Taste of Culture

  • Home
  • Taste of Culture

Taste of Culture ခရီးတွေသွားမယ် ဒေသစာတွေစားမယ်

ပုသိမ် ချောင်းသာ ငွေဆောင် ဧရာ၀တီ အဲ့ဖက်တွေဘာကိစ္စနဲ့သွားသွား မနက်စာဆို ထိုင်ဖြစ်တာ ညောင်တုန်းက Classic ပဲ။ KFC လည်းရှိတေ...
11/11/2024

ပုသိမ် ချောင်းသာ ငွေဆောင် ဧရာ၀တီ အဲ့ဖက်တွေဘာကိစ္စနဲ့သွားသွား မနက်စာဆို ထိုင်ဖြစ်တာ ညောင်တုန်းက Classic ပဲ။ KFC လည်းရှိတော့ ကလေးပါတဲ့ကိုယ်တွေအတွက်လည်း အဆင်ပြေတာလည်းပါတယ်။

Classic ရောက်ရင် အမြဲစားတာ တိုရှည်/ချာပတီ ပေါ့။ အာလူးဟင်းကြိုက်တဲ့ကိုယ်ဟာ အာလူးဟင်း ၃/၄ ခါလောက်တောင်းလွန်းလို့ တိုရှည်လုပ်တဲ့အနဲ ငြိုငြင်တဲ့အထိပဲ 😁😁။ ဒါပေမယ့် ထည့်ပေးပါတယ်။
နောက်တစ်ခုက ကြာဇံချက် မိုက်တယ်။ ဈေးများတယ်ထင်ရပေမယ့် လာချတဲ့အချိန်စားကြည့်တာ တော်တော်အရသာရှိတယ်။ အသားလည်းများပါတယ်။
စီလုံတီး လည်းမိုက်တယ်။ လူကြီးတွေကတော့ မုန့်ဟင်းခါးကြိုက်ကြတယ်။
အခုတော့ ညောင်တုန်းကျော်တာနဲ့ လကမ္ဘာလမ်းဖြတ်ရတော့မှာမို့ ကားအောက်ပိုင်းအတွက် ရင်တမမ ဖြင့်

10/11/2024

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

ကျိုက်ထီးရိုးပုံလေးတွေ group ထဲတင်လိုက်တာ ငယ်ဘ၀တွေသတိရသွားပြီး  လူပ်လူပ်ရှားရှားဖြစ်သွားကြတယ်။ အရင်က Nov Dec ဆို ကျိုက်ထ...
10/11/2024

ကျိုက်ထီးရိုးပုံလေးတွေ group ထဲတင်လိုက်တာ ငယ်ဘ၀တွေသတိရသွားပြီး လူပ်လူပ်ရှားရှားဖြစ်သွားကြတယ်။ အရင်က Nov Dec ဆို ကျိုက်ထီးရိုးသွားရဖို့ငွေစုရတာပေါ့။ ကိုယ်တွေက ဒီတစ်ခေါကိ မိသားစု လူကြီး ကလေးတွေနဲ့မို့ အေးအေးဆေးဆေး တစ်ညအိပ်ခဲ့ကြတာပေါ့။ နေ့ချင်းပြန်ဆိုလည်း လမ်းသာတော့အဆင်ပြေပါတယ်။
ကျိုက်ထီးရိုး အခြေအနေလေးမေးကြလို့လမ်းအခြေအနေ ဈေးလေးတွေပါ ရေးပေးထားပါတယ်။
အိမ်ကနေ မနက် ၅နာရီလောက်စထွက်တယ်။ ၃၉ မိုင်မှာ မနက်စာစားပါတယ်။
စစ်ဆေးရေးဂိတ်တွေကတော့ပုံမှန်စစ်ဆေးတာမျိုးပါပဲ။ တစ်ချို့ဂိတ်တွေကတော့ ဘာမျဉ်းဇောင်းလဲမေးတယ်။ express နဲ့ဆိုရင်တော့ လမ်းဆင်းလျှောက်ရတာမျိုးတော့ရှိပါမယ်။
စိမ်းလဲ့တင် ကျော်တာနဲ့ ကျိုက်ထိုမြို့ထဲမ၀င်ခင် လမ်းခွဲကြီးတစ်ခုတွေ့ပါလိမ့်မယ်။ မြို့ရှောင်လမ်းကနေ ကင်ပွန်းစခန်းတိုက်ရိုက်သွားလို့ရတဲ့လမ်းခွဲပါ။ အဲ့ကပိုနီးပါတယ်။ တောင်ခြေ ကင်ပွန်းစခန်းကို မနက် ၉ ခွဲလောက်ရောက်တယ်။ တောင်ပေါ်ကား၀င်း ဘေးကပ်ရပ် ရွှေဇင်မြိုင်ဆိုတဲ့ဆိုင်မှာ ကားအပ်ပါတယ်။ ကားအပ်ခ ၁၅၀၀၀/ပေးရတယ်။ မိသားစု အထုပ်ကလေးတွေသယ်နိုင်ရင် တောင်တက်ကား‌ပေါ် တစ်ခါတည်းယူသွားပါနော်။ အထမ်းမငှားနဲ့ဦး။
ကားခက နောက်ခန်း ၇၀၀၀/ ရှေ့ခန်း ၉၀၀၀/ ပေးရပါတယ်။
ရသေ့တောင်မှာ cable ကားစီးချင်ရင် ဆင်းနေခဲ့လို့ရပါတယ်။ Cable ကားခ တစ်ယောက် 20000/ တစ်ကြောင်းစာပါ။
တောင်ပေါ်ရောက်မှ အ၀တ်ထုပ်တွေများရင် အထမ်းငှားပါနော်။ လမ်းလျှောက်ရမှာ လှမ်းလို့လေ။

ဘုရားခြေရင် မုဒ်ဦးမရောက်ခင် ကျိုက်ထို hotel နဲ့ mountain top hotel ရှိပါတယ်။ ဈေးကတော့ည120000/130000ပါ။ ကျွန်မတို့ကတော့ဝေးလို့ ရင်ပြင်နဲ့နီးတဲ့ ရိုးရိုးလေး hotel မှာပဲတည်းခဲ့ပါတယ်။ နှစ်ယောက်ခန်း breakfast အပါ ၁၀၃၀၀၀/ပါ။ Hotel review ကိုတော့ ပုံလေးတွေအောက်မှာ ရေးပေးထားပါတယ်။ရွေးလို့ရအောင်ပါ။
အခြားတည်းခိုဆောင်တွေလည်းရင်ပြင်တော်ပေါ်မှာ အများကြီးပါပဲ။ ဈေးအစားစားမို့ရွေးပါနော်။
ထမင်းဖိုးကတော့ အ၀စား ၈၀၀၀/ ပါ။ အချို့ဆိုင်တွေက တောကောင်သားဟင်းနဲ့ဆို ၁၀၀၀၀/ ယူပါတယ်။ ထမင်းဆိုင်တွေမှာတည်းမယ်ဆို တစ်ယောက် ၂၀၀၀၀/-၂၅၀၀၀/ မနက်စာ ညစာ နေ့လည်စာ နေစရာအပါ ရပါတယ်။ ရေချိုးလို့မရပေမယ့်‌တန်တယ်လို့ပဲမြင်ပါတယ်။
ရွှေဆိုင်းတစ်စုံ ၅၀၀၀/ရှိပါတယ်။
ဆွမ်းတော်ပွဲက ၂၅၀၀/၅၀၀၀/၁၀၀၀၀/၁၅၀၀၀/၂၀၀၀၀/၂၅၀၀၀ အစားစားရွေးလို့ရပါတယ်။
တောင်ပေါ်မှာ အအေးဘူး၀ယ်သောက်တာ တောင်အောက်ကထက် ဈေးသက်သာလို့အံ့ဩခဲ့ရသေးတယ်။ အချို့တောင်ခြေကဆိုင်တွေ ဆော်ချက်ရှင်။
ညနေပိုင်း ကိုလေ မုဆိုးတောင်ဖက် သွားဖြစ်အောင်သွားပါနော်။ အကြော်လေး အကင်လေး မုန့်တီလေးတွေ သွားစားဖြစ်အောင်စားပါ။
ကိုးန၀င်းကျောင်း(အရင်ကျီးကန်းပါးစပ်လမ်းကနေ ဆင်းရတဲ့ရေတံခွန်ကတော့အခု တောင်ပေါ်ကနေပဲ ကားတွေဆွဲပေးနေပါတယ်)။
ဟယ်လီကော်ပတာကွင်းမှာပါ ဓာတ်ပုံရိုက်ခဲ့ဦးနော်။
တောင်ခြေက ဆောင်နိုင်ကြီးရေတံခွန်ကတော့ ပိတ်ထားပါတယ်။ အ၀နားက ကဒတ်ချောင်းတော့ ဖွင့်တယ်ပြောပါတယ်။
အပြန် ကင်ပွန်းစခန်းရဲ့ ဈေးတန်းလေးလျှောက်ပြီး ယိုစုံ၀ယ်ခဲ့တာပေါ့။ ဆိုင်တိုင်းကတော့ သဘောကောင်းစွာ အမြည်းကျွေးကြတယ်။ အမုန်းစားခဲ့ပါတယ် 😁
အပြန် သိမ်ဇရပ် စစ်ဆေးရေးဂိတ်မှာ ပုရစ်ကြော်စားရင် ၀ယ်ခဲ့ကြဦးနော်။ လတ်တာလေးရွေး၀ယ်။ အသယ်တွေအားကြီးပဲ။
ပုံလေးတွေအောက်မှာ စာလေးတွေပါထည့်ပေးထားပါတယ်။ ငယ်ဘ၀ အမှတ်ရစရာလေးတွေမို့ ဆုံးအောင်ကြည့်ပေးကြဦးနော်။

13/10/2024

ခေါင်တိုင်မုန့်ရွာမှာလုပ်နေတာလေးတွေ့လို့...
သရက်ပြင်ထင်နေတာ..မဟုတ်ဘူးပဲနဲ့လုပ်ထားတဲ့
အဲ့ဒါကိုပြန်ကြော်ပြီး ရှူးရှဲလက်ဖက်ထဲထည့်စားရတာတဲ့....
#မုန့်ရွာ


state

23/09/2024

တောင်ငူ

နေပြည်တော် တပ်ကုန်းထဲကရေမြုပ်သွားတဲ့ရွာတွေတစ်ကယ့် ရွာပျက်ကြီးအတိုင်းဖြစ်သွားတာ။ အိမ်တွေဆိုတာ အမိူက်တွေပုံသလိုပုံနေတာ။လမ်...
23/09/2024

နေပြည်တော် တပ်ကုန်းထဲကရေမြုပ်သွားတဲ့ရွာတွေ
တစ်ကယ့် ရွာပျက်ကြီးအတိုင်းဖြစ်သွားတာ။ အိမ်တွေဆိုတာ အမိူက်တွေပုံသလိုပုံနေတာ။
လမ်းပျက်ပြီး ကားတောင်၀င်မရတဲ့နေရာတွေရှိတယ် ။
တည်ဆောက်ရတာသာကြာတာ ပျက်သွားတော့ နာရီပိုင်း‌လေးရယ်။
ရွာတွေထဲအထိ ကိုယ်တိုင်သွားလှူချင်သူတွေရှိရင် နယ်ခံဘုန်းဘုန်းနဲ့ချိတ်ပေးပါ့မယ်နော်။ ကိုယ်တိုင် ချောင်ချိုချောင်ကြားမကျန် လိုက်ပို့ပေးရှာပါတယ်။ တစ်ရွာ အိမ်ထောင်စု ဘယ်နှစ်စု လိုသလို ထောက်ပံ့ပေးလို့ရပါတယ်။
ဒီနေ့ မြေပြင်အခြေအနေပါရှင်

တောင်ငူကို တစ်နိုင်သွားချင်သူတွေ လမ်းကြောင်းမေးကြ အခြေအနေမေးကြေလို့ပါရှင်။ ရေဘေးအလှူဆိုရင် လမ်းမှာ ဘယ်tour gate မှ ပိုက်...
16/09/2024

တောင်ငူကို တစ်နိုင်သွားချင်သူတွေ လမ်းကြောင်းမေးကြ အခြေအနေမေးကြေလို့ပါရှင်။ ရေဘေးအလှူဆိုရင် လမ်းမှာ ဘယ်tour gate မှ ပိုက်ဆံမပေးရပါရှင်။ free ပါ။ စစ်ဆေးရေးဂိတ်တွေက မေးမြန်းခဲ့တာရှိလည်း အေးအေးဆေးဆေးပဲပြန်ဖြေပေးလိုက်ပါ။ တားထားတာတော့ အခုထိမတွေ့ခဲ့ပါဘူး။
အခုရေးတာက ကျွန်မတို့သွားခဲ့ရတဲ့ အတွေ့အကြုံလေးကို share လုပ်တာပါ။

အမြန်လမ်းက သွားရင် တောင်ငူကိုဆင်းဖို့က
1)138 mile နား အုတ်တွင်းသို့ဆိုတဲ့ တစ်နရာ
2)145 mile နား တောင်ငူ သို့ဆိုတဲ့တစ်နေရာ
3)154 mile နား စစ်တပ်ရှိတဲ့လမ်း တစ်နေရာ ပါ။
ကျွန်မတို့က လမ်းကြောင်း 1 နဲ့ 3 ကနေ ၀ငျခဲ့တာပါ။
လမ်းရေကြောျနပေုံက တောင်ငူကို နှစ်ခြမ်း ခြားလိုက်သလိုဖြစ်နေတာပါ။

အမြန်လမ်းက သွားရင် အဆင်ပြေဆုံးက လမ်းကြောင်း No3 ကနေ ဆင်းပါ။
အဲ့တာဆို လမ်းမှာ တောင်ငူမြို့အစ၀င်ကမို့ မြို့ထဲ၀င်တာနဲ့ လမ်းဘေးတွေမှာ ဘုန်းကြီးကျောင်းတွေရှိပါတယ်။ ရွာကခေါ်လာသူတွေကို အဲ့ကျောင်းတွေ ခွဲပို့တယ်ကြားပါတယ်။ တစ်ခုရှိတာက လမါးမကြီးပေါ်မှာတော့ ရေမရှိတော့ပါဘူး။ ဒါပေမယ့် ဘေးကလမ်းကြားတွေတော့ ရေတင်နေပါသေးတယ်။ လမ်းကြားတွေထဲ ဖောင်တွေနဲ့သွားနေတုန်းပါ။ မြို့ပေါ်ကကျောင်းတွေကတော့ ပြည့်စုံပါတယ်။ အလှူရှင်များပါတယ်။ အချို့ကျောင်းတွေဆို ကား၀င်လာတာနဲ့ အပြင်က လူတွေပါ ဆိုင်ကယ်တွေနဲ့ ၀ငျလာပွီးတနျးစီတာတှေ့ခဲ့ရပါတယျ။

သွားသင့်တဲ့နေရာက Icon Mart ဘေးလမ်းထဲက ဈေးရှိတဲ့ စစ်တောင်းတံတား နားကိုသွားပါ။ တံတားကူးပါ။ အစောင့ျတပျကိုသခြောလေးရှငျူပွပါ။ ပေးဖြတ်ပါတယ်။ ရှေ့ရက်တွေက တံတား ခိုင်ခံ့မူအတွက် အပြင်းကားတွေ ပေးမဖြတ်ပါဘူး။ အခုတော့ ပစ္စည်းပါတဲ့ကားဆို ပေးဖြတ်ပါတယ်။ ချပြီးပြန်ထွက်ပါ။ ဟိုဖက်ကမ်းမှာလည်း ရေအပြည့်ပဲမို့ နေရာအကျယ်ကြီးမရှိပါဘူး။ အဖွဲ့အစုံပါပဲ။ ပရဟိတ ကားတွေ လှေတွေနဲ့ ပြည့်ပါတယ်။ အသိမရှိရင်တော့ အဲ့အဖွဲ့အစည်းတွေ မှာလှူခဲ့ပါ။
ကျွန်မတို့ကတော့ မိတ်ဆွေ တွေရှိတာမို့ အဲ့နေရာကနေ နှစ်ရာရီ ၀နျးကငြျလောကျ စက်လှေမောင်းရမယ့်နေရာကို ပို့ပါတယ်။ သူတို့က ဒီဖက်ကမါးအထိလာပေးပါတယ်။ အရမ်းစိတ်ချရတဲ့ ဒေသခံတွေပါ။ လူကတော့ မလိုက်ဖြစ်ပါဘူး။ ဘာလို့လည်းဆိုတော့ ရေစီးအရမ်းအရမ်းကြမ်းပါတယ်။ ကြောက်ဖို့ကောင်းလောက်အောင်ကိုကြမ်းတာပါ။ မျက်မြင်ပါ။ ပထမတစ်သုတ်ပစ္စည်းတွေတင်ပြီး စက်လှေစထွက်တာနဲ့ ဓာတ်ပုံရိုက်ဖို့တောင်မမှီပါဘူး။ ရေစီးနဲ့ ဆင်းသွားတာပါ။ လိုက်ချင်ရင်တော့ လှေတစ်စီး 3 ယောက် ခေါ်ပေးပါတယ်။ ကိုယ်တိုင်လိုက်လို့ရပါတယ်။ သူတို့အဖွဲ့မှာ ပစ္စည်းတင်ဖို့လှေတစ်စီး ရွာတွေထဲပတ်တဲ့ညလှေတစ်စီးပဲရှိပါတယ်။ ကျွန်မတို့ပစ္စည်းတွေတောင် ကဲ့ကဲ့ပြီး သယ်ရတာပါ။
ရေစီးအရမ်းသန်လို့ အခုထိ မရောက်နိုင်သေးတဲ့နေရာတွေရှိပါသေးတယ်။

Camp တွေမှာ ရေသန့်ကဒ်တွေတော့ တော်ာ်များများ တွေ့ခဲ့ပါတယ်။ လှူချင်သူတွေကတော့ နီးစပ်ရာမှာ ဘာလိုအပ်လည်းဆိုတာ မေးပြီးလှူတာပိုထိရောက်မယ်ထင်ပါတယ်။ လမ်းဘေးမှာ တန်းစီပြီးတွေ့သမျှလူ မလှူပါနဲ့ရှင်။ လုပ်စားတွေရှိပါတယ်။
ထမင်းလှူတာတွေ သိုးကြလို့ အဆင်မပြေကြောင်းကြားခဲ့ပါတယ်။ အ၀တ်တွေကို စုတ်နေတာတွေတော့ ကျွန်မတို့ဖယ်ခဲ့ပါတယ်။ ယျောက်ကျား မိန်းမ ကလေးအရွယ် ခွဲပြီး ထညိ့ပေးကြပါ။

ကျွန်မတို့ကတော့ ရရှိတဲ့အလှူငွေထဲက အမျိုးသမီးအတွင်းခံ /လစဉ်သုံးပစ္စည်း/ ဖိနပ်/ ရေလုံအိတ်/ ဆီဖိုး/ တာလပတ်စ တွေ၀ယ်ပြီးလှူပါတယ်။ ငွေသားလှူခဲ့ပါတယ်။
ကျန်တာကတော့ အဖွဲ့မှာလာလှူတဲ့ အ၀တ်အထည်/ ငပိကြော်/ လက်ဖက်သုတ်/ဂျင်းသုပ်/ ခေါက်ဆွဲခြောက် /ကိတ်မုန့်/ ပေါင်မုန့်/ coffe/ JJဘောင်းဘီတို/ မြင်းခေါင်းစွက်ကျယ်/ ဆေးဝါး/ ဟင်းချိုထုတ်တွေ ဓာတ်ဆား/မုန့်ခြောက်တွေ ကို ကလေး ယျောက်းကျား မိန်းမ အိမ်ထောင်စု အဲ့လိုခွဲပြီး ထုတ်ပြီး လှူပါတယ်။ လုပ်ချင်တာပဲသိတဲ့ ပထမဆုံးအတွေ့အကြုံမို့ အဆင်မပြေမူတွေတော့ရှိမယ်ထင်ပါတယ်။ ပင်ပန်းပေမယ့် မပင်ပန်းပါဘူး။ အလှူရှင်တွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။
ကျန်တဲ့ငွေကို အခုတော့ dead body သယ်တဲ့အိတ်တွေ လှူမှာပါ။ ၀ယျဖို့စုံစမျးနပေါတယျ။ နောက်နှစ်ပတ်လောက်နေရင် ရေကြချိန်ထပ်သွားပါဦးမယ်။ လိုက်ချင်သူတွေရှိလည်းစုသွားကြမယ်လေ။

ကျွန်မတို့ တောင်ငူဖက်က ချိတ်ဆက်လှူတဲ့အဖွဲ့ကတော့ နိုက်တင်ဂေးပရဟိတပါ။ ဒေသခံ ကရင်တွေပါ။ အရင်က တောင်ငူမြို့စစ်တောင်းမြစ် တစ်ဖက်ခြမ်းဖက်သွားတိုင်းသူတို့နဲ့ပဲ နယ်မြေစုံသွားခဲ့ဖူးပါတယ်။ စိတ်ချလက်ချလှူပါလို့ပဲပြောချင်ပါတယ်။ ထမင်းဟင်းလည်းချက်ပေးလို့ စခန်းထိသွားပြီး လှူလို့ရပါတယ်။
ကိုမင်းမင်းဦး
ကိုဘေကြီး 09740946050
09773869400

ရွာရောက်တာနဲ့ အိမ်နီးချင်းတွေက မရှိရှိတာပေးကြလေရဲ့။ ရွာမှာပေါတာ ပဲတောင့်ရှည် သံပရာသီး နဲ့ မာလကာသီးပဲ။အိမ်လေးအလွမ်းပြေသွာ...
30/08/2024

ရွာရောက်တာနဲ့ အိမ်နီးချင်းတွေက မရှိရှိတာပေးကြလေရဲ့။ ရွာမှာပေါတာ ပဲတောင့်ရှည် သံပရာသီး နဲ့ မာလကာသီးပဲ။
အိမ်လေးအလွမ်းပြေသွားကြည့်။ မိုးတွင်းဆိုတော့ တောထနေပြီ။

အပူကင်းပြီး ရင်အေးစေတဲ့သဘာဝ မကျည်းဖျော်ရည်
22/08/2024

အပူကင်းပြီး ရင်အေးစေတဲ့သဘာဝ
မကျည်းဖျော်ရည်

ရှေ့အပတ်တုန်းက မိုးရာသီကလောရဲ့ အရသာလေးသိချင်လို့ သွားခဲ့မိတယ်။ ဈေးနေ့သွားချင်လို့ Hotel ကိုဈေးနေ့စုံစမ်းပြီးမှသွားခဲ့တော...
09/08/2024

ရှေ့အပတ်တုန်းက မိုးရာသီကလောရဲ့ အရသာလေးသိချင်လို့ သွားခဲ့မိတယ်။ ဈေးနေ့သွားချင်လို့ Hotel ကိုဈေးနေ့စုံစမ်းပြီးမှသွားခဲ့တော့ ဆန္ဒတွေပြည့်ခဲ့တာပေါ့။
Cafe Kalaw ကိုလည်းသွားခဲ့တယ်။ ညနေခင်းလေးအရမ်းသာယာတာပဲ။
မုန့်ရွာသွားချင်တာ လပြည့်နေ့နဲ့တိုးလို့ ဆိုင်တွေပိတ်လို့မရောက်ခဲ့ရဘူး။
စားခဲ့ရသမျှ ၀ယျမိခဲ့သမြှလေးတွေပါ။

08/08/2024

ဒီရာသီ ဒီအချိန်လေးမှာလုပ်စားသင့်တဲ့ အာဟာရ

စံပြဈေးနားမှာရောင်းတဲ့ အာဟာရ သွားစားဖို့ မိုးကမတိတ် အိမ်ရှေ့ ရေအပြည့်နဲ့မို့ အိမ်မှာပဲလုပ်စားလိုက်တယ်။
ပေါင်မုန့်/ ငှက်ပျောသီး/ကြက်ဥကာကျက်/malt milk powder/ သကြားရယ်ဆားအနဲငယ်နဲ့ကျိုထားတဲ့ နွားမို့မလိုင်ကျလေးစမ်း။
နွားနို့လေးကိုမလိုင်ကြအောင်ကြိုထားတော့ အရသာရှိနေကော။
video edit လုပ်ပေးတာကတော့ အိမ်က ဆရာမကြီး swetty ပါရှင်။လုပ်နည်းလေးပါ။ လွယ်ပါတယ်။ ကြည့်ကြည့်ပါဦးနော်

ဒီလိုအချိန်မှာ ဘာကိုလွမ်းသလည်းဆိုရင်ကျိုက်ထီးရိုးဘုရားပါပဲ။ကျောင်းသားဘ၀ နှစ်စဉ် ဒီလိုဆောင်းရာသီရောက်တာနဲ့ အလုပ်ချင်ဆုံးဆ...
24/01/2023

ဒီလိုအချိန်မှာ ဘာကိုလွမ်းသလည်းဆိုရင်
ကျိုက်ထီးရိုးဘုရားပါပဲ။
ကျောင်းသားဘ၀ နှစ်စဉ် ဒီလိုဆောင်းရာသီရောက်တာနဲ့ အလုပ်ချင်ဆုံးဆန္ဒက ကျိုက်ထီးရိုးသွားမယ်ဆိုတာပါပဲ။ ပိုက်ဆံစုရတာပေါ့။

ကျိုက်ထီးရိုးဆိုတာနဲ့ ဘာကိုအရင်လွမ်းလည်းဆိုရင် နေဇာလွင်ပါပဲ။
ကိုယ့်အတွက် မထိုင်မဖြစ်ထိုင်ရတာ နေဇာလွင် လက်ဖက်ရည်ဆိုင်ပဲ။ နေဇာလွင်ဆိုရင် မသိသူမရှိလောက်ပါဘူးလို့ထင်တာပဲ။
နှစ်ပေါင်းများစွာ နေရာမပြောင်း အရသာမပြောင်းပဲ ကျိုက်ထီးရိုးမှာ သူရှိနေတာကိုး။
အဲ့ဆိုင်က နံပြားပါးပါးကျွပ်ကျွပ် ကိုထောပတ်သုပ်ထားတာလေးရယ် ပဲနံပြားလေးရယ် လက်ဖက်ရည်လေးရယ် စားရပြီး လက်ဆောင်ဆိုင်တွေမှာ၀ယ်နေတဲ့ ကောင်မလေးတွေ ကောင်လေးတွေ ငေးရတာကတော့ ကိုယ့်အကြိုက်ဆုံးပေါ့။

နောက်ထပ် ကျိုက်ထီးရိုးရဲ့ မစားမဖြစ် မကြည့်မဖြစ် ဆိုင်တွေရွေးရင်းငေးရင်း ၀ယ်ရတာက‌တော့ ဆီထမင်းနဲ့ ကောက်ညှင်းပေါင်းဆိုင်တန်းပေါ့။ အကြော်တွေ ငါးကြော်တွေမစားဖြစ်ပေမယ့် ဆီထမင်းပူပူ နဲ့ ကောက်ညှင်းပေါင်းပူပူကတော့ ရောက်တိုင်း ဆွဲတာပဲ။

ထမင်းဆိုင်ဆိုရင်တော့ ကြူကြူ၀င်း နဲ့ ညီညီဦးက ကျိုက်ထီးရိုးသွားသမျှအချိန် မပါမဖြစ်ပေါ့။
ကျောက်ထပ်ကြီးဖက်သွားတဲ့ဖက်က ဈေးသက်သာတဲ့ထမင်းဆိုင်လေးတွေကတော့ နေ့လည်သာသွားစားနေကြပါပဲ။ တန်တာကိုး။

မြန်မာပြည်မှာလေယျာဉ်ကွင်းဆိုတာ နိုင်ငံခြားသွားတဲ့သူရှိမှ ပို့ဖူးမှရောက်ဖူးတာလေ။ ကျိုက်ထီးရိုးက ဟယ်လီကော်ပတာ ကွင်းကို အရင်ကတော့ အထူးအဆန်းသွားသွားကြည့်ရတာ။

နောက်ထပ်ဆိုင်လေးက ရင်ပြင်တော်ဖက် လှေကားအတက်နားက ခေါက်မုန့်သယ်။ စားလို့ကောင်းပေမယ့် အရမ်းစောင့်ရတာ။ ကိုယ်ကတော့ သူ့ကို ‌အခြေခေါက်မုန့်လို့ခေါ်တယ်။ မေးရင်လည်း ဖြေချင်မှ‌ဖြေလို့။ အမြဲမေးကြည့် စောင့်ရမှာနော်ဆိုတဲ့တစ်ခွန်းပဲပြောလို့။ အခြားအသယ်တွေပေါ်လာပေမယ့် သူ့လိုစားလို့မကောင်းဘူး။ နှစ်တော်‌ကြာ အဲ့နားမှာပဲရောင်းတာ။ အခုတော့ရှိသေးရဲ့လားမသိဘူး။

နောက်တစ်ခု သတိရမိတာ ကျီးကန်းပါးစပ်သွားရင်း မောမောနဲ့ မုန့်လက်ဆောင်းလေးကို ထန်းလျှက်ရည်ကျဲကျဲလေးနဲ့ အုန်းသီးပါးပါးလေးထည့်သောက်ရတဲ့ အရသာပဲ။ အမောတွေပြေပြီး ရေခဲမလိုပဲ ရင်ထဲအေးနေတာ။

ကြာပါပြီ။ ကျိုက်ထိုဟော်တယ်ရှေ့က view point ကို ညနေဖက်ထိုင်ဖူးတဲ့သူတွေရှိကြသေးရဲ့လားမသိဘူး။ အခုအဲ့ view point မရှိတာတော့ တော်တော့်ကိုကြာသွားပြီ။
နောက်ထပ်ဆိုင်လေးတွေ သတိတရလွမ်းလာတာရှိရင် ကျိုက်ထီးရိုးအလွမ်းပြေလေးရေးပေးဦးမယ်။
အခုတော့ လွမ်းလိုက်ဦးမယ်ရှင်။

ကိုယ့်ရဲ့ page လေးထဲမှာလည်း အခြားဒေသအကြောင်းလေးတွေရှိတယ်နော်။ ၀င်ကြည့်လို့ရပါသေးတယ်။

https://www.facebook.com/Phyulay04?mibextid=ZbWKwL

တောင်ငူဟင်းထုပ်တောင်ငူသွားရင် မစားမဖြစ်ပဲ။ဟင်းထုပ်တွေထဲမှာအကြိုက်ဆုံးက တောင်ငူဟင်းထုပ်ပဲ။သူက ရာသီထွက် အရွက်တွေရယ် ငှက်ပျ...
20/01/2023

တောင်ငူဟင်းထုပ်

တောင်ငူသွားရင် မစားမဖြစ်ပဲ။
ဟင်းထုပ်တွေထဲမှာအကြိုက်ဆုံးက တောင်ငူဟင်းထုပ်ပဲ။
သူက ရာသီထွက် အရွက်တွေရယ် ငှက်ပျောဖူး မိူ ငရုပ်သီးစိမ်းနဲ့ လုပ်ထားတာ။ သူ့အသက်က ထုပ်တဲ့အရွက်က ရွဲယိုရွက်နဲ့လုပ်ထားလို့ ဘာမှပစ်စရာမရှိဘူး။
တစ်ထုပ်မှ အရင်က ၁၀၀ အခုတော့ ၂၀၀/၃၀၀ လောက်ရှိမယ်။ ပေးရတာနဲ့တန်ပြီး အရသာအရမ်းရှိတယ်။
ငရုပ်သီးစိမ်းကို ပြုတ်ပြီးမှထည့်ထားလို့ ဗိုက်မနာဘူးပေါ့။ စားရတာလည်း မအီဘူး။ တစ်ခါစား နှစ်ထုပ် ၃ ထုပ်အသာလေး။
‌တောင်ငူမှာတော့ အချို့က အချဉ်ရည် နဲ့ စားကြတယ်။
ကိုယ်ကတော့ ကြက်သွန်ဖြူဆီချက်လေးနဲ့ပဲစားရတာ သဘောကျတယ်။
သတ်သတ်လွတ် ဟင်းထုပ် နဲ့ငါးဟင်းထုပ် အဲ့ ၂ မျိုးတော့စားဖူးတယ်။
ကြာကြာ‌တော့အထားမခံဘူးရယ်။
တောင်ငူမှာတော့ ဆိုင်ကယ်တွေနဲ့လည်း လိုက်ရောင်းတယ်။ ခေါင်းရွက်ဈေးသယ်မှာလည်းပါတယ်။ လမ်းဘေးမှာလည်း ဆိုင်လေးတွေ နဲ့တွေ့ရတတ်တယ်။

အခြားဒေသစာလေးတွေ ကြည့်ချင်ရင် အောက်က link မှာလည်း ရှိပါသေးတယ်ရှင့်။
https://www.facebook.com/tint.h.tun?mibextid=ZbWKwL

ပုဂံရောက်ခဲ့ရင် ဝင်လည်ပါဦး
07/10/2022

ပုဂံရောက်ခဲ့ရင် ဝင်လည်ပါဦး

ပျဥ်းမနား လယ်ဝေး စားစရာ (2)အပျိုကြီးအသုပ်ဆိုင် လယ်ဝေးသူတွေ ဆိုင်ပုံလေးကြည့်ပြီး ဆိုင်နာမည်လေးပြောသွားကြဦးနော်။လယ်ဝေးရော...
16/01/2022

ပျဥ်းမနား လယ်ဝေး စားစရာ (2)
အပျိုကြီးအသုပ်ဆိုင်
လယ်ဝေးသူတွေ ဆိုင်ပုံလေးကြည့်ပြီး ဆိုင်နာမည်လေးပြောသွားကြဦးနော်။

လယ်ဝေးရောက်ခဲ့ရင် နောက်ထပ်မြည်းကြည့်ဖို့အသုပ်ဆိုင်တစ်ဆိုင်ပြောရဦးမယ်။ လယ်ဝေးဖက်ရောက်ရင် ရောက်တဲ့အချိန်ပေါ်မူတည်ပြီး ဖွင့်တဲ့အသုပ်ဆိုင်လိုက်စားရတာမို့။
နေ့လည် ၁၁ နာရီလောက်ကနေ ၂ နာရီ ၃ နာရီ အထိဆို
မငယ် အသုပ်ဆိုင်ကိုသွားစားပါ။ link လေးပါ။
https://m.facebook.com/story.php?story_fbid=407335494518234&id=100057253607739

ညနေ ၃ ခွဲ ၄ နာရီဆို အပျိုကြီးအသုပ်ဆိုင် (ကွကိုယ်ပေးထားတဲ့နာမည် 😁)။
သူက လယ်ဝေးထဲဝင်သွားရင် KBZ bank ကျော်ကျော်လေးမှာ မြို့သစ် ၅ လမ်းရှိတယ်။ အဲ့လမ်းထဲဝင်ဝင်ချင်း လမ်းထိပ်မှာ ပလာတာဆိုင် နဲ့ လက်ဖက်ရည်ဆိုင်ဘေးမှာပါ။ ဆိုင်းပုဒ်တော့မရှိဘူး။
သူ့မှာ ရနိုင်တာတွေက မငယ်ဆိုင်နဲ့တော့မတူဘူး။
ခေါက်ဆွဲကြော်သုပ်
တောသုပ်
တို့ဟူးကြော်သုပ် (ရှယ်)
အာလူးကြော်
တို့ဟူးကြော်
ပဲပြားသုပ်
ဟင်းချိုလေး ရှယ်ကောင်း
ငါးဖယ်ကြော်
မုန့်လက်ကောက်ကြော်
ငှက်ပျောကော်ပြန့် (မိုက်စ်)
လယ်ဝေး မုန့်လုံးကြီးကြော် (နေ့တိုင်းမရ)
ငှက်ပျောပေါင်း

(အစပ်မကြိုက်ရင် လျှော့ခိုင်းပါ)

ကော်ပြန့်ကြော်သုပ်က ရန်ကုန်အသုပ်တွေလိုမဟုတ်ဘူး။ ပထဆုံးပုံလေးကြည့်ကြည့်။ မန်ကျည်းရေနဲ့ ကန်စွန်းရွက်လား ပဲပင်ပေါက်ကော ထည့်ပြီးစားတာ။
တို့ဟူးကြော်သုပ်က အခြားဆိုင်တွေထက်အရသာပိုကောင်းတယ်။
တောသုပ် (သင်းဘောသီးသုပ်ကလည်း လူကြိုက်များတယ်ပြောကြတယ်)
အာလူးကြော်လေးက ဆားလေးပါတော့ အရသာရှိသား။
မုန့်လက်ကောက်ကြော်လေးလည်းကောင်းတယ်။

အဲ့ဆိုင်ရှင်အမက ရုပ်တည်ကြီးနဲ့ပါ။ ဒါပေမယ့် စေတနာအရမ်းပါတယ်။

လယ်ဝေးဖက်က စားကောင်းတဲ့ဆိုင်လေးတွေရှိရင်ပြောသွားကြပါဦးနော်။

လယ်ဝေးက စားစရာ (1) မငယ် အရွက်စုံသုပ် နေပြည်တော်ရောက်ခဲ့ရင် လယ်ဝေးကို ခဏလေးပဲကားမောင်းပြီး မငယ်ရဲ့ အရွက်စုံသုပ်ကိုသွားစား...
13/01/2022

လယ်ဝေးက စားစရာ (1)
မငယ် အရွက်စုံသုပ်

နေပြည်တော်ရောက်ခဲ့ရင် လယ်ဝေးကို ခဏလေးပဲကားမောင်းပြီး မငယ်ရဲ့ အရွက်စုံသုပ်ကိုသွားစားပါလို့ အကြံပေးပါရစေ။
နေလ hotel (အပြာရောင်) ရဲ့ အရှေ့တဲ့တဲ့မှာပါ။ အရမ်းကောင်းတာပဲ။ အခြားဆိုင်တွေနဲ့အရသာဘာမှမဆိုင်ဘူး။
အရွက်စုံသုပ် (အကောင်းဆုံးပဲ)
တို့ဟူး အကြွတ်ကြော်သုပ်
ခေါက်ဆွဲကြော်သုပ်
ခေါက်ဆွဲအစုံသုပ်
ကြက်ကြော်သုပ်
ဆီးသီးသုပ်
သရက်သီးသုပ်
အာလူးသုပ် (ရန်ကုန်ကတကူးတက လာစားတာဆိုမှသုပ်ပေးတယ်)
ပြောရင်းနဲ့အရွက်စုံသုပ်လေး လွမ်းလာပြီ။

Address


Telephone

09794354572

Website

Alerts

Be the first to know and let us send you an email when Taste of Culture posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Videos

Shortcuts

  • Address
  • Telephone
  • Alerts
  • Videos
  • Claim ownership or report listing
  • Want your business to be the top-listed Travel Agency?

Share