Nay Pyi Taw Travel

  • Home
  • Nay Pyi Taw Travel

Nay Pyi Taw Travel Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nay Pyi Taw Travel, Travel Agency, .

ဒီပုံလေးကို နေပြည်တော်မှာ ရိုက်ထားတာဆိုတော့ ကိုယ့်မှာ မယုံနိုင်ဘူး 💙ဟုတ် မဟုတ် သိချင်တာနဲ့ လိုက်ရှာတော့ Photography for ...
24/07/2023

ဒီပုံလေးကို နေပြည်တော်မှာ ရိုက်ထားတာဆိုတော့ ကိုယ့်မှာ မယုံနိုင်ဘူး 💙

ဟုတ် မဟုတ် သိချင်တာနဲ့ လိုက်ရှာတော့ Photography for you -P4U က ရိုက်ထားတာတဲ့

လှရက်လေခြင်း... နေပြည်တော်သူတွေ အရမ်းချစ်ဖို့ကောင်းတာ ယုံသွားပါပြီ🥺

အခုဆို နေပြည်တော်သူတွေကို မစရဲတော့ဘူး...။

ပုံလှလှလေးရိုက်ချင်ရင်တော့ P4U ကို ဆက်သွယ်လိုက်ပါ...။

Review by Nay Pyi Taw Travel 🤍

သဘောကျလို့ Review လေးရေးလိုက်တာပါ ဘာကြော်ငြာခမှမရပါဘူး ❤️

မိတ်ဆွေတို့ လုပ်ငန်းလေးတွေရှိရင်လည်း မင်မင်ကိုပြောပြပေးနော် အချိန်အားလျော်စွာ မေတ္တာနဲ့ review ရေးပေးပါ့မယ် 💛

နေပြည်တော် ၇ မိုင်ချောင်းသာ အပန်းဖြေစခန်း"🔹နေပြည်တော် ပင်လောင်းလမ်းကင်းသာလမ်းဆုံက နေ အတက် ၇ မိုင်ကားလမ်းဘေး တင်ပဲ' လူတွေ...
15/07/2023

နေပြည်တော် ၇ မိုင်ချောင်းသာ အပန်းဖြေစခန်း
"
🔹နေပြည်တော် ပင်လောင်းလမ်း
ကင်းသာလမ်းဆုံက နေ အတက် ၇ မိုင်ကားလမ်းဘေး တင်ပဲ' လူတွေ သိပ်မသိသေးတဲ့ နေရာလေးမှာ
အပန်းဖြေစခန်း လေးတခုရှိတယ်
🔹ကင်းသာလမ်းဆုံ ကနေ ၁၅ မိနစ်လောက်ဆို ရောက်ပီ
နေပြည်တော်နဲ့ အနီးလေးရယ်
🔹ကားလမ်း ဘေး ကချောင်းရိုးထဲမှာ ဝါးကွပ်ပြစ်လေးတွေ
ခင်းပေးထားပီး မိသားစု တွေ သူငယ်ချင်းတွေ နဲ့အတူ
တောတောင်အရိပ်တောင်ကျ ချောင်းလေးထဲ ရေချိုးရေစိမ်ပီး လည်လို့ကောင်းတဲ့နေရာလေး
🔹ချောင်းရိုးတစ်လျောက် ကျောက်တုန်းကြီးတွေ နဲ့ ဓတ်ပုံရိုက်မယ့် သူတွေ အကြိုက်ပဲ''
🔹ကင်းသာက တက်ရင် ၇ မိုင် ကားလမ်းဘယ်ဘက်ချမ်းမှာ ၇ မိုင်အပန်းဖြေ စခန်း ဆိုင်းဘုတ်ရှိတယ်'''
""""""""""
(ဝင်ကြေး ကားရပ်နားခတော့ပေးရပါတယ်
လူဝင်ခ မပေးရပါ)
ကြက်သားကာလသားချက်တို့ဘာတို့လည်း မှာရင် တန်းချက်ပေးပါတယ်)

Credit - Ko Thura

Original post မှာ ကြည့်ရင် video တွေပါ ပါတယ် ကြည်နူးစရာလေး
https://m.facebook.com/story.php?story_fbid=783862580040622&id=100052506600625&mibextid=Nif5oz

Travel

ဟဲ့ နင်မသွားရင် ငါလည်းမသွားဘူးဆိုတာမျိုး...🥲
02/07/2023

ဟဲ့ နင်မသွားရင် ငါလည်းမသွားဘူးဆိုတာမျိုး...🥲

စိတ်တောင်မကောင်းဘူး🥲
29/06/2023

စိတ်တောင်မကောင်းဘူး🥲

နေပြည်တော် နဲ့ ပျဥ်းမနားသား/သူ နဲ့ ချစ်သူတွေဖြစ်ကြတဲ့အခါ🥴- မနက်ခင်းကို ပြုံးပြုံးမှာ စားကြပါ ( ပြီးရင် )😍- စံတော်မီ မှာ ...
29/06/2023

နေပြည်တော် နဲ့ ပျဥ်းမနားသား/သူ နဲ့
ချစ်သူတွေဖြစ်ကြတဲ့အခါ🥴

- မနက်ခင်းကို ပြုံးပြုံးမှာ စားကြပါ ( ပြီးရင် )😍

- စံတော်မီ မှာ ကော်ဖီသောက်ပါ☕

- ရှမ်းကန်ထဲဝင်ပြီ ငါးစာကျွေးရင်း
ဓာတ် ဖမ်းအုံးမလား📷

- ရေပန်းဦးယာဉ်ထဲသွားပြီး ရေပန်းတွေကြည့်ပြီး လျောက်ကြည့်အူးမလား🥰

- အောင်သပြေထဲဝင်ပြီးရုပ်ရှင်ကြည့်အူးမလား
ကျောက်မျက်နားက ဇီးကုန်းပန်းခြံလေးက မင်းအကြိုက် ဓာက်ဖမ်းချင်စရာနေရာလေးလဲ လိုက်ပို့မယ်🤪

- Junctionအတွင်းက
Lotteriaဆိုင်ရဲ့ ကြက်ကြော်နဲ့ကိုကာကိုလာလေးရော ကြိုက်တယ်မလား😝

-တပေါင်းကွင်းနားက ဒေါ်ချစ်ပု အသုပ်ဆိုင်မှာ လက်သုပ်စားအူးမလား😋

မြို့မစျေးအပေါ်ထပ်လေးမှာ ဘီယာလေးသောက်ပြီး ညနေခင်းရှုခင်းလေးကို ကြည့်ချင်သေလား🤔

နောက်ရက် နေ့ခင်းတွေမှာ

- ၈၅တံတားအကျော်က အကြော် နဲ့ အာပူလျှာပူ ဆိုင်လေးက မင်းအကြိုက်ပေါ့😋

-တစ်လက်စထဲ ပန်းမြိုင်လည်ထဲကိုလဲ လိုက်ပို့မှာပေါ့

နှင်းဆီပန်းအဝိုင်းနားက ကျော်ကြီး ထ္မင်းကြော်ဆိုင်လေးမှာ ခဏနားပြီးစားကြမယ်🥶

-ချစ်သူလမ်းကြားမှာ စိတ်ကြိုက်ဓာက်ပုံရိုက်ပေးအူးမယ်🌄

-ရွှေလည်တောမှာ သဘာဝကော်ဖီစစ်လေး ဝင်သောက်ကြမယ်🤩

- ပင်ပန်းခံနိုင်ရင်တော့ ဖိုးစောင်းတောင်ထိပ်ထိကို လိုက်ပို့ ပေးဦးမှာ🌈

-ပင်လယ်ပြာက ကွေ့တီယို

- ၇လမ်းက ကော်ပြန့်စိမ်း

- okက ဖာလူဒါလေးနဲ့ ဒိုမီနို က မင်းအကြိုက်ပေါ့

- မဟာရန်ကုန်ကအပေါ်ထပ်လေးမှာ တစ်ခုခုလေးစားပြီး အေးဆေး ထိုင်အုံးမလား🤗

- လှေခွင်းတောင်မှာ ဘီယာနဲ့အကင်တွေမှာစားကြပြီး မော်တော်ဘုတ်လေးစီးပြီးရေပေါ်မှာ
ဓာတ်ဖမ်းချင်သေးလား📷

- ရွှေမန်းက ဆီချက်နဲ့ ထမင်းပေါင်းလေးက ဘယ်လောက်ကောင်းလဲဆိုတာ
သိအောင် လိုက်ကျွေးအုံးမှာ🤫

ရွှေချီ ၈ လမ်းထဲက ဦးကျော်ကြီးရဲ့
ထမင်းကြော် လေးက ည၈နာရီကျော်ရင် ကုန်သွားတာမို့ စောစောသွားစားကြမယ်နော်🤭

- ရွာကောက်က စိန်တိုးဆေးခန်းဘေးက ဒုတ်ထိုးနဲ့ကြာဇံသုပ်လေးက မင်းအနှစ်သက်ဆုံးဖြစ်မှာပါ🤩

- စိန်ဒေါင်းအပေါ်ဆုံးထပ်လေးမှာ
ကော့တေး သို့မဟုတ် အအေးလေးသောက်ပြီး ဂီတသံလေးတွေနားထောင်ပြီး ပျဉ်းမနားမြို့ရဲ့ အလှတရားကြီးကို ကြည့်မယ်🏞️

-မောင်ခင်လမ်းသံလမ်းနားက အကင်မျိုးစုံဆိုင်လေးကလဲ မင်း အရမ်းကြိုက်သွားမယ်ဆိုတာသိလို့ ဝင်စားကြမယ်နော်

- ပြီးရင် နေပြည်တော်ဘက်သွားပြီ ဓာတ်ဖမ်းချင်သေးလား 📷📷

- အဝေရာဆည် သွားပြီး ထ္မင်းတွေစား
ဓာတ်ပုံတွေ ရိုက်ပေးမယ်လေ📷

- ပြန်မှာ မြင်းရုပ်နားက အဖိုးကြီး ဒိန်ခဲလေးနဲ့
နွားနို့ ပူပူလေး ဝယ်ကျွေးအုံးမှာ😍

- ဒေါ်သေးဗလီနားက ဂျပါတီ စားကြမယ် မင်းစားဖူးအောင်ပါ ☺

-ပြီးရင် မင်းကြိုက်တဲ့ ရွှေတောင်ကြီးက မာလာရှမ်းကော်လေးပါ လိုက်ကျွေးမယ်

- ပုဗ္ဗသီရီညစျေးတန်းလဲ ပို့အုံးမှာနော်
အဲ့မှာ မင်းစားချင်စားစမ်း🤪

- မင်းပြောနေတဲ့ စစ်သမိုင်းပြတိုက်ရော သွားချင်သေးလား😎

- ဆာဖာရီဥယျာဉ်နဲ့ တိုင်းရင်းသားကျေးရွာ မှာဓာတ်ပုံရိုက်ချင်တဲ့ မင်းကို လိုက်ပို့ပေးမှာ
စိတ်ချ (ပိုက်ဆံတွေတော့ ပိုကုန်တာပေါ့ )😊

-မင်း နေပူခံနိုင်ရင်တော့ ငလိုက်ဆည်းဆင်စခန်းကိုတောင် လိုက်ပို့ချင်သေးတာ

- ရန်အောင်မြင်ဆည်ရော ထပ်သွားချင်သေးလား

-လယ်ဝေးက မဝေအသုပ်ဆိုင်လေးမှာ အမုန်းဆွဲကြမယ်😋

-လယ်ဝေး စျေးရှေ့က ထမင်းချဉ်ဆိုင်လေးကို မင်းအကြိုက်ဖြစ်မှာပါ😊

(ဒါတောင်နေရာတွေ ကျန်သေးတယ်နော် တစ်နေ့လုံးတောင် မကုန်နိုင်ဘူး😊
ထပ်ဖြည့်ပေးကြပါ သိတဲ့နေရာလေးတွေ

(ဒါကြောင့် နေပြည်တော်သူ နေပြည်တော်သားတွေက်ို ချစ်ပါ)

to original
Photo Credit

"နေပြည်တော် ပုဂံဘုရား "ဟု တင်စားခေါ်ဝေါ်ရလောက်အောင်ရှေးဟောင်းလက်ရာများဖြင့် ခန့်ညားထည်ဝါသောနေပြည်တော် ၊ ပုဗ္ဗသီရိမြို့နယ...
29/06/2023

"နေပြည်တော် ပုဂံဘုရား "ဟု
တင်စားခေါ်ဝေါ်ရလောက်အောင်

ရှေးဟောင်းလက်ရာများဖြင့် ခန့်ညားထည်ဝါသော

နေပြည်တော် ၊ ပုဗ္ဗသီရိမြို့နယ် ၊ ညောင်ပင်ကြီးစု ရွာမှ

ဘုရားစေတီပုထိုးများကို လာရောက်ဖူးမျှော်လေ့လာကြပါအုံးလို့ဖိတ်ခေါ်ပါရစေ....

to original

နေပြည်တော်သူ 😎
26/06/2023

နေပြည်တော်သူ 😎

နေပြည်တော်သားကွ 😎
24/06/2023

နေပြည်တော်သားကွ 😎

09/02/2023

နေပြည်တော်မှာ မြူတွေစိုင်းနေပြီအချစ်ရေ...

အဲ့ဘက်မှာရော ...

ပုလဲလုံးလေးတွေ သီထားသလို လှပနေတဲ့ လက်ရေးပိုင်ရှင် ကိုရင်လေး ရှင်ခေမိဿရသီတာရုံ ပရိယတ္တိစာသင်တိုက်Photo Credit
01/02/2023

ပုလဲလုံးလေးတွေ သီထားသလို လှပနေတဲ့ လက်ရေးပိုင်ရှင် ကိုရင်လေး

ရှင်ခေမိဿရ
သီတာရုံ ပရိယတ္တိစာသင်တိုက်

Photo Credit

“ရင်ဆိုင်ရတဲ့ရန်အပေါင်းအောင်နိုင်ဖို့ တောင်တီးစေတီ ဖူးကြစို့ ”။***နေပြည်တော်က တောင်တီးစေတီတော်***“ငါမွေးမှကြီးလာတဲ့ ငါ့သ...
26/01/2023

“ရင်ဆိုင်ရတဲ့ရန်အပေါင်းအောင်နိုင်ဖို့ တောင်တီးစေတီ ဖူးကြစို့ ”။

***နေပြည်တော်က တောင်တီးစေတီတော်***

“ငါမွေးမှကြီးလာတဲ့ ငါ့သားက ငါ့ကို ယှဥ်ချင်တယ်လား အဖေ့အစွမ်းလေး တချက်ရှိုးလိုက် ”
ဘုရားအလောင်း ကြက်မင်းကြီးဟာ သူ့ကိုယှဥ်ဖို့ ရင်ဆိုင်ခွပ်ရန်လာတဲ့ သားတော် ကြက်မင်းသားကို သူ့ခွန်အား ဘယ်လောက်ရှိကြောင်း ပြတဲ့အနေနဲ့ အတောင်တွေဖွင့်စုံခတ်လိုက်တယ်ဆိုရင်ပဲ တစ်တောတစ်တောင်လုံး ဟိန်းဟိန်းညံ မည်ဟီးလို့ သွားပါတယ် ၊ သားတော်ဟာ ကြောက်လန့်ထွက်ပြေးသွားရပါတယ် ၊
ဘုရားအလောင်းတော် အတောင်ခတ်၍ မည်ဟိန်းသံ တောင်ဟီး မှတောင်တီး အဖြစ်ခေါ်ဝေါ်ခဲ့ကြပါတယ် ၊ သားတော်ကြက်မင်းသား ထွက်ပြေးရာ ကြက်ပြေးနေရာ ခု သပြေကုန်း နေရာပေါ့ခင်ဗျာ ၊ တောင်တီး ယခု အများခေါ်သော တောင်ထီးစေတီ နေရာမှာ ဟိုတယ်ဇုံသွားရာ ရာဇသဂ်ဟ လမ်းမကြီး KBZ ဘေးလမ်းမှဝင်သွားရပါတယ် ၊

ဘုရားလောင်းကြက်မင်းကြီးဟာ သူ့ကို ယှဥ်ရန်လာတဲ့ကြက်မင်းသား ကို အနိုင်ရရှိရာ နေရာမှာ တည်ထားရှိတဲ့စေတီဖြစ်လို့ ရန်သူကို နိုင်နင်းတယ်အတိတ်နိမိတ် ဖြစ်ထွန်းရာ အောင်မြေမို့ အောင်ဓါတ်ယူ ကါ အောင်မြင်သွားသူတွေမှ ရှေးဘုရားလေးကိုပြုပြင်မွမ်းမံပြီး သပ္ပါယ်အောင်တည်ထားခဲ့ကြပါတယ် ၊ နောက်ထပ်နောက်ထပ် ပဌာန်းဆက်ရှိသူ အောင်မြင်သူများမှ ထပ်မံ၍ ကြည်ငြိုဖွယ်စေတီ များ နဂါးရုံ ဘုရားများ တည်ထားရှိခဲ့ပါတယ် ၊

တောင်တီးစေတီမှာ ထူးခြားချက်က တံခွန်တိုင်မှာ ကြက်မင်းကြီး တည်ထားရှိခြင်း ၊ ရဟန်း ၊သကြား၊ နဂါး၊ဆင် ရုပ်ထုများအားလုံးဟာ စေတီတော်ဘက် မျက်နှာမူ ပူဇော်ကြဟန် တည်ထားရှိခြင်းပါ ၊ ကျီးမနိုးစေတီငယ်လေးမှာလဲ ထူးခြားစွာ ဖူးတွေ့ရမှာပါ ၊

“ရင်ဆိုင်ရတဲ့ရန်အပေါင်းအောင်နိုင်ဖို့ တောင်တီးစေတီ ဖူးကြစို့ ”။

Credit - ကိုသက်နိုင်စိုး
Photo Credit

နေပြည်တော်ထဲက အရိုင်းဆန်သောရေတံခွန်ဆီသို့ #ပုစွန်ဆိတ်ခုန်ရေတံခွန်အိမ်ထဲမှာပဲ စိတ်ကျဉ်းကြပ်နေရတဲ့သူတွေကို စိတ်ရွှင်လန်းသွ...
15/01/2023

နေပြည်တော်ထဲက အရိုင်းဆန်သောရေတံခွန်ဆီသို့

#ပုစွန်ဆိတ်ခုန်ရေတံခွန်

အိမ်ထဲမှာပဲ စိတ်ကျဉ်းကြပ်နေရတဲ့သူတွေကို စိတ်ရွှင်လန်းသွားစေဖို့ အရိုင်းဆန်ဆန်လှတဲ့ နေပြည်တော်ထဲက ရေတံခွန်အဆင့်ဆင့်တွေဆီ ခေါ်သွားချင်ပါတယ်။ နိုင်ငံရေးကြီးပြီးတဲ့အခါ ဇောင်းကလွှတ်တဲ့ မြင်းတွေလို သွားရမဲ့ စာရင်းတို့ထားဖို့ ရေးပေးလိုက်တယ်နော်။

နေပြည်တော်ကို ပျင်းစရာကြီး ဘာမှလည်ပတ်စရာမရှိဘူးထင်ကြတဲ့သူတွေအတွက် မထိမတွေ့ရသေးတဲ့ natural untouched beauty တွေအများကြီးရှိတယ်ဆိုအရင်ပြောပြချင်ပါတယ်။ ရှာဖွေလေတွေ့ရှိလေဆိုတဲ့ သဘာဝအလှတွေဟာ နပတ ပတ်ဝန်းကျင်မှာ အင်မတန်ပေါပါတယ်။

ခုသွားမဲ့ ပုစွန်ဆိတ်ခုန်ရေတံခွန်ဆိုတာ သဘာဝအလှတွေထဲကတစ်ခုပေါ့။ နာမည်ကြားတာနဲ့တင် ပြေးတွေ့ပြေးဆော့လိုက်ချင်စိတ်ဖြစ်သွားမယ်နော်။

ဘယ်ချိန်ထွက်မလဲ

မနက် ၅ နာရီလောက် ကို့အိမ်ကနေစထွက်ရင်တော့ အကောင်းဆုံးပေါ့။ ဘာလို့ဆို လမ်းပြနဲ့သွားမှ အဆင်ပြေမှာမို့လေ။ သူနဲ့ချိန်းပြီးထွက်ရမယ်။

ကဲဘယ်လိုစပြီးသွားကြမလဲ
ပျဉ်းမနားမြို့ထဲကနေ ရန်ကုန်- မန္တလေးလမ်းဟောင်းပေါ်ကိုတက်ပြီး လှေခွင်းတောင်ဘုရားသို့ဆိုတဲ့ ၄ မိုင်ဝန်းကျင် လမ်းထဲကိုဝင်ပါ။ ကျည်တောင်-ခေါမရွာကနေ ပေါင်းလောင်းဆည်ဘက်တက်တဲ့လမ်းကိုရွေးပြီးး မြစ်ကူးတံတားက်ုကျော်... နန်ချိုချောင်းစက်ရုံသ်ု့ ရေးထားတဲ့ ဆိုငါးဘုတ်အကျော် ဘယ်ဘက်က ငါးတဲစုရွာတွေထဲကို ဝင်တဲ့လမ်းကို ချိုးကွေ့ပါ။ အဲ့နေရာဟာ တောင်ကွေ့တောင်တက်လမ်းစတဲ့နေရာပါ။ ကားသေးလေးတွေတောင် ဖြတ်သွားလို့ရပေမဲ့ လမ်းအချောကြီးတော်မဟုတ်ပါ။
ကားနဲ့ နာရီဝက်ကျော်လောက် မောင်းပြီးတဲ့အခါ ငါးတဲစုရွာလေးကိုရောက်ပါပြီ။ လမ်းမှာ ပေါင်းလောင်းဆည်ကြီးကို အပေါ်စီးကနေ ရေအပြည့်နဲ့ မြင်ရမှာပေါ့။ ရှူခင်းလှတယ်လေ... ဓာတ်ပုံရိုက်လိုက်ပါဦး။

ငါးတဲစုကနေဘယ်လိုသွားမလဲ

ငါးတဲစုရွာရောက်ရင် လှေဆိပ်ရောက်ဖို့ ၁၅ မိနစ် လမ်းလျှောက်ရပါမယ်.... ဆင်ခြေလျောလေးတွေကနေ တဆင့်ချင်းရွာက်ုဖြတ်ပီးးလှေဆိပ်ဆင်းတော့ တောနင်းရသလိုပေါ့။ လှေဆိပ်ရောက်တော့ မနက်စောစောထွက်လာတာမို့ လှေဆိပ်မယ် ရေခိုးရေငွေ့တွေဝေနေတဲ့ ရေပြင်ကိုမြင်ရမယ်။ တောင်နှစ်ဘက်ကြားက ရေပြင်ဟာ တရုတ်သိုင်းကားတွေထဲက တောင်ကြားရောက်သွားသလို ခံစားစေရမယ်လေ။ ဓာတ်ပုံရိုက်တာလဲရိုက်... သဘာဝကိုမျက်လုံးနဲ့အရင် ဖမ်းစားးခံလိုက်ဦးနော်။

စက်လှေဆိပ်ကနေ ရေတံခွန်သို့

စက်လှေတွေကတော့ သေးသေးလေးတွေပါ။ ၅-၁၀ ရေယာက်စီးလောက်ပါပဲ။ သို့ပေသိ မကြောက်ပါနဲ့။ လမ်းပြငှါးထားလို့ Life jacket ပါပီးသားပါ။ စက်လှေကို ၅၀- မိနစ် ကျော်စီးရပါမယ်။ လမ်းတလျှောက် တောင်တွေကြားက စီးနေတဲ့ ရေတံခွန်ပိစိလေးတွေ ငှက်ပျောတောတွေနဲ့ မုဆိုးတဲတွေအပြင် အုပ်ဆိုင်းနေတဲ့ သစ်တောမိှုင်းကြီးလဲတွေ့ရမယ်။ ရေပေါ်ထိုးထောင်နေတဲ့ သစ်ချောက်ပင်တွေကောပေါ့။ ဆည်ရေပြင်ကြီးထဲရောက်နေတယ်မထင်ပဲ မြစ်ကြီးတစ်စင်းထဲ စုန်ဆင်းနေတယ်ထင်စရာပါ။ လမ်းမှာစီးလာတဲ့ စက်လှေ စက်ထိုးရပ်လို့ နောက်လှေစောင့်စီးရတာလဲ အတွေ့ကြုံပါပဲ။

ပုစွန်ဆိတ်ခုန်ရေတံခွန်

ရေတံခွန်ကိုရောက်တဲ့အခါ ပထမဆုံးတွေ့လိုက်ရတာက ရေတံခွန်နိမ့်ကလေးတစ်ခု။ ဆည်ထဲကို ရေတွေတလဟောစီးဝင်နေတာ။ အဲ့ရေတံခွန်လေးထိ လှေကကပ်ပေးပြီးအပေါ်ကို စတက်ရပါတယ်။ ကျောက်တုံးတွေက ချောနေတာကြောင့် သတိထားတက်ရင်းနဲ့ ရေတံခွန် အလတ်စားတစ်ခုကို ထပ်တွေ့ပါတယ်။ ရေတံခွန်တွေက အဆင့်ဆင့်မလို့ တက်လေပိုလှလေ။ ပိုပြီးးစွန့်စားရလေပါပဲ။

အမျိုးသမီးတချို့နံ့ ကလေးပါတဲ့သူတွေကတော့ အောက်အဆင့်တွေမှာတင် နေရစ်ခဲ့ပြီး ရေချိုးရေဆော့ကြပါတယ်။ ခုနက ရေတံခွန်အလတ်လေးကနေ ကြိုးတွေနဲ့ကုတ်ဖက်တတ်တဲ့အခါ တဝေါဝေါထိုးကျနေတဲ့ ရေတံခွန်အကြီးတစ်ခုကို ထပ်တွေ့ပါတယ်။ လမ်းပြအပြောအရတော့ အဲဒါကမှ ပထမဆုံးအဆင့်ပါတဲ့။ အဲ့အထပ်မှာ နောက်ထပ် ၅ ဆင့်လောက်ကျန်ပါသေးသတဲ့။
ခုနက ပထမဆင့်ရေတံခွန် ကတော့ရေအိုင်လဲဖြစ်နေပြီးးရေလဲမနက်တာကြောင့် ရေကူးကျရင်း အနားယူလို့ရပါတယ်။ Tent ထိုးပြီး camping လာလုပ်နေသူတချို့ကိုလဲတွေ့ပါတယ်။ ခုတော့ အဲ့အဆင့်မှာ ဝါးကွပ်ပျစ်လေးထိုးပေးထားပြီး အမျိူးသမီးတွေ အဝတ်လဲဖို့အဆင်ပြေအောင်လဲ အကာတွေလုပ်ပေးထားပါပြီ။

အထက်ဆင့်ရေတံခွန်များသို့
ခုနကရေတံခွန်အဆင့်မှာတင် ရပ်မနေချင်တဲ့သူတွေကတော့ စွန့်စားနိုင်ပြီးးမိမိဘာသာ သက်လုံကောင်းတယ်လို့ ယူဆရင် အပေါ်ထပ်တက်ပါ။ ရင်ခုန်စရာအပြည့်နဲ့ တောတွင်းစွန့်စားခန်းစလို့ရပါပြီ။
ဒုအဆင့်ကိုတက်ဖို့ မြေသားလှေကထစ်လေးတွေကို ကြိုးနဲ့တွဲခိုတက်ပြီးး ရေတဝေါဝေါစီးနေတဲ့ ကျောက်တုံးတွေကြား ဝါးလုံးတံတားထိုးပေးထားတဲ့ နေရာကနေကျော်တက်ရတာတွေ၊ နွယ်တွေခိုပြီးကျော်ရတာတွေ၊ ရေညှိတွေနဲ့ကျောက်တုံးတွေကို အဆင့်ဆင့်ဖက်တက်ရတာတွေနဲ့ တတိယအဆင့် ရေတံခွန်ကိုရောက်ပြီး၊ စတုတအဆင့်ကတော့ အတော်ခက်ပါတယ်။ မြင့်လဲမြင့် တက်ရတာလဲခက်တော့ မနည်းကြိုးစားတက်ရပါတယ်။ အဲ့အဆင့်မှာတော့ ရေကူးကန်လိုဖြစ်နေတဲ့ ရေတံခွန်ရှိပြီး အကေါအထပ်ဆင့်ကတော့ ငါးလေးတွေပါ မြင်ရတဲ့ ရေတံခွန်ကန်တွေ ထိရောက်မှာပါ။
ငါးလေးတွေခြေထောက်လာတွတ်တော့ ငါးမာဆတ်ရောက်နေသလိုခံစားရမှာပေါ့။ အဲ့ထက်မြင့်တဲ့ အပေါ်ဆုံးအဆင့်တွေကတော့ အရမ်းခက်ခဲလို့ တက်သူနည်းပါတယ်။

ဘာစားရမလဲ

ရေတံခွန်အဆင့်ဆင့်ကနေ ဆော့လို့ဝလို့အောက်ပြန်ဆင်းလာပြီဆိုရင် စက်လှေဆိပ်က စက်လှေသမားကြီး ဦးခင်မောင်ငွေရဲ့ အမျိုးသမီးဒေါဆွေမြင့်လက်ရာ ကြက်တောချက်၊ ငါးကြော်၊ လျှာကျွမ်းပြန်မဲ့ ငရုတ်သီးထောင်း၊ ကြက်ဘူးသီးဟင်းရည်နဲ့ ဂျီသားဟင်းးနဲ့စားဖို့ ထမင်းအိုးကြီးရောက်နေပါပြီ။
ရေချိုးပြီးတာနဲ့ ဝါးကွပ်ပျစ်ပေါ်တက်လို့ ထမင်းလွေးပေတော့ပဲ။ သဘာဝတောတွင်းနေ့လည်စာက လျှာလည်နေစေမှာပေါ့။

ခဏတဖြုတ်နားပြီးတာနဲ့ စက်လှေစီးပြီး ငါးတဲစုရွာကိုအပြန် ရေပြင်ထဲ ညနေဆည်းဆာနေရောင်ဖြာနေတဲ့ အရသာလေးခံစားလိူ့ရတာပေါ့။

ညအိပ်ညနေ
ခုတော့တချို့ ညအိပ်ညနေ နေချင်တဲ့သူတွေက ရေတံခွန်ဘေး စတည်းချ ချက်ပြုတ်စားသောက်ပြီး camp လုပ်အတွေ့အကြုံယူကြပါတယ်။ သို့ပေသိ တော်တော်လေးကိုအပင်ပန်းခံနိုင်မှကျန်းမာရေး ကောင်းမှ ဖြစ်ပါလိမ့်မယ်။ အုပ်စုလိုက်ညီပြီးပျော်ချင်ရင်တော့ စမ်းကျိလို့ရပါလိမ့်မယ်။

ဘယ်လောက်ကုန်လဲ

ဒီခရီးအတွက် လမ်းပြငှါးလိုက်တာနဲ့ စက်လှေခ၊ နေ့လည်စာတစ်ခါတည်းအပါကို တစ်ဦးကျပ် ၁၅၀၀၀ ကျပါတယ်။ ကိုယ်စားချင်တာတော့ ကိုနဲ့မကွာထည့်သွားပေါ့နော်။ လမ်းပြက ကိုမင်းသူလို့ခေါ်ပါတယ်။ သူနဲ့ဆက်သွယ်ချင်ရင် ဖုန်းက- ၀၉ ၇၉၇၆၃၅၃၆၆။

ဘာတွေလိုမလဲ
ပေါ့ပါးတဲ့ လက်ရှည် အကျီ်၊ ဘောင်းဘီဝတ်ပါ။ ဖိနပ်က ရှူးဖိနပ်မှအဆင်ပြေပါမယ်။ ထိခိုက်ရှနာဖြစ်နိုင်လို့ ဆေးဆောင်ပါ။ အဝတ်ပိုယူသွားပါ။ ကျန်တာတော့ ကိုယ်လိုမယ်ထင်တာယူပါ။

#ရှောင်ရန်

အရက် ဘီယာသောက်စားလိုပါကအောက်အဆင့်မှာသာ သောက်ပါ။ သောက်ပြီး အပေါ်မတက်ပါနဲ့။ ခြေချော်ကျရင် အtayပါပဲ။

#လမ်းညွှန်ရေးသာသူနှင့်တကွ ဓါတ်ပုံဆရာအား လေးစားစွာဖြင့် ကူးယူဖော်ပြအပ်ပါသည်။
#ပုစွန်ဆိတ်ခုန်

မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီး  - နေပြည်တော်မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီးသည် ဉာဏ်တော်အမြင့် ၃၂ပေရှိ ရပ်တော်မူကိုယ်တော်က...
17/11/2022

မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီး - နေပြည်တော်

မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီးသည် ဉာဏ်တော်အမြင့် ၃၂ပေရှိ ရပ်တော်မူကိုယ်တော်ကြီးဖြစ်ပြီး တန်ချိန်ပေါင်း ၁၀၉တန်ရှိ၍ စကျင်ကျောက်ရပ်တော်မူဆင်းတုများအနက် ဉာဏ်တော်အမြင့်ဆုံးရုပ်ရှင်တော်မြတ်ကြီးဖြစ်သည်။ ၂၀၁၅ခုနှစ်၊ ဇွန်လ၊ ၂၀ ရက်နေ့တွင် မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီးကို ကိန်းဝပ်စံပယ်တော်မူမည့် အောင်မောဠိတောင်ညွန့်သို့ ပင့်ဆောင်နိုင်ခဲ့ပြီဖြစ်ပြီးသီတင်းသုံးစံမြန်းမည့် ဂန္ဓကုဋိကျောင်းဆောင်နှင့် လိုအပ်သည့်သာသနိက အဆောက်အအုံများကို ဆက်လက်တည်ဆောက်လျက်ရှိသည်။

zawgyi code

မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီး - နပြေည်တော်

မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီးသည် ဉာဏ်တော်အမြင့် ၃၂ပေရှိ ရပ်တော်မူကိုယ်တော်ကြီးဖြစ်ပြီး တန်ချိန်ပေါင်း ၁၀၉တန်ရှိ၍ စကျင်ကျောက်ရပ်တော်မူဆင်းတုများအနက် ဉာဏ်တော်အမြင့်ဆုံးရုပ်ရှင်တော်မြတ်ကြီးဖြစ်သည်။ ၂၀၁၅ခုနှစ်၊ ဇွန်လ၊ ၂၀ ရက်နေ့တွင် မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီးကို ကိန်းဝပ်စံပယ်တော်မူမည့် အောင်မောဠိတောင်ညွန့်သို့ ပင့်ဆောင်နိုင်ခဲ့ပြီဖြစ်ပြီးသီတင်းသုံးစံမြန်းမည့် ဂန္ဓကုဋိကျောင်းဆောင်နှင့် လိုအပ်သည့်သာသနိက အဆောက်အအုံများကို ဆက်လက်တည်ဆောက်လျက်ရှိသည်။


အခုအချိန် အညာမှာ ထန်းမြစ်တွေ ပေါ်ပြီ 💜
16/11/2022

အခုအချိန် အညာမှာ ထန်းမြစ်တွေ ပေါ်ပြီ 💜

 #နေပြည်တော်နဲ့အနီးဆုံး ကျောက်ဖျာတိမ်ပင်လယ် 🌥️🌥️ နေပြည်တော် ဇေယျာသီရိမြို့နယ် ကျောက်ဖျာတောင်ပေါ်ရွာလေးကိုတက်တဲ့ လမ်းတစ်လ...
26/10/2022

#နေပြည်တော်နဲ့အနီးဆုံး ကျောက်ဖျာတိမ်ပင်လယ် 🌥️

🌥️ နေပြည်တော် ဇေယျာသီရိမြို့နယ် ကျောက်ဖျာတောင်ပေါ်ရွာလေးကိုတက်တဲ့ လမ်းတစ်လျှောက်ကနေလှမ်းမြင်ရတယ်

🌥️ သိုက်ချောင်းလမ်းဆုံးကနေ တပ်ကုန်းဘက်ကို နည်းနည်းလေးဆက်မောင်းသွားရင် ညာဘက်မှာပဲ ကျောက်ဖျာတောင်ပေါ်ရွာလေးကိုသွားတဲ့ အတက်လမ်းချိုးလေးရှိပါတယ်

🌥️ သိုက်ချောင်းလမ်းဆုံကနေဆို နာရီဝက်ကျော်လောက်မောင်းတက်သွားတာနဲ့တောင်ပေါ်ကို ရောက်တာမလို့ တော်တော်လေးနီးပါတယ်

🌥️ ခုကလူသိနည်းသေးပေမဲ့ အတက်လမ်းနည်းနည်းပြင်ပြီးရင်တော့အရမ်းသာယာတဲ့တောင်ပေါ်ရွာလေးတစ်ရွာ ဖြစ်လာနိုင်တယ်
(ခုကတော့ လမ်းသိပ်မကောင်းသေး)

🌥️ တိမ်တွေကခဲပြီး အနီးကပ်မြင်ရတာမလို့ လှချက်ပါပဲဗျာ

#ပုံပိုင်ရှင်များအား လေးစားစွာဖြင့် ကူးယူဖော်ပြအပ်ပါသည်။

Post:
https://www.facebook.com/103557458149551/posts/404006134771347/

အဲ့လို...
03/10/2022

အဲ့လို...

ရှမ်းပြည်နယ်တောင်ပိုင်းက ရွာငံလမ်းတဲ့လေ🏞️လှတယ်ဆိုတာထက်ပို၍လှသော ရွာငံလမ်း🛤️ဓာတ်ပုံဆရာ Bro(Shan Pyi) အား လေးစားစွာဖြင့် က...
29/09/2022

ရှမ်းပြည်နယ်တောင်ပိုင်းက
ရွာငံလမ်းတဲ့လေ🏞️

လှတယ်ဆိုတာထက်ပို၍လှသော ရွာငံလမ်း🛤️

ဓာတ်ပုံဆရာ Bro(Shan Pyi) အား လေးစားစွာဖြင့် ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

ဒါဟာ နိုင်ငံခြားမဟုတ်တဲ့မန္တလေးတောင် တောင်တက်လမ်းပါ🏞️  credit to original
26/09/2022

ဒါဟာ နိုင်ငံခြားမဟုတ်တဲ့

မန္တလေးတောင်
တောင်တက်လမ်းပါ🏞️

credit to original

26/09/2022

MPT
*345*5*1*103 #
မိနစ်(60)& 170point
free

Credit to original

**နေပြည်တော် တပ်ကုန်းမြို့ အုန်းပင်ရွာကသမိုင်းဝင် သားခိုတောင် ဘုရား **နေပြည်တော်ဒေသဟာ သမိုင်းရာဇဝင်တွေနဲ့ပြည့်နှက်နေတဲ့ ...
26/09/2022

**နေပြည်တော် တပ်ကုန်းမြို့ အုန်းပင်ရွာကသမိုင်းဝင် သားခိုတောင် ဘုရား **

နေပြည်တော်ဒေသဟာ သမိုင်းရာဇဝင်တွေနဲ့ပြည့်နှက်နေတဲ့ နေရာဖြစ်တယ်ဆိုတာ အထူးပြောစရာမလိုပါဘူး ၊

ခုတင်ပြပေးမယ့် သမိုင်းဝင် သားခိုတောင်ဟာလဲ နေပြည်တော် နယ်နိမိတ်ထဲ က ထူးခြား ထင်ရှားတဲ့နေရာတခုပါဘဲ ။

ရှေးလွန်လေပြီးသောအခါက နေပြည်တော် တည်နေရာဝန်းကျင်
ရှမ်းရိုးမတောင်ပေါ် နဲ့ မိတ္ထီလာ ဝန်းကျင်မြေပြန့် လွင်ပြင်ဒေသတွေမှာ
ဒေဝဒတ်အလောင်းတော် ကျွဲမင်း ဟာ နောက်လိုက် များ၊

မောင်းမ ၅၀၀ နဲ့ လှည့်လည်ကျက်စားနေထိုင်လျက်ရှိပါသတဲ့ ၊
သူအုပ်စုထဲမှာ နောက်ထပ်မွေးဖွားလာတဲ့ ကျွဲပေါက် အမ ဆို လက်ခံပြီး
အထီးလေး ခတ်ကျွဲ လေး မွေးလာရင် ဂျိုနဲ့ ခွေ့သတ် ခွာနဲ့နင်းသတ် ပြုပါသတဲ့ ။

ဒေဝဒတ်လောင်း ကျွဲမင်းဟာ ခွန်အားပြည့်စုံသည့်အပြင် ဘုန်းတန်ခိုးလဲ ပြည့်စုံ တယ်လို့ဆိုပါတယ် ၊
ကျွဲမင်းကို လာယှဥ်တဲ့ခတ်ကျွဲများကို အနိုင်ခတ်ပြီး ပြိုင်ဘက်ကင်း အဖြစ်ရှိနေခဲ့တာပါ ၊
သူ့ကို ယှဥ်မည်စိုး၍ ခတ်ကျွဲပေါက်လေးများကို မွေးစဥ်ကတည်းက အပြတ်ရှင်းလင်းခြင်းပါ ၊

တခါက ကျွဲမင်းအုပ်စု ခရီးလှည့်လည်စဥ် အလွန်ကြီးမားတဲ့သစ်ဆိမ့်ပင်အောက် အေးမြလို့ ကျွဲမင်း ဟာ အိပ်ပျော်သွားပါသတဲ့ ၊

သူနိုးလာတဲ့အခါ အချိန်လင့်သွားပြီး ခရီးစဥ်နောက်ကျသွားလို့ စိတ်တိုပြီး သစ်ဆိမ့်ပင် ကို ဂျိုနဲ့ခတ်လှဲ ပလိုက်ပါတော့တယ် ၊

သစ်စိမ်ပင် စောင့်နတ်ကြီးကလဲ သူ့နေရာဖြိုဖျက်လို့ အငြိုးအတေးထါးခဲ့ပါတယ် ၊ ကျွဲမင်းဘုန်းကံမြင့်ချိန်မို့ လက်ပိုက်ကြည့်နေခဲ့ရပါတယ် ၊သစ်ဆိမ့်ပင်ရွာလေးဟာ မနီးမဝေးမှာ တည်ရှိပါတယ် ။

သန္တီ အမည်ရှိတဲ့ ကျွဲမ ဟာ ကျွဲမင်းနဲ့ ကိုယ်ဝန်ရသွားပါတယ် ၊ သူဟာ ခတ်ကျွဲ ကျွဲထီးမွေးမှာကိုသိတဲ့အတွက် သူ့သားကို ကျွဲမင်းရန်ကလွတ်အောင် အုပ်စုမှ ဖယ်ရှောင်ခွါ ထွက်လာပါတယ် ၊လွယ်ခေါ်တောင်မှနေ၍ သူ့သားအတွက် လုံခြုံရာ ယခု အုန်းပင်ရွာနေရာရှိသားခိုတောင်မှာ ခိုလှုံပြီး သားတော် ဘုရားအလောင်းကို မွေးတော်မူပါတယ် ၊
ဘုရားအလောင်းကျွဲ ငယ်လေးဟာ မိခင်နှင့် သားခိုတောင်မှာ ခိုမှီနေရင်း တဖြည်းဖြည်းအရွယ်ရောက် လို့လာပါတယ် ၊ ကျွဲမင်း ကြီး နဲ့ တနေ့တွေ့ရင် အသက်လုခတ်ရမှာမို့ အားမွေးရင်း သူ့ဖခင်ကျွဲမင်းကြီးခြေရာကို အမြဲ သွားရောက်ပြီး သူ့ခြေရာနှင့် တိုင်းပါတယ် ၊ ခြေရာမညီသေးလျှင် လှည့်ပြန်ပါတယ် ၊ ( ခြေရာတိုင်းတယ် ခြေရာယှဥ်တယ် ) ဆိုတာ ဒီဇတ်တော်က လာတာပါ ။

ဘုရားအလောင်းဟာ သူ့ဖခင် ခြေရာနဲ့ သူ့ခြေရာ ထပ်တူကျချိန်မှာ အပြိုင်ခတ်ဖို့ အလာ တပ်ကုန်းမြို့က ဗျိုင်းအင်း ခေါ် ပြိုင်အင်းနေရာမှာ တွေ့ဆုံပြီး ကျွဲမင်းနဲ့ခတ်ကြပါတော့တယ် ၊

ကျွဲမင်းကြီးရဲ့ အကျဘက်ရောက်ချိန် ဘုန်းကံကျချိန်ဖြစ်နေခြင်းကတကြောင်း သစ်ဆိမ်ပင် စောင့် နတ်မင်း ဝင်ပူးသတ်ကါ ခတ်ခြင်းကြောင့် ကျွဲမင်းဟာ အားချင်းမယှဥ်သာဘဲ ဆုတ်ခွာ ပြီးခတ်ရပါတယ် ၊

အားကုန်လို့ ဒူးတုပ်ပြီး အခတ်ခံရာနော မှာ ဒူးတုတ်ကန် ယခုပေတောရွာအနီး ဘုရားလောင်ကျွဲက နောက်ကလိုက်ခတ်လွန်း၍ ဦးချိုပြုတ်ကျရာနေရာမှာ ချိုကျအင်းအဖြစ် ယနေ့တိုင် ရှိနေပါတော့တယ် ။

သားခိုတောင်ဟာ ဆုတောင်း ပြည့်သည်ဟု လူသိများပါတယ် ၊
သားအသက်ရှင်သန်ဖို့ ခိုအောင်းရာ အောင်မြေဖြစ်သည့်အတွက် ရှေ့တန်းထွက်အသက်လုတိုက်ပွဲဝင်ကြရသော တပ်မတော်သား အများစု လာရောက်ဆုတောင်းရာ တောင်တော်မြတ် စေတီ ဖြစ်ပါတယ် ၊
စီးပွားရေး အဆင်မပြေသူများ ရောက်ရှိဆုတောင်းလျှင် အလျင်အမြန် ဆုတောင်းပြည့်ကြသည်ဟု သိခဲ့ရပါသည် ၊

သားခိုတောင်ဘုရားပွဲ ကိုနှစ်စဥ်ပြာသိုလမှာ ကျင်းပလျက်ရှိပြီး အငြိမ့်ဇတ်ပွဲများပါဝင်သော စည်ကါးသည့်ဘုရားပွဲတော် တခုဖြစ်ပါသည် ၊

နိုင်ငံကျော်ရုပ်ရှင်မင်းသားမင်းသမီးများ သားခိုတောင် ရောက်ရှိဖျော်ဖြေ ခဲ့ကြကြောင်းလဲ သိခဲ့ရပါသည် ၊ သားခိုတောင်ပေါ်သို့ ကွန်ကရစ်လမ်း ဖေါက်လုပ်ထါးရှိပြီဖြစ်၍ တောင်ထိပ်ရှိစေတီသို့ ကါးနှင့် တောက်လျောက်တက်ခါ ဘုရားဖူး နိုင်ကြပါသည် ။

နေပြည်တော်မှသားခိုတောင်သို့ သွားလိုလျှင် ကြာချိန် တစ်နာရီ ခွဲခန့်သာကြာမြင့်ပါသည် ၊

တပ်ကုန်းမြို့ ကင်းသာလမ်းခွဲမှ တစ်မိုင်အကျော် လမ်းဘယ်ဘက်တွင် ခရိုင်ချင်းဆက် ကင်းသာလမ်းမှ အုန်းပင်ရွာ လမ်းခွဲသို့ ၁၂ မိုင် မောင်းရပါမည် ၊ ခရိုင်ချင်းဆက်လမ်းမှာနေရာ အတော်များများ ကတ္တရာလမ်းအသစ် ခင်းပြီးစီးနေတာ တွေ့မြင်ရပါသည် ၊ တချို့နေရာများဆက်လက်ခင်းနေပါသည် ၊ ခရိုင်ချင်းဆက်လမ်းမပေါ်တွင် အုန်းပင်ရွာ သားခိုတောင် သို့ဆိုင်းဘုတ် ရှိနေပြီး တစ်မိုင်ခွဲခန့်ဝင်သွားလျှင် အုန်းပင်ရွာနှင့် သားခိုတောင်သို့ ရောက်ရှိဖူးမျှော်နိုင်ကြပါပြီခင်ဗျာ ၊

ကားငယ်လေးများနှင့်သွားလာနိုင်ကြောင်းလဲ တင်ပြအပ်ပါသည် ။

မူရင်း ဆရာကိုသက်နိုင်စိုး
#ပြန်လည်မျှဝေခြင်းဖြစ်ပါသည်

နမ့်မွန်ကြီးရေတံခွန်သို့ ဒီလိုတွေသွားခဲ့ရတယ်သဘာဝရဲ့အလှအပတွေကို တစ်ဝကြီးခံစားပြီးနမ့်မွန်ကြီးရေတံခွန်သို့ သွားလိုက်ကြရအော...
15/09/2022

နမ့်မွန်ကြီးရေတံခွန်သို့ ဒီလိုတွေသွားခဲ့ရတယ်

သဘာဝရဲ့အလှအပတွေကို တစ်ဝကြီးခံစားပြီး
နမ့်မွန်ကြီးရေတံခွန်သို့ သွားလိုက်ကြရအောင်......

နေပြည်တော်ကနေသွားမယ်ဆိုရင် နေ့ချင်းပြန်သွားလို့ရတဲ့ နေရာလေး တစ်ခုပါ။

နမ့်မွန်ကြီးရေတံခွန်ဟာ ပင်လောင်းမြို့နယ် ၊ ပေါင်းလောင်းမြို့ သစ်မှာတည်ရှိပြီး
နေပြည်တော်ကနေ ပင်လောင်းမြို့သို့ ၃နာရီကြာမောင်းနှင်ရပါတယ်

၃နာရီကြာမောင်းနှင်ရတဲ့ ကားလမ်းခရီးက ဖြောင့်ဖြူးနေတဲ့ လမ်းတော့ မဟုတ်ပါဘူး ❌။လမ်းကတစ်လမ်းပဲရှိပြီ လမ်းကျဉ်းတဲ့အတွက် ကား၂စီးရှောင်ရုံသာပဲ။

အကွေ့ကျွမ်းမှ အဆင်ပြေပါမယ်။

တောင်တွေကိုယ်ကွေ့ပတ်ပြီး မောင်းနှင်ရတဲ့တောင်တက် တောင်ဆင်းလမ်းတွေဖြစ်တဲ့အတွက် အရမ်းကိုယ်အန္တရာယ််များတဲ့ ခရီးလို့လည်း ဆိုနိုင်ပါတယ်

( တဖက်မှာက ချောက် တဖက်မှာက တောင် )

✔ တောင်တက်တောင်ဆင်းလမ်းရဲ့ အားသာချက်ကတော့
သဘာဝရှုခင်းတွေကိုယ် တဝကြီးခံစားရပြီး
တိမ်တွေပေါ်ရောက်နေသလို ခံစားရတယ်⛅☁⛅☁

အကွေ့အကောက်ပေါင်းများစွာကိုယ်တက်နေရင်း..........နာမည်ကြီးတဲ့ နေရာတစ်ခုရှိပါသေးတယ်ဘာများလဲပေါ့
အကွေ့ ၁၅ထပ်ကွေ့လို့ နာမည်ကြီးတဲ့နေရာပါ။
၁၅ထပ်ကွေ့လို့သာဆိုတယ် ကွေ့၃၀လောက်ထင်ရတယ်
ဒီ ၁၅ထပ်ကွေ့ကိုယ် ကျော်ဖြတ်ပြီးမှသာ ပင်လောင်းမြို့သို့ ရောက်မှာပါ။

ပင်လောင်းမြို့သို့ ရောက်ပြီဆိုတာနဲ့ ရေတံခွန်ရောက်ပြီလို့ မထင်လိုက်ပါနဲ့ ❌
ပင်လောင်းမြို့၏ နမ့်မွန်စားသောက်ဆိုင်နားမှာ စက်လှေစုံစမ်းပြီး ခရီးဆက်ရပါဦးမယ်

စက်လှေနဲ့၁နာရီကျော်ကြာ မောင်းနှင်ပြီးမှသာ နမ့်မွန်ကြီး ရေတံခွန်ကို ❤ ရောက်မှာပါ။

တောင်တွေဝန်းရံထားတဲ့ ရေပြင်ကျယ်ကြီးကို
စက်လှေနဲ့ မောင်းနှင်နေချိန်မှာ ရေလယ်ခေါင်နှင့်ကမ်းစပ်နားမှာရှိတဲ့ ဝါးခြောက်ပင်တွေနဲ့ သစ်ခြောက်ပင်တွေပေါ်က
သစ်ခွပင်တွေ ကိုလည်းတွေ့မြင်ရပြီး ထိုအပင်တွေဝိုင်းနေတဲ့ ကြားက ဖြတ်သွားရတော့ ပျော်ဖို့တော့ကောင်းသား

ဒီထက် ပိုပျော်ဖို့ကောင်းတာလာမယ် ဆက်ပြီးဖတ်ကြည့်ရအောင်

ရေတံခွန်ရှိတဲ့လှေဆိပ်ကိုရောက်ပြီဆိုတာနဲ့
တောလမ်းခရီးလေးကို ၅မိနစ်လောက်ပဲဖြတ်ရတယ်
❤ နမ့်မွန်ကြီး ဆိုတဲ့ ဆိုင်းဘုတ်ကို စတွေ့ရပြီ။ ❤
ရေသံတွေလည်း စကြားလာရပြီ။
✔✔အဲ့နားတစ်ဝိုက်မှာ ဝါးအဆောင်လေးတွေရှိတဲ့အတွက်ပစ္စည်းထားရတာ အဆင်ပြေပါတယ်

ဝါးအဆောင်ကနေ ရေတံခွန်ကို ရောက်ဖို့ဆိုရင်
တောလမ်းလေးနဲ့ ဝါးတံတားများကို ၁၀မိနစ်ဝန်းကျင်လောက်ကျော်ဖြတ်ရမှာဖြစ်ပြီး လမ်းတစ်လျှောက်မှာလည်း ရေတံခွန်ငယ်လေးတွေနဲ့ အရမ်းကိုသာယာနေတယ်

ရေတံခွန်ကြီးရှိရာ ရောက်ပြီဆိုတာနဲ့ မရတော့ဘူး
အရမ်းတွေ ဓာတ်ပုံရိုက်ချင်နေပြီ
ရေတံခွန်က ရေအရောင်လေးကလည်း ပြာလဲ့လဲ့လေးေရစီးကလည်း အရမ်းသန်
ချိုင့်တွေရှိပေမယ့် နက်တဲ့နေရာက အတော်နက်ပါတယ်
လူအသွားအလာနည်းပေမယ့်
❤ ပျော်ဖို့ကောင်းတဲ့ နေရာလေးတစ်ခုပါ။ ❤

✔ ခရီးသွားခြင်းအားဖြင့် ပင်ပန်းမှုတွေလျော့ကျစေတယ်။
✔ စိတ်ဖိစီးမှုတွေမေ့ပျောက်စေနိုင်တယ်။
✔ လူကိုယ်လန်းဆန်းတက်ကြွစေပြီး......အားအင်အသစ်တွေရရှိလာတယ်လို့ ခံစားရစေတယ်။

ဒါ့ကြောင့် ပင်ပန်းမှုတွေ စိတ်ဖိစီးမှုတွေကနေ ခဏတာဖြေဖျောက်ချင်တယ်ဆိုရင်တော့ သွားဖြစ်အောင် သွားလိုက်ပါနော်။

Credit to
Photo Credit to original photographer
#‌လေးစားစွာဖြင့်ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

မင်္ဂလာကန် ကန်ဘောင်ကို ရောက်ဖူးပြီလား ?
08/09/2022

မင်္ဂလာကန် ကန်ဘောင်ကို
ရောက်ဖူးပြီလား ?

အာ့လိုမျိုးလား 😱
05/09/2022

အာ့လိုမျိုးလား 😱

ဝေသာလီ""""""""""🔹နေပြည်တော်ပျဉ်းမနားအရှေ့ဘက်တောင်ပေါ်ဒေသ ကရင်ဖြူတိုင်းရင်းသားတွေရဲ့ ရွာလေး''🔹မြသီတာရေတံခွန် အသွားလမ်းပေါ...
02/09/2022

ဝေသာလီ
""""""""""
🔹နေပြည်တော်ပျဉ်းမနားအရှေ့ဘက်တောင်ပေါ်ဒေသ
ကရင်ဖြူတိုင်းရင်းသားတွေရဲ့ ရွာလေး''
🔹မြသီတာရေတံခွန် အသွားလမ်းပေါ်မှာရှိပီး
ရွာဘုရားကုန်းပေါ်ကမြင်ရတဲ့ တိမ်ပင်လယ်အလှကြောင့်
မြသီတာရေတံခွန်နဲ့အတူ လူသိများခဲ့ဖူးတယ်
🔹သာဝတ္တိ- တောင်ဖီလာ- ပြဒါးချောင်း
အထက်ပေါင်းလောင်း အတက်လမ်း တဝက်ကျော်မှာ
အေးချမ်းပီး သဘာဝအတိုင်းလှနေတဲ့ရွာလေးမလို့
ပုံလေးတွေမျှဝေပါတယ်'''''
"""""
တစ်ချို့ကလည်း နေပြည်တော်တိမ်ပင်လယ်လို့ ခေါ်ကြတယ် 💕

Photo credit
#ပျဉ်းမနားအရှေ့ဘက်တောင်ပေါ်ဒေသ

ဖောင်တော်ချက်မဘုရားသည် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ လယ်ဝေးမြို့တွင် တည်ရှိသော ရှေးဟောင်းသမိုင်းဝင် စေတီတ...
30/08/2022

ဖောင်တော်ချက်မဘုရားသည် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ လယ်ဝေးမြို့တွင် တည်ရှိသော ရှေးဟောင်းသမိုင်းဝင် စေတီတစ်ဆူဖြစ်သည်။

အလောင်းစည်သူမင်းသည် သက္ကရာဇ် (၄၇၅)ခုနှစ်မှ (၅၂၄)ခုနှစ်ထိ ပေါက္ကံပြည်ကြီးကို စိုးစံတော်မူစဉ် ဖောင်တော်ရတနာရွှေစင်္ကြာဖြင့် မြန်မာပြည်တွင်း တိုင်းခန်းလှည့်လည်တော်မူရာ ဖောင်တော်ရတနာ ရပ်တန့်ရာဌာန၊
ဗဟိုချက်မတွင် စေတီတော်မြတ်တည်ထားသဖြင့် ဖောင်တော်ချက်မစေတီတော်ဟု အမည်တွင်သည်။

သက္ကရာဇ် (၁၂၉၉) ခုနှစ် ကဆုန်လပြည့်နေ့ ၊ စေတီတော်မြတ်ကြီး၏ မူလထီးတင်ပွဲမှ စတင်ကျင်းပခဲ့သော ကဆုန်ညောင်ရေသွန်းပွဲတော်ကိုလည်း နှစ်စဉ်ကျင်းပသည်။

အထက်မြန်မာပြည်ဘုရားပွဲတော်များအနက် ဖောင်တော်ချက်မ ဘုရားပွဲတော်ကာလမှာ ရက်အကြာဆုံးဖြစ်ပြီး ၂၂ ရက် ကြာမြင့်သည်။

နယ်လှည့်ဈေးဆိုင်ခန်းပေါင်း ၁၀၀၀ ကျော်ပါဝင်ကာ နိုင်ငံကျော်ဇာတ်သဘင်အဖွဲ့အသီးသီး လာရောက်ကပြဖျော်ဖြေကြသဖြင့် ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာဧည့်သည်များဖြင့် စည်ကားသည်။

မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
Photo Credit to original
page

နေပြည်တော်မှာနေပြီး ဒီနေရာကို မသိသေးရင် သင် ခေတ်နောက်ကျနေပါပြီဒီနေရာဟာဆိုရင် နေပြည်တော်နဲ့ အနီးမှာရှိပြီး ဆိုင်ကယ်နဲ့ဆို...
30/08/2022

နေပြည်တော်မှာနေပြီး ဒီနေရာကို မသိသေးရင် သင် ခေတ်နောက်ကျနေပါပြီ

ဒီနေရာဟာဆိုရင် နေပြည်တော်နဲ့
အနီးမှာရှိပြီး ဆိုင်ကယ်နဲ့ဆို see more...

ရာသီဥတုသာယာတယ်။
29/08/2022

ရာသီဥတုသာယာတယ်။

25/08/2022

နေပြည်တော်သူလေးတွေက ချစ်စရာကောင်းတယ်ဆိုတာ လက်ခံလား 🥰

စာအုပ်လေးတွေဖတ်ရင်း မုန့်စားလို့ ရမယ့်နေရာလေး လမ်းညွှန်ပေးချင်ပါတယ်ဒါကတော့ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်က...
20/08/2022

စာအုပ်လေးတွေဖတ်ရင်း မုန့်စားလို့ ရမယ့်နေရာလေး လမ်းညွှန်ပေးချင်ပါတယ်

ဒါကတော့ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်၊ အောင်ဇမ္ဗူ(၄)လမ်းမှာ ရှိတဲ့ " သုတအောင် " စာအုပ်ဆိုင်လေးပဲ ဖြစ်ပါတယ်။

ဒီစာအုပ်ဆိုင်လေးမှာ အေးအေးဆေးဆေး ဆိုင်မှာ ထိုင်ဖတ်လို့ရအောင် ဖန်တီး လုပ်ပေးထားပြီး စာအုပ်တွေကတော့ ဆုရ စာအုပ်တွေ၊ ရှားပါးစာအုပ်တွေ၊ လူကြိုက်များတဲ့ စာအုပ်လေးတွေ မျိုးစု စုဆောင်းတင်ပေးထားပါတယ်။

တစ်ဆိုင်လုံးမှာ ရှိတဲ့ စာအုပ်မျိုးစုံကို စိတ်ကြိုက်ဖတ်နိုင်ပါတယ်။ ဆိုင်မှာတင်ပေးထားတဲ့ မုန့်လေးတွေလည်း စားရင် အလှုငွေ ထည့်နိုင်ပါတယ်။ ဆိုင်ထိုင်ဖတ်ဖို့အတွက် member လေးတော့ ဝင်ပေးရပါမယ်နော်။ member ဝင်ကြေးလေးက တစ်လ မှ ၂၀၀၀ ကျပ်သာ ပေးရမှာဖြစ်ပါတယ်။

ဆိုင်ထိုင်ဖတ်လို့ရတဲ့အချိန်ကတော့ မနက် ၈ နာရီ ကနေ ည ၈ နာရီအထိ ဆိုင်မှာ အေးဆေးထိုင် ဖတ်လို့ရပါတယ်။ member ဝင်များကို တစ်လတစ်ခါ စာအုပ်လေးတွေ မဲဖောက်ပေးဖို့ အစီအစဉ်တွေလည်း ရှိပါတယ်နော်။

အသေးစိတ်သိချင်တာလေးတွေရှိရင်တော့ - သုတအောင်စာပေ၊ အောင်ဇမ္ဗူ(၄)လမ်း၊ အောင်ဇမ္ဗူရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။ ဖုန်း - 09986873150 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Credit to original writer & photo
#အသိပညာတိုးတက်‌ေစရန်_ပြန်လည်မျှဝေခြင်းဖြစ်ပါသည်

18/08/2022

နေပြည်တော်မှာ ရိုက်ထားတဲ့ အမှတ်တရပုံလေးတွေရှိရင် မန့်ပေးကြပါ့လား💛💛💛

 #နေပြည်တော်မှာနေရင် သိထားသင့်ပါတယ်နော်နေပြည်တော်တွင် တည်ရှိသော ထင်ရှားသည့်တန်ခိုးကြီး စေတီတစ်ဆူဖြစ်သည်။ တရုတ်ပြည်မှ ဗုဒ...
18/08/2022

#နေပြည်တော်မှာနေရင် သိထားသင့်ပါတယ်နော်

နေပြည်တော်တွင် တည်ရှိသော ထင်ရှားသည့်တန်ခိုးကြီး စေတီတစ်ဆူဖြစ်သည်။ တရုတ်ပြည်မှ ဗုဒ္ဂစွယ်တော်ရုပ်ပွားတော်ကို ဌာပနာထားရှိသည်။
ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၏ ပုံစံကို နမူနာယူကာ တည်ဆောက်ထားခြင်းဖြစ်သည်။ ဉာဏ်တော်အမြင့်မှာ ၉၉ မီတာ (၃၂၅ ပေ) ရှိသည်။
ထီးတော်တင်လှူပူဇော်ပွဲကို ၂၀၀၉ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် ကျင်းပခဲ့သည်။

သမိုင်းကြောင်း
ပြင်ဆင်
စေတီတော်တည်ဆောက်ရေးလုပ်ငန်းများနိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လမ်းညွှန်မှုဖြင့် ၂၀၀၆ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင်စတင်ခဲ့ပြီး ၂၀၀၉ခုနှစ် မတ်လတွင် ပြီးစီးခဲ့သည်။ စေတီတော်၏ ပန္နက်တင် မင်္ဂလာအခမ်းအနားကို ၂၀⁠၀၆ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပခဲ့သည်။ အခမ်းအနားအတွက် ဖိတ်စာတွင် 'ရာဇဌာနီ နေပြည်တော် (ဘုရင်နန်းစံသည့် မင်းနေပြည်)' စာပိုဒ်ဖြင့် ဖွင့်ထားသည်။ စေတီ၏ဉာဏ်တော်သည် ရွှေတိဂုံဘုရားအောက် ၃၀ စင်တီမီတာနိမ့်သည်။ ဥပ္ပါတသန္တိကို အကြမ်းဖျင်းဘာသာပြန်ဆိုရလျှင် 'ဘေးဒုက္ခ ကပ်ဆိုးကြီးမှ အကာအကွယ်ပေးခြင်း' ဖြစ်သည်။ ဤအမည်သည် ၁၆ ရာစုအစောပိုင်းလောက်တွင် ဘုန်းတော်ကြီးတစ်ပါးမှ ရေးသားရွတ်ဆိုခဲ့သည့် ပရိတ်ဂါထာ ဖြစ်သည်။ ဤ ပရိတ်ဂါထာကို ဘေးဒုက္ခ များကြုံသည့်အချိန်၊ အထူးသဖြင့် တိုင်းတစ်ပါးမှ ဝင်ရောက်တိုက်ခိုက်လာသည့်အခါ တွင် ရွတ်ဆိုကြသည်။

မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။
Photo Credit to original
page

နေပြည်တော်ရှိ မင်္ဂလာကန်ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား - တောင်ညိုလမ်းဘေး အမျိုးသားပရဆေးဥယျာဉ်ရှေ့တွင် တည် ရှိပါသည်။ နေပြည်...
15/08/2022

နေပြည်တော်ရှိ မင်္ဂလာကန်
ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား - တောင်ညိုလမ်းဘေး အမျိုးသားပရဆေးဥယျာဉ်ရှေ့တွင် တည် ရှိပါသည်။ နေပြည်တော်ရှိ သွားလာလည်ပတ်စရာနေရာများအနက် အများပြည်သူများ အနားယူအပန်းဖြေနိုင်သော နေရာတစ်ခုဖြစ်ပါသည်။

#နေပြည်တော်


#မင်္ဂလာကန်နေပြည်တော်

မစဲပဲ ရက်တွေဆက်ပြီးရွာနေတဲ့မိုးကြောင့် ဦးတည်ချက်မရှိ တစ်စုံတစ်ယောက်ကို လွမ်းနေမိပြန်ပြီ။🤗🤗🤗စာက pageထဲက FA တွေအတွက်ပါ😂 မင...
12/08/2022

မစဲပဲ ရက်တွေဆက်ပြီးရွာနေတဲ့မိုးကြောင့်
ဦးတည်ချက်မရှိ တစ်စုံတစ်ယောက်ကို လွမ်းနေမိပြန်ပြီ။

🤗🤗🤗
စာက pageထဲက FA တွေအတွက်ပါ😂

မင်မင်က
ချစ်သူရင်ထဲကနေ ပို့စ်တင်လိုက်တာပါ။
😂

မိုးတွေရွာနေပြီ အချစ်ရေ...🌻🌻🌻 ချစ်သူ့ရင်ခွင်ထဲကနေ post တင်လိုက်တာ 🤗
11/08/2022

မိုးတွေရွာနေပြီ အချစ်ရေ...

🌻🌻🌻
ချစ်သူ့ရင်ခွင်ထဲကနေ post တင်လိုက်တာ 🤗

အဘ ဘိုးဘိုးအောင် ရဲ့ သပိတ်ကွဲ စမအင်း နေရာအင်းရောင်း ( ခ ) အင်းလျောင်း ရေကန်သာ နေပြည်တော် လယ်ဝေးမြို့နယ်ထဲက အင်းလျောင်းဆိ...
11/08/2022

အဘ ဘိုးဘိုးအောင် ရဲ့ သပိတ်ကွဲ စမအင်း နေရာအင်းရောင်း ( ခ ) အင်းလျောင်း ရေကန်သာ

နေပြည်တော် လယ်ဝေးမြို့နယ်ထဲက အင်းလျောင်းဆိုတဲ့ နေရာ မှာ ဘုရင် ဘိုးတော်ဦးဝိုင်း ရန်ကို စိုးရိမ်လို့ ဘိုးဘိုးအောင်မဖြစ်ခင် မောင်အောင် ဘဝ ဆွေမျိုးတသိုက် တိမ်းရှောင်ပုန်းအောင်းရာ ဌာနေ

ဘိုးဘိုးအောင်ကိုဖမ်းဆီးမယ့် စစ်သည်ရဲမက်များ အား စမ အင်းအဆောင်ဖြင့် ကါကွယ်ခဲ့ရာ ရေပြင်ကျယ်ကြီး ဖြစ်သွားပြီး ရဲမက်များလက်လျော့ပြန်လှည့်ခဲ့ရသော အဖြစ်များ ရှိရာ အင်းလျောင်း
အင်း၉ အင်း နှင့် ကုန်း ၉ ကုန်း တည်ရာ ၉ နဝင်း ပေါက် ဘူမိနက်သန်နေရာ

စမတောင်ဘက်တရားကျင့်ရင်း ထွက်ရပ်ပေါက်ကါ ဘုရင်ဘိုးတော်ဦးဝိုင်းတပ်များဖမ်းဆီးမှုကိုခံ နန်းတော်အထိလိုက်ခဲ့ပြီး ငါ့ကိုသတ်ချင် ငါ့ရေးတဲ့ ဝ လုံးကို အရင်ဖျက်အုံး မောင်ဝိုင်း လို့ မိန့်ကြားပြီး နန်းတော်တိုင်မှာ ဝလုံးတလုံးရေးပြခဲ့ပြီး ထိုဝလုံးကို ဖျက်ကြရာ နှစ်လုံးဖြစ် ထို ဝလုံးနှစ်လုံးကိုထပ်ဖျက် ဝလုံးလေးလုံးဖြစ် ထပ်ဖျက်ကြတော့လဲ ဆတိုးပွားများလာပြီး နန်းတော်တိုင်တွေအကုန် ဝလုံးတွေ ဖြစ်အောင် အစွမ်းပြခဲ့တဲ့ဘိုးဘိုးအောင် ကျင်လည်ခဲ့ရာ နေရာ

ယခု မိုးရာသီဆို ကန်ရေပြင်မြင့်တက်လာပြီး မန္တလေးကတောင်သမန်တံတား ကဲ့သို့ တင်စားလို့ ရနိုင်တဲ့ လှပတဲ့ ကန်ရေပြင်ပေါ် က တံတားလေးတွေရဲ့အလှ
ကြာပန်းလေးတွေနဲ့ လှချင်တိုင်းလှနေပါတဲ့ အင်းလျောင်း ကန်ရေပြင် ဒေသခံတွေကို အကူအညီတောင်းပြီး လှေကလေးနဲ့ ကန်ရေပြင်ထဲ ပတ်လည် လှေကလေးကို တံတားအောက်က ဖြတ်မောင်းခိုင်းပြီး ကြည်နူးမှု များ ရချင်တယ်ဆိုလျှင် နေပြည်တော်မှအလှမ်းမဝေးတဲ့ အင်းလျောင်းဆိုတဲ့ သာယာသော နေရာလေး ကို အရောက်သွားဖို့ တိုက်တွန်းပါရစေ

ဓါတ်ပုံရိုက်ဖို့ ဝါသနာပါသူတွေအတွက် သွားလည်ရကြိုးနပ်စေရမယ့် အလှတွေ စုနေတဲ့ အင်းလျောင်းမြေကို ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ

နေပြည်တော် လယ်ဝေးမြို့နယ် ဒိုးနွယ်ရွာ ကျေးစာဉရွာဘက်က သွားလို့ရပါတယ်
ဆည်စုကျေးရွာ မန်းကျည်းကုန်းရွာဘက်ကလည်း သွားလို့ရပါတယ် ။

#အင်းလျောင်း
#မူရင်းရေးသားသူနှင့် ပုံပိုင်ရှင်များအား လေးစားစွာဖြင့် ကူးယူဖော်ပြအပ်ပါသည်။

လယ်ဝေးမြို့----------------------🇲🇲 #လယ်ဝေးမြို့အကြောင်း...🇲🇲{ #ဘုရင့်နောင်မင်းတရားကြီး၏မယ်တော်သည်လယ်ဝေးမြို့သူကြီး၏ သမီ...
20/07/2022

လယ်ဝေးမြို့
----------------------
🇲🇲 #လယ်ဝေးမြို့အကြောင်း...🇲🇲{ #ဘုရင့်နောင်မင်းတရားကြီး၏မယ်တော်သည်
လယ်ဝေးမြို့သူကြီး၏ သမီးဖြစ်သည်ဟုဖော်ပြထားသည်}
(Google ၌ တရားဝင်ဖော်ပြထားသော လယ်ဝေး မြို့နှင့်သမိုင်း)

👉လယ်ဝေးမြို့နယ် သည် နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ပါဝင်သော မြို့နယ်တစ်ခုဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လယ်ဝေးမြို့နယ်ရှိ လူဦးရေမှာ ၂၈၄,၁၄၄ ယောက် ဖြစ်သည်။

🌉လယ်ဝေးမြို့နယ်
Lewe Townshipမြို့နယ်ကိုဩဒိနိတ်: 19°38′N 96°7′Eနိုင်ငံမြန်မာနယ်မြေနေပြည်တော် ပြည်ထောင်စုနယ်မြေမြို့တော်လယ်ဝေးမြို့လူဦးရေ (၂၀၁၄) • စုစုပေါင်း၂၈၄,၁၄၄အချိန်ဇုန်မြန်မာစံတော်Eနိုင်ငံC+6:30)

🏞နယ်နမိတ်နှင့် အကျယ်အဝန်း

⏩အရှေ့ဖက်တွင် ပျဉ်းမနားမြို့နယ်၊
⏬တောင်ဖက်တွင် ရေတာရှည်မြို့နယ်၊
⏪ အနောက်ဖက်တွင် တောင်တွင်းကြီးမြို့နယ်၊
⏬မြောက်ဖက်တွင် ဒက္ခိဏသီရိမြို့နယ်၊ ပျဉ်းမနားမြို့နယ်တို့နှင့် ထိစပ်လျက်ရှိသည်။ အရှေ့မှအနောက်သို့ ၄၇.၀၂ မိုင်၊ တောင်မှမြောက်သို့ ၁၈.၆၄ မိုင်ရှည်လျားပြီး စတုရန်းမိုင်ပေါင်း ၈၇၂.၂၄၈ မိုင် ကျယ်ဝန်းသည်။

🇲🇲အုပ်ချုပ်ရေးနယ်မြေ🇲🇲

လယ်ဝေးမြို့နယ်ကို မြို့ပေါ်ရပ်ကွက် ၇ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၀ အုပ်စုနှင့် ကျေးရွာပေါင်း ၂၆၁ ရွာဖြင့် ဖွဲ့စည်းထားသည်။

🎓🎓🎓ပညာရေး🎓🎓🎓
လယ်ဝေးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း ၁၁ ကျောင်း၊ အလယ်တန်းကျောင်းပေါင်း ၁၆ ကျောင်း၊ မူလတန်းကျောင်းပေါင်း ၂၂၆ ကျောင်း၊ မူလတန်းကြိုကျောင်း ၁၁ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းပေါင်း ၉ ကျောင်း တည်ရှိသည်။ စာတတ်မြောက်မှုရာခိုင်နှုန်းမှာ ၉၉.၉၅ ဖြစ်သည်။

🚑ကျန်းမာရေး🚑

မြို့နယ်အတွင်း ကုတင် ၁၀၀ ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံ ၁ ရုံ၊ အစိုးရတိုက်နယ်ဆေးရုံ ၃ ရုံ၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၀ ခု နှင့် ပုဂ္ဂလိကဆေးပေးခန်းပေါင်း ၉ ခု ရှိသည်။

အထင်ကရနေရာများ
#ဖောင်တော်ချက်မဘုရား
#ရန်အောင်မြင်
#ရွှေလက်လှစေတီ
#ဖောင်တော်ဦးဘုရား
⛺ #စမတောင်
⛺ #ယက္ကန်းစင်တောင်
🛫 #နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်
#ရန်အောင်ချမ်းသားဘုရား

လယ်ဝေးမြို့မှ ထင်ရှားသောသူများ
📝🏅မောင်ဆန္ဒ (လယ်ဝေး)
📝🏅မောင်စိမ်းနောင် (လယ်ဝေး)
🖥ဒါရိုက်တာ အကယ်ဒမီဟိန်းထက် (လယ်ဝေး)
🖥သရုပ်ဆောင် ဇေရဲထက်

**သမိုင်း **
သက္ကရာဇ် ၁၉၁ ခုနှစ်တွင် မောင်နွဲ့ဆိုသည့် ပုဂ္ဂိုလ်တစ်ဦးက တောင်ကုန်းတစ်ခုပေါ်တွင် စတင်တည်ထောင်သောကြောင့် လယ်ဝေးမြို့ကို ရှေးကနဦး ကအစ "ငနွဲ့ကုန်းမြို့၊ ငနွယ်ကုန်းမြို့" ဟုခေါ်သည်။ ထိုနောက် တစ်ဖန် ဝါးနွယ်ကုန်းဟု တွင်ပြန်သည်။ ဝါးနွယ်ကုန်းမြို့ဟောင်း တည်နေရာသည် ယခုလယ်ဝေးမြို့၏ အနောက်တောင်ဘက်တွင် ရှိသော မြို့ကုန်းနေရာပင် ဖြစ်သည်။ မြို့ဟောင်း၏ အကျယ်အဝန်းမှာ အရှေ့အနောက် တာ (၁၀၀)၊ ပေပေါင်း ၁၀၅၀ ရှည်ပြီး တောင်မြောက်မှာ တာ(၈၀) ပေပေါင်း ၈၄၀-ပေ ရှည်လျားသည်။ မြို့ရိုးတံတိုင်းမှာ ၁၅'ခန့် မြင့်ပြီး မြို့ရိုးအပြင် ပတ်လည်တွင် ရေကျုံးတစ်ခု တူးဖော်ထားခဲ့သည်ဟု ရှေးဟောင်း ရာဇဝင် မှတ်တမ်းတို့တွင် ဖော်ပြထားသည်ကို တွေ့ရသည်။ မြို့တည်ဆောက်ရာတွင် တာဝန်ယူတည်ဆောက်ခဲ့သူ ငနွယ်အား အစွဲပြု၍ ငနွယ်ကုန်းဟု ခေါ်တွင်ခဲ့ရာမှ တစတစ ရွေ့လျော၍ ဝါးနွယ်ကုန်း တွင်ခဲ့ကြောင်း အဆိုရှိပေသည်။[၁]

မြန်မာသက္ကရာဇ် ၁၉၁-ခုနှစ်တွင် မင်းနဂါးသည် ဝါးနွယ်ကုန်းမြို့စားအဖြစ် အုပ်ချုပ်ခဲ့သည်။ မင်းနဂါးသည် သက္ကရာဇ် ၂၀၂-ခုနှစ်တွင် တောင်တွင်းကြီးဘုရင်အဖြစ် စိုးစံရသည့်အခါ ဝါးနွယ်ကုန်းမြို့ကို အမတ် ဦးရွှေလူအား မြို့စားအဖြစ်ခန့်ထားခဲ့သည်။ ဤကဲ့သို့ ဝါးနွယ်ကုန်းမြို့ကို မင်းအဆက်ဆက် မြို့စားများဖြင့် အုပ်ချုပ်ခဲ့သည်။[၂]

သက္ကရာဇ် ၁၇၈၈ ခုနှစ်မှ ယနေ့အထိ လယ်ဝေးမြို့ဟု အမည်တွင်သည်။ အမည်ဝေါဟာရဆိုသည်မှာ ခေတ်အပြောင်းအလဲအလျောက် အမျိုးမျိုးပြောင်းလဲလေ့ရှိသည်။ သက္ကရာဇ် ၈၉၂ ခုနှစ်တွင် ကေတုမတီ တောင်ငူရွှေနန်းကို သိမ်းမြန်းစိုးစံတော်မူသော တပင်ရွှေထီး မယ်တော်သည် ဤ ငနွယ်ကုန်းမြို့သူကြီး၏ သမီးပင်ဖြစ်သည်။

ဆင်အုံကန်ခေါ် ပြည်လုံးချမ်းသာ ကန်တော်ကြီးကို ပြန်လည်တူးဖော်သည့် အချိန်မှစ၍ လယ်ဝေးမြို့နယ်တွင် လယ်ယာစိုက်ပျိုးခြင်းများ တိုးတက်ဖွံ့ဖြိုးလာသည့်အလျောက် လယ်ဝေးမြို့တွင် ဆန်စက်များ၊ သစ်စက်များ၊ ဆီစက်များ ရှိသည်။ သစ်တောကြိုးဝိုင်းများနှင့်လည်း နီးကပ်စွာ တည်ရှိသဖြင့် သစ်လုပ်ငန်းထွန်းကားရာ မြို့တစ်မြို့လည်းဖြစ်သည်။

Crd (Nganmyargyi)

Address


Website

Alerts

Be the first to know and let us send you an email when Nay Pyi Taw Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share