Traveller Saw Hein

  • Home
  • Traveller Saw Hein

Traveller Saw Hein Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Traveller Saw Hein, Travel Company, .

05/02/2024

လူသိနဲသောသမိုင်း ဝင် ဆာမိုင်းခမ်း အပိုင်း {၁}

ရှမ်းစော်ဘွားများနန်းစိုက်ရာ ငွေခွန်မှူးနယ်
စော်ဘွားမင်းမောင်ဖိုးရဲ့ လှို့ဝှက် သောလောကီပညာအစီအရင်များ
သစ္စာရေတွင်း တနှစ်လုံးရေမခမ်းပါ
သစ္စာကန်
သမိုင်းဝင်ဗလိနတ်စာလုပ်ခဲ့သောညောင်ပင်ကြီး
#သာမိုင်းခမ်း #
#အောင်ပန်း #
#ကလော #
#အင်းလေး #
#တောင်ကြီး #
#ညောင်ရွှေ #

06/10/2023

အာသာဝတီသီး စားကြနော်
သွေးတိုးနှလုံးရောဂါသမားတွေအတွက်အရမ်းကောင်း
မျိုးပင်ပါဝယ်လို့ရတယ်နော်အခုဆိုင်မှာ
# Traveller Saw Hein

06/10/2023

Kalaw hill lodg

06/10/2023

THE hotel Kalaw hill lodge
နာရီစဥ်ကနေ၃မိုင်
၁၅မိနစ်ကားမောင်း
တည ၇၀၀၀၀ ကနေ၂၃၁၀၀၀ထိရှိ
View တွေကို video တခုချင်စီကြည့်ကြပါ

20/09/2023
13/07/2023

ပွဲဖြစ်တဲ့သူတွေအတွက်
ဟင်းစားပါမက
ကွန်ချက်ပါပေးထားတယ်ဗျို့
အိမ်ခြံမြေသမားတွေအတွက်

06/07/2023

ကရင်မျှစ်တာလပေါ့ဟင်းချက်နည်း 🤤🤤
မိုးရာသီနဲ့အလိုက်ဖက်ဆုံးဟင်း😋 ရှယ်ဘဲ 😋

ကရင်တိုင်းရင်းသားများရဲ့ ရိုးရာ အစားအစာ
တမျိုးလဲဖြစ်ပါတယ်။ကျွန်မတို့ ဘယ်လိုပင်ချက်တတ်နေစေကာမူ တိုင်းရင်းသားစစ်စစ်များရဲ့ လက်ရာကို မမှီ‌နိုင်ပေ
ဟင်းရဲ့ အဓိက နေရာကို ယူထားသူကတော့ မျှစ် ပါပဲ
ဒီဟင်းကို မျှစ်စိမ်းနဲ့သာ ချက်မှ ပိုပြီး စားကောင်းစေပါတယ်။

ယခု ကာလတွင်မျှစ်စိမ်းများပေါ်ကာစ မို့
ရာသီစာ‌လို့ ပြောရင်လဲ မမှာပါဘူးရှင်🤗

ကျွန်မတို့ကရင်ပြည်နယ်ဘက်မှာ မျှစ်အမျိုးစားပေါင်းများစွာရှိသည့်အနက် တချို့မျှစ်များက တာလပေါ့ဟင်းချက်စားလို့မကောင်းတာတွေရှိတတ်ပါတယ်

ဝါးဂုတ်မျှစ်
ကျခပ်မျှစ်
ဝါးဖြူမျှစ်
နှီးဝါးမျှစ်
ဝါးယားမျှစ်
ဝါးပိုးမျှစ်
ထီးဝါးမျှစ်
စသည်ဖြင့် အမှတ်အသားလေးတွေနဲ့ ခေါ်ဝေါ်လေ့ရှိကြပါတယ်။

နှီးဝါးမျှစ်နဲ့ ဝါးဂုတ်မျှစ်က အချိုဓာတ်ပိုပြီး တာလပေါ့ချက်စားလို့အလွန်ကောင်းလှပါတယ်။

တအိုးစာချက်မည်ဆိုပါက မျှစ် ၅ချောင်းခန့်အသုံးပြုနိုင်ပါတယ်

မျှစ်ကို မချက်မှီ ခပ်ပါးပါးလှီးထားပြီး ရေ2နာရီခန့်စိမ်ထားပါ

ရေစိမ်ပြီးသားမျှစ်ကို တရေ ပြုတ်ပြီးသွန်ပေးပါ မျှစ်စိမ်းမှာ ခါးသက်သက် အရသာရှိတတ်လို့ပါ။

ရေ၂လီတာခန့် ပွက်ပွက်ဆူအောင်တည်ထားတဲ့အထဲကို စပါးလင် 2ပင်ခန့် ဓားပြားရိုက်ပြီး ထည့်ပါ မျှစ်ထည့်ပါ။

ဆန်ကို လက်တဆုပ်ခန့် ရေစိမ်ပြီး စကာလေးနဲ့စစ်ပြီး ငရုပ်ဆုံထဲ ထောင်းပြီး ရေအနည်းငယ်ဖျော်ပြီး ဟင်းအိုးထဲထည့်ပါ

ဟင်းခတ် အရသာမှူန့် ထမင်းစားဇွန်း၀က်
ဆား လက်ဖက်စားဇွန်း ၂ဇွန်း
မျှင်ငပိ (သို့ )ငပိရည်ကျိုပြီးသားအရည်
ထမင်းစားဇွန်း၀က်
ပုဇွန်ဆိတ် (သို့ )ပုဇွန်ဘောချိတ် ၁၀သားခန့်
ရွှေဖရုံညွှန့် ဗူးညွှန့် ပဲညွှန့် ရွှေဖယုံသီး
ဒညှင်းသီး မှိူ အင်ဥ စသည် ဖြင့် မိမိနှစ်သက်ရာ အသီးအရွက်များ ထည့်နိုင်ပါတယ်။

အသီးအရွက်များကျက်လုနီးနီး ဟင်းရည်လေးလဲပျစ်လာပြီးဆိုဆူးပုတ်ရွက်နဲ့ ပင်စိမ်းလေးအုပ်ပြီး ဆွဲလို့ရပါပြီးနော်
အစပ်ကြိုက်ရင် ငရုပ်သီးစိမ်းနဲနဲထောင်းထည့်နိုင်ပါတယ်ရှင်။
ကြက်ကင် /ငါးကင်တို့နဲ့လဲ ချက်စားလို့ရပါတယ်နော်။

ကျွန်မတို့ငယ်ငယ်ကဆို အဖွားက ပန္နဲသီးစေ့ ပါ တာလပေါ့ထဲ ထည့်ချက်တာ စားလို့ကောင်းမှကောင်း😁

တာလပေါ့ကို မျှစ်တမျိုးထဲနဲ့ပဲချက်လို့ရတာမဟုတ်ပါ

ခရုတာလပေါ့ဟင်း
ပိန္နဲသီး တာလပေါ့ဟင်း
ကန့်ကလာ တာလပေါ့
ကင်မွန်းချဉ်ရွက် တာလပေါ့
ဇင်မြွန်းသီး တာလပေါ့
ကျိန်ဖူး တာလပေါ့

အိုအများကြီး ချက်လို့ရပါသေးတယ်
တာလပေါ့ဆိုတာနဲ့ ဟင်းရည်ပျစ်ပျစ်လေးကို လှမ်းမြင်မိမှာပဲ ဟင်းနာမည်ပဲပြောင်းသွားတာ ချက်နည်းကသိပ်မကွာလှပါဘူး ဆန်ကို ရေစိမ်ပြီးထောင်းထည့်တာတော့ တူတူပါပဲ

သူနဲ့တွဲစားဖို့ ငပိထောင်းနည်းရေးပေးရအုံးမလားကွယ.....
💛

Credit Thida Lay

03/07/2023

အိမ်ခြံမြေလုပ်ငန်းရှင်များ
အမြဲလာရောက် ပွဲပေးကြသော
ရန်ကုန် တောင်ဒဂုံ မှ
ကျောက်စိမ်းစေတီ

လုပ်ငန်းအဓိဌာန်အောင်သူများ လို့ နာမည်တဖြေးဖြေးကြီးလာသော ဘုရား

လမ်းညွန်
တောင်ဒဂုံရောက်ရင် လော်ကားလမ်းအတိုင်းသွား
၁၄၆ ရပ်ကွက်နားရောက်ရင် ကျောက်စိမ်းစေတီ သွားတဲ့လမ်းရောက်ပါပြီ
ကား ဆိုင်ကယ် ၃ဘီး အကုန်သွားလို့ရပါတယ်
အောင်မြင်ကြပါစေ

31/05/2023
Sunny day
29/05/2023

Sunny day

29/05/2023

ခရီးတို
ခရီးရှည်လေးထွက်တာနဲ့တင်ပေးမယ်နော်

Address


Website

Alerts

Be the first to know and let us send you an email when Traveller Saw Hein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Traveller Saw Hein:

Videos

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share