Memo Tour

Memo Tour Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Memo Tour, Travel Agency, Mergui Archpelago, .

Memo Tour မှ လူကြီးမင်းတို့အတွက် Luxury ကျွန်းခရီစဉ် လေးပါကော့သောင်းမြို့ မှာရှိတဲ့ သဘာဝ အတိုင်းကျန်ရှိနေသေးတဲ့ ကျွန်းမျ...
21/12/2022

Memo Tour မှ

လူကြီးမင်းတို့အတွက် Luxury ကျွန်းခရီစဉ် လေးပါ

ကော့သောင်းမြို့ မှာရှိတဲ့ သဘာဝ အတိုင်းကျန်ရှိနေသေးတဲ့ ကျွန်းများကို သွားရောက်လည်ပတ်မယ် ပြန်လာရင် Casino လေးကစားပီး အနားယူကြမယ့် Luxury ခရီစဉ်လေးဖြစ်ပါတယ်။

ယခုခရီစဉ်ကတော့ ၃ညအိပ်၄ရက် ခရီးဖြစ်ပီး
ကော့သောင်းမြို့ ရဲ့ နာမည်ကြီး ကျွန်းမျာဖြစ်ကြတဲ့

🏝️ အသဲပုံကျွန်း
🏝️မြင်းခွာကျွန်း
🏝️စေတန်ကျွန်း
🏝️ဇာဒက်ကြီးအော်
🏝️115ကျွန်း
🏝️Honeymoon ကျွန်း
🏝️ငါးမန်းကျွန်း
🏝️ဗိုလ်ရွဲကျွန်း
🏝️ကျွန်းဖီလာ
🏝️ကျွန်းဖီလာ ဒီရေတော

တိုကိုရောက်ရှိမှာဖြစ်ပီး ရေပေါ်ရေအောင် အလှအပများ ခံစားကြည့်ရှူ့နိုင်မှာ ဖြစ်ပါတယ်။

ယခုခရီးစဉ်မှာဆိုရင်တော့ ကော့သောင်းမြို့ရဲ အကောင်းဆုံးFive Star Luxury Hotel တွေဖြစ်တဲ့

🛖Awei Pila Private Island Resort မှာတစ်ညတာ
တည်းခိုမှာဖြစ်ပီး

🏢Grand Adman Casino Hotel မှာ နှစ်ည တာတည်းခိုးမှာဖြစ်ပါတယ်။


ဒါ့အပြင် မီးအက အလှတွေ

အကောင်းဆုံးသော ပင်လယ်စာတွေ🦀🦞🦐🦑နဲ့

အတော်ဆုံး Marine Guide တွေလည်း

ပါဝင်မှာဖြစ်ပါတယ်။

ယခုခရီစဉ်မှာ

🐬ရန်ကုန် -ကော့သောင်း လေယာဉ်လက်မှတ် 🛫🛫အသွားအပြန်

🐬ခရီးစဉ်တစ်ခုလုံးအသုံးပြုမည့်
Speed Boat Charge 🚤🚤

🐬Hotels အခန်းခတွေ🏢🛖နဲ့

အစားအသောက် 🍝🍜🍛🥂🍻🍺

အားလုံးပါဝင်ပီးဖြစ်ပါတယ်။

Activities တွေအနေနဲ့

🛶ကယက်လှေလှော်ခြင်းနှင့်

🛶Snorkeling ပြုလုပ်ချင်းများပါဝင်မှာဖြစ်ပါတယ်။

Entertainment အနေနှင့် မီးအကအလှ ဖြော်ဖြေရေးလဲ ပါရှိမှာဖြစ်ပါတယ်

အမှတ်တရဖြစ်စေမဲ့ ရေအောက် ဓာတ်ပုံ အလှအပတွေလဲ ရရှိမှာဖြစ်ပါတယ်။

ခရီးစဉ်တစ်ခုလုံးကို မှ

တစ်ယောက်လျှင် 1350$ ပဲကျသင့်မှဖြစ်ပါတယ်။

04/09/2022

#မြင်းခွာကျွန်း #ကော့သောင်း

03/09/2022
💞💕Beautiful Sunset 💞💕
30/07/2022

💞💕Beautiful Sunset 💞💕

💖💖အချစ်နဲ့ ပင်လယ်မှာ နေဆာလှုံမယ် 💖💖
02/06/2022

💖💖အချစ်နဲ့ ပင်လယ်မှာ နေဆာလှုံမယ် 💖💖

တကိုယ်တည်းပေမယ့် အဆိပ်ခပ်ပြင်း​ပြင်းနဲ့ ငါးမင်းသာLionfish လို့လူသိများတဲ့ ငါးမင်းသား(သို့) ငါးခြေင်္သ့ လေးအကြောင်းမှတ်စု...
06/05/2022

တကိုယ်တည်းပေမယ့် အဆိပ်ခပ်ပြင်း​ပြင်းနဲ့ ငါးမင်းသာ

Lionfish လို့လူသိများတဲ့ ငါးမင်းသား(သို့) ငါးခြေင်္သ့ လေးအကြောင်းမှတ်စုထုတ် ထားတာလေးစီလျော်သလိုရေးပေးလိုက်ပါတယ်။

ပစိဖိတ်သမုဒ္ဒရာ၏ ရေနွေးစီးကြောင်းများလည်ပတ်စီးဆင်းရာ အနောက်ဘက်နှင့် အလယ်ပိုင်းတွင် ကျက်စားနေထိုင်ကြတဲ့ ငါးခြေင်္သ့ (ခေါ်) ငါးမင်းသားလို့ခေါ်တဲ့ ဒီငါးတွေဟာ တခြားရေအောက်သားရဲသတ္တဝါတွေကိုသေစေလောက်တဲ့အထိအဆိပ်ပြင်းထန်တဲ့ငါးမျိုးစိတ်တစ်မျိုးဖြစ်တယ်။ သူ့ရဲ့ အရောင်ကတော့ အဖြူ၊အနီ၊အညို၊လိမ္မော်စတဲ့အရောင်အသွေးအစုံအလင်နဲ့တွေ့ရှိရတတ်ပါတယ်။

ငါးခြေင်္သ့၏မူလငါးမျိုးစိတ်များတွေကတော့ အိန္ဒယနှင့်ပစိတ်သမုဒ္ဒရာတို့ကနေ စတင်ပြန့်ပွားလာကြပြီး အမေရိကန်နိုင်ငံ ဖလော်ရီဒါကမ်းခြေသို့ အလှမွေးငါးများအဖြစ် ဖမ်းယူလာခြင်းမှ ဖလော်ရီဒါကမ်းခြေတစ်လျှောက်တွင်စတင်ပြန့်ပွားလာကာ နယူးယောက်အရှေ့ဖက်ကမ်းခြေတစ်လျှောက်အထိ ပါပြန်ပွားကြပါတယ်။ သုတေသနပညာသည်တွေရဲ့ လေ့လာတွေ့ရှိချက်အရ နဲ့ စစ်တမ်းကောက်ယူချက်များအရတော့ ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ မျိုးစိတ်ပေါင်း ၈ မျိုးခန့်လောက်ရှိတယ်လို့လေ့လာမှတ်သားခဲ့ရပါတယ်။

ပုံမှန်အားဖြင့်တော့ သန္တာကျောက်တန်းများနဲ့ကျောက်တုံး၊ ကျောက်ဆောင် အက်ကွဲကြောင်း အစရှိတဲ့အရိပ် အာဝါသကောင်းမွန်တဲ့ နေရာများမှာ ပုန်းခိုနေထိုင်တတ်ကြသလို၊ သန္တာကျောက်တန်းတွေကြားမှာရှိတဲ့ငါးသား ပေါက်များ၊ ပုစွန်၊ ခရုကမာလေးတွေကို ဖမ်းယူစားသောက် တတ်ကြပြီး သက်တမ်းအားဖြင့် ၁၆ နှစ်အထိ အသက်ရှင်နိုင်စွမ်းရှိသလို၊ တစ်ခါတစ်လေလဲ ဒီထက်မက ပိုကြာရှည်စွာ အသက်မွေးရှင်သန်နိုင်ကြပါတယ်။ ကြီးမားတဲ့ ပင်လယ်ငါးရှဉ့်ကြီးတွေကတော့ ငါးခြေင်္သေ့တွေရဲ့ အဓိကရန်သူလို့ပြောလို့ရသလို သူတို့ကိုပြန်လည်ဖမ်းယူစားသောက်တဲ့ ရေအောက် သားရဲတိရစ္ဆာန်တွေက တော့ အနည်းငယ်သာရှိပါတယ်။

ဘာလို့လဲ ဆိုရင် သူ့ရဲ့ ကျောရိုးတစ်လျောက်မှာရှိတဲ့ ရှည်လျားပြီး ၊ လှလှပပ ငေါထွက်နေတဲ့ အဆိပ်ရှိတဲ့ ဆူးတောင်တွေနဲ့ပြန်လည်တိုက်ခိုက်ကာကွယ်လို့ပဲဖြစ်
ပါတယ်။

ငါးခြေင်္သေ့တွေဟာ အများအားဖြင့်တော့တစ်ကိုယ် တည်းသွားလာလုပ်ရှားနေထိုင်ကာ ရှာဖွေစားသောက်တဲ့ အလေ့အထရှိပြီး အထီးနဲ့အမ မိတ်လိုက်ကြတဲ့အချိန် ရောက်မှသာနှစ်ကောင် နှစ်ကောင် ပူးတွဲတွေ့ရတတ်ပါတယ်။ တစ်ခါတစ်လေမှာ အုပ်စုလိုက်တွေ့ရတတ်တဲ့အခါမျိုးတွေလဲရှိပါတယ်။ အကြောင်းအရင်းကတော့
အဲ့ဒီ အုပ်စုထဲမှာ အထီးတစ်ကောင်တည်းသာပါတတ်ပြီး၊ ကျန်တဲ့အကောင်တွေကတော့ အမတွေဖြစ်နေတတ်ပါတယ်။ အထီးကိုတော့ ကျန်တဲ့အမတွေနဲ့မိတ်လိုက်စေဖို့အတွက်ရယ်၊ ဦးစီး ဦးဆောင်နေထိုင်အုပ်ချုပ်မင်းလုပ်စေကာ သူတို့ရဲ့ ပိုင်နက်တစ်ခုအဖြစ်သတ်မှတ်တတ်ကြပါသေးတယ်။

မိတ်လိုက်ပြီးလို့ သန္ဓေအောင်ပြီးသား အမတွေဟာ ဥပေါင်းနှစ်ထောင်ခန့်အထိ ဥတတ်ကြပြီး ၊ သူတို့ရဲ့ ငါးဥတွေကို စားသောက်မယ့် တခြားငါးမျိုးစိတ်တွေရဲ့ရန်ကနေ ကာကွယ်ဖို့ ဥဥပြီးတာနဲ့တစ်ပြိုင်နက်ထဲမှာပဲ အရိပ်ရတဲ့ကျောက်ဆောင်၊ ကျောက်ကြားတွေထဲ ဝင်ရောက်ပုန်းခိုတတ်ကြပါတယ်။ ဥပြီးလို့ နှစ်ရက်ခန့်အကြာမှာတော့ သားလောင်းလေးတွေ ဥကပေါက်လာကြပြီး ပင်လယ်ရေမျက်နှာပြင်ရဲ့အထက်ဆီမှာ ကူးခတ် သွားလာကြရင်း၊ အရွယ်အစားတစ်လက်မခန့်အနေအထားရောက်မှသာ သူတို့ပျော်စံကျက်စားရာ သန္တာကျောက်တန်းတွေဆီကူးခတ်ကာ ပြန်လည်နေထိုင်ကြပါတယ်။

အခုနောက်ပိုင်းမှာတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အလှမွေးငါးကန်တွေထဲ အိမ်မွေးအလှငါးအဖြစ်နဲ့နှစ်နှစ်ခြိုက်ခြိုက်မွေးမြူလာကြသလို၊ ခေတ်မှီပြီးသား နိုင်ငံကြီးတွေရဲ့ ဆူရှီစားသောက်ဆိုင်တွေမှာလဲ ဆူရှီဟင်းလျာအဖြစ်ဖမ်းဆီးစားသောက်ခြင်းတွေရှိလာသလို ယခင်ကပင် လယ်ငါးရှဉ့်တွေရဲ့ရန်သာရှိခဲ့တဲ့ငါးခြေင်္သေ့တွေဟာ အခုတော့ လူသားတွေကလဲ သူတို့ရဲ့အဓိကရန်သူဖြစ် လာ ကြပါတယ်။

𝐴𝑟𝑡𝑖𝑐𝑙𝑒 𝐵𝑦

Daung Phyo

𝑯𝒐𝒓𝒔𝒆 𝑺𝒉𝒐𝒆 𝑰𝒔𝒍𝒂𝒏𝒅 (မြင်းခွာကျွန်း)မြင်းခွာကျွန်း သည် ကော့သောင်းမြို့၏ အနောက်တောင်ဘက် (၄)မိုင်ခန့်အကွာတွင်တည်ရှိပြီး၊ ဝေဟ...
05/05/2022

𝑯𝒐𝒓𝒔𝒆 𝑺𝒉𝒐𝒆 𝑰𝒔𝒍𝒂𝒏𝒅 (မြင်းခွာကျွန်း)

မြင်းခွာကျွန်း သည် ကော့သောင်းမြို့၏ အနောက်တောင်ဘက် (၄)မိုင်ခန့်အကွာတွင်တည်ရှိပြီး၊ ဝေဟင်မှကြည့်လျင်မြင်းခွာပံုစံ ရှိနေပြီး အော်ပိုက်ကဲ့သို့ အော်ကလေးတစ်ခုရှိခြင်းကြောင့် လှိုင်းလေ ပြင်းထန်ပြီး ရာသီဥတုဆိုးဝါးစွာကျချိန်တွင် ငါးဖမ်းစက်လှေများ၊ စက်တပ်ရွက်လှေများ လာရောက်အနားယူအိပ်စက်ကြသည့် စခန်းချရာနေရာတစ်ခုလဲဖြစ်ပါသည်။

မြင်းခွါအော်သည် ကြည်လဲ့စိမ်းပြာတဲ့ရေပြင်ဖြင့်သဘာဝအတိုင်းထူးခြားစွာလှပနေသောကြောင့် ရေအောက်အလှအပများ ကြည့်ရှူခံစားဖို့ အကောင်းဆုံးနေရာတစ်ခုလဲဖြစ် သည်။

မြင်းခွာကျွန်းမှာ သဘာဝသန္တာကျောက်ပန်းကျောက်ခက် coral မျိုး အစား (၃၀) ခန့်ရှိပြီး သန္တာ ကျောက်တန်းနေ ရှားပါး ငါးမျိုးစိတ်များစွာ၏အလှကို တွေ့ရှိခံစားနိုင်မည်ဖြစ်ပြီး ခရီးသွားဧည့်သည်များအနေဖြင့် Snorkeling ပြုလုပ်ခြင်း၊ ကနူးလှေများလှော်ခြင်း၊ ရေကူးခြင်းများဖြင့် အပန်းဖြေအနားယူနိုင်သည်။ဒါ့အပြင် ညဖက် ဘန်ကလိုငယ်များဖြင့်လဲ ခရီးတစ်ထောက်အိပ်စက်အနားယူရန်အဆင်ပြေလှသည်။

မြင်းခွာကျွန်းအတွင်းတွင် သန္တာကျောက် တန်းနေ ငါးမျိုးစိတ်များစွာကို လေ့လာတွေနိုင်မည်ဖြစ်ပြီး ချစ်စရာနီမွန်ငါးလေးများ၊သံပချုပ်ကောင်၊ ပင်လယ်ကြယ်ငါး၊ ငါးခြေင်္သေ့(Lion Fish)၊ ငါးကြက်တူရွေး၊ ငါးမုတ်ကြက်ဖ စသည့်ငါးမျိုးစိတ်များစွာကိုလည်းလေ့လာတွေ့ရှိနိုင်မည်ဖြစ်သည်။

အော်အရှေ့ဘက်တွင် မြိတ်ကျွန်းစုတောင်ပိုင်း ငှက်သိုက်အများဆုံးထွက်ရှိရာ လိုက ကျွန်းတည် ရှိသည်။ မြင်းခွာကျွန်း နှင့် လိုက ကျွန်းကြားတွင်ရှိသော ကျောက်ဆောင်ကျွန်းငယ်၏ နံဘေးတွင် ၂၀ မီတာခန့်နက်ရှိုင်းသော Scuba Diving Site တစ်ခုလဲရှိသည်။

Daung Phyo (Kawthaung)

အသဲပုံကျွန်း (ခေါ် )C**k comb lsland 💚💚💚🐠🐡🐟🦀🦑🦞🦈🐬🐢အသဲပုံကျွန်း ဟာ မြန်မာနိုင်ငံမြောက်ပိုင်း အန်ဒမန်ပင်လယ်ထဲက Mergui Archi...
03/05/2022

အသဲပုံကျွန်း (ခေါ် )C**k comb lsland
💚💚💚🐠🐡🐟🦀🦑🦞🦈🐬🐢

အသဲပုံကျွန်း ဟာ မြန်မာနိုင်ငံမြောက်ပိုင်း အန်ဒမန်ပင်လယ်ထဲက Mergui Archipelago (အပျိုစင် ကျွန်းများ လို့လည်းခေါ်ကြပါတယ်) ထဲမှာ တည်ရှိပါတယ်
ကျွန်းပေါင်း ၈၀၀ ထဲက တစ်ခုဖြစ်ပါတယ်။ ဒီကျွန်းကို ကျောက်တောင်တန်းမြင့်တွေဝန်းရံထားပေမယ့် အပြင်မှာတော့ အသဲပုံ နဲ့တူတယ် (အဲဒါကို အသဲပုံကျွန်း လို့ခေါ်တယ်)။

ကျွန်းထဲမှာ ထူးခြားတာက နှလုံးသားလို ပုံသဏ္ဌာန်ပြုထားတဲ့ ရင်သပ်ရှုမောဖွယ် လျှို့ဝှက်ဆန်းကြယ်တဲ့ကျွန်းဖြစ်ပြီး အဲဒါကြောင့်လဲ Emerald Heart Island လို့ ခေါ်တာဖြစ်ပါတယ်။ ဒီကျွန်းထဲကို ရောက်ဖို့ဆိုရင် ပင်လယ်ရေမျက်နှာပြင်ကနေ မြင့်မားတဲ့ သဘာဝ ကျောက်တုံးလိုဏ်ဂူကို ဖြတ်ပြီး ရေငုပ်ဖို့ လိုအပ်ပါတယ်။ဒီနေရာဟာ ရေငုတ်ဖို့နဲ့ တောင်တက်ဖို့အတွက် သင့်လျှော်ပါတယ်
ကျွန်းထဲက ရေအောက်ရောင်စုံကမ္ဘာမှာ ရေငုပ်ရတာကြိုက်သူတွေအတွက် အကောင်းဆုံးပါ

Address

Mergui Archpelago

Website

Alerts

Be the first to know and let us send you an email when Memo Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share