39 Myanmar Visa services &General service Thailand Jobs

  • Home
  • 39 Myanmar Visa services &General service Thailand Jobs

39 Myanmar Visa services &General service Thailand Jobs Passport Visa services & General services ( Thailand & Malaysia Jobs )

၁၂ .၁၂.၂၀၂၂ မှာ မ​လေးရှားနိုင်ငံရှိPaper စက်ရုံ တွင်တာဝန်ထမ်းဆောင်ရန် ယနေ့  လုပ်ငန်းခွင်ထဲသို ရောက်ရှိပါပြီ လစကောင်း ကော...
14/12/2022

၁၂ .၁၂.၂၀၂၂ မှာ မ​လေးရှားနိုင်ငံရှိ
Paper စက်ရုံ တွင်တာဝန်ထမ်းဆောင်ရန် ယနေ့ လုပ်ငန်းခွင်ထဲသို ရောက်ရှိပါပြီ လစကောင်း ကောင်း နှင့် OT များများရရှိနိုင်ကြပါစေ

မလေးရှား နိုင်ငံ စက်ရုံ အလုပ်များမေးမြန်းနိုင်ပါသည်

Cb or viber 09778432941
Ph 09799656904

01/12/2022

မလေးလက်အိပ်နှင့် အခြားစက်ရုံးမျာ
အမြန်အလိုရှိသည်

30/11/2022

ကျနော်တို့ Myanmar Passport တွေ Free visa (45) Days စပေးနေပြီ ဆိုတော့ ဝမ်းသာရပါပြီခင်မျာ။

Photo ပုံကတော့ ဒီနေ့ ဝင်လာပြီး Thai Driving license လာထုတ်တဲ့ ကျနော်တို့ Client ဆီကပါ။

ဒီအခေါက်ဘန်ကောက်လာတာ လိုင်စင်ထုတ်ပြီး နေ့ချင်းပြန်မယ်ဆိုတော့ ရက်တွေနှမြောစရာကြီး ဖြစ်နေတယ်တဲ့။

12/11/2022

မလေးရှားကို အောက်လမ်းက သွားခဲ့တဲ့ မြန်မာတစ်ဦးရဲ့ အတွေ့အကြုံ

အသက် ၂၀ ကျော် ကိုမောင်မောင်ဟာ ရခိုင်ပြည်နယ် မာန်အောင်မြို့က ငါးလုပ်ငန်း လုပ်ကိုင်ခဲ့သူပါ။ သူအရွယ်ရောက်တဲ့အချိန်ကနေ စပြီးလုပ်ကိုင်ခဲ့တဲ့ ငါးလုပ်ငန်းဟာ ငါးမရတာ နှစ်ချီကြာလာတဲ့အခါ ကျွမ်းကျင်တဲ့ လုပ်ငန်းကို စွန့်ခွာပြီး မလေးရှားကို လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကိုမောင်မောင် မလေးရှားကို သွားမယ်လို့ အစီစဉ်စတာနဲ့ အသက် ၆၀ ကျော်အရွယ် ဖခင်ဖြစ်သူကလည်း သားဖြစ်သူကို စိတ်မချလို့ဆိုပြီး လိုက်မယ်လို့ ဆိုခဲ့ပါတယ်။ ဒါနဲ့ သားအဖနှစ်ယောက် မလေးရှားကို အလုပ်လုပ်ဖို့ ပြင်ဆင်ပါတော့တယ်။

“မိသားစုတွေက များတယ်။ ကျနော်ကလည်း အိမ်ထောင်နဲ့။ အလုပ်ကလည်း အဆင်မပြေတော့ ဆုံးဖြတ်ရတာပဲ။ အဖေရယ်၊ ကျနော်ရယ်၊ ကျနော်တို့ ညီအစ်ကို ဝမ်းကွဲတွေရယ် အားလုံးပေါင်း ၇ ယောက် ပေါ့။”

ဒါပေမဲ့ တရားဝင်လမ်းကြောင်းကို သွားလာရတဲ့နည်းလမ်းတွေ မသိသလို တရားမဝင်သွားရင်လည်း ဘယ်လိုသွားရမယ်ဆိုတာကို သူတို့တွေ မသိကြပါဘူး။ ဒါနဲ့ ပွဲစားတွေနဲ့ ချိတ်ဆက်မိပြီး မလေးရှားကိုရောက်ဖို့ တစ်ယောက်ကို ၃၅ သိန်း ပေးကြရပါတယ်။ သားအဖ နှစ်ယောက်စာအတွက် သိန်း ၇၀ ကို အိမ်မှာရှိတာတွေ ရောင်းချတာအပြင် အပြင်ကနေ အတိုးနဲ့ပါ အကြွေးယူပြီး ပေးခဲ့ကြရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာမှာ သူတို့ ၇ ယောက် ရန်ကုန်ကို ရောက်ခဲ့ကြပါတယ်။

“ရန်ကုန်ရောက်တော့ ကျနော်တို့လို သွားမယ့်သူတွေ အယောက် ၇၀ လောက်ရှိတယ်ဗျာ။ အများကြီးပဲ။ မိန်းကလေးတွေလည်းပါတာ အယောက် ၂၀ လောက်ရှိမယ်။ ကျနော်တို့ ထားဝယ်ကိုသွားကြတော့ ကားကြီးကို တစ်စီးလုံးပဲ”လို့ သူ့ရဲ့ မလေးခရီးစဉ်အစကို ပြောပြပါတယ်။

ဒီခရီးဟာ မြန်မာလုပ်သားတွေ အောက်လမ်းလို့ခေါ်ကြတဲ့ ထားဝယ်ကနေ ထိုင်းနိုင်ငံကိုဖြတ်ပြီး မလေးရှားကိုတောလမ်းခရီးဖြတ် သွားရတဲ့ ခရီးစဥ်လည်းဖြစ်ပါတယ်။

#တောလမ်းခရီးမှာ ၃ ရက်တာ

သူတို့တွေဟာ ထားဝယ်ကို‌ရောက်ပြီးနောက် မောတောင်ကို ထပ်သွားကြရပါတယ်။ မောတောင်ကနေ ထိုင်းနယ်စပ်ကိုဖြတ်ဝင်ဖို့ အစစ်အဆေးမရှိနိုင်လောက်တဲ့ တောလမ်းခရီးကို စတင်ခဲ့ကြရပါတယ်။

“အဲ့ဒီမှာ ပါလာသမျှ အဝတ်အစားတွေ၊ အထုပ်အပိုးတွေ အကုန် ထားခဲ့ရတာပဲ။ ခရီးဝေးတယ် သယ်နိုင်မှာမဟုတ်လို့ ထားခဲ့ဆိုလို့ ကျနော်တို့တွေ ရေသန့်ဘူးပဲ ယူပြီး သွားကြတာ။ ဟုတ်တယ်ဗျာ၊ အထုတ်တွေသာပါရင် သယ်နိုင်မှာမဟုတ်ဘူး။ နည်းတဲ့ခရီးမှမဟုတ်တာ”လို့ ကိုမောင်မောင်က ပြောပါတယ်။

သူတို့တွေသွားတဲ့ တောလမ်းခရီးမှာ လမ်းတစ်လျှောက်နီးပါးရှိနေတဲ့ ရွှံ့တောတွေ၊ ချောင်းတွေကို ဖြတ်ကြရပါတယ်။ မိုးရာသီဖြစ်တဲ့အပြင် မိုးကောင်းတဲ့ဒေသဖြစ်တာကြောင့် မိုးဒဏ်ကို ကောင်းကောင်းခံကြရပါတယ်။ ဒါပေမဲ့ သူတို့အချိန်ကြာကြာ နားခွင့်မရကြပါဘူး။ အချိန်မရွေးအဖမ်းခံရနိုင်တဲ့အတွက် ဦးဆောင်လာတဲ့ ပွဲစားတွေက အချိန်အကြာကြီး ပေးမနားဘူးလို့ ပြောပါတယ်။

“တောကောင်တွေလည်းတွေ့တယ်။ မြွေတွေလည်းရှိတယ်။ ညဘက်ဆိုတော့ အရမ်းသတိထားပြီးသွားကြရတယ်။ အဲ့မှာဗျာ မိန်းကလေးတွေလည်းပါတော့ ထိကပါး ရိကပါးတွေလည်း ပွဲစားတွေက လုပ်ကြသေးတာ။ တောထဲလည်းဖြစ် သူတို့ပဲ သွားလာတတ်တဲ့နေရာဆိုတော့ သည်းခံကြရတာ”

မနက်ကို ၈ နာရီက ထွက်ခဲ့ကြတဲ့ခရီးဟာ နောက်တစ်နေ့ ညနေလောက်မှ ထိုင်းနယ်နိမိတ်ထဲကို ရောက်လာကြပါတယ်။ အဲ့ဒီအချိန်အထိ ထမင်းတစ်နပ်မှ မစားခဲ့ကြရပါဘူး။ ပါလာတဲ့ရေဘူးထဲကရေကို တစ်ယောက်နည်းနည်းစီ မျှသောက်ခဲ့ကြရတာပါ။

ထိုင်းနယ်စပ်ကိုရောက်တဲ့အချိန်က ည ၇ နာရီဝန်းကျင်လောက်လို့ ပြောပါတယ်။ ထိုင်းနယ်နိမိတ် တောထဲမှာ နောက်ထပ် လမ်းပြတွေက လာခေါ်ကြပြီး မနက် ၇ နာရီလောက်အထိ တောလမ်းကို ဆက်လျှောက်ကြရပြန်ပါတယ်။

“နေမကောင်းလို့ မလိုက်နိုင်ရင် ထားခဲ့မှာ၊ တချို့မိန်းကလေးတွေဆို ဆက်မလျှောက်နိုင်လို့ အချင်းချင်း တွဲလျှောက်ကြရတယ်။”

အဲလိုနဲ့ နောက်နေ့မနက် တောလမ်းတစ်နေရာမှာ စောင့်နေကြတုန်း ကား သုံးစီးရောက်လာပါတယ်။ ကားအတွင်းပိုင်းထဲမှာ တစ်ယောက်ပေါင်ပေါ် တစ်ယောက် ထပ်ထိုင်ပြီးလိုက်လာခဲ့ကြရပါတယ်။

“တစ်ယောက်နဲ့တစ်ယောက်ကိုထပ်တာ သုံးယောက်စီထပ်တာ။ ပြီးတော့ လုံးဝစကားမပြောခိုင်းဘူး။ အသံမထွက်ခိုင်းဘူး။ လူတွေအထဲမှာ ထပ်ပြီးတော့ အပေါ်ကနေ ကြံတွေအုပ်လိုက်တယ်”

အဲ့လိုနဲ့ မလေးရှားနယ်စပ် မာလကာကို ရောက်ခဲ့ကြပါတယ်။ အဲ့ဒီမှာသူတို့ကို စီစဉ်ပေးတဲ့ တိုက်ခန်းမှာ ၄ ရက်လောက်နေပြီးတဲ့နောက် ဆာလာဘန်းမြို့ကို ထပ်ပြောင်းကြရပါတယ်။

#အဖမ်းခံလိုက်ရတဲ့ အဖေ့အတွက် ပူပင်သောက
ဆာလာဘန်းမြို့က တာယာစက်ရုံမှာ အဖေဖြစ်သူနဲ့ ညီအစ်ကို ဝမ်းကွဲတွေ အလုပ်ရခဲ့ပြီး ကိုမောင်မောင်ကတော့ ပလတ်စတစ်စက်ရုံမှာ အလုပ်ရခဲ့ပါတယ်။

စက်ရုံက အလုပ်သမားတွေနေဖို့အတွက် စက်ရုံဝင်းထဲမှာ ကိုမောင်မောင်နေရပေမဲ့ ဖခင်ဖြစ်သူနဲ့ ညီအစ်ကိုတွေကတော့ သူတို့စက်ရုံက ငှားပေးထားတဲ့ အပြင်အဆောင်မှာ နေကြရပါတယ်။

ဖခင်ဖြစ်သူနဲ့ ညီအစ်ကိုတွေဟာ အောက်တိုဘာ ၂၆ ရက်မှာ တာယာစက်ရုံကနေ အလုပ်ချိန်ပြီးလို့ အဆောင်မှာ ညစာစားနေတုန်း ည ၉ နာရီမှာ မလေးရှားရဲတပ်ဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးတာကို ခံလိုက်ရပါတယ်။

“အဖမ်းခံရတဲ့ သတင်းပဲ ကြားလိုက်တာ။ အဲ့ဒီကတည်းက အခုထိ တွေ့ခွင့်မရသေးဘူး။ အဖေက သွေးတိုးရှိတယ်။ အသက်ကလည်း ၆၀ ကျော်ပြီဆိုတော့ စိတ်ပူတယ်ဗျာ၊ အမေနဲ့လည်း ဖုန်းပြောဖြစ်တော့ ငိုကြတယ်။ တကယ်လို့ အဖေပြန်လွတ်လာရင် မြန်မာပြည်ပဲ ပြန်ပို့ခံရမှာ။ ကျနော်ကတော့ အဖေ့အတွက်ရော၊ ကျနော့အတွက်ရော ယူထားတဲ့ အကြွေးတွေ အကုန်ဆပ်ဖို့ ဒီမှာ ကြိုးစားရမှာပဲ” လို့ ကိုမောင်မောင်က ပြောပါတယ်။

#အဖမ်းခံရပြီး ဘာတွေဖြစ်ကြသလဲ

မလေးရှားနိုင်ငံမှာ တရားမဝင် အလုပ်လုပ်နေတဲ့သူတွေ၊ အထောက်ထားမဲ့သူတွေကို တင်းတင်းကြပ်ကြပ် ဖမ်းဆီးတာက ပြီးခဲ့တဲ့ ဇူလိုင်လကတည်းကလို့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

လာမယ့် နိုဝင်ဘာ ၁၉ ရက်မှာ မလေးရှားနိုင်ငံရဲ့ ရွေးကောက်ပွဲရှိနေတာ၊ နှစ်စဉ်နှစ်ကုန်ချိန်တိုင်းမှာ စီမံချက်ဆွဲပြီး ဖမ်းဆီးတာတွေကြောင့် ပိုပြီး အဖမ်းဆီးများလာတာလို့ မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ အားအင်သစ် ပရဟိတလူငယ်များအသင်းက တာဝန်ရှိသူ ကိုကျော်ကျော်ဦးက ပြောပါတယ်။

“ဖမ်းတာက တော်တော်ကြမ်းတယ်။ မလေးမှာ တရားမဝင်အလုပ်သမားတွေ ခန့်နိုင်တဲ့ စက်ရုံတွေ ၊ အလုပ်ရုံတွေ၊ အဆောင်တွေ ၊ အခန်းတွေ အကုန်လိုက်ဖမ်းတာ” လို့ ပြောပါတယ်။

အဖမ်းခံရတဲ့အခါ ၂ ပတ် ရမန်ကြီးယူပြီးနောက် တရားရုံးမှာ အမှုစွဲချက် တင်တဲ့အကြောင်း ၊ တရားမဝင် ဝင်ရောက်တာ၊ အလုပ်လုပ်တာတွေကြောင့် ထောင်ဒဏ် ၃ လကနေ ၆ လအတွင်း ထောင်ဒဏ်ချမှတ်ခံရပြီးရင် ထိန်းသိမ်းရေးစခန်းတွေကို ပို့ဆောင်ခံရတဲ့အကြောင်း ၊ရှေ့နေ ငှားဖို့ တတ်နိုင်ရင် ဒဏ်ကြေးဆောင်ပြီး ထောင်ဒဏ်လျော့နည်းပြစ်ဒဏ် ခံရတာရှိတတ်ပေမဲ့လည်း တချို့တလေမှာ ထောင်ဒဏ်ပြစ်ဒဏ်တွေ အပြည့် ကျခံရတာတွေ ရှိတယ်လို့ ရှင်းပြပါတယ်။

ထိန်းသိမ်းရေးစခန်းတွေကို ‌ရောက်ပြီဆိုရင် မြန်မာသံရုံး ကိုယ်စားလှယ်က မြန်မာနိုင်ငံသား ဟုတ် မဟုတ်ဆိုတာကို လာရောက်စစ်ဆေးပြီးတဲ့အခါ မြန်မာနိုင်ငံကို ပြန်ပို့ဖို့ စီစဉ်ပေးကြရတာဖြစ်တယ်လို့ အလုပ်သမားတွေအတွက် ကူညီပေးနေတဲ့ ဦးသီဟမောင်မောင်က ပြောပါတယ်။

“ပြစ်ဒဏ်ခံပြီးတဲ့သူတွေကို သံရုံးကနေ ပြန်ပို့နေတာ တစ်ပတ်ကို လေယာဉ် ၂ စီးဗျာ၊ တစ်စီးမှာ အယောက် ၁၅၀ အနည်းဆုံးပါတယ်။ တစ်လဆိုရင် တစ်ထောင်ကျော်လောက်ကို ဆက်တိုက်ပြန်ပို့နေရတာ။ ပြန်ပို့ခံရတဲ့သူတွေက မလေးရှားနိုင်ငံကို ပြန်ဝင်ခွင့်မရတော့ဘူး။ မလေးရှားက Blacklist သွင်းလိုက်ပြီ”လို့ ပြောပါတယ်။

#ဒီနှစ်ကုန်တဲ့အထိ တရားမဝင် မလာသင့်သေး

“မလေးရှားအစိုးရက ရွေးကောက်ပွဲနီးလာတော့ တရားမဝင်တွေကို ဘယ်လိုဖမ်းပါတယ်ဆိုပြီး လုပ်ပြချင်တာ၊ အဲ့တော့ ထိုင်း၊ မလေးနယ်စပ်တွေမှာဆို အရင်ကထက်ပိုပြီး စစ်ဆေးရေးဂိတ်တွေ ပိုချထားတယ်”လို့ ဦးသီဟမောင်မောင်က ပြောပါတယ်။

ထိုင်းကနေ စက်လှေနဲ့ တရားမဝင် ခိုးဝင်ရင်း စက်လှေနစ်တာ၊ မုန်တိုင်းမိတာတွေကြောင့် အသက်အန္တရာယ် စိုးရိမ်ကြရသလို တောလမ်းကနေလာရင်း အဖမ်းဆီးခံကြရတာတွေက ထိုင်းနိုင်ငံမှာရော၊ မလေးရှားနိုင်ငံမှာပါ ဆက်တိုက်ရှိနေတယ်လို့ ပြောကြပါတယ်။

“တရားဝင်လာဖို့ ကုန်ကျစရိတ်က တရားမဝင် လာတဲ့သူတွေနဲ့ သိပ်မကွာဘူး။ ၃၅ သိန်း၊ သိန်း ၄၀ ဝန်းကျင်ပဲ ။ ဒါပေမဲ့ ဗီဇာရဖို့ခက်တာ၊ ကန့်သတ်တာတွေရှိတယ်။ Show money ပြလည်း မြန်မာတွေက over stay နေပြီး အလုပ်လုပ်ကြမယ်ဆိုတာသိတော့ လက်မခံဘဲ ပြန်လွှတ်တာတွေရှိတယ်။ တချို့ကျတော့ လေဆိပ်မှာ လက်ဗွေစစ်လိုက်ရင် အရင်က ပြစ်ဒဏ်ခံရဖူးလို့ Black List သွင်းခံထားရတယ်ဆို ပြန်လွှတ်ခံရတာ။ ဒီတော့ တရားမဝင်လမ်းကြောင်းကို ပိုပြီးလာကြတာ”

ဒါပေမဲ့ တချို့ မလေးရှားလုပ်ငန်းရှင်တွေက ကုန်ကျစရိတ်ကျခံပြီး တရားဝင်လမ်းကြောင်းကနေ ခေါ်တဲ့အလုပ်တွေရှိတာကြောင့် အဲ့လို အလုပ်တွေကို တရားဝင်အေဂျင်စီတွေနဲ့ ချိတ်ဆက်ပြီး တရားဝင်လမ်းကြောင်းနဲ့ လာဖို့ အကြံပေးပါတယ်။

ထိုင်းနယ်စပ်ရော၊ မလေးရှားနယ်စပ်မှာပါ အဖမ်းအဆီးတွေ တင်းကြပ်နေတဲ့အတွက် တရားမဝင်လမ်းကြောင်းကနေတော့ ဒီနှစ်ကုန်သည်အထိမလာသင့်သေးဘူးလို့လည်း ဦးသီဟမောင်မောင်က ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းကနေ မြန်မာနိုင်ငံနယ်စပ်ပြင်ပကို လူတွေ ရွှေ့ပြောင်းသွားလာခြင်းဟာ ရှုပ်ထွေးများပြားလှပြီး ကာလကြာရှည်နေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်းက အခြေအနေတွေကြောင့် လူတွေဟာ ရွှေ့ပြောင်းလုပ်သားတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဒုက္ခသည်တွေ၊ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူတွေ အဖြစ် နိုင်ငံ ပြင်ပသွားရောက်ကြသလို လူကုန်ကူးခံရသူတွေလည်း ရှိပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနိုင်ငံအတွင်း အခြေအနေတွေက ပိုဆိုးလာခဲ့ပြီး ကျေးလက်ဒေသမှာ အသက်မွေးဝမ်းကျောင်းနဲ့ စီးပွားရေးအလုပ်အကိုင် အခွင့်အလမ်းရှားပါးမှု၊ ပြည်တွင်းပဋိပက္ခဖြစ်ပွားမှုတွေက ရွှေ့ပြောင်းသွားလာဖို့အတွက် တွန်းအားများဖြစ်ပြီးတော့ အများအားဖြင့် ဒီအကြောင်းရင်းတွေက တစ်ခုနှင့်တစ်ခု ဆက်စပ်နေလေ့ရှိပါတယ်။

မြန်မာ ထိုင်း ကမ္ဘောဒီးယား လာအို တရုတ် ဗီယက်နမ်တို့ပါဝင်တဲ့ မဟာမဲခေါင်ဒေသခွဲမှာ မြန်မာနိုင်ငံက ပြည်ပကို ရွှေ့ပြောင်းသွားလာသူတွေဟာ အခြားနိုင်ငံများထက် ပိုများတယ်လို့သိရပါတယ်။ ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ်ရဲ့ ခန့်မှန်းတွက်ချက်မှုများအရ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းခန့်ဟာ ပြည်ပကို ရွှေ့ပြောင်းသွားလာနေကြတယ်လို့ဆိုပါတယ် ။

အဲဒီ ထဲမှာ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ဟာ မြန်မာရွှေ့ပြောင်းသွားလာသူများအတွက် အများဆုံးသွားရောက်ကြတဲ့ နိုင်ငံ တွေဖြစ်ပြီး ထိုင်းနိုင်ငံမှာ သုံးသန်းခန့်၊ မလေးရှားမှာ ၅ သိန်း ကျော်ခန့် ရှိမယ်လို့ မှန်းကြပါတယ်။ မလေးရှားမှာ တရားမဝင်လာတဲ့သူတွေက ပိုများမယ်လို့ သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းက အမျိုးသားလွှတ်တော်မှာ မြန်မာနိုင်ငံအတွင်းကနေ ပြည်ပကိုသွားရောက်ပြီး အလုပ်လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းလုပ်သား ၄ သန်းခန့်ရှိပြီးတော့ ထိုင်းနိုင်ငံမှာ အများဆုံးသွားရောက်လုပ်ကိုင်နေကြတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူအင်အားဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

#ကျီးလန့်စာစား တရားမဝင် အလုပ်သမားဘဝ
အခုဆို ကိုမောင်မောင်တစ်ယောက် အဖမ်းခံထားရတဲ့ ဖခင်ရဲ့ ထောင်ဒဏ်အပြစ်နည်းစေဖို့ ကြိုးစားနေပါတယ်။ သူ့အနေနဲ့လည်း တရားမဝင် အလုပ်သမားတစ်ယောက်ဖြစ်နေတဲ့အတွက် အဖမ်းခံထားရတဲ့ ဖခင်ကို သွားရောက်တွေ့ဆုံဖို့လည်း မလွယ်ကူပါဘူး။

လာမယ့် နိုဝင်ဘာ ၁၀ ရက် ကြာသပတေးနေ့မှာ ဖခင်ကို ရုံးထုတ်မှာဖြစ်တဲ့အတွက် လိုက်ပါကူညီပေးဖို့ အားအင်သစ်လူငယ်ပရဟိတအဖွဲ့ကို အကူညီတောင်းထားတယ်လို့ ကိုမောင်မောင်က ပြောပါတယ်။

“ကျနော်က ဘာလုပ်တတ်မှာလည်းဗျာ။ အကူညီတော့တောင်းထားတယ်။ အဖေနေကောင်းရဲ့လား သိချင်တယ်”လို့ ပြောပါတယ်။

“သူ့အဖေအတွက် ‌ရှေ့နေငှားမလားပေါ့လေ၊ တကယ်လို့ နည်းနည်းပါးပါးဆို ဝိုင်းကူလို့ရတယ်။ အများကြီးဆိုရင်တော့ မလွယ်ဘူးပေါ့”လို့ ကိုမောင်မောင် အဖေအဖမ်းခံရမှုအတွက် ကူညီပေးနေတဲ့ အားအင်သစ်အဖွဲ့က ကိုကျော်ကျော်ဦးက ပြောပါတယ်။

သူ့အဖေအတွက် စိတ်ပူနေရင် တစ်ဖက်မှာလည်း သူကိုယ်တိုင် အလုပ်လုပ်ကိုင်ရင်း၊ အလုပ်သွားလာရင်း အဖမ်းမခံရအောင် သတိထားနေနေရပါတယ်။

“အလုပ်သွားချိန်မှာရော၊ အိပ်ချိန်မှာရော၊ အလုပ်လုပ်နေတဲ့အချိန်မှာရော အချိန်ပြည့်ပါပဲဗျာ။ စိုးရိမ်နေရတာ။ ကျနော့်မှာ အဖေ့အတွက်ရော ကျနော့အတွက်ရော ဆပ်စရာအကြွေးတွေရှိသေးတယ်။ ကျနော်ရည်ရွယ်ထားတာကတော့ ၃ ၊ ၄ နှစ်လောက် အလုပ်လုပ် ၊ ပိုက်ဆံစုပြီးရင် ပြန်ဖို့ပါပဲ”

ဒါပေမဲ့ သူ့ရည်ရွယ်ချက်တွေ ပြည့်ဝပါ့မလားဆိုတာကို သူကိုယ်တိုင်တောင်
မသေချာနိုင်သေးပါဘူး။

Burmese

12/11/2022
12/11/2022
10/11/2022
10/11/2022

ထိုင်းနိုင်ငံသို့ အလည်အပတ်လာရောက်သူများသို့ အသိပေးခြင်း
(၁၀-၁၁-၂၀၂၂)

မြန်မာနိုင်ငံသားများအနေဖြင့် အကြောင်းကိစ္စအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံသို့ လေကြောင်းလိုင်းများမှတစ်ဆင့် အလည်အပတ်ခရီး လာရောက်ပါက အောက်ပါအတိုင်း စီစဉ် လာရန် လိုအပ်ပါသည်-
- မြန်မာနိုင်ငံသို့ အပြန်ခရီးစဉ် လေယာဉ်လက်မှတ်
- လူပုဂ္ဂိုလ် တစ်ဦးအတွက် ဘတ် ၁၀၀၀၀ နှင့် ညီမျှသော အမေရိကန်ဒေါ်လာ၊ မိသားစုတစ်စုအတွက် ဘတ် ၂၀၀၀၀ နှင့်ညီမျှသော အမေရိကန်ဒေါ်လာ
- ထိုင်းနိုင်ငံ၌ တည်းခိုမည့် ဟိုတယ်စီစဉ်ထားမှု အထောက်အထား
- ထိုင်းနိုင်ငံအတွင်း မိတ်ဆွေ၏ နေအိမ်၌ တည်းခိုမည်ဆိုပါက ဤမိတ်ဆွေမှ ဖိတ်ကြားထားသောစာ (ဤစာတွင် ဖိတ်ကြားသည့် မိတ်ဆွေ၏ အမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ် ဖော်ပြထားရမည်၊ လေဆိပ် လဝကမှ လိုအပ်၍ အိမ်ရှင်ထံ ဖုန်းဆက်မေးမြန်းပါက မှန်ကန်စွာ ဖြေဆိုနိုင်ရမည်)

10/11/2022
93City Co.ltd.  မှ FRC Extension Services နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် YGN သင်္ကေတဖြင့် ကိုင်ဆောင်ထားသူ နိုင်ငံခြားသာ...
10/11/2022

93City Co.ltd. မှ FRC Extension Services

နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် YGN သင်္ကေတဖြင့် ကိုင်ဆောင်ထားသူ နိုင်ငံခြားသားများ၏ နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် နှစ်စဉ်သက်တမ်း အတည်ပြုလဲလှယ်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ အသိပေးခြင်း

မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံအသီးသီးမှ ပြည်ဝင်ဗီဇာ တစ်မျိုးမျိုးဖြင့် ဝင်ရောက်ခဲ့ပြီး ရက်ပေါင်း (၉၀) ထက် ကျော်လွန်နေထိုင်သူများသည် ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး နည်းဥပဒေ အပိုဒ် ၆(၁)(ခ)(ဂ) တို့အရ YGN သင်္ကေတဖြင့် နိုင်ငံခြားသား မှတ်ပုံတင် ကိုင်ဆောင်ရပါသည်။

YGN သင်္ကေတ နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်သည် နှစ်စဉ် နိုဝင်ဘာလ (၃၀) ရက်နေ့ တွင် သက်တမ်းကုန်ဆုံးပါသည်။ ၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး နည်းဥပဒေ အပိုဒ် ၇(၂)(ခ) အရ သက်တမ်းကုန်ဆုံးသည့်နေ့မှ ရက် (၃၀) အတွင်း နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ် လဲလှယ်ခြင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။
သို့ပါ၍ နှစ်စဉ် ဒီဇင်ဘာလ (၁) ရက်နေ့မှ (၃၀) ရက်နေ့အတွင်း သတ်မှတ်အခငွေ (9) US$ ပေးသွင်းစေ၍ နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် လဲလှယ်ခြင်းလုပ်ငန်း ဆောင်ရွက် ပေးလျက်ရှိပါသည်။ သတ်မှတ်ကာလကုန်ဆုံးပြီး ဇန်နဝါရီလအတွင်း လာရောက်လဲလှယ် ပါက နိုင်ငံခြားသားများ မှတ်ပုံတင်ရေးနည်းဥပဒေ အပိုဒ် ၁၇ (၃) အရ ကျသင့်အခွန်ငွေ၏ (၂) ဆ ဖြစ်သည့် (18) US$ ပေးသွင်းရမည်ဖြစ်ပါသည်။
၂၀၂၁ ပြည့်နှစ်တွင် ကမ္ဘာနှင့်တစ်ဝှမ်းဖြစ်ပေါ်လျက်ရှိသည့် COVID-19 ကပ်ရောဂါ ဖြစ်ပွားချိန် ဖြစ်နေခြင်းကြောင့် မြန်မာနိုင်ငံတွင်း ရောက်ရှိနေထိုင်ကြသည့် နိုင်ငံခြားသားများအတွက် နိုင်ငံခြားသားမှတ်ပုံတင် (YGN – သင်္ကေတ) လက်မှတ် ကိုင်ဆောင်သူများ အဆင်ပြေ ချောမွေ့စေရေးအတွက် နှစ်စဉ်လဲလှယ်ခြင်းလုပ်ငန်းကို ၂၁.၁၁-၂၀၂၂ ရက်နေ့မှစတင်၍ (ရုံးပိတ်ရက်မပါ) ကြိုတင်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
နယ်မှ မိတ်ဆွေဟောင်းမိတ်ဆွေသစ်များကို
Express service ဖြင့်ဝန်ဆောင်မှုပေးမှာဖြစ်တဲ့အတွက် သက်တမ်းတိုးဆောင်ရွက်လိုပါက
93 City co.ltd.( General services) သို ဆက်သွယ်နိင်ပါတယ်
Hot line 09778432941- 09799656904 -09765408115

Our Services:
# Myanmar Visa Extension
# Business Visa Extension
# Tourist Visa Extension
# Arrival Business Visa
# Foreign Registration Certificate (FRC) Services /Extension
# Foreign Registration Certificate (FRC) Lost
# Dependent Visa Extension
# Employee Visa Extension
# Overstay Visa Extension Services
# Company Registration
# PR ( social visa ) Services
# Salary Tax Services
# Company Share Members Tax ( 6%, 10%, 20%, 30% )
# Car name owner conversion services
# New Myanmar Driving License Service.
# Myanmar Driving License Service lost / Extension
# Myanmar passport services New / Lost / Extension
# Ministries documentation process for Visa Extinction permit services
# Visa Extinction permit final sticker services
# Car Rental Services
# Real estate service condo, and house , Estate ( seal ,and Rent , ) services

02/11/2022

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို နိုဝင်ဘာလ ၇ ရက်က စပြီး PJ နိုင်ငံကူးလက်မှတ်အသစ.....

ဘန်ကောက် မြန်မာသံရုံးက ပတ်စ်ပို့အသစ်လုပ်သူများကို OWIC ကတ် တပါတည်းပြုလုပ်ပေးမည်DVBထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မ...
02/11/2022

ဘန်ကောက် မြန်မာသံရုံးက ပတ်စ်ပို့အသစ်လုပ်သူများကို OWIC ကတ် တပါတည်းပြုလုပ်ပေးမည်
DVB

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို နိုဝင်ဘာလ ၇ ရက်က စပြီး PJ နိုင်ငံကူးလက်မှတ်အသစ်လုပ်သူတွေအနေနဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) တပါတည်း လုပ်ဆောင်ခွင့်ရတော့မယ်လို့ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။

နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်ဖို့ ပုံစံမှာ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ မိသားစုဝင်အမည်၊ နေရပ် လိပ်စာနဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ အလုပ်သမားကုမ္ပဏီအမည်တို့ကို ပြည့်စုံ စွာ ဖြည့်စွက်ဖို့ လိုအပ်သလို PJ နိုင်ငံကူးလက်မှတ်အသစ်ကို မြန်မာသံရုံး (ဘန်ကောက်) မှာ ထုတ်ယူရမှာဖြစ်ပြီး OWIC ကတ်ကို မဟာချိုင်ရှိ TDCC ရုံးမှာ တပတ်အတွင်း သွားရောက်ထုတ်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။
http://burmese.dvb.no/archives/561950
#ဘန်ကောက်မြန်မာသံရုံး #ပတ်စ်ပို့ #ထိုင်း

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို နိုဝင်ဘာလ ၇ ရက်က စပြီး PJ နိုင်ငံကူးလက်မှတ်အသစ.....

02/11/2022
01/11/2022
31/10/2022

MoU စာချုပ်ချုပ်ပြီး ရက်ပေါင်း ၈၀ ကျော်တွင် ထိုင်းစက်ရုံမှအလုပ်မခေါ်တော့သဖြင့် မြန်မာအလုပ်သမားများအခက်အခဲဖြစ်နေ

မဲဆောက်၊ အောက်တိုဘာ ၃၀

ပြည်ပအလုပ်အကိုင်ရှာဖွေရေး ထိုင်း-လိုင်စင်ရ ပွင့်ဖူးအောင်ကုမ္ပဏီ အပါအ ဝင် ကုမ္ပဏီ (၄) ခုဖြင့် MoU စာချုပ်ချုပ်ဆိုထားသည့် မြန်မာအလုပ်သမား များအား ထိုင်းနိုင်ငံရှိ လုပ်ငန်းရှင်မှ အလုပ်မခေါ်တော့သဖြင့် အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု သိရသည်။

"အမ အင်္ဂါနေ့မှာ သံရုံးကိုသွားမယ် အဲဒီမှာထိုင်းအလုပ်ရှင်နဲ့လည်းချိန်းထားတယ်။ အခြားကုမ္ပဏီတွေကတော့သွားတွေ့ပြီးပြီလို့သိရတယ်။ စာချုပ်ချုပ် ပြီး ရက် ၈၀ ကျော်လောက်ရောက်မှ စာချုပ်ချုပ်ထားတဲ့ အလုပ်သမားတွေ ကို ထိုင်းဘက်က အလုပ်မခေါ်တော့ဘူးဆိုပြီး အကြောင်းကြားလာတာ " ဟု ပွင့်ဖူးအောင် ကုမ္ပဏီ၏ ဒါရိုက်တာ ဒေါ်မြတ်ဟေမာန်လင်းက ပြောသည်။

"အခုစာချုပ်ပျက်တာက ပွင့်ဖူးအောင် ကုမ္ပဏီတစ်ခုထဲမဟုတ်ပါဘူး တခြားကုမ္ပဏီတွေလည်းပျက်တယ် (DOE) က စာအတိုင်း စာချုပ်ချုပ်ပြီး ရက်ပေါင်း ၈၀ ကျော်မှ မခေါ်တော့ဘူးပြောတာ အကုန်လုံးစုံပြီးဖြေရှင်းသွားမယ် အလုပ်ခေါ်စာထုတ်ထားပြီး မခေါ်ဘူးဆိုတာတော့ မဖြစ်သင့်ဘူးလေ ဒီဖြစ်စဥ်ကို သံရုံး၊ DOE နဲ့ မြန်မာနိုင်ငံက( အလည) တို့ကဖြေရှင်းပေးရမှာပါ " ဟု ဒေါ်မြတ်ဟေမာန်လင်းက ပြောသည်။

တာဝန်ရှိသူများနှင့် တွေ့ဆုံချိန်တွင်လည်း အလုပ်ခေါ်ခြင်းမခံရသည့် မြန်မာ MoUအလုပ်သမားများအတွက်ဘားအံမြို့တွင် သွားစာချုပ်ချုပ်ဆိုခဲ့ရသည့် စရိတ်စကအဖြစ် အနည်းဆုံး ဘတ် ၈၀၀ လောက်ပြန်လည်ရရှိရန် အလုပ်သ မားများအတွက် ပြည်လည်တောင်းဆိုပေးသွားမည်ဖြစ်ကြောင်းလည်း သိရ သည်။

"ကလေးတွေအတွက် အတတ်နိုင်ဆုံး စရိတ်စကအဖြစ် သူတို့ ဘားအံမှာသွားပြီး စာချုပ်ချုပ်တုန်းကကုန်ကျခဲ့တဲ့ ကုန်ကျစရိတ်အဖြစ်ဘတ်(၈၀၀)လောက်ရအောင်တောင်းဆိုပေးသွားမယ်။ ပြန်ပေးရမှာပဲလေ အမကတော့စာရေးပြီးတောင်းဆိုဖို့လုပ်ထားတယ် တခြားကုမ္ပဏီတွေကတော့ တောင်းပြီးပြီပြောတယ် ဘာမှအကြောင်းမပြန်သေးဘူးတဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ကလေးတွေရဲ့ပိုက်ဆံကတော့ တစ်ပြားတစ်ချပ်မှမလျော့ဘဲ ပြန်ပေးရမှာလေ စက်ရုံဘက်က အဲဒီလိုလုပ်လိုက်တာဟာ အမ တို့ကုမ္ပဏီအတွက်လည်း မကောင်းဘူး။ ကလေးအတွက်လည်း အများကြီးနစ်နာပါတယ် " ဟု ဒါရိုက်တာ ဒေါ် မြတ်ဟေမာန်လင်းက ပြောသည်။

စာချုပ်ပျက်သွားသော်လည်း တောင်းဆို၍ရရှိလာသည့် ငွေကြေးများအား အလုပ်သမားများကိုသာ အပြည့်အဝပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"အလုပ်သမားတွေနစ်နာသလို အမတို့ ကုမ္ပဏီတွေလည်းနစ်နာရတယ် မြန်မာနိုင်ငံက အလည ရယ်တာဝန်ရှိတဲ့လူတွေက ဒီကိစ္စကို နစ်နာသွားရတဲ့ကလေးတွေအတွက် နစ်နာကြေးတောင်းပေးမယ်ဆိုရင်တော့ ကလေးတွေအတွက်အကောင်းဆုံးပေါ့"ဟု ဒါရိုက်တာ ဒေါ်မြတ်ဟေမာန်လင်းက မြဝတီ&မဲဆောက်မီဒီယာသို့ ပြောသည်။

#မြဝတီမဲဆောက်မီဒီယာ

ဓါတ်ပုံ- ထိုင်းနိုင်ငံသို့ ပွင့်ဖူးအောင် အေဂျင်စီ ကုမ္ပဏီမှ တာဝန်ယူပို့ဆောင် ပေးခဲ့သည့် အလုပ်သမားများအား မြဝတီမြို့ ကျောက်လုံးကြီးရုံးတွင် တွေ့ ရစဉ် (ပုံဟောင်း)

31/10/2022

Zawgyi


ခိုးယူခံရပါက



Unicode

စင်ကာပူနိုင်ငံအတွင်း / စင်ကာပူနိုင်ငံပြင်ပရောက်ရှိနေစဉ်

အလုပ်သမား ပါမစ်ကတ်ပျောက်ဆုံး /
ခိုးယူခံရပါက
အသစ်ထုတ်ယူရန်အတွက် လိုအပ်ချက်များ...

31/10/2022

Singapore ကို visit နဲ့ အဝင်မှာ immigration က အလုပ်လာရှာ တဲ့ အထောက်အထား မျိုး တွေ့ခဲ့လို့ ဝင်ခွင့်မရ ခဲ့ ဘဲ လေဆိပ်ကနေ ပြန်လာခဲ့ရ ပါတယ်။အသွားအပြန်လတ်မှတ် Show money Vaccines Notary အစုံ ပါ ပါတယ်။ 23 Oct နေ့ MAI flight နဲ့ရန်ကုန် မှ မနက် 8:30 မြန်မာပြည်စံတော်ချိန် လေယဥ်ထွက်ခွာခဲ့ပြီး စလုံး ကို နေ့လည် 1 နာရီ စကာ်ပူစံတော်ချိန် လေယဥ် ဆိုက်ပြီး immigration မှ ရုံးခန်းထဲ ခေါ်စစ်ပြီး ညနေ 5 နာရီမှာ ပြန်ဖို့အတွက် အပြန် လေယဥ် လတ်မှတ်ကို 24 Oct ရက် နေ့လည် 1:40pm ဖြင့် ပြန်ရန် လေကြောင်းလိုင်း အား ပြန်လည်စီစဥ်ရန် ညွှန်ကြားပြီး တစ်ည တာ Singapore Airport မှာ အိပ်ခဲ့ရပါတယ်။ အဲ့ဒီမှာ စတာပါ ။ IP ROOM လို့ ခေါ်တဲ့ Auxiliary Police တွေ က ထိန်းသိမ်းစောင့်ရှောက် ထားပေးပြီး ညစာ တစ်နှပ် ၊ နောက်နေ့ နေ့လည်စာ တစ်နှပ် ထမင်း ကို ကြက်သားဟင်းနဲ့ food box ပေးပြီး နှစ်ထပ် ကုတင်တွေမှာ တစ်ည အိပ်ခဲ့ ရပါတယ်။ တရားခံလို ဖုန်းနဲ့ ကျော်ပိုးအိတ်တွေ ကို store ခံထဲ သိမ်းထားပြီး ခဏ ယူချင်ရင် သူတို့ ဘေးက လိုက်စောင့် ပေးပါတယ်။ အပြစ်မလုပ်ဘဲ တရားခံလို နေခဲ့ရတာ ကို အဲ့ အခန်းထဲမှာ တစ်ည တည်းခို ခဲ့ တဲ့ အတွက် MAI မှ SGD 601 တောင်းပါတယ် ခရီးသည် ထံမှ ။ ဒီ post ကို တင်ရတဲ့ ရည်ရွယ်ချက်က ကိုယ်တွေ လိုဘဲ Singapore immigration ကနေ ဝင်ခွင့်မရ လို့ ပြန်ခဲ့ ရတဲ့ သူတွေ ရှိပါတယ် အရင်ကလည်း ဒါမျိုး လေကြောင်းလိုင်းကို IP room charges ဆိုတာ မျိုး ပေးခဲ့ရ ဘူးလား ဆိုတာ ရယ် နောက်ထပ် visit နဲ့ သွားမည့်သူတွေလည်း ဒါမျိုး လေးတွေ ရှိနေတာကို သိစေရန်နှင့် Risk တွေ ကြိုချိန်ထားပြီးမှ visit နဲ့ သွားရန် စေတနာ နဲ့ တင်ရ ခြင်းဖြစ်ပါတယ်။ ကိုယ့်ဆီကဘဲ လေကြောင်းလိုင်းက ယူတာလား လည်း အရမ်းသိချင်နေပါတယ်။ လောလောဆယ် အဲ့ ဒီ S$601 မပေးရသေးလို့ လေယဥ်ဆိုက်ဆိုက်ချင်း immigration ကနေ ဖြတ်ပေးပြီး Passport ကို လေကြောင်းလိုင်းမှ Duty Manager မှ သိမ်းသွားပါတယ်။ MAI ရုံးမှာ ပိုက်ဆံ သွားပေးမှ ပြန်ပေးမယ် ပြောပါတယ်။ အဆင်မပြေခဲ့တဲ့ ခရီးသည် တစ်ယောက်အနေ နဲ့ ဘယ်မှာမှ မပြဌာန်း . ဖော်ပြထားခြင်းမျိုးမရှိတဲ့ အဲ့ငွေ ပမာဏ ကို Receive ဘောင်ချာမှာ ရေးထားရုံဖြင့် ဘယ်လိုမှ ပေးဖို့ မဖြစ်နိင်ပါ။ Attachment က တော့ Immigration officer ရဲ့ remark ပါ။ သူ အမှန် ခြစ်ပြထားတဲ့ အကြောင်းအရာကတော့ Singapore ကို ဝင်ရောက်ဖို့ arrival visa ပေးဖို့ရာတွင် officer လက်ခံနိုင်လောက်တဲ့ အကြောင်းပြချက်မခိုင်လုံတဲ့ အတွက် ဆိုတဲ့ စာလေး တစ်​ကြောင်းက ကျွန်တော်တို့ ရဲ့ ငွေ အချိန် မျှော်လင့်ချက်တွေကို အချိန်တိုလေးနဲ့ ဖျက်စီးလိုက်သလိုပါဘဲ။

Credit to : T Chrishnan Nair

💥 ရန်ကုန်နဲ့ နီးနီးနားနား Day Vacationထွက်ဖို့..  သန်လျင် ကုလားဝဲ တံတား အဆင်းနားမှာ အသစ် ဖွင့်ထားတဲ့ “ _ ရှယ်လန်း “ ဆိုင...
27/10/2022

💥 ရန်ကုန်နဲ့ နီးနီးနားနား Day Vacationထွက်ဖို့..
သန်လျင် ကုလားဝဲ တံတား အဆင်းနားမှာ အသစ် ဖွင့်ထားတဲ့ “ _ ရှယ်လန်း “

ဆိုင်နာမည်ကကို ရှယ်လန်းပါ ။
ဆိုင်က ဖွင့်ထားတာတော့ သိပ်မကြာသေးလို့ ထင်တယ် ___
ကျနော်တို့ရောက်ခဲ့တုန်းကတော့ လူရှင်းနေတယ် ။

ဆိုင်ရဲ့ ထူးခြားချက်ကတော့…
ဆိုင်ပုံစံလေးက ပန်းခြံလေးနဲ့တောင် တူတယ်။
🌳စုံတွဲလေးတွေဆိုရင် အောက်ထပ်မှာ ခြံဝင်းထဲက ခုံလေးတွေမှာ ထိုင်လို့ရတယ်။
🏡 မိသားစုလိုက်လာတဲ့သူတွေကတော့ ဆိုင်ထဲမှာပဲ အေးအေးဆေးဆေး ထိုင်ချင်လည်း ရတယ်။

⚠️ သတိပြုရမှာက မိုးရွာတဲ့ နေ့တွေဆိုရင်တော့ ပန်းခြံထဲမှာ ရေတွေ အိုင်နေတတ်လို့ ဆိုင်ထဲပဲ ထိုင်လို့ကောင်းမယ်ဗျ ...

အစားအသောက်လက်ရာ ဆိုရင်
👊 သူက Fusion ပုံစံမျိုး Menu အစုံရောင်းတာဖြစ်ပြီး လက်ရာကောင်းတယ်ဗျ ....

ဆိုင်စဖွင့်တည်းကနေ အခုထိ ____
♨️ငါးရှယ်လန်းသောက်ဆမ်း - ၁၂၅၀၀ ကျပ်
♨️ဝက်သုံးထပ်သားပေါင်း - ၆၀၀၀ ကျပ်
♨️အမဲသားသံပြားပူ - ၈၅၀၀ ကျပ်
♨️ထိုင်း အနီရောင် ကာရီဆော့ အုန်းမွှေးငါးကြော် - ၁၂၅၀၀ ကျပ်
♨️ဆိတ်သုခကြော် - ၆၅၀၀ ကျပ်
♨️ဝက်ခြောက်စပ် - ၇၀၀၀ ကျပ်
♨️ငပိကန်စွန်းရွက်ကြော် - ၃၅၀၀ ကျပ်
♨️ကြက် ကြောင်မကြီး - ၇၀၀၀ ကျပ် တွေ က နာမည်ကြီးပြီး လူကြိုက်များပါတယ်။

အသောက်တစ်လိုင်းတွေအတွက်
👉🏻 ဘီယာ ၊ ကော့တေးတွေလည်း ရလို့ သောက်ချင်တယ်ဆိုလည်း အဆင်ပြေပါတယ်နော်
❗️တစ်ခုရှိတာက FRESH JUICE နဲ့ Soft Drink တွေတော့ ရွေးစရာနည်းတယ်ဗျ ။

#ဝါသနာပါတဲ့လူများအတွက်ဆိုရင်တော့….
ကာရာအိုကေဆိုမယ်ဆိုရင်လည်း ...
🎤 Private ကာရာအိုကေ အခန်းကျယ်ကြီးတွေကိုမှ တစ် Section ကို ၂၅၀၀၀ ကျပ် (မူရင်းဈေး - ၃၀၀၀၀ ) နဲ့ ငှားလို့ရသေးတယ်။

👉🏻 ဆိုင်ကို လမ်းညွှန်ပေးရမယ်ဆိုရင် ကုလားဝဲတံတားက ဆင်းချလာပြီး “Shal Lann” ဆိုတဲ့ ဆိုင်းဘုတ်မြင်ရင် လမ်းကြားလေးထဲကွေ့လိုက်ရင် ရောက်ပြီ ......

🔺 မှတ်ချက် - ကျွန်တော်တို့လည်း ဒီဆိုင်ကို တံတားဘက်သွားရင် တစ်ခေါက်ပဲ ဝင်ထိုင်ဖြစ်ခဲ့တာမို့ မမြင်ခဲ့မိတဲ့လိုအပ်ချက်လေးတွေလည်း ရှိနေနိုင်ပါတယ်နော် ...

သွားမယ်ဆိုရင် ___
🏡 ဆိုင်နာမည် - Shal Lann- Bar & Restaurant
📍လိပ်စာ - ဒဂုံ-သီလဝါလမ်း ၊ ကုလားဝဲတံတားအဆင်း ၊ သန်လျင်မြို့နယ်
☎️ ဖုန်း - 09 455415515
⏰ဆိုင်ဖွင့်ချိန် - 11:00 AM - 10:00 PM ဖြစ်ပါတယ်။

❤️
(ရန်ကုန်မြို့စားသောက်ဆိုင်လမ်းညွှန်)

25/10/2022

အသက်(၁၈)နှစ်မှ(၂၆)နှစ်အတွင်းကျွန်တော့်ရဲ့ ငွေရှာနည်း ငွေစုနည်းငွေစုရတာဟာ ငွေရှာရတာထက်ပိုခက်ပါတယ်ငွေစုရတာ.....

25/10/2022

ယနေ့ခေတ်လူငယ်အများစုအနေဖြင့် ငွေစုဖို့စဉ်းစားတဲ့အခါတိုင်း သောကများတတ်ကြပါတယ်။ ဝယ်စရာပစ္စည်းတွေ၊သွားစရာဆ...

25/10/2022
25/10/2022
မလေးရှား (၁)  သကြားလုံးပါကင်ထုပ်ပိုးစက်ရုံ တွင် ဝန်းထမ်းလိုအပ်ပါသည်         မ ၁၅ဦး    လိုသည်    တစ်နေ့  အလုပ်ချိန် မနက်...
24/10/2022

မလေးရှား
(၁) သကြားလုံးပါကင်ထုပ်ပိုးစက်ရုံ တွင် ဝန်းထမ်းလိုအပ်ပါသည်
မ ၁၅ဦး လိုသည်
တစ်နေ့ အလုပ်ချိန် မနက်၈ ည ၈ နာရီ အလုပ်ချိန် + OT
နားချိန်
နေ့လယ် ထမင်းစားချိန် (၁) နာရီ ညနေ (၁) နာရီ
၁လကို ၃ထောင်လ စာထွက်သည်
---------------------------------------------------
(၂) ကားပစ္စည်း စက်ရုံ မူလီဖြုတ်တက်
ကျား၂၀ လိုရှိ သည်
တစ်နေ့ ၉၅ RM ပိတ်ရက် နှစ်ဆ
-----------------------------------------------------------------
(၃) စက္ကူစက်ရုံ
တစ်နေ့ ၁၂ နာရီ အလုပ်ချိန်
နားချိန်
နေ့လယ် ထမင်းစားချိန် (၁) နာရီ ညနေ (၁) နာရီ
တနေ့ ၉၀ + OT
ကျား ၁၀ဦး မ ၁၀ ဦး
-----------------------------------------------------------------------
(၄) ကျွမ်းကျင် အမြန်အလိုရှိသည် ကျားသီးသန့် (၂၀)ယောက်
အလုပ်လုပ်နိုင်ရမည်
မလေးနိုင်ငံတွက် တစ် နေ့ ၁၂၀+ OT
‌‌ ဆောက်လုပ်ရေး ဆိုသည့် အလုပ်အကိုင်သည် ကြမ်းတမ်းသည် နေပူမည် အလုပ်သက်သာပါသည်
နေစရာ ရေမီးပေးသည် စားစရာသူဌေးဝယ်ပေးသည် ကုန်ကျစရိတ် လစာကနှုတ်သည်

--------------------------------------------------------------

(၅) On line shopping ပါကင် ထုပ်ပိုး မ၁၀ယောက်/ ကျား၁၀ယောက်
12 hour RM 82.
OT 1 Hour RM 10.50
1.5 SUNDAYS. RM 125.00
PUBLIC HOLIDAY RM 165.00
-----------------------------------------------------------------------

(၆) ထိုင်းနိုင်ငံ
ဆောက်လုပ်ရေး တစ်မျိုးဘဲရပါသည်
ထိုင်းဆောက်လုပ်ရေးကျွမ်းကျင်
၄၀၀ နှင့်၅၀၀ကြားတနေ့ကို ရပါတယ်
ကျား/ မ လက်ခံသည်
မကျွမ်းကျင်ပါက တနေ့ ၃၃၈
ပါမစ်မပါ နေစရာ/ ရေ / မီး ပေးတယ် စားစရာမပေးပါ
-----------------------------------------------------------------------
မှတ်ချက်
အလုပ် အားလုံ အတွက် နေစရာပေးသည် စား စရာမပေးပါ
ပါမစ်အတွက် ပါမစ်ကပ်ခ သူဌေး တဝက်ပေးတာရှိသလို့
မပေးတာလဲရှိပါတယ် သူဌေးတစ်ဝက်ပေး ကျန်တာ လစာထဲကနေ တလ ၄၀၀ နှုတ်ပါတယ်
သတိ

Company ယူသောကုန်ကျ စရိတ်သည် လမ်းစရိတ်ခဖြစ်နေသည့်အတွက် ပါမစ်ကပ်ခ မြန်မာနိုင်ငံဘက် company က မပေးပါ မလေးအရောက် အလုပ် အရောက်ပို့ပေးပါသည် အိုးခွက် ၊ ပန်းကန်၊ မဝယ်ပေးပါ ဖုန်းကဒ်ဖိုး၊ ဖုန်းဘေဖိုး ၊ ( ATR ) စစ်ခ၊ စာအုပ်ခေါင်းပြောင်းခ ၊ မိမိငွေနှင့် မိမိ ငွေနဲ့သာ ဝယ်ရမည် ။

YYM

24/10/2022

နိုဝင်ဘာလထဲ ထိုင်းကိုလာမယ်ဆိုရင် ဘာတွေသိထားသင့်လဲ ၊ ဘယ်နေရာတွေကို သွားရောက်လည်ပတ်သင့်လဲ ?
ဒီနေ.တော့ ကျွန်တော် နိုဝင်ဘာလထဲ ထိုင်းကို အလည်လာမယ်ဆိုရင် သိထားသင့်တာလေးတွေနဲ. နိုဝင်ဘာလထဲမှာ ဘယ်လိုပွဲတော်တွေရှိတယ် ၊ ဘယ်နေရာတွေကိုတော့ သွားရောက်လည်ပတ်သင့်တယ်ဆိုတာကို ပြောပြပေးသွားပါမယ်ဗျ

Address


Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when 39 Myanmar Visa services &General service Thailand Jobs posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Opening Hours
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share