Taungdwingyi update news

  • Home
  • Taungdwingyi update news

Taungdwingyi update news Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Taungdwingyi update news, Tourist Information Center, .

အထက (၁)  တောင်ကျောင်းကြီးတောင်တွင်းကြီးမြို့
27/05/2024

အထက (၁) တောင်ကျောင်းကြီး
တောင်တွင်းကြီးမြို့

ခုချိန် နိုင်ငံရေးနဲ့လူလိုသိသင့်တယ် လေးဂွနဲ့စောင့်နေကြလိမ့်မယ်
27/05/2024

ခုချိန် နိုင်ငံရေးနဲ့လူလိုသိသင့်တယ် လေးဂွနဲ့စောင့်နေကြလိမ့်မယ်

5 လပိုင်း 28 ရက်နေ့ တောင်တွင်းကြီးမြို့နယ်က အမျိုးတွေနဲ့ဆုံကြမယ်နော်😍


#မသိအုံးဟ

တောင်တွင်းကြီးမှာ ပုဂံဘုရားတွေနဲ့ပုံစံတူ ဒီဘုရားကြီးကိုလည်း သိကြလားဗျ။
25/05/2024

တောင်တွင်းကြီးမှာ ပုဂံဘုရားတွေနဲ့ပုံစံတူ ဒီဘုရားကြီးကိုလည်း သိကြလားဗျ။

24/05/2024

ရွှေအိုးရပ်ကွက်က မိုးရွာအောင် လွန်ဆွဲကြတယ်။
ရွှေကြာအင်းရပ်ကွက် ရခိုင်ဘုရားကြီးဈေးရောင်း ပွဲတော်က မိုးမရွာအောင် ရှင်ဥပဂုတ်ပွဲတင်တယ်။လုပ်ကြ လုပ်ကြ၊၊🙃🙃။

ဒါမှဒို့တောင်တွင်းသားကွ 😑

🚨  (၁၀၃) စစ်တပ်မှ စစ်သားများအလင်း၀င်တဲ့ 🚨လက်နက်ချ ခလရ(၁၀၃)တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ဦးကို ဥပဒေနှင့်အညီ ထ...
17/04/2024

🚨 (၁၀၃) စစ်တပ်မှ စစ်သားများအလင်း၀င်တဲ့ 🚨

လက်နက်ချ ခလရ(၁၀၃)တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ဦးကို ဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားဟု KNU အသိပေး

ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ဘိတ် - ထားဝယ်ခရိုင်တပ်မဟာ (၄)ထံသို့ ခလရ(၁၀၃) တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ဦး လက်နက်ချအညံ့ခံခဲ့ရာ ၎င်းတို့အား နိုင်ငံတကာ လက်နက်ချခြင်းဆိုင်ရာ ဥပဒေများနှင့်အညီထိန်းသိမ်း စောင့်ရှောက်ထားကြောင်း KNU ဗဟိုက ယနေ့ အသိပေးသည်။

မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်စခန်းတစ်ခုအား ရုတ်သိမ်းစွန့်ခွာလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)က ယမန်နေ့ (ဧပြီ ၁၅ရက်)တွင် တိုက်ခိုက်ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့ပြီးနောက် တပ်ရင်းမှူး အပါ ၄၈ဦး လက်နက်ချခဲ့ခြင်းဖြစ်သည်။

ခလရ(၁၀၃)တပ်ရင်းထံမှ လက်နက်ချအညံ့ခံသောစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်း ရမိသော လက်နက်ခဲယမ်းများ၏ ဓာတ်ပုံမှတ်တမ်းများကိုလည်း KNU ဗဟိုက ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီတပ်ရင်းထံမှ လက်နက်ကြီး၊ လက်နက်ငယ် (၆၇)လက်သိမ်းဆည်းရမိခဲ့သည်ဟုလည်း အသိပေးသည်။

ခလရ(၁၀၃)တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် ၎င်းတို့တပ်စွဲထားရာ တပ်စခန်းအား စွန့်ခွာပြီး ထီးထာ့ ဗျူဟာသို့ ပြန်လည်ပူးပေါင်းရန် ပြန်လာသည့်လမ်းတွင်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ၆ဦးခန့် သေဆုံးခဲ့ဟု ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ယမန်နေ့တွင် ပြောပြသည်။

" သူ့စခန်းကို ရုတ်သိမ်းပြီးတော့ ထီးထာ့ဗျူဟာကို ပြန်လာမယ်။ ပြန်လာမယ့် အချိန်မှာ ကျနော်တို့ KNLA တပ်မဟာ(၄)က သူတို့ကတိုက်တယ်။ သူတို့က တိုက်မနိုင်တဲ့အတွက်ကြောင့် လက်နက်ချတယ်။ အားလုံး တပ်ရင်းမှူး အပါ ၄၈ယောက်ပေါ့နော်။ လက်နက် ၆၇ လက် ၊ လက်နက်ကြီး အပါ"ဟု ပဒိုစောအယ်နားက ပြောသည်။

KNU တပ်မဟာ(၄) ထားဝယ်ခရိုင်အတွင်း တပ်ရင်းအလိုက် လက်နက်ချသည့်ဖြစ်စဉ် ယခင်က မရှိခဲ့ဘဲ ယခု ပထမဆုံးအကြိမ်ဖြစ်သည်။

( ခလရ(၁၀၃)တပ်ရင်းထံမှ လက်နက်ချအညံ့ခံသောစစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်း ရမိသော လက်နက်ခဲယမ်းများ။ဓာတ်ပုံ - KNU)

ကဲ သူရောက်လာပါပြီ
09/04/2024

ကဲ သူရောက်လာပါပြီ

တောင်တွင်းကြီးမှာ  အရမ်း အေးနေပြီဆို 😜
08/04/2024

တောင်တွင်းကြီးမှာ အရမ်း အေးနေပြီဆို 😜

မကွေးတိုင်းဒေသကြီး၊         တောင်တွင်းကြီးမြို့နယ်ရဲ့၊ အမြင့်ဆုံးအပူချိန်ဖြစ်လာနိုင်တဲ့ရက်တွေကတော့၊ဧပြီလ ၈ရက်နေ့မှ၊ဧပြီလ...
04/04/2024

မကွေးတိုင်းဒေသကြီး၊

တောင်တွင်းကြီးမြို့နယ်ရဲ့၊ အမြင့်ဆုံးအပူချိန်ဖြစ်လာနိုင်တဲ့ရက်တွေကတော့၊ဧပြီလ ၈ရက်နေ့မှ၊ဧပြီလ၁၆ ရက်၁၇ ရက် လောက်ထိစံချိန်တင်မြင့်တက်လာနိုင်ပါတယ်။

အဲတော့ ကျန်းမာရေးအတွက်ပြောရရင် ၊ရေခဲရေ၊အအေးပုလင်းမျိုးစုံ၊ရှောင်ကြပါ ။

မနက်၉ နာရီမှ၊ညနေ ၆ နာရီထိရေမချိုးကြပါနဲ့၊ နေလုံတဲ့အကျီ ဦးထုပ်၊ပွပွအဝတ်စားများ အဖြူရောင်များတဲ့အဝတ်အထည်များ
ဝတ်ဆင်ပေးကြပါ။

အပူစုပ်တဲ့ အနက်ရောင် တတ်နိုင်သမျှရှောင်ကြပါ။

အရက်၊ဘီယာ စသည်တို့လည်း၊ယခုရက်ပိုင်း တတ်နိုင်ရင်လုံးဝရှောင်ကြဉ်ကြပါ။

သက်ကြီးဘိုးဘွားများနဲ့၊ကလေးသူငယ်များ အရိပ်ရ၍လေကောင်းလေသန့် လေသာတဲ့နေရာတွေမှာ၊နေရာချထားပေးပါ။

အားလုံးသောမိတ်ဆွေများ၊ယခုနှစ်နွေရာသီမှာ၊ခလုတ်မထိဆူးမငြိဘဲ၊ကျန်းမာစွာဖြတ်သန်းနိုင်ကြပါစေခင်ဗျာ။

မနေ့က အောက်တိုဘာ ၉ ရက်နေ့ ည ၁၁ နာရီခွဲဝန်းကျင်အချိန်မှာ KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့နားက မုန်လိုင်ခက်စ-စ်ရှောင်စခန်းက...
10/10/2023

မနေ့က အောက်တိုဘာ ၉ ရက်နေ့ ည ၁၁ နာရီခွဲဝန်းကျင်အချိန်မှာ KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့နားက မုန်လိုင်ခက်စ-စ်ရှောင်စခန်းကို စခတွေက လ-က်-နက်-ကြီးပ-စ်တာခံရတယ်။

စ-စ်-ရှောင်-စခန်းဆိုတာ အိမ်လေးတွေ၊ မိသားစုလေးတွေ နေရာကြပ်ကြပ်တည်းတည်းနဲ့ စုပေါင်းပြီး နေကြတဲ့နေရာမျိုးပါ။ ပုံက ကျမ မုန်လိုင်ခက်-စခန်းတနေရာကို နောက်ခံထားရိုက်ထားတဲ့ပုံပါ။ အဲ့လိုပြွတ်သိပ်ပြီးနေကြရပါတယ်။ ဒီလိုနေရာကိုမှ ဧကဝက်ကျော်လောက်ကို ဗုံ-:ဒ-ဏ်ကြောင့် ပြာဖြစ်သွားခဲ့တာပါ။

အိပ်နေကြတဲ့ “ကလေးတွေ၊ အမျိုးသမီးတွေ” အမြောက်အမြားသေတယ်။ မိသားစုလိုက်တွေသေဆုံးကုန်တယ်။ အခု လက်-န-က်-ကြီးကျတဲ့နေရာက နက်လွန်းကျယ်လွန်းတော့ သေဆုံးမှု လူဦးရေမငြိမ်သေး - အခုထိရှာဖွေနေတုန်းပဲ။

သိက္ခာမရှိတဲ့စ-စ်-ခွေးတွေဟာ စ-စ်တိုက်လို့မနိုင်တိုင်း လ-က်-န-က်-မဲ့လူထုရဲ့အသက်ကို အမျက်စောင်းထိုးတယ်၊ ရန်ရှာချင်တယ်။ ကမ္ဘာအယုတ်မာနိုင်ဆုံးဆုကို စ-စ်-ခွေးမသားများနဲ့ ‘လောက်ကြီးလောက်ငယ်’ အပေါင်းအပါများ ထိုက်တန်စွာဆွတ်ခူးရရှိပါတယ်။

အပြစ်မဲ့သူတွေရဲ့ အသက်​သွေးတွေ၊ မျက်ရည်တွေဟာ ပြုသူတွေရဲ့လက်ရှိဘဝနဲ့ နောက်မျိုးဆက်တိုင်းမှာ ငရဲမီးတမျှပူလောင်ကျွမ်းရတဲ့ ပြစ်-ဒ-ဏ်တွေအဖြစ် တန်ပြန်သက်ရောက်ပါစေလို့ ဆုတောင်းပါတယ်။

03/10/2023

တွောင်းကြီးမြို့ ယခုနှစ်ရေကြီးမူ့ဟာ နှစ်ပေါင်း ၆၀ မှာအကြီးမားဆုံး ရေကြီးမူ့ဖစ်ပြီး ရပ်ကွက် ၆ ခုမှာ ရေကြီးမူ့ဒဏ်ခံခဲ့ရပြီး စုစုပေါင်း သိန်းပေါင်း ထောင်ချီ ဆုံးရူံးခဲ့ရ

03/10/2023

#တောင်တွင်းကြီးမြို့မှာ
#နှစ်စဉ်ရေကြီးရေလျှံရခြင်းရဲ့အဓိကအကြောင်းအရင်းများ

၁။ မြို့လယ်မှာဖြတ်သန်းစီးဆင်းနေတဲ့ စက်စက်ယိုချောင်းကြီး တိမ်ကောကျဥ်းမြောင်းနေခြင်း..

၂။ ချောင်းဘေးဝဲယာမှာ ကျူးကျော်နေထိုင်သူများလာခြင်း..

၃။ ချောင်းအတွင်းသို့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ကြခြင်း ..

၄။ နှစ်စဉ် သက်ဆိုင်ရာဌာနများမှ ချောင်းသန့်ရှင်းရေးနဲ့ အမှိုက်ရှင်းလင်းပေးမှုမရှိခြင်း

၅။ ချောင်းနှုတ်ခမ်းစပ်များကို ကြံ့ခိုင်မှုကောင်းအောင် ကျောက်သားတမံများပြုလုပ်ပေးမှု မရှိခြင်း..

၆။ လမ်းဘေးနဲ့ အိမ်ရှေ့ရေစီးမြောင်းများ စနစ်ကျမှုမရှိခြင်း..

တို့ကြောင့် နှစ်စဉ်ချောင်းရေလျှံပြီး ရေတက်၊ ရေတင်မှုတွေ ဖြစ်ပေါ်နေခြင်းဖြစ်ပါတယ်။

#အေကေကေထံမှကူးယူဖော်ပြခြင်းဖစ်သည်

03/10/2023

တောင်တွင်းကြီးမှာ ရေကြီးမူ့ရဲ့ နောက်ဆက်တွဲ သတင်း
---------------------------------------------------------------------------------

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ စက်တင်ဘာ ၂၈ ရက်မှာ မိုးသည်းထန်စွာရွာသွန်းလို့ တောင်ကျရေစီးမှုကြောင့် ရေကြီး၊ ရေလျှံမှုတွေဖြစ်ပွားခဲ့ပြီး လူတဦးသေဆုံးခဲ့ကာ ရပ်ကွက် ၆ ခုက နေအိမ် ၃၀၀၀ ကျော်မှာ ရေဝင်ရောက်မှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

ရေကြီး၊ရေလျှံမှုဖြစ်ပွားနေစဉ် စက်တင်ဘာလ ၂၉ ရက်နေ့ မနက် ၆ နာရီဝန်းကျင်မှာ ရွှေကြာအင်း ၁ ရပ်ကွက်နေ အသက် ၇၂ နှစ်အရွယ် ဦးဟန်အေးဟာ တောင်တွင်း-မကွေးလမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာစဥ် ဖောင်တော်ဦးလမ်းအနီး ရေမြောင်းအတွင်း ဆိုင်ကယ်နဲ့အတူ ပြုတ်ကျသေဆုံးခဲ့တာပါ။

"ပုံမှန်ရေကြီးရင် အလွန်ဆုံး ၂ ပေလောက်ပဲ။ ၅ ပေလောက်အထိ ရေတက်လာတာ။ နှစ်ပေါင်း ၆၀ လောက်မှာ အဆိုးဆုံးရေကြီးမှုပါ။ သေဆုံးသူအလောင်းတော့ ပြန်ရပြီ"

ရေကြီးမှုကြောင့် တောင်ပြင် ၁ ရပ်ကွက်၊၂ ရပ်ကွက်၊ အုန်းတော ၁ ရပ်ကွက်၊ ၂ ရပ်ကွက်တို့မှာ ရေကြီးမှု အဆိုးဆုံးဖြစ်ပေါ်ခဲ့ပြီး ရွှေကြာအင်း ၁ ရပ်ကွက်နဲ့ ၂ ရပ်ကွက်တွေမှာလည်း နေအိမ်အတွင်း ရေဝင်မှုတွေဖြစ်ပေါ်ခဲ့ကာ အဆိုပါ ရပ်ကွက် ၆ ခု အတွင်း နေအိမ်၊ စျေးဆိုင်နဲ့ ကုန်တိုက်တွေရဲ့ပစ္စည်းပျက်စီးဆုံးရှုံးမှုဟာ ကျပ်သိန်းပေါင်းသောင်းချီရှိတယ်လို့လည်း မြို့ခံတွေထံက သိရပါတယ်။

အခုလို ရေကြီးမှုမျိုး အဆိုးဝါးဆုံးဖြစ်လာတာဟာ ချောင်း၊ မြောင်းတွေမှာ အမှိုက်တွေပိတ်ဆို့နေတာ၊ ရေမြောင်းတွေပေါ်ကိုပိတ်ဆို့ပြီး အဆောက်အဦဆောက်တာတွေနဲ့ ချောင်းမြောင်းတွေက တူးဖော်ခြင်းမရှိတာတွေကြောင့် ဖြစ်နိုင်တယ်လို့လည်း မြို့ခံတွေက သုံးသပ်ပါတယ်။

ဒီနေ့ စက်တင်ဘာ ၃၀ ရက် မနက်ပိုင်းမှာတော့ တောင်တွင်းကြီးမြို့ပေါ်မှာ ရေပြန်လည်ကျဆင်းနေပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေ ၃ ပေခန့်ရှိနေသေးတယ်လို့ သိရပါတယ်။

#မြေလတ်အသံသတင်းဌာနမှကူးယူဖော်ပြခြင်းဖစ်သည်
#သတင်း #မကွေး #တောင်တွင်းကြီး #ရေကြီးရေလျှံမှု #လူသေဆုံး #နေအိမ်၃၀၀၀ #ရေဝင်ရောက်မှု
*****************************************

30/09/2023

တောင်တွင်းကြီးမြို့ ယခုနှစ် ရေကြီးမူ့တွင် ရေထဲ လူမျောပါသေဆုံးသည်ထိ ဆိုးဆိုးဝါးဝါးဖစ်လာခဲ့ပါတယ်

30/09/2023

ရေတော့ပြန်ကျသွားပါပြီ သဘာဝဘေး ပြေးမလွတ်ဆိုတဲ့အတိုင်း ဖစ်လာတော့လဲ ရင်ဆိုင်ကြတာပေါ့ အိမ်နီးနားချင်း အချင်းချင်း မြို့ပေါနဲ့ ကျေးလက် အချင်းချင်းလက်တွဲညီညီ ကူညီကြပါ😘

fighting တောင်တွင်းကြီး🤝🤝🤝

30/09/2023

#တောင်တွင်းကြီးမြို့နယ် အတွင်းမှာရှိတဲ့ မော်တော်ဆိုင်ကယ် ပြုပြင်ရေးဆရာများနဲ့ တီဗွီ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ ရေမော်တာ အစရှိတဲ့ လျှပ်စစ်ပစ္စည်းပြင်ဆရာများကို တစ်ခုလောက် မေတ္တာရပ်ခံတောင်းဆိုချင်ပါတယ်ဗျ..

ရေကြီး ရေတင်မှုကို ကြုံတွေ့ခံရတဲ့ မြို့ခံပြည်သူများရဲ့ ဆိုင်ကယ်များနဲ့ လျှပ်စစ်ပစ္စည်းများကို ပြင်ခ (လက်ခ) အတတ်နိုင်ဆုံး၊ အချိုသာနှုန်းထားများဖြင့် စေတနာထားပြီး ပြုပြင်ဆောင်ရွက်ပေးကြဖို့ တောင်းဆိုပါတယ်..

မြို့ခံပြည်သူအားလုံး စီးပွားရေး အခက်အခဲ အကျပ်အတည်းမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ခေတ်ကာလမှာ သဘာဝဘေးပါ မကြုံချင်ဘဲ ကြုံတွေ့ခဲ့ရတာမို့ မိမိတို့ရဲ့ အတတ်ပညာကို နိုင်တဲ့ဘက်က ကုသိုလ်ယူတဲ့သဘောနဲ့ ပုံမှန်ပြုပြင်ခထက် စျေးနှုန်းလျော့ပြီး ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံတောင်းဆိုပါတယ်

#အေကေကေ

တောင်တွင်းကြီးမြို့ ရေကြီးမူ့ အခြေအနေ 😢😢
29/09/2023

တောင်တွင်းကြီးမြို့ ရေကြီးမူ့ အခြေအနေ 😢😢

တောင်တွင်းကြီးမြို့ ရေကြီးမူ့ အခြေအနေ မိဘပြည်သူများလည်း ဘေးရန်ကင်းရှင်းကြပါစေ။ 🙏Photo,
29/09/2023

တောင်တွင်းကြီးမြို့ ရေကြီးမူ့ အခြေအနေ

မိဘပြည်သူများလည်း ဘေးရန်ကင်းရှင်းကြပါစေ။ 🙏

Photo,

တောင်တွင်းကြီးမြို့ ရွှေမော်ဓောစာသင်တိုက်ကျောင်းအတွင်းပိုင်ထဲထိ ရေများဝင်ရောက်လာ။စာသင်သားကိုရင်များ၏ စာအုပ်စာတန်းများနှင...
29/09/2023

တောင်တွင်းကြီးမြို့ ရွှေမော်ဓောစာသင်တိုက်ကျောင်းအတွင်းပိုင်ထဲထိ ရေများဝင်ရောက်လာ။စာသင်သားကိုရင်များ၏ စာအုပ်စာတန်းများနှင့်အသုံးအဆောင်များနစ်မြုပ်

မကွေးမြို့ပေါ်မှာ စစ်ကားဗုံးခွဲခံရပြီး ထိခိုက်မှုတွေရှိစက်တင်ဘာ၂၄၊ The Nation Voiceမင်းခန့်မကွေးတိုင်း၊ မကွေးမြို့မှာ ကင...
27/09/2023

မကွေးမြို့ပေါ်မှာ စစ်ကားဗုံးခွဲခံရပြီး ထိခိုက်မှုတွေရှိ

စက်တင်ဘာ၂၄၊ The Nation Voice
မင်းခန့်

မကွေးတိုင်း၊ မကွေးမြို့မှာ ကင်းပတ်နေတဲ့စစ်ကားကို အနီးကပ်ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့မကွေးခရိုင်အမှတ်၂ တပ်ရင်း တောင်တွင်းကြီးတပ်ခွဲဆီက သိရပါတယ်။

မနေ့က ညနေ ၇နာရီ၃၀လောက်မှာ မကွေးမြို့ အထက(၁)လမ်းနဲ့မြို့ပတ်လမ်းထောင့်က မီးပွိုင့်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ကင်းပတ်နေတဲ့စစ်ကားကို အနီးကပ်ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

"ကင်းပတ်တဲ့ကား ရပ်နေကျနေရာမှာ လူတွေဆင်းအလာ အတိအကျ ခွဲလိုက်တာ။ မိုင်းနဲ့ ငါးပေလောက်အကွာအဝေးမှာ အခွဲခံရတာ။ မိုင်းက၂လုံးခွဲတာ၁လုံးပဲကွဲတယ်"လို့ မကွေးခရိုင်အမှတ်၂တပ်ရင်းတောင်တွင်းကြီးတပ်ခွဲက သတင်းပြန်ကြားတာဝန်ခံ ရဲဘော်ဒေါင်းပျံက The Nation Voiceကို ပြောပါတယ်။

ဒါ့အပြင် စစ်ကားဗုံးခွဲခံရပြီးချိန်မှာ လူနာတင်ကားတွေနဲ့လာသယ်သွားတာကြောင့် သေဆုံးမှုရှိနိုင်တယ်လို့လည်း မကွေးဒေသခံတစ်ဦးကပြောပါတယ်။

" အသံအကျယ်ကြီးတော့ကြားတယ်။ အရေးပေါ်လူနာတင်ယာဉ်တွေ လာပီးတင်သွားတာတော့ မြင်လိုက်တယ်တဲ့။ သေမသေတော့အတိအကျမသိဘူး။ မှောင်တာနဲ့ ညတိုင်းလိိုလို တက္ကသိုလ်ရှေ့မှာစစ်တယ်။ အဲ့လိုစစ်ဆေးနေတဲ့အထဲကဖြစ်သွားတာ"လို့ မကွေးဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် မကွေးမြို့မှာ အခုရက်ပိုင်းအတွင်းနေ့လယ်ဘက်တွေပါ အာဏာသိမ်းစစ်တပ်ဘက်က စစ်ဆေးရေးတင်းကြပ်ပြီး ကင်းလှည့်နေတဲ့ကြားက အခုလိုတိုက်ခိုက်ခံရတာဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

မနေ့ က တစ်ရက်ထဲမှာပဲမကွေးတိုင်း အောင်လံမြို့ (ကပစ) ၁၅တပ်ကို ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်တာ၊ ချောက်မြို့က မြို့မရဲစခန်းကို လက်ပစ်ဗုံးနဲ့တိုက်ခိုက်တာ စတဲ့စစ်ဆင်ရေးတွေကို မကွေးခရိုင် အမှတ် (၂)တပ်ရင်း တောင်တွင်းကြီးတပ်ခွဲနဲ့အတူ ဒေသခံတပ်တွေ ပူးပေါင်းပြီးလုပ်ဆောင်ခဲ့တယ်လို့လည်းသိရပါတယ်။

21/09/2023

အိမ်ကြောက်လို့ ဘွဲ့ယူချင်လို့ အလုပ်ရချင်လို့
အကြောင်းပြချက်အမျိုးမျိုးနဲ့ တက္ကသိုလ်ပြန်တက်
ကျောင်းပြန်တက်တာ မင်းတို့ကိစ္စမို့ ဘာမှမပြောလိုပေမဲ့

Examဖြေဖို့ စာမရသေးတာဆိုတာကြီးကို
ဟာသတွေလုပ် Poppinတွေလုပ်ပြီး မတင်ပါနဲ့ကွာ
ငါ့သူငယ်ချင်းတချို့ အထဲကတောင်မလွတ်သေးဘူး ။

21/09/2023

မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်

တောင်တွင်းကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မကွေးခရိုင် အမှတ် ၂ တပ်ရင်း အခြေခံစစ်သင်တန်းအပတ်စဥ်(၂) လေ့ကျင့်ရေးနှင...
17/09/2023

တောင်တွင်းကြီးမြို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)
မကွေးခရိုင် အမှတ် ၂ တပ်ရင်း
အခြေခံစစ်သင်တန်းအပတ်စဥ်(၂)
လေ့ကျင့်ရေးနှင့်စစ်ဆင်ရေးလေ့ကျင်ပြင်ဆင်နေမှု မှတ်တမ်းပုံရိပ်များ

မကွေးခရိုင်အမှတ်၂ တပ်ရင်း

ဗိဿနိုးဆိုတာပန်ထွာရဲ့ နန်း။သူ့တိုင်းပြည် သူအုပ်ချုပ်မင်းလုပ်စံမြန်း။ ။ဗိဿနိုးဆိုတာမြန်မာရဲ့ ရှေ့ပြေး။ပျူခေတ်တွင် တမူထူးတ...
15/09/2023

ဗိဿနိုးဆိုတာ
ပန်ထွာရဲ့ နန်း။
သူ့တိုင်းပြည် သူအုပ်ချုပ်
မင်းလုပ်စံမြန်း။ ။

ဗိဿနိုးဆိုတာ
မြန်မာရဲ့ ရှေ့ပြေး။
ပျူခေတ်တွင် တမူထူးတဲ့
ဘီလူးမသွေး။ ။

ဗိဿနိုးဆိုတာ
ပန်ထွာရဲ့ အလှ။
မြို့ရိုးတွေ အထပ်ထပ်နဲ့
စစ်တပ်တွေချ။ ။

အတုလစည်
ဗိဿနိုးပြည် ရှိထား။
ရန်သူကို သူချေဖျက်
ပြည်တွက်အင်အား။ ။

ရန်ပယ်
အမှန်ကယ်တဲ့ချောင်း။
စည်တော်သံ သူနားစွင့်
ဖွင့်ချရေကြောင်း။ ။

ဗိဿနိုးပြည်မှာ
အနုလက်ရာ ထင်ကျော်ကြား။
ပျူသုံးတွင် မမီပါ့
နုလှတရား။ ။

ညီမင်းတိုက်(ပညာရေး၊တောင်တွင်း)

15/09/2023

သမိုင်းဆိုတာ
အနစ်နာခံခဲ့သူတွေရဲ့
ပန်းချီ တစ်ချပ်ပဲ

အနစ်နာခံမှု မပါပဲ
သမိုင်းတွင်ချင်လို့

ဘာသာရေးထ လုပ်ရင်တောင်
လေးစားခံမှု ဘယ်သူဆီက
ရမှာမဟုတ်ဖူး

စွန့်လွှတ် ၊ အနစ်နာခံတဲ့ပုဂ္ဂိုလ်တွေပဲ
သမိုင်းမှာ လှကျန်ရစ်ခဲ့မှာ

ရှေးယခင် တောင်တွင်းကြီးကို ထီးနန်းစိုးစံခဲ့သည့် (၄၁)ဦးသော မင်းကောင်းမင်းမြတ်များ... #တောင်တွင်းကြီးကိုပထမအကြိမ်တည်ထောင်...
06/09/2023

ရှေးယခင် တောင်တွင်းကြီးကို ထီးနန်းစိုးစံခဲ့သည့် (၄၁)ဦးသော မင်းကောင်းမင်းမြတ်များ...

#တောင်တွင်းကြီးကိုပထမအကြိမ်တည်ထောင်ခဲ့သောမင်းများပုဏ္ဏဝတီခေတ်
သာဂရမင်း၊ သာနရမင်း၊ သာရထွတ်မင်း၊ ပိတ်ပြောင်မင်း၊ ပိတ်ရောင်မင်း၊ သံတောင်မင်း၊ ဉတ္တသူမင်း၊ ဉတ္တကျော်မင်း၊ သတိုးပြောင်မင်း။

#တောင်တွင်းကြီးကိုဒုတိယအကြိမ်တည်ထောင်ခဲ့သောမင်းဗိဿနိုးပျူခေတ်
ပန်ထွာမင်းသမီး။

#တောင်တွင်းကြီးကိုတတိယအကြိမ်တည်ထောင်ခဲ့သောမင်းများတောင်တွင်းကြီးခေတ်
မင်းပြောင်မင်း၊ မင်းရောင်မင်း၊ မင်းနောင်မင်း၊ မင်းနဂါးမင်း၊ မင်းစောမြေး၊ မင်းရဲငယ်၊ နရပတိ(ခ)မင်းကလေး၊ သီဟပတေ့ငယ်၊ သုဝီရမင်း၊ ရာဇဗလမင်း(ခ)သက်တော်ရှည်မင်း၊ ဆင်ဖြူရှင်မင်းကြီး၊ ကျော်စွာမင်း၊ ဆင်ဖြူရှင်ငယ်၊ မင်းခေါင်ငယ်၊ ဒုတိယဆင်ဖြူရှင်ငယ်၊ စည်သူမင်း၊ ဝန်တော်ကဲမင်း၊ သီဟပတေ့မင်း(ရမည်းသင်းမြို့စား)။

#တောင်တွင်းကြီးကိုစတုတ္ထအကြိမ်တည်ထောင်ခဲ့သောမင်းများ
သီရိဇေယျသူမင်း၊ သင်္ခယာငယ်မင်း၊ မင်းစန္ဒာ၊ ဇေယျသူမင်း။

#တောင်တွင်းကြီးကိုပဉ္စမအကြိမ်တည်ထောင်ခဲ့သောမင်းများ
မဟာသီဟပတေ့ကျော်(ခ)သီဟပတေ့မင်းကြီး၊ ဒုတိယသီဟပတေ့ငယ်မင်း(ခ)စောပြည့်လုံး၊ သိင်္ခစောနောင်မင်း၊ သိင်္ခသူနောင်မင်း။

#တောင်တွင်းကြီးကိုဆဌမအကြိမ်တည်ထောင်ခဲ့သောမင်းများ
ဇေယျကျော်ထင်မင်း၊ သီဟသူရမင်း၊ သီဟသူစောနောင်မင်း၊ စည်သူကျော်မင်း။

#တောင်တွင်းကြီးကိုသတ္တမအကြိမ်တည်ထောင်ခဲ့သောနောက်ဆုံးမင်း
မဟာဇေယျတရာဇ်မင်း

တောင်တွင်းကြီးကို သက်တမ်းအကြာဆုံး ထီးနန်းစိုးခဲ့တဲ့မင်းမှာ ဉတ္တကျော်မင်း- နှစ်ပေါင်း(၇၀)မင်းပြုအုပ်ချုပ်ခဲ့ကြောင်း၊ အသက်အရှည်ဆုံးမင်းမှာ သာဂရမင်း- သက်တော်(၁၀၇)နှစ် ဖြစ်ကြောင်း သမိုင်းမှတ်တမ်းများမှ သိရပါတယ်။

#ဇေယျာဝဍ္ဎနပုဏ္ဏဝတီရမ္မာဝတီရတနာတင်းတိမ်ဒုဋ္ဌပူရတောင်တွင်းကြီးပြည်မြတ်

ဒုဋ္ဌပူရ အမည်မှာ ပန်ထွာမင်းသမီးအုပ်ချုပ်ခဲ့တဲ့ ဗိဿနိုးမြို့ဟောင်းကို မင်းပြောင်မင်း က အမည်သမုတ်ခဲ့ပြီး တောင်တွင်းကြီးရဲ့ အရန်မြို့အဖြစ် သတ်မှတ်ခဲ့တာလို့ တောင်တွင်းကြီးသမိုင်းမှာ ဖေါ်ပြထားပါတယ် ။

31/08/2023

မုဆိုးမ အမေအိုကြီး ထွန်းတဲ့မီးက၂၄နာရီလင်းတယ်
ထဘီကို ပုဆိုး လုပ်ဝတ်တဲ့ ကောင်တွေနဲ့မှ မီး ကိုမမြင်ရတော့တာ
✅✅✅

29/08/2023

လူတွေက စော်ကားလို့ရတဲ့သူတွေကိုပဲ
စော်ကားတာ။
ကိုယ့်ကို ပြဿနာရှာရင်
သူတို့ ပိုပြဿနာဖြစ်မည့်သူတွေကို
စော်ကားဖို့ ဝန်လေးတတ်ကြတယ်။
ငါပြန်ခံရမယ်ဆိုတာ သိတာကိုး။

ဒါကြောင့် ကိုယ့်အချစ်ဆုံး
အရင်းနှီးဆုံးသူတွေကိုသည်းခံ။
သူစိမ်းတွေက ကိုယ့်အရင်းအနှီးဆုံးသူတွေကို
စော်ကားတာ မခံနဲ့။

မခံနဲ့ဆိုတာ ချက်ချင်းတုန့်ပြန်တာကို
ပြောတာမဟုတ်ဘူး။

တစ်ခုခုဆို ရေးမှတ်ထား။
ချင်ချင်းမတုန့်ပြန်နဲ့အုံး။
တစ်ကွေ့မှာ ပြန်ကြုံတဲ့အခါမှ
သင်ခန်းစာပြန်ပေး။

လူတွေဘာလို့ ခဏခဏအစော်ကားခံရလဲဆို
မေ့ပြီး စိတ်မှတ်မရှိကြလွန်းလို့။
ဒါကို ခွင့်လွတ်တယ်ဆိုတဲ့ ခေါင်းစဥ်တပ်လိုက်တယ်။

ဒီတော့ ကိုယ့်ထက်အင်အားကြီးတဲ့ရန်သူရဲ့
စော်ကားတာ အကြိမ်ကြိမ်ခံရတယ်။

ဘဝဆိုတာ မေတ္တာတရားတစ်ခုတည်းနဲ့
လည်ပတ်နေတာမှမဟုတ်တာ။

ကိုယ်နဲ့ ကိုယ့်ချစ်တဲ့သူတွေကိုကာကွယ်ဖို့လိုတယ်။
အသားလွတ် စော်ကားတာ ခေါင်းငုံ့မခံနဲ့။

Phyo Paing @ Derek

Elite ခရီးသည်တင်ယာဥ် ဝင်တိုက်လို့ လမ်းဖြတ်ကူးသူ အမျိုးသမီး သေဆုံးမကွေး၊ ဩဂုတ် ၂၈၊ ၂၀၂၃။မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်...
28/08/2023

Elite ခရီးသည်တင်ယာဥ် ဝင်တိုက်လို့ လမ်းဖြတ်ကူးသူ အမျိုးသမီး သေဆုံး

မကွေး၊ ဩဂုတ် ၂၈၊ ၂၀၂၃။

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မကွေး-ကံပြား-နေပြည်တော်သွားကားလမ်း၊ ကျစ်စုံပွေးကျေးရွာနဲ့ ဖိုကုန်းကျေးရွာကြားမှာ လမ်းဖြတ်ကူးသူ အမျိုးသမီးကို Elite ခရီးသည်တင်ယာဥ်က ဝင်တိုက်မိလို့ သေဆုံးသွားတယ်လို့ ဒေသလူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။

ဩဂုတ် ၂၈ ရက် မနက် ၉ နာရီကျော်ခန့်မှာ မကွေးကနေ နေပြည်တော်ကို သွားမယ့် ELite ခရီးသည်တင်ယာဥ်ဟာ လမ်းအတိုင်းမောင်းလာချိန် ဖြစ်စဥ်နေရာအရောက်မှာ လမ်းဖြတ်ကူးနေသူ အသက် ၃၃ နှစ်ရွယ် မကေသီကို ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။

မကေသီဟာ မင်းဘူးမြို့နယ်၊ လေးအိမ်တန်းရွာမှာ နေထိုင်သူတဦးဖြစ်တယ်လို့ သိရပါတယ်။

"အမျိုးသမီးက ဒီကဒေသခံ မဟုတ်ဘူး။ မင်းဘူးဘက်ကနေ ဒီကယာထဲမှာ ပေါင်းနုတ်လုပ်ဖို့အတွက် မနေ့ကမှ ရောက်လာတာ။ ခုဖြစ်တဲ့အချိန်မှာလည်း သူက ယာထဲအလုပ်လုပ်နေရာကနေ အပေါ့သွားဖို့ဆိုပြီး လမ်းဖြတ်ကူးရာမှာ ကားကဝင်တိုက်သွားတာ" လို့ ဒေသလူမှုကူညီရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ကားတိုက်ခံရတာကြောင့် အဆိုပါ အမျိုးသမီးဟာ ဦးခေါင်းနဲ့ခန္ဓာကိုယ်တွေမှာ ဒဏ်ရာရပြီး နေရာမှာပဲ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ယာဥ်တိုက်မှုကြောင့်သေဆုံးသွားတဲ့ အမျိုးသမီး အလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက မကွေးဆေးရုံကို သယ်ဆောင်သွားပြီး ယာဥ်မောင်းကိုတော့ ရဲအဖွဲ့တွေက ရဲစခန်းကိုခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

မေလ ၁၂ ရက် ည ၉ နာရီခန့်ကလည်း မကွေးမြို့၊ ဧရာဝတီတံတား(မကွေး) P.13 နားမှာ ဆိုင်ကယ်ရပ်ပြီး အတူရှိနေတဲ့ စုံတွဲကို မကွေးဘက်ကခြမ်းက မောင်းလာတဲ့ ၁၂ ဘီး ကုန်တင်ယာဥ်က ဝင်တိုက်ခဲ့လို့ ၂ ဦးစလုံးနေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သတင်း - ကျော်ကြီး၊ စာတည်း - လင်းဇေ

#မြေလတ်အသံ
#မကွေးတိုင်းဒေသကြီး #မကွေးမြို့နယ် #ယာဉ်တိုက်မှု #ကျစ်စုံပွေးကျေးရွာ #သေဆုံး #သတင်း
*****************************************

28/08/2023

ဘုရားပွင့်ဖို့ အချိန်စောင့်ရသလို

ဒေဝဒတ်မြေမြိုဖို့လည်း
အချိန်စောင့်ရတာပဲ

#အမည်မသိစာဆို

28/08/2023

တောင်တွင်းကြီးမြို့ လေ့ကျင့်ရေး (၇) စစ်တပ်မှ ကျင်းပမည့် ကျေးရွာပေါင်းစုံ ဘော်လုံပွဲမှာ ပါဝင်ကြမည့် ကျေးရွာများ စာရင်း
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ရွာသာ
ငမင်
ငွေဘို
ချောက်ကြား
ရွာသစ်
ပန်းသွင်းကြီး
ပင်ညွှန့်
ကျွဲဖြူကန်

စစ်တပ်အလိုကြ ပါဝင်ခဲ့ကြတဲ့ ကျေးရွာများဖစ်ပါသည် ကျေးရွာသူ/ရွာသား များအနေဖြင့် အထိုပါပွဲသို့ စစ်တပ်အလိုကျ သွားရောက်အားပေးခြင်း မပြုကြရန်အသိပေးအပ်ပါ တယ်

Address


Website

Alerts

Be the first to know and let us send you an email when Taungdwingyi update news posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share