06/05/2023
“တိုးတက်ပြောင်းလဲမှုဟာ ချက်ခြင်းရတဲ့ ဆုမဟုတ်”
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
“ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ” ဆိုတဲ့ စကားလေးကို ကျွန်တော်တို့ ခဏခဏ ကြားဖူးကြမှာပေါ့။
ဘာလို့ ငါ့ဘဝကြီးက ဒီလိုဖြစ်နေတာလဲ? ငါ့နည်းလမ်းတွေက ဘာကြောင့်အလုပ်မဖြစ်တာလဲ? ငါ့ရည်ရွယ်ချက်တွေက ဘာကြောင့်မဖြစ်မြောက်လာတာလဲ?
တစ်ခါတစ်လေဘဝမှာ ဘာမှအဆင်မပြေတော့တဲ့အခါ ဒီမေးခွန်းတွေက ခေါင်းထဲမှာ ခဏခဏပေါ်လာပြီး စိတ်ကိုဒုက္ခပေးတတ်တယ်။
အောင်မြင်မှုဟာ အချိန်၊ ကြိုးစားအားထုတ်မှု၊ နဲ့ စိတ်ရှည်သီးခံမှုတို့ လိုအပ်ပါတယ်။
ကိုယ်ဖြစ်ချင်တဲ့အရာတွေကို အကောင်အထည်ဖော်တဲ့လမ်းမှာ အကြီးမားဆုံး အတားအဆီးက ကျွန်တော်တို့ကိုယ်တိုင် ဖြစ်တယ်ဆိုတာကို ဝန်ခံဖို့က အင်မတန်နာကျင်စရာကောင်းပါတယ်။ မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားတာတွေကို ခဏခဏလုပ်မိနေတယ်။ မတွေးတော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ အတွေးတွေကို ထပ်တလဲလဲတွေးမိရင်း ဝမ်းနည်းစိတ်ဒုက္ခရောက်နေတယ်။ ဒါတိုးတက်ပြောင်းလဲဖို့ ကြိုးစားနေသူတွေ ကြုံတွေ့တတ်ရတဲ့ကိစ္စပါ။
တကယ်လို့ ကိုယ်က အမူအကျင့်တစ်ခုခုကိုပဲဖြစ်ဖြစ်ပြောင်းလဲချင်တယ်၊ အဆင်မပြေတဲ့အရာတစ်ခုကို ဖယ်ထုတ်ချင်တယ်။ ဒါပေမဲ့ ဖယ်လို့မရဘူး၊ ပြောင်းလဲလို့မရဘူးဖြစ်နေတယ်။ ဒါဆိုရင် ကျွန်တော်တို့ဘာလုပ်ကြမလဲ? နည်းလမ်းပြောင်းကြည့်ရမှာပေါ့။ ဒီနည်းလမ်းနဲ့အလုပ်မဖြစ်ရင် နောက်တစ်နည်းနဲ့ စမ်းလုပ်ကြည့်။ ဒီလိုနဲ့ ကိုယ်နဲ့အကိုက်ညီဆုံးနည်းလမ်းကို ရှာတွေ့ပြီးရင် သင့်ရဲ့ပြောင်းလဲမှုက စတင်အသက်ဝင်လာပါလိမ့်မယ်။
ဒါကြောင့် ပြောင်းလဲခြင်းလမ်းစဉ်က စိတ်ရှည်ဖို့လိုတယ်။ စိတ်ရှည်ရှည်နဲ့ ဖြည်းဖြည်းချင်းပုံဖော်တည်ဆောက်ရမဲ့ လမ်းစဉ်ဖြစ်တာကြောင့် သင့်အနေနဲ့ အပြုသဘောဆောင်တဲ့အတွေးတွေကို တွေးလို့ ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ချင်ပါတယ်။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
ကျွန်တော်တို့ Breakthrough အနေနဲ့ လုပ်ငန်းရှင်များနှင့် Executive များအတွက် Public Training , Corporate Training များနှင့် Business Coaching ဝန်ဆောင်မှုများ ပေးလျက်ရှိပါတယ်။
Breakthrough ရဲ့ ၀န်ဆောင်မှုများကို အသေးစိတ် သိချင်တာပဲဖြစ်ဖြစ်၊
သင်တန်းများကို စိတ်ဝင်စားလို့အပ်နှံလိုတာပဲဖြစ်ဖြစ်၊ စာအုပ်မှာယူလိုတာပဲဖြစ်ဖြစ်
Breakthrough ဖုန်းနံပါတ်တွေဖြစ်တဲ့
09 765 222 102,
09 765 222 104,
09 765 222 107 တို့ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်ခင်ဗျာ။