Work From Home -MinKhant

  • Home
  • Work From Home -MinKhant

Work From Home -MinKhant QR ယူနည်းနှင့်ပတ်သတ်သော အကြောင်းအရာများ ရေးသားထားပါတယ်။

မိသားစုတစ်စု ငါးယောက်အပါအဝင် နောက်ထပ် မိသားစု ၂ယောက် စုစုပေါင်း ၇ယောက်ကို နေ့ရက်ကော အချိန်ကော အတူတူသွားလို့ရအောင် တင်ပေး...
18/03/2023

မိသားစုတစ်စု ငါးယောက်အပါအဝင် နောက်ထပ် မိသားစု ၂ယောက် စုစုပေါင်း ၇ယောက်ကို နေ့ရက်ကော အချိန်ကော အတူတူသွားလို့ရအောင် တင်ပေးခဲ့ပြီးပါပြီဗျ။

Form ဖြည့်တာ ကြာသွားလို ဖြစ်တဲ့ Error Message ပါဗျ။ ဘာမှမစိုးရိမ်ပါနဲ့။ Reference Code ကို Copy ကူးပြီး သေချာသိမ်းထားပါ ...
17/03/2023

Form ဖြည့်တာ ကြာသွားလို ဖြစ်တဲ့ Error Message ပါဗျ။ ဘာမှမစိုးရိမ်ပါနဲ့။ Reference Code ကို Copy ကူးပြီး သေချာသိမ်းထားပါ မှတ်ထားပါ။ ပြီးရင် ဖြည့်ခဲ့တဲ့ အချက်အလက်ကို နောက်တစ်ခါ Form ကျခဲ့ရင် ပြန်ဖြည့်စရာမလိုအောင် XML File ကို Save ပြီးသိမ်းထားပါ။
နောက်တစ်ခါ လျှောက်ထားရန် နှိပ်လိုက်လို နောက်တစ်ဆင့်တက်သွားပြီဆိုရင် "ဖြည့်ပြီးသားအစောင်အား ပြန်လည်လျှောက်ထားမည်"ကိုရွေး > Reference code ရိုက်ထည့်ပါ > save ထားတဲ့ XML file ကို Upload ပေးလိုက်ပါ။ ဒါဆို စောနက ဖြည့်ခဲ့တဲ့ အစောင်ရသွားပါပြီ။ အချက်အလက်တစ်ချက်ပြန်စစ်ဆေးပြီးရင် Submit နှိပ်ပြီး ငွေချေလိုက်ပါ။ QR code ကျလာပါလိမ့်မယ်။

Refresh နှိပ်မိလိုဖြစ်စေ၊ လိုင်းကျသွားလိုဖြစ်စေ၊ Website ထဲဝင်ပြီး ဘာမှမနှိမိဘဲ ထားထားမိရင် ဖြစ်တဲ့ Error ပါဗျ။ Form ဖြည...
17/03/2023

Refresh နှိပ်မိလိုဖြစ်စေ၊ လိုင်းကျသွားလိုဖြစ်စေ၊ Website ထဲဝင်ပြီး ဘာမှမနှိမိဘဲ ထားထားမိရင် ဖြစ်တဲ့ Error ပါဗျ။ Form ဖြည့်နေရင်း တန်းလန်း Refresh or Back to previous page မှားနှိပ်မိတဲ့အခါ ဖြစ်တတ်ပါတယ်။ ဒါဆို အချက်အလက်ဖြည့်လိုရခဲ့ရင်လည်း QR မကျပါဘူး။ Submit မှာ တစ်နေပါလိမ့်မယ်။ ဒါပင်မယ့် မစိုးရိမ်ပါနဲ့။ Form ဖြည့်ပြီး reference code နဲ့ xml file သိမ်းထားပြီး နောက်တစ်ခေါက် Form ရခဲ့ရင် reference code ဖြည့်ပြီး xml file တင်လိုက်ပါ။ ရသွားပါလိမ့်မယ်

❗️F&S မှာ အခုလို တစ်နေတယ် (Finish & Save နှိပ်မရဘူး) - ဒါမျိုးက နေ့တိုင်း ကျွန်တော့်ဆီမှာ သုံးလေးငါး ယောက်လောက်ဖြစ်ကြတယ်...
30/11/2022

❗️F&S မှာ အခုလို တစ်နေတယ် (Finish & Save နှိပ်မရဘူး)

- ဒါမျိုးက နေ့တိုင်း ကျွန်တော့်ဆီမှာ သုံးလေးငါး ယောက်လောက်ဖြစ်ကြတယ်။ ကျွန်တော် အပါအဝင်ပေါ့ 🥲။
တကယ်ဆို F&S နှိပ်ပြီးတာနဲ့ 2sec to 15sec အတွင်း QR ကျပါတယ်။

❓ဘာကြောင့် ဖြစ်တာလဲ?

- Server Down တဲ့အချိန်နဲ့ တိုးသွားလို့ပါ။ အဲ့တာကြောင့် F&S နှိပ်မရဖြစ်နေတာပါ။ အခုလိုဖြစ်ရင် ရဖို့က 50%/50% ပဲ။

- အခုလိုဖြစ်နေရင် edit , add , F&S ပြန်လုပ်ကြည့်ပါ။ Server ပြန်ကောင်းတာနဲ့ တိုးသွားပြီး QR ကျနိုင်ပါတယ်။

- Server ပြန်မကောင်းဘူး။ ဒီမှာပဲ တစ်နေတာကြာပြီဆိုရင် Alert ဆိုပြီး "ဆက်လုပ်မည်" or "ပယ်ဖျက်မည်" ဆိုပြီး box ကျလာပ်လိမ့်မယ်။ " ဆက်လုပ်မည်" ကိုပဲ ရွေးပေးပြီး ပြန်try နေပါ။ ခဏခဏတော့ edit, add, F&S ပြန်မလုပ်ပါနဲ့။

🔔ဘယ်လိုအချိန်မျိုးမှာရနိုင်လဲဆိုရင် server ပြန်ကောင်းတဲ့အချိန်၊ ကိုယ့်စက်ကလည်း လိုင်းကောင်းတော့ server နဲ့ ပြန်ချိတ်မိတဲ့အချိန်မှာ F&S နှိပ်လို့ ရသွားနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ QR ရနိုင်ပါတယ်။

❗️ သတ်မှတ်ထားတဲ့အချိန် ပြည့်သွားပါပြီ

-အခုလို box ကျလာရင် ok မနှိပ်ပါနဲ့။ အဲ့ tap ကို ဒီတိုင်းထားထားပြီး Tap အသစ်ဖွင့်ပါ။ ပြီးရင် History > Booking Info ဆိုတဲ့ဟာထဲ ပြန်ဝင်လိုက်ရင် Info ဖြည့်တဲ့နေရာ ပြန်ရောက်သွားနိုင်ပါတယ်။ https://www.passport.gov.mm/user/booking_info ဒီလင့်ကိုနှိပ်လည်း ရပါတယ်။
တကယ်လို့ Info ဖြည့်တဲ့နေရာ မရောက်ဘူး။ ပြန်ထွက်ပြီး step 1 ပြန်ရောက်သွားရင်တော့ မရတော့ပါဘူး။

🔔အဲ့တာကြောင့် booking တင်မယ့် Browser ကို Web ထဲမဝင်ခင်clear cache , Clear browsing history လုပ်ပါ။

🔔မှတ်ချက်။ ။ F&S မှာ ဖြူပြီး qr မကျဘဲ title bar မှာ complete appointment ဆိုပြီးပေါ်နေရင် step 3 ရောက်ပါတယ်။ QR ကျပါတယ်ပေါ့ဗျာ။
History > Complete Appointment ထဲဝင်ကြည့်ပေးပါ။
QR ကျလာပါလိမ့်မယ်
Good Luck everyone!

Floating Clock လို့ မိမိ App Store မှာ ရိုက်ရှာပြီး ဒေါင်းလိုက်ပါ။ စက္ကန့်ကိုပါ ပြသပေးတာကြောင့် Booking တင်တဲ့အခါ အဆင်ပြ...
26/11/2022

Floating Clock လို့ မိမိ App Store မှာ ရိုက်ရှာပြီး ဒေါင်းလိုက်ပါ။
စက္ကန့်ကိုပါ ပြသပေးတာကြောင့် Booking တင်တဲ့အခါ အဆင်ပြေစေပါလိမ့်မယ်။
# ပုံ crd

26/11/2022

ကျွန်တော် ရေးထားတာတွေကို QR အပ်ဖို့ မတတ်နိုင်တဲ့သူများ၊ ကိုယ်တိုင် တင်ချင်တဲ့သူများအတွက် Share ပေးလို့ရပါတယ်ဗျ။

ကျွန်တော့် အတွေ့အကြုံကနေ ယူပြီး အချိန်ကုန် လူပင်ပန်းခံ ရေးထားတာမို့ ကိုယ့်ဘာသာ ပြန်တင်တာမျိုးတော့ မလုပ်ကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

Error အသစ်တွေ၊ နည်းလမ်းအသစ်တွေက ခဏခဏပေါ်နေတာမို့ ကျွန်တော်ကိုယ်တိုင်လည်း အမြဲ လေ့လာနေရတာပါ။

Members များ၊ ကိုယ်တိုင်ယူမည့်သူများအတွက် အကျိုးတစ်ခုခုဖြစ်စေခဲ့မယ်ဆိုရင် Likes and Follow လေး လုပ်ခဲ့ပေးကြပါဦးခင်ဗျာ။
အားလုံးကို ကျေးဇူးတင်ပါတယ်။

3 လကွာအတွက် တင်နည်းပါ။🔔 8:45 ကတည်းက ဝင်ထားပါ။ sc ကြိုရိုက်ထားလို့ရပါတယ်။ 🔔 9နာရီထိုးမှသာ Date ပေါ်မှာပါ။ အဲ့မတိုင်ခင် နှ...
26/11/2022

3 လကွာအတွက် တင်နည်းပါ။

🔔 8:45 ကတည်းက ဝင်ထားပါ။ sc ကြိုရိုက်ထားလို့ရပါတယ်။
🔔 9နာရီထိုးမှသာ Date ပေါ်မှာပါ။ အဲ့မတိုင်ခင် နှိပ်လို့မရပါဘူး။
🔔 တကယ်လို့ ၉နာရီထိုးလို့မှ Date နှိပ်မရဘူးဆိုရင်...
❗ ဖုန်းသမားများ Internet ကို On/off လုပ်ပေးပါ။ ပြီးရင် ခဏစောင့်ပြီး Dateရွေးလိုက်ပါ နှိပ်လို့ရသွားပါမယ်။
❗ PC သမားများကတော့ 9နာရီမထိုးခင်ကတည်းက အချိန်တစ်ခုပဲ ခဏခဏ နှိပ်နေပေးပါ။ 9နာရီထိုးရင် ချပေးတဲ့နေ့အတွက် နှိပ်လို့ရသွားပါလိမ့်မယ်။ ဒါမှမဟုတ် နောက်တစ်နည်းက Web ကို Reload ပါ။

Sat ,Sun ဆို လူကုန်တာမြန်ပါတယ်။
Mon to Fri ဆို လူချောင်ပါတယ်။

❗ Wait ဆိုပြီး Web Interface တစ်ခုလုံးဖြူနေတယ်🔔 9:15 ဝန်းကျင်မှာ ချပေးတဲ့အချိန် စိမ်းပြီး next တဲ့အချိန်မှာ အဖြစ်များတယ်...
26/11/2022

❗ Wait ဆိုပြီး Web Interface တစ်ခုလုံးဖြူနေတယ်

🔔 9:15 ဝန်းကျင်မှာ ချပေးတဲ့အချိန် စိမ်းပြီး next တဲ့အချိန်မှာ အဖြစ်များတယ်။

ဒါမျိုးက sc တစ်ခုတည်းကို အကြာကြီး သုံးတဲ့အခါမျိုးမှာဖြစ်တတ်ပါတယ်။
ဒါ့ကြောင့် sc တစ်ခုတည်းကို 15မိနစ်ထက် ပိုမသုံးပါနဲ့
Tap အသစ်တစ်ခုဖွင့်ပြီး Web ထဲပြန်ဝင်ပါ။

ဒီလို အခြေအနေမျိုးဖြစ်ခဲ့ရင် Duplicate လုပ်ပေးပါ။ form ကျလာတတ်ပါတယ်။ နောက်တစ်နည်းကတော့ History ထဲဝင်ကြည့်ပေးပါ။ Booking Info ပေါ်နေရင် နှိပ်လိုက်ပါ။ Form ကျလာတတ်ပါတယ်။

📴The Connection has imed Out Server down တာပါ။ အရင်က ဒါမျိုးဖြစ်ခဲပါတယ်။ နောက်ပိုင်းတဖြည်းဖြည်းနဲ့ နေ့တိုင်းလိုလို Down ...
26/11/2022

📴The Connection has imed Out

Server down တာပါ။ အရင်က ဒါမျိုးဖြစ်ခဲပါတယ်။ နောက်ပိုင်းတဖြည်းဖြည်းနဲ့ နေ့တိုင်းလိုလို Down နေပါတယ်။

❓Server Down ရင် ဘာဖြစ်တတ်လဲ ?
🛎 ပုံထဲကလို Timed Out ဖြစ်နေပါမယ်။ တစ်နည်းပြောရရင် Website ထဲဝင်မရပါဘူး။ Website ထဲဝင်နေတဲ့သူတွေဆိုရင်လည်း ဘာမှ ဆက်လုပ်လို့မရပဲ တစ်နေပါလိမ့်မယ်။ Refreshနှိပ်လိုက်ရင်တော့ Timed out ဖြစ်ပါပြီ။
ဥပမာ - စိမ်းတာတွေ့ပြီး Next မှာ ကြာနေတာမျိုး၊ Finish & save နှိပ်မရပဲ တစ်နေတာမျိုးဖြစ်ပါတယ်။

❓ Server Down တာ ဘယ်လိုသိနိုင်လဲ?
🛎 Tap တစ်ခုခေါ်. ဝင်ကြည့်ပါ။ ဝင်မရရင် server down နေလို့ပါ။

❓Server Down တာ ဘယ်လောက်ကြာနိုင်လဲ?
🛎တစ်ခါတစ်လေ sec ပိုင်းအတွင်းထဲတင် ကျလိုက်၊ ပြန်ကောင်းလိုက် ဖြစ်နေတတ်ပါတယ်။
တစ်ခါတစ်လေ down ပြီဆိုရင်တော့ ကြာပါတယ်။ ဒီလိုကြာရင်တော့ ခန့်မှန်းဖို့ခက်ပါတယ်။ တစ်ရက်ကဆို နေ့လည် ၂နာရီကျော်မှ ပြန်ကောင်းတာပါ။

❓Server ပြန်ကောင်းဖို့ စိတ်ရှည်ရှည်နဲ့ စောင့်သင့်လား?
🛎 Yes Yes Yes။ တစ်ချို့က Server down ရင်ပျော်ကြပါတယ်။
server ပြန်ကောင်းတဲ့အခါ စိမ်းတာတွေ့ရင် အတော်ချောင်ပြီး နောက်တစ်ဆင့် တန်းရောက်လို့ပါ။ အဲ့တာကြောင့် Server အကြာကြီးဒေါင်းရင် ဇွဲရှိတဲ့သူက ရတာပဲ။ တစ်စောင်ကို ၉သောင်းဆိုတော့ စိတ်ရှည်ရှည်ထားပြီး စောင့်သင့်ပါတယ်။

❓အချက်အလက်ဖြည့်တဲ့နေရာ၊ Finish & save မှာ server Down သွားရင် ဘာလုပ်ရမလဲ?
🛎 အဲ့တာကြောင့် Info ဖြည့်တဲ့နေရာရောက်တာနဲ့ အမြန်ဖြည့်ပေးနိုင်တာအကောင်းဆုံးပါ။ ဒီလိုဖြစ်ရင် စိတ်ရှည်ရှည်ထားပါ။ Tap တစ်ခုဖွင့်ပြီး server တက်လာလား တစ်ချက်တစ်ချက်ကြည့်ပါ။ server down တာတော်တော်ကြာနေပြီ "အချိန်ပြည့်သွားပါပြီ" လို့ပေါ်လာရင် ဘာမှ ok မနှိပ်ဘဲ ဒီတိုင်းစောင့်နေပါ။ server တက်လာတာနဲ့ History ထဲက Bookng Info ဆိုတဲ့ဟာကို နှိပ်လိုက်ပါ။ ကံကောင်းရင် Info ဖြည့်တဲ့နေရာ ပြန်ရောက်သွားပါလိမ့်မယ်။

2ပတ်ကွာ QR  တင်နည်း ပြောပြပေးပါမယ်။ 🔔 ပထမဆုံး​ 8:45AM ရောက်တာနဲ့ Website ထဲဝင်ပါ။ https://www.passport.gov.mm/ လျှောက်ထာ...
26/11/2022

2ပတ်ကွာ QR တင်နည်း ပြောပြပေးပါမယ်။

🔔 ပထမဆုံး​ 8:45AM ရောက်တာနဲ့ Website ထဲဝင်ပါ။ https://www.passport.gov.mm/ လျှောက်ထားရန်ကို နှိပ်ပါ။

🔔 8:50ထိ ခဏစောင့်ပြီး Security Code ရိုက်ထည့်ပါ။ ပြီးရင် ယူရမယ့် Date ကို ခဏခဏ နှိပ်နေပေးပါ။ 8:59 လောက်ဆို နည်းနည်းလေးလာပါလိမ့်မယ်။

🔔 လေးလာရင် Date box ကိုမနှိပ်ဘဲ အသင့်အနေအထားနဲ့ ခဏစောင့်ပေးပါ။

🔔 9နာရီမထိုးခင် 10sec လောက်ဆို Date boxကို စနှိပ်ပြီး ယူမယ့်ရက်ကို ရွေးပါ။ စိမ်းတာမတွေ့မချင်း Date ပဲ ပြန်ရွေးနေပါ။ အစိမ်းပေါ်လာရင် အချိန်ငါးခုထဲက ကြိုက်တဲ့အချိန် တစ်ခု အမြန်ရွေးပီးNext ကိုနှိပ်ပေးပါ။
Next မှာခဏစောင့်ပေးပါ​။(around 2sec to 8sec)

🔔 တကယ်လို့​ Next ကနေ​ နောက်တစ်မျက်နှာ(အချက်အလက်ဖြည့်တဲ့နေရာ)ရောက်သွားရင်၊ QR​ ရဖို့အတော်နီးစပ်သွားပါပီ၊ မြန်မြန်လေးရိုက်ထည့်ပေးပါ။ ကျွန်တော်​ပေးထားတဲ့​ Data ကို မှန်အောင်ရိုက်ထည့်ပေးပါ။
❗တစ်လုံးလွဲတာနဲ့ Agency ကမပေးတော့ပါဘူး။❗️ဒါမျိုးမဖြစ်ရအောင် Copy paste လုပ်ပါ။

🔔 Error box ကျတယ်။ "ယူထားတဲအချိန်အတွက် လူပြည့်သွားပါပြီ" ဆိုရင် နောက်တစ်ချိန် ပြန် tryကြည့်ပါ။ နီသွားပြီ လူလည်းတော်တော်လျော့သွားပြီဆိုရင်တော့ 9နာရီပေးတဲ့ဟာအတွက် မရဖို့ များသွားပါပြီ။ နောက်တစ်တစ်ခေါက် ၁၅မိနစ်ဝန်းကျင်တိုင်း လူချပေးပါတယ်။ အဲ့အချိန်အတွက် try ပါ။

🔔 ကြားအချိန်လည်း Random တစ်ချို့အချိန်တွေ အတွက် ချပေးပါတယ်။ ဒါ့ကြောင့် Date ကိုပဲ ခဏခဏ ရွေးနေပါ။

🔔 QR ကျပြီဆိုတာနဲ့ ssယူပြီး ကျွန်တော့်ကို လာပို့ပေးပါ။ အားလုံးပဲ ဖတ်ကြည့်ပြီး နားလည်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကံကောင်းကြပါစေ။

Error များ  ❗️ Security Code Error (လုံခြုံရေးမှားနေပါတယ်) > ဒါကတော့ server ကိုင်တဲ့သူတွေအပေါ်မူတည်ပါတယ်။ လကုန်ခါနီးရင်တ...
22/11/2022

Error များ

❗️ Security Code Error (လုံခြုံရေးမှားနေပါတယ်) > ဒါကတော့ server ကိုင်တဲ့သူတွေအပေါ်မူတည်ပါတယ်။ လကုန်ခါနီးရင်တော့ အဲ့ Error မျိုးလုပ်ထားတတ်တယ်။ ဘယ်လိုအခြေအနေမှာ ဖြစ်တတ်လဲဆိုရင်
> အကြီးအသေးမမှန်တာ(yအသေးဂရုစိုက်ပါ)၊ website ထဲကြိုဝင်ထားပြီး အစောကြီးဖြည့်ထားတဲ့အခါမျိုးမှာ၊ အကြောင်းအရင်းမရှိ ဖြည့်ထားတဲ့ကုဒ်က မှန်လည်း တစ်ခါတစ်လေ ထဖောက်တတ်ပါတယ်။ ဒီရက်ပိုင်းတော့ အဲ့ Error သိပ်မရှိသေးပါဘူး။
8:58ရောက်မှ codeဖြည့်ပေးတာကတော့ အကောင်းဆုံးပါ။ ဒါမှမဟုတ် 8:58မှာ code ကိုထောက်လိုက်ပါ refresh ဖြစ်ပြီး အသစ်တစ်စောင်ကျလာပါလိမ့်မယ်။ ဒီနည်းလမ်းနဲ့ဆို code Error မကျပါဘူး။ ချွင်းချက်အနေနဲ့ ၃လကွာဆိုရင်တော့ 8:50 ထဲက ကြိုပြီး security code ရိုက်ထည့်ထားလို့ရပါတယ်။

❗️တစ်နေရာရာမှာ ကြာနေတာ
> 9နာရီနီးလာတာနဲ့ လူဝင်တာများပြီး website က loading ကြာပါတယ်။ တစ်နေရာရာမှာ ဆက်မသွားတော့ဘဲ တစ်နေတာမျိုးဖြစ်တတ်ပါတယ်။
> အဖြစ်အများဆုံးကတော့ 8:59မိနစ် Dateကိုနှိပ်မရတာ အဖြစ်များကြပါတယ်။ အဲ့တာကြောင့် 8:58 code ရိုက်ထည့်ပြီးတာနဲ့ Date ကိုရွေးပေးပါ။ 8:59ဆိုရင်တော့ မရွေးပဲနဲ့ Date ကိုဖွင့်ထားပြီး ယူရမယ့် နေ့ကို နှိပ်ဖို့ အဆင်သင့်စောင့်နေပါ။
> နောက်တစ်ခု Next မကျော်တာကတော့ 1- Server down တာ 2- လိုင်းမကောင်းတာ၊ device လေးနေတာ၊ 3- ကံမကောင်းတာ 4- Error တက်တာကြောင့် အဖြစ်များပါတယ်။
> နောက်တစ်ဆင့် အချက်အလက်ဖြည့်တဲ့နေရာ ရောက်သွားပြီ။ Finish & Save မှာကြာနေတယ်။ အဖြစ်များတာကတော့ Server Downတာပါ။ အချက်အလက်ဖြည့်တဲ့နေရာ ရောက်ရင် အမြန်ဖြည့်ပေးပါ။ အချိန်ကြာလာတာနဲ့ အမျှ မရဖို့ များလာလေပါ။ နောက်တစ်ခုကတော့ ကံမကောင်းတာပါ။
ဒါ့ကြောင့် အချက်အလက်ဖြည့်တဲ့နေရာရောက်သွားရင် 80% QR ရဖို့ များပါတယ်။

❗️အချက်အလက်ဖြည့်တဲ့နေရာရောက်ပြီး ပြန်ထွက်သွားတယ်။
> မိမိ Browser ရဲ့ History ထဲဝင်ကြည့်လို့ရပါတယ်။ Booking Info ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ရင် အချက်အလက်ဖြည့်တဲ့ အဆင့်ကို ပြန်ရောက်သွားပါလိမ့်မယ်။ တော်တော်ကြာမှ နှိပ်မိရင်တော့ မရတော့ပါဘူး။
> အချက်အလက်ဖြည့်တဲ့နေရာမှာ အရမ်းတစ်ပြီး ကြာနေရင်လည်း ပြန်ထွက်သွားတတ်ပါတယ်။ အချိန်ပြည့်သွားပါပြီလို့ box ပေါ်လာရင် ဆက်လုပ်မည်ကို နှိပ်ပေးပါ။ History ထဲမှာ ရှာကြည့်လည်း မရတော့ဘူးဆိုရင်တော့ သွားပါပြီ။

❗️Server down
> server down တာပါ။ အခုတလော ခဏခဏအဖြစ်များလာပါတယ်။ Server down ရင် website ထဲဝင်မရတော့တာများ Timed out ဆိုပြီး ပေါ်နေပါလိမ့်မယ်။ အထဲမှာ ရောက်နေတဲ့သူတွေလည်း နေရာတစ်ခုမှာ တစ်နေပါလိမ့်မယ်။ အချက်အလက်ဖြည့်တဲ့နေရာ ရောက်တဲ့အခါမှ Server Down တာနဲ့ ကြုံရင်တော့ Unlucky day ပါ။
server ပြန်တက်လာမှ ရမှာပါ။ မရတော့တာမျိုးလည်ရှိပါတယ်။ Server down သွားရင် ဘယ်လောက်ကြာတတ်လဲ? ကျွန်တော်မသိပါ server ကိုင်တဲ့သူတွေပေါ်မူတည်ပါတယ်။ Mon to fri ဆိုရင်တော့ duty ရှိတာကြောင့် မြန်ပါတယ်။ တစ်ခုကောင်းတာက server တက်လာတဲ့အခါ ဝင်တာနဲ့ ကြုံသွားရင် တော်တော်ချောင်ပါတယ်။
sat sun server down ရင်တော့ ကြာတတ်ပါတယ်။

! Error တစ်ချို့များ
🔔 ခေတ္တစောင့်စိုင်းပေးပါ။
> စိမ်းတယ်၊ အချိန်ရွေးတယ် next တယ် ခေတ္တစောင့်စိုင်းပေးပါဆိုပြီး Error box ကျတယ်။ don't give @ fu*kပါ။ ok နှိပ်ပြီး ပြန် try ပေးပါ။ မရမချင်း tryပါ။ ၃လအကွာမှာအဖြစ်များပါတယ်။ ခဏခဏနှိပ်ပေး သိပ်မကြာဘူး နောက်တစ်ဆင့်ရောက်သွားလိမ့်မယ်။
🔔 ယူထားတဲ့အချိန်အတွက်လူပြည့်သွားပါပြီ။
> နည်းနည်းနောက်ကျသွားလို့ပါ။ သူများဦးသွားပါပြီ။ တခြား အချိန်အတွက် try ကြည့်ပေးပါ။ ၂ပတ်အကွာအတွက်ဆိုရင်တော့ မရဖို့များပါတယ်။
🔔 ရက်ရွှေ့ပေးပါ။
> လူတစ်ယောက်ကို QR နှစ်ခု မရပါဘူး။ အဲ့တာကြောင့် ရပြီးသားကို ဖြည့်မိရင် ရက်ရွှေ့ပေးပါဆိုပြီး ပေါ်လာပါလိမ့်မယ်။

🔇ကျွန်တော်ပေးတဲ့ အချက်အလက်တွေကို ဖြည့်တဲ့အခါ မမှားဖို့ဂရုစိုက်ပါနော်။ မှားခဲ့ရင် Agency ကတပြားမှ မပေးပါဘူး။
🔇2ပတ်ကွာကော၊ ၃လကွာကော try မယ့်သူတွေက အချက်အလက်ဖြည့်တဲ့အခါ ၂ပတ်ကွာနဲ့ ၃လကွာ မမှားဖို့ ဂရုစိုက်ပေးပါ။

🔔PC/Laptop သမားတွေအတွက်ပါ။- အရင်ဆုံး စက်က i3 4th gen , Ram8GBရှိသင့်ပါတယ်။ SSD prefer ပါ။ စက်က လေးပင်နေရင် Window ပြန်တင...
19/11/2022

🔔PC/Laptop သမားတွေအတွက်ပါ။

- အရင်ဆုံး စက်က i3 4th gen , Ram8GBရှိသင့်ပါတယ်။ SSD prefer ပါ။
စက်က လေးပင်နေရင် Window ပြန်တင်ပါ။ Virsu scan ဖတ်ပါ။ မလိုအပ်တဲ့ softwareတွေ Uninstallပါ။

- Junk File တွေရှင်းပေးပါ။ ရှင်းနည်းမသိရင် Link ထဲကနေ ကြည့်ပေးပါ။
https://www.youtube.com/watch?v=e1ePF1q-TTk&ab_channel=Ramcubed

- Task manager > Performanceထဲက >Open Resource Monitorထဲ ဝင်ပါ။ Network Activityထဲမှာ Run နေတာတွေ တွေ့ရပါလိမ့်မယ်။ မိမိကွန်ပျူတာမှာ Run နေတာတွေပါ။ လတ်တလော အသုံးမလိုသေးတာတွေ ပိတ်ပေးပါ။

- Apps တစ်ချို့က PC စဖွင့်ပြီဆိုကတည်းက Auto Start ပါတယ်။ အဲ့တာတွေကို ပိတ်ဖို့ Windowkeyနှိပ် StartupApps ဆိုပြီးရိုက်လိုက်ပါ။ ပြီးရင် မလိုအပ်တာတွေ ပိတ်လိုက်ပါ။ ဒါဆို စက်တက်လာတိုင်း ခဏခဏ ပိတ်နေစရာမလိုအပ်တော့ပါဘူး။

- Task Manger > Procoessesထဲမှာ အသုံးမလိုတဲ့ Apps တွေကို EndProcess လုပ်ပေးပါ။
❗️(မှတ်ချက်။ ။မကျွမ်းကျင်တဲ့သူများ Background Processes ကို မထိပါနဲ့နော်။ Startup Appမှာ အသုံးမလိုအပ်တာတွေ Off ထားရင် ဒီအချက်မလိုပါ။

❗️❗️❗️နောက်တစ်ခုကတော့ Wireless Adapter အစား Stable ပိုဖြစ်တဲ့ Network Cable ကြိုးနဲ့ သုံးပေးရင် ပိုပြီးကောင်းပါတယ်ဗျ။

🔔 Smart Phone သုံးတဲ့သူတွေအတွက် တင်ပေးလိုက်ပါတယ်။ -အင်တာနက်ကို ဖွင့်လိုက်တာနဲ့ ဖုန်းနောက်ကွယ် Background မှာ App တစ်ချို...
19/11/2022

🔔 Smart Phone သုံးတဲ့သူတွေအတွက် တင်ပေးလိုက်ပါတယ်။

-အင်တာနက်ကို ဖွင့်လိုက်တာနဲ့ ဖုန်းနောက်ကွယ် Background မှာ App တစ်ချို့က Run နေပါတယ်။
-Kbps အနည်းနဲ့အများ ဆွဲနေတာကြောင့် လိုင်းကျတတ်ပါတယ်။ မသုံးဖြစ်တဲ့ App တွေကို Restrict Data Usage လုပ်ပေးပါ။
-ဒီနည်းလမ်းကို လုပ်ခြင်းအားဖြင့် အရင်က ထက်ပိုပြီး Online Booking တင်တဲ့ အခါ လိုင်းပိုကောင်းလာပါလိမ့်မယ်။ ပုံအောက်မှာ စာပါပါတယ်။

❗️မှတ်ချက်။ ။ Passport မလုပ်ခင် လုပ်ပေးပါ။ လုပ်ပြီးသွားရင် ပြန် On ပေးပါနော်။

QR ရဖို့ နည်းမှန် လမ်းမှန် ဘယ်လိုတင်ရမလဲ နှင့် Error များ (Updated Nov,17,2022) Declamied - Out of date (No needa read) ...
17/11/2022

QR ရဖို့ နည်းမှန် လမ်းမှန် ဘယ်လိုတင်ရမလဲ နှင့် Error များ
(Updated Nov,17,2022)
Declamied - Out of date (No needa read)

🔔 8:50 လောက်ထဲက စဝင်ထားပါ။
❗️ ( 8:54 လောက်ဆို ဝင်တဲ့သူများတာကြောင့် Website ထဲဝင်မရတာမျိုးရှိနိုင်တာကြောင့်ပါ)

🔔 ဟိုးအရင်က 9နာရီမထိုးခင် 8 ခွဲလောက်တည်းက Suprise တွေပေးခဲ့တဲ့ သာဓကတွေရှိပါတယ်။ အဲ့လိုအခွင့်အရေးမျိုး ရောက်လာရင် လက်မလွှတ်ရအောင် တစ်ချက်တစ်ချက် အချိန်ရွေးကြည့်ပေးပါ။
❗️ ( အဲ့တုန်းက တစ်ရက်တည်းနဲ့ လေးငါးစောင်ရတဲ့ သူတွေရှိခဲ့လို့ပါ)

🔔 8:58 သို့မဟုတ် 8:59 လောက်ကြရင် လုံခြုံရေး code ကို နှိပ်ပြီး refresh လုပ်လိုက်ပါ။ code အသစ်ကျလာပါလိမ့်မယ်။ အဲ့ code ကို အမြန် ရိုက်ပေးပါ။ "မှတ်ချက် အကြီးအသေးဂရိုစိုက်ပါ။"
❗️(အဲ့လိုမှမလုပ်ရင် လုံခြုံရေးကုဒ်မှားနေတယ်ဆိုပြီး နောက်တစ်ဆင့်တက်လို့ရမှာမဟုတ်ပါဘူး။)

🔔 8:59:48 စက္ကန့်ရောက်ရင် booking တင်ရမယ့် Date ကို ရွေးလိုက်တော့။ ခဏစောင့်ပါ။ အစိမ်းမပေါ်မလာမချင်း Date ကိုပဲ ပြန်ရွေးနေပါ။ အစိမ်းပေါ်လာရင် ပေးထားတဲ့ အချိန် 5 ချိန်ထဲက ကြိုက်တဲ့ တစ်ခုကို အမြန်ရွေးပြီး Next ကိုနှိပ်လိုက်ပါ။
❗️(Next ကိုရွေးပြီးရင် ခဏစောင့်ပါ။ ဒီနေရာက အဆုံးအဖြတ်ပဲ။ ဖြစ်နိုင် ချေ နှစ်ခုရှိမယ်။ Error တက်လား။ နောက်တစ်ဆင့် တက်မလားပဲ။ နောက်တစ်ဆင့်ဆိုရင်တော့ ပျော်လိုက်တော့ QR ရဖို့ သေချာသလောက်ဖြစ်နေပြီ။

🔔 နောက်တစ်ဆင့် အချက်အလက်ဖြည့်တဲ့ နေရာသို့ ရောက်ရှိခြင်း
မင်မင်ပေးထားတဲ့ Info တွေဖြည့်ပါ။ ကျေးဇူးပြုပြီး ဂရုစိုက်ပါ။ တတ်နိုင်သလောက် မမှားပါစေနဲ့။ မင်မင်ပေးထားတဲ့ဟာကိုပဲ Note မှာ ရေး Copy ယူပြီး paste ပါ။ Info ဖြည့်ပြီးရင် Add နှိပ်ပါ။
❗️ Finish & Save ဖြူနေရင် နှိပ်မရပါ။ ခဏစောင့်ပါနော်။ စိမ်းလာရင် နှိပ်လို့ရပါပြီ။ ပြီးရင် QR ကျလာပါလိမ့်မယ်။ ရပါပြီ မင့်မင့်ဆီ လာပို့ပြီး ငွေထုတ်လိုက်တော့နော်။

🔔 Error များ
❗️ Code Error >
1- 8:58 တုန်းက code ကို refresh မလုပ်မိလို့ဖြစ်နိုင်ပါတယ်။
2- အကြီးအသေး မှားတာဖြစ်နိုင်တယ်။ y အသေးနဲ့ yအကြီး မှားတတ်ပါတယ် ဂရုစိုက်ပါ။
3- Error တက်တဲ့ နေ့မို့ ဖြစ်နိုင်ပါတယ်။

❗️ Finish & Save နှိပ်မရတဲ့ Error
1 - တစ်ခါတစ်လေ လုံးဝ နှိပ်မရတာမျိုးဖြစ်တတ်ပါတယ်။ Duplicate ပွားကြည့်ပါ။ အဲ့တာမှ QR ကျမလာရင် Edit လုပ်ပြီး Add ပါ။ Finish & Save နှိပ်ကြည့်ပါ။ Error တက်တဲ့နေ့ဆိုရင်တော့ စိတ်မကောင်းပါဘူး။ တော်တော်များများ အဲ့ Error တက်ပြီး ကြေကွဲရတဲ့နေ့ပေါ့။

❗️Finish & Save နှိပ်ပြီးမှ ပြန်ထွက်သွားတယ်
တစ်ခါတစ်လေ ဖြစ်တတ်ပါတယ်။ စိတ်အေးအေးထားပါ။ Browser ရဲ့ History ထဲဝင်ပါ။ ပြီးရင် Booking Info ဆိုတဲ့ဟာကို နှိပ်လိုက်ပါ။ အချက်အလက်ဖြည့်တဲ့ နေရာ ပြန်ရောက်သွားပါလိမ့်မယ်နော်။ ဖုန်းမှာဆိုရင်‌တော့ ဒီလင့်ကို copy ကူးပြီး Paste လိုက်ပါ။
https://www.passport.gov.mm/user/booking_info
Info ကျလာရင် ပြန်လုပ်ကြည့်ပါနော်။ QR ရတတ်ပါတယ်။

မှတ်ချက်။။ history ထဲမှာ booking info ရှာမတွေ့ရင်တော့မရပါဘူးနော်၊အစကပဲပြန် try ပေးပါ။

QR တစ်ခု ခဏခဏ ရဖို့ ဘာတွေလိုအပ်လဲ ? - QR တစ်ခါရရင် သုံးလစာလောက် ဖူလုံပါတယ်။ ဒါကြောင့် မနှမြောပါနဲ့နော်။ Mobile Data စေ◌ျ...
17/11/2022

QR တစ်ခု ခဏခဏ ရဖို့ ဘာတွေလိုအပ်လဲ ?

- QR တစ်ခါရရင် သုံးလစာလောက် ဖူလုံပါတယ်။ ဒါကြောင့် မနှမြောပါနဲ့နော်။ Mobile Data စေ◌ျးနဲ့ ပြန်ချိန်ကြည့်ရင် စိတ်ကြိုက် အဝသုံးနိုင်တဲ့ Wifi ကို ပြောင်းသုံးကြပါ။ Wifi ဆို Fiber Wifi လိုပါတယ်။ Wireless က လိုင်းမငြိမ်လိုပါ။

ကျွန်တော်သုံးတာက Atom Fiber Internet 25Mbps ကိုမှ 32000တည်းပါနော်။ တခြား Benefits Bonus တွေလည်း ပါပါသေးတယ်။ မိမိ Internet ရဲ့လိုင်းဆွဲအားကို သိချင်ရင် " speedtest.net " ကို copy ယူပြီး Browser မှာနှိပ်လိုက်ပါ။ Ping နည်းလေး QR ရဖို့ များလေပါ။ ပုံထဲမှာဆို Ping 3 ပါ။

- Simcard နဲ့မရဘူးလားဆို ရပါတယ်။ ကျွန်တော့်ဆီမှာဆို Ooredoo ၊ Atom သုံးပြီး တစ်ရက်တည်းနဲ့ နှစ်စောင်ရတဲ့ သူတွေလည်းရှိပါတယ်။ ဒါကြောင့် Mobile Data နဲ့ သုံးနေတဲ့ သူတွေ စိတ်ဓာတ်မကျပါနဲ့နော်။ ဒါပင်မယ့် Fiber Internet နဲ့ယှဥ◌်ရင်တော့ ရနိုင်‌ချေ တော်တော် နည်းပါတယ်။ ( တကယ်လို့ မိမိအိမ်က Mobile Data နဲ့လည်း လိုင်းမကောင်းဘူး၊ Wifi လည်းမရှိဘူးဆိုရင်တော့ Wifi လိုင်းကောင်းတဲ့ အသိဆွေမျိုးအိမ် ဒါမှမဟုတ် Internet Cafe ဆိုင်သွားပြီး လုပ်လို့ရပါတယ်)

- ဖုန်း ၊ PC

PC/Laptop ရှိရင်‌တော့ပိုကောင်းပါတယ်။ PC/Laptop ဆို PC ကိုမှ Ethernet Cable (LAN) ကြိုးနဲ့ ချိတ်ပြီး သုံးရင် လိုင်းပို ငြိမ်ပါတယ်နော်။ PC ဆို အနည်းဆုံး RAM 8GB , SSD ရှိရင်ပိုကောင်း , CPU i3 4th gen လောက် အနည်းဆုံးလိုအပ်ပါတယ်။ ပြီးရင် စက်က ပေါ့ပါးနေဖို့ပါ။

ဖုန်းနဲ့ဆိုရင်တော့ 4G+ / LTE လိုင်းတက်တဲ ဖုန်းနဲ တင်ပါ။ ဖုန်းမှာလည်း ထို့နည်းတူစွာ Model , CPU , Ram မြင့်လေ ပိုကောင်းလေပါပဲ။

❗️ဘာလို့ Fiber Internet လိုတာလဲ ? စက်က ဘာလို့ပေါ့ပါးနေဖို့လိုတာလဲ လို့ တော်တော်များများ မေးကြပါတယ်။
- တစ်နေ့ကို ၂ပတ်ကွာအတွက် လူ၁၂၅၀ နဲ့ ၃လကွာအတွက် လူ၁၂၅၀ချပေးတယ်။ လူပေါင်းထောင်ပေါင်းများစွာ qr ရဖို့ လုကြရတယ်။ အဲ့တာကြောင့် QR တစ်စောင် ခဏခဏ ရဖို့ဆိုတာ သူများထက် ခြေတစ်လှမ်းနောက်ကျလို့မရဘူး။
1 - Internet Speed ကောင်းနေဖို့ လိုတယ်။ Ping နည်းဖို့ လိုတယ်။
2 - နည်းလမ်းမှန်မှန်နဲ့ တိကျဖို့ လိုမယ်။
3- စိမ်းတာတွေ့တာနဲ့ အမြန်နှိပ်နိုင်ဖို့ Flash ထက်မြန်တဲ့ လက်တစ်စုံလိုမယ် xD
နောက်တစ်ခုကတော့ Server ကိုင်တဲ့သူတွေက အပြောင်းအလဲရှိတာကြောင့် နည်းလမ်းတွေက ပြောင်းလဲနိုင်ပါတယ်။ နည်းလမ်းပြောင်းလဲတာတွေ Error တက်တာတွေ အားလုံး ဒီ Page ကနေ ပြောပြပေးသွားပါမယ်နော်။
အားလုံး ခြုံပြောရရင်တော့ ကံဉာဏ်ဝီရိယ လိုအပ်ပါတယ်။

2ပတ်ကွာ QR  တင်နည်းလေး အကျဥ◌်းချုပ်ပြောပေးပါမယ်။   ပထမဆုံး​ 8:50AM ထဲက Browser​ ကိုဝင်လိုက်ပါ၊ အဲ့​မှာ​   (  passport.go...
17/11/2022

2ပတ်ကွာ QR တင်နည်းလေး အကျဥ◌်းချုပ်ပြောပေးပါမယ်။
ပထမဆုံး​ 8:50AM ထဲက Browser​ ကိုဝင်လိုက်ပါ၊ အဲ့​မှာ​ ( passport.gov.mm​ )​ကို​ Copy ယူပီးထဲ့နိတ်ပါ၊လျှောက်ထား​ရန်ဆက်နိတ်ပေးပါ၊ လျှောက်ထားရန်ကို နှိပ်ပြီး စောင့်နေပါ။ 8:58 or 8:59 လောက်မှာ code ကို နှိပ်ပြီး refresh လုပ်လိုက်ပါ။ code အသစ်ပေါ်လာပါလိမ့်မယ်။ အဲ့ code ကိုရိုက်ထည့်ပေးလိုက်ပါ။ (အကြီးအသေး လွဲလို့မရပါ) ​
ပီး​ရင်​ 9နာရီမထိုးခင် 13စက္ကန့်အလိုလောက်မှာ ပြက္ခဒိန်​ဝင်လိုက်ပီး Date​ ရွေးပါ၊ ကျလာလို့အချိန်တေက အနီရောင်တွေဆို ဝင်မရပါဘူး၊ အဲဒါဆို ပြက္ခဒိန်​ကိုပဲ​ ပေးထားတဲ့​ Date​ ကို​ ​ပြန်ပြန်ရွေး​ပေး​မှ အစိမ်းရောင်ပေါ်တာပါ၊(ဘာမှမနှိပ်ပဲ ထိုင်စောင့်နေလို့မစိမ်းပါဘူးနော်)​၊

အစိမ်းပေါ်လာရင် အချိန်ငါးခုထဲက ကြိုက်တဲ့အချိန်ရွေးပီး၊ Next ကိုနှိပ်ပေးပါ ခနစောင့်ပေးပါ​၊

တကယ်လို့​ Next ကနေ​ နောက်တစ်မျက်နှာရောက်သွားရင်၊ QR​ ရဖို့အတော်နီးစပ်သွားပါပီ၊ မြန်မြန်လေးရိုက်ထဲ့ပေးပါ။ ကျွန်တော်​ပေးထားတဲ့​ နာမည်​တေနဲ့​မှတ်ပုံတင်​ အချက်လက်တွေကို​ မှန်အောင်ဖြည့်ပေး၊ ပီးရင်​ အောက်ညာဘက်က Add ကိုနိတ်​ ကိုယ်ဖြည့်ထားတဲ့ အချက်အလက်​တွေ​အောက်မှာပေါ်လာမယ် မှန်မမှန်စစ်၊ မှန်​ရင်​ Finish& Save​ နိတ်လိုက်ပါ၊( အဲ့အဆင့်မှာကြာနေရင် မင်မင့်​စီ​ SS​ ပို့​ပြီး​ အကူညီလာတောင်းနိုင်ပါ​တယ်​ )​

👉QR ကျလာရင် ကျွန်တော့်ဆီ လာပို့ပေးလို့ရပါပြီ။ .............................................................
👉 ( QR​ 1ခုရရင်​ 80000 တိုးပေးလိုက်ပါပီ၊ 2ခုရရင် 165000ပါ​ ) ရက်ခြား ယူပေး​နိုင်ရင်​ ပိုပေးပါဦးမယ်၊ Kpay​ or wavepay နဲ့ပါ။
👉 တနေ့တုန်းကဆို 9နာရီ 45မီးနစ်လောက်မှာ အတော်ပြန်စိမ်းပါတယ်၊ အနီရောင်ဖြစ်နေတဲ့ Reserves လူဦးရေဟာ ပြန်ပြန်စိမ်းပေးပါတယ်၊ စိတ်ရှည်​ဇွဲကောင်းဖို့ပဲ လိုတာပါ၊
👉 Browser​ က​ Firefox , Chrome, Microsoft Edge ကောင်းပါတယ်
( သုံး​မဲ့​Browser​ ကို​ Update လုပ်ထား​ကြပါ၊ လိုင်းသွက်ပါတယ်၊ အားလုံးရကြပါစေဗျာ)

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Work From Home -MinKhant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share