸ဆာကူရာပွင့်တဲ့ ရာသီနှင့်ဆောင်းဦးမှာ ဓာတ်ပုံလာရိုက်ကြတဲ့သူ လာရောက်လည်ပတ်သူ အရမ်းများပါတယ်။ Fuji-Q နဲ့လည်း နီးပါတယ်ခင်ဗျ။

 "Fuji Peace Park"
ဦးနုဘုရားလို့ လူသိများကြတဲ့ Gotemba မြို့က ငြိမ်းချမ်းရေးပန်းခြံကို 1964 ခုနှစ်ဇူလိုင်လတွင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ယန်းသန်း 100 ရင်းနှီးမြုပ်နှံခဲ့ပြီး ဖွင့်လှစ်ခဲ့ပါတယ်။ အိန္ဒိယဝန်ကြီးချုပ် Jawaharlal Nehru တည်ထားတဲ့ စေတီအဖြူ​ရယ်၊ ဘုရားရှေ့မှာ ရှိတတ်တဲ့ ခြင်္သေ့ရုပ်ထု အမျိုးအစားကိုလည်း စုံစုံလင်လင် လေ့လာလို့ ရပါတယ်။

၄လပိုင်းမှာဆို ပန်းခြံမှာ Sakura အပင်ပေါင်း ၁၀၀၀ 😮ကျော်ပွင့်တာမို့ ပန်းကြည့်ဖို့အတွက် အကောင်းဆုံးနေရာထဲက တစ်ခုပါ။ 🇯🇵 ဂျပန်ရဲ့အထိမ်းအမှတ် ဖြစ်တဲ့ 🗻 ဖူဂျီတောင်ကို အနီးကပ်တွေ့ရသလို၊ Gotemba မြို့အလှနဲ့ 🌸ဆာကူရာ ပန်းအလှကိုလည်းရှုစားနိုင်ပါတယ်။

 "Ōwakudani"
မြန်မာအခေါ် ကြက်ဥမဲတောင် (Owakudani) သည် လွန်ခဲ့သောနှစ်ပေါင်း 3,000 ခန့်က Hakone ⛰မီးတောင် ပြိုကျမှုကြောင့် ဖြစ်ပေါ်လာခဲ့သောနေရာတစ်ခုဖြစ်ပြီး၊ ယခုထိတိုင် မီးခိုးများ တက်လာသည်ကို မြင်တွေ့နိုင်ပါတယ်။ တစ်လုံးစားရင် အသက် ၇ နှစ် ပိုရှည်တယ်လို့ ဆိုကြတဲ့ နာမည်ကြီး ကြက်ဥမဲကို စားသုံးလို့ရမည့် တစ်ခုတည်းသော နေရာမို့ ရောက်ရင် ဆက်ဆက် စားခဲ့ကြဖို့ အကြံပြုလိုက်ပါတယ်။ တကယ်တော့ အစီအစဥ်တစ်ခုမှာ ဒီကြက်ဥမဲက ပုံမှန်ဥတွေထက် အနှစ်မှာအရသာ 20% ပိုပါဝင်ကြောင်း သိပ္ပံနည်းကျ သက်သေပြထားတာရှိဖူးပါတယ်။ ပြုတ်နည်းကိုစိတ်ဝင်စားလို့ ရှာဖွေလေ့လာကြည့်ရသလောက်က အပူချိန် 80 ဒီဂရီတွင် မိနစ် 60 ခန့် ပြုတ်ပြီး 100 ဒီဂရီတွင် 15 မိနစ်ခန့် ပြုတ်ပြီးနောက်မှာ ကြက်ဥမဲများကို ရလာတာ
ဖြစ်ပါတယ်တဲ့။ အနက်ရောင်ဖြစ်ရခြင်းအကြောင်းရင်းကတော့ ရေပူစမ်းရေကန်အတွင်းရှိ သံသည် ဟိုက်ဒရိုဂျင်ဆာလဖိုက်နှင့် ဓာတ်ပြုပြီး သံဆာလ်ဖိုက်အဖြစ်သို့ ပြောင်းလဲသွားခြင်းကြောင့်ဖြစ်ပါတယ်။
ပြုတ်ပုံပြုတ်နည်းကို 自然研究路 (nature research road) မှာ ရှိတဲ့ 玉子茶屋 မှာ လက်တွေ့ကြည့်လို့ ရပါတယ်။

🧳✈️ နေရာလှလှလေးတွေရဲ့အချက်အလက်တွေကို အကောင်းဆုံးတွေ ဖန်တီးပေးနေတဲ့ AK Travel Info ကိုလည်း Like & Share လေးလုပ်ပေးကြပါအုံးနော် 🙆‍♀️

Chureito မှာ 🌸ဆာကူရာ သွားကြည့်ကြမယ်။  ရာသီဥတုကလည်း တဖြည်းဖြည်း နွေးလာပြီဆိုတော့ 🌸ဆာကူရာ တွေပွင့်ကုန်ပြီနော်။   နေရာတိုင်...
08/03/2023

Chureito မှာ 🌸ဆာကူရာ သွားကြည့်ကြမယ်။

ရာသီဥတုကလည်း တဖြည်းဖြည်း နွေးလာပြီဆိုတော့
🌸ဆာကူရာ တွေပွင့်ကုန်ပြီနော်။

နေရာတိုင်းလိုလိုမှာ ပွင့်မှာဆိုပေမယ့်၊ ပတ်ဝန်းကျင်ရဲ့
ရှုခင်းပေါ် မူတည်ပြီး၊ တစ်နေရာနဲ့ တစ်နေရာ အလှတွေကွဲပြားသွားပါတယ်။

ဘာလို့ 🤷‍♀️ Chureito မှာ 🌸ဆာကူရာ သွားကြည့်သင့်လဲ ဆိုတာလေးကို မင်မင် ရှင်းပြပါရစေ။

Chureito ဆိုတာကတော့ Fuji-yoshida မြို့နဲ့
🗻ဖူဂျီတောင် View ကိုလှမ်းကြည့်လို့ရတဲ့ ဘုံ ၅ဆင့် အဆောက်အဦး တစ်ခုပါ။
Fuji-yoshida မြို့ကတော့ 🗻 ဖူဂျီတောင်ကို အနီးကပ်ဆုံး လှမ်းမြင်ရတဲ့မြို့လေး တစ်မြို့ပါ။

2023 ဒီနှစ်မှာတော့ 3လပိုင်း 30ရက်နေ့ကနေ 4လပိုင်း 16 ရက်နေ့ထိ 🌸ဆာကူရာ ပန်းပွင့်မယ်လို့ ကြိုတင် ခန့်မှန်းထားကြပါတယ်။ အပင်ပေါင်း 650😮 လောက်ပွင့်မှာမို့ လက်ညှိုးထိုးမလွဲပါဘူးနော်။

💁‍♀️ကဲ အဓိကက သွားကြည့်သင့်တဲ့အကြောင်းကိုတော့‌ ရိပ်မိလောက်ပြီ ထင်ပါတယ်။
🇯🇵 ဂျပန်ရဲ့အမှတ်အသား ဖြစ်တဲ့ 🗻ဖူဂျီတောင်၊
🌸ဆာကူရာပန်း၊ ဘုံ၅ဆင့် ဘုရားကျောင်းကို တစ်နေရာထဲမှာ ရှုစားနိုင်တဲ့အပြင်၊ အမှတ်တရဓာတ်ပုံရိုက်ရင် 📸အကောင်းဆုံးဖြစ်တဲ့ Photo Spot လေး ဖြစ်ပါတယ်။

📸 ဓာတ်ပုံရိုက်ချင်ပေမဲ့ 🧍‍♀️pose မပေးတတ်တဲ့ ညီမလေးတွေ မမတွေကတော့ အောက်က လင့်ကနေ လေ့လာလို့ ရတယ်နော်။

https://m.facebook.com/story.php?story_fbid=126699027010525&id=100090112856158

🧳✈️ နေရာလှလှလေးတွေရဲ့အချက်အလက်တွေကို အကောင်းဆုံးတွေ ဖန်တီးပေးနေတဲ့ AK Travel Info ကိုလည်း Like & Share လေးလုပ်ပေးကြပါအုံး

Address


Website

Alerts

Be the first to know and let us send you an email when AK Travel Info posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share