Hmwe's Handicraft & Traditional House

  • Home
  • Hmwe's Handicraft & Traditional House

Hmwe's Handicraft & Traditional House Hi there,
Here you could be available lovely handicraft and traditional foods from Myanmar!
❤❤❤

⭕😱 30% OFF 😱⭕ only limited items, limited quantity💯Instock ရှိသေးတဲ့ ပစ္စည်းလေးတွေ Sales ချပေးမယ်နော်😘Sales တစ်ခါမှ မချဖ...
02/07/2023

⭕😱 30% OFF 😱⭕ only limited items, limited quantity💯

Instock ရှိသေးတဲ့ ပစ္စည်းလေးတွေ Sales ချပေးမယ်နော်😘

Sales တစ်ခါမှ မချဖြစ်တာနဲ့ ပြစ်ထားတာ ကြာလွန်းနေလို့ ပြန်လာပါရစေလို့😘

Sales ချပေးမယ့် ပစ္စည်းလေးတွေနဲ့ အရေအတွက်လေးတွေကို အောက်မှ ကြည့်နော် 😉

💕 Spinel မြန်မာပြည်မြေပုံ (925) - ၅

💕 Spinel လည်ဆွဲ (925) - ၁

💕 မွေးပုလဲအကောင်းစား ငွေထည် လက်စွပ် - ၂

💕 မွေးပုလဲအကောင်းစား ငွေထည် နားကပ် - ၂

Limited Quantity မို့လို့ အမြန်လာခဲ့ပါလို့😘

Admin မအားတာနဲ့ ဒီ Page လေးကို လှည့်မကြည့်ဖြစ်တာ နည်းနည်းကြာသွားတယ်❤Spinel ကျောက်ရိုင်းလေးတွေနဲ့ ဆင်ထားတဲ့မြန်မာပြည်မြေပ...
25/02/2023

Admin မအားတာနဲ့ ဒီ Page လေးကို လှည့်မကြည့်ဖြစ်တာ နည်းနည်းကြာသွားတယ်❤

Spinel ကျောက်ရိုင်းလေးတွေနဲ့ ဆင်ထားတဲ့
မြန်မာပြည်မြေပုံရင်ထိုးလေး ဝတ်ဆင်လိုသည်ဖြစ်စေ၊ ပုလဲရတနာလေးတွေ ဝတ်ဆင်လိုသည်ဖြစ်စေ CB လာခဲ့နော်။

Instock နည်းနည်းရှိသေးတယ်။ ဒီဘက်ကိစ္စပြောဖို့ နည်းနည်းမေ့သွားလို့😁

With Love
❤❤❤

ကျက်သရေ ❤ကျော့ရှင်းပြီး အပြစ်ပြောစရာမရှိတဲ့ အလှတရား💯အသက်ကြီးလာလေ ရှင်းရှင်းလေးနဲ့လှတာတွေကို ပိုသဘောကျလေပဲ☺Instock နည်းနည...
20/02/2023

ကျက်သရေ ❤

ကျော့ရှင်းပြီး အပြစ်ပြောစရာမရှိတဲ့ အလှတရား💯

အသက်ကြီးလာလေ ရှင်းရှင်းလေးနဲ့လှတာတွေကို ပိုသဘောကျလေပဲ☺

Instock နည်းနည်းပဲရှိတယ်မို့ မွေးပုလဲအကောင်းစား ငွေထည်လက်စွပ်လေးကို ပိုင်ဆိုင်လိုလျှင် CB မြန်မြန်ကြွခဲ့ပါရှင့်☺

ဟိတ်.....အလှအပအပြင် Skin ကျန်းမာရေးကို ဂရုစိုက်တတ်သူဆိုရင် ဒီ Post လေးကို ခဏလောက်အချိန်ပေးဖတ်နော်☺Skin ကျန်းမာရေးကို အရမ...
19/02/2023

ဟိတ်.....
အလှအပအပြင် Skin ကျန်းမာရေးကို ဂရုစိုက်တတ်သူဆိုရင် ဒီ Post လေးကို ခဏလောက်အချိန်ပေးဖတ်နော်☺

Skin ကျန်းမာရေးကို အရမ်းဂရုစိုက်တတ်သူတစ်ယောက်ဆိုရင် 100% Organic and Harbal Product ကျွန်မဆီမှာ ဝယ်လို့ရပါပြီ😉

Asia အသားအရေနဲ့လိုက်ဖက်စွာထုတ်လုပ်ထားတဲ့ Asian Product ဖြစ်ပြီး UAE စျေးကွက်ကို အဓိက ထိုးဖောက်ဖို့ ရည်ရွယ်ထားတာကြောင့် 100% Halal Skin Care, Body Care နဲ့ Hair Care Product တွေ ဖြစ်ပါတယ်💯

Herbalancia Product တွေကို Distributor အနေနဲ့ ဖြန့်ဖြူးပေးတော့မှာမို့ အလှအပအပြင် Skin ကျန်းမာရေးအတွက်ပါ အထူးကောင်းမွန်တဲ့ Organic and Herbal Product တွေကို ကျွန်မဆီမှာ စတင်ဝယ်ယူနိုင်ပါပြီ 😊

Herbalancia ဆိုတာဘာလဲ?

Herbalancia ဆိုတာ ကျန်းမာရေးနဲ့အလှအပအတွက် အရေးပါတဲ့ ဆေးဘက်ဝင်အပင်တွေနဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့ Skin Care, Body Care နဲ့ Haie Care ထုတ်ကုန်တွေရဲ့ ဆုံမှတ်ဖြစ်ပါတယ်။

Made in Indonesia Product ဖြစ်ပြီး
သင်းပျံ့တဲ့ရနံ့နဲ့ အိစက်တဲ့ texture အပြင် နူးညံ့ချောမွေ့တဲ့အသားအရေကို ပေးနိုင်တဲ့ Product တွေ ဖြစ်ပါတယ်။

Series တွေအနေနဲ့ Olive Series နဲ့ Papaya Series ဆိုပြီး အဓိက Series ၂ ခု ရှိပါတယ်။

Olive Series ထဲမှာ ပါဝင်တဲ့ Product တွေကို အရင်ဆုံး ပြောပြပေးပါ့မယ်ရှင့်။

1- Oilve Oil (75ml) Dhs 39
အရေပြားအတွက် အစိုဓာတ်ကို ကောင်းစွာထိန်းသိမ်းပေးနိုင်ပြီး၊ Skin Tissue တွေကို ပြန်လည်ပြုပြင်ပေးနိုင်စွမ်းရှိပါတယ်။ Body Care အပြင် Massage အတွက်ပါ အသုံးပြုနိုင်ပါတယ်။
အသားအရေရဲ့ အစိုဓာတ်ကို သဘာဝအတိုင်း ထိန်းသိမ်းပေးပြီး ခြောက်သွေ့နေတဲ့ အသားအရေကိုလည်း နူးညံ့စေနိုင်သလို Fresh ဖြစ်စေပါတယ်။

2- Olive Shower Gel (245ml) Dhs 42
အသားအရေရဲ့ အစိုဓာတ်ကို ကောင်းစွာထိန်းသိမ်းပေးနိုင်ပြီး စိုပြေနူးညံ့မှုကို ပေးစွမ်းနိုင်ပါတယ်။

3- Olive Body Butter (200g) Dhs 46
သံလွင်ဆီနဲ့ ထုတ်လုပ်ထားတဲ့ Body Butter က ခြောက်သွေ့တဲ့ အသားအရေ၊ အစက်အပြောက်ရှိတဲ့ အသားအရေအတွက် အစိုဓာတ်ကို ကောင်းကောင်းထိန်းသိမ်းပေးနိုင်ပါတယ်။ အသားအရေကို စိုစွတ်နူးညံ့စေပါတယ်။

4- Olive Body Scrub (200g) Dhs 46
သဘာဝ Scrub စေ့လေးတွေနဲ့ ခန္ဓကိုယ်ကို ညင်သာစွာ ပွတ်တိုက်ပေးပါ။ Skin ရဲ့ သဘာဝအစိုဓာတ်ကို မထိခိုက်ဘဲ ဆဲလ်သေတွေကို ဖယ်ရှားရာမှာ ကောင်းစွာ အထောက်အကူပေးနိုင်ပါတယ်။

အသားအရေကို ကောင်းစွာထိန်းသိမ်းနိုင်ဖို့အတွက် စျေးနှုန်းသင့်တင့်စွာ Organic and Herbal Product တွေကိုသုံးနိုင်ပါပြီ

Emirates တစ်ဝန်း Delivery ရှိလို့ ဘယ်ကပဲ လိုချင်တယ်ပြောပြော အိမ်အရောက်ပို့ပေးမယ်😉😉😉

Order Now..

Pearl Collection ❤
18/02/2023

Pearl Collection ❤

ရတနာဆိုတာ ထိုက်တဲ့သူမှ ရတယ်ဆိုတဲ့စကားကို 100% လက်ခံလိုက်ရပြီ❤ရေချိုပုလဲ Set လိုက်လေးလို့ ပြောလို့ရအောင် ဆွဲကြိုး၊ နားကပ်...
18/02/2023

ရတနာဆိုတာ ထိုက်တဲ့သူမှ ရတယ်ဆိုတဲ့စကားကို 100% လက်ခံလိုက်ရပြီ❤

ရေချိုပုလဲ Set လိုက်လေးလို့ ပြောလို့ရအောင် ဆွဲကြိုး၊ နားကပ်နဲ့ လက်စွပ်လေးတွေ ပါလာတယ်။

Set လိုက်လေးယူမယ်လို့ စိတ်ကူးရုံပဲရှိသေးတယ် ... ဆွဲကြိုးလေးတွေက Out of Stock ဖြစ်သွားပြီ😍

နားကပ်လေးနဲ့ လက်စွပ်လေးကလည်း ကြွေဆင်းနေရတာမို့ ကိုယ်နဲ့ထိုက်ရင် ရမယ်လို့ ယုံတယ် ☺

ခမ်းနားထည်ဝါ ကျက်သရေရှိစွာ ကြွကြွလေးနဲ့ ခပ်ချေချေလေး လှစေ😘

ရေချိုပုလဲ နားကပ်လေးနဲ့ လက်စွပ်လေး ရဦးမယ်။

Limited Stock မို့ ထုံးစံအတိုင်း မြန်မြန်လာနော်😉

Falling in Pearl ☺☺☺မွေးပုလဲအကောင်းစား ငွေထည် ​နားကပ်နဲ့ လက်စွပ် ❤မွေးပုလဲပါးစေ့ဆိုဒ်လေးတွေ သီထားတဲ့ ဘယ်လိုဝတ်စုံနဲ့ ဝတ်...
17/02/2023

Falling in Pearl ☺☺☺

မွေးပုလဲအကောင်းစား ငွေထည် ​နားကပ်နဲ့ လက်စွပ် ❤

မွေးပုလဲပါးစေ့ဆိုဒ်လေးတွေ သီထားတဲ့ ဘယ်လိုဝတ်စုံနဲ့ ဝတ်ဝတ်လိုက်နေတဲ့ မွေးပုလဲဆွဲကြိုး ❤

Lavender Jade ဆွဲကြိုးလေးကလည်း ဆွဲလိုက်တော့ အေးပြီးလူပါလန်းသွားစေတာမျိုး❤

အခုတော့ ပုလဲကို ကြိုက်တဲ့ဆိုတာထက် ချစ်တာဆိုရင် မှန်သွားခဲ့ပြီ❤❤❤

ကိုယ့်အတွက် တစ်ဆက်စာ လိုချင်တာလည်း တစ်ပိုင်းသေနေပြီ😍

အများကြီး မရဘူး Limited ပဲမို့ လိုချင်ရင်တော့ မြန်မြန်လာပါရှင့်။

မွေးပုလဲတစ်ဆက်နဲ့ ခါထုတ်လို့ရပြီ😁😂😊😊😊

ရတနာရှိရာ ရတနာလာစမြဲမို့ ထိုက်​တန်သူတိုင်းပိုင်ဆိုင်နိုင်ကြပါစေ🙏

ကိုယ်တိုင်လည်း ထိုက်တန်ပါစေ😁🙏

ပုလဲအစစ်နဲ့ ကျောက်အစစ်တွေသာ ရရှိပါသည်။
ငွေထည်နဲ့ 925 ထည်သာ ရပါသည်။
ရွှေမရောင်းပါ😉

16/02/2023

အလှအပအပြင် Skin ကျန်းမာရေးအတွက်ပါ သိပ်ကို ထိရောက်တဲ့ Made in Indonesia ဖြစ်တဲ့ Skin Care, Hair Care နဲ့ Body Care Product တွေ နောက်ရက် ကျွန်မဆီမှာ ရမယ်နော်☺

သင်းပျံ့တဲ့ရနံ့နဲ့ အိစက်တဲ့ texture အပြင် နူးညံ့ချောမွေ့တဲ့အသားအရေကို ပေးနိုင်တဲ့ Body Scrub က အရမ်းကြိုက်ရတဲ့ Product ပါပဲ။

Emirates တစ်ဝန်း Delivery ရှိလို့ ဘယ်ကပဲ လိုချင်တယ်ပြောပြော အိမ်အရောက်ပို့ပေးမယ်😉

Herbal ထုတ်ကုန်တွေကို စိတ်ချစွာသုံးပြီး သဘာဝဆန်ဆန် Skin ကို စိတ်ချစွာ ထိန်းသိမ်းလို့ ရပါပြီရှင် ❤

Coming Soon..........!!!

ဂုဏ်ယူစွာ ဝတ်ဆင်ပါရစေ☺ပုံ - မင်မင်😂
15/02/2023

ဂုဏ်ယူစွာ ဝတ်ဆင်ပါရစေ☺

ပုံ - မင်မင်😂

Happy Valentine Day ❤Take 20% OFF for every instock items ☺Come to CB to get discount😉😉😉
14/02/2023

Happy Valentine Day ❤

Take 20% OFF for every instock items ☺

Come to CB to get discount😉😉😉

Happy Birthday Our General ❤မြန်မာပြည်အတွက် လွတ်လပ်ရေးရအောင် ကြိုးစားခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ မွေးနေ့မှာ မြန်မာပြည်မြေပုံလေး...
13/02/2023

Happy Birthday Our General ❤

မြန်မာပြည်အတွက် လွတ်လပ်ရေးရအောင် ကြိုးစားခဲ့တဲ့ ဗိုလ်ချုပ်ရဲ့ မွေးနေ့မှာ မြန်မာပြည်မြေပုံလေးကို အထူး Promotion ပေးမယ်နော် ❤

💯 Amazing Discount for Myanmar Map Brooch😱
Only one day and Limited Stock 🚫🚫🚫

💯💯💯
23% OFF ရမှာ ဖြစ်ပါတယ်။ 😍
(13% OFF + Extra 10% OFF)

ဒီနေ့တစ်ရက်တည်းရမယ်။ ဗိုလ်ချုပ်ရဲ့မွေးနေ့မှာသာ ရမယ့် Promotion၊ Stock ကလည်း Limited ပဲရှိလို့ မြန်မြန်လာဖို့တော့ လိုမယ်နော် 😊

Promotion လေး နောက်ကျသွားလို့ ဆောရီးပါရှင့်။

ဒါပေမဲ့ ဖေဖော်ဝါရီ ၁၃ ရက်၊ ည 11:59 မိနစ်အထိ Order တင်မယ်ဆို Promotion မှီပါမယ်နော်။

Happy Birthday Our General 🌻❤

Limited နဲ့ပဲ ရမယ့် မိုးကုတ်သဘာဝတွင်းထွက် ကျောက်ရိုင်း 925 Spinel နားကပ်လေးနဲ့ မြန်မာပြည်မြေပုံရင်ထိုးလေး 😍ဒါ့အပြင် ပုလဲ...
10/02/2023

Limited နဲ့ပဲ ရမယ့် မိုးကုတ်သဘာဝတွင်းထွက် ကျောက်ရိုင်း 925 Spinel နားကပ်လေးနဲ့ မြန်မာပြည်မြေပုံရင်ထိုးလေး 😍

ဒါ့အပြင် ပုလဲ collection အနေနဲ့ကတော့...
မွေးပုလဲ အကောင်းစား ငွေထည်လက်စွပ်နဲ့ နားကပ်၊ မွေးပုလဲစပါးစေ့ဆိုဒ်နီးနီး အသေးလေးတွေ သီထားပေးတဲ့ ရှားပါး ပတေဲဆွဲကြိုးလေးတွေ☺

ပုံထဲမှာမပါသေးတဲ့ Lavender Jade ဆွဲကြိုးလေးလည်း ရှိသေးတယ် 😍😍

အကုန်သဘာဝတွင်းထွက်ရတနာ အစစ်တွေချည်းပဲ😊

မြန်မာပြည်မြေပုံလေးထပ်မှာထားတာမို့ မရမှာစိတ်မပူနဲ့တော့နော်။

Instock တွေပါ။ ဒါပေမဲ့ ထုံးစံအတိုင်း အများကြီး မရှိ Limited နဲ့ပဲရမှာမို့ နှစ်သက်ရင် CB လာခဲ့နော်❤

06/02/2023

2021, August 24 တုန်းက တန်ဖိုးထားပြီး ချစ်ရတဲ့ အဖိုးကို ဆုံးရှုံးခဲ့တယ်။

ဒီ Page လေးက "ဘဘ" ဆုံးပြီး တစ်ပတ်တိတိမှာ ဖွင့်ခဲ့တာ။

2023, February 6 ဒီနေ့ ချစ်ရတဲ့ ဦးလေးကို ဆုံးရှုံးရတယ်။

ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ချစ်ရတဲ့သူတွေကို မဆုံးရှုံးချင်ကြတာ လူတိုင်းပါပဲ။

နည်းလမ်းမျိုးစုံနဲ့ တနေ့ဒီလမ်းကို လူတိုင်းသွားရမယ်ဆိုပြီး တွေးလိုက်ခြင်းဟာ ဝမ်းနည်းဆို့နင့်မှုတွေကို သက်သာလာစေပါတယ်။

ကိုယ်လည်း တနေ့ ဒီလမ်းသွားရမှာ မလွဲမသွေဆိုတဲ့အသိတရားကိုလည်း ဝင်လာစေတယ်။

တမလွန်ကူးပြောင်းသွားသူအားလုံး ကောင်းမွန်မှုတွေ ပိုင်ဆိုင်ကြပါစေ။
ဒီဘဝမှာ အဆိုးတွေ၊ ကြမ်းတမ်းမှုတွေ ကြုံခဲ့ရရင် နောက်ဘဝမှာ သာယာတဲ့ဘဝတွေ ပိုင်ဆိုင်နိုင်ပါစေ။

ဒီဘဝရဲ့ဘဝဋ်ကြွေးတွေ ကျေပြီး နောက်ဘဝပိုင်ဆိုင်ကြရင်လည်း လူများအကျိုးပြုပြီး ကောင်းမွန်တဲ့လူတွေ ဖြစ်ကြပါစေ🙏

ဒါလေးက ငွေထည် ❤ (925 မဟုတ်ပါ)မွေးပုလဲ အကောင်းစား ငွေထည် လက်စွပ်နဲ့ နားကပ်လေး ဖြစ်ပါတယ်။သူလည်း အများကြီး မရဘူး။ တစ်မျိုးက...
05/02/2023

ဒါလေးက ငွေထည် ❤ (925 မဟုတ်ပါ)

မွေးပုလဲ အကောင်းစား ငွေထည် လက်စွပ်နဲ့ နားကပ်လေး ဖြစ်ပါတယ်။

သူလည်း အများကြီး မရဘူး။
တစ်မျိုးကို ၂ စုံစီပဲရမယ်မို့ လိုချင်ရင် CB မြန်မြန်လာပါရှင့်။

❤❤❤

05/02/2023

ဒီ Page လေးမှာ ရွှေနဲ့ တန်ဖိုး တအားကြီးတာတွေ ရောင်းမှာ မဟုတ်တော့ဘူးနော်။ တာဝန်အရမ်းကြီးလို့ပါ။

925၊ မြန်မာပန်းထိမ်ငွေထည်တွေနဲ့ ဖန်တီးထားတဲ့ သဘာဝကျောက်မျက်ရတနာအစစ်တွေသာ ရရှိမှာ ဖြစ်ပါတယ်ရှင့်။

မရိုးနိုင်တဲ့ တွင်းထွက်ရတနာလေးတွေမို့ မြတ်နိုးစွာ အမြဲဝတ်ဆင်သွားဖို့ရည်ရွယ်မှ ဝယ်နော်။

Limited နဲ့ပဲ ရမယ့် ပစ္စည်းလေးတွေမို့လို့ ပစ္စည်းတစ်ခုကို အများကြီး ရနိုင်မှာ မဟုတ်သလို Design တူကလည်း အများကြီး ရနိုင်မှာ မဟုတ်ပါဘူးရှင့်။

ဒီရက်ပိုင်း လုံးဝမအားလို့ Post တွေကို နောက်မှ တင်ပေးမယ်နော်။

ချစ်ခြင်းများစွာဖြင့်
❤❤❤

925 Spinel နားကပ်လေး😍 ရပြီ😊နားကပ်မေးထားတဲ့သူတွေကို မမှတ်မိတော့လို့ Post လေးတွေ့ရင် CB ပြန်လာပါဦးနော်။Limited Stock... ၂...
03/02/2023

925 Spinel နားကပ်လေး😍 ရပြီ😊

နားကပ်မေးထားတဲ့သူတွေကို မမှတ်မိတော့လို့ Post လေးတွေ့ရင် CB ပြန်လာပါဦးနော်။

Limited Stock... ၂ ခုပဲ ရမယ်ရှင့်။

ကျွန်မ အကြိုက်ဆုံးတွေက ဘာလဲလို့ မေးရင် ဒါတွေလို့ ဖြေရင်ရလား😂 များသွားသလား မသိ😁အသဲခိုက်အောင် ကြွေတယ်☺
01/02/2023

ကျွန်မ အကြိုက်ဆုံးတွေက ဘာလဲလို့ မေးရင် ဒါတွေလို့ ဖြေရင်ရလား😂 များသွားသလား မသိ😁

အသဲခိုက်အောင် ကြွေတယ်☺

ဒီနေ့က February 1။ လွန်ခဲ့တဲ့ ၂ နှစ် ဒီအချိန်က စတင်ကံဆိုးမိုးမှောင် ကျခဲ့တာ။ဖုန်းဖွင့်လိုက်ချိန် ဖုန်းခေါ်မရ၊ အင်တာနက် သ...
01/02/2023

ဒီနေ့က February 1။
လွန်ခဲ့တဲ့ ၂ နှစ် ဒီအချိန်က စတင်ကံဆိုးမိုးမှောင် ကျခဲ့တာ။
ဖုန်းဖွင့်လိုက်ချိန် ဖုန်းခေါ်မရ၊ အင်တာနက် သုံးမရနဲ့။

မြန်မာပြည်မြေပုံလေး ရောင်းရငွေရဲ့ 30% ကို စကစ တရလ အတွက် သုံးမယ်။

ဝယ်တဲ့သူတွေကတော့ "စကစ တလရ" အတွက်ဝယ်တာလို့တော့ ပြောပေးရမယ်နော်။

အဲဒီမြန်မာပြည်မြေပုံမှာ အဓိပ္ပါယ်အများကြီး ပါနေစေရမယ်။

ကြိုက်တဲ့ လော့ကတ်နဲ့ တွဲဝတ်😊 အရမ်း Fashion ကျပြီး ကျော့ရှင်းနေတဲ့ Look လေး😍ဘယ်လောက်ချစ်ဖို့ကောင်းလဲ🥰Very Very Small Baro...
29/01/2023

ကြိုက်တဲ့ လော့ကတ်နဲ့ တွဲဝတ်😊 အရမ်း Fashion ကျပြီး ကျော့ရှင်းနေတဲ့ Look လေး😍

ဘယ်လောက်ချစ်ဖို့ကောင်းလဲ🥰

Very Very Small Baroque ကြိုးလေးတွေပါ။

၂ ကုံးလောက်ပဲရမှာမို့ လိုချင်ရင် မြန်မြန်လာနော်😉

ရေချိုမွေးပုလဲကြိုး❤❤❤

မြန်မာပြည်မြေပုံ ရင်ထိုးလေးကို ကြိုက်ကြတော့ ပိုကျေနပ်မိတယ်☺မိုးကုတ်သဘာဝတွင်းထွက်ကျောက်ရိုင်းလေးတွေဖြစ်တဲ့ Spinel လေးတွေန...
29/01/2023

မြန်မာပြည်မြေပုံ ရင်ထိုးလေးကို ကြိုက်ကြတော့ ပိုကျေနပ်မိတယ်☺

မိုးကုတ်သဘာဝတွင်းထွက်ကျောက်ရိုင်းလေးတွေဖြစ်တဲ့ Spinel လေးတွေနဲ့ ဖန်တီးထားတဲ့ မြန်မာ Jewelry Artist ရဲ့ Desig ဖြစ်ပါတယ်။

Instock ယူထားပေမယ့် Stock က အရမ်းမများတော့ဘူးမို့လို့ မြတ်နိုးစွာဝတ်ဆင်လိုလျှင် CB လာနော်။

တစ်ခုလောက်တော့ ရှိထားသင့်တဲ့ ရတနာလေးတစ်ခုဆိုတာ လုံးဝမလွဲဘူး❤

Comment မှာ Video ရှု့စားပါရှင့်😊

ပင့်သက်ကို ရှုရှိုက်ရင်း အမှန်ပင် ငေးမောနေမိတာ❤မြန်မာပြည်ကြီး နေကောင်းပြီး ကပ်ဆိုးတွေ ပြေပျောက်ပါစေ🙏မိခင်နိုင်ငံကို စွန်...
27/01/2023

ပင့်သက်ကို ရှုရှိုက်ရင်း အမှန်ပင် ငေးမောနေမိတာ❤

မြန်မာပြည်ကြီး နေကောင်းပြီး ကပ်ဆိုးတွေ ပြေပျောက်ပါစေ🙏
မိခင်နိုင်ငံကို စွန့်ခွာခဲ့ရတဲ့သူတစ်ယောက်ရဲ့ ဆုတောင်းစကားသာ💌

လွမ်းတာပေါ့။ မလွမ်းပဲ ဘယ်နေ့ပါ့မလဲ။
တစ်ခါတစ်ရံ တွေဝေ ငေးမောရင် အပြတ်အသတ် လွမ်းချလိုက်တဲ့ရက်တွေ ရှိတယ်။

ဘယ်သူမှ သိစရာမလိုဘူး၊ ဘယ်လိုလွမ်းရ လွမ်းရ ကိုယ်အလွမ်းပြေဖို့ပဲ လိုတယ်တကယ် 💔

27/01/2023

Spider with Saltwater Pearl (Pendant + Brooch)
💞💞💞

ဟိတ်....Paper Beads အကြောင်း သိကြလား 🤔☺😊ဒီနေ့မှာတော့ Paper Bead လေးတွေကို ချစ်မြတ်နိုးသူတွေနဲ့ Paper Beads အကြောင်း သိချ...
26/01/2023

ဟိတ်....Paper Beads အကြောင်း သိကြလား 🤔☺😊

ဒီနေ့မှာတော့ Paper Bead လေးတွေကို ချစ်မြတ်နိုးသူတွေနဲ့ Paper Beads အကြောင်း သိချင်သူတွေကို နည်းနည်းပြောပြမယ်နော် 😉

အခုတင်ထားတာလေးတွေက Paperbeads Necklace လေးတွေ ဖြစ်ပါတယ်❤

အသုံးမပြုတော့တဲ့ စက္ကူနဲ့လုပ်ထားတဲ့ စက္ကူကြိုးနဲ့ စက္ကူပုတီးစေ့(Paper Beads) လေးတွေပါ။

လက်မှုပစ္စည်းကို စက်အကူမပါဘဲ လက်နဲ့ပဲ ပြုလုပ်ရတာမို့ တော်တော်လက်ဝင်တဲ့ဖန်တီးမှုလို့ ပြောလို့ရပါတယ်။

Paper Bead တွေကို လက်နဲ့ပြုလုပ်ဖန်တီးနေကြရတာပါ။

စျေးကွက်တန်းဝင်တဲ့ လက်မှုပစ္စည်း ဖြစ်တဲ့အတွက် စျေးကွက်ရှာဖွေနိုင်စွမ်းကြီးတဲ့သူတွေက ဖန်တီးကြပြီး လက်မှုပစ္စည်းတွေကို ကြိုက်နှစ်သက်တဲ့ ဝယ်သူတွေရှိရာစျေးကွက်တွေဆီ ဖြန့်ကျက်နေကြပါပြီ။.

အခုပုံလေးတွေကတော့ Paperbeads လက်မှုပစ္စည်းလေးတွေကို ချစ်မြတ်နိုးစွာ ဖန်တီးပြီး ဖန်တီးလိုသူတွေကို ပြန်လည်မျှဝေပေးနေတဲ့ ဂရုတစိုက်နဲ့ ဖန်တီးတတ်တဲ့ ဖန်တီးသူတစ်ယောက်ရဲ့ လက်ရာလေးတွေပါ။

Myanmar Made လေးတွေကို နိုင်ငံတကာမှာ ကောင်းကောင်းလေး ထိုးဖောက်ချင်မိပါတယ်💞

ပြည်ပနိုင်ငံကလူတွေကတော့ ဒီလိုလက်မှုပစ္စည်းလေးတွေကို တော်တော်ကြိုက်ကြတယ်။

ပြည်တွင်းဖြစ်စစ်စစ်လေးမို့ နှစ်သက်တယ်ဆို အားပေးပျော်ပါတယ်❤
မြတ်နိုးစွာဝတ်ဆင်လိုလျှင် CB လာနော်❤❤❤

24/01/2023

Leopard with Natural Saltwater Pearl (Pendant +Brooch)
❤❤❤

ဒီစာလေးရဲ့ ခေါင်းစဥ်ကို "BELIEVE" လို့တပ်မယ် ❤သူငယ်ချင်းက စျေးကွက်သစ်တစ်ခုနဲ့ပတ်သက်ပြီး Client ရနိုင်/မရနိုင်မေးတာကနေ စတ...
24/01/2023

ဒီစာလေးရဲ့ ခေါင်းစဥ်ကို "BELIEVE" လို့တပ်မယ် ❤

သူငယ်ချင်းက စျေးကွက်သစ်တစ်ခုနဲ့ပတ်သက်ပြီး Client ရနိုင်/မရနိုင်မေးတာကနေ စတာပါပဲ။

ဘာ Product လဲလို့မေးလိုက်ချိန် သူပြောလာတဲ့ သူရောင်းမယ့် Product Type ကို ကိုယ်မကြိုက်ဘူး။

ဆိုတော့ ငါက "ငါကြိုက်တဲ့ပစ္စည်းကိုပဲ ရောင်းတာ" လို့ ပြန်ပြောခဲ့တယ်။

ဒီစကားက ကြားရတာ ကန့်လန့်ဖြစ်နေနိုင်ပြီး ရိုင်းသလိုဖြစ်သွားနိုင်ပေမယ့်...
တကယ်တမ်း ကျွန်မရဲ့ ခံယူချက်ဖြစ်နေပါတယ်။

တော်ရုံစိတ်တိုင်းကျလေ့ မရှိတဲ့သူမို့လို့ ကြိုက်တဲ့အရသာ၊ ကြိုက်တဲ့ပစ္စည်းက သိပ်ရှားတယ်။

ကျွန်မကြိုက်တဲ့/ ကျွန်မ စိတ်တိုင်းကျတဲ့ ပစ္စည်းကိုရောင်းရတာ ပျော်တယ်၊ ယုံကြည်မှုရှိတယ်။

ပစ္စည်းအပေါ် ကိုယ့်ရဲ့ ယုံကြည်မှုက ကိုယ့်ကိုယ်ကိုပါ ယုံကြည်မှု မြင့်တက်စေလို့ ဒီပစ္စည်းအကြောင်း ရှင်းပြရရင်ကို စိတ်ပျော်တယ်၊ စိတ်လုံတယ်၊ စိတ်ချတယ်။ ပင်ပန်းတယ်လို့ကို မရှိဘူး။

ကြိုက်တဲ့ပစ္စည်းကိုပဲ ရောင်းတယ်ဆိုတာက ဒါမျိုးကို ဆိုလိုတာပါ။

ကိုယ့် Product ကို ကိုယ်ယုံကြည်ရင် Customer အပေါ် 100% စိတ်သန့်ခြင်းကြောင့်သာ ကိုယ်ကြိုက်တာကိုယ်ရောင်းတာဆိုတဲ့စကားထွက်လာခြင်း ဖြစ်ပါတယ်😊

ဒါလေးလာရေးတာ😁😅

စက္ကူနဲ့ တစ်ရှုးပေါ်မှာတောင် လှရက်လွန်းနေပုံများ😍😍😍မြန်မာပြည်မြေပုံ ရင်ထိုးလေးကို ရောင်းဖို့စိတ်ကူးရခဲ့တာက... ကိုယ့်နိုင...
23/01/2023

စက္ကူနဲ့ တစ်ရှုးပေါ်မှာတောင် လှရက်လွန်းနေပုံများ😍😍😍

မြန်မာပြည်မြေပုံ ရင်ထိုးလေးကို ရောင်းဖို့စိတ်ကူးရခဲ့တာက...
ကိုယ့်နိုင်ငံကို မသိကြတဲ့သူတွေက အများသား။
ဆိုတော့.... ပြည်ပနိုင်ငံရောက်နေချိန် အဲဒါငါတို့နိုင်ငံပါပဲလို့ဆိုပြီး "က"နေသလိုကို လှနေတဲ့ မြေပုံလေးနဲ့ ဖွင့်ဟချင်တာ❤

ငါတို့နိုင်ငံလေးက မြေပုံလေး သိပ်လှသလို၊ နယ်နမိတ်အတွင်းက ငါတို့တွေရဲ့ ဘဝတွေလည်း လှပခဲ့ရမှာ💔

မည်သို့ဆိုစေ.... ငါတို့နိုင်ငံလေးက တကယ်လှတာပါ။

ဓာတ်ပုံရိုက်ရတာလည်း အမြဲစိတ်ပူနေရတာ၊ ကိုယ့်ကြောင့် သူ့အလှမပေါ်မှာကို စိုးရိမ်နေရလို့ပေါ့။

ငွေထည်ရင်ထိုးလေးပါနော်❤

အမှတ်တရ ဝတ်ဆင်သိမ်းဆည်းလိုလျှင် CB လာခဲ့ပါလို့☺

23/01/2023

The most beautiful things in the world 💞😊☺

💋 Leopard with Saltwater Natural Pearl (Pendant+Brooch)

💋 Spider with Saltwater Natural Pearl (Pendant+Brooch)

💋 Rose Pendant

💋 Myanmar Map Brooch

With Love
❤❤❤

ပုလဲအကြောင်းရေးမယ် ကြံတုန်းရှိသေးတယ်၊ ပုလဲလေးတွေ ကုန်ပြီ😍😮ထိုက်တန်သူဆီ ရောက်သွားရှာလို့ ပီတိဖြစ်ရပြီး ပိုင်ဆိုင်သွားသူတွ...
22/01/2023

ပုလဲအကြောင်းရေးမယ် ကြံတုန်းရှိသေးတယ်၊ ပုလဲလေးတွေ ကုန်ပြီ😍😮

ထိုက်တန်သူဆီ ရောက်သွားရှာလို့ ပီတိဖြစ်ရပြီး ပိုင်ဆိုင်သွားသူတွေအတွက် အခုထိ ရင်ခုန်နေတုန်း☺☺

တစ်ခုစီပဲ ပါလာတဲ့
ဘိတ်ရေငန်ပုလဲအစစ်နဲ့ ဖန်တီးထားတဲ့ အနုစိတ်လက်ရာ Leopard၊ ကျော့ရှင်းနေတဲ့ Spiderနဲ့
နှစ်ခုပဲ ပါလာတဲ့ မိန်းကလေးဆန်ဆန် နှင်းဆီပွင့်လေးတွေ ထိုက်တန်သူတွေ ပိုင်ဆိုင်သွားခဲ့ပြီ😘

နှင်းဆီပန်းလေးကို ထင်ထားတာထက်တောင် လူကြိုက်များနေကြတာ သိရတော့လည်း ကျေနပ်ရပြန်တယ်❤

လောလောဆယ် Instock က မြန်မာပြည်မြေပုံလေးပဲ ကျန်တော့မယ်နော်😊😊😊

ရတနာရှိရာ ရတနာလာစမြဲမို့ ပိုင်ဆိုင်ပြီးရင်း ပိုမိုပိုင်ဆိုင်နိုင်ကြပါစေ🙏

With Love
❤❤❤

Edit: SOLD OUTဘိတ်ရေငန် ပုလဲစစ်စစ် - ငွေရောင်နဲ့ ခန့်ငြားထည်ဝါလွန်းတဲ့ Leopard 😍မျက်လုံးမှာသုံးထားတာက လှပလွန်းတဲ့ Pink S...
22/01/2023

Edit: SOLD OUT

ဘိတ်ရေငန် ပုလဲစစ်စစ် - ငွေရောင်နဲ့ ခန့်ငြားထည်ဝါလွန်းတဲ့ Leopard 😍

မျက်လုံးမှာသုံးထားတာက လှပလွန်းတဲ့ Pink Spinel ❤

Fashion Trend အမျိုးမျိုးထဲမှာ အမျိုးသမီးတို့အကြိုက် Leopard ဟာ မပါမဖြစ်တဲ့ Trend တစ်ခုပါပဲ.....

သူရဲ့ Trend က ရဲရင့်ပြီးသတ္တိရှိတယ် ငြိမ်သက်တယ်..

ရင်ထိုး / လော့ကတ် two way use ပဲ ဖြစ်ပါတယ်😊

အနုစိတ်လေးနဲ့ သဘာဝဆန်စွာ လှပအောင် တွဲစပ်ဖန်တီးထားတဲ့ ခိုင်ခန့်လှပပြီး luxury touch ဖြစ်တဲ့ လက်ရာက မြင်သူတိုင်း ကြွေမှာ☺

မှတ်ချက် - တစ်ခုပဲ ရပါမယ်ရှင်💜 (ထပ်မရပါ)

ရတနာရှိရာ ရတနာလာစမြဲမို့ မိမိအပါအဝင်😁 ပိုမိုတိုးလို့ ပိုင်ဆိုင်နိုင်ကြပါစေ🙏😊

Come to CB for price ❤❤❤🌻

သူတို့လေးတွေ ကျွန်မဆီရောက်လာခဲ့ပြီ😍Spinel ငွေထည်လေးတွေဖြစ်တဲ့ မြန်မာပြည်မြေပုံဆွဲသီးနဲ့ ဆွဲသီးလေးအပြင်...ဘိတ်ရေငန်ပုလဲစစ...
22/01/2023

သူတို့လေးတွေ ကျွန်မဆီရောက်လာခဲ့ပြီ😍

Spinel ငွေထည်လေးတွေဖြစ်တဲ့ မြန်မာပြည်မြေပုံဆွဲသီးနဲ့ ဆွဲသီးလေးအပြင်...

ဘိတ်ရေငန်ပုလဲစစ်စစ်နဲ့ဖန်တီးထားတဲ့ အနုစိတ်လက်ရာနဲ့ Leopard၊ ကျော့ရှင်းလွန်းတဲ့ Spider ❤❤❤

ဘာမှတောင် သိပ်ညွှန်းစရာမလိုတော့ပါဘူး။

မြန်မာပြည်မြေပုံကလွဲလို့ ကျန်တာတွေက တစ်ခုစီပဲ ရပါမယ်ရှင့်။

Video လေး ကြည့်ချင်ရင် CB လာနော်😊

21/01/2023

ပုလဲရောင်းဖို့ တင်လိုက်ပြီဆိုတော့ ပုလဲအကြောင်း ရှာဖွေဖတ်သားပြီး ရေးပေးမယ်နော် ❤

ကျွန်မ ပုလဲစဝယ်ချိန် ပုလဲအကြောင်း သေချာပိုသိချင်လို့ ဖတ်ရသလို ဖတ်ရမှာပါ။

ပုလဲအကြောင်း ဖတ်ပြီးနောက် ပုလဲရဲ့တန်ဖိုးကိုပိုသိပြီး မြတ်နိုးလာတာပဲ။

Edit: SOLD OUT ❤ဘိတ်ပုလဲ - ၁၅ ရတီ size ကြီး😍ဘိတ်ရေငန်ပုလဲအစစ်ဖြစ်တဲ့အပြင် ဆိုဒ်ကလည်း ၁၅ ရတီ။ ပုလဲနဲ့တင် တန်နေပြီ😊Spider ...
21/01/2023

Edit: SOLD OUT ❤

ဘိတ်ပုလဲ - ၁၅ ရတီ size ကြီး😍
ဘိတ်ရေငန်ပုလဲအစစ်ဖြစ်တဲ့အပြင် ဆိုဒ်ကလည်း ၁၅ ရတီ။ ပုလဲနဲ့တင် တန်နေပြီ😊

Spider ကြီးက ရှင်းပြီး လှနေတာ သူရဲ့ taste ပဲ။
အနုစိတ်လေးနဲ့ သဘာဝဆန်စွာ လှပအောင် တွဲစပ်ဖန်တီးထားမှုတဲ့ လက်ရာက မြင်သူကြွေမှာအမှန်ဖြစ်သလို ကျွန်မ အသေကြွေနေရပြီ❤

ခိုင်ခန့်လှပပြီး luxury touch ဖြစ်တဲ့ လက်ရာ❤
ရင်ထိုး / လော့ကတ် two way use ဖြစ်ပါတယ်။

ရောင်းသင့် မရောင်းသင့် စဥ်းစားရတာ အခါ ၁၀၀။ အသေကြိုက်လွန်းလို့❤

ဒါပေမယ့်လည်း ထိုက်တန်တဲ့သူဆီရောက်ဖို့ ရောင်းလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။
ကျွန်မနဲ့ထိုက်ရင် ကျွန်မအတွက် ကျန်လိမ့်မယ်လို့ ယုံတယ်💞

မှတ်ချက် - ၁ခုပဲရပါမယ်ရှင့်🤍( ထပ်မရပါ)

Come to CB for Price🌻❤

ဆိတ်သားနှပ်ဆီပြန်ဟင်း ချက်ဖို့ ပြင်နေချိန် တွေးမိတဲ့အတွေးလေး တစ်ခုက ...... ဟင်းတစ်ပွဲရဲ့ တန်ဖိုးကို ကျွန်မ ပိုသိလာတယ် ဆိ...
20/01/2023

ဆိတ်သားနှပ်ဆီပြန်ဟင်း ချက်ဖို့ ပြင်နေချိန် တွေးမိတဲ့အတွေးလေး တစ်ခုက ...... ဟင်းတစ်ပွဲရဲ့ တန်ဖိုးကို ကျွန်မ ပိုသိလာတယ် ဆိုတာပါပဲ။

အရင်တုန်းကတည်းက ဟင်းချက်ကောင်းတယ်လို့ အပြောခံရဖူးတဲ့အထဲမှာ ပါခဲ့ပါတယ်။
ဒါပေမဲ့ စိတ်ပါရင် ဟင်းကစားကောင်းတယ်၊ စိတ်မပါပဲ ဖြစ်သလို ချက်လိုက်ရင် မကောင်းတော့ပြန်ဘူး။
ကိုယ့်ကိုယ်ကို အသိဆုံးကို 😂

ဟင်းချက်ရတာ ဝါသနာပါလားလို့ မေးရင် ဝါသနာလို့တော့ ကိုယ့်ကိုယ်ကို မသုံးနှုန်းချင်ပါဘူး။.
ဟင်းချက်ရတာကို ကြိုက်ပါတယ်။
လိုလိုလားလား လုပ်တဲ့အလုပ်ထဲမှာ ဟင်းချက်တာ ပါပါတယ်။❤

အရမ်းကြေး(ဂျီး) များသူဖြစ်လို့ သူများကို စိတ်တိုင်းမကျတတ်တဲ့အပြင် ကိုယ့်ကိုယ်ကိုလည်း စိတ်တိုင်းမကျတာများတယ်။

ဒူဘိုင်းကို ရောက်လာပြီးနောက်ပိုင်း ဟင်းချက်ရောင်းဖို့ ဆုံးဖြတ်​ပြီး စတင်ခဲ့ပြီးတဲ့နောက် ဟင်းတစ်ခွက်ရဲ့ အနှစ်သာရကို ရလာတဲ့ရလဒ်နဲ့ အတွေ့အကြုံကြောင့် ပိုနားလည်လာခဲ့တယ်။

🌼
နံပတ် ၁ အချက်ကတော့...
ကိုယ့်ဆီကဝယ်စားတဲ့သူတွေဆီကနေ ကြားရတဲ့ ပီတိလေးတွေ။❤
စားကောင်းတယ်ဆိုတာထက် ပိုတဲ့မှတ်ချက်လေးတွေကို ရပါများလာတဲ့အခါ အဲဒိပီတိက ကျွန်မအတွက် ဘာနဲ့မှ လဲလို့ မရတဲ့အပြင် စားသုံးသူတွေ မျှော်မှန်းထားတဲ့အရသာကို ပေးဖို့အတွက် ပိုဆန္ဒရှိလာတယ်။

ပိုက်ဆံသုံးလိုက်ရတဲ့သူဆီက ကျေနပ်စွာ ထွက်ပေါ်လာတဲ့ မှတ်ချက်လေးတွေက ပိုကောင်းတဲ့အရာတွေ ပေးနိုင်ဖို့အတွက်သာ ကျွန်မကို တွန်းလာခဲ့တယ်။

ကျွန်မ တာထွက်တာ ကောင်းကောင်းလေးထွက်နိုင်ခဲ့လို့လည်း ကိုယ့်ကိုယ်ကို ကျေးဇူးတင်မိတယ်။

🌼
နံပတ် ၂ အချက်ကတော့...
ပထမအချက်ကိုပဲ ပြန်ကောက်ရမှာပါ။

အဲဒီလို မှတ်ချက်တွေကြောင့် ပိုကောင်းအောင် လုပ်ရမယ်ဆိုတဲ့ စိတ်က ဟင်းပွဲ တစ်ခုခြင်းစီအပေါ်မှာ ပိုပြီး အသေးစိတ် ဂရုစိုက်လာစေတယ်။

ဟင်းပွဲတစ်ပွဲအတွက် အချိန်ပိုပေးလာဖြစ်တယ်။
ဟင်းပွဲတစ်ပွဲရဖို့အတွက် ပိုစိတ်ရှည်လာတယ်။
ဟင်းပွဲတစ်ပွဲပဲ ဖြစ်ပါစေ အဲဒီတစ်ပွဲအပေါ် စားကောင်းပါစေဆိုတဲ့ စေတနာအလိုအလျောက် ပါသွားခဲ့တယ်။

ချုပ်ရရင်....
ဆိတ်သားဟင်းဆီပြန်တစ်ပွဲရဖို့ အစအဆုံး ကျွန်မ အချိန်အများကြီး သုံးရပါတယ်။

ဆိတ်သားဟင်းချက်တဲ့အချိန်ရတဲ့ သင်ခန်းစာကတော့...

စားသုံးသူတွေရဲ့ ကျေနပ်ပီတိဖြစ်မှု၊
ဟင်းချက်သူရဲ့ ဟင်းပွဲအပေါ် စိတ်နှစ်ထားမှု၊ စိတ်ရှည်မှုနဲ့ စေတနာဟာ ဟင်းပွဲတစ်ပွဲအပေါ် 100% သက်ရောက်မှုရှိတယ်ဆိုတာပါပဲ။

စာရှည်သွားပြန်ပြီ😁 ဒါတောင် အတော်ခြုံထားတာ😂

ဟင်းပွဲနဲ့ပတ်သက်တဲ့ Whatsapp GP လေးဖွင့်ထားပါတယ်။
ဟင်းရမယ့်ရက်နဲ့ ရနိုင်မယ့် ဟင်းတွေကို သိလိုရင် အောက်က Link မှာ ဝင် Join ထားလို့ရပါတယ်ရှင့်😊

https://chat.whatsapp.com/CZfVwzUMi57JGkPKrJj57V

With Love
❤❤❤

Spinel လေးတွေ တင်ရောင်းနေတော့ Spinel အကြောင်း လေ့လာရေးသားဦးမှပါလို့ တွေးမိလို့ Spinel လေးအကြောင်း ဖတ်ရှု့ပြီး  စာဖတ်သူမ...
18/01/2023

Spinel လေးတွေ တင်ရောင်းနေတော့ Spinel အကြောင်း လေ့လာရေးသားဦးမှပါလို့ တွေးမိလို့ Spinel လေးအကြောင်း ဖတ်ရှု့ပြီး စာဖတ်သူများ ပိုမိုကျစ်လစ်စွာနားလည်စေရန် Hmwe's Handicraft & Traditional House မှ ပြန်လည် ရေးသားတင်ဆက်လိုက်ရပါတယ်ရှင်❤

Spinel ဆိုတာ မြင်သာအောင်ပြောရင် သဘာဝ
တွင်းထွက် ကျောက်မျက် ကျောက်ရိုင်းလေးတွေကို ခေါ်တာပါ။ မြန်မာလိုဆို အညံ့ပန်းလို့ ခေါ်ကြပါတယ်။

Spinel က Gemstones Classification ထဲမှာ...
Semi-precious အမျိုးအစားထဲမှာ ပါတယ်လို့လည်း သိရပါတယ်။

တစ်ခေတ်တစ်ခါတုန်းက နို့ဆီခွက်နဲ့ချိန်ပြီး ရောင်းဝယ်ရလောက်အောင် ပေါများခဲ့သလို တန်ဖိုးကြီးပြီး တန်းဝင် ရတနာတစ်ခုအဖြစ် မသတ်မှတ်ခဲ့ကြဘူးလို့ ဆိုပါတယ်။

ဒါပေမဲ့ အခုလို တွင်းထွက်ရတနာတွေရှားပါးလာတဲ့အချိန်မှာ အစားထိုးရတနာအဖြစ် ဈေးကွက်ထဲတစ်စတစ်စနေရာယူပြီး ခေတ်စားလာခဲ့တာပါ။

Spinel က အရောင်အမျိုးမျိုးရှိတဲ့
ကျောက်မျက်ရတနာ တစ်မျိုးဖြစ်ပါတယ်။
သူ့ရဲ့ နက်ရှိူင်းတဲ့ အနီရောင်က ကျော်ကြားပြီး ပတ္တမြားနှင့်အနီးစပ်ဆုံးဆင်လို့ ခွဲဖို့ခက်တယ်လို့လည်း သိရပါတယ်။

တောက်ပတဲ့ Red Spinel ၁၁ပွင့်ပါတဲ့ စုစုပေါင်း (၁၁၃၂) ကာရက်ရှိတဲ့ လည်ဆွဲတစ်ခုကို Mughal ဧကရာဇ်မင်းက ဒေါ်လာ ၅ သန်းကျော်နဲ့ ရောင်းချခဲ့ဖူးတယ်လို့လည်း ရေးသားကြပါတယ်။

အထင်ရှားဆုံး အရွယ်အစား၊ အရောင်နှင့် အရည်သွေးရှိသော Spinel ကတော့ မြန်မာနိုင်ငံ၊ မိုးကုတ်မြို့မှဖြစ်ပြီး အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ တန်ဇန်းနီးယားနှင့် မာဒါဂတ်စကာတို့မှာလည်း ထွက်ရှိတယ်လို့ သိရပါတယ်။

အဖိုးတန်ဆုံးနဲ့ နှစ်သက်ဖွယ်ကောင်းတဲ့ Spinel ရဲ့အရောင်က နက်ရိူင်းတဲ့ သွေးနီဥရောင် ဖြစ်ပြီး အပြာရောင်၊ အဝါရောင်၊ လိမ္မော်ရောင်၊ ပန်းရောင်၊ခရမ်းရောင်တို့လည်း ရှိတယ်လို့ သိရပါတယ်။

Red Spinel က Garnetနဲ့ တူနိုင်ပြီး အပြာရောင် Spinel က Zircon၊ Topaz၊ Sapphire တို့နဲ့ ဆင်တူနိုင်သလို ပန်းရောင် Spinelnင Morganite၊ Pink Topazနှင့် Pink Tourmaline တို့နဲ့တူနိုင်တယ်လို့ သိရပါတယ်။

ခရမ်းရောင် Spinel က Amethyst နဲ့ ဆင်တူနိုင်ပေမယ့် Amethysy ထက်ပိုပြီး အပြာရောင်သန်းတယ်လို့ ဆိုပါတယ်။

ဓါတုလှည့်ဖျား (Synthetic Spinel) ဆိုတာကလည်း သဘာဝကို တုပဖို့ ထွက်ပေါ်လာခဲ့ပါတယ်။
ဓာတုဗေဒနည်းနဲ့ ထုတ်လုပ်တဲ့ ပထမဆုံး Synthetic Spinel ကို ၁၈၄၇ခုနှစ်မှာ ပြင်သစ်ဓာတုဗေဒပညာရှင် Jacques -Joseph Ebelmen က ထုတ်လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ကဲ ဒီလောက်ဆို Spinel အကြောင်း တီးမိခေါက်မိလေး သိလောက်ပြီ ထင်ပါရဲ့။

Hmwe's Handicraft & Traditional House မှာတော့ သဘာဝတရားကထွက်ရှိလာတဲ့ စစ်မှန်တဲ့ ကျောက်တွေကိုသာ ရောင်းချပါတယ်လို့ သတင်းကောင်းပါးအပ်ပါတယ်ရှင်😊

ဒီထက်ပိုကျယ်ကျယ်ပြန့်ပြန့်သိချင်ရင် ရှာဖတ်နော်။
ကျွမ်းကျင်သူများ၏ ရေးသားမှုများကို ရှာဖွေဖတ်ရှုပြီး ပြန်လည်ရေးသားထားခြင်း ဖြစ်ပါသည်။

ချစ်ခြင်းများစွာဖြင့် ❤
Hmwe's Handicraft & Traditional House

18/01/2023

ဘိတ်ပုလဲစစ်စစ်ကို ကြွရွကျော့ရှင်းပြီး Luxury ဆန်တဲ့ လည်ဆွဲ၊ ရင်ထိုး Two Way သုံးလို့ရတဲ့အပြင် ခိုင်ခန့်လှပပြီး Luxury Touch ဖြစ်တဲ့ လက်ရာ😍😍😍

အသေကြိုက်လွန်းလို့ အဲ Product အကြောင်း ရေးမယ်လုပ်တိုင်း ရင်ပါတုန်တယ်❤

နောက်ထပ်မရနိုင်တဲ့ Design။၂ မျိုးပဲ ပါတယ်။ တစ်မျိုးကို တစ်ခုပဲ ရမယ်လို့။ မ​ရောင်းရက်လို့ ရောင်းသင့်မရောင်းသင့် စဥ်းစားနေမိတာ အခါ ၁၀၀ ။

သို့ပေမယ့် ထိုက်တဲ့သူရစေရန် တင်ရောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကိုယ်နဲ့ထိုက်ရင်လည်း ကိုယ့်အတွက် ကျန်မှာပေါ့လေ❤

နောက်ရက်မှ တင်မယ်နော်😉 လောလောဆယ် ဥထားတာ😁😊

ကျေနပ်မှုအပေါင်း သရဖူဆောင်းနေတဲ့ ဆိပ်သားနှပ်ဆီပြန်😍နူးအိ့ပြီး အနှစ်တွေအပြည့်နဲ့ ကိုယ့်ဟာကိုယ် ကျေနပ်ပီတိဖြစ်နေရသော 😊😊😊😊အ...
18/01/2023

ကျေနပ်မှုအပေါင်း သရဖူဆောင်းနေတဲ့ ဆိပ်သားနှပ်ဆီပြန်😍

နူးအိ့ပြီး အနှစ်တွေအပြည့်နဲ့ ကိုယ့်ဟာကိုယ် ကျေနပ်ပီတိဖြစ်နေရသော 😊😊😊😊

အချိန်အများကြီးပေးပြီး စိတ်ရှည်ခြင်းနဲ့ ဟင်းအပေါ် စိတ်နှစ်ထားခြင်း ကောင်းမွန်လွန်းတဲ့ ဟင်းတစ်ခွက်ကို ရရှိစေတယ်❤

17/01/2023

ကျွန်မဆီကနေ ဝယ်တဲ့ကျောက်တွေ အားလုံးကို စစ်/မစစ် ကျောက်စစ်ချက်လိုချင်ရင် စစ်ပေးပါတယ်နော်....

ဘယ်နေရာမှာ ဖြစ်ဖြစ် စစ်ချင်လည်း စစ်လို့ရပါတယ်။

ဒါပေမဲ့... စစ်ခကိုတော့ Customer ဘက်က ကျသင့်ပေးရပါမယ်နော် 😊

ချစ်ခြင်းများစွာဖြင့်❤
Hmwe's Handicraft & Traditional House

17/01/2023

နောက်ရက်မှာ သေလောက်အောင်လှတဲ့ ပစ္စည်းတစ်ခု တင်မယ်နော်...

စျေးမပေါဘူး၊ တန်ဖိုးအတန်းတစ်ခုရှိတယ်၊
ဒါပေမဲ့ ကာလပေါက်စျေးထက် သက်သာတဲ့ စျေးနဲ့ရမယ်ရှင့်။

တစ်ခုပဲရမယ့်၊ သေမလောက် ကြွရွနေတဲ့ အဖိုးတန် ရတနာ❤

ရေးနေရင်းနဲ့ ရင်တောင်ခုန်ပါတယ်ဆို😄😊

၆ ယောက်မြောက်ဖြစ်သွားရင်တော့ စိတ်မဆိုးပါနဲ့လို့😑😑😑 Admin ပြောခဲ့တယ်နော် 😐😭😭😭Special Price အစီအစဥ်လေး ပြည့်သွားပြီ 😊 ကျေး...
17/01/2023

၆ ယောက်မြောက်ဖြစ်သွားရင်တော့ စိတ်မဆိုးပါနဲ့လို့😑😑😑 Admin ပြောခဲ့တယ်နော် 😐😭😭😭

Special Price အစီအစဥ်လေး ပြည့်သွားပြီ 😊 ကျေးဇူးတင်ပါတယ်ရှင််🙏

မူရင်းစျေးလေးကလည်း ကျောက်အစစ်လေးကို အမြတ်တနိုးဝတ်လိုသူတွေအတွက် မများဘူးမို့ သုံးပျော်ပါတယ်ရှင့်။

အလှအပအတွက် တစ်ခါသုံးစာတောင် မရှိဘူးမို့ တွက်ကြည့်ရင် တကယ်အသေတန်တယ် 😁

With Love❤
Hmwe's Handicraft & Traditional House

925 နဲ့ ဖန်တီးထားတဲ့ မိုးကုတ်သဘာဝတွင်းထွက်ကျောက်ရိုင်းလေးတွေကို နောက်ပိုင်းဖြည်းဖြည်းချင်း အမျိုးအစားအစုံ ရလာမယ်နော်😊တန်...
17/01/2023

925 နဲ့ ဖန်တီးထားတဲ့ မိုးကုတ်သဘာဝတွင်းထွက်ကျောက်ရိုင်းလေးတွေကို နောက်ပိုင်းဖြည်းဖြည်းချင်း အမျိုးအစားအစုံ ရလာမယ်နော်😊

တန်ဖိုးအရမ်းကြီးတာတွေ မဟုတ်ပေမယ့် စျေးနှုန်းသက်သာ သင့်တင့်စွာနဲ့ ကျောက်အစစ်တွေကို ဝတ်ဆင်နိုင်မှာ ဖြစ်ပါတယ်။ 🌻

925 နဲ့ပဲ ရမှာပါ❤
ပေါ့ပေါ့ပါးပါးနဲ့ ကိုယ်လည်းနိုင်တဲ့စျေးနှုန်းဖြစ်သလို ဝတ်ဆင်သူတွေကိုလည်း ပေါ့ပါးတဲ့စျေးနဲ့ပေးချင်တာ ပါပါတယ်။

နောက်ပိုင်းမှာ Spinel တွေအပြင် မဟူရာ၊ မိုးကုတ်မြ စသဖြင့် ကျောက်အစစ်လေးတွေကို နားကပ်၊ ဆွဲသီးလေးတွေအနေနဲ့ ဝတ်ဆင်နိုင်တော့မှာမို့ Page လေးကို Like and Follow လုပ်ထားဖို့ မမေ့နဲ့နော်။😉

ချစ်ခြင်းများစွာဖြင့် ❤
Hmwe's Handicraft & Traditional House

Address


Website

Alerts

Be the first to know and let us send you an email when Hmwe's Handicraft & Traditional House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share