02/08/2022
Sai Kaew beach at Chonburi
ပထမပိုင်း က Grand Canyon လေး အကြောင်းပြောပြီးပြီဆို တော့ အဲဒီကနေ ဘယ်ဆက်သွားလို့ရလဲ ဆိုတာ ပြောပြပေးပါမယ်
Sai kaew beach Chonburi လို့ခေါ်တဲ့ Sattahip ,Chonburi မှာရှိတဲ့ စိမ်းပြာပြီးရေတော်တော် ကြည်တဲ့ beach လေး အကြောင်းဆက်ပြောပြပါမယ်🏖🏖🏖
Grand Canyon ကနေဆို နောက်ထပ် 80km အကွာအဝေးလောက်ရှိပြီး ကားနဲ့ ၁ နာရီလောက်ဆက်သွားရပါမယ်
ကမ်းခြေက ထိုင်း Navy ဝင်းထဲမှာ ရှိတဲ့ အတွက် ပထမ ဆုံး လမ်းမပေါ်က စဝင်တဲ့ ဂိတ်က လုံခြုံရေး ဂိတ်မှာ လာတဲ့ အထဲက တစ်ယောက်ရဲ့ id card နဲ့ car pass လဲပြီး ဝင်ရပါတယ်
ပြီးတော့ ကားနဲ့ ၃ မိနစ်လောက်ဆက်မောင်းရင် ညာဖက်မှာ ရှိတဲ့ ဝင်ကြေး ပေးရတဲ့ အဆောက်အဦးမှာ ဝင်ကြေးပေးပြီးဆက်သွားရပါမယ် ဝင်ကြေးက ထိုင်းလူမျိုး တစ်ယောက် ဘတ် ၅၀ နိုင်ငံခြားသား ဘတ် ၁၀၀ ပါ💵💵
ပြီးရင် ကားနဲ့ နောက်ထပ် ၅မိနစ် ၁၀ မိနစ်လောက်တောင်ပတ်လမ်းတွေ ဖြတ်ပြီးရင် ကမ်းခြေကိုရောက်ပါပြီ ( ဂိတ်ဖြတ်ပြီးတော့ ပထမဆုံးတွေ့တဲ့ ကမ်းခြေ မဟုတ်ပါ)
ပြီးတာနဲ့ ကားပါကင်မှာ ကားရပ်ပြီး ကမ်းခြေကို လမ်းလျှောက်သွားရပါတယ်
ကားပါကင်နေရာမှာတော့ အဲနားက တောထဲ မျောက်လေးတွေ တော်တော်များများ သွားလာ ဆော့နေကြတာ တွေ့ရပါမယ် 🐒🐒🐒
ပထမ ဆုံးကမ်းခြေနေရာ ဝင်လိုက်ရင် စားသောက်ဆိုင်တန်းကြီးတွေ့ပါလိမ့်မယ် seafood အစုံနဲ့ ထိုင်းဟင်းတွေပါ 🦀🐙🐟🦞🦐🦑🦪
ဟင်းတွေမှာပြီးတော့ ဆိုင်ရှေ့မှာ ရှိတဲ့ ခုံတန်းတွေမှာ စားလို့ရပါတယ် ဒါမှမဟုတ် ကမ်းခြေ သဲသောင်ပြင်မှာ လုပ်ထားတဲ့ အမိုးရှိပြီး စားပွဲ ခုံပါပါတဲ့ ဇရပ် တွေမှာ လည်း ထိုင်ပြီး လာပို့ ခိုင်းလို့ရပါတယ် အဲစားပွဲတွေက ဦးသူယူပါ ငှါးစရာမလိုပါဘူး
ကမ်းခြေသဲသောင်ပြင်က အပင်အောက်မှာ အေးအေးဆေးဆေး ထိုင်ပြီး chill ချင်တဲ့သူတွေ အတွက်လည်း ပက်လက်ကုလားထိုင်ငှါးလို့ရပါတယ် တစ်ခုံ ဘတ် ၂၀ ပါ
ကမ်းခြေက ရေလည်းကြည်ပြီးသန့် အေးအေးဆေးဆေးလည်းရှိတော့ ပတ္တရားမှာနေကြတဲ့ ရုရှားလူမျိုး နိုင်ငံခြားသားတွေ weekend တွေမှာ တော်တော် လာလည်ကြပါတယ်
လူများတာ မကြိုက်ရင်တော့ weekdays တွေသွားတာ ပိုအဆင်ပြေပါတယ်
Water activities ဆော့ ချင်တဲ့ သူတွေ အတွက်တော့ ကမ်းခြေ ဘယ်ဖက် အစွန်ဆုံးမှာ ရှိတဲ့ ဘားမှာ sub board ,kayak boat တို့ ငှါးပြီးဆော့လို့ရပါတယ် တနာရီ ဘတ် ၂၀၀ ပါ
ကမ်းခြေမှာရေ ဆော့ပြီးရင် ရေပြန်ချိုးလို့ရတဲ့ အများသုံးရေချိုးခန်းတွေ ထားပေးထားပါတယ် free သုံးလို့ရပါတယ် shower gel,shampoo တွေ့တော့ ယူသွားဖို့လိုပါတယ်
ကမ်းခြေမှာ နေလို့မဝလို့ ညအိပ်ချင်တဲ့ သူတွေ ငှါးနေလို့ရတဲ့ bungalows လေးတွေလဲရှိပါတယ်
လာလည်တဲ့ သူ တော်တော်များများက တော့ ညနေ ပြန်ကြတာများပါတယ်
တချို့ ထိုင်းလူမျိုးတွေက တော့ camping tent တွေ ယူလာပြီး ကမ်းခြေမှာ tent ထိုးပြီး camping trip လုပ်ကြပါတယ်
ကဲ ကမ်းခြေမှာ ရေလည်း ဆော့လို့ ဝပြီ ဆို ဘန်ကောက်ကို ကား၂ နာရီလောက်စီးပြီး ပြန်လို့ရပါပြီနော်
ခရီးစဉ် အစ အဆုံး အစီအစဉ် ပြန်ခြုံပြီး ပြောရမယ်ဆိုရင် မနက် ၈နာရီလောက်ဘန်ကောက်ကထွက် လာရင် ၉ခွဲ ၁၀ နာရီလောက်ဆို Grand Canyon ရောက် ပြီး နာရီဝက် ၁ နာရီလောက်နေပြီးရင် ကမ်းခြေကို ဆက်သွား ပြီးတော့ ကမ်းခြေမှာပဲ နေ့လည်စာစားပြီး chill ပြီးတော့ ရေဆော့ပြီး ညနေ ၅ နာရီ ၆ နာရီလောက်ပြန်ရင် အဆင်ပြေပါတယ် ဘန်ကောက်လည်း ပြန်ရောက်တာ အရမ်း မိုးမချုပ်တော့ ဘူးပေါ့
ဒါမှ မဟုတ်ပဲ စိတ်ပြောင်းပြီး one day trip မဟုတ် တော့ပဲ overnight stay trip ပဲ လုပ်တော့မယ်ဆို နာရီ ဝက် လောက်နဲ့ ရောက်မယ့် ပတ္တရားမြို့ပေါ် ဝင်လည်ပြီးနေလို့ရသေးတယ်နော် 😊😊😊
Pattaya မှာ ရှိတဲ့ လည်စရာ နေရာနဲ့ night life review တော့ မရေးတော့ပါဘူးနော်
တော်တော်များများလည်း reviews ရှိပြီးသားဆိုတော့ 😊😊