Global Nice House Travel&tour Co,ltd
  • Home
  • Global Nice House Travel&tour Co,ltd
Global Nice House Travel&tour Co,ltd Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Global Nice House Travel&tour Co,ltd, Travel Company, .
(2)
အွမ္မရာ visa $250ဝန်းကျင်+မက္ကာဟ် မဒီနာ ဟိုတယ် ကြိုက်တယ့်ဟိုတယ်တည်း ကျသလောက်ပဲရှင်း နှင့်လေယာဥ်လက်မှတ် ေလေကြာင်းလိုင်း အ...
17/09/2022
အွမ္မရာ visa $250ဝန်းကျင်+မက္ကာဟ် မဒီနာ ဟိုတယ် ကြိုက်တယ့်ဟိုတယ်တည်း ကျသလောက်ပဲရှင်း နှင့်
လေယာဥ်လက်မှတ် ေလေကြာင်းလိုင်း အပေါ်မှုတည်ပြီး ကြိုတင်စောစောဝယ်လေ သက်သာတယ့်စျေးနဲ့ အထူးဝင်ဆောင်မှု့ပေးနေပါကြောင်းအသိပေးကြေငြာအပ်ပါသည်😅
💜💖💖မကြာခင် ဆော်ဒီမှာ ဟာဂျီတွေနဲ့ ပြန်လည်စည်းကားတော့မှာပါ💜💖🤲🇸🇦💞 Saudi Hajj နှင့် Umrah ၀န်ကြီးဌာနမှ 1443 Umrah နှင့်ပတ်သက...
07/08/2021
💜💖💖မကြာခင် ဆော်ဒီမှာ ဟာဂျီတွေနဲ့ ပြန်လည်စည်းကားတော့မှာပါ💜💖🤲
🇸🇦💞 Saudi Hajj နှင့် Umrah ၀န်ကြီးဌာနမှ 1443 Umrah နှင့်ပတ်သက်၍ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်📢
✅August (9 )တနင်္လာနေ့မှ စတင်၍ဆော်ဒီ ပြည်တွင်း Umrah လုပ်ခွင့် ကို နေ့စဉ်လူဦးရေ ( ၆၀၀၀၀ )သို့တိုးမြှင့်လိုက်ပါတယ်။
✅လစဉ် Umrah လူဦးရေကိုလဲ( ၂ )သန်းခွင့်ပြုလိုက်ပါတယ်။
✅- ယခုနှစ်(၁၄၄၃) Umrah လူဦးရေ ကန့်သတ်ချက်မရှိပါ။
✅Umrah လာမယ့်သူတွေ COVID -19 Vaccines 💉💉💉ကြိုတင် ထိုးထားရမှာဖြစ်ပါတယ်
✅Eatmarna App (သို့) Tawakalana App မှတဆင့် Rawdah ,Masjid Nabawi ဇေယာရာသ်နှင့် Masjid Al Haram တွင် နမာဇ်ဖတ်ခွင့် နှင့်Umrah ခွင့်ပြုချက်၊အားကြိုတင်ယူထားရပါမယ်။
-✅ အသက် ၁၈ နှစ်အောက်ကလေးများကို Haramain Sharifain ထဲသို့ ၀င်ခွင့်မပြုပါသေးပါ။
တနင်္လာနေ့ မှစ၍ နိုင်ငံတကာမှ Umrah Haji များကို စတင်လက်ခံနေပြီဖြစ်ပါတယ်🤲💜💖
2021 နှစ်သစ်အချိန်အခါသမယမှာ မြန်မာနိုင်ငံသူ နိုင်ငံသားများ ကမ္ဘာသူကမ္ဘာသားများအားလုံး နှစ်သစ်မှာ ကံကောင်းခြင်း|ကျန်းမာခြ...
31/12/2020
2021 နှစ်သစ်အချိန်အခါသမယမှာ မြန်မာနိုင်ငံသူ နိုင်ငံသားများ ကမ္ဘာသူကမ္ဘာသားများအားလုံး နှစ်သစ်မှာ ကံကောင်းခြင်း|ကျန်းမာခြင်း |ချမ်းသာခြင်း |ပျော်ရွှင်ခြင်း|မင်္ဂလာအပေါင်းနှင့်ပြည်စုံနိုင်ကြပါစ|စီးပွားလာဘ်လာဘများ တိုးတတ်ကြပါစေကြောင်းနှင့် COVID ရောဂါနှင့်ကပ်ရောဂါများပျောက်ကင်းပါစေလို့
YANGON LUCKY GROUP မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်
㊗️大家新年快乐🎉🎉大吉大利[福][福]万事顺意[福][福]
Ko Myo Kaung Myat KyawKyawThan Tun
YANGON LUCKY Construction Co.,Ltd.
&HomeDecoration_Co,Ltd
&Tours Co,Ltd
Myanmar Yangon Lucky Jewellery & Jade Co,Ltd
သာယာချမ်း​မြေ့ဖွယ်​ အီးဒ်​​နေ့ အခါသမယဖြစ်​ပါ​စေ-(အီးဒ်​ မုဘာရသ်​ - EID Mubarak) - ၂၄.၅.၂၀၂၀ ရက်​​နေ့တွင်​ ကျ​ရောက်​သည်​...
23/05/2020
သာယာချမ်း​မြေ့ဖွယ်​ အီးဒ်​​နေ့ အခါသမယဖြစ်​ပါ​စေ
-
(အီးဒ်​ မုဘာရသ်​ - EID Mubarak)
-
၂၄.၅.၂၀၂၀ ရက်​​နေ့တွင်​ ကျ​ရောက်​သည့်​ အစ္စလာမ်​ဘာသာဝင်​များ၏ အီးဒ်​ဒု​ဖေသွိရ်​ -ဝါကျွတ်​ အီးဒ်​ပွဲ​တော်
အခါသမယတွင်​ ကမ္ဘာနှင့်​အဝှမ်း သာယာချမ်း​မြေ့ပါ​စေ​ကြောင်း ဆု​တောင်း​မေတ္တာပို့သအပ်​ပါသည်​။
-
COVID-19 ​ရောဂါကပ်​ဆိုးကြီးလည်း ဤကမ္ဘာ​မြေမှ လွှင့်​စင်​သွားပြီး လက်​ရှိခံစား​နေရသည့်​ လူမှုဒုက္ခအဖြာဖြာ အခက်​အခဲများလည်း ​အမြန်​ဆုံး​ကျော်​ဖြတ်​ပ​ပျောက်​နိုင်​ပါ​စေ​ကြောင်း ဆန္ဒပြုအပ်​ပါသည်​။
-
အီးဒ်ပွဲတော်များ၏ သုခမင်္ဂလာအရိပ်အောက်၌ ကူညီရိုင်းပင်​မှု၊ စာနာ ထောက်ထားခြင်း၊ စည်းလုံးညီညွတ်ခြင်းတို့ဖြင့်
တောက်ပသော အနာဂတ်များ၊ ကံကောင်းခြင်းများ၊
သန္တီသုခ ငြိမ်း​အေးခြင်းများ နှင့် အောင်မြင်မှုများ
ပိုင်ဆိုင်နိုင်ကြပါစေ။
-
(​ပျော်​ရွှင်​ဖွယ်​ EID ​နေ့ အခါသမယဖြစ်​ပါ​စေ 🙂 )
-
YANGON LUCKY OF COMPANIES
၂၀၂၀ခုနှစ်​၊ ​မေလ(၂၃)ရက်​​နေ့
ဟစ်​ဂျရီ(၁၄၄၁)ခုနှစ်​၊ ​ရှောင်​ဝလ်​လ(၁)ရက်​​နေ့
သတင်းကောင်း မကြာမီ မက္ကာမြို့ကြီး ပြန်လည်သက်ဝင် လှုပ်ရှား လာလိမ့်မည်
29/04/2020
သတင်းကောင်း
မကြာမီ
မက္ကာမြို့ကြီး ပြန်လည်သက်ဝင် လှုပ်ရှား လာလိမ့်မည်
 &Toursနှင့်ကမ္ဘာအနှံ့ခရီးသွားဖို့ဖိတ်ခေါ်ပါတယ်😅  &Europe Trip
17/02/2020
&Toursနှင့်ကမ္ဘာအနှံ့ခရီးသွားဖို့ဖိတ်ခေါ်ပါတယ်😅
&Europe Trip
 !😊 #မင်္ဂလာရှိသောနစ်သစ်မင်္ဂလာဖြစ်ပါစေ
31/12/2019
!😊
#မင်္ဂလာရှိသောနစ်သစ်မင်္ဂလာဖြစ်ပါစေ
 #ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြ့ကြပါစေ😅
11/11/2019
#ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြ့ကြပါစေ😅
အမေရိကန် ပတ်စပို့ပေါ်က သိမ်းငှက်ရဲ့ အဓိပာယ်ဆိုတာက———————————————-တစ်ခါတုန်းက သိန်းငှက်မ တစ်ကောင် ရှိတယ်။သူမဟာ ဥ ဥ ဖို့အတွ...
03/11/2019
အမေရိကန် ပတ်စပို့ပေါ်က သိမ်းငှက်ရဲ့ အဓိပာယ်ဆိုတာက
———————————————-
တစ်ခါတုန်းက သိန်းငှက်မ တစ်ကောင် ရှိတယ်။
သူမဟာ ဥ ဥ ဖို့အတွက် တောင်ပေါ် မှာ
ပေါက်တဲ့သစ်ပင်ရှာတယ်။
အဲဒီသစ်ပင်ထဲမှာတောင် အမြင့်ဆုံး
သစ်ပင်ပေါ်မှာ အသိုက်ကိုဆောက်တယ်။
ပထမတော့ အသိုက်ကို ကြီးတဲ့ သစ်ကိုင်းသစ်ခက်တွေ
နဲ့ ဆောက်လုပ်ပါတယ်။
အဲဒီအထဲမှာ သစ်ရွက်ခြောက်တွေ ထည့်တယ်။
နောက်တော့မှာ သူမရဲ့ အမွှေးနုတွေကို
နူတ်သီးနဲ့ ဆွဲနူတ်ပြီး ထည့်တယ်။
နောက်တော့ အဲဒီအပေါ်မှာ ဥကို ဥလိုက်ပါတယ်။
ဥက မျာများ မဥပါဘူး။ တစ်လုံး နှစ်လုံးပါပဲ။
အဲဒီဥပေါ်မှာ သိန်းငှက်မကြီးက ဝပ်တယ်။
###xx
အချိန်တန်တော့လည်း ဥထဲက
သိန်းငှက်ကလေးတွေ ပေါက်လာတယ်။
သိန်းငှက်မကြီး ငယ်သေးတဲ့ သိန်းငှက်ကလေးတွေအတွက်
အစာရှာကျွေးပါတယ်။
သိန်းငှက်ကလေးတွေ အမွှေးနုတွေ ထွက်လာပြီးဆိုရင်
သိန်းငှက်မကြီးက အသိုက်ထဲမှာရှိတဲ့ အမွှေးနုတွေကို
ဖယ်ရှားပစ်တယ်။
###xx
နောက်မကြာခင်မှာပဲ သိန်းငှက်ကလေးတွေရဲ့ အမွှေးတွေ
ရှည်လာရင် သိန်းငှက်မကြီးက သစ်ရွက်ခြောက်တွေ
ဖယ်ရှားပစ်လိုက်တယ်။
သဘောကတော့ ကြမ်းတမ်းတဲ့သစ်ကိုင်းသစ်ခက်တွေရဲ့ အထိအတွေ့နဲ့�ကြီးပြင်းစေချင်လို့ပါ…။
###xx
နောက်မကြာခင်မှာပဲ သိန်းငှက်ကလေးတွေရဲ့
အတောင်ပံတွေက
ရှည်သထက် ရှည်လာတယ်။ ပျံသန်းလို့ ရနိုင်တဲ့ အချိန်ကို
ရောက်ပြီးလို့ သိန်းငှက်မကြီးက ယူဆတဲ့အချိန်မှာ
သိန်းငှက်ကလေးတွေကို အသိုက်ထဲက တွန်းချလိုက်တယ်။
သိန်းငှက်ကလေးတွေက ယက်ကန်၊ယက်ကန်နဲ့
တောင်ပေါ် အသိုက်ထဲက ပြုတ်ကျသွားတယ်။
မပျံနိုင်သေးဘူးလို့ ထင်ရင်
သိန်းငှက်မက အသိုက်ထဲကို ပြန်ချီလာတယ်။
###xx
သိပ်မကြာခင်မှာပဲ သိန်းငှက်မဟာ
သူ့ရဲ့ သားသမီးတွေကို အသိုက်ထဲက တွန်းချပြန်တယ်။
ဒီလိုနည်းနဲ့ပဲ အကြိမ်ကြိမ် အခါခါ တွန်းချပါတယ်…။
သိန်းငှက်ကလေးတွေဟာ လေထဲမှာ ဝဲပြီး ပျံသန်းနိုင်ပြီ
ဆိုတာနဲ့ အစစအရာရာ ကိုယ့်တာဝန် ကိုယ်ယူပေတော့…။
သိန်းငှက်မကြီးရဲ့ တာဝန်ပြီးပြီ။
###xx
အမေရိကန်
အမေရိကန်နိုင်ငံသားတွေဟာ သိန်းငှက်ပုံပြင်လိုပဲ
သူတို့ သားသမီးတွေကို ငယ်ငယ်ကထဲက
ကိုယ့်အားကိုယ်ကိုးတတ်အောင်လေ့ကျင့်ပေးတယ်။
မွေးကင်းစမှာပဲ ကိုယ်ပိုင်အိပ်ခန်းမှာ
ကိုယ့်ဘာသာကိုယ်အိပ်၊
လမ်းလျှောက်တတ်ကာစမှာပဲ အမှိုက်ပုံးမှာ
ကိုယ့်အမှိုက်ကို
ကိုယ်ပစ်တတ်အောင် သင်ပေးတယ်။
အရွယ်နဲ့ အမျှ တတ်နိုင်တဲ့ဝန်ကို ထမ်းဆောင်ဖို့
လေ့ကျင့်ပေးတယ်။
###xx
အသက် ( ၁၈ )နှစ်ပြည့်ရင်တော့ သိန်းငှက်မက
အသိုက်ထဲက တွန်းချလိုက်သလိုမျိုး တွန်းချလိုက်တာပဲ။
ကိုယ့်စရိတ်ကိုယ်ရှာပြီး ကောလိပ်၊
တက္ကသိုလ် တက်ပေတော့…။
ဘွဲ့ မရခင်မှာပဲ လုပ်ငန်းအတွေ့အကြုံက အမျိုးမျိုးရနေပြီ။
ယောကျာ်းရော၊ မိန်းမပါ အရွယ်ရောက်တာနဲ့
ကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်နေပြီ။
သေနတ်တိုင်းကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ပစ်တတ်နေပြီ။
ရေကူးခြင်း အတတ်ပညာကိုလည်း ကောင်းကောင်း
ကျွမ်းကျင်နေပြီ။
အခြားအားကစားကို ဝါသနာပါရင် ဝါသနာပါတဲ့အလျှောက်
ကောင်းကောင်းကျွမ်းကျင်နေပြီ။
အမေရိကန်အင်္ဂလိပ်ဘာသာစကားအပြင်
အခြားဘာသာစကားတွေကိုလည်း အနည်းဆုံး
တစ်မျိုးထက်ပို တတ်မြောက်နေပြီ။
###xx
အဓိက ဦးတည်ပြီး လေ့ကျင့်ပျိုးထောင်တာက
ကိုယ့်အားကိုယ်ကိုးတတ်တဲ့စိတ်ဓာတ်ကို
ပြုစုပျိုးထောင်တာပါ…။
ဒီအပြင် အားမနာတတ်ခြင်း အတတ်ပညာကိုလည်း
ဒီအရွယ်မှာ တော်တော် ကျွမ်းကျင်နေပြီ။
သူတို့တွေဟာ အားမနာတတ်ပေမယ့်
တခြားသူတွေဖက်က စာနာစိတ်နဲ့ ကြည့်တတ်၊ခံစားတတ်
အောင်လည်း တစ်လက်စထဲ သင်ပေးတဲ့အတွက်
တတ်မြောက်နေပြီ။
###xx
ကျနော်အကြိုက်ဆုံး လေ့ကျင့်ပျိုးထောင်မှုတစ်ခုကတော့
စာဖတ်ဝါသနာပါအောင်
ငယ်ငယ်ကထဲက မိဘရော၊ ဆရာသမားတွေကပါ
လေ့ကျင့်ပြုစု ပျိုးထောင်ပေးတာပါပဲ…။
အရွယ်ရောက်ချိန်မှာ စာအုပ်အမြောက်အများကို
ဖတ်ပြီးနှင့်ပြီ။
ဘက်ပေါင်းစုံအပေါ် တော်တော်လေးနှံ့စပ်နေပြီ။
ဒီအပြင် ခရီးသွားခြင်းကိုလည်း ငယ်ငယ်လေးထဲက
ဝါသနာအလျှောက် မိဘနဲ့
အတူလျှောက်လည်ခဲ့ပေါင်းများပြီ။
နိုင်ငံပေါင်းမြောက်များစွာကိုလည်း ရောက်ဖူးနေပြီ။
###xx
သားသမီးတွေကို မိဘများအနေနဲ့
ဘဝမှာ အကောင်းဆုံးလက်ဆောင်ဟာ
တစ်သက်လုံး သုံးလို့ မကုန်တဲ့ ငွေမဟုတ်ပါဘူး…။
ရင်ခွင်ထဲမှာ အမြဲတမ်းထည့်ထားဖို့လည်း
မဟုတ်ဘူး။
ဘွဲ့လက်မှတ်လည်း မဟုတ်ပါဘူး။
အိမ်ထောင်ဖက်ကောင်းကောင်းကို
ရွေးပေးတာလည်း မဟုတ်ပါဘူး။
###xx
မိဘများ အနေနဲ့
သားသမီးတွေကို ပေးသင့်တဲ့
အကောင်းဆုံး လက်ဆောင်ကတော့
” ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားကိုးတဲ့စိတ်ဓာတ်…”ပါ။
###xx
ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားကိုးစိတ် ကို ရနိုင်တဲ့
အကောင်းဆုံး နည်းလမ်းတစ်ခုကတော့
သူတို့ ကြောက်နေတဲ့ အလုပ်ကို
သူတို့ကို လုပ်ခွင့်ပေးလိုက်ခြင်း ဖြစ်တယ်…။
မိဘများအနေနဲ့ ထိန်းကြောင်းပေးဖို့ပဲ လိုပါတယ်…။
ကိုယ့်သားသမီးကို ကိုယ်ချစ်တယ်ဆိုရင် ကိုယ်ခြေထောက်
ပေါ် ကိုယ်ရပ်တည်နိုင်အောင် တွေးခေါ်မျှော်မြင်နိုင်အောင်
လုပ်ကိုင်ရှာဖွေစားသောက်တတ်အောင် ငယ်ငယ်ကတည်းက လေ့ကျင့်ပျိုးထောင်ပေးသင့်ပါတယ်။
သူတို့ကို အကြိမ်ကြိမ် အခါခါ တွန်းချဖို့ လိုအပ်ပါတယ်…။
မူရင်းရေးသားသူ
InshaAllah၂၀၃၀ မက္ကာ ပရောဂျက်ပြီးစီးတဲ့အခါ ကမ္ဘာမွတ်စလင်မ်များအားလုံးပိုမိုဟာဂ်ျပြုနိုင်တော့မှာ ဖြစ်ပါတယ်။
28/10/2019
InshaAllah
၂၀၃၀ မက္ကာ ပရောဂျက်ပြီးစီးတဲ့အခါ
ကမ္ဘာမွတ်စလင်မ်များအားလုံး
ပိုမိုဟာဂ်ျပြုနိုင်တော့မှာ ဖြစ်ပါတယ်။
Dear All Respectable Friend's , Brother and Sister ,May the light of the diyas guide you on the way to happiness and suc...
26/10/2019
Dear All Respectable Friend's , Brother and Sister ,May the light of the diyas guide you on the way to happiness and success. Happy Diwali to you and your family!
ချစ်ခင်လေးစားရပါသော သူငယ်ချင်းမိတ်ဆွေများ နှင့် Hindu ညီအစ်ကို မောင်နှမ များ အား လုံး ပျော်ရွှင်သော် ဒီပါဝလီနေ့ဖြစ်ပြီး၊ ကိုယ်စိတ်နှလုံး ကျန်းမာ ချမ်းသာ ၍ ငြိမ်းချမ်းသာယာမှုအပေါင်း ကျရောက် ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါသည် ။
10/10/2019
Zawgyi
Unicode
အားလုံးပဲပျော်ရွှင်စရာသီတင်းကျွတ်ဖြစ်ကြပါစေကြောင်းဆုမွန်ကောင်းတောက်းအပ်ပါသည်
ကဲ... Traveller လို Trip ထွက်မယ်ဆိုရင်ပထမဆုံး အရေးကြီးတာက Europe Uk US ဆိုရင် Visa ကိုကြိုလျှောက်ဖို့ ၃ လအလိုကတည်းက စုံစ...
04/10/2019
ကဲ... Traveller လို Trip ထွက်မယ်ဆိုရင်
ပထမဆုံး အရေးကြီးတာက Europe Uk US ဆိုရင် Visa ကိုကြိုလျှောက်ဖို့ ၃ လအလိုကတည်းက စုံစမ်း
ထားရမှာပါ..ဘယ်နိုင်ငံမဆို၃လကြိုပြင်ပါ
အခုနောက်ပိုင်း အဲ့ဒီ နိုင်ငံကြီးတွေရဲ့ Visa ရက်ချိန်းကို online ကနေပဲ လျှောက်ရတော့တာပါ
နောက်ထပ် အရေးကြီးတာက ကိုယ့်ရဲ့ Passport က သက်တမ်းက ၈ လနဲ့ အထက် ရှိ ရမှာပါ
ကဲ.. Europe ဘက်သွားမယ်ဆို ကိုယ်သွားမဲ့ Trip plan နဲ့ ချိန်ပီး သံရုံးဝင်ဖို့ ပြင်ဆင်ရမှာပါ
ဒီလိုဗျာ... Europe က Visa တခုတည်းနဲ့ EU တခုလုံး (၂၈) နိုင်ငံကို သွားလို့ရတယ်ဆိုပေမဲ့
ရက်ကြာကြာနေမဲ့ နိုင်ငံ ရဲ့ သံရုံးမှာ Visa လျှောက်ရမှာပါ
ဥပမာ.. ပြင်သစ် နဲ့ အီတလီ နယ်သာလန် ၁၀ရက် လည်မယ်
အီတလီက ၂ ရက်ပဲ လည်မှာ ... ဆိုရင် အီတလီသံရုံးမှာ Visa လျှောက်လို့မရဘူး
ရက်ကြာတဲ့ ပြင်သစ်လိုနိုင်ငံမှာ Visa လျှောက်ရမှာပါ ပထမဆုံး ရောက်တဲ့နိုင်ငံကလည်း ပြင်သစ်ပဲဖြစ်ရမှာပါ
ပီးတော့ EU ထဲမှာကို insurance ဝယ်ရပုံချင်းမတူပြန်ဘူး
ဆိုပါတော့ Germany သံရုံးဆိုရင် ကိုယ်လျှောက်တဲ့ Visa အတိုင်းရက်ကို အတိအကျ ပေးပါတယ်
တခါတည်း သံရုံး Visa လျှောက်ကတည်းက insurance fee ကို သွင်းရပါတယ် ဒေါ်လာနဲ့ပါ
တကယ်လို့ Visa ငြင်းခံရရင် အဲ့ insurance fee လည်းဆုံးမှာ
ပြင်သစ်သံရုံးကျတော့ တမျိုးဗျ .. Insurance fee ကို Visa ရမှ သွင်းပေးရတာ
ပီးတော့ ရက်တွေလည်း အများကြီးပိုပေးတယ် 😀😀😀
Visa ရဖို့ .. မှန်ပါတယ် သူသူငါငါ Visa လျှောက်မှတော့ ရချင်ကြတာပဲ
အရင်တုံးကတော့ မပြောတတ်ဘူး အခုချိန်မှာတော့ နိုင်ငံကြီးတွေကို Visa လျှောက်တဲ့အချိန်မှာ
အရေးကြီးတာက မလိုအပ်ဘဲ (ကျွန်တော့်အမြင်) Bank စာအုပ်ထဲမှာ ပိုက်ဆံတွေအများကြီး
မပြပါနဲ့..
နောက်တခုက ကိုယ်ပိုင်အလုပ်နဲ့ဆို သံရုံးတွေက ပိုနှစ်သက်ပါတယ် အမေရိကန်သံရုံးကလက်တွေ့ပါ
အလုပ်လည်းမပြဘူး bank ထဲမှာလည်း ပိုက်ဆံ က ရာချီနေရင် သူတို့က သံသယဝင်ပါတယ်
ပီးတော့ ပိုက်ဆံကို တခါတည်း ရာချီထည့်ထားတာထက် ဆယ်ဂဏန်းကိုပဲ အသွင်းအထုတ်လုပ်ထားတဲ့
bank စာအုပ်တွေကို ပိုပီး လက်ခံတယ်
နောက်ပီး... hotel booking ကလည်း အရေးကြီးပါတယ်
booking တင်လို့ရတဲ့ website တွေက များပါတယ်
ကျွန်တော်က (၂) ခုပဲ recommend လုပ်ချင်ပါတယ်
Agoda နဲ့ booking.com ပါ
visa card နဲ့ပိုက်ဆံ ဖြတ်လို့ရတယ် safe ဖြစ်ပါတယ်
အဲ့ (၂) ခုထဲမှာမှ Agoda ကို ပိုကြိုက်ပါတယ် သူက tax ပါပေါင်းပီးသားပါ
booking.com ကျ သူ့ဆီဝင်ကြည့်ပီး book လုပ်တော့ဈေးက သက်သာတယ် ဒါပေမဲ့ ဟိုဘက် ရောက်မှ
ထပ်ပီး Tax ဆိုပီး Hotel က ထပ်ကောက်ပါတယ် ပိုများပါတယ် .
ကိုယ်တွေ့ပါ 😂😂 Paris trip မှာပါ
booking.com ရဲ့တခုအားသာချက်က ပိုက်ဆံချက်ခြင်းပေးစရာမလိုတာပါ
နောက်တခုက EU ထဲလည်မှာဆိုရင် Flight tickets Train ticket တွေ သေချာ book လုပ်ပီး
print ထုတ်သွားရမှာပါ
ကိုယ့် ph ထဲကနေ သံရုံးရောက်မှ ပြဖို့တော့ စိတ်မကူးမိပါစေနဲ့ 😜
ဒါဆို သံရုံးမှာ Visa အတွက် အဆင်သင့်ဖြစ်ပါပီ
ရက်ချိန်းယူဖို့ သက်ဆိုင်ရာ သံရုံးwebsite တွေမှာဝင်ပီး လေ့လာပါ
တကယ်လို့ ကိုယ်က ခေါင်း ရှုပ်မခံချင်ဘူးဆိုရင် Travel agent တွေမှာ visa သီးသန့်ဝင်ဆောင်မှုကိုယူလို့
ရပါတယ် .
တချိာ့ကagencyဆန်ပေမဲ့ ကျရင်ငွေမယူပဲပြန်တင်ပေးပီး
စိတ်ရှည်တယ် စေတနာပါတယ် ဈေးလည်း မှန်ပါတယ် 😀😀
ကဲ .. Visa အတွက် သံရုံးသွားတဲ့နေ့ကျရင် ပုံမှန် ပဲ သပ်သပ်ရပ်ရပ်လေးဝတ်သွားပါ
ချိန်းတဲ့ အချိန် အတိအကျ သွားပါ အဝတ်အစားကို ကိုယ်က ဝတ်သွားရမှာ
အဝတ်အစားက ကိုယ့်ကို ဝတ်သွားတဲ့ ပုံစံ မဖြစ်ရပါဘူး😜😜
ဘာလို့လဲ .. သံရုံးထဲကျရင် interview ရှိပါတယ် မေးပါလိမ့်မယ် ကိုယ့်ရဲ့ Trip plan
အသေးစိတ်, အလုပ်အကြောင်း , မိသားစုအကြောင်း ,ဝင်ငွေ စသည်ပေါ့လေ
အဲ့အချိန်ကိုယ်က စိတ်ရှင်းရှင်း နဲ့ ဖြေမှ အစဉ်ပြေမှာလေ
အခုနကပြောသလို အဝတ်ကကိုယ့်ကို ဝတ်နေတယ်လို့ အာရုံများနေရင် ..... 😂😂
မေးခွန်းတွေကို ဖြေနေတဲ့ အချိန် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပါစေ... Trip မှာ အရေးကြီးတဲ့ Air ticket အချိန်တွေ.. ဒီက ထွက်မဲ့အချိန်
ဟို ကိုရောက်မဲ့ အချိန်တွေ တည်းမဲ့ hotel ဒါတွေသိထားရမှာပါ 🤗
မေးမှ အီးအဲ ဖြစ်နေရင် 😂😂😂 မကောင်းဘူးပေါ့
ကဲ.. အဲ့အချက်အလက်တွေနဲ့သာ Visa ရပီလား...... သိဘူးလေ 😜😜😜
ကံပေါ့.... တိုးတွေ အေ့ဂျင့်တွေအပြစ်ချမရဘူး
EU, ရှန်ဂန် Visa , US Visa တွေက interview ရှိပါတယ်
UK လို ကျတော့ မျက်ကွယ်ပါ .. interview မရှိပါဘူး Visa အတွက် လိုအပ်တဲ့ စာရွက်စာတမ်း
အကုန်လုံးကို UK သံရုံးရဲ့ Agent ကနေတဆင့် BKK UK သံရုံးကို ပို့ပေးရတာ
ဆိုတော့ ကိုယ်တွေတင်ပေးလိုက်တဲ့ အချက်အလက်တွေ အထောက်အထားတွေကို စစ်တဲ့
ကောင်စယ်လာက မရှင်းတာ တခုခုများရှိရင် သူတို့ စိတ်ထဲ တခုခု မသကာင်္တာဖြစ်ရင်???
ဘယ်လိုလုပ်မလဲ,,, သေချာတယ် Visa က ငြင်းခံရမှာပါ မျက်ကွယ်ဖြစ်နေတော့...🙀
ဒါကြောင့် UK visa က လျှောက်ဖူးသမျှ Visa ထဲမှာ စိတ်အပင်ပန်းရဆုံး လို့ မှတ်ချက်ပြုပါရစေ
ဒါကြောင့် UK Visa လျှောက်မယ်ဆိုရင် ဘုရား တရား များများလုပ်ပါ 🙏🙏🙏😬
လန်ဒန်မှာ ခို လှုံ ခွင့်ယူရင် လဝကကမေးတယ် အသိမိတ်ဆွေရှိ့ လါး လိပ်စါရှိ့ လါး ဘယ်မှာတည်မှာလည်း နေစရာတည်စရာမရှိ့ ရင် သူတိုစီစဉ်ပေးပါတယ် များသေါအါးဖြင့် အပေါပိုင်းဒေသ နယ်ဖက်တွေပို့ တယ် Manchester, New Castle, Birmingham, Norwich, etc.,
Credit
2019/2020 Umraပြုလုပ်လိုသူများ သိရှိနိင်ရန်Tours Visa အတွက်ကိုယ်တိုင် သွားလျှောက်ယူရန် လိုအပ်သော အချက်အလက်များ1.        ...
02/10/2019
2019/2020 Umra
ပြုလုပ်လိုသူများ သိရှိနိင်ရန်
Tours Visa အတွက်
ကိုယ်တိုင် သွားလျှောက်ယူရန်
လိုအပ်သော အချက်အလက်များ
1. Filling the visa form by
the applicants.
2. The passport’s validity has to be more than 6 months.
3. The applicants must have medical insurance approved in Saudi Arabia.
4. The applicants must register their address inside the Kingdom.
5. Pay the fees.
6. The applicant’s age must be above 18 years unless escorted with his legal guardian.
7. Round-trip ticket with itinerary must be attached.
8. Hotel-residence confirmation must be attached.
9. Bonafides certificate must be attached.
10. Financial solvency must be attached.
11. Attach all the applicant’s personal information including home address in Myanmar.
-------------
လျှောက်ထားရမည့် နေရာ
To
Consular Section
Royal Embassy of Saudi Arabia
Yangon, Myanmar
သတင်းအရင်းအမြစ်
YANGON MAKKAH
01/10/2019
Unicode ပတ်​သတ်​ပီး အခုမှ အစပဲ ရှိ​သေးလို့ အခက်​အခဲများစွာ ရှိပါတယ်
ရှင်းရှင်းလင်းလင်း​ရေး​ပေးထားပါတယ်
အကြံ​ပေးလိုတာတစ်​ခုက စာ​တွေကို ရှင်းစွာဖတ်​ကြည့်​ပါ လုပ်​နည်း​တွေ အ​မြောက်​အမြား ရှိပါတယ်​ Post တိုင်းမှာလဲ ဒီအချက်​ နှစ်​ခုကိုပဲ နည်းလမ်းအသွယ်​သွယ်​နဲ့ ရှင်းပြထားတာပါ
Unicode ဆိုတာ ဘာဆိုလဲ သိမှ unicode သုံးဖို့ စဉ်းစားပါ
Unicode အ​ကြောင်း ​လေ့လာကြည့်​ပါ 👇👇👇
https://www.facebook.com/627475764075932/posts/1400791213411046/
☀☀☀☀☀☀☀☀☀☀☀☀
အဓိက အချက်​ နှစ်​ခု ရှိမယ်
👉👉 ဖုန်းကို အရင်​ Unicode Font ​ပြောင်းပါ
ဖောင့်​ထည့်​နည်း (Andorid Only) 👇👇👇
App Download Link
https://play.google.com/store/apps/details?id=com.htetznaing.unitoolkit
https://www.facebook.com/627475764075932/posts/1401472980009536/
👉👉 keyboard ထည့်​ပါ (Unicode keyboard)
Gboard keyboard Download Link 👇👇👇
https://play.google.com/store/apps/details?id=com.google.android.inputmethod.latin
☀☀☀☀☀☀☀☀☀☀☀☀
Apple (IOS Only)
https://docs.google.com/document/d/10Il9FVWFuXMGz_MdlHD24auwmsLTIK9Iu-hExwglAhc/mobilebasic
အဲ​လောက်​ပဲ လုပ်​ထားရင်​ အဆင်​​ပြေပါပီ
KKD - Burma
28/09/2019
#ဒူဘိုင်မှာသာမြင်တွေ့နိုင်တယ့်အလွန်ထူးဆန်းတယ့်အရာများ
Refer to Nu Myat (Around the World) #ကမ္ဘာ့ဒုတိယအသေးဆုံးနိုင်ငံ_မိုနာကို_Monacoသို့ ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၁၉၇နိုင်ငံရှ...
28/09/2019
Refer to Nu Myat (Around the World)
#ကမ္ဘာ့ဒုတိယအသေးဆုံးနိုင်ငံ_မိုနာကို_Monacoသို့
ကမ္ဘာပေါ်မှာ နိုင်ငံပေါင်း ၁၉၇နိုင်ငံရှိတဲ့အနက် နယ်မြေဧရိယာအားဖြင့် အကြီးဆုံးနိုင်ငံက ရုရှားနိုင်ငံဖြစ်ပြီး အသေးဆုံးကတော့ အီတလီနိုင်ငံ ရောမမြို့ထဲရှိ ပုပ်ရဟန်းမင်းကြီးနေထိုင်တဲ့ Vactican City နိုင်ငံလေးပဲဖြစ်ပါတယ်။ ဒုတိယအသေးဆုံးနိုင်ငံကတော့ မိုနာကို(Monaco) နိုင်ငံပဲဖြစ်ပြီး သူလည်းပဲ ဥရောပနိုင်ငံတစ်ခုဖြစ်ပါတယ်။ မိုနာကိုနိုင်ငံကို Selena Gomez တို့ Leighton Meester တို့ သရုပ်ဆောင်ထားတဲ့ Monte Carlo ရုပ်ရှင်ဇာတ်ကားလေးထဲမှာကတည်းက သွားချင်နေတာ။ အဲဒါနဲ့ နုမြတ်တို့ ဒီသင်္ကြန် ဥရောပ (၈)နိုင်ငံ သွားလည်ခဲ့တုန်းက မိုနာကိုနိုင်ငံကိုပါ အရောက်သွားဖြစ်ခဲ့တယ်။
ဘယ်နေရာမှာရှိတာလဲ 🌍
မိုနာကိုက ဥရောပအရှေ့တောင်ဘက်ရှိ French Riviera လို့ခေါ်တဲ့ ပြင်သစ်ကမ်းရိုးတန်းမှာရှိပြီး အရှေ့ဘက်မှာမြေထဲပင်လယ်နဲ့ ကျန်သုံးဖက်မှာ ပြင်သစ်နိုင်ငံက၀န်းရံထားတဲ့ ကမ်းခြေနိုင်ငံလေးပါ။ ပြင်သစ်ထဲရောက်နေတော့ မသိတဲ့သူတွေကတော့ မိုနာကိုကို ပြင်သစ်လက်အောက်ခံလို့ထင်နေကြတယ်။ တကယ်က မဟုတ်ပါဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ သီးသန့်နိုင်ငံအဖြစ်ရှိနေတာပါ။ မိုနာကိုရဲ့ အရှေ့ဘက် ၅မိုင်လောက်အကွာမှာ ပြင်သစ်-အီတလီနယ်စပ်ရှိလို့ အီတလီနိုင်ငံနဲ့လည်းတော်တော်နီးပါတယ်။
ဘယ်လိုသွားလဲ 🛫🚌
နိုင်ငံသေးတော့ လေယာဉ်ကွင်းတို့ ဘူတာရုံတို့ မရှိပါဘူး။ မိုနာကိုကို သွားမယ်ဆိုရင် အနောက်ဘက် ၁၂မိုင်ကျော်အကွာရှိ ပြင်သစ်အပန်းဖြေကမ်းခြေမြို့ နိ(စ်)(Nice) ကနေ တဆင့်သွားရမှာပါ။ နုမြတ်တို့သွားတုန်းက သြစတြီးယားနိုင်ငံ ဗီယာနာမြို့ကနေ နိ(စ်)ကို လေယာဉ်နဲ့သွားပြီး နိ(စ်)မှာပဲတည်းပြီး နိ(စ်)ကနေ မိုနာကိုကို ကားနဲ့သွားခဲ့ကြတာပါ။ မိုနာကိုကနိုင်ငံသေးတော့ ဟိုတယ်ခတွေက တအားဈေးကြီးတာ။ နိ(စ်)ကနေသွားရင် နာရီဝက်လောက်ပဲဆိုတော့ နိ(စ်)မြို့လေးကလည်း အရမ်းလှတော့ အဲ့မှာပဲ တည်းခဲ့ကြတာ။
နိ(စ်)က တိုးရစ်အလာများတဲ့မြို့ဆိုတော့ နိ(စ်)ကနေ Half Day Tour တွေ Full Day Tour တွေအများကြီးရှိတယ်။ နိ(စ်)ကနေ မိုနာကိုနိုင်ငံရယ်၊ ကန်း(Cannes) ရုပ်ရှင်ပွဲတော်ပြုလုပ်နေကျ ကန်းမြို့လေးရယ်၊ တခြားတောင်ပေါ်ရွာလေးတွေရယ် အကုန်လုံးကို တစ်နေတည်းနဲ့ အရောက်ပို့ပေးတယ်။ အဲဒီမြို့လေးတွေ၊ ရွာလေးတွေက တစ်ခုနဲ့တစ်ခု ကပ်ရပ်ပဲဆိုတော့ ခပ်သုတ်သုတ်သွားရင် တစ်နေ့တည်းနဲ့ အပြီးသွားလို့ရပါတယ်။ အချိန်ရရင်တော့ အေးဆေးသွားသင့်တယ်။ ကမ်းခြေမြို့တွေရော၊ တောင်ပေါ်ရွာတွေရောက အရမ်းကို သာယာလှပလွန်းလို့လေ။ နုမြတ်တို့တုန်းက တစ်ရက်ပဲ အချိန်ရတော့ တက်သုတ်ရိုက်သွားလိုက်ရတာ။
ဒုတိယအသေးဆုံးနိုင်ငံ 🌍
မိုနာကိုနိုင်ငံလေးက ဘယ်လောက်များသေးငယ်လဲဆိုရင် အကျယ်အ၀န်းစုစုပေါင်း စတုရန်းမိုင်၁.၂၄သာရှိတာပါ။ ပြောရမယ်ဆိုရင် မြို့သေးလေးတစ်မြို့စာလောက်ပဲရှိတာပါ။ နိုင်ငံတစ်ဖက်ကနေတစ်ဖက်ကို အရှေ့နဲ့အနောက်တည့်တည့်လမ်းလျှောက်မယ်ဆိုရင် တစ်နာရီပဲ ကြာလောက်တဲ့အထိ နိုင်ငံလေးကသေးငယ်ပါတယ်။
အချမ်းသာဆုံးနိုင်ငံ 💰⛵️🚁
နိုင်ငံကသာသေးတာ အချမ်းသာဆုံးနိုင်ငံထဲမှာပါတယ်။ လူဦးရေရဲ့ ၃၀%က သန်းကြွယ်သူဌေးတွေပါ။ အလုပ်လက်မဲ့ဦးရေက သုညလို့သိရပါတယ်။ စာမတတ်သူလည်းမရှိပါဘူးတဲ့။ သူဌေးတွေနေတဲ့နိုင်ငံဆိုတော့ ကိုယ်ပိုင်ရွက်လှေတွေဆို ဆိပ်ကမ်းမှာ အပြည့်။ ကိုယ်ပိုင်ဟယ်လီကော်ပတာဆင်းဖို့ကွင်းတွေလည်းရှိပါတယ်။ ကားတွေ၊ လူတွေဆိုလည်း ပျံလန်နေတာ။
လူဦးရေအထူထပ်ဆုံးနိုင်ငံ 👨‍👨‍👧‍👧
မိုနာကိုဟာကမ္ဘာ့လူဦးရေ အထူထပ်ဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ နိုင်ငံကသေးတော့ လူဦးရေ ၃၈၀၀၀ ကျော်ပဲရှိတာတောင် အကျယ်အ၀န်းနဲ့ယှဉ်လိုက်တဲ့အခါမှာ လူဦးရေထူထပ်သွားတာပါ။ လူဦးရေ ၄သောင်းနီးပါးမှာ ၅ပုံ၁ပုံကသာ ဒေသခံတွေဖြစ်ပြီး ကျန်တာက နိုင်ငံသားခံယူထားတဲ့ ပြည်ပကလာနေထိုင်တဲ့သူဌေးတွေပါ။
မွန်တီကာလို ကာစီနိုရုံ 🏦
လူဦးရေကနည်းပေမဲ့ ဧည့်သည်ပေါင်းက တစ်နှစ်ကို ၁.၅သန်းတောင်တဲ့။ အဲဒီတော့ အဓိက စီးပွားရေးက ခရီးသွားလုပ်ငန်းပေါ့။ ဘဏ်လုပ်ငန်းနဲ့ ကာစီနိုဝိုင်းတွေကလည်း ၀င်ငွေ အများဆုံးရပါတယ်။ နှစ်ပေါင်း၁၅၄နှစ်သက်တမ်းရှိ Monte Carlo (မွန်တီကာလို)ကာစီနိုရုံက မိုနာကိုနိုင်ငံရဲ့ Landmark တစ်ခုပါ။ ခမ်းနားလွန်းလို့ James Bond ဇာတ်ကား ၃ကားတောင်လာရိုက်ခဲ့ရပါတယ်။ ဒါပေမဲ့ နိုင်ငံသားတွေကိုတော့ ကာစီနိုရုံထဲ ၀င်ကစားခွင့်မပေးပါဘူး။
Formula F1 ကားမောင်းပြိုင်ပွဲ 🏎
နောက်ပြီး Formula F1 ကားမောင်းပြိုင်ပွဲ Grand Prix ကျင်းပရာနေရာအဖြစ်လည်းနာမည်ကြီးပါသေးတယ်။ မိုနာကိုရဲ့ လမ်းကျဉ်းကျဉ်းလေးတွေ၊ ကမ်းခြေလမ်းတွေ၊ ဥမင်လှိုဏ်ခေါင်းတွေ ဖြတ်မောင်းရတဲ့ ဒီကားပြိုင်ပွဲကို ကမ္ဘာအနှံ့က လာရောက်အားပေးကြလေ့ရှိပါတယ်။ တချို့လမ်းတွေမှာ ပြိုင်ကားမောင်းလို့ရအောင်လမ်းဘေးမှာ သံဗန်းတွေကာထားပေးတာတွေ့ရပါတယ်။
ဘုရင်စနစ်နဲ့ အုပ်ချုပ်တဲ့နိုင်ငံ 🤴🏻👑
မိုနာကိုနိုင်ငံက ပြင်သစ်နိုင်ငံထဲရောက်နေတဲ့ နိုင်ငံသေးသေးလေးဆိုတော့ တချိုကက ပြင်သစ်လက်အောက်ခံနိုင်ငံလို့ထင်နေကြတယ်။ တကယ်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီဖြစ်သော ဘုရင်စနစ်/မင်းသားအုပ်ချုပ်ခံနိုင်ငံဖြစ်ပြီး ဥရောပမှာရှေးအကျဆုံး ruling house ဖြစ်တဲ့ ဂရီမယ်လ်ဒီ(Grimaldi)မိသားစုမျိုးဆက်ကနေ အုပ်ချုပ်နေတဲ့နိုင်ငံဖြစ်ပါတယ်။ ဘုရင်စနစ်နဲ့ အုပ်ချုပ်ဆဲနိုင်ငံဖြစ်လို့ တော်ဝင်မိသားစုတွေ နေထိုင်နေဆဲ နန်းတော်တွေလည်းတွေ့ခဲ့ရပါတယ်။ မိုနာကိုနိုင်ငံက ရှေးခေတ်ကသြဇာကြီးခဲ့တဲ့ ဂျီနိုယာသမ္မတနိုင်ငံကနေ ၁၂၄၇ခုနှစ်မှာ လွတ်လပ်ရေးရပြီး နိုင်ငံတစ်ခုအဖြစ်ခွဲထွက်လာခဲ့တာပါ။
မိုနာကိုရဲ့ ဒိုင်ယာနာ (သို့) ဂရေ့စ်ကယ်လီ👰🏼
အင်္ဂလန်နိုင်ငံကို တော်ဝင်မင်းသမီးဒိုင်ယာနာနဲ့တွဲသိကြသလို မိုနာကိုနိုင်ငံကိုတော့ တော်ဝင်မင်းသမီး ဂရေ့စ်ကယ်လီနဲ့တွဲသိကြပါတယ်။ ချောမောလှပလွန်းတဲ့ အမေရိကန်ရုပ်ရှင်မင်းသမီး ဂရေ့စ်ကယ်လီဟာ မိုနာကိုနိုင်ငံမှာ ရုပ်ရှင်သွားရိုက်ရင်း ထိုစဉ်က မိုနာကိုတော်ဝင်မင်းသား ရိန်နီယာ III နဲ့ဖူးစာဆုံကာ ၁၉၅၆ခုနှစ်မှာ ထိမ်းမြားလက်ထပ်ခဲ့ပြီး ရုပ်ရှင်မင်းသမီးဘ၀ကနေ တော်ဝင်မင်းသမီးဘ၀ကိုရောက်ရှိခဲ့ပါတယ်။ ကလေး၃ယောက်ဖွားမြင်ခဲ့ပြီး ဒုတိယသားဖြစ်တဲ့ တော်ဝင်မင်းသား အဲလ်ဘတ်II ဟာ အခုလက်ရှိ မိုနာကိုနိုင်ငံကို အုပ်ချုပ်နေသူပဲဖြစ်ပါတယ်။ လူအများအားကျရခဲ့ပေမဲ့ မင်းသမီးဒိုင်ယာနာလိုပဲ မင်းသမီးဂရေ့စ်ကယ်လီရဲ့ဇာတ်သိမ်းက မလှပခဲ့ပါဘူး။ ၁၉၈၂ခုနှစ်က ကားအက်ဆီးဒင့်နဲ့ ဆုံးပါးသွားခဲ့ရတာကြောင့်ပါ။
မိုနာကိုနိုင်ငံဟာ အကျယ်အ၀န်းအားဖြင့်သေးငယ်ပေမဲ့ အတုယူစရာကောင်းပါတယ်။ အလုပ်လက်မဲ့မရှိ စာမတတ်သူမရှိလို့ လူသားဖွံ့ဖြိုးမှုညွှန်းကိန်း ၁အထက်မှာရှိတဲ့ တစ်ခုတည်းသောနိုင်ငံပါတဲ့။ အချမ်းသာဆုံးနိုင်ငံတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်မှာ Life Expectancy အမြင့်ဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ စိတ်ဝင်စားစရာတွေနဲ့ပြည့်နှက်နေလို့ ဥရောပရောက်ရင် သွားလည်ကြည့်သင့်ပါတယ်လို့။
အားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေ….
(၄၉)နိုင်ငံမှ ဆော်ဒီတိုးရစ်ဗီဇာလျောက်ထားသူများ ၇ မိနစ်အတွင်း ထုတ်ပေး၊ ဆော်ဒီတွင် ရက် ၉၀ တဆက်တည်းနေနိုင်ပြီး တနှစ်အတွင်းဝ...
28/09/2019
(၄၉)နိုင်ငံမှ ဆော်ဒီတိုးရစ်ဗီဇာလျောက်ထားသူများ ၇ မိနစ်အတွင်း ထုတ်ပေး၊ ဆော်ဒီတွင် ရက် ၉၀ တဆက်တည်းနေနိုင်ပြီး တနှစ်အတွင်းဝင်ထွက်ခွင့်ရှိ
ဆော်ဒီနိုင်ငံက နိုင်ငံပေါင်း ၄၉ နိုင်ငံမှ လာရောက်လည်ပတ်လိုသူများအတွက် အီလက်ထရောနစ်တိုးရစ်ဗီဇာများ ၇ မိနစ်အတွင်း လျောက်ထားရယူနိုင်ပြီဖြစ်ပြီး
ဗီဇာကြေးမှာ ဆော်ဒီရီရယ်လ် ၄၄၀ သတ်မှတ်ထားသည်။
ဖော်ပြပါဗီဇာမှာ တဆက်တည်း အများဆုံး ရက် ၉၀ ထိ ဆော်ဒီနိုင်ငံအတွင်း နေထိုင်ခွင့်ရှိမည်ဖြစ်ပြီး တနှစ်အတွင်း မိမိသွားလိုသလောက် အခေါက်ပေါင်းများစွာ ဝင်ထွက်ခွင့်ပေးထားသည့် Multiple Entry Visa ဖြစ်သည်။
တိုးရစ်ဗီဇာလျောက်ထားရာတွင် မည်သည့် ဘာသာဝင်ဖြစ်ကြောင်း ဖော်ပြရန် မလိုအပ်သော်လည်း အစ္စလာမ်ဘာသာဝင်မဟုတ်သူ ခရီးသည်များကိုမူ အထွဋ်အမြတ်ထားရာ အထင်ကရ မက္ကာဟ်နှင့် မဒီနာမြို့တော်များသို့ ဝင်ရောက်ခွင့်မပြုကြောင်း ဆော်ဒီအရာရှိများက ပြောကြားသည်။ သို့ရာတွင် မွတ်စလင်မ်များကိုမူ ယခုဗီဇာဖြင့် အွမ်ရာပြုခွင့်ပေးထားသည်။
Ref ; Saudi Gazette
-Soe Min
28/09/2019
အိပ်မက်ဆိုးမှ နိုးထနိုင်ခဲ့သည့် ဒေသ(သို့) ကမ္ဘာ့စီးပွားရေးဗဟိုချက်မ အဖြစ်အောင်မြင်နေသည့် ဟောင်ကောင်ကျွန်း
————————————
ဟောင်ကောင်၏ ချမ်းသာလာမှုကို လေ့လာသင့်သည့် အချိန်ရောက်ရှိပြီဟုထင်သည်။
ဟောင်ကောင်၏ လက်ရှိအခြေအနေသည် ဆန္ဒပြမှုများနှင့် တင်းမာမှုများဖြစ်နေသော်လည်း တိုးတက်ဖွံ့ဖြိုးပြီး ချမ်းသာလျှက် ရှိနေသည်။
ထို့ ကြောင့် People Power Myanmar မှ ပုံမှန်တင်ဆက်နေကြဖြစ်သည့် အိပ်မက်ဆိုးမှ နိုးထနိုင်ခဲ့သည့်နိုင်ငံများ ကဏ္ဍတွင် အပိုင်း(၆) အဖြစ် ဟောင်ကောင်ကို အိပ်မက်ဆိုးမှ နိုးထနိုင်ခဲ့သည့်ဒေသ အဖြစ်ထည့်သွင်း တင်ဆက်လိုက်ပါသည်။
ဟောင်ကောင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ လက်အောက်ခံအပိုင် ဒေသတစ်ခုဖြစ်သော်လည်း ကာကွယ်ရေးနှင့် နိုင်ငံခြားရေးမှအပ ကျန်သည့် ကိစ္စရပ်များအားလုံးအား ကိုယ်ပိုင်စီရင်ခွင့်ရနေရာ ကမ္ဘာတွင် နိုင်ငံက တစ်နိုင်ငံ အုပ်ချုပ်မှုစနစ်က နှစ်မျိုး ဖြစ်နေသည့် ပထမဦးဆုံး ဒေသတစ်ခုလည်း ဖြစ်သည်။
ဟောင်ကောင်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၁၈၀ကျော်ကာလကတည်းက တရုတ်နှင့် ဗြိတိသျှ တို့အကြား ဖြစ်ပွားခဲ့သော ဘိန်းစစ်ပွဲများအပြီး ဗြိတိသျှတို့လက်ထဲကျရောက်ခဲ့သည့် ဒေသဖြစ်သည်။
ယင်းအပြင် ဂျပန်၏ ကျူးကျော်ဝင်ရောက်သိမ်းပိုက်ခြင်းကိုလည်း ခံခဲ့ရသည်။
၁၉၉၇ခုနှစ် ရောက်မှ ဗြိတိသျှတို့လက်မှ လွတ်မြောက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရလာခဲ့သည်။
လက်ရှိအခြေအနေသို့ ရောက်ရှိလာရန် ဟောင်ကောင်ပြည်သူများက မည်ကဲ့သို့ ကြိုးစားကြသနည်း ဆိုသည်ကို ဆက်၍ လေ့လာကြည့်ကြရန် ဖိတ်ခေါ်အပ်ပါသည်။
Cridit
မင်္ဂလာပါ Global Nice House Travel&tours မှ ကြိုဆိုပါ၏
28/09/2019
မင်္ဂလာပါ
Global Nice House Travel&tours မှ ကြိုဆိုပါ၏
ရန်ကုန်နားက မိသားစုအလိုက် အနားယူအပန်းဖြေလို့ရတဲ့ ရှမ်းရွှေဥ--------------------------------------------------------------...
27/09/2019
ရန်ကုန်နားက မိသားစုအလိုက် အနားယူအပန်းဖြေလို့ရတဲ့ ရှမ်းရွှေဥ
--------------------------------------------------------------
ခြံဝန်းအကျယ်ကြီးထဲက resort ပုံစံမျိုးဆိုတော့ မိသားစု၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေ အလည်အပတ်သွားနိုင်ပါတယ်။
အေးချမ်းတဲ့ လျှောက်လမ်းလေးတွေရှိတယ်။ ငါးမျှားဝါသနာပါသူတွေအတွက်လည်း ငါးမျှားလို့ရပါတယ်။
အစားအသောက် ကောင်းကောင်းတွေလည်း ရနိုင်တယ်။
စကောထမင်းကတော့ အကောင်းဆုံးပဲ။ အဖွဲ့လိုက် ဘီယာတွေလည်း သောက်လို့ရတယ်။
အစားအသောက်ပိုင်းဆိုရင် သူ့ရဲ့ စကောထမင်းက နာမည်ကြီးပဲ နောက်ပြီး ငါးခဲပတ် ပုဇွန်အစိမ်းသုတ် ကြက်ကုန်းဘောင် စားလို့ကောင်းမှကောင်း
ဘီယာသောက်တတ်တဲ့သူတွေဆို လေလေးတဖြူုးဖြူးနဲ့ ကန်ဘက်ငေးလိုက် စကားလေးပြောလိုက် ဇိမ်ယူလို့ရတယ်
နေရာ
လှိုင်သာယာအထွက် ပုသိမ်ချောင်းသာသွားတဲ့လမ်းပေါ် 15 မိနစ်လောက်အကြာဆို ရောက်တဲ့ ၁၄/၂မိုင် မရွှေဥကျေးရွာနား ရှမ်းရွှေဥဆိုင်
Address
Opening Hours
Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00
Website
Alerts
Be the first to know and let us send you an email when Global Nice House Travel&tour Co,ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Videos
Shortcuts
  • Address
  • Opening Hours
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?
Share