Asia Star Travel&Tours

  • Home
  • Asia Star Travel&Tours

Asia Star Travel&Tours အဆင့်မြင့်ခရီးသွားလုပ်ငန်း

🌕⭐ တန်ဆောင်မုန်း လပြည့်နေ့ ယတြာ ⭐🌕✨ ၂၇-၁၁-၂၀၂၃ ဟာ နက္ခတ်စုံညီ ဆေးပေါင်းခတဲ့တန်ဆောင်မုန်း လပြည့်နေ့လေးဖြစ်ပါတယ်နော်....🍀 ...
25/11/2023

🌕⭐ တန်ဆောင်မုန်း လပြည့်နေ့ ယတြာ ⭐🌕

✨ ၂၇-၁၁-၂၀၂၃ ဟာ နက္ခတ်စုံညီ ဆေးပေါင်းခတဲ့
တန်ဆောင်မုန်း လပြည့်နေ့လေးဖြစ်ပါတယ်နော်....

🍀 ၂၇ ရက်နေ့ဟာ နဝင်း နေ့လေးလည်း ဖြစ်နေပါတယ်…..

ဒါတင်မကဘူး

၂၇-၁၁-၂၀၂၃ ဂဏန်းပေါင်းခြင်းဟာလည်း ၉ ဖြစ်နေတဲ့နေ့လေးပါပဲ…..

✨💫🪐⭐️
ကောင်းကင်မှာ ကြယ်တွေ နက္ခတ်တွေစုံပြီး ကောင်းတဲ့နိမိတ်တွေ နဲ့ပြည့်နေတဲ့
တန်ဆောင်မုန်းလပြည့်တွေဟာ နက္ခတ်စုံညီလှပြီး
အရမ်းကို Powerful ဖြစ်တယ်လို့ ယုံကြည် ယူဆကြပါတယ်..✨✨

လရဲ့စွမ်းအားဟာ အမြင့်ဆုံးအခြေအနေနဲ့လူတွေပေါ်မှာသက်ရောက်မှုတွေ အများကြီးရှိနေပါတယ်…..

🌕✨
တန်ဆောင်မုန်းလပြည့်နေ့လေး ဟာ ကြုံတောင့်ကြုံခဲ နက္ခတ်လဲကောင်းမွန်တဲ့ရက်လေး ဖြစ်ပါတယ်….

အဲလိုနေ့လေးမှာ……..

✨✨
မနက် ၅ နာရီကနေ ၁၁ နာရီအတွင်း
မြတ်စွာဘုရားရှင်အား သောက်တော်ရေတခွက် ကပ်လှူပေးပါ။

🌸 ပန်းပွင့် ၁၁ ပွင့် ဆက်ကပ်လှူဒါန်းပေးပါ။
မည်သည့်ပန်းမဆို ကပ်လှူလို့ရပါတယ်။
ဆီမီး ၁၁ တိုင် ၊ အမွှေးတိုင် ၁၁ တိုင် ထွန်းညှိ ပူဇော်ကာ

🌸
" အရဟံ သိဒ္ဓိ လာဘံ " ပုတီး ၃ ပတ် စိပ်ကာ
မိမိလိုရာဆု တောင်းပါ။

❌ အမွှေးတိုင်ထွန်းဖို့အဆင်မပြေသူတွေ အနံ့မခံနိုင်သူတွေက အမွှေးတိုင်မထွန်းပါနဲ့နော်

🦋 မနက်ဘက်အဆင်မပြေသူများ
ညဘက် ၈ နာရီမှ ၁၁ နာရီ အတွင်းတွင်ပြုလုပ်နိုင်ပါတယ်ရှင်……✨

📌 ပုတီးစိပ်ဖို့ရာ အဆင်မပြေသူများကတော့
မိမိတတ်နိုင်သလောက် ဒါနလေးတွေပြုပေးကြပါ....
ပံ့သကူလေးတွေ ပစ်ပေးကြပါ….
မိမိတတ်နိုင်သလောက် ပေးကမ်းစွန့်ကြဲကြပါ….

📌 မေတ္တာသုတ် ကိုရွတ်နိုင်သူကရွတ်ကြပါ
( အခေါက်အရေအတွက်သတ်မှတ်မထားပါ).....
မရွတ်နိုင်သူ/မရွတ်တတ်သူက မနက်အိပ်ယာနိုး (သို့) ညအိပ်ရာဝင်ဖွင့်ပေးပါ
☘️

🤍 မိမိတတ်နိုင်သလောက် ပံ့သကူပစ်ပေးပါ…..✨🩵

🌕✨🦋ကောင်းတာလုပ်သမျှ ကောင်းတာတွေပဲ ဖြစ်လာမှာပါ……💕


ခုလို Powerful ဖြစ်တဲ့ ခုလိုလပြည့်ညမှာ ဆုတောင်းရင်
မိမိရဲ့ဆုတောင်းတွေ အမြန်ဆုံးပြည့်ပါလိမ့်မယ်....

📌 အခါထူး ရက်ကောင်းရက်မြတ်တစ်ရက်ဖြစ်တာကြောင့်
စိတ်ကို ကြည်လင်အောင်ထားပြီး တစ်နေ့တာကိုဖြတ်သန်းခြင်းဖြင့်
ကောင်းခြင်းတွေရကြပါစေ.....
မေတ္တာစိတ်ကလေးနဲ့တစ်နေ့တာကိုဖြတ်သန်းကြရအောင်နော်......✨

🌕💙✨ Luna ဆီမှာ လပြည့်နေ့အတွက် အစီအရင် booking ယူလို့ရပါပြီရှင်…..

💛✨🍀 ရွှေမိုးငွေမိုး အစီအရင် ပါ…….

🔮🌙

အမွဲသတိထားပါ       နောက်ဘဝ ငရဲကိုမမေ့နဲ့
07/11/2023

အမွဲသတိထားပါ
နောက်ဘဝ ငရဲကိုမမေ့နဲ့

အသက်ရှူတိုင်းငွေ၀င်ပါစေ
07/11/2023

အသက်ရှူတိုင်းငွေ၀င်ပါစေ

မဂ်လာပါ
06/11/2023

မဂ်လာပါ

အဲ့လိုလေးဖြစ်ရင်သိပ်ကောင်းမှာပဲနော်😁😁😁
21/10/2023

အဲ့လိုလေးဖြစ်ရင်သိပ်ကောင်းမှာပဲနော်😁😁😁

လူတယောက်ဟာ သူ့ဘဝတည်ငြိမ်ဖို့တစ်ဘဝလုံးမှာ ၅ နှစ် အချိန်ရတယ်။အဲ့ဒီ ၅ နှစ်က အသက် ၃၅ နဲ့ ၄၀ ကြားရှိတဲ့၅ နှစ်ပဲ။အဲဒီ ၅ နှစ်မှ...
26/09/2023

လူတယောက်ဟာ သူ့ဘဝတည်ငြိမ်ဖို့
တစ်ဘဝလုံးမှာ ၅ နှစ် အချိန်ရတယ်။
အဲ့ဒီ ၅ နှစ်က အသက် ၃၅ နဲ့ ၄၀ ကြားရှိတဲ့
၅ နှစ်ပဲ။

အဲဒီ ၅ နှစ်မှာ မနားမနေကြိုးစားတဲ့သူရှိတယ်။
အဲ့ဒီ ၅ နှစ်မှာ သာမန်လို ဖြတ်သန်းတဲ့သူရှိတယ်။
အဲ့ဒီ ၅ နှစ်ပြည့်လို့ အသက် ၄၀ ကျော်တဲ့အခါ
အဲ့ဒီ ၅ နှစ်က လုပ်ရပ်တွေက လူတယောက်ဘဝ
ဘယ်လိုဖြစ်မလဲ ဆုံးဖြတ်ပေးသွားတယ်။

ကိုယ်ပိုင်လုပ်ငန်း တည်ထောင်နိုင်သူတွေက
ကိုယ်ပိုင် စနစ်တကျ ဖြစ်တည်သွားသလို
ဝန်ထမ်းအဖြစ် ထူးချွန်သူတွေကလည်း ဝန်ထမ်း
အဖြစ် ရပ်တည်သွားကြတယ်။
Artist အဖြစ် အောင်မြင်သူတွေလည်း ရှိသလို
ပင်စင်သက်တမ်းသာ မျှော်ရတဲ့သူတွေလည်း
ရှိလာတယ်။

အသက် ၄၀ ကျော်တဲ့အခါ အရာအားလုံးက
အသက် ၄၀ မတိုင်ခင် လုပ်ခဲ့တဲ့အရာတွေကြောင့်
ကောင်းရင်လည်း တည်မြဲတယ်
ဆိုးရင်လည်း ဆိုးတဲ့အတိုင်း တည်မြဲလာတယ်။
ဒါက ဘဝနဲ့ရတဲ့ ဘဝနဲ့ရင်းခဲ့တဲ့ အကြောင်းအရာမို့
အသက် ၃၅ နဲ့ ၄၀ ကြားဟာ ဘဝအတွက် အရမ်း
အရေးကြီးကြောင်း သိစေချင်တယ်။

သင့်ရဲ့ ၄၀ ကျော် ဘဝအကျိုးပေးက
အသက် ၃၅ မှာ သင်ဘာလုပ်ခဲ့လဲ အပေါ်
မူတည်တယ်။
အမှန်တရားကိုနားလည်သူနဲ့တကယ်ကြိုးစားခဲ့သူတွေ အောက်ခြေကစကြိုးစားခဲ့သူတွေ နားလည်ပေမယ့် အရာရာအလွယ်လွယ်ရခဲ့သူတွေ (မိဘ အမွေ etc....နောက်ဆုံးခုpostကိုဆဲမယ့်သူ)မှတ်ချက် အရာအားလုံးမဆိုလိုပါနော် ကိုယ့်အသိတရားနဲ့ ကိုယ်လုပ်ခဲ့တယ့် ကံဆိုတာလူတိုင်းအတွက် ရှိပြီးသားပါ
အော် သူပြောမှ သတိရတယ်
ငါတောင်သုံးဆယ်ကျော်နေပြီဆိုတာ ဟီး့ံ့
Crd

မဂ်လာပါ မင်မင်တိုရေ မကြာခင်မှာ သီတင်းကျွတ်တော့မယ်နော် ခရီးတွေထွက်ဖို့ အဆင်သင့်ပဲလားရှင့်
14/09/2023

မဂ်လာပါ မင်မင်တိုရေ မကြာခင်မှာ
သီတင်းကျွတ်တော့မယ်နော်
ခရီးတွေထွက်ဖို့ အဆင်သင့်ပဲလားရှင့်

28/08/2023
အနောက်က ဆင်ထိန်း က ဆင်ကြီးကို သူ မတွန်းတင်နိုင်မှန်းသိတယ်တကယ်တော့ သူတွန်းတင်ဖို့ကြိုးစားနေတာလဲမဟုတ်ဘူး။လက်ကလေးတင်ပြီး "မ...
02/08/2023

အနောက်က ဆင်ထိန်း က ဆင်ကြီးကို သူ မတွန်းတင်နိုင်မှန်းသိတယ်

တကယ်တော့ သူတွန်းတင်ဖို့
ကြိုးစားနေတာလဲမဟုတ်ဘူး။

လက်ကလေးတင်ပြီး "မင်းဘာမှအားမငယ်နဲ့,
မင်းနောက်မှာငါရှိတယ်" ဆိုပြီး အားပေးနေတာ။

လူတယောက်ကိုအားပေးဖို့၊
သူ့နဲ့အတူရပ်ဖို့က သူရင်ဆိုင်နေရတဲ့ပြသနာကို
ဖြေရှင်းနိုင်စွမ်းရှိမှမဟုတ်ဘူး

"မင်းနဲ့အတူ ငါရှိတယ်"

ဆိုတဲ့ခံစားချက်လေးဖန်တီးပေးနိုင်ရင်ပဲ
လုံလောက်ပါပြီ။

လူညံ့ လူဖျင်းတွေ ပြောလေ့ရှိတဲ့အချက်(၁၅)ချက်*******************************( 1 ) ဘွဲ့ရအောင် မနေခဲ့ရလို့( 2 ) အလုပ်က အရမ်း...
25/07/2023

လူညံ့ လူဖျင်းတွေ ပြောလေ့ရှိတဲ့အချက်(၁၅)ချက်
*******************************

( 1 ) ဘွဲ့ရအောင် မနေခဲ့ရလို့
( 2 ) အလုပ်က အရမ်း ပင်ပန်းတယ်
( 3 ) အချိန်ပြည့် ကျွန်လို လုပ်နေရတာ
( 4 ) လုပ်ရတာနဲ့ ရတဲ့လစာက မတန်ဘူး
( 5 ) မိဘကတောင် ငါ့ကို မငေါက်ဘူး
( 6 ) ချမ်းသာတဲ့အသိုင်းအဝိုင်းမှာလူမဖြစ်ရတာ နာတယ်
( 7 ) ငါက အရမ်းဆင်းရဲတာ ဒါတွေဝယ်နိင်မှာမဟုတ်ဘူး
( 8 ) ထီပေါက်သလို နေ့ခြင်း ညခြင်း ချမ်းသာရင်ကောင်းမယ်
( 9 ) ဘယ်တတ်နိင်မှာလဲ ငါက ကံမှမကောင်းတာ
(10) ငါ့မှာ အားပေးမယ့်သူမှမရှိတာ ကြိုးစားနေလဲ အလကားပဲ
(11) ဒီအလုပ်ကစည်းကမ်းကြီးလို့ထွက်လာတာ မင်းလဲမလုပ်နဲ့
(12) သူတို့လိုမှ မတော်တာ ငါလုပ့်နိင်ပါ့မလား
(13) တစ်ယောက်ယောက်က အလုပ်လာခေါ်ရင်ကောင်းမှာပဲ
(14) ငါ့လက်ထဲမှာငွေမှ မရှိတာ ဘယ်လိုလုပ်စီးပွားဖြစ်မှာလဲ
(15) ငါလည်း လုပ်နေတာပဲ ဖြစ်မလာတော့ မတတ်နိင်ဘူး ။
___________________________________
အထက်ပါအချက်တွေနဲ့ဘဝမှာညည်းညူနေရင်
မိတ်ဆွေရဲ့ ဘဝက ဘယ်တော့မှ တိုးတက်လာမှာမဟုတ်ဘူး
ဒီအကျင့်ဆိုး စရိုက်တွေကို အခုပဲ စွန့်လွှတ်ပြစ်လိုက်ပါ ။
____________________________________

မိတ်ဆွေ
အောင်မြင်မှုဆိုတာ ပန်းတိုင်တစ်ခုပဲ
ပန်းတိုင်ဆိုတာ ဦးတည်ချက်ပေါ့
ခရီးဆုံးတော့မဟုတ်သေးဘူး အောင်မြင်ခြင်းဆိုတာ
ကိုယ်ဝါသနာပါရာအတတ်ပညာတစ်ခုခုကို
အရင်းပြုပြီး ပေါက်မြောက်အောင်
စွမ်းဆောင် နိင်ခြင်းကို အောင်မြင်မူလို့ခေါ်ပါတယ် ။

မိတ်ဆွေ
ချမ်းသာခြင်းဆိုတာ ဘ၀အဆုံးမဟုတ်ပါဘူး
အများစုက ပိုက်ဆံစုတာကို ကလေးကလား
ဆန်တယ်လို့ တွေးနေတတ်ကြတယ်
အဲ့ဒါကြောင့်လည်း ပိုက်ဆံစုဖို့
လူတော်တော်များများ မလုပ်နိင်ကြတာ
ချမ်းသာခြင်းကိုတွေ့မှ ဘဝဆိုတာက စတာပါ
အောင်မြင်မူနဲ့ချမ်းသာခြင်းရဲ့ ကွာခြားမူက ဒါပါပဲ ။

မိတ်ဆွေ
ကိုယ့်ကို ငြင်းပယ်ခဲ့ဖူးတဲ့သူတွေ
အကျိုးလိုမှာ ညောင်ရေလောင်းတာထက်
လိုမှ ပေါင်းတဲ့ သူတွေကို လုံး၀ အချိန်ကုန်မခံပါနဲ့
မိမိ အနာဂတ်ကို မိမိကိုယ်တိုင်ပုံဖော်နိင်အောင်ကြိုးစားပါ
ပတ်၀န်းကျင်ရဲ့ပုံဖော်ခြင်းခံရသူ မဖြစ်ဖို့အရေးကြီးတယ်
အဓိက မှာချင်တာက ပိုင်ဆိုင်ဖို့အတွက် မိမိဘက်က
ဘာတွေ ပေးဆပ်ရမလည်းဆိုတာ တွေးထားပါ ။

မိတ်ဆွေ
ငယ်ငယ်က မုန့်ခိုးစားလို့
မိဘက ရိုက်တဲ့အခါ ငါအသက်ကြီးလာရင်
မုန့်တွေအများကြီးဝယ်စားပစ်လိုက်မယ် ဆိုတဲ့
အတွေးမျိုး ကလေးဘဝမှာ ချန်ထားခဲ့လိုက်ပါ
မိတ်ဆွေရဲ့ခန္ဓာကိုယ်ပေါ်က အင်္ကျီ အဝတ်စားတွေ
ဘာကြောင့် ဝတ်နေရတာလဲ မေးရင်
မိတ်ဆွေ ဘာဖြေမလဲ ကျွန်တော် ပြောပြမယ်
အရှက် တရားအတွက် မဖြစ်မနေ ဝတ်နေရမယ့်အရာပဲ
ဘဝ ဆိုတာ ဒါပဲ အနာဂတ်အတွက် မဖြစ်မနေ
မိတ်ဆွေ ကြိုးစားနေရလိမ့်မည်။

Crd original uploder

ဝဋ်ကြွေးရှိသမျှ ကျေအောင်ဆပ်သွားမယ်
24/07/2023

ဝဋ်ကြွေးရှိသမျှ ကျေအောင်ဆပ်သွားမယ်

ဟုတ်တယ်....အာ့ကြောင့်အလိုက်တသိအတင်းကျွေး...👀👀👀👀👀👀👀👀👀👀👀👀👀photo crd
24/07/2023

ဟုတ်တယ်....
အာ့ကြောင့်အလိုက်တသိအတင်းကျွေး...
👀👀👀👀👀👀👀👀👀👀👀👀👀
photo crd

😍ဆန္ဒလေးတစ်ခု
24/07/2023

😍ဆန္ဒလေးတစ်ခု





စာဖတ်ပါ၁- စာဖတ်များတဲ့ လူတစ်ယောက်ရဲ့ ရုပ်သွင်ဟာတည်ငြိမ်ရင့်ကျက်လာတတ်ပြီးဘယ်လောက်ပဲ အံ့ဩစရာနဲ့တွေ့တွေ့မအံ့ဩတတ်ကြတော့ဘူး။၂...
24/07/2023

စာဖတ်ပါ

၁- စာဖတ်များတဲ့ လူတစ်ယောက်ရဲ့ ရုပ်သွင်ဟာ
တည်ငြိမ်ရင့်ကျက်လာတတ်ပြီး
ဘယ်လောက်ပဲ အံ့ဩစရာနဲ့တွေ့တွေ့
မအံ့ဩတတ်ကြတော့ဘူး။

၂-အရာရာကိုကျော်ဖြတ်လိုတဲ့ စိတ်တွေကြီးထွားလာပြီး
တကယ်ပဲကျော်ဖြတ်ဖို့ အစီအစဉ်တွေချမှတ်လာနိုင်ကြတယ်။

၃-ဦးနှောက်ရဲ့ စွမ်းရည်မြင့်တက်လာပြီး
ကောင်းမွန်လွန်းလှတဲ့ အတွေးတွေပေါက်ဖွားလာပါတယ်။

၄-ဆုံးဖြတ်ချက်တွေမှန်ကန်လာပြီး
ချက်ချင်းဆုံးဖြတ်သင့်တဲ့အရာကို ချက်ချင်းဆုံးဖြတ်နိုင်လာတယ်။

၅-စာဖတ်ခြင်းကြောင့် လူတွေဟာ မကောင်းမှုကို
ရှောင်ရှားလိုစိတ်တွေများလာပြီး စာနာစိတ်တွေ တိုးပွားလာနိုင်ပါတယ်။

၆-စာဖတ်တဲ့လူတိုင်းမအောင်မြင်နိုင် ပေမယ့်
ဘယ်တော့မှ မကျရှုံးနိုင်ပါဘူး။

၇-စာဖတ်သူတွေဟာ ဘဝရဲ့အကြောင်းတွေ၊ အခက်အခဲတွေ၊
စိတ်ကူးစိတ်သန်းတွေကို တစ်ခြားလူတွေထက် ပိုသိလာကြတယ်။

၈-ဖတ်ထားတဲ့စာတွေဟာ မေ့သွားတတ်ပေမယ့်
အရေးကြုံလာတဲ့အခါ ပြန်ပြီးအမှတ်ရစေပါတယ်။

ဥပမာ..ကျန်းမာရေးစာပေတွေဖတ်ထား
သူတစ်ယောက်ဟာ အရေးပေါ်ကျန်းမာရေး
အခြေအနေဖြစ်လာတဲ့အခါ
ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သိလာနိုင်ပါတယ်။

၉-စကားပြောကောင်းလာလိမ့်မယ်။
စကားဆိုတာ ပြောသင့်တဲ့အချိန်၊မပြောသင့်တဲ့အချိန်ရယ်လို့ ရှိပါတယ်။

လူတွေကကိုယ့်ကို အထင်ကြီးလိုတာကြောင့် နေရာတကာမှာ
ဝင်ပြီးပြောနေမယ်၊ ဘယ်သူမှမပေးဘဲ ဆရာဝင်လုပ်နေမယ်၊
ပါလေရာ ငါးပိချက်လုပ်နေမယ်ဆိုရင် လူတွေက
သင့်ကို "လေကြီး"လို့ ဝိုင်းပြီးခေါ်ဝေါ်သမုတ်ကြပါလိမ့်မယ်။

စကားကို ချင့်ချိန်ပြီးပြောဆိုတတ်ဖို့လိုပါလိမ့်မယ်။
စာအုပ်တွေဖတ်ပါများလာရင် သင့်ရဲ့ပြောဆိုမှုပုံစံဟာ အထင်ကြီးစရာကောင်းနေပါလိမ့်မယ်။

သင့်ပါးစပ်ကထွက်လာတဲ့ စကားလုံးတိုင်းဟာ
တစ်ခြားလူတွေရဲ့ဘဝကို ပျော်ရွှင်ခြင်းနဲ့
စိတ်အားတက်ကြွခြင်းတွေကို ပေးနိုင်ပါလိမ့်မယ်။

၁၀-ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကို ရွေးချယ်တတ်လာပြီး၊ အပေါင်းအသင်းတွေကိုပါ ပြောင်းလဲပေးနိုင်ပါလိမ့်မယ်။

ဒါပေမယ့် စာအုပ်တစ်အုပ်လောက်ပဲ ဖတ်ပြီး
ကိုယ့်ကိုကိုယ် စာဖတ်တဲ့သူလို့
ဂုဏ်ယူနေမယ်ဆိုရင်တော့ ရင့်ကျက်တည်ငြိမ်တဲ့
လူတစ်ယောက် မဖြစ်နိုင်သေးပါဘူး။

လက်လှမ်းမှီသမျှစာပေတွေကို ဖတ်ပါများလာမှ သင်ဟာရဲရင့်တည်ကြည်တဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။

ဒါ့ကြောင့်များများဖတ်ပါ။ ဖတ်နိုင်သလောက်ဖတ်ပါ။
စာဖတ်ခြင်းက သင့်ကို မယုံကြည်နိုင်လောက်တဲ့
အတွေ့အကြုံတွေပေးပါလိမ့်မယ်။

အံ့ဩစရာကောင်းပြီး လူတွေလေးစားရတဲ့
လူတစ်ယောက် အဖြစ်သို့ ပြောင်းလဲလာစေပါလိမ့်မယ်။

************************************

ဒါဆိုရင် ဘယ်လိုစာပေမျိုးတွေဖတ်သင့်လဲ ..?

၁- အောင်မြင်သူတွေရဲ့ အတ္ထုပ္ပတ္တိတွေကို ဖတ်ပေးသင့်ပါတယ်။
အဲ့လိုဖတ်ပေးခြင့်ကြောင့် အောင်မြင်သူတွေရဲ့
အမူအကျင့်တွေ၊ စိတ်ဓာတ်တွေကို သင်သိမြင်လာပါလိမ့်မယ်။

၂- ပညာရပ်ဆိုင်ရာစာပေများ
အင်္ဂလိပ်စာကိုလေ့လာချင်သူအတွက်
အင်္ဂလိပ်နဲ့ပတ်သက်တဲ့ စာအုပ်တွေအများကြီးရှိပါတယ်။

ဟင်းချက်နည်း၊ အလှပြင်နည်း၊ စီးပွားရေး၊
လူမှုဆက်ဆံရေး၊ ခေါင်းဆောင်မှုပညာရပ် ဆိုင်ရာစာပေတွေ
ဖတ်မကုန်အောင် တစ်ပုံတစ်ပင်ရှိပါတယ်။

စာရေးချင်သူတိုင်းအတွက် စာရေးနည်းနဲ့
ပတ်သတ်တဲ့ စာပေတွေ မကုန်မခမ်းပါပဲ။

၃- စိတ်အားတက်ကြွစေမယ့် စာပေ(တက်ကျမ်း)
သင့်ရဲ့ စိတ်ကို ဒိုင်းကနဲမြင့်တက်စေတဲ့
တက်ကျမ်းခေါ် စာပေတွေဟာ မမြင်ချင်အဆုံးပေါများလှတယ်။

တက်ကျမ်းတွေကို ဖတ်ပါများလာရင်
သင့်ရဲ့ စိတ်ဟာရဲရဲတောက် လာပါလိမ့်မယ်။

၄- ရသစာပေ
ရသစာပေဟာ အင်မတန်ရိုင်းဆိုင်းလှတဲ့
လူတစ်ယောက်ကို ချက်ချင်းနူးညံ့စေပါတယ်။

ရသစာပေရဲ့ သဘောဟာ တက်ကျမ်းတွေလို
တိုတိုတုတ်တုတ်နဲ့ မဟုတ်ပဲ ဇာတ်လမ်း၊ဇာတ်အိမ်တွေဖွဲ့ကာ
လိုရာ ရည်ရွယ်ချက်ကို ဖော်ပြတဲ့စာပေမျိုးပါ။

ဇာတ်ဆောင်တွေရဲ့ ကောင်းမွန်တဲ့အကျင့်စရိုက်၊
မကောင်းတဲ့အကျင့်စရိုက်တွေကို ယှဉ်တွဲပြကာ
လူတွေကို ဆုံးမတဲ့စာပေအမျိုးအစားပါ။

၅- ဟာသစာပေ
ပျော်ရွှင်မှုကိုပေးတတ်ပြီး သင့်ကို
ဟာသဥာဏ်ရွှင်အောင် ပြုလုပ်ပေးတတ်ပါတယ်။

၆- ဘာသာရေးစာပေ
စိတ်နဲ့ နှလုံသားကို ငြိမ်းချမ်းစေတဲ့စာပေပါ။
လိုချင်တပ်မက်မှုစတဲ့
တဏှာရာဂမီးတွေကို ချုပ်ငြိမ်းစေပါတယ်။

🥰😄
24/07/2023

🥰😄

မဂ်လာအပေါင်းနဲ့ ပြည့်စုံကျပါစေ
29/06/2023

မဂ်လာအပေါင်းနဲ့ ပြည့်စုံကျပါစေ

အစ္စလာမ်ဘာသာဝင် ညီအစ်ကို မောင်နှမ များအားလုံး မင်္ဂလာရှိသော Eid Al Adha ဖြစ်ပါစေကြောင်း Asia Star Travel  မိသားစုကဆုမွန်...
29/06/2023

အစ္စလာမ်ဘာသာဝင် ညီအစ်ကို မောင်နှမ များအားလုံး မင်္ဂလာရှိသော Eid Al Adha ဖြစ်ပါစေကြောင်း Asia Star Travel မိသားစုကဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင်။ ☪️🕌❤️

ချစ်ခြင်းမေတ္တာ၊ ပျော်ရွှင်မှု၊ အတူတကွပေါင်းစည်းမှုတွေနဲ့ ပြည့်နေတဲ့ ပျော်ရွှင်ဖွယ် ကောင်းချီးမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံတဲ့ Eid နေ့ ဤအီးဒ်သည် လူအားလုံးဘဝများကို ငြိမ်းချမ်းခြင်း၊ ချမ်းသာခြင်းနှင့် မရေမတွက်နိုင်သော ကောင်းချီးမင်္ဂလာများ ယူဆောင်လာပါစေ။🕌

2 Jun 2023 သောကြာနေ့ နယုန်လပြည့်နေ့မယ အခါတော်နေ့ ဖြစ်ပါသည် မြတ်စွာဘုရား သည်မဟာဝုန်တောတွင် နတ်ဗြဟ္မာအပေါင်းတို့အား ဟောကြာ...
02/06/2023

2 Jun 2023 သောကြာနေ့ နယုန်လပြည့်နေ့
မယ အခါတော်နေ့ ဖြစ်ပါသည် မြတ်စွာဘုရား သည်
မဟာဝုန်တောတွင် နတ်ဗြဟ္မာအပေါင်းတို့အား ဟောကြားတော်မူသည့် # မဟာသမယသုတ်တော် # ကိုရွတ်ပွား
ပူဇော်ကြပါစို့

1.အိမ် ကိုအရင်ဝယ်ပါ။ကားက လိုရာခရီးသွား လို့ ရရင်တော်ပီ။2.တာရှည်သုံးရတဲ့ ပစ္စည်းဆို ဈေးကြီးကောင်းတာဝယ်။3.သူငယ်ချင်း အမျို...
24/05/2023

1.အိမ် ကိုအရင်ဝယ်ပါ။
ကားက လိုရာခရီးသွား လို့ ရရင်တော်ပီ။

2.တာရှည်သုံးရတဲ့ ပစ္စည်းဆို
ဈေးကြီးကောင်းတာဝယ်။

3.သူငယ်ချင်း အမျိုးတွေနဲ့
စီးပွါးတွဲ မလုပ် ပါနဲ့။

4.ကျန်းမာ ရေးကို အထူးဂရုစိုက်ပါ။

5.အခွင့်ရေးရရင် ကိုယ်ပိုင်လုပ်ငန်း လုပ်ပါ
တသက်လုံးလခစားမလုပ်နဲ့။

6. ကိုယ် က သူများကို ပြောပြနိုင်တဲ့
အဆင့် ရအောင်ကြိုးစားပါ။

7.တယောက်ထဲနေတတ်နိုင်အောင်ကြိုး စားပါ။

8.အလုပ်လုပ် ရင် ပုံသေ လခ နဲ့
အလုပ် မလုပ် ပါနဲ့။

9. စာအုပ် ဖတ် တတ်တဲ့ အကျင့် လုပ်ပါ။

10. စိတ်တည်ငြိမ် ဆုံးဖြတ် နိုင်တဲ့
လူငယ်တယောက် ဖြစ် အောင် ကြိုးစားပါ။

11.အလုပ်လုပ်ရာမှာ.တစ်ဖက်သားကို
မထိခိုက်ပါစေနဲ့

12.တစ်ဖက်ကတိုက်ခိုက်လာရင်
ရှောင်သွားလိုက်ပါ

သူများရဲ့ စကားတခွန်းကြောင့်
ကိုယ့်ရဲ့ ပျော်ရွှင်မှုကို မဆုံးရှုံးပါစေနဲ့။

Credit # Sale Mollar 🙂
Photo-crd

ရှောင်လွှဲမရတဲ့ သဘာ၀ဘေးမို့ တိုက်ရိုက်ထိတွေ့ရတဲ့ ရခိုင်ပြည် အပျက်စီးနည်းပါစေ အကောင်းဆုံးဖြတ်ကျော်ဖြတ်နိုင်ကြပါစေ မုန်တို...
14/05/2023

ရှောင်လွှဲမရတဲ့ သဘာ၀ဘေးမို့ တိုက်ရိုက်ထိတွေ့ရတဲ့ ရခိုင်ပြည် အပျက်စီးနည်းပါစေ အကောင်းဆုံးဖြတ်ကျော်ဖြတ်နိုင်ကြပါစေ မုန်တိုင်းဒဏ်မှ အမြန်‌ဆုံးလွတ်မြောက်နိုင်ကြပါစေ 🙏🙏🙏🙏🙏

 #ကျမဖတ်ဖို့သက်တောင့် သက်သာ နေဖို့ဘယ်တော့မှ  မစဉ်းစားမိပါစေနဲ့...ဆန်အပြည့်ရှိနေတဲ့ အိုးထဲကိုရောက်နေတဲ့ ကြွက်ဟာဘဝရဲ့စည်းစ...
07/05/2023

#ကျမဖတ်ဖို့
သက်တောင့် သက်သာ နေဖို့
ဘယ်တော့မှ မစဉ်းစားမိပါစေနဲ့...

ဆန်အပြည့်ရှိနေတဲ့ အိုးထဲကို
ရောက်နေတဲ့ ကြွက်ဟာ
ဘဝရဲ့စည်းစိမ်ချမ်းသာတွေ အကုန်လုံးကို
ရရှိထားတယ်လို့ သူ့ကိုယ်သူယူဆပြီး
စားလိုက်သောက်လိုက်နဲ့
comfort zone ထဲမှာ ပျော်နေခဲ့တယ်လေ...

အိုးထဲကဆန်တွေအားလုံး
ကုန်သွားတဲ့အခါမှာတော့ ကြွက်ဟာအိုးထဲက
ထွက်နိုင်မယ့်နည်းလမ်းကို ရှာလို့မရတော့သလို
စားစရာလည်းမရှိတော့ပါဘူး..

အဲ့ဒီလိုပဲ အရွယ်ရှိတုန်း၊
အင်အားတွေရှိတုန်းမှာ မရုန်းကန်ခဲ့ရင်၊
စိန်ခေါ်မှုတွေကို မကျော်ဖြတ်ခဲ့ရင် ၊
သက်တောင့်သက်သာရှိတဲ့အခြေအနေထဲမှာ ကျေနပ်နေခဲ့ရင် နောက်ကျသွားတဲ့
တစ်နေ့မှာ comfort zone လို့ခေါ်တဲ့
ထောင်ချောက်ထဲမှာ နောင်တပေါင်းများစွာနဲ့
ကျန်ရစ်နေခဲ့ရလိမ့်မယ်နော်.....

Crd original

🌷ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ 🌷၀၁။ဗျာဒိတ်ခံယူသည့်နေ့  လေး အသင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။🌷၀၂။ဘုရားမွေးသည့်နေ့ မဟာသက္...
03/05/2023

🌷ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့

🌷၀၁။ဗျာဒိတ်ခံယူသည့်နေ့
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။

🌷၀၂။ဘုရားမွေးသည့်နေ့
မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)

🌷၀၃။ဘုရားဖြစ်သည့်နေ့
မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

🌷၀၄။ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့
မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

🌷၀၅။ပရိနိဗ္ဗာန်စံသည့်နေ့
မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

🌷ဤကဆုန်လပြည့်နေ့တွင် မာရ်နတ်ရန်ကို အောင်မြင်တော်
မူသောကြောင့် ဤနေ့ဤရက်ကို `ကဆုန်လပြည့်
မာရ်အောင်နေ့´အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင်
စွဲမြဲ၍နေကြပါသည်။

🌷ဝိသာခါနက္ခတ်နှင့်ယှဉ်၍ ဖွားမြင်တော်မူခြင်း၊ ပရိနိဗ္ဗာန်
စံတော်မူခြင်းများကို အကြောင်းပြု၍ ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေး´ဟု ခေါ်ဆိုကြပါသည်။ ဝိသာခါဒေးဟု ဆိုလိုပါသည်။

🌷ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌ ပရိဘောဂစေတီထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။

❝ ကဆုန်လပြည့်နေ့ ဆိုသည်မှာ…❞
**********************************
ဗုဒ္ဓဘာသာဝင်များအနေဖြင့် ကဆုန်လပြည့်နေ့ကို

•ကုဆုန်လပြည့် - ဗုဒ္ဓနေ့
•ကဆုန်လပြည့် - မာန်အောင်နေ့
•ကဆုန်လပြည့် - ဝိသာခါနေ့

ဟူ၍အမွှန်တင် ခေါ်ဝေါ် သတ်မှတ်ကာ ရိုးရာအစဉ် အလာများနှင့်အညီ ကျင်းပလေ့ရှိကြပါတယ်။

၁။ ကဆုန်လပြည့်နေ့၏ ထူခြားချက်များ
**************************************
❝ ဗျာဒိတ်၊ ဖွားမြင် ၊ ဗုဒ္ဓဝင် ၊ စံဝင် နိဗ္ဗာန်နန်း ❞

ဆိုတဲ့ ဆိုရိုးစကားနှင့်အညီ…
ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်၊ ဆည်းကပ်ရာ…
သုံးလောကထွဋ်ထား သဗ္ဗညုမြတ်စွာဘုရားနှင့် ဆက်စပ်၍ ထူးခြားသည့် နေ့ထူးနေ့မြတ် အဖြစ်
ဘုရားရှင်ကို ရည်မှန်း၍ ကောင်းမှုကုသိုလ်များ
ပြုလုပ်ကြတဲ့ ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။

ဆိုရိုးစကားအရ ဘုရားရှင်နှင့် ဆက်စပ်သော
ထူခြားသည်များမှာ နှစ်ကာလ အပိုင်းခြားမတူဘဲ ကဆုန်လပြည့်နေ့များတွင်သာ (၅)နေ့ တိုင်တိုင် ထူးခြားတိုက်ဆိုင်စွာ ဆက်စပ်ဖြစ်ပေါ်ခဲ့ခြင်းကြောင့္ ဖြစ်ပါတယ်။

အဆိုပါ…
ကဆုန်လပြည့်နေ့ (၅)နေ့မှာ-

၁။ ဗျာဒိတ်ခံယူသည့်နေ့
လေးအသင်္ချေ ကမ္ဘာတစ်သိန်း ပါရမီဖြည့်
ခြင်းအစ ကဆုန်လပြည့်နေ့

၂။ ဖွားမြင်တော်မူသောနေ့
မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့်နေ့
(သောကြာနေ့) ၊ ဘီစီ - (၆၂၃)ခု

၃။ ဘုရားဖြစ်တော်မူသောနေ့
မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့်နေ့
(ဗုဒ္ဓဟူးနေ့) ၊ ဘီစီ - (၅၈၈)ခု

၄။ ဗုဒ္ဓ၀င် အကျဉ်းဟောသည့်နေ့
မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့
ဘီစီ - ( ၅၈၇)

၅။ ပရိနိဗ္ဗာန်စံတော်မူသောနေ့
မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့်နေ့
(အင်္ဂါနေ့) ၊ ဘီစီ - ( ၅၄၃)

~~~~~~~~~~~~~~~~။~~~~~~~~~~~~~~~~~~~

၂။ ကဆုန်လပြည့်နေ့နှင့် အမည်နာမ (၃)မျိုး
*****************************************
ဤကဲ့သို့…
ကဆုန်လပြည့်နေ့များတွင် ၌သာ
ဗုဒ္ဓဘုရားရှင်နှင့် ဆက်စပ်၍ ထူးခြားချက်(၅)မျိုး
နှင့် ဆက်စပ်တိုက်ဆိုင်မှု ရှိနေခြင်းကြောင့် ဤနေ့ကို
❝ ကဆုန်လပြည့် - ဗုဒ္ဓနေ့ ❞ အဖြစ်လည်းကောင်း

ဤကဲ့သို့…ကဆုန်လပြည့်နေ့တွင်ပဲ မာရ်နတ်ရန်ကို အောင်မြင်တော်မူခဲ့သောကြောင့် ဤနေ့ဤရက်ကို ❝ ကဆုန်လပြည့် - မာရ်အောင်နေ့ ❞ အဖြစ်လည်း ကောင်း

ဤကဲ့သို့…ကဆုန်လပြည့်နေ့တွင်ပဲ ဝိသာခါနက္ခတ်နှင့်ယှဉ်၍ ဖွားမြင်တော်မူခြင်းနှင့် ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍
❝ ကဆုန်လပြည့်နေ့ - ဝိဆခ်ဒေး(ဝိသာခါနေ့) ❞ ဟူ၍ ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင် စွဲမြဲ၍ မှတ်သားထားကြပြီ အမွှန်းတင် ခေါ်ဝေါ်ခဲ့ကြခြင်း
ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~။~~~~~~~~~~~~~~~~~~~

၃။ ကဆုန်ညောင်ရေသွန်းပွဲတော် ဖြစ်ပေါ်လာပုံ
*******************************************
ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော နေ့ထူး၊
နေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့ တွင် ပရိဘောဂစေတီ ထိုက်သော ဗောဓိပင်ကိုရေသွန်းလောင်း ပူဇော်ကာ ညောင်ရေသွန်းပွဲတော်ကို ရိုးရာ မပျက် ဆင်နွဲလေ့ ရှိကြပါတယ်။

အဘယ်ကြောင့်ဆိုသော် …
ဗောဓိပင်သည် သဗ္ဗုညုတဉာဏ်တော်ကို ရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊ ဖွားဖက်တော် (၇)ပါးတွင် စာရင်းဝင် ဖြစ်ခြင်း တို့ကြောင့် ထူးခြား သော သစ်ပင်တစ်မျိုးအဖြစ် ယုံကြည်ကြခြင်း
ဖြစ်ပါတယ်။

ဤကဲ့သို့ မြတ်စွာဘုရားနှင့် တိုက်ရိုက် ဆက်စပ်၍ ဗောဓိပင်၌ ရေသွန်းလောင်းခြင်း အစဉ်အလာကို ခေတ်အဆက်ဆက်ကပင် ပြုလုပ်လာခဲ့ကြခြင်း
ဖြစ်ပြီး မြန်မာ့ရိုးရာ (၁၂) ရာသီပွဲတော်များအနက် ကဆုန်လတွင် ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲ တော်အဖြစ် အစဉ်အလာအတိုင်း သတ်မှတ်ခဲ့ကြခြင်းဖြစ်ပါသည်။

~~~~~~~~~~~~~~~~။~~~~~~~~~~~~~~~~~~

၄။ ကုသိုလ်တရားနှင့် အကျိုးကျေးဇူး
***********************************
အသနဗောဓိယမထေရ်၏ အလောင်းတော်သည် တိဿဘုရားရှင်၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရ သော ကုသိုလ်ကြောင့် -
•နတ်ပြည်၌ နတ်ဖြစ်ရခြင်း
•လူပြည်၌ စကြာမင်း ဖြစ်ရခြင်း
•အပါယ်ဘေးမှ လွတ်ကင်းရခြင်း
စသည့် အကျိုးများကို ခံစားရကြောင်း
(ထေရာပဒါန်) ကျမ်းဂန်၌ ဟောကြားထားပါသည်။

ဂန္ဓောဒကတိဿမထေရ်၏ အလောင်းတော်သည် ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ကို နံ့သာရေ ဖြင့် သွန်းလောင်းရသော ကုသိုလ်ကြောင့်
•နတ်ပြည်၌ နတ်ဖြစ်ရခြင်း
•အနာရောဂါ မရှိခြင်း
•သောကကင်းဝေးခြင်း စသောအကျိုးများကို
ခံစားရပါသည်။

အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍
ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့် နှစ်စဉ်၊နှစ်စဉ် ကဆုန်လပြည့်နေ့ ရောက်တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို အနေကဇာတင်ခြင်း၊ ဗုဒ္ဓအဘိသေကမင်္ဂလာသဘင် ဆင်ယင်ကျင်းပခြင်း
ဖြင့် ကုသိုလ်အထူးကို ဆည်းပူးလေ့ ရှိကြပါတယ်။

~~~~~~~~~~~~~~~~~။~~~~~~~~~~~~~~~~~~~

၅။ လှူဒါန်းကုသိုလ် တိုက်တွန်းနှိုးဆော်ချက်
*****************************************
ကုသိုလ်ရှင်များအနေဖြင့် …
ကဆုန်လပြည့်နေ့မှာ
ဘုရား၊ကျောင်းကန်များသို့သွား၍ ဒါန၊ သီလ၊ ဘာဝနာပွားများပြီး အလှူအတန်း ပြုလုပ်ခြင်း
❝ကဆုန်လပြည့် - ဗုဒ္ဓနေ့❞ တွင် ညောင်ရေသွန်းပွဲ ဆင်နွှဲရင်း ကုသိုလ်ပြုနိုင်ကြစေရန် တိုက်တွန်း
နှိုးဆော်အပ်ပါတယ်။

🙏 🙏 🙏 🙏 🙏

Universal Holiday

FullmonDay2023

#ကဆုန်လပြည့်နေ​ြ
----------------------------

ဒီလူ ၁၀ ယောက်ထဲ မပါစေနဲ့  **************************** ၁။ ကောင်းကွက်တွေရှိနေပါလျှက် နဲ့ ၊   မကောင်းကွက်ကိုမှရွေးပြီး ကြည...
25/04/2023

ဒီလူ ၁၀ ယောက်ထဲ မပါစေနဲ့ ****************************

၁။ ကောင်းကွက်တွေရှိနေပါလျှက် နဲ့ ၊
မကောင်းကွက်ကိုမှရွေးပြီး ကြည့်တတ်သော လူ !!

၂။ သူတစ်ပါးရဲ့ ကောင်းဂုဏ်ဒြပ်တွေကို -
တစ်ခြားလူတစ်ယောက်ဆီမှာ -
ဖွင့်ပြောပြရမှာ ဝန်လေးတတ်သော လူ !!

၃။ ကိုယ်နဲ့မထိုက်လို့ မရတာသိလျှက်နဲ့ -
သူတစ်ပါးက ရသွားမှာကြောက်ပြီး ၊
မကောင်းကြံတတ်သော လူ !!

၄။ ကိုယ်မလုပ်နိုင်မှန်းသိလျှက်နဲ့ -
သူတစ်ပါးလုပ်နိူင်တာကို -
မနာလို ဝန်တိုတတ်သော လူ !!

၅။ တစ်ခြားလူဘက်မှာ အမှန်တရားရှိတာသိလျှက်နဲ့ -
ငွေကြေးရှိတဲ့သူဘက်က ရပ်တည်ပေးတတ်သော လူ !!

၆။ ငါသာ ဗိုက်ဝရင်ပြီးရော
သူတစ်ပါးငတ်ငတ်ဆိုတဲ့ စာနာစိတ်မရှိသော လူ !!

၇။ ပိုက်ဆံမျက်နှာတစ်ခုအတွက်နဲ့ -
အကုသိုလ် ပြုလုပ်ရဲသော လူ !!

၈။ လူတစ်ယောက်ကို တွေ့တာနဲ့ -
အရင်ဦးစွာ အပြစ်ကိုလိုက်ရှာပြီး ၊
အားရပါးရပြောတတ်သော လူ !!

၉။ ငွေကြေးဥစ္စာရှိသူနဲ့ဆိုရင် တစ်မျိုး ၊
ငွေကြေးဥစ္စာမရှိသူနဲ့ကြတစ်မျိုး ဖြစ်တတ်သော လူ !!

၁၀။ ရိုးသားတဲ့သူတွေအပေါ်မှာ -
လိမ်လည်ကောက်ကျစ်ချင်တတ်ကြသော လူ !!

Credit

 #ဝက်သတ်သမားရာဇဂြိုဟ်ပြည်၌ စုန္ဒ အမည်ရှိသော ဝက်သတ်သမား တစ်ယောက်ရှိသည်။ သူသည် ဝက်များကို နေ့စဉ်သတ်ဖြတ်၍ အသားများကို ရောင်...
24/04/2023

#ဝက်သတ်သမား

ရာဇဂြိုဟ်ပြည်၌ စုန္ဒ အမည်ရှိသော ဝက်သတ်သမား တစ်ယောက်ရှိသည်။ သူသည် ဝက်များကို နေ့စဉ်သတ်ဖြတ်၍ အသားများကို ရောင်းချ အသက်မွေးသည်။ ဆန်စပါး ရှားပါးသော အချိန်များ၌ စုန္ဒသည် သူ အဆင်သင့် ဝယ်ယူစုဆောင်းထားသော ဆန်စပါးများကို လှည်းဖြင့် တင်ဆောင်ပြီး ကျေးရွာများသို့ လှည့်လည်ကာ ဝက်ငယ်ကလေးများကို ဆန်စပါးဖြင့် အလဲအလှယ် ပြုလေသည်။ ဆန်တစ်ပြည်တစ်ခွက် ပေးရုံမျှဖြင့်ပင် ဝက်တစ်ကောင် ရနိုင်သောကြောင့် လှည်းတစ်စီးတိုက်စာ ဝက်ကလေးများကို အလွယ်တကူ ရရှိလေသည်။
စုန္ဒသည် ထိုသို့ ဝယ်ယူရရှိသော ဝက်ကလေးများကို အိမ်နောက်ဖေး၌ ဝက်ခြံပြုလုပ်၍ မွေးထားသည်။ ထို ဝက်ကလေးများ ကြီးပြင်းလာသောအခါ သတ်လိုသော ဝက်ကို ရွေးချယ်၍ တိုင်တစ်တိုင်၌ ကြိုးဖြင့် မလှုပ်နိုင်အောင် ချည်နှောင်သည်။ အသားတိုးပွားလာစေရန်အတွက် ထိုဝက်ကို တင်းပုတ်ဖြင့်လည်း ကြိမ်ဖန်များစွာ ရိုက်နှက်သည်
ထို့နောက် ဝက်၏ ပါးစပ်ကို ဖွင့်၍ အာခေါင်ကို တုတ်ဖြင့် ထောက်ထားပြီး ကျိုက်ကျိုက်ဆူသော ရေနွေးကို ဝက်ပါးစပ်ထဲသို့ လောင်းထည့်သည်။ ထိုအခါ ဝက်၏ ဝမ်းထဲ၌ရှိသော အညစ်အကြေးများသည် ရေနွေးနှင့်အတူ မျောပါ၍ စတိုဝမှ ထွက်သွားကြလေသည်။ ဤနည်းဖြင့် ဝက်၏ ဝမ်းတွင်းကို သန့်ရှင်းစေပြီး ကိုယ်ပေါ်မှ အမွေးများကို ကျွတ်စေရန် ရေနွေးဖြင့် လောင်းသည် မီးဖြင့်လည်း ရှို့မြိုက်သည်။
ဤသို့ ပြုလုပ်ပြီးနောက် အလွန်ထက်မြက်သော ဓားဖြင့် ဝက်၏ ခေါင်းကို တစ်ချက်တည်းဖြတ်သည်။ ခေါင်းမှ စီးကျသော သွေးများကို ခွက်ဖြင့်ခံထားပြီး အသားနှင့်ရော၍ ချက်စေသည်။ ကျက်သောအခါ သူတစ်ယောက်တည်း မြိန်ရှက်စွာ စားသည်။ ကျန်သော အသားများကိုမူ ဈေးသို့သွား၍ အရောင်းခိုင်းသည်။
စုန္ဒသည် ဤသို့ နေ့စဉ် ပြုလုပ်၍ အသက်မွေးလာခဲ့ရာ အသက် (၅၅)နှစ်အရွယ်သို့ ရောက်လာသည်။ ထိုကာလအတွင်း ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူသော ဗုဒ္ဓမြတ်စွာအား ပန်းတစ်ဆုပ်မျှဖြင့်ပင် မပူဇော်ခဲ့ဖူးချေ။ ရဟန်းသံဃာတို့အားလည်း ဆွမ်းတစ်ဇွန်းမျှပင် မလောင်းခဲ့ဖူးချေ။
တစ်နေ့သ၌ ထိုဝက်သတ်သမား စုန္ဒမှာ ထူးဆန်းသော ရောဂါတစ်ခု စွဲကပ်လာသည်။ သူ၏ ကိုယ်သည် တစ်စ တစ်စ ပူလာရာမှ တစ်ကိုယ်လုံး မခံမရပ်နိုင်အောင် ပြင်းပြစွာ ပူလောင်လာသောကြောင့် မအိပ်နိုင် မထိုင်နိုင် ဖြစ်လာသည်။ ဝက်ကဲ့သို့ အော်မြည်လျက် လေးဘက်ထောက်ကာ ပြေးလွှားနေသည်။ ဘေးမှ လူများက သူ့ပါးစပ်ကို လက်ဖြင့် ဝိုင်း၍ ပိတ်ထားကြသော်လည်း မနိုင်ကြချေ။ အသံမစဲအောင် အမြဲ အော်၍ နေလေသည်။ အိမ်ပြင်ဘက်သို့ ထွက်မသွားစေရန် ဝင်းခြံတံခါးကို ပိတ်ထားပြီး လူများကလည်း အမြဲမပြတ် စောင့်ကြပ်နေကြရသည်။
အိမ်ပြင်ဘက်မှ လူများကမူ စုန္ဒသည် အိမ်တံခါးပိတ်၍ ဝက်များကို သတ်နေသည်ဟုသာ ထင်မှတ်ကြသည်။ စုန္ဒသည် ဤသို့သော နည်းဖြင့် ခုနစ်ရက်တိုင်အောင် ပြင်းပြသော ဝေဒနာကို မချိမဆန့် ခံစားပြီး ခုနစ်ရက်မြောက်သော နေ့တွင် သေလွန်၍ အဝီစိ ငရဲသို့ ကျရောက်လေ၏။
ရာဇဂြိုဟ်မြို့တွင်း ဆွမ်းခံရင်း စုန္ဒ၏ အိမ်အနီးသို့ ရောက်ခဲ့ကြသော ရဟန်းတို့သည် ဝေဠုဝန်ကျောင်းသို့ ပြန်ရောက်သောအခါ ဗုဒ္ဓမြတ်စွာအား ဤအကြောင်းကို လျှောက်ကြားကြသည်။
"အရှင်ဘုရား..ဝက်သတ်သမား စုန္ဒ၏ အိမ်မှ ဝက်များ အဆက်မပြတ် အော်မြည်နေသည်ကို ကြားကြရပါသည်၊ စုန္ဒသည် ဝက်များကို ကြမ်းတမ်းရက်စက်စွာ သတ်ဖြတ်နေဟန် ရှိပါသည်"
"ရဟန်းတို့.စုန္ဒ၏ အိမ်၌ ဝက်များကို သတ်ဖြတ်နေသည်မဟုတ်၊ စုန္ဒ ကိုယ်တိုင် သူပြုလုပ်ခဲ့သော အကုသိုလ်ကံတို့၏ အကျိုးကို ခံစားလျက် ဝက်ကဲ့သို့ အော်မြည်နေရခြင်း ဖြစ်ပေသည်"
ဗုဒ္ဓမြတ်စွဦသည် ဤသို့ မိန့်ကြားတော်မူပြီး ထိုရဟန်းတို့အား-

"မကောင်းမှုကို ပြုလုပ်သူသည် ဤဘဝ၌လည်း စိုးရိမ်ရ၏၊ နောင်ဘဝ၌လည်း စိုးရိမ်ရ၏၊ ပစ္စုပ္ပုန် တမလွန် နှစ်ဘဝလုံး၌ စိုးရိမ်ရ၏၊ မိမိ၏ ညစ်နွမ်းသော ကံကို သိမြင်၍ ထိုသူသည် စိုးရိမ်ခြင်း ဆင်းရဲပင်ပန်းခြင်းသို့ ရောက်ရ၏"
ဟူသော ဒေသနာကို ဟောကြားတော်မူသည်။ ထိုဒေသနာအဆုံး၌ များစွာသော ရဟန်းရှင်လူတို့ မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရှိသွားကြလေသည်။
(၁-မယကဝဂျ၊ ၁၀-စုန်ဒ သူကရိကဝတ်ထု)
#ဓမ္မာစရိယ ဦးမောင်မောင်လေး(ဗုဒ္ဓ၏ ကိုယ်တွေ့ဝတ္ထုများ)

ခရီးထွက်ပါ 🚗 ငယ်ရွယ်နုပျိုမှုဆိုတာက ထွက်သွားပြီးရင်ပြန်လာတတ်တဲ့ အရာမဟုတ်ဘူးခြေတွေ,လက်တွေကောင်းတုန်းမှာ ခရီးထွက်ပါ📸ပါးရည်...
22/04/2023

ခရီးထွက်ပါ

🚗 ငယ်ရွယ်နုပျိုမှုဆိုတာက ထွက်သွားပြီးရင်
ပြန်လာတတ်တဲ့ အရာမဟုတ်ဘူး
ခြေတွေ,လက်တွေကောင်းတုန်းမှာ ခရီးထွက်ပါ

📸ပါးရည်,နားရည်တွေ ပါးတုန်းမှာ ဓာတ်ပုံရိုက်ပါ
အမှတ်တရကောင်းတွေကို ဖန်တီးပါ
တရိုတသေ သိမ်းဆည်းပါ

🌴နောင်ဆယ်စုနှစ် သုံး,လေး,ငါးခုကို ကျော်လွန်ပြီးတဲ့အခါ
သည်နေရာဟာ သည်အတိုင်းရှိနေတော့မှာ မဟုတ်ဘူး
သည်အရွယ်ဟာ သည်အတိုင်းရှိနေတော့မှာမဟုတ်ဘူး

🎞 ရှေးဟောင်းနှောင်းဖြစ်ဆိုတာ မှတ်ဥာဏ်ထဲက,နေပဲ တစ်စချင်း ဆွဲထုတ်ပြလို့ရတဲ့အရာ
ဓာတ်ပုံထဲမှာပဲ တစ်ခုချင်းပြန်ရှာလို့ရတဲ့အရာ

🚙နှစ်စဉ်နှစ်ဆက် ခရီးထွက်ပါ
အထင်ကရရှိတဲ့ အလှအပတွေနဲ့အတူ
ဓာတ်ပုံရိုက်ပါ

📸ကိုယ်အိုမင်းလို့ ဘယ်ကိုမှမသွားနိုင်တော့တဲ့အခါ
ဘယ်သူကမှ ခေါ်မသွားချင်တော့တဲ့အခါ
စိတ်ရဲ့ဖြေရာဆိုတာ ကိုယ်ရဖူးတဲ့အမှတ်တရတွေကိုပဲ ရေနှူးပြီး သောက်ရတာမျိုးပါ

 #တူသောအကျိုးသံသရာကို မကြောက်ရင်တော့ကံကြမ္မာကို ဖောက်ပြန်ကြရုံပေါ့။သူအသက်ကို သတ်ရင်ကိုယ့်အသက်လည်း မရှည်ပါဘူး။သူ့ဥစ္စာကို...
22/04/2023

#တူသောအကျိုး

သံသရာကို မကြောက်ရင်တော့
ကံကြမ္မာကို ဖောက်ပြန်ကြရုံပေါ့။

သူအသက်ကို သတ်ရင်
ကိုယ့်အသက်လည်း မရှည်ပါဘူး။

သူ့ဥစ္စာကို ခိုးယူထားရင်
ကိုယ့်ဥစ္စာလည်း လုံး၀မတိုးပွားဘူး။

သူ့သားမယား စော်ကားရင်
ကိုယ့်မှာလည်း မတော်မတရားဖြစ်မယ်။

ကိုယ်မဟုတ်တာ လိမ်ပြောမိရင်
မှန်တဲ့သူတွေနဲ့လည်း မတွေ့ရတတ်ဘူး။

မေ့လျော့စွာ သေရည်သောက်ရင်
ဖြစ်လေရာဉာဏ်မရှိပဲ အရူးဖြစ်မယ်။

ပစ္စုပ္ပန်အကြောင်း ကောင်းပါမှ
အနာဂတ် အကျိုးကောင်းကြမှာပါ။

ဘယ်သူမှ မသိဘူး မထင်ပါနဲ့
ကံ၀ဋ်ကြွေးတွေက သိနေကြပါတယ်။

အပြင်မှာ လာဘ်ထိုးလို့ရပေမယ့်
ကံကြွေးဆိုရင် ငရဲမှာလာဘ်ထိုးမရပါဘူး။

စားရလှတစ်၀မ်း ၀တ်ရလှတစ်နေ့
နေရလှ တစ်သက်လောက်ပါ.
ဘာမှ မက်လောက်စရာမရှိကြပါဘူး။

သံသရာမှာ အကုသိုလ်ကံသတ္တိတွေဟာ
ကမ္ဘာနဲ့ချီပြီးတော့ ခံကြရတာပါ။

နေရသမျှ အခိုက်တန့်လေးမှာ
တစ်ခဏ ချမ်းသာဖို့အရေးအတွက်
သံသရာရဲ့ဒုက္ခများစွာနဲ့ မလဲမိအောင်
အထူးဂရုစိုက်ပြီး နေထိုင်ဖို့လိုပါတယ်။

#ကျေးဇူးတော်ရှင်
#ပါချုပ်ဆရာတော်ဘုရားကြီး 🙏🏻🙏🏻🙏🏻

အမှန်ဆုံးပဲ
22/04/2023

အမှန်ဆုံးပဲ

Address


Website

Alerts

Be the first to know and let us send you an email when Asia Star Travel&Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share