19/01/2023
ကိုယ့်ဘေးက လူတွေကို သတိထား
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖
တစ်ခါတုန်းက သိုးအုပ်တစ်အုပ်ကြားထဲကို ခြင်္သေ့ပေါက်လေးတစ်ကောင်ဟာ မျက်စိလည် လမ်းမှားပြီး ရောက်သွားတယ်။
ခြင်္သေ့ပေါက်လေးဟာ ဘယ်မှလည်း မသွားတတ်၊ မလာတတ်တာနဲ့ပဲ သိုးအုပ်ကြားထဲမှာပဲ နေဖို့ဆုံးဖြတ်လိုက်တယ်။
အဲ့လိုနဲ့ သိုးတွေကြားထဲမှာ အနေကြာလာတော့ ခြင်္သေပေါက်လေးဟာ သိုးတွေလိုပဲ ပြုမူလာတယ်။
အသား၊ ငါးမစားဘဲ အသီးအရွက်ပဲ စားလာတယ်။
သိုးတွေလိုပဲ တခြားတိရစ္ဆာန်တွေကို ကြောက်တတ်လာတယ်။
သားရဲတစ်ကောင် ဖြစ်နေပေမယ့်လည်း ရင်ဆိုင်တိုက်ခိုက်ရမယ့်အစား ထွက်ပြေးဖို့ကိုပဲ အားသန်လာတော့တယ်။
အဲ့လိုနဲ့ ခြင်္သေ့လေးဟာ အရွယ်ရောက်လာသည့်တိုင်အောင် တခြားခြင်္သေ့တွေလို မပြုမူနိုင်တော့ဘဲ ခြင်္သေ့ညွန့် တုံးသွားတော့တယ်။
တစ်ခါတလေကျရင် ဒီခြင်္သေလေးလိုပဲ သင်လည်း သင့်ဘေးကလူတွေရဲ့ လွှမ်မိုးမှုကြောင့် သင့်ကိုယ်သင် ပျောက်ဆုံးနေတတ်တယ်။ သူတို့သိုးဖြစ်နေတာနဲ့ပဲ ကိုယ်ခြင်္သေ့ဖြစ်တယ်ဆိုတာကို မေ့လျော့သွားတတ်တယ်။
"မဖြစ်နိုင်ဘူးထင်တယ်နော်၊ ဖြစ်မှ ဖြစ်ပါ့မလား၊ ငါတော့ ကြောက်တယ်နော်၊ ငါတော့ မလုပ်ရဲဘူး၊ မရလောက်ပါဘူးကွာ" စတဲ့ဘေးလူတွေရဲ့ စကားတွေမှာ နားယောင်ပြီး တကယ်ကြီးမဖြစ်နိုင်ဘူး ထင်သွားတတ်တယ်။
အမှန်တော့ သူတို့မဖြစ်နိုင်တာပါ။ သင်မဖြစ်နိုင်တာ မဟုတ်ပါဘူး။
သူတို့သိုးဖြစ်တာနဲ့ပဲ ကိုယ်ကပါ သိုးလိုက်ဖြစ်နေစရာမလိုပါဘူး။
ဒါကြောင့် ကိုယ့်ဘေးက လူတွေကို သတိထားပါ။ သင်အောင်မြင်ခြင်း၊ ကျရှုံးခြင်းဟာ သင့်ဘေးက လူတွေရဲ့ လွှမ်းမိုးမှုလည်း အနည်းနဲ့အများ ပါနိုင်တာကြောင့် ကိုယ့်ဘေးမှာ ဘယ်လိုလူတွေနဲ့ ဝန်းရံထားမလဲဆိုတာ ရွေးချယ်တတ်ဖို့ လိုပါတယ်လို့ အသိပေးလိုပါတယ်။