AKMT Travel&Tour

  • Home
  • AKMT Travel&Tour

AKMT Travel&Tour Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AKMT Travel&Tour, Tour Agency, .

မီးပျက်လဲ စိတ်ပူစရာမလိုတော့ဘူးနော်...🤗🤗🤗AKMT Travel & Tour မှလူကြီးမင်းတို့ရဲ့အားလပ်ရက်တွေကို အပြည့်ဝဆုံးအနားယူနိုင်ဖို့...
13/03/2023

မီးပျက်လဲ စိတ်ပူစရာမလိုတော့ဘူးနော်...
🤗🤗🤗

AKMT Travel & Tour မှ
လူကြီးမင်းတို့ရဲ့
အားလပ်ရက်တွေကို
အပြည့်ဝဆုံးအနားယူနိုင်ဖို့
ဝန်ဆောင်မှုပေးပါရစေနော်

ဝန်ဆောင်မှုလေးတွေအတွက်

Page Chat box မှာ လာရောက်ဆက်သွယ်လို့ရပါပီ😍

10/03/2023
😍 အားလုံးပဲမဂ်လာပါဗျ😍ဒီတစ်ခါတော့ အားလုံးမေးနေကြတဲ့သကြ်န်မတိုင်ခင် March လပိုင်းအတွက် Package လေးတွေနဲ့မိတ်ဆက်ပေးပါရစေ......
10/03/2023

😍 အားလုံးပဲမဂ်လာပါဗျ😍

ဒီတစ်ခါတော့ အားလုံးမေးနေကြတဲ့
သကြ်န်မတိုင်ခင် March လပိုင်းအတွက် Package လေးတွေနဲ့
မိတ်ဆက်ပေးပါရစေ...😍

လူကြီးမင်းတို့ရဲ့ စိတ်ညစ်ညူး စိတ်ပင်ပန်းစရာ
နေ့ရက်များကို ခနတာမေ့ဖျောက်ပြီး အနားယူ
အပန်းဖြေဖို့ ခရီးသွားဖို့ ဘယ်ကိုသွားရမလဲမသိဖြစ်နေရင်တော့ ခုလက်ရှိ ကျတော်တို့
AKMT ကနေပြီးတော့ ချောင်းသာအတွက်
ခရီးစဥ်လေးကို သေချာလေးပြင်ဆင်ထားပေးပါတယ်ဗျ......😍

အနားယူဖို့ဖြစ်စေ
အမှတ်တရနေ့စွဲတွေကိုမှတ်တမ်းတင်ဖို့ဖြစ်စေ
ပင်ပန်းခဲ့တဲ့ နေ့ရက်တွေကို ခနတာမေ့ဖျောက်ဖို့အတွက် ကျတော်တို့ AKMT မှ တာဝန်ယူပြီး
ဝန်ဆောင်မှုပေးပါရစေဗျ...😍

တစ်ယောက်ထဲလား...?
ချစ်ချစ်နဲ့လား?
မိသားစုတွေနဲ့လား?
သူငယ်ချင်းတွေနဲ့လား?

ဒါမှမဟုတ် ကားစင်းလုံးငှားပြီး
သွားချင်လား?

အားလုံးအားလုံးအတွက် AKMT မှာ
အသင့်ဖြစ်နေပါပြီနော့...😍

Hotel အခန်းများနဲ့
စျေးနှုန်းများ
ဝန်ဆောင်မှုများကို
ဖော်ပြပါပုံတွေမှာ ထည့်ပေးထားလို့
စိတ်တိုင်းကျလေ့လာပြီးရင်တော့

ဖုန်းနံပါတ် ☎👇

09777701809
09420067114
09765490295
09420702844
တို့ကိုဆက်သွယ်စုံစမ်းနိုင်သလို

Page Chat Box မှလဲ
လာရောက်ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ

အားလုံးပဲ သာယာပျော်ရွှင်ဖွယ်ရာ
နေ့ရက်များကိုပိုင်ဆိုင်ချင်ရင်တော့
AKMT Travel & Tour ကိုခုပဲ
ဆက်သွယ်လိုက်ပါ😍

စိတ်ချယုံကြည်
AKMT Travel & Tour

02/03/2023

AKMT Travel & Tours မှ March လခရီးစဉ်အစ မော်တင်စွန်း နှင့်ချောင်းသာ ခရီးစဉ်စတင်သွားနေပါပြီ
ပုံလေးတွေကတော့နောက်မှတင်ပေး‌ တော့မယ်နော်
Lucky AKMT.

တောင်ဆိတ် ဆိုတာနဲ့ မြန်မာမှာ တောင်ဆိတ်ဆီ တို့ တောင်ဆိတ် လျှာတို့ သိကြတယ် တောင်ဆိတ်တွေ ပြေးရင်းလွှားရင်း ချော်ကျလို့ ခြေလ...
14/02/2023

တောင်ဆိတ် ဆိုတာနဲ့ မြန်မာမှာ တောင်ဆိတ်ဆီ တို့ တောင်ဆိတ် လျှာတို့ သိကြတယ် တောင်ဆိတ်တွေ ပြေးရင်းလွှားရင်း ချော်ကျလို့ ခြေလက် ကျိုးရင် သူ့ဖာသာ လျာနဲ့ လျှက်တယ် ဆို မကြာဘူး ပြန်ဆက်တယ် အကောင်းပြန်ဖြစ်ပီး လျောက်နိုင်သွားတယ်။သူ့အစွမ်းပေါ့။

ဒါကြောင့် ရှေးသမားတော်တွေက လူတွေ အရိုးကျိုးရင် အသုံးပြုဖို့ တောင်ဆိတ် ဆီ လျှာ တို့ စျေးကြီးပေး ဝယ်ယူ ဆေးဖော်ကြတယ်လေ။

တောင်ဆိတ် တွေဟာ ကျနော်တို့ မြင်နေကျ ဆိတ်တွေထက် အကောင်ပိုကြီးသလို ပိုပီးလဲ သန်မာကြတယ်။ဂျိုနဲ့ မုတ်ဆိတ်နဲ့။

မတ်စောက်တဲ့ ကျောက်တောင် တွေကို အလွယ်တကူတက်ရောက်နိုင်ပီး အထီးတကောင်က တခါ ခုန်ရင် ၆ မီတာ ခုန်နိုင်ပီး အမတကောင်က တခါခုန်ရင် ၅မီတာခွဲ သာသာ ခုန်နိုင်တယ်။

အထီးရောအမရော တူညီတဲ့ အချက်တခုက တခါခုန်ပီး ခြေပြန်အကျ မှာ ခွာ လေးဘက်ချစရာနေရာမလိုဘူး ခွာ တနေရာစာ နင်းစရာရှိရင်ကို ခွာနဲ့ နင်းပီး ထပ်ခုန်နိုင်တာပါ နောက်ခြေထောက်က အရမ်းသန်တယ် အဲ့အချက်က သူတို့ရဲ့ အားသာချက်ပေါ့။

တနေ့ တောင်ဆိတ်တွေ ပေါတဲ့ ကျောက်တောင် တဝိုက်ကို အမဲလိုက် မုဆိုး ၁၀ ယောက် တသိုက် ရောက်လာတယ်။

မုဆိုးခေါင်းဆောင်က သမ္ဘာရင့် အတွေ့အကြုံများတယ် ပရိယာယ်ကြွယ်တယ် ညဏ်များတယ်။

အမဲ ပစ်ဖို့ကို ရိုးရိုးမပစ်ဘူး ပတ်ဝန်းကျင် မြေပြင်အခြေအနေကို သေချာစစ်တယ်။

အဲ့မှာ အနီးအနားမှာရှိတဲ့ ကျောက်တောင် တခုကို ကို မြင်သွားတယ်။

ကျောက်တောင်က အမြင့် ပေ၁၅၀ ကျော်လောက် မြင့်ပီး ထိပ်မှာ ညီညာပြန့်ပြူးကာ ကျောက်စည်ပိုင်းကို ထက်ခြမ်းခွဲထားသလို ဟိုဘက် ဒီဘက် တိတိပပ အညီအမျှ ကွဲနေသလို တောင်ကြား၂ခု အကွာအဝေးက ၁၀ မီတာ လောက် ကွာဝေးတယ်။

ကျောက်တောင် ၂ ခုရဲ့ကြားမှာ ရေစီးသန်တဲ့ တောင်ကျ ချောင်းက အရှိန်အဟုန်နဲ့ တဝုန်းဝုန်း စီးဆင်းနေတယ်။

မုဆိုးခေါင်းဆောင်က မြင်တော့ သူလူတွေကို ပြောတယ် တောင်ဆိတ်တွေ ကို ကျောက်တောင်ထိတ် ရောက်အောင် ကြုံးသွင်းကြမယ် အပေါ်ရောက်မှ ဇိမ်နဲ့ တကောင်ချင်း တချက်ချင်းပစ်ပီးဖမ်းမယ်ပေါ့။

ဒီလိုနဲ့ မုဆိုးတသိုက်ဟာ တောင်ဆိတ်တအုပ်ကို ခြောက်လှန့်ပီး ကြုံးသွင်း ပစ်ခတ်ပီး အမဲလိုက်တဲ့အခါ သူတို့ ပလန် အတိုင်း တောင်ဆိတ် တအုပ်က တောင်ထိပ်ဖက်ကို ပြေးကြတယ်။မုဆိုးတွေက နောက်က ထပ်ချက်မခွာ ပေါ့။

ဒီလိုနဲ့ တောင်ထိပ်ဘက်ရောက်တော့ ရှေ့မှာ ချောက်ကမ္ဘားကြီး လမ်းဆုံးပီ တောင်ဆိတ် တွေ ပြေးစရာ မရှိတော့...

နောက်မှာက သတ်ဖို့လိုက်လာတဲ့ မုဆိုးတွေ...

ရှေ့မှာက ၁၀ မီတာလောက်ကျယ်တဲ့ ချောက်ကမ္ဘား...

အောက်ကျသွားရင် ရေစီးသန်တဲ့ "ချောင်း" ပြုတ်ကျရင် ကျိမ်းသေ သေမယ်။

တကဲ့ သက်ကွင်းထဲ ရောက်နေပီ။

အဲ့မှာ တောင်ဆိတ်တကောင်က အရှိန်နဲ့ မုဆိုးတွေ ရှိရာ တောင်အောက်ကို ဂမူးရှုးဒိုး ပြေးဆင်းလာတယ် မုဆိုးတယောက်က ဒူးထောက် သေချာချိန်ပီး ပစ်ချ လိုက်တာ ရင်အုံ သေနတ်ကျည် ထိပီး မုဆိုးတွေ စီ မရောက်ခင် ပေ ၂၀ လောက်ကို ဒလိမ့်ခေါက်ခွေး ပြုတ်ကျလာတယ် ချက်ကောင်းထိတာ သေတာပါပဲ။

တခါ တောင်ဆိတ်ထီးတကောင်က နောက်ဆုတ်ပီး အရှိန်နဲ့ ချောက်ကမ္ဘားစီကို ခုန်လိုက်တာ ၃ ပုံ ၂ပုံ လောက်မှာ အောက်ကရေစီးသန်တဲ့ ကျောက်တုံးတွေနဲ့ ချောင်းထဲပြုတ်ကျသွားတယ် မရဘူး...သူတို့ ခုန်နိုင်တာထက် ပိုကျယ်တယ်လေ။

ကျောက်တောင်ပေါ်မှာ တောင်ဆိတ်တွေ လှုပ်လှုပ်ရွရွ အော်ဟစ်နေတာပေါ့ အသက်ဘေး ကိုးးး သေရတော့မယ်
ပြေးစရာ မြေမရှိ nowhere to run...

ခုဆို မုဆိုးတွေနဲ့ တောင်ဆိတ် ပေ ၁၀၀ အကွာလောက်ပဲ ဝေးတော့တယ် မုဆိုးတယောက်က တောင်ဆိတ်တွေကို ရေကြည့်ပီး မုဆိုးခေါင်းဆောင်ကို "၁၅ ကောင် အတိပဲ ဆရာရေ" တဲ့

မုဆိုးခေါင်းဆောင်ကလည်း ကြည့်နေချိန်မှာပဲ လှုပ်ရွ ဆူညံ့နေတဲ့ တောင်ဆိတ်တွေကြား ထူးထူးခြား တောင်ဆိတ် တကောင်က တည်တည်ငြိမ်ငြိမ် နဲ့ ဂျောက်ကမ္ဘားတဖက်က တောင်ထိပ်ကို ကြည့်လိုက် မိုးပေါ်မော့ကြည့်လိုက် အနောက်ဘက်ကို ကြည့်လိုက်နဲ့ လုပ်နေတယ်။

မုဆိုးတွေ သတိပြုမိသွားတယ် သူ့ရဲ့ တည်ငြိမ်အေးဆေးတဲ့ ဟန်ပန်ကို။

အလုံးအထည်ကပိုထွားသလို ဂျိုအကွေးကြီးက ပိုလှ တယ် နေရောင်အောက်မှ အမွှေးလေးတွေကနေ ​ရွှေနီရောင် တဖိတ်ဖိတ် လက်နေတယ်
ရွှေရောင်မုတ်ဆိတ်မွှေးကြောင့် ပိုခန့်ထည်နေတယ်။

တောင်ဆိတ် အုပ်ရဲ့ ခေါင်းဆောင် တောင်ဆိတ်တွေကြား တည်တည်ငြိမ်ငြိမ် ထီးထီးကြီးပေါ်လွင်နေတယ်။

ချောက်ကမ္ဘားနားကို တလှမ်းချင်း လျောက်သွားတယ် အောက်ကို တချက်ကြည့်တယ် ပီး ချောက်ကမ္ဘားတဘက်ကို ကြည့်တယ် အစွန်းမှာ ရပ်ပီး မိုးပေါ်ကို ခေါင်းမော့လို့ ရင်ခေါင်းသံနဲ့ သူတို့ဘာသာဘာဝ ဟီလိုက်တယ်။

ချက်ချင်းပဲ ရုပ်စိရုပ်စိ ဖြစ်နေတဲ့ တောင်ဆိတ်တွေဟာ ငြိမ်သွားတယ်။တောင်ဆိတ်ခေါင်းဆောင်က တောင်ဆိတ်တွေကြား တလှမ်းချင်း ပြန်လှည့်ပီး လျောက်လာတယ် တချို့တောင်ဆိတ်တွေနား နှာခေါင်းနဲ့ တချက်တို့လိုက်တယ်။သူ ရွေးချယ်နေတာ...

မုဆိုးတွေ မျက်စိရှေ့တင် တောင်ဆိတ်တွေဟာ ၂ဖွဲ့ ဖြစ်သွားတယ်။တဖွဲ့က အမတွေနဲ့ ပျိုရွယ်တဲ့ တောင်ဆိတ်တွေ။တဖွဲ့က အသက်ကြီးကြီး တောင်ဆိတ်အို တွေ။

မုဆိုးတွေလည်း ထူးခြားတဲ့ မြင်ကွင်း အခြေအနေ အခိုက်အတန့်ကြောင့် မှင်သက်ပီး ကြောင်ငေးကြည့်နေကြတယ်။

အခိုက်အတန့် တခု ငြိမ်သက်သွားတယ် သစ်ရွက်ခြောက် လေဝေ့လို့ ပြုတ်ကျ သွားတဲ့ အသံက စ ကြားနေရတယ်...

အဲ့အချိန်မှာပဲ တောင်ဆိတ် ထီး ကြီး က ရှေ့ထွက်ပီး အသံတချက်ပြုလိုက်တယ်။

အဲ့မှာ အသက်ကြီးတဲ့ တောင်ဆိတ် ထီးကြီးတကောင်က ခွန်နဲ့ အားနဲ့ ချောက်ကမ္ဘား စီကို ပြေးထွက် သွားတော့တယ်။

"ဟာ"

မုဆိုးတွေအကုန် အံအားသင့်ကုန်တယ် တောင်ဆိတ်တွေဟာ သူတို့အဖမ်းမခံပဲ ချောက်ကမ္ဘားထဲ ခုန်ချ အသေခံကုန်ပီပေါ့...

ကြည့်နေရင်းပဲ တခါ မထင်မှတ်ထားတာ ထပ်ဖြစ်လာပြန်တယ်။

အသက်ကြီးကြီး တေင်ဆိတ် ကြီး ပြေးထွက်သွားပီး စက္ကန့်ပိုင်းပဲ ခြားတယ် လေရဲ့ လျင်မြန်ခြင်းမျိုးနဲ့အတူ ငယ်ရွယ်တဲ့ တောင်ဆိတ်ထီးလေးတကောင်ကပါ ချောက်ကမ္ဘားစီ ပြေးထွက်သွားပြန်တယ်။

မုဆိုးတွေ စီကနေ ကြည့်ရင် တောင်ဆိတ်၂ကောင်ရဲ့ အရှိန်နဲ့ ပြေးထွက်သွားတဲ့ လားရာဟာ ချောက်ကမ္ဘားရဲ့ အလယ်သာသာမှာ မျှားဦးသဏ္ဍန် သွားဆုံတယ်။

တောင်ဆိတ်တွေရဲ့ ခုန်နိုင်တဲ့ အကွာအဝေး အဆုံးမှာ အောက်ကို ထိုးကျတာပဲ ထိုးမကျခင် အချိန် လက်ဖျစ်တတွတ်လေးမှာ တောင်ဆိတ်ပျိုလေးဟာ အောက်ကျလု ဆဲဆဲ တောင်ဆိတ်ရဲ့ ကျောပေါ် ခွာတဖက်နင်းပီး အားယူထပ်ခုန်လိုက်တယ်ဆို တဖက်တောင်ထိပ်ပေါ် အောင်အောင်မြင်မြင်ရောက်သွားတယ်။

၂ကောင်တတွဲ ...

ဒီလိုပဲ ၂ကောင် ၂ကောင် အတွဲလိုက် ခုန်ခုန်သွားလိုက်တာ အသက်ကြီးကြီး တောင်ဆိတ်တွေက အနင်းခံ ချောက်ထဲအကျခံ အသေခံပေးပီး ခုန်ချပေးရင်း ပျိုရွယ်တဲ့ တောင်ဆိတ်လေးတွေကလည်း ခွာတချက်နင်းစာ ကို အားယူတက်ရင်း တဖက်ကမ်းကို ကျော်ဖြတ်ပီး လွတ်မြောက်ရာ ဘက်ခြမ်းကို တက်လှမ်းသွားကြတယ်။

ရေးနေတာသာ ကြာတာ အချိန်ခဏလေးအတွင်းမှာ အရာရာဟာ မြန်မြန် ဆန်ဆန်ပဲ ဖြစ်ပျက်သွားကြတာ။

မုဆိုးတွေလည်း တသက်နဲ့ တကိုယ် မမြင်ဘူးတဲ့ မြင်ကွင်းကို အံ့အောတကြီး ပါးစပ်ဟောင်းလောင်းကြည့်ရင်း မှင်သက်နေကြ။

ခပ်အိုအို တောင်ဆိတ် ၇ ကောင် ချောက်ထဲကျ သေသွားတယ်။
ငယ်ရွယ်တဲ့ တောင်ဆိတ်လေး ၇ ကောင် ရှင်သန်လွတ်မြောက်သွားတယ်။

တောင်ထိပ်မှာ နောက်ဆုံး ခေါင်းဆောင် တောင်ဆိတ်ကြီး တကောင်ထဲ ထီးထီး မုဆိုးတွေနဲ့ သေနတ်တကမ်းအကွာမှာ ကျန်နေခဲ့တယ်။

တဖက်ကမ်းမှာ တောင်ဆိတ်ငယ် ၇ ကောင် သူတို့ခေါင်းဆောင်ရှိရာ တောင်ထိပ်ဖက်ကို မျှော်ကြည့်ရင်း စောင့်လို့ပေါ့...

တောင်ဆိတ်ထီးကြီးက မုဆိုးတသိုက်ဖက် ခပ်စိမ်းစိမ်း ကြည့်ရင်း တလှမ်းချင်း လျောက်လာတယ်...

ပေ ၈၀...ပေ ၆၀...ပေ ၄၀ လောက်ပဲ ဝေးတဲ့အချိန်မှာ မုဆိုးတယောက်က တောင်ဆိတ်ခေါင်းဆောင်ကို ကြည့်ရင်း ကြောက်လန့်ပီးသေနတ်မောင်းညစ်လိုက်မိတယ်။

ဒိုင်း ...ဒိုင်း...

ယိုင် သွားတယ်...လဲမသွားဘူး...

မုဆိုးခေါင်းဆောင်က လှမ်းတားလိုက်ပေမဲ့ အဖြစ်အပျက်က မြန်လွန်းတော့ မမှီတော့...

တကယ်က ရှေ့က ချောက်ကမ္ဘားကို ခုန်ဖို့ နောက်ပြန်လှည့်ပီး ပြေးလမ်းယူတာ...

ကျည်တချက်က တောင်ဆိတ်ကြီး ရှေ့လက်ပြင် နေရာနားထိသွားတယ် သွေးတွေ ထွက်နေတယ်။

ကျည်တချက်က အနီးက ထုံးကျောက်တုံးကို စဥ့်ပီး ပတ်ဝန်းကျင်တခုလုံး ထုံးဖြူမှုန့်တွေ ထသွားတယ် အပဲ့စတခုက အနီးက မုဆိုးတယောက် ပေါင် ထိပီး သွေးတွေထွက်လာတယ်။

မုဆိုးတွေလည်း ထိသွားတဲ့ မုဆိုးအဖော်ကို ကူညီလုပ်ပေးနေရင်း မုဆိုးခေါင်းဆောင်က ထုံးငွေ့တွေ ဝါးနေတဲ့ကြားက တောင်ဆိတ်ခေါင်းဆောင်ကို ကြည့်လိုက်ချိန်...

မုန်တိုင်းတစင်းရဲ့အားအရှိန်နဲ့ ချောက်ကမ္ဘားဖက်စီကို ခုန်ထွက်သွားတာကို မြင်လိုက်ပီး လေအဝှေ့မှာ ဝင်လာတဲ့ ထုံးမှုန့်တွေကြောင့် ဝေဝါးသွားတဲ့ မျက်စိကို ခဏမှိတ်ရင်း...

လေက ခပ်သုန်သုန်လေး တိုက်နေတယ်။

အရာရာ အားလုံးငြိမ်သက် ပတ်ဝန်းကျင်လည်း ကြည်လင်သွားပီ။

မုဆိုးခေါင်းဆောင် တလှမ်းချင်း လျောက်သွားတယ် တောင်ဆိတ်ထီးကြီး ခုန်တက်ဖို့ နောက်ဆုတ်ရပ်သွားတဲ့ နေရာမှာ သွေးစ တချို့ လက်လက်ဆက်ဆက် လက်နဲ့တို့ကြည့်တယ် ပူပူနွေးနွေး ရှိနေတုံး...

သူရဲကောင်းတယောက်ရဲ့ "သွေး"...

သူ ချောက်ကမ္ဘားနားကို လျှောက်သွားတယ်။

တဖက်ကမ်းပါးကို ကြည့်တယ် တောင်ဆိတ်အုပ်စု မရှိတော့...

အောက်ဖက်ကို ငုံ့ကြည့်လိုက်တယ် ကျောက်ဆောင်တွေကြားမှာ ချောင်းရေက ဘာမှမဖြစ်သလို အရှိန်နဲ့ စီးဆင်းနေတယ်...

"သူ" ကျည်ဒဏ်ရာ ရထားတဲ့အပြင် ခုန်နိုင်တဲ့ အကွာအဝေး ၆ မီတာထက်ပိုတဲ့ အကွာအဝေး ၁၀ မီတာကို ခုန်သွားတာလား...?

ခုန်ရင်း အောက်ထဲကျပီး ချောင်းရေစီးထဲကို ပါသွားတာလား...?

သေချာတာကတော့ မုဆိုးတသိုက်ရဲ့ ရင်ထဲမှာ ဒီအဖြစ်အပျတ်ကြီးက တသက်မေ့နိုင်တော့မယ် မထင်။

လူသားတွေတောင်မှ လုပ်နိုင်ခဲတဲ့ လုပ်ရပ်...

အသက်နဲ့ ရင်းပီး မျိုးဆက်သစ်တွေကို ပခုံးနဲ့ထမ်းတင်ပေးပီး သူတို့ကိုယ်တိုင် ချောက်ထဲကျ အသေခံသွားတဲ့ သူတွေရယ်...

မျိုးဆက်ဟောင်းတို့ရဲ့ အနစ်နာခံ သွားတဲ့ ခွာတနေရာစာ ရတဲ့အချိန် လက်ဖျစ်တတွတ် အချိန်အခိုက်အတန့်လေးကို ရှိသမျှ ခွန်အားသုံးပီး တန်ဖိုးရှိရှိ အသုံးချ ခုန်တက်အသက်ရှင် သွားတဲ့ သူတွေရယ်...

အဖော်မဲ့ တွဲဖက်မရှိတာသိလည်း တည်တည်ငြိမ်ငြိမ် နဲ့ ခေါင်းဆောင်သွားတဲ့ တောင်ဆိတ်ထီးကြီးရယ်...

အလုပ်လဲ ပါးတာနဲ့ ဆရာမောင်စိန်ဝင်း ပုတီးကုန်းရဲ့ စာပေဟောပြောပွဲ တခုက ကြားခဲ့ဖူးတာကို ကျောရိုးယူ ဖြည့်စွတ်ပီး ကိုယ်တိုင်ရေး စာစုတခုအဖြစ်ပြန်လည်ရေးဖွဲ့ မျှဝေတာပါ။

K.M.T (W.K.A.S.S)

 #မြန်မာ့ဓလေ့ အတိုင်းအထွာ  ၁၀ ဆံခြည် = ၁ နှမ်း (ဆံပင်ဆယ်ချောင်း = နှမ်းတစ်စေ့)၆ နှမ်း = ၁ မုယော (မုယောစပါး ၁ စေ့)၄ မုယော...
02/02/2023

#မြန်မာ့ဓလေ့ အတိုင်းအထွာ

၁၀ ဆံခြည် = ၁ နှမ်း
(ဆံပင်ဆယ်ချောင်း = နှမ်းတစ်စေ့)

၆ နှမ်း = ၁ မုယော
(မုယောစပါး ၁ စေ့)

၄ မုယော = ၁ လက်သစ်
(၁၂ လက်သစ် = ၁ ထွာ, ၂ ထွာ = ၁ တောင်, ၂ ဆုပ် = ၁ ထွာ, ၄ ဆုပ် = ၁ တောင်)

၈ လက်သစ် = ၁ မိုက်

၃ မိုက် = ၁ တောင်

၄ တောင် = ၁ လံ

၂ တောင် = ၁ ကိုက်

၇ တောင် = ၁ တာ

၂၀ တာ = ၁ ဥသဘ

၂၀ ဥသဘ = ၁ ကောသ

၄ ကောသ = ၁ ဂါဝုဒ်

၄ ဂါဝုဒ် = ၁ ယူဇနာ

၁၀ဝ၀ တာ = ၁ တိုင်

၆ တိုင် နှင့် တာ ၄၀ဝ = ၁ ယူဇနာ

မြန်မာ (၁၀) တိုင် ကို ခရီးတစ်သောင်း ဟုခေါ်ဆိုသည်မှာ တာပေါင်း တစ်သောင်း ရှိသောကြောင့် ဖြစ်သည်။

ခရီးတစ်သောင်း၊ အပ်တစ်ချောင်း ဟူသော စကားပုံ လည်းရှိသည်။

အဓိပ္ပာယ်မှာ ခရီးတစ်သောင်း (၁၀ တိုင်) ဝေးလျှင် အပ်ကလေးတစ်ချောင်းမျှပင် မသယ်ချင်လောက်အောင် လေးသည် ဟု ဆိုလိုသည်။

တစ်တာတွင် (၇)တောင်ရှိပြီး၊ တာပေါင်းတစ်ထောင်သည် တစ်တိုင်နှင့်ညီသောကြောင့် တစ်တိုင်တွင် (၇၀၀၀)တောင် ရှိသည်။

ယင်းပမာဏသည် ပေပေါင်း (၁၀၅၀၀) နှင့်ညီမျှသည်။

တစ်မိုင်တွင် (၅၂၈၀)ပေရှိရာ မိုင်ဖွဲ့လျှင် ၁.၉၉ မိုင်နှင့် ညီသည်။

သို့ဖြစ်၍ ဗြိတိသျှ (အင်္ဂလိပ်) အတိုင်းအတာများနှင့် ဆက်စပ်ရာတွင် အကြမ်းအားဖြင့် နှစ်မိုင်လျှင် တစ်တိုင် ရှိသည်ဟု ကျေးလက်ဒေသများတွင် မှတ်ယူထားကြသည်။

ခရီးအကွာအဝေးကို မိုင်(အင်္ဂလိပ်အတိုင်းအတာ) အစား တိုင် (မြန်မာအတိုင်းအတာ) ဖြင့် ခေါ်ဝေါ် သုံးစွဲမှုများမှာ ယနေ့တိုင်အောင် မြန်မာ့ ကျေးလက်ဒေသများတွင် တွင်ကျယ်နေဆဲ ဖြစ်သည်။

ဥပမာအားဖြင့် ခရီး (၁၀) မိုင် ဝေးသည် ဟု ပြောမည့်အစား ခရီး (၅) တိုင် ဝေးသည် ဟုသာ ပြောဆိုလေ့ရှိကြသည်။

တစ်မိုက် ဆိုတာ လက်သီးဆုပ်ပြီး လက်မကို လက်သီးဆုပ်ရဲ့ ဘေးကန့်လန့် ဆန့်ထုတ်လိုက်၊ လက်သီးဆုပ်နဲ့ လက်မအတိုင်းအတာ နှစ်ခုပေါင်းပဲ။

တစ်ညိုဆိုတာက လက်မနဲ့ လက်ညိုးကို ဟနိုင်သ၍ ဟပြီး ထားလို့ရတဲ့ ပမာဏ။

တစ်ထွာဆိုတာက လက်မနဲ့ လက်သန်းကို ဟနိုင်သ၍ ဟပြီး ထားလို့ ရတဲ့ ပမာဏတဲ့။

လုံးပတ်ကို တိုင်းရင် တဖောင်လို့ ခေါ်ပြီး အနက်အမြင့်စောက်ကို ပုံမှန်အရပ်ရှိလူ လက်ဆန့်အမြင့်ကို တသူ ခေါ်ပါတယ်။

အသူတရာနက်သော ချောက်ဆိုတာ ဒီကလာပါတယ်။

ပါဠိသက္ကတဝေါဟာရတွေဖြစ်တဲ့ အင်္ဂုလိ ဟတ္ထ မုဋ္ဌိ (မုတ္ထိ) စတာတွေကိုလည်း မဇ္ဈိမပုရိသနဲ့ တိုင်းပါတယ်။

ဟတ္ထကို ဘာသာပြန် ကွဲကြလို့ ဘုရားရှင်အရပ်တော် ၁၈ တောင်လား ၁၈မိုက်လား ယူဆချက်ကွဲပြန်ပါတယ်။

မုဋ္ဌိက လက်ဆုပ်ဖြစ်တော့ လက်ဆုပ်အရွယ် ဗုဒ္ဓဆင်းတု ပဋိမာတွေကို ရှင်မုတ္ထီး ဘုရားတွေလို့ခေါ်ဝေါ်ပါတယ်။

စစ်ဆေးတဲ့နည်းကတော့ တတောင်မှာ သုံးမိုက် တတောင် မှတ်ပါတယ်။

ဖောင်က ဘယ်ညာလက်နှစ်ဖက်ကို ဘေးကို အစွမ်းကုန် လက်ဝါးပါဖြန့်လျက် ကိုယ်ခန္ဓာအဝင်အပါ တိုင်းတာမှု ယူနစ် တခုပါ။

သစ်ပင် လုံးပတ်တွေအပြင် အလျားဗျက်တွေကိုပါ တိုင်းနိုင်ပါတယ်။ လက်ခုပ် လက်စွန်း လက်စွန်းဝက် လက်တပွေ့ ဆိုတာတွေက ခပ်ယူချင်တွယ်တာမျိုးမှာ သုံးပါတယ်။

Ref: Wikipedia,


ပြန်လည်မျှဝေပါသည်

နယူးရောက်မြို့ကြီးရဲ့ ဘူတာရုံတစ်ရုံမှာ တယောသမားတစ်ယောက်ဟာ (၄၅) မိနစ်ကြာအောင် တယောထိုးခဲ့တယ်။ ရပ်နားထောင်တဲ့သူ မရှိသလောက်...
31/01/2023

နယူးရောက်မြို့ကြီးရဲ့ ဘူတာရုံတစ်ရုံမှာ တယောသမားတစ်ယောက်ဟာ (၄၅) မိနစ်ကြာအောင် တယောထိုးခဲ့တယ်။

ရပ်နားထောင်တဲ့သူ မရှိသလောက်နဲ့ လက်ခုပ်တီးသူ နှစ်ယောက်လောက်သာ ရှိခဲ့တယ်။ ပေးတဲ့ ပိုက်ဆံအားလုံးပေါင်းမှ ဒေါ်လာ သုံးဆယ်လောက်ပဲ ရခဲ့တယ်။

ဒါပေမဲ့ ဘယ်သူမှ မသိခဲ့တာကတော့
ဒီတယောသမားဟာ ကမ္ဘာ့အကောင်းဆုံး ဂီတပညာရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဂျော်ရွှာဘဲလ် ဆိုတာပါပဲ။
ဂျော်ရွှာဟာ ဒေါ်လာ ၃.၅ မီလျံ တန်ဖိုးရှိတဲ့ တယောနဲ့ အခက်ဆုံး အကောင်းဆုံး တေးသွားတွေကို တီးခတ်ပြခဲ့တာပါ။

အဲဒီလို ဘူတာမှ မတီးပြခင် နှစ်ရက်အလိုမှာ ဂျော်ရွှာဘဲလ်ဟာ ဘော်စတန်မြို့က ကပွဲရုံကြီးတစ်ရုံမှာ ရုံပြည့်ရုံလျှံ လက်မှတ်တွေ ရောင်းကောင်းခဲ့ပြီး သူ့ဂီတလက်သံကို နားဆင်ဖို့ လက်မှတ်တစ်စောင်ဟာ ဒေါ်လာ တစ်ရာ၀န်းကျင်မှာ ရှိခဲ့ပါတယ်။

👉ဒီစမ်းသပ်မှုက ဘာကို သင်ခန်းစာယူနိုင်သလဲဆိုတော့ သင်ဟာ ဘယ်လောက်တော်နေတော်နေ အခြေအနေ အချိန်အခါကို သိတတ်တဲ့ အရည်အချင်းရှိရပါမယ်။ သင့်ရဲ့ ထူးချွန်မှု အရည်အသွေးကို အသိအမှတ်မပြုတဲ့ ပတ်၀န်းကျင်မှာ ကြာကြာ အချိန်ဖြုန်းမနေသင့်ဘူး။ လူတွေက လှည့်မကြည့်တိုင်း လက်ခုပ်မတီးတိုင်း ကိုယ်ညံ့လို့ မဟုတ်ပါဘူး။

သင့်ကို တန်ဖိုးထားမဲ့ အသိအမှတ်ပြုမဲ့ နေရာကို သွားပါ။ သင့်အစွမ်းအစတွေကို နားလည်မဲ့ အသုံး၀င်မှန်းသိတဲ့ ပတ်၀န်းကျင်ကို ရွှေ့ပြောင်းပါ။
တခါတလေ သင့်ရဲ့ မသိစိတ်က အဲဒီလို ပြောင်းလဲမှုတွေလုပ်ဖို့ တိုက်တွန်းနေပါလိမ့်မယ်။
သင် ဘယ်လောက်အဖိုးတန်သလဲ သင်ကိုယ်တိုင် အသိဆုံးဖြစ်ပါစေ။

Crd:

မောသွားပြီ😁crd
30/01/2023

မောသွားပြီ😁

crd

30/01/2023

Google သာလူတစ်ယောက်ဖြစ်မယ်ဆိုရင်

crd vd

28/01/2023

သူတစ်ပါး ချနင်းမခံရအောင်
ဘာတွေရှောင်သင့်လဲ

လူတိုင်းကြည့်သင့်တဲ့ Vd လေးမို့
ပြန်လည်မျှဝေပေးလိုက်ပါတယ်

ဒီလို ဗဟုသုတရစရာတွေ
စိတ်ခွန်အားဖြစ်စရာတွေ
ခရီးသွားအကြောင်းအရာတွေနှင့်
ရီစရာတွေနေ့စဥ်တင်ဆက်ပေးမှာဖြစ်လို့

page လေးကို Like & Follow လုပ်ထားဖို့မမေ့ပါနဲ့နော့😉

crd vd

တစ်နေ့တော့...လုပ်လက်စအလုပ်တွေခဏထားခဲ့ပြီးသဘာဝတရား‌တွေဆီ ခရီးထွက်ဦးမယ် ...။💚💚💚💚💚ဟန်ဆောင်ကောင်းတဲ့ ပတ်ဝန်းကျင်နဲ့ အပေါ်ယံမ...
28/01/2023

တစ်နေ့တော့...
လုပ်လက်စအလုပ်တွေခဏထားခဲ့ပြီး
သဘာဝတရား‌တွေဆီ ခရီးထွက်ဦးမယ် ...။
💚💚💚💚💚

ဟန်ဆောင်ကောင်းတဲ့ ပတ်ဝန်းကျင်နဲ့ အပေါ်ယံမျက်နှာဖုံးတွေကြားမှာ ရှင်သန်နေရတယ်။

ဝမ်းရေးအတွက်လုပ်နေရတဲ့ အလုပ်တွေကြားမှာ အမြဲပြုံးပြီး ပျော်နိုင်အောင်လို့ ကြိုးစားနေရတယ်။

အချစ်တွေ အလွမ်းတွေနဲ့ ခံစားနေရတဲ့ အချိန်တွေကိုလည်း မဖြတ်သန်းချင်တော့ဘူး။

စိတ်ရဲ့ မွန်းကြပ်ခြင်းတွေကြားက လွတ်မြောက်ဖို့ ခရီးတွေ သွားမယ်။

Camera တစ်လုံးရယ် နားကြပ်တစ်ခုရယ်
လုံလောက်တဲ့ ပိုက်ဆံလေးရယ်
အဝတ်စားတစ်စုံ နှစ်စုံလောက်ရယ်
ကျောပိုးအိတ်လေးတစ်လုံးရယ်ပဲ ယူသွားမယ်။

ပြီးတော့ စိတ်တူကိုယ်တူ သူငယ်ချင်းတစ်စုရယ် ခရီးသွားမယ်။

အဝေးပြေးလမ်းမကြီးထက်မှာ သီချင်းတွေ အော်ဆိုမယ်။

အရာအားလုံးထက်ပိုလှတဲ့ သဘာဝရဲ့
ရှုခင်းတွေကို တဝကြီးငေးမယ်။

အေးချမ်းခြင်းဆိုတာ ဒါပါလားလို့ ခဏလောက်တွေးကြည့်မယ်။

ပြီးရင် စိတ်ကြိုက် ဓါတ်ပုံတွေ အများကြီးရိုက်မယ်။

ပူပန်စရာတွေ မရှိဘူး
စိုးရိမ်စရာကင်းမဲ့တယ်။

သဘာဝတရားကြီးက ဘယ်အရာကမှ
ပိုလှမနေဘူး။

တကယ်ပါ ... တစ်နေ့တော့...
လုပ်လက်စအလုပ်တွေခဏထားခဲ့ပြီး
သဘာဝတရား‌တွေဆီ ခရီးထွက်ဦးမယ် ...။

#သဟာဆွေလှိုင်း

ခရီးသွားခြင်းသည် အနုပညာ၏ လေ့လာရေးပင်ဖြစ်သည်။ ခရီးသွားခြင်းသည် အတွေးသစ် အမြင်သစ်ကို ပေါက်ဖွားစေပြီး ကျန်းမာရေးအကျိုးထူးလည...
28/01/2023

ခရီးသွားခြင်းသည်
အနုပညာ၏ လေ့လာရေးပင်ဖြစ်သည်။
ခရီးသွားခြင်းသည်
အတွေးသစ် အမြင်သစ်ကို
ပေါက်ဖွားစေပြီး ကျန်းမာရေးအကျိုးထူးလည်းရပါသည်။

Moti 🤗
27/01/2023

Moti 🤗

 # #"ချောင်းသာ ကမ်းခြေနဲ့ ၁၅မိနစ်ခန့်သာ သွားရတဲ့ ရွှေသောင်ယံ ရွာက အပန်းဖြေစရာ နေရာ အကျယ်ကြီး ကတော့ Sea & Lake ပါပဲ … ။ အ...
27/01/2023

# #"ချောင်းသာ ကမ်းခြေနဲ့ ၁၅မိနစ်ခန့်သာ သွားရတဲ့ ရွှေသောင်ယံ ရွာက အပန်းဖြေစရာ နေရာ အကျယ်ကြီး ကတော့ Sea & Lake ပါပဲ … ။

အထူးသဖြင့် ဓါတ်ပုံ လှလှလေးတွေ ရိုက်ချင်တဲ့ သူတွေ အတွက် ကတော့ လုံးဝ အကြိုက်တွေ့စရာပေါ့

အေးမြတဲ့ ဆောင်းအငွေ့အသက်လေးတွေ နဲ့အတူ ကိုယ်ချစ်ရတဲ့သူတွေနဲ့ အမှတ်တရလေး တွေဖန်တီးနိုင်ဖို့ဆို ဧည့်သည်တော်များရဲ့ စိတ်ချမ်းသာမှု အပြည့်အဝရရှိထားတဲ့ မြန်မာနိုင်ငံရဲ့ ဒီရေတော ရှုခင်းတွေအလယ်က 𝗠𝗮𝗻𝗴𝗿𝗼𝘃𝗲 𝗩𝗶𝗲𝘄 𝗥𝗲𝘀𝗼𝗿𝘁 ပါ😍

-Resort မှာ အနားယူရင်း Private Beach မှာပါ ရေကစား အပန်းဖြေနိုင်ပါတယ်။

-Adventure ချစ်သူတို့အတွက် စိတ်လှုပ်ရှား ဖွယ်ရာ Quick Jump နဲ့ Climbing Activities ရှိတာကြောင့် Try ကြည့်သင့်ပါတယ်နော်။

-ဒီရေတောရှုခင်းတွေအလယ် မှာ Boating နဲ့ kayaking များလုပ်ဆောင်နိုင်တာကြောင့် စိတ်ကို Relax ဖြစ်စေဖို့ အကောင်းဆုံးပါပဲ။

ချောင်းသာကို ခရီးထွက်ရင်း ထပ်ပြီး သွားလို့ကောင်းမယ့်နေရာလေးဖြစ်လို့ လက်ရှိခရီးထွက်ဖို့စိတ်ကူးရှိပီး
ဘယ်သွားရမှန်းမသိဖြစ်နေရင်တော့
မင်မင်တို့ရဲ့ AKMT Travel & Tour page မှာ
ခုပဲ လာရောက်ဆက်သွယ်လိုက်ပါနော်🤗🤗🤗

ဟော..... ခရီးထွက်ဖို့စရိတ်မရှိလို့ပါတဲ့😀
27/01/2023

ဟော..... ခရီးထွက်ဖို့စရိတ်မရှိလို့ပါတဲ့😀

ကဲ မင်မင်ကတော့ ခုလက်ရှိချောင်းသာ ကို ရှယ်ပလန်နဲ့အရောက်ပို့ပေးပ့မယ်နော်🤗ကားတင်ပြေးရင်း စကီလေးက ကြွေသွားအောင်Special servi...
26/01/2023

ကဲ မင်မင်ကတော့ ခုလက်ရှိချောင်းသာ ကို
ရှယ်ပလန်နဲ့အရောက်ပို့ပေးပ့မယ်နော်🤗

ကားတင်ပြေးရင်း စကီလေးက ကြွေသွားအောင်
Special service တွေလဲရှိတော့ ခုပဲ
AKMT ကို Hello လိုက်တော့နော်😝

စိတ်ချယုံကြည် AKMT ❤️❤️🫶AKMT Travel & Tour မှ ကြိုဆိုပါတယ်...❤️❤️🫶🤎Coffee date , 🔥Bar date တွေအစားရင်ခုန်သံချင်း နီးစပ်ဖ...
26/01/2023

စိတ်ချယုံကြည် AKMT ❤️❤️🫶

AKMT Travel & Tour မှ ကြိုဆိုပါတယ်...❤️❤️🫶

🤎Coffee date , 🔥Bar date တွေအစား
ရင်ခုန်သံချင်း နီးစပ်ဖို့ /သံယောဇဥ်တွေ ခိုင်မာဖို့
Trip date လေး လုပ်ကြည့်....🙆‍♀️🙆‍♀️🙆‍♀️

🎊Positive vibes ကို အပြည့်အ၀ ရပြီး
ခရီးစရိတ် တန်တန် လေး နဲ့ အေးအေးဆေးဆေး လေး အပန်းဖြေ အနားယူချင်တယ်ဆိုရင်တော့

😸😸🏝️🏖️ချောင်းသာ Trip ကို ရွေးပါဗျာ...

မိသားစုဆန်ဆန်သီးသန့်အပန်းဖြေချင်တာလား
သူငယ်ချင်းတွေ အဖွဲ့လိုက် သွားချင်တာလား
couple တွေ Valentine's day အတွက် စုပြီး သွားချင်တာလား

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ.... ‼️‼️‼️

AKMT Travel & Tour မှ ချောင်းသာ 12 ယောက်စီးခရီးစဥ်များမှ စတင် ဝန်ဆောင်မှုပေးနေပါပြီနော်😘😘😘

💥💥💥Special packages များကတော့👇👇👇

💥Hiace ခေါင်မြင့်ကားများနဲ့ သက်တောင့်သက်သာသွားနိုင်ပြီး complimentry ရေသန့် ၊စနိုးတာဝါများအပြင် ကော်ဖီလဲတိုက်ဦးမယ်နော်

💥12 ယောက်ပဲသွားကြမှာဆိုတော့ လူစောင့်ရတာ ဆူညံတာမျိုးစိတ်ပူစရာမလိုပဲ စိတ်အေးလက်အေးသွားနိုင်တာပေါ့
💥hotel က 3* နဲ့အထက် sea side ဘက်ခြမ်းမို့လို့တအားကိုမိုက်နေပြီနော်

💥Hotel တိုင်းမှာရေကူးကန်ပါမှာဖြစ်ပြီး breakfast လဲစိတ်ပူစရာမလိုဘူးပေါ့
lunch. dinner ကိုစားကောင်းတဲ့ဆိုင်လေးတွေပြောပြဦးမှာ။

💥special request လေးတွေရှိရင်လဲအဆင်ပြေအောင်စီစဥ်ပေးအုံးမှာနော်

🙀ကဲ အားလုံးသိချင်နေတဲ့ package စျေးလေးတွေကတော့ 1 ယောက်ကို 2 ညအိပ် 3 ရက်
#180000
#200000
#250000 ပါတဲ့ ရုံးပိတ်ရက်ရှည်ပေါ်မူတည်ပြီးစျေးကတော့အနည်းငယ်ပြောင်းလဲနိုင်ပါတယ်။
hotel နဲ့ view ပေါ်မူတည်ပြီးစျေးကွာတာပါနော်။ကျန်တဲ့ဝန်ဆောင်မှုကအကုန်တူတူပါပဲ။

❤️‍🩹januaryနဲ့ february အတွက် promotion လေးမေးနေကြတဲ့အတွက်
သူငယ်ချင်းလေးတွေ 10 ယောက်စုပြီးလာရင် Beer 4 ctns free free free သူငယ်ချင်းတွေနဲ့ chill လို့ရပြီလေ။
မိသားစု 10 ယောက်လူကြီးတွေပါပါလို့ဆိုရင်တော့ 5% to 10% ထိ discount ပေးဦးမှာ။

❤️‍🔥ကဲ တွေဝေမနေနဲ့ မြန်မြန်သာ ဟယ်လိုလိုက်တော့ ပေးရတဲ့စျေးနဲ့ ပြန်ရမယ့်ဝန်ဆောင်မှု လုံးဝ suprise ဖြစ်နေစေရမယ်။

❤️‍🔥စီးပွားရေး လူမှုရေး စိတ်ဖိစီးမှုတွေ ကြားကခဏလောက်အနားယူဖို့ AKMT မှဝန်ဆောင်ပေးပါရစေ။
ဖုန်း....09420067114/
09777701809/09420702844

28/09/2019
27/09/2019
27/09/2019
27/09/2019
27/09/2019

Address


Website

Alerts

Be the first to know and let us send you an email when AKMT Travel&Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share