
23/03/2024
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှ အသိပေးပန်ကြားချက်
***Passport ရုံး website မှကူးယူဖော်ပြပါသည်။
www.passport.gov.mm
ပြည်သူများအားအသိပေးပန်ကြားချက် (19-03-2024)
မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့အနေဖြင့် နိုင်ငံကူးလက်မှတ်များအား ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး နှင့် ပုသိမ် ရုံးတို့တွင် Online Appiontment System စနစ်ဖြင့် လည်းကောင်း၊ ကျန်ရုံးခွဲများတွင် လူတန်းစီစနစ်ဖြင့်လည်းကောင်း လုပ်ငန်းစဉ်အတိုင်းစိစစ်၍ ဆောင်ရွက် ပေးလျက်ရှိပါသည်။
ယင်းသို့ဆောင်ရွက်ပေးရာတွင် နိုင်ငံသား ဟုတ်/ မဟုတ် စိစစ်နိုင်ရန် ၂၂-၄-၂၀၂၄ ရက်နေ့မှ စ၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ စိစစ်ထုတ်ပေးထားသော UID နံပါတ် ထုတ်ပေးထားကြောင်း အထောက်အထားလက်မှတ်များ ယူဆောင်လာကြပါရန်နှင့် ၎င်းအထောက်အထား လက်မှတ်မပါရှိသော လျှောက်ထားသူများအား စာအုပ်ထုတ်ယူရမည့် (၁၀) ရက်အတွင်း သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတွင် အမြန်ဆုံးဆောင်ရွက်ကြပါရန်နှင့် UID နံပါတ် ထုတ်ပေးထားကြောင်း အထောက်အထားလက်မှတ် မပါရှိသူများကို နိုင်ငံကူးလက်မှတ်စာအုပ် ထုတ်ပေးမည် မဟုတ်ပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။
🏫 Office address:No.29,Ground floor,44th street,Botahtaung Township,Yangon,Myanmar
☎ Hot line: 09777982975,09945110999
[email protected] ရုံးချိန်အတွင်း ဆက်သွယ်နိင်ပါတယ်ရှင်။