Passport Booking

  • Home
  • Passport Booking

Passport Booking Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Passport Booking, Travel Company, .

10 လပိုင်းအတွက် QR Appointment ဖြစ်စေ စာအုပ်အပီးအစီးဖြစ်စေ အပ်နှံလိုသူများ ကြိုတင်စာရင်းပေး အပ်နှံနိုင်ပါပြီ 🤝🤝🤝(လူပြည့်...
04/07/2022

10 လပိုင်းအတွက် QR Appointment ဖြစ်စေ စာအုပ်အပီးအစီးဖြစ်စေ အပ်နှံလိုသူများ ကြိုတင်စာရင်းပေး အပ်နှံနိုင်ပါပြီ 🤝🤝🤝
(လူပြည့်မြန်လို့ အငြင်းပွားမှုမဖြစ်စေရန် အရင်လာအပ်သူ ဦးစားပေးစနစ်နဲ့လက်ခံပေးပါတယ်နော်)

အလုပ်အပ်နှံလိုသူများအနေဖြင့်👇
မှတ်ပုံတင်အရှေ့နဲ့အနောက်ပုံ(10နှစ်အောက်ဖြစ်ပါက မွေးစာရင်းပုံ)နှင့်တကွ

♥ အမည်
♥ အဘအမည်
♥ မွေးသက္ကရာဇ်
♥ မှတ်ပုံတင်နံပတ်(မွေးစာရင်းဆို မလို) နှင့် ဆက်သွယ်ရန် အမည် ဖုန်းနံပတ် တို့ကို အမြန်ဆုံးပေးပို့ အပ်နှံနိုင်ပါပြီ

ကျမတို့ဘက်မှ အချက်အလက်မှန်ကန်ဖို့နဲ့ QR အစစ်အမှန်ဖြစ်ကြောင်း 100% အာမခံ ဝန်ဆောင်မှုပေးပါတယ်

နှစ်ဦးနှစ်ဖက် ယုံကြည်မှုရစေရန် လူချင်းတွေ့ပီးစရံချခြင်း ငွေချေခြင်းများလဲ လက်ခံပေးပါသည်။

အသေးစိတ် စုံစမ်းမေးမြန်းပီးအပ်နှံလိုပါက Best Solution ရဲ့ Messenger သို့ကြွရောက်၍ စုံစမ်းမေးမြန်းပီး ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ပါပြီရှင့်

နိုင်ငံကူးလက်မှတ် Passportအကြောင်း=============================မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ် Passportသည် ပြည်ထဲရေး ဝန...
04/07/2022

နိုင်ငံကူးလက်မှတ် Passportအကြောင်း
=============================
မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ် Passportသည် ပြည်ထဲရေး ဝန်ကြီးဌာန မှ ထုတ်ပေးခြင်းဖြစ်သည်။ ပတ်စပို့တ်များကို အရောင်သုံးမျိုးခွဲခြားထားပါတယ်..
👉အနီရောင်📕
နိုင်ငံသူ/သား ပြည်သူလူထုအတွက်
👉အပြာရောင်📘
နိုင်ငံရေး သံတမန်ကိစ္စ အပ်နှင်းခံရသူ ဝန်ထမ်းများအတွက်
👉အစိမ်းရောင်📗
နိုင်ငံတော်အကြီးအကဲ အစိုးရရုံးအုပ်ချုပ်မှုပိုင်းဆိုင်ရာ နိုင်ငံဝန်ထမ်းများအတွက်ဖြစ်ပါတယ်။

အနီရောင် နိုင်ငံကူးလက်မှတ်များသည် သက်တမ်းအားဖြင့် ၅ နှစ်၊ အစိမ်းရောင် နိုင်ငံကူးလက်မှတ်များသည် သက်တမ်းအားဖြင့် ၃ နှစ် ရှိသည်။ သက်တမ်းကုန်ဆုံးပါက အသစ်ပြန်လည် လဲလှယ်ရသည်။

ဒါ့ကြောင့် နိုင်ငံကူးလက်မှတ် passportပြုလုပ်မည်ဆိုပါက မိမိဟာ ပညာသင်သွားမှာလား၊ ကျန်းမာရေးကိစ္စနဲ့လား အလုပ်နဲ့သွားမှာလား၊အလည်အပတ်လား စသည်ဖြင့် Passportအမျိုးအစားကို မှန်ကန်အောင်ရွေးချယ်တတ်ဖို့လိုပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံကူးလက်မှတ် အမျိုးအစား (၉ )မျိုးဖြင့် ပြုလုပ်ပေးပါတယ်။
PB,PT,PJ,PR,PS,PE,PV,PD နဲ့ PO ဆိုပြီး ထုတ်ပေးပါတယ်။

PB = Business Passport.
ပြည်ပသို့စီးပွားရေး အရ သွားရောက်လုပ်ကိုင်မည့်နိုင်ငံသားများအားထုတ်ပေးသော စာအုပ်အမျိုးအစား

PT = Dependent Passport ပြည်ပတွင် အလုပ်လုပ်နေသော ခင်ပွန်း/ဇနီး နှင့် လိုက်ပါနေထိုင်သော မှီခို နိုင်ငံသားအားထုတ်ပေးသောစာအုပ်အမျိုးအစား

PJ = Job Passport ပြည်ပမှာ တရားဝင် အလုပ်လုပ်ကိုင်သော နိုင်ငံသားများ ကို ထုတ်ပေးသော စာအုပ် အမျိုးအစား

PR = Religirous Passport.
ပြည်ပသို့ သာသနာရေး ဘာသာရေးနှင့် ပတ်သတ်သော နိုင်ငံသားများအားထုတ်ပေးသည့်စာအုပ်အမျိုးအစား

PS = Seaman Passport
ပြည်ပသို့ သဘောင်္သား ပင်လယ်ခရီးနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေးသောစာအုပ်အမျိုးအစား

PE = Student Passport
ပြည်ပသို့ ကျောင်းသား ပညာတော်သင် နိုင်ငံသားများအားထုတ်ပေးသည့်စာအုပ်အမျိုးစား

PV = Visit Passport
ပြည်ပသို့ အလည်အပတ် short visit ခရီးတို အလည်အပတ်နိုင်ငံသားများအားထုတ်ပေးသည့်စာအုပ်အမျိုးအစား

PD = Diplomatic Passport
ပြည်ပသို့ သံတမန်ရေးရာ ကိစ္စရပ်များနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေးသည့်အမျိုအစား

PO = Official Passport
ပြည်ပသို့ အရာရှိ နိုင်ငံတော်အရေးအရာနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေးသည့်စာအုပ်အမျိုးအစား

နိုင်ငံကူးလက်မှတ် Passport သက်တမ်းကိုသေချာစစ်ဆေးပါ

သင် ပြည်ပခရီးသွားဖို့ အစီအစဉ်ရှိလျှင် သင်၏ နိုင်ငံကူးလက်မှတ် Passport သက်တမ်းကို အရင်စစ်ဆေးပါ။ နိုင်ငံကူးလက်မှတ် Passport သက်တမ်းသည် အနည်းဆုံး ၆ လအထက်တွင် ရှိရပါမည်။
နိုင်ငံကူးလက်မှတ် Passport သက်တမ်း ၆လထက်နည်းလျှင် လူ၀င်မှုကြီးကြပ်ရေးအရာရှိမှ သင့်အား လေယာဉ်ပေါ်သို့ပေးတက်မည်မဟုတ်ပါ။

သင် ပြည်ပခရီးသွားဖို့ စီစဉ်ထားလျှင် သွားမည့်နိုင်ငံသည် မြန်မာနိုင်ငံသားများအတွက် ဗီဇာ လို/မလို သက်ဆိုင်ရာသံရုံးများတွင် စုံစမ်းနိုင်ပါသည်။

အရှေ့တောင်အာရှနိုင်ငံများအနက်မှ မြန်မာနိုင်ငံသားများအတွက် ဗီဇာမလိုသောနိုင်ငံများမှာ
#ထိုင်းနိုင်ငံ (Thailand) ၁၄ ရက်ဗီဇာ ကင်းလွတ်ခွင့်
#စင်္ကာပူနိုင်ငံ (Singapore) ၃၀ ရက်ဗီဇာ ကင်းလွတ်ခွင့်
#ဘရူနိုင်းနိုင်ငံ (Brunei) ၁၄ ရက်ဗီဇာ ကင်းလွတ်ခွင့်
#ကမ္ဗောဒီးယားနိုင်ငံ (Cambodia) ၁၄ ရက်ဗီဇာ ကင်းလွတ်ခွင့်
#လာအိုနိုင်ငံ (Laos) ၁၄ ရက်ဗီဇာ ကင်းလွတ်ခွင့်
#ဗီယက်နမ်နိုင်ငံ (Vietnam) ၁၄ ရက်ဗီဇာ ကင်းလွတ်ခွင့်
#အင်ဒိုနီးရှားနိုင်ငံ (Indonesia) ၃၀ ရက်ဗီဇာ ကင်းလွတ်ခွင့်
#ဖိလစ်ပိုင်နိုင်ငံ (Phillippines) ၃၀ ရက်ဗီဇာ ကင်းလွတ်ခွင့်

သင် ပြည်ပခရီးမထွက်ခင် နိုင်ငံကူးလက်မှတ် Passport စာအုပ်တွင် စာရွက်အလွတ် ကျန် ၊ မကျန် အရင်စစ်ဆေးပါ။ စာရွက်အလွတ် မကျန်ပါက နိုင်ငံကူးလက်မှတ် Passport စာအုပ်အသစ်ပြောင်းပြီးမှခရီးထွက်ပါ။

နိုင်ငံကူးလက်မှတ် Passport ပျောက်ဆုံးခြင်းမဖြစ်စေရန် သင်၏ နိုင်ငံကူးလက်မှတ် Passport နှင့် အရေးကြီးစာရွက်စာတမ်းများကို မိတ္တူကူးထားပါ။ ပိုပြီးစိတ်ချရအောင် ဓါတ်ပုံရိုက်ထားပြီး မိမိ၏ဖုန်းထဲတွင်ဆောင်ထားပါ။ (သို့မဟုတ်) e-mail ထဲတွင်သိမ်းထားပါ။

နိုင်ငံကူးလက်မှတ် Passport ပြည်ပနိုင်ငံများတွင်မတော်တဆ ပျောက်ဆုံးသွားပါက မိမိနိုင်ငံ၏သံရုံးသို့သွားပါ။
သံရုံးများသည် များသောအားဖြင့် အစိုးရ ရုံးစိုက်ရာမြို့ (သို့) အဓိကမြို့များတွင်ရှိတတ်ပြီး စနေ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် သံရုံးများပိတ်သည်ကိုလည်းအထူးသတိပြုပါ။

#နိုင်ငံကူးလက်မှတ် #ပတ်စ်ပို့

Credit လူဝင်မှု့ကြည့်ကြပ်ရေးဌာန

အလုပ်သွားလုပ်ဖို့ ကျောင်းသွားတက်ဖို့ အလည်အပတ်သွားဖို့ ဆေးရုံပြဖို့ အစရှိသဖြင့် အကြောင်းအမျိုးမျိုးကြောင့် Passportလုပ်ဖို့လိုအပ်နေပြီလား❓

ကိုယ်လုပ်လိုတဲ့ Passport ကို ဘယ်အမျိုးစားလုပ်ရမယ် ဘယ်က စလုပ်ရမယ် မသိအခက်ခဲ တစ်စုံတစ်ရာဖြစ်နေသလား❓

QR Booking မရလို့ စိတ်ရှုပ်နေရလား❓

Passport စာအုပ်လုပ်ချင်သော်လည်း အလိမ်အညာမိမှာ ငွေကြေးဆုံးရှုံးမှာ စိတ်ပူပန်နေရလား❓

အထက်ပါ ကိတ်စများအတွက် အက်မင်တို့ Best Solution ရဲ့ Page Messenger ကို Hello လုပ်ပြီးစတင်လက်တွဲ လိုက်ယုံနဲ့ လူကြီးမင်းရဲ့အခက်အခဲ ပူပန် စိတ်ညစ်နေတာတွေ အားလုံးပျောက်ကင်းသွားမယ်ရှင့် ☺☺☺

Passport ဝန်ဆောင်မှုအားလုံးကို နေ့ချင်းပီး တာဝန်ယူ အာမခံနဲ့ လက်ခံဆောင်ရွက်ပေးပါတယ်
PJ passport
PV passport
သက်တမ်းတိုး
အပျောက်လျှောက်
အသက်တိုးလျှော့
Pj မှ Pv ပြောင်း
Pv မှ Pj ပြောင်း
အစရှိတဲ့ ဝန်ဆောင်မှုများကို QR အစစ်အမှန်နဲ့ ရုံးဝင်ပြီး ဆယ်ရက်အကြာ စာအုပ်အရ အပီးစီးဝန်ဆောင်မှုကို အာမခံနဲ့ ဆောင်ရွက်ပေးနေပါပြီ 🤝🤝🤝



မြန်မာတနိုင်ငံလုံးမှာရှိတဲ့ Passport ရုံးများရဲ့ လိပ်စာများကို ဖော်ပြပေးလိုက်ပါတယ် သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွ...
04/07/2022

မြန်မာတနိုင်ငံလုံးမှာရှိတဲ့ Passport ရုံးများရဲ့ လိပ်စာများကို ဖော်ပြပေးလိုက်ပါတယ် သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း Passport စာအုပ်များပြုလုပ်နိုင်ပါတယ်

ရန်ကုန်တိုင်းဒေသကြီးမှာ QR Appointment ယူပီး Passport စာအုပ်ဝန်ဆောင်မှုရရှိလိုသူများအတွက် မင်မင်တို့ Best Solution မှ အပီးစီး တာဝန်ယူ အာမခံ ဝန်ဆောင်မှုပေးနေပါပြီရှင် 🤗🤗

အသေးစိတ်သိရှိလိုပါက Page messenger သို့တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပီး ယုံကြည်စွာ အပ်နှံနိုင်ပါပြီရှင် 🤝🤝🤝

7လပိုင်း တတိယအပတ်ထဲ QR အစစ်အမှန်နဲ့ ဘိုကင်ရက်ချိန်းဝင်လို့ရမဲ့ ဆယ်ရက်စောင့် စာအုပ်အပီးအစီးဝန်ဆောင်မှု အပ်နှံလို့ရပါပြီနေ...
27/06/2022

7လပိုင်း တတိယအပတ်ထဲ QR အစစ်အမှန်နဲ့ ဘိုကင်ရက်ချိန်းဝင်လို့ရမဲ့ ဆယ်ရက်စောင့် စာအုပ်အပီးအစီးဝန်ဆောင်မှု အပ်နှံလို့ရပါပြီနော် ✍

***100% QR အစစ်အမှန်ပဲလုပ်ပီး ရုံးထဲ ပေးဝင်ပါတယ်***

အလိမ်အညာတွေလဲများနေတော့ နှစ်ဦးနှစ်ဖက်အဆင်ပြေအောင် သေချာတယ်ဆို နီးစပ်ရာ လူချင်လာတွေ့ပီးမှအပ်နှံလို့ရပါတယ်

QR ရရင်တော့ ပထမဆုံး ဖုန်းဆက်အကြောင်းကြားပါတယ် တွေ့ရမဲ့နေရာအနီးစပ်ဆုံးချိန်းပီး ကိုယ်တိုင်လာပေးပါတယ် ( QR Appointment Screenshot ကို printထုတ်ထားတဲ့ စာရွက်လေးနဲ့တကွ website မှာကိုယ်တိုင်စစ်ပေးထားတဲ့ screen record video လေးပါတခါထဲပေးမှာပါ)

အပ်နှံသူများကိုလဲ စစ်နည်းပြောပြပီး ရှေ့တင် စိတ်ကြိုက်စစ်စေမှာပါ ပြီးရင်တော့ အပီးစီးစာအုပ်ဖိုးသဘောတူထားတဲ့ပမာဏရဲ့ တစ်ဝက်တိတိကို QR လက်ခံပီးနောက် face to face ပေးချေရပါမယ်

ကျန်ငွေကိုတော့ ဘိုကင်ရက်ချိန်းလာရမဲ့ရက်မှာ အကုန်ပေးချေရမာဖြစ်ပါတယ်

ရုံးထဲအဝင် ကနေ အထွက်အထိ စာအုပ်ထုတ်အပီးအထိ အပြည့်အဝ အာမခံ ဝန်ဆောင်မှုပေးတာမို့ စိတ်ချယုံကြည်စွာအပ်နှံနိုင်ပါတယ်ရှင်

PS: 👇👇👇
7လပိုင်း စတုထအပတ်နဲ့ 8လပိုင်း ပထမအပတ်ဝင်ချင်တဲ့လူတွေကိုလဲ ကြိုတင်လက်ခံပေးပါတယ်နော်

ကျေးဇူးတင်ပါတယ်

ကိုယ်လူတွေကို ဘိုကင်စစ်တဲ့အထိ သေချာလေးလုပ်ပေး ပြောပေးရင်း အဆင်ပြေသွားကြရင်ကို ပျော်နေရတာ 😇
17/06/2022

ကိုယ်လူတွေကို ဘိုကင်စစ်တဲ့အထိ သေချာလေးလုပ်ပေး ပြောပေးရင်း အဆင်ပြေသွားကြရင်ကို ပျော်နေရတာ 😇

စက်တင်ဘာလ (၉လပိုင်း)အတွက် QR Code ဘိုကင်စစ်စစ်များကို အချက်အလက်မှန်မှန်နဲ့ မြန်မြန်လိုချင်ပြီဆိုရင်တော့ အခုပဲ message bo...
17/06/2022

စက်တင်ဘာလ (၉လပိုင်း)အတွက် QR Code ဘိုကင်စစ်စစ်များကို အချက်အလက်မှန်မှန်နဲ့ မြန်မြန်လိုချင်ပြီဆိုရင်တော့ အခုပဲ message box ကို လာအပ်လိုက်တော့ 🤝🤝🤝

100% QR Code အစစ်အမှန် ဖြစ်ကြောင်း တခါထဲ အချက်အလက်ပါထည့်ပီး Passport Websiteမှာ စစ်ပြထားတဲ့ screenrecord video ပါပို့ပေးတယ်နော် 👌

100% QR Code ဘိုကင်အစစ်အမှန်နဲ့ ဇူလိုင်လထဲ စာအုပ်အပီးစီးအပ်ချင်သူများကို အာမခံနဲ့ လက်ခံဆောင်ရွက်ပေးနေပါပြီ 🤝🤝🤝လူဦးရေကန်...
17/06/2022

100% QR Code ဘိုကင်အစစ်အမှန်နဲ့ ဇူလိုင်လထဲ စာအုပ်အပီးစီးအပ်ချင်သူများကို အာမခံနဲ့ လက်ခံဆောင်ရွက်ပေးနေပါပြီ 🤝🤝🤝
လူဦးရေကန့်သတ်ထားလို့ အမြန်ဆုံး message boxမှာ လာရောက် စာရင်းပေးသွင်းနိုင်ပါပြီ ✍✍✍

Passport Online Booking လေးတွေအပ်လို့ရပါပီရှင့်မင်မင်တို့ဆီမှာ Online Booking အပ်မည့်လူကြီးမင်းများ ပြင်ဆင်ဖို့လိုတဲ့ အခ...
16/05/2022

Passport Online Booking လေးတွေအပ်လို့ရပါပီရှင့်
မင်မင်တို့ဆီမှာ Online Booking အပ်မည့်လူကြီးမင်းများ ပြင်ဆင်ဖို့လိုတဲ့ အချက်လေးတွေကို အရင်ဆုံးပြောပြပေးထားချင်ပါတယ် 👇👇👇

1. ပထမဆုံးအနေနဲ့ Online Booking ကို ပထမဆုံး စယူမဲ့သူ ဖြစ်ရပါမယ် မင်မင်တို့ဆီမှာပဲအရင်စယူသူဖြစ်ရပါမယ်နော်

2. မင်မင်တို့ဆီမှာ Online Booking အပ်မယ်ဆိုရင် online system နဲ့သွားရတာမို့ စိတ်ရှည်ပေးကြပါလို့ ကြိုမေတ္တာရပ်ခံပါတယ်ရှင့် 😁 (စိတ်ရှည်လေအစဥ်ပြေလေဖြစ်စေရပါ့မယ်)

3. မင်မင်တို့ဆီမှာ booking အပ်ရင် ဝန်ဆောင်ခ ကြိုပေးစရာ လုံးဝ(လုံးဝ) မလိုပါဘူးနော် Appointment dateထွက်ပီး QR Code ရမှ ငွေလွှဲပေးရမှာဖြစ်ပါတယ်ရှင့်

Bookingအတွက် ဝန်ဆောင်ခအနေနဲ့က ပုံမှန် 5,000 ကျပ်သာပေးချေရမှာပါနော် လူကြီးမင်းတို့အနေနဲ့ အရေးပေါ်ရက်ချိန်းလိုအပ်လို့ ရက်နီးbookingလေးတွေလိုချင်တယ်ဆိုရင်လဲ မင်မင်တို့ အထူးနှုန်းထားလေးတွေနဲ့ အမြန်ဆုံးရရှိအောင် ဆောင်ရွက်ပေးပါတယ်နော်

မင်မင်တို့ဆီမှာ booking လာအပ်တဲ့လူများကို အစဉ်လိုက်ပဲသွားရမှာမို့လို့ date စောယူချင်သူများ အခုပဲ စောစောလာရောက်အပ်နှံနိုင်ပါပီရှင့်

Passport Online Booking အပြင် အခြားအခြားသော passport နှင့်ပက်သက်၍ သိရှိလိုသမျှလေးတွေကိုလဲ မင်မင်တို့ page messenger ကနေ လာရောက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်

အဆုံးထိ ဖတ်ပေးကြလို့ ကျေးဇူးတင်ပါတယ်ရှင့်




Passport Bookingနှင့် Passport စာအုပ်များကို ရက်နီး ရက်ဝေး လိုချင်တဲ့ အချိန်နှင့်တကွ စျေးသက်သက်သာသာနဲ့ ဆောင်ရွက်ပေးနေပါပ...
12/05/2022

Passport Bookingနှင့် Passport စာအုပ်များကို ရက်နီး ရက်ဝေး လိုချင်တဲ့ အချိန်နှင့်တကွ စျေးသက်သက်သာသာနဲ့ ဆောင်ရွက်ပေးနေပါပြီ 👉 CB

Address


Website

Alerts

Be the first to know and let us send you an email when Passport Booking posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Passport Booking:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share